Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.8K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
သင်ရိုးသစ် textbook နဲ့ ဆရာကိုင်တွေ
👇 ဒီ link ကနေ ဝင်လေ့လာလို့ ရပါတယ်
http://128.199.240.200/
#သင်ရိုးသစ်စာအုပ်များ
စနစ်သစ်မဖြည့်ရသေးသောLink ဖြစ်နေပါ၍ အနူးအညွတ်တောင်းပန်ပါသည်။ KG,G-1,G2,G3/G-6,ထိသာအသစ်ဖြစ်ပါကြောင်း။နောက်များရရင်ထပ်တင်ပေးပါမည်။
📝 အခြေခံပညာဆရာဆရာမများအတွက်-

🍀 သင်ကြားနည်း (၂၁)နည်း🍀

၁ ။ စာသင်ခန်းအတွင်း မေးခွန်းမေးမြန်းခြင်းနည်း
( Questioning Method )

၂ ။ ပုံပြောသင်ပြနည်း
( Story-Telling Method )

၃ ။ ဟောပြောဆွေးနွေးခြင်းနည်း
( Lecture Discussion Method )

၄ ။ ပုံပြင်ဖြတ်ဆက်နည်း
( Strip-Story Method )

၅ ။ သရုပ်ပြသင်ကြားနည်း
( Demonstration Method )

၆ ။ ခြုံယူဆင်ခြင်နည်း
( Inductive Approach Method )

၇ ။ ပြဿနာဖြေရှင်းနည်း
( Problem Solving Method )

၈ ။ ရှာဖွေတွေ့ရှိခြင်းနည်း
( Discovery Method )

၉ ။ စူးစမ်းရှာဖွေခြင်းနည်း
( Inquiry Learning Method )

၁၀ ။ ကြည့်ရှုလေ့လာခြင်းနည်း
( Observation Method )

၁၁ ။ သရုပ်ဆောင်သင်ကြားနည်း
( Role Playing Method )

၁၂ ။ ဉာဏ်ဖွင့်ဆွေးနွေးနည်း
( Brainstoming Method )

၁၃ ။ ပူးပေါင်းပါဝင်သင်ကြားနည်း
( Co-operative Learning Method )

၁၄ ။ အဆင့်ဆင့်ဆွေးနွေးနည်း
( Fish-Bowl Technique Method )

၁၅ ။ နှစ်ယောက်တစ်တွဲ အပြန်အလှန်ပြောဆိုနည်း
( Dyadic Exchange Method )

၁၆ ။ လက်တွေ့စမ်းသပ်ခန်းသုံး၍သင်နည်း
( Laboratory Technique Method )

၁၇ ။ ကွင်းဆင်းလေ့လာခြင်းနည်း
( Field Trip Method )

၁၈ ။ သဏ္ဌာန်တူ သရုပ်ဆောင်ကစားနည်း
( Simulation and Games Method )

၁၉ ။ အများသဘောတူအုပ်စုဖွဲ့ဖြစ်စဉ်နည်း
( Nominal Group Process Method )

၂၀ ။ အတွေ့အကြုံအားဖြင့် သင်ယူနည်း
( Experiential Learning Method )

၂၁ ။ တွေး-တွဲ-မျှဝေသင်နည်း
( Think-Pair-Share Method )

#Credit;Original Uploader.

ထပ်ဆင့်မျှဝေပါသည်။
👍2❤1
#အခွင့်အရေး

ကလေးတွေပေါ့……
အခြေအနေမျိုးမျိုးကြောင့် ကျောင်းမတက်ခဲ့နိုင်ဘူး။
အခုမှ ကျောင်းကို စတက်ရမှာ။
တစ်ချို့ကလေးတွေက ၈ နှစ်။ တစ်ချို့ကလေးက ၉ နှစ်။
“ဆရာ အတန်းကျော်တက်လို့မရဘူးလား” တဲ့။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပညာရေးစနစ်ဟောင်းကာလ
၂၀၀၃-၂၀၀၄ ခုနှစ်က စတင်ခဲ့တဲ့ “သက်လွန်ပညာရေး”
ဆိုတာကို သွားသတိရမိတယ်။
အဲ့တုန်းက ဒီစနစ်သစ်လို Grade နဲ့မဟုတ်ဘူး။
၅နှစ်မှာ သူငယ်တန်း စတက်။ ၉နှစ်မှာ စတုတ္ထတန်း။
၁၀-နှစ်အရွယ်မှာ မူဆင့်ပညာရေးက ပြီးဆုံးတာကိုးဗျ။

၇/၈/၉နှစ်နဲ့ သူငယ်တန်းကို တက်ရတဲ့ ကလေးက
သူ့အတန်း၊ သူ့အသက်၊ သူ့ဉာဏ်ရည်နဲ့ မကိုက်တော့ဘူး။
ဒီတော့ “သက်လွန်ပညာရေး” ဆိုတာကို အကောင်အထည်
ဖော်ခဲ့ကြရတယ်။ မူဘောင်အရဆိုရင်…
(က) ၇+/၈+နှစ်အရွယ်နဲ့စသင်ရတဲ့ကလေးကို ၃နှစ်နဲ့
မူဆင့်(သူငယ်တန်းမှ စတုတ္ထတန်းထိ)ပြီးမြောက်ရေး။
(ခ) ၉+နှစ်နှင့်အထက် စာ စသင်ရတဲ့ကလေးကို ၂နှစ်နဲ့
မူဆင့်(သူငယ်တန်းမှ စတုတ္ထတန်းထိ)ပြီးမြောက်ရေး။
ဆိုပြီး သက်လွန်ကလေးတွေအတွက် သင်ကြားဖို့
လပိုင်းမာတိကာကို အတိအကျပြဌာန်းပေးထားပါတယ်။
အခုစနစ်သစ်မှာရော ပြဌာန်းဖို့ (လုံးဝ)လိုနေပြီထင်ပါရဲ့။

မကြာသေးခင်ကပဲ “TCမဲ့ စာမေးပွဲ” ဆိုတာကို
ကြားလိုက်ရသေးတယ်။ စာမေးပွဲ ဖြေကြတယ်ဆိုလားပဲ။
TC မဲ့စာမေးပွဲဆိုတာ ဘာလဲ?
တရားဝင်အစိုးရမဟုတ်တဲ့ (ဥပမာ-စစ်ရှောင်)
ဟိုအဖွဲ့အစည်း၊ ဒီအဖွဲ့အစည်းမှာ “ဘယ်အတန်းထိ
တက်ခဲ့ပါတယ်” ဆိုတဲ့ (တရားဝင် TC မဟုတ်)
ထောက်ခံချက်သာပါတဲ့ကလေးတွေကို သီးသန့်
စာမေးပွဲစစ်ပြီး သူတို့ရဲ့ အရည်အချင်းနဲ့ကိုက်ညီတဲ့
အတန်းမှာ တရားဝင်တက်ခွင့်ပြုတဲ့ အစီအစဉ်ပါ။

ဒါဆိုရင်….
ဟိုဘက်လည်း ခြောက်ပြ ဒီဘက်ကိုလည်း ကြောက်ရလို့
ဘယ်နေရာမှာမှ ကျောင်းမတက်ရဘဲ ကြားမှာ
လမ်းပျောက်နေရတဲ့ ကလေးတွေအတွက်
ပညာရေးဌာနက အကောင်းဆုံး ဘာစီစဉ်ထားပါသလဲ?

လုပ်ဖို့ ၃-နည်းပဲရှိပါတယ်။
၁) စနစ်သစ် သက်လွန်ပညာရေးပြဌာန်းဖို့။
၂) TC မဲ့စာမေးပွဲ ကိုပြန်လည်စိစစ်ဖို့
၃) ပြင်ပဖြေဆိုခွင့် တရားဝင်ပြဌာန်းဖို့။
ဒါပေမယ့် ဘယ်အရာမဆို အားနည်းချက်နဲ့
အားသာချက်တွေဆိုတာတော့ ရှိကြစမြဲပါပဲ။

#သက်လွန်ပညာရေး
အသက်လွန်နေတဲ့ ကလေးအတွက် သဘာဝအကျဆုံးနဲ့ အသင့်တော်ဆုံးကတော့ “သက်လွန်ပညာရေး” ပါပဲ။
ဒီစနစ်သစ်မှာလည်း လပိုင်းမာတိကာတွေ သတ်မှတ်ပြီး
အကောင်အထည်ဖော်မယ် ဆိုရင်ဖြင့်
ဆရာနဲ့ကျောင်းသား ထိထိမိမိသင်ယူနိုင်ကြမယ်။
သင်ယူနေစဉ်၊ သင်ယူပြီး အခြေအနေ နှစ်ရပ်လုံးကိုလဲ
စစ်ဆေးအကဲဖြတ်နိုင်ပါမယ်။ ဒါပေမယ့် အစိုးရရဲ့ ကျောင်းတစ်ကျောင်းအနေနဲ့ ဆရာ/မအင်အားရယ်၊
စာသင်ခန်းတွေက လက်ရှိပုံမှန်အနေအထားအရ
တစ်ကျောင်းတည်းမှာပဲ သက်လွန်တွေအတွက် သီးခြား
ခွဲသင်ဖို့ရာ အင်မတန်ခက်ပါတယ်။

#TCမဲ့စာမေးပွဲ
တက်ရောက်လိုတဲ့ အတန်းနဲ့ ကိုက်ညီအောင်
ရေးနိုင်၊ ဖတ်နိုင်မှု ရှိ/မရှိသာ စစ်ဆေးခြင်းတစ်ခုပါပဲ။
TC မဲ့စာမေးပွဲသာဆိုပေမယ့် အဖွဲ့အစည်းတစ်ခုခုရဲ့
တာဝန်ရှိသူရဲ့ ထောက်ခံစာပါမှာလျှင် ဝင်ရောက်
ဖြေဆိုခွင့်ရှိတာပါ။ “သက်‌သေအထောက်အထား”
ဘာတစ်ခုမှ မပါခဲ့ရင်တော့ ဖြေဆိုခွင့်မပြုပြန်ဘူးရယ်။

ဒီတော့ ဘယ်လိုနေရာဒေသ ဘယ်လိုကလေးတွေက
နစ်နာနေမလဲ ဆိုတာ စဉ်းစားသာကြည့်။
ဟိုဘက်လည်းမတက်ရ။ ဒီဘက်မှာလည်းမတက်ရဲ။
ပြင်ပမှာ Tution၊ Guide တွေနဲ့ သင်ထားပေမယ့်
ဘယ်သူကမှ ထောက်ခံချက်မပေးနိုင်တဲ့ ကလေး။
TC မဲ့ ဝင်ဖြေဖို့ဆိုတာ။ သေချာပါတယ် “Cancle”။

#ပြင်ပဖြေဆိုခွင့်
နောက်ဆုံးအနေနဲ့ကတော့ ပြင်ပဖြေဆိုခွင့်
ပြဌာန်းပေးဖို့ပါပဲ။ များစွာသော နိုင်ငံတွေမှာလည်း
ဒီနည်းကို ကျင့်သုံးကြပါတယ်။ အလုပ်တစ်ဖက်နဲ့
ကျောင်းတက်နေကြတာမှ ဒု နဲ့ဒေး။ အရည်အချင်း
ပြည့်မီသူတွေအနေနဲ့ ဖြေဆိုခွင့်ရစေချင်ပါတယ်။
ဒီနိုင်ငံရဲ့ ပညာရေးစနစ်အရ မူဆင့်မှာ တော့မဖြစ်နိုင်။
သို့သော်လည်း ရောဂါနဲ့ နိုင်ငံရေးအခြေအနေအရ
ချွင်းချက်အနေနဲ့ ဖြေဆိုခွင့်လေးရလိုက်ရင်ဖြင့်….

ငရုပ်ကျည်ပွေ့အတက်ပေါက်တယ်ဆိုတာ
တစ်ကယ် ရှိပါတယ်။ ဒါပေမယ့် ရှားပါတယ်။
“Time and Tide wait for no man”
အချိန်နှင့်ဒီရေဟာလည်း လူကို မစောင့်ပါဘူး။
ပညာတတ်ဘွဲ့ရ လူငယ်တစ်ယောက်အတွက်
အခွင့်အလမ်းတွေ မဖွင့်ပေးနိုင်သေးချိန်မှာ
ပညာသင်ရွယ်ကလေးတစ်ယောက်အတွက်
အခွင့်အရေးလေးတွေတော့ ဖန်တီးပေးစေချင်ပါတယ်။

ဟုတ်ကဲ့ ဒါဟာ
ပညာရေးဌာန ရဲ့ (Education For All)အတွက်
ကျွန်တော့်ရဲ့ခပ်ညံ့ညံ့အတွေးတစ်ခုမျှသာ ဖြစ်ပါတယ်။


ဦးရဲ
ပညာရေး
#တု

ဆရာ!
“ကလေးက (၅)နှစ်ပြည့်မှ
ကျောင်းက ဘာလို့ လက်ခံရတာလဲ” တဲ့။

ခင်များတို့ဆိုရင် ဘာကြောင့်လို့ ဖြေကြမလဲ။
ကျုပ်က လိုရင်းတိုရှင်းသမား။
စိတ်ပညာရပ်တွေလဲ ကျုပ်မသိဘူး။
အသက်ရွယ်လိုက် ကလေးဖွံဖြိုးမှုလဲ ကျုပ်နားမလည်။
ဒီတော့ ဟိုရှာ၊ဒီရှာနဲ့ လိုက်ရှာကြည့်တော့
ဒီမေးခွန်းရဲ့အဖြေက ဂျူးလူမျိုးတွေဆီမှာ သွားတွေ့တယ်။

ဂျူးလူမျိုးတွေဟာ
(မွေးစမှ ၅-နှစ်ထိ) ကလေးတစ်ယောက်ကို
သူ့စိတ်ကြိုက် အိမ်မှာ မိသားစုဝင်ကြား မိဘအချစ်တွေနဲ့
ပြည့်စုံစေကြတယ်။

(၅-နှစ်မှ ၁၀-နှစ်ထိ) ကလေးတစ်ယောက်ကို
ကျွန်လိုသတ်မှတ်ပြီး သူနိုင်သမျှ အလုပ်တွေကို ခိုင်းကြတယ်။

၁၅-နှစ်မှာ ကလေးတစ်ယောက်ကို
လူကြီး၊ မိဘနဲ့ တစ်တန်းတည်းထားပြီး ကြုံလာတဲ့ပြသနာကို ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဖြေရှင်းခိုင်းကြတယ်။

ကဲ! အဖြေကရှင်းရော။

မေးလို့ရပါသေးတယ်။
“ကိုယ်နဲ့ ဘာမဆိုင် ညာမဆိုင် ဘာလို့ ဂျူးတွေကို
လိုက်တုရတာတုန်း” လို့။

အဖြေကရှင်းရှင်းလေး။
ဂျူးလူမျိုးဟာ ကမ္ဘာ့လူဦးရေရဲ့ ၀.၂-သန်းပဲ ရှိတယ်။
လူနည်းနည်းလေးပဲ။ ဒါပေမဲ့ အထင်မသေးလိုက်နဲ့။
၁၉၆၀-၂၀၀၀ထိ ပညာရေးမှာ ဖင်လန်နိုင်ငံက နံပါတ်-၁။
ကမ္ဘာမှာ နိုဘယ်ဆုရှင် ငါးပုံတစ်ပုံက ဂျူးလူမျိုး။
အမေရိကန်ရဲ့ ထူးချွန်ပါမောက္ခ ၃၀%က ဂျူးလူမျိုး။

ဘာလို့လဲ?
ဂျူးလူမျိုးတွေရဲ့ ကလေးပြုစုပျိုးထောင်တဲ့
နည်းလမ်းတွေက တိကျမှန်ကန်နေလို့ပဲ။
ကလေးတစ်‌ယောက်အတွက် ဘဝရဲ့ သုံးပုံတစ်ပုံမှာ
ချစ်ခြင်းကို အပြည့်ဝ ခံစားရဖို့ အခွင့်အရေးပေးတယ်။
မိမိကိုယ်ကို အားကိုးနိုင်စိတ်နဲ့ ကိုယ်တိုင်လုပ်တတ်ကိုင်တတ်ဖို့ အခွင့်ရေးပေးတယ်။
အတွေ့အကြုံနဲ့ ရင့်ကျက်မှုလိုက်ပြီး
ကိုယ်တိုင်ဆုံးဖြတ်နိုင်ဖို့ အခွင့်အရေးပေးတယ်။

ကျုပ်အကြိုက်ဆုံး ဒဿန တစ်ခုရှိတယ်။
“အတွေးအခေါ်ဆိုတာ သံသယကို အဖြေရှာခြင်း” တဲ့။
ကောင်းလိုက်တာဗျာ။ ဗုဒ္ဓမြတ်စွာဘုရားကလဲ
“ကာလာမသုတ်” မှာ ဟောထားတာပဲ။
မာသာမဏော နောဂရူတိ - ကိုယ်ယုံကြည်ရိုသေတဲ့သူရဲ့စကားဆိုပြီးတော့လည်း မယုံနဲ့” တဲ့။ ဒါ လူတွေကို
တွေးအခေါ်တတ်ဖို့ ဆုံးမခဲ့တာပဲဗျ။
ခိုင်းတာလုပ်။ ပြောတာနားထောင်ခိုင်းတဲ့ ကျုပ်တို့
လက်ရှိပတ်ဝန်းကျင်နဲ့များ ကွာပါ့။
တစ်ချို့က စာလေး၊ ပေလေး ဖတ်နေတာနဲ့ပဲ
ဟုတ်လှပြီလို့ ထင်ကြတယ်။
စာအုပ်ကိုကြည့်ပြီး ဖတ်မှတ်လေ့လာခြင်းကို
“အတုခိုးခြင်း‌တစ်မျိုး” လို့သာ သူတို့ကသတ်မှတ်ကြတယ်။
ဗဟုသုတကြွယ်ပြီး လက်တွေ့ဘာမှမလုပ်တတ်သူကို
“စာအုပ်တင်တဲ့ မြည်း(သို့)လား” လို့ခိုင်းနှိုင်းကြတယ်ဗျ။

ကဲ ဆရာ/မတို့
ခင်များတို့ရော ကလေးတွေကို စာအုပ်ထမ်းခိုင်းမှာလား။
ကိုယ်ပိုင်တွေးခေါ်တတ်အောင် သင်မှာလား။
လူတိုင်းစာသင်တတ်ကြတယ်။
ကလေးတွေကို မှန်ကန်တဲ့ ကိုယ်ပိုင်အမြင် နဲ့
အသစ်ဖန်တီးတတ်ဖို့ကို
လေ့ကျင့်ပျိုးထောင်ပေးနိုင်ဖို့ကတော့...........

လေးစားစွာဖြင့်

ဦးရဲ
ပညာရေး
❤2
G-4+5
#စစ်ဆေးအကဲဖြတ်ခြင်း
၁ ရေးဖြေစစ်ဆေးခြင်း
(ပုံစံ)
၂ ဘာသာရပ်လိုက် တတ်မြောက်
မှုစစ်ဆေးရေး (ပုံစံ)
၃ လစဥ် စစ်ဆေးမှု (ပုံစံ)
၄ အခန်းလိုက် စစ်ဆေးမှု (ပုံစံ)
၅ သုံးလ တစ်ကြိမ် စစ်ဆေးမှု (ပုံစံ)
Crd👉မူလတန်း သင်ရိုးသစ်မိတ်ဆက်အလုပ်ရုံဆွေးနွေးပွဲ ရက်တိုသင်တန်း
Crd#