Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.7K subscribers
3.82K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
Grad-4(စတုတ္ထတန်း)

Textbooks(ပုံနှိပ်များ TB)
Myanmar
(
https://t.me/EducationalChannelMM/1225)
(
https://t.me/EducationalChannelMM/2131?single)
English
(
https://t.me/EducationalChannelMM/1222?single)
(
https://t.me/EducationalChannelMM/2132?single)
Mathematics
(
https://t.me/EducationalChannelMM/1221?single)
(
https://t.me/EducationalChannelMM/2133?single)
Science
(
https://t.me/EducationalChannelMM/1224?single)
(
https://t.me/EducationalChannelMM/2134?single)
Social Studies
(
https://t.me/EducationalChannelMM/1215?single)
(
https://t.me/EducationalChannelMM/2135?single)
Life Skill
(
https://t.me/EducationalChannelMM/1219?single)
(
https://t.me/EducationalChannelMM/2136?single)
Morality and Public Policy
(
https://t.me/EducationalChannelMM/1217?single)
Physical Exercise
(
https://t.me/EducationalChannelMM/1223?single)
Art(Paint)
(
https://t.me/EducationalChannelMM/1220?single)
(
https://t.me/EducationalChannelMM/2140?single)
Physical Art(Music)
(
https://t.me/EducationalChannelMM/1216?single)
(
https://t.me/EducationalChannelMM/2141?single)


Teacher's Guides ဆရာလမ်းညွှန်(TG)များ
Myanmar
(
https://t.me/EducationalChannelMM/1237)
(
https://t.me/EducationalChannelMM/2143)
(
https://t.me/EducationalChannelMM/2131?single)
English
(
https://t.me/EducationalChannelMM/1227)
(
https://t.me/EducationalChannelMM/2144)
(
https://t.me/EducationalChannelMM/2132?single)
(
https://t.me/EducationalChannelMM/1232)
Mathematics
(
https://t.me/EducationalChannelMM/1229)
(
https://t.me/EducationalChannelMM/2145)
(
https://t.me/EducationalChannelMM/2133?single)
Science
(
https://t.me/EducationalChannelMM/2146)
(
https://t.me/EducationalChannelMM/2134?single)
(
https://t.me/EducationalChannelMM/1239?single)
(
https://t.me/EducationalChannelMM/1240?single)
(
https://t.me/EducationalChannelMM/1241?single)
Social Studies
(
https://t.me/EducationalChannelMM/1228)
(
https://t.me/EducationalChannelMM/2135?single)
(
https://t.me/EducationalChannelMM/2147)
Life Skill
(
https://t.me/EducationalChannelMM/1230)
(
https://t.me/EducationalChannelMM/2136?single)
(
https://t.me/EducationalChannelMM/2148)
Morality and Public Policy
(
https://t.me/EducationalChannelMM/1235)
(
https://t.me/EducationalChannelMM/2138?single)
(
https://t.me/EducationalChannelMM/2149)
Physical Exercise
(
https://t.me/EducationalChannelMM/2139?single)
Art(Paint)
(
https://t.me/EducationalChannelMM/1231)
(
https://t.me/EducationalChannelMM/2151)
Physical Art(Music)
(
https://t.me/EducationalChannelMM/1233)
(
https://t.me/EducationalChannelMM/2152)
Grade-4(စတုတ္ထတန်း) Textbook နဲ့ Teacher's Guide အကုန်တင်ပေးထားပါတယ်။

ပညာဒါန videos တွေကိုလေ့လာတဲ့အခါ ကြည်လင်ပြတ်သားစွာကြည့်ရအောင် အောက်က Link ပေးထားတဲ့ YouTube channel ကိုလဲ subscribe လုပ်ထားပေးပါအုံးနော်။
https://youtube.com/@educationchannel2019


Download လုပ်ရလွယ်အောင် လုပ်ပေးထားတဲ့ အောက်က link ပေးထားတဲ့ Telegram Channel ကို join ထားပေးပါနော်။
https://t.me/EducationalChannelMM
❤1
Grade-5(ပဉ္စမတန်း)

Textbooks(ပုံနှိပ်များ TB)
Myanmar
(
https://t.me/EducationalChannelMM/1258)
(
https://t.me/EducationalChannelMM/1259)
English
(
https://t.me/EducationalChannelMM/1256)
Mathematics
(
https://t.me/EducationalChannelMM/1221?single)
(
https://t.me/EducationalChannelMM/2157?single)
Science
(
https://t.me/EducationalChannelMM/1257)
(
https://t.me/EducationalChannelMM/1254)
Social Studies
(
https://t.me/EducationalChannelMM/1243)
(
https://t.me/EducationalChannelMM/1253)
Life Skill
() မရသေး
Morality and Public Policy
(
https://t.me/EducationalChannelMM/1253)
(
https://t.me/EducationalChannelMM/1255)
Physical Exercise
(
https://t.me/EducationalChannelMM/1245)
Art(Paint)
(
https://t.me/EducationalChannelMM/1249)
Physical Art(Music)
() မရသေး


Teacher's Guides ဆရာလမ်းညွှန်(TG)များ

Myanmar
(
https://t.me/EducationalChannelMM/1248)
English
(
https://t.me/EducationalChannelMM/1250)
(
https://t.me/EducationalChannelMM/1251)
Mathematics
(
https://t.me/EducationalChannelMM/1247)
Science
(
https://t.me/EducationalChannelMM/1246)
Social Studies
(
https://t.me/EducationalChannelMM/1243)
Life Skill
()မရသေး
Morality and Public Policy
(
https://t.me/EducationalChannelMM/1244)
Physical Exercise
(
https://t.me/EducationalChannelMM/1245)
Art(Paint)
(
https://t.me/EducationalChannelMM/1249)
Physical Art(Music)
()မရသေး
Grade-5(ပဉ္စမတန်း) Textbook နဲ့ Teacher's Guide အကုန်တင်ပေးထားပါတယ်။

ပညာဒါန videos တွေကိုလေ့လာတဲ့အခါ ကြည်လင်ပြတ်သားစွာကြည့်ရအောင် အောက်က Link ပေးထားတဲ့ YouTube channel ကိုလဲ subscribe လုပ်ထားပေးပါအုံးနော်။
https://youtube.com/@educationchannel2019

Download လုပ်ရလွယ်အောင် လုပ်ပေးထားတဲ့ အောက်က link ပေးထားတဲ့ Telegram Channel ကို join ထားပေးပါနော်။
https://t.me/EducationalChannelMM
❤5👍1
နေရောင်ခြည်နှင့်အရေပြား (၁)

ဒေါက်တာကျော်ကျော်
(အရေပြားအထူးကုဆရာဝန်ကြီး)

နွေရောက်ရင် အဓိကရင်ဆိုင်ကြရတာက နေမင်းရဲ့ အပူဒဏ်ပါ။ နေပူရှိန်ကြောင့် ကြုံတွေ့ရတဲ့ ချွေးထွက်လွန်တာ၊ မိတ်ပေါက်တာ၊ အပူဖုတွေထွက်တာ၊ အပူရှပ်တာ၊ အဆိုးဆုံး သတိလစ်မေ့မျောတာတွေကိုတော့ ကြုံဖူး၊ တွေ့ဖူးကြတာမို့ အထူးဆွေးနွေးစရာ မလိုတော့ပါဘူး။ ဒါပေမဲ့ နေရောင်ခြည်နဲ့အတူ ပါလာတဲ့ မမြင်ရတဲ့ ခရမ်းလွန်ရောင်ခြည်တွေရဲ့ ဆိုးကျိုးတွေကိုတော့ သတိမူမိသူ နည်းပါလိမ့်မယ်။ တကယ်တော့ နေရောင်ခြည်၊ အပူလှိုင်းနဲ့ ခရမ်းလွန်ရောင်ခြည်လှိုင်းတွေဟာ နေမင်းဆီကနေ ယှဉ်တွဲထွက်လာကြတာပါ။ ဒါပေမဲ့ ခရမ်းလွန်ရောင်ခြည်တွေဟာ မျက်စိနဲ့ မမြင်တွေ့ရတဲ့ ရောင်စဉ်တန်းမို့ မမြင်ရတဲ့ရန်သူလို့တောင် ခေါ်နိုင်ပါတယ်။ ပုန်းလျှိုးကွယ်လျှိုးနဲ့ပါလာတဲ့ ရန်သူတွေပေါ့။

ခရမ်းလွန်ရောင်ခြည်သုံးမျိုး

လှိုင်းရဲ့ အတိုအရှည်ပေါ် မူတည်ပြီး သုံးမျိုးခွဲထားပါတယ်။ လှိုင်းအတိုဆုံးကတော့ ခရမ်းလွန်ရောင်ခြည်စီ (C) ပါ။ လှိုင်းတိုပေမယ့် လူသားနဲ့ တိရစ္ဆာန်တွေအတွက် အလွန်အမင်း အန္တရာယ်ပေးနိုင်ပါတယ်။ ကံကောင်းတာက ဒီခရမ်းလွန်ရောင်ခြည်စီကို အိုဇုန်းလွှာကြီးက စုပ်ယူကာကွယ်လိုက်တာမို့ မြေပြင်ကို ဆင်းမလာပါဘူး။ လှိုင်းလတ်ခရမ်းလွန်ရောင်ခြည်ကတော့ ဘီ (B) ပါ။ ဒီရောင်ခြည်ကလည်း ပြဿနာကြီးကြီးပေးပါတယ်။ ဒါပေမဲ့ ထီးလိုကာကွယ်ထားတဲ့ အိုဇုန်းလွှာကြီးကပဲ တော်တော်များများကို စုပ်ယူလိုက်တာမို့ အနည်းအကျဉ်းလောက်ပဲ မြေပြင်ကို ထိုးဆင်းနိုင်တာပါ။ လှိုင်းအရှည်ဆုံး ခရမ်းလွန်ရောင်ခြည်ကတော့ အေ (A) ပါ။ သူကတော့ အိုဇုန်းလွှာကို ထိုးဖောက်နိုင်တာမို့ မြေပြင်၊ ရေပြင်ကို အများဆုံးထိတွေ့နိုင်ပါတယ်။ ပြောရရင် လူတွေ အဓိကရင်ဆိုင်ရတာက ခရမ်းလွန်ရောင်ခြည်အေပါ။ ၉၅ ရာခိုင်နှုန်းလောက်ပေါ့။ ကျန် ၅ ရာခိုင်နှုန်းကတော့ ခရမ်းလွန်ရောင်ခြည်ဘီပါ။

အရေပြားအိုစာခြင်းရဲ့တရားခံ

အရေပြားဟာ သင်္ခါရသဘောတရားအရ တဖြည်းဖြည်းနဲ့ အိုစာရမှာပါ။ ဒီအိုမင်းမှုဖြစ်စဉ်ကို နောက်ကနေ တွန်းအားပေးနေတဲ့ အချက်တွေကတော့ နေရောင်ခြည်၊ ဆေးလိပ်၊ စိတ်ဖိစီးမှု၊ အာဟာရမပြည့်ဝမှုနဲ့ ကိုယ်လက်လှုပ်ရှားမှု နည်းပါးတဲ့ကိစ္စတွေပါ။ ဒီအရေပြားပျက်စီးဖို့ တွန်းအားပေးတဲ့ အချက်တွေထဲမှာ အဓိကဇာတ်ကောင်ကတော့ နေရောင်ခြည်ထဲက ခရမ်းလွန်ရောင်ခြည်ပါပဲ။ ခရမ်းလွန်ရောင်ခြည်တွေထဲမှာမှ ခရမ်းလွန်ရောင်ခြည်အေဟာ အရေပြားအိုစာမှုကို မြန်ဆန်အောင် လှုံ့ဆော်ပေးသူပါ။ ဒါကြောင့် A for aging လို့တောင် မှတ်ကြပါတယ်။ သူက လှိုင်းရှည်တော့ အရေပြားရဲ့ အလယ်လွှာထဲအထိ ထိုးဖောက်ပြီး ကိုလာဂျင်၊ အီလတ်စတင်အမျှင်တွေကို ဖျက်ဆီးပစ်လို့ပါ။ ဒီကလပ်စည်းတွေ ပျက်စီးလာတာနဲ့အမျှ အရေပြားဟာ အရေးကြောင်း၊ အတွန့်အခေါက်တွေနဲ့ လျော့တိလျော့ရဲဖြစ်လာတော့တာပါ။ အရေပြားရင့်ရော်အိုမင်းခြင်း သရုပ်သကန်တွေကို နေပူစပ်ခါးမှာ အလုပ်လုပ်ကြရသူတွေ ခါးစည်းခံကြရတာကို မြင်ဖူး၊ တွေ့ဖူး၊ ကြုံဖူးကြမှာပါ။

နေလောင်တာ ဘီ ကြောင့်ပါ

ခရမ်းလွန်ရောင်ခြည်ဘီကတော့ လှိုင်းလတ်မို့ အရေပြားကို ထဲထဲဝင်ဝင် မထိုးဖောက်နိုင်ပါဘူး။ အပေါ်ယံကလပ်စည်းတွေကိုပဲ ထိခိုက်စေပါတယ်။ ဒါပေမဲ့ သူက ပြင်းအားများတော့ နေလောင်တာ (Sunburn) ကို ဖြစ်စေပါတယ်။ နေထိတဲ့နေရာတွေဖြစ်တဲ့ မျက်နှာ၊ လည်ကုပ်၊ လက်ဖျံတွေမှာ နီရဲရောင်ရမ်းပြီး ပူစပ်ပူလောင်ဖြစ်ရတာဟာ ဘီကြောင့်ပါ။ အသားဖြူ၊ အသားနုတဲ့သူတွေမှာ နေပြင်းပြင်းထိရင် ဒီပြဿနာ ကြုံရလေ့ရှိပါတယ်။ ဒါကြောင့် B for Burning ဆိုပြီး အလွယ်မှတ်ကြရပါတယ်။ ခရမ်းလွန်ရောင်ခြည်ဘီတွေဟာ မနက်ခင်းနဲ့ ညနေစောင်းထက် မွန်းတည့်ဝန်းကျင်မှာ ပိုပြီးကွန့်မြူးပါတယ်။ ဒါကြောင့် မနက် (၁၀)နာရီနဲ့ ညနေ (၃)နာရီကြားမှာ အတတ်နိုင်ဆုံး နေရှောင်သင့်ပါတယ်။ အင်္ဂလိပ်လို အဆိုတစ်ခုတောင် ရှိပါတယ်။ Short shadow, seek shade တဲ့။ နေပူထဲထွက်လို့ ကိုယ့်အရိပ်က တိုနေရင် အရိပ်ကိုသာ ပြေးရှာပါတဲ့။ ပြောရရင် အရိပ်တိုလေ အန္တရာယ်များလေပါ။ နေလောင်တာထက် ခရမ်းလွန်ရောင်ခြည်ဘီဟာ အရေပြားကင်ဆာဖြစ်စေနိုင်တာမို့ အသားနု၊ အသားဖြူတဲ့သူတွေဟာ နေရောင်ခြည်ကို ထီမထင်မလုပ်ကြပါနဲ့။

မျိုးစုံတဲ့အရေပြားပြဿနာတွေ

နေရောင်ခြည်ဟာ အရွယ်မတိုင်ခင် အရေပြားရင့်ရော်တာ၊ အိုစာတာ၊ အသားလောင်တာ၊ ရှားရှားပါးပါး အရေပြားကင်ဆာ ဖြစ်တာတွေအပြင် အခြားအရေပြားပြဿနာတွေကိုလည်း ပိုပြီးဆိုးဝါးစေပါတယ်။ တင်းတိပ်၊ ဝက်ခြံ၊ မှဲ့ခြောက် စတာတွေဟာ နေပူမိလေ ပိုဆိုးလေပါ။ နှင်းခူ၊ ရေယုန်၊ ဆိုရီယားစစ်၊ ရိုစေရှား (မျက်နှာရဲရဲ) ရောဂါတွေလည်း နေမိလေ ပိုကြွလာလေပါ။ အရေပြားလေးဖက်နာ (SLE) ၊ အရက်နာ (Pellagra) ရှိခဲ့ရင်လည်း နေရောင်ခြည်က ဒုက္ခပေးပြန်ပါရော။ ငယ်ရွယ်စဉ်မှာ နေအထိများခဲ့တဲ့သူတွေမှာ အသက်ကြီးလာတဲ့အခါ နေလောင်ကွက် (Solar Lentigo) ညိုညိုမည်းမည်းအကွက်တွေ မျက်နှာနဲ့လက်ဖျံတွေမှာ ပေါ်လာတတ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်တွေရဲ့ ရေရှည်ဆိုးကျိုးပေါ့။ တကယ်တော့ အရေပြားတင်မက ဆံပင်တွေလည်း နေကြောင့် အထိနာတာပါပဲ။ အကာအကွယ်မဲ့ နေပူမိတာများရင် ဆံပင်တွေလည်း မွဲမွဲခြောက်ခြောက် ကျိုးကျိုးကြေကြေပါပဲ။
❤1
#နေရောင်ခြည်နှင့်_အရေပြား (၂)

#ဒေါက်တာကျော်ကျော် (အရေပြားအထူးကုဆရာဝန်ကြီး)

⚕️ ⚕️ ⚕️

#နေမရှောင်နိုင်သူတွေ

ဘယ်သူမှတော့ နေပူထဲ မသွားချင်၊ မလာချင်ကြပါဘူး။ နေပူထဲ အလုပ်မလုပ်ချင်ကြပါဘူး။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မလွှဲသာမရှောင်သာ သွားကြ၊ လာကြ၊ လုပ်ကြ၊ ကိုင်ကြ၊ နေကြရတာပါ။ ဥပမာ - ကား၊ ဆိုင်ကယ်၊ တက္ကစီ ယာဉ်မောင်းတွေ၊ ဆိုက်ကားနင်းရသူတွေ၊ လမ်းပြင်လမ်းခင်း အလုပ်သမားတွေ၊ ရေလုပ်သားတွေ၊ ယာဉ်ထိန်းရဲတွေ၊ လမ်းဘေးဈေးသည်တွေ၊ တောင်သူလယ်သမားတွေ၊ အားကစားသမားတွေ စသဖြင့် စုံလို့ပေါ့။ အခုခေတ်မှာ တက္ကစီယာဉ်မောင်းတွေခမျာ ယာဉ်ကြောက ကျပ်လေတော့ ကားထဲမှာ နေပူ၊ လေပူမိပြီး ခရမ်းလွန်ရောင်ခြည်သင့်တာ ခံနေရရှာသူတွေလည်း ဒီလိုပါပဲ။ အမိုးအကာမရှိ နေပူူကျဲကျဲမှာ နေပူဒဏ်ကို လိမ့်ခံနေရသူတွေပါ။ ကလေးတွေလည်း ကျောင်းဆင်း၊ ကျောင်းတက် နေပူတော့ အနည်းနဲ့အများ မိကြတာပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း နေ့လယ်ဆေးခန်းသွားတဲ့အခါ အနည်းဆုံး နာရီဝက်ကျော်ကျော်လောက် ကားထဲမှာ နေပူမိခံရတာပါပဲ။

🔺 🔺 🔺

#အတားအဆီး_အခုအခံ

ဒီတော့ ရှောင်လို့မရနိုင်တဲ့အဆုံး အခုအခံ အရံအတားတွေ သုံးကိုသုံးရမှာပါ။ အားလုံးသိတဲ့အတိုင်း ထီး၊ ခမောက်၊ ဦးထုပ် စတာတွေကို နွေရာသီမှာ သွားလေရာရာ မရှိမဖြစ် ဆောင်းသွားကြရမှာပါ။ ထီးဆိုရင်လည်း ခရမ်းလွန်ရောင်ခြည် ကာကွယ်ပေးနိုင်တဲ့ အမျိုးအစားဖြစ်ရင် ပိုကောင်းပါတယ်။ အရောင်ရင့်ရင့်၊ ထူထူထဲထဲ၊ ထီးရွက်ဖားဖားဆိုရင် ပိုပြီးလုံခြုံတာပေါ့။ ဦးထုပ်ဆိုရင်လည်း အနည်းဆုံး သုံး၊ လေးလက်မလောက် အပြင်ကို ခမောက်လို ဝဲကားနေတဲ့အမျိုးအစားမှ နေကို ကာပေးနိုင်တာပါ။ လည်ကုပ်၊ နား၊ မျက်နှာအားလုံးကို ကာကွယ်ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ခရမ်းလွန်ရောင်ခြည် ကာကွယ်တားဆီးပေးတဲ့ နေကာမျက်မှန်လည်း မဖြစ်မနေ ဆောင်ထားရမှာပေါ့။ မျက်မှန်ကြီးကြီးတပ်ထားရင် မျက်လုံးတွေကို ကာပေးတာအပြင် မျက်လုံးဝန်းကျင်ကိုလည်း နေကာပေးတာကြောင့် တစ်ချက်ခုတ် နှစ်ချက်ပြတ် အကျိုးရှိပါတယ်။ တကယ်တော့ နေရောင်ခြည်ရဲ့ ရေရှည်ဆိုးကျိုးထဲမှာ မျက်စိတိမ်စွဲတာကလည်း အရေးကြီးတာကိုး။

ဒီလို အတားအဆီးတွေကို လက်တွေ့ကျတော့ တချို့တွေက မဆောင်ထားနိုင်ကြပါဘူး။ ဥပမာ ထီးဆိုရင် လိုင်းကားပေါ်မှာ သယ်ရပြုရခက်တာမျိုး၊ ဦးထုပ်ဆိုရင် ဆံပင်ပုံပျက်မှာစိုးလို့ မဆောင်းကြတာမျိုး၊ မျက်မှန်ဆိုရင်လည်း အမျိုးအစားကောင်းကို လက်လှမ်းမမီကြတာမျိုးတွေ ရှိပါတယ်။ ဒီလို ဦးထုပ်၊ ထီး၊ မျက်မှန် စတဲ့ အကာအကွယ်တွေအပြင် အဝတ်အစားကလည်း အရေပြားကိုကာကွယ်ဖို့ အရေးကြီးတဲ့ အခုအခံပစ္စည်းပါပဲ။

🔺 🔺 🔺

#လုံလုံခြုံခြုံဝတ်ပါ

အရေပြားကို နေထိနိုင်တဲ့နေရာ နည်းသည်ထက်နည်းအောင် အဝတ်အစားကို လုံလုံခြုံခြုံဝတ်ကြရမှာပါ။ အကျႌဆိုရင် လက်ရှည်၊ ပွပွ၊ အရောင်ဖျော့ဖျော့၊ ချည်ထည်ပေါ့။ အထက်ပိုင်း လုံခြုံဖို့လိုသလို အောက်ပိုင်းလည်း လုံခြုံဖို့ လိုပါတယ်။ ဒီတော့ စကပ်တို၊ ဘောင်းဘီတိုတွေဟာ ခြေသလုံးကို နေထိနိုင်တာမို့ အရှည်ပဲ ဝတ်သင့်ပါတယ်။ ခက်တာက အဲဒီလိုဝတ်ပြန်တော့ နေထိတာက သက်သာပေမယ့် ပူတာက မသက်သာပြန်ပါဘူး။ ပြောရရင် ပူအိုက်တာကြောင့် နွေရာသီမှာ အရှည်ဝတ်တဲ့သူ ရှားမှရှားပါ။ ဒါပေမဲ့ အလွန်ပူတဲ့ သဲကန္တာရထဲမှာ ကုလားအုတ်ကြီးစီးပြီး သွားလာနေကြတဲ့ အာရပ်လူမျိုးတွေဟာ နေကာမျက်မှန်တပ်ပြီး ဝတ်ရုံအဖြူဖားဖားကြီးတွေ ခြေဆုံး၊ ခေါင်းဆုံး ဝတ်ထားတာ သတိထားမိကြမှာပါ။

မော်တော်ဆိုင်ကယ်စီးသူတွေလည်း နေပြင်းပြင်းမှာ တစ်ဒုက္ခ။ အကျႌလက်ရှည် အမြဲမဝတ်နိုင်ရင် တံတောင်ဆစ်အထိ ရှည်တဲ့ ချည်ထည်လက်စွပ်ရှည်ရှည်ကြီးတွေဝတ်ပြီး သွားသင့်ပါတယ်။ ဆိုင်ကယ်မြို့တော်ဖြစ်တဲ့ မန္တလေးမှာ အဲဒီလိုဝတ်ပြီး သွားလာနေကြတာ အတော်ကြာပါပြီ။ ရန်ကုန်မှာလည်း ကားမောင်းသူတွေက အဲဒီလို အဝတ်လက်စွပ်ရှည်ရှည်ကြီးတွေ သုံးနေကြတာမို့ ဝမ်းသာစရာပါ။ နေပူထဲထွက်ရင် စွပ်၊ နေရိပ်ထဲရောက်ရင် ချွတ်၊ အဆင်ကို ပြေလို့။ တချို့ကတော့ အကျႌလက်ရှည်ဝတ်ပြီး နေရိပ်ထဲမှာ လက်ကို ခေါက်တင်၊ နေပူထဲထွက်တော့ လက်ခေါက်ကို ပြန်ဖြန့်ချနဲ့ အဆင်ပြေသလို လုပ်နေကြတာပါ။ တချို့ လမ်းပြင်၊ လမ်းခင်း အလုပ်သမားတွေ၊ ဆောက်လုပ်ရေးလုပ်သားတွေကတော့ လုံချည်ဟောင်းကို ခေါင်းရော လည်ပင်းပါ ပတ်ပြီး မျက်လုံးပဲ ဖော်ထားတာမျိုး လုပ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့နည်း သူတို့ဟန်နဲ့ နေကို အန်တုနေကြတာပါ။

🔺 🔺 🔺

#နေရောင်ခံလိမ်းခရင်မ်တွေ

လက်လှမ်းမီရင်တော့ နေရောင်ခြည်ကို ကာကွယ်ပေးမယ့် နေရောင်ခံလိမ်းခရင်မ်တွေ၊ လိုးရှင်းတွေ၊ စပရေးတွေ ရှိပါတယ်။ ဈေးကွက်ထဲမှာ ပုံလို့ပါ။ သူတို့ရဲ့ပြင်းအားကိုတော့ SPF ယူနစ်နဲ့ ဖော်ပြပါတယ်။ SPF ဆိုတာက Sun Protection Factor ကို အတိုခေါ်တာပါ။ နံပါတ်မြင့်လေ နေပူထဲမှာ နေမလောင်ဘဲ အချိန်ကြာကြာနေနိုင်လေပါ။ နေပူထဲမထွက်ခင် နာရီဝက်လောက် ကြိုပြီးလိမ်းထားရတဲ့အပြင် သုံးနာရီအကြာမှာ နောက်တစ်ကျော့ ထပ်လိမ်းပေးမှသာ ခရမ်းလွန်ရောင်ခြည်ကို အထိုက်အလျောက် ကာကွယ်ပေးမှာပါ။ နေထိနိုင်တဲ့ မျက်နှာ၊ လည်ပင်း၊ လက်ဖျံ၊ လက်ဖမိုးနေရာတွေကို ထူထူထဲထဲလိမ်းပေးဖို့ လိုပါတယ်။ တကယ်လို့ ဒီလို နေရောင်ခံလိမ်းခရင်မ်တွေ၊ လိုးရှင်းတွေကို အလွယ်မရနိုင်ရင်
👍2
မြန်မာပီပီ သနပ်ခါးကို ထူထူပိန်းပိန်းလိမ်းထားရင်လည်း အတော်အသင့်တော့ နေဒဏ်ကို ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် နွေရာသီမှာ အမျိုးသမီးတွေအနေနဲ့ သနပ်ခါးကို ခြေဆုံး၊ ခေါင်းဆုံး လိမ်းပေးနိုင်ရင်တော့ ကောင်းတာပေါ့။

🔺 🔺 🔺

#မမြင်ရတဲ့ရန်သူ_သတိထား

နွေရောက်လေ ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်းတွေ တစ်ဟုန်ထိုးမြင့်တက်လေပါ။ ဆွေးနွေးခဲ့တဲ့အတိုင်း ရေတို၊ ရေရှည် ဆိုးကျိုးပြဿနာတွေ မနည်းလှပါဘူး။ ဒီမမြင်ရတဲ့ ရောင်စဉ်တန်းတွေကို မပေါ့လျော့ဘဲ သတိထားရှောင်ရှားပြီး အန္တရာယ်ကင်းစွာ နေနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

#ဒေါက်တာကျော်ကျော် (အရေပြားအထူးကုဆရာဝန်ကြီး)
❤1