Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.7K subscribers
3.82K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
Grade-4ဆရာလမ်းညွှန်
Grad-4(စတုတ္ထတန်း)

Textbooks(ပုံနှိပ်များ TB)
Myanmar
(
https://t.me/EducationalChannelMM/1225)
(
https://t.me/EducationalChannelMM/2131?single)
English
(
https://t.me/EducationalChannelMM/1222?single)
(
https://t.me/EducationalChannelMM/2132?single)
Mathematics
(
https://t.me/EducationalChannelMM/1221?single)
(
https://t.me/EducationalChannelMM/2133?single)
Science
(
https://t.me/EducationalChannelMM/1224?single)
(
https://t.me/EducationalChannelMM/2134?single)
Social Studies
(
https://t.me/EducationalChannelMM/1215?single)
(
https://t.me/EducationalChannelMM/2135?single)
Life Skill
(
https://t.me/EducationalChannelMM/1219?single)
(
https://t.me/EducationalChannelMM/2136?single)
Morality and Public Policy
(
https://t.me/EducationalChannelMM/1217?single)
Physical Exercise
(
https://t.me/EducationalChannelMM/1223?single)
Art(Paint)
(
https://t.me/EducationalChannelMM/1220?single)
(
https://t.me/EducationalChannelMM/2140?single)
Physical Art(Music)
(
https://t.me/EducationalChannelMM/1216?single)
(
https://t.me/EducationalChannelMM/2141?single)


Teacher's Guides ဆရာလမ်းညွှန်(TG)များ
Myanmar
(
https://t.me/EducationalChannelMM/1237)
(
https://t.me/EducationalChannelMM/2143)
(
https://t.me/EducationalChannelMM/2131?single)
English
(
https://t.me/EducationalChannelMM/1227)
(
https://t.me/EducationalChannelMM/2144)
(
https://t.me/EducationalChannelMM/2132?single)
(
https://t.me/EducationalChannelMM/1232)
Mathematics
(
https://t.me/EducationalChannelMM/1229)
(
https://t.me/EducationalChannelMM/2145)
(
https://t.me/EducationalChannelMM/2133?single)
Science
(
https://t.me/EducationalChannelMM/2146)
(
https://t.me/EducationalChannelMM/2134?single)
(
https://t.me/EducationalChannelMM/1239?single)
(
https://t.me/EducationalChannelMM/1240?single)
(
https://t.me/EducationalChannelMM/1241?single)
Social Studies
(
https://t.me/EducationalChannelMM/1228)
(
https://t.me/EducationalChannelMM/2135?single)
(
https://t.me/EducationalChannelMM/2147)
Life Skill
(
https://t.me/EducationalChannelMM/1230)
(
https://t.me/EducationalChannelMM/2136?single)
(
https://t.me/EducationalChannelMM/2148)
Morality and Public Policy
(
https://t.me/EducationalChannelMM/1235)
(
https://t.me/EducationalChannelMM/2138?single)
(
https://t.me/EducationalChannelMM/2149)
Physical Exercise
(
https://t.me/EducationalChannelMM/2139?single)
Art(Paint)
(
https://t.me/EducationalChannelMM/1231)
(
https://t.me/EducationalChannelMM/2151)
Physical Art(Music)
(
https://t.me/EducationalChannelMM/1233)
(
https://t.me/EducationalChannelMM/2152)
Grade-4(စတုတ္ထတန်း) Textbook နဲ့ Teacher's Guide အကုန်တင်ပေးထားပါတယ်။

ပညာဒါန videos တွေကိုလေ့လာတဲ့အခါ ကြည်လင်ပြတ်သားစွာကြည့်ရအောင် အောက်က Link ပေးထားတဲ့ YouTube channel ကိုလဲ subscribe လုပ်ထားပေးပါအုံးနော်။
https://youtube.com/@educationchannel2019


Download လုပ်ရလွယ်အောင် လုပ်ပေးထားတဲ့ အောက်က link ပေးထားတဲ့ Telegram Channel ကို join ထားပေးပါနော်။
https://t.me/EducationalChannelMM
❤1
Grade-5(ပဉ္စမတန်း)

Textbooks(ပုံနှိပ်များ TB)
Myanmar
(
https://t.me/EducationalChannelMM/1258)
(
https://t.me/EducationalChannelMM/1259)
English
(
https://t.me/EducationalChannelMM/1256)
Mathematics
(
https://t.me/EducationalChannelMM/1221?single)
(
https://t.me/EducationalChannelMM/2157?single)
Science
(
https://t.me/EducationalChannelMM/1257)
(
https://t.me/EducationalChannelMM/1254)
Social Studies
(
https://t.me/EducationalChannelMM/1243)
(
https://t.me/EducationalChannelMM/1253)
Life Skill
() မရသေး
Morality and Public Policy
(
https://t.me/EducationalChannelMM/1253)
(
https://t.me/EducationalChannelMM/1255)
Physical Exercise
(
https://t.me/EducationalChannelMM/1245)
Art(Paint)
(
https://t.me/EducationalChannelMM/1249)
Physical Art(Music)
() မရသေး


Teacher's Guides ဆရာလမ်းညွှန်(TG)များ

Myanmar
(
https://t.me/EducationalChannelMM/1248)
English
(
https://t.me/EducationalChannelMM/1250)
(
https://t.me/EducationalChannelMM/1251)
Mathematics
(
https://t.me/EducationalChannelMM/1247)
Science
(
https://t.me/EducationalChannelMM/1246)
Social Studies
(
https://t.me/EducationalChannelMM/1243)
Life Skill
()မရသေး
Morality and Public Policy
(
https://t.me/EducationalChannelMM/1244)
Physical Exercise
(
https://t.me/EducationalChannelMM/1245)
Art(Paint)
(
https://t.me/EducationalChannelMM/1249)
Physical Art(Music)
()မရသေး
Grade-5(ပဉ္စမတန်း) Textbook နဲ့ Teacher's Guide အကုန်တင်ပေးထားပါတယ်။

ပညာဒါန videos တွေကိုလေ့လာတဲ့အခါ ကြည်လင်ပြတ်သားစွာကြည့်ရအောင် အောက်က Link ပေးထားတဲ့ YouTube channel ကိုလဲ subscribe လုပ်ထားပေးပါအုံးနော်။
https://youtube.com/@educationchannel2019

Download လုပ်ရလွယ်အောင် လုပ်ပေးထားတဲ့ အောက်က link ပေးထားတဲ့ Telegram Channel ကို join ထားပေးပါနော်။
https://t.me/EducationalChannelMM
❤5👍1
နေရောင်ခြည်နှင့်အရေပြား (၁)

ဒေါက်တာကျော်ကျော်
(အရေပြားအထူးကုဆရာဝန်ကြီး)

နွေရောက်ရင် အဓိကရင်ဆိုင်ကြရတာက နေမင်းရဲ့ အပူဒဏ်ပါ။ နေပူရှိန်ကြောင့် ကြုံတွေ့ရတဲ့ ချွေးထွက်လွန်တာ၊ မိတ်ပေါက်တာ၊ အပူဖုတွေထွက်တာ၊ အပူရှပ်တာ၊ အဆိုးဆုံး သတိလစ်မေ့မျောတာတွေကိုတော့ ကြုံဖူး၊ တွေ့ဖူးကြတာမို့ အထူးဆွေးနွေးစရာ မလိုတော့ပါဘူး။ ဒါပေမဲ့ နေရောင်ခြည်နဲ့အတူ ပါလာတဲ့ မမြင်ရတဲ့ ခရမ်းလွန်ရောင်ခြည်တွေရဲ့ ဆိုးကျိုးတွေကိုတော့ သတိမူမိသူ နည်းပါလိမ့်မယ်။ တကယ်တော့ နေရောင်ခြည်၊ အပူလှိုင်းနဲ့ ခရမ်းလွန်ရောင်ခြည်လှိုင်းတွေဟာ နေမင်းဆီကနေ ယှဉ်တွဲထွက်လာကြတာပါ။ ဒါပေမဲ့ ခရမ်းလွန်ရောင်ခြည်တွေဟာ မျက်စိနဲ့ မမြင်တွေ့ရတဲ့ ရောင်စဉ်တန်းမို့ မမြင်ရတဲ့ရန်သူလို့တောင် ခေါ်နိုင်ပါတယ်။ ပုန်းလျှိုးကွယ်လျှိုးနဲ့ပါလာတဲ့ ရန်သူတွေပေါ့။

ခရမ်းလွန်ရောင်ခြည်သုံးမျိုး

လှိုင်းရဲ့ အတိုအရှည်ပေါ် မူတည်ပြီး သုံးမျိုးခွဲထားပါတယ်။ လှိုင်းအတိုဆုံးကတော့ ခရမ်းလွန်ရောင်ခြည်စီ (C) ပါ။ လှိုင်းတိုပေမယ့် လူသားနဲ့ တိရစ္ဆာန်တွေအတွက် အလွန်အမင်း အန္တရာယ်ပေးနိုင်ပါတယ်။ ကံကောင်းတာက ဒီခရမ်းလွန်ရောင်ခြည်စီကို အိုဇုန်းလွှာကြီးက စုပ်ယူကာကွယ်လိုက်တာမို့ မြေပြင်ကို ဆင်းမလာပါဘူး။ လှိုင်းလတ်ခရမ်းလွန်ရောင်ခြည်ကတော့ ဘီ (B) ပါ။ ဒီရောင်ခြည်ကလည်း ပြဿနာကြီးကြီးပေးပါတယ်။ ဒါပေမဲ့ ထီးလိုကာကွယ်ထားတဲ့ အိုဇုန်းလွှာကြီးကပဲ တော်တော်များများကို စုပ်ယူလိုက်တာမို့ အနည်းအကျဉ်းလောက်ပဲ မြေပြင်ကို ထိုးဆင်းနိုင်တာပါ။ လှိုင်းအရှည်ဆုံး ခရမ်းလွန်ရောင်ခြည်ကတော့ အေ (A) ပါ။ သူကတော့ အိုဇုန်းလွှာကို ထိုးဖောက်နိုင်တာမို့ မြေပြင်၊ ရေပြင်ကို အများဆုံးထိတွေ့နိုင်ပါတယ်။ ပြောရရင် လူတွေ အဓိကရင်ဆိုင်ရတာက ခရမ်းလွန်ရောင်ခြည်အေပါ။ ၉၅ ရာခိုင်နှုန်းလောက်ပေါ့။ ကျန် ၅ ရာခိုင်နှုန်းကတော့ ခရမ်းလွန်ရောင်ခြည်ဘီပါ။

အရေပြားအိုစာခြင်းရဲ့တရားခံ

အရေပြားဟာ သင်္ခါရသဘောတရားအရ တဖြည်းဖြည်းနဲ့ အိုစာရမှာပါ။ ဒီအိုမင်းမှုဖြစ်စဉ်ကို နောက်ကနေ တွန်းအားပေးနေတဲ့ အချက်တွေကတော့ နေရောင်ခြည်၊ ဆေးလိပ်၊ စိတ်ဖိစီးမှု၊ အာဟာရမပြည့်ဝမှုနဲ့ ကိုယ်လက်လှုပ်ရှားမှု နည်းပါးတဲ့ကိစ္စတွေပါ။ ဒီအရေပြားပျက်စီးဖို့ တွန်းအားပေးတဲ့ အချက်တွေထဲမှာ အဓိကဇာတ်ကောင်ကတော့ နေရောင်ခြည်ထဲက ခရမ်းလွန်ရောင်ခြည်ပါပဲ။ ခရမ်းလွန်ရောင်ခြည်တွေထဲမှာမှ ခရမ်းလွန်ရောင်ခြည်အေဟာ အရေပြားအိုစာမှုကို မြန်ဆန်အောင် လှုံ့ဆော်ပေးသူပါ။ ဒါကြောင့် A for aging လို့တောင် မှတ်ကြပါတယ်။ သူက လှိုင်းရှည်တော့ အရေပြားရဲ့ အလယ်လွှာထဲအထိ ထိုးဖောက်ပြီး ကိုလာဂျင်၊ အီလတ်စတင်အမျှင်တွေကို ဖျက်ဆီးပစ်လို့ပါ။ ဒီကလပ်စည်းတွေ ပျက်စီးလာတာနဲ့အမျှ အရေပြားဟာ အရေးကြောင်း၊ အတွန့်အခေါက်တွေနဲ့ လျော့တိလျော့ရဲဖြစ်လာတော့တာပါ။ အရေပြားရင့်ရော်အိုမင်းခြင်း သရုပ်သကန်တွေကို နေပူစပ်ခါးမှာ အလုပ်လုပ်ကြရသူတွေ ခါးစည်းခံကြရတာကို မြင်ဖူး၊ တွေ့ဖူး၊ ကြုံဖူးကြမှာပါ။

နေလောင်တာ ဘီ ကြောင့်ပါ

ခရမ်းလွန်ရောင်ခြည်ဘီကတော့ လှိုင်းလတ်မို့ အရေပြားကို ထဲထဲဝင်ဝင် မထိုးဖောက်နိုင်ပါဘူး။ အပေါ်ယံကလပ်စည်းတွေကိုပဲ ထိခိုက်စေပါတယ်။ ဒါပေမဲ့ သူက ပြင်းအားများတော့ နေလောင်တာ (Sunburn) ကို ဖြစ်စေပါတယ်။ နေထိတဲ့နေရာတွေဖြစ်တဲ့ မျက်နှာ၊ လည်ကုပ်၊ လက်ဖျံတွေမှာ နီရဲရောင်ရမ်းပြီး ပူစပ်ပူလောင်ဖြစ်ရတာဟာ ဘီကြောင့်ပါ။ အသားဖြူ၊ အသားနုတဲ့သူတွေမှာ နေပြင်းပြင်းထိရင် ဒီပြဿနာ ကြုံရလေ့ရှိပါတယ်။ ဒါကြောင့် B for Burning ဆိုပြီး အလွယ်မှတ်ကြရပါတယ်။ ခရမ်းလွန်ရောင်ခြည်ဘီတွေဟာ မနက်ခင်းနဲ့ ညနေစောင်းထက် မွန်းတည့်ဝန်းကျင်မှာ ပိုပြီးကွန့်မြူးပါတယ်။ ဒါကြောင့် မနက် (၁၀)နာရီနဲ့ ညနေ (၃)နာရီကြားမှာ အတတ်နိုင်ဆုံး နေရှောင်သင့်ပါတယ်။ အင်္ဂလိပ်လို အဆိုတစ်ခုတောင် ရှိပါတယ်။ Short shadow, seek shade တဲ့။ နေပူထဲထွက်လို့ ကိုယ့်အရိပ်က တိုနေရင် အရိပ်ကိုသာ ပြေးရှာပါတဲ့။ ပြောရရင် အရိပ်တိုလေ အန္တရာယ်များလေပါ။ နေလောင်တာထက် ခရမ်းလွန်ရောင်ခြည်ဘီဟာ အရေပြားကင်ဆာဖြစ်စေနိုင်တာမို့ အသားနု၊ အသားဖြူတဲ့သူတွေဟာ နေရောင်ခြည်ကို ထီမထင်မလုပ်ကြပါနဲ့။

မျိုးစုံတဲ့အရေပြားပြဿနာတွေ

နေရောင်ခြည်ဟာ အရွယ်မတိုင်ခင် အရေပြားရင့်ရော်တာ၊ အိုစာတာ၊ အသားလောင်တာ၊ ရှားရှားပါးပါး အရေပြားကင်ဆာ ဖြစ်တာတွေအပြင် အခြားအရေပြားပြဿနာတွေကိုလည်း ပိုပြီးဆိုးဝါးစေပါတယ်။ တင်းတိပ်၊ ဝက်ခြံ၊ မှဲ့ခြောက် စတာတွေဟာ နေပူမိလေ ပိုဆိုးလေပါ။ နှင်းခူ၊ ရေယုန်၊ ဆိုရီယားစစ်၊ ရိုစေရှား (မျက်နှာရဲရဲ) ရောဂါတွေလည်း နေမိလေ ပိုကြွလာလေပါ။ အရေပြားလေးဖက်နာ (SLE) ၊ အရက်နာ (Pellagra) ရှိခဲ့ရင်လည်း နေရောင်ခြည်က ဒုက္ခပေးပြန်ပါရော။ ငယ်ရွယ်စဉ်မှာ နေအထိများခဲ့တဲ့သူတွေမှာ အသက်ကြီးလာတဲ့အခါ နေလောင်ကွက် (Solar Lentigo) ညိုညိုမည်းမည်းအကွက်တွေ မျက်နှာနဲ့လက်ဖျံတွေမှာ ပေါ်လာတတ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်တွေရဲ့ ရေရှည်ဆိုးကျိုးပေါ့။ တကယ်တော့ အရေပြားတင်မက ဆံပင်တွေလည်း နေကြောင့် အထိနာတာပါပဲ။ အကာအကွယ်မဲ့ နေပူမိတာများရင် ဆံပင်တွေလည်း မွဲမွဲခြောက်ခြောက် ကျိုးကျိုးကြေကြေပါပဲ။
❤1