Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.7K subscribers
3.82K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
Kindergarten(KG/သူငယ်တန်း)

မြန်မာဗျည်းအက္ခရာများ
(
https://t.me/EducationalChannelMM/2073?single)
အင်္ဂလိပ်ကိန်းများ
(
https://t.me/EducationalChannelMM/2074?single)
သင်္ချာအခြေခံ
(
https://t.me/EducationalChannelMM/2075?single)
ပုံဆွဲခြင်းနဲ့ဆေးခြယ်ခြင်း
(
https://t.me/EducationalChannelMM/2076?single)

ဆရာလမ်းညွှန်(TG)များ
KG Teacher's Guide
(
https://t.me/EducationalChannelMM/1118?single)
(
https://t.me/EducationalChannelMM/1119?single)
(
https://t.me/EducationalChannelMM/1120?single)
(
https://t.me/EducationalChannelMM/1121)
(
https://t.me/EducationalChannelMM/1586)
(
https://t.me/EducationalChannelMM/1474)
(
https://t.me/EducationalChannelMM/2077?single)
(
https://t.me/EducationalChannelMM/2078?single)

KG Teacher's Guide Modules
(
https://t.me/EducationalChannelMM/2079?single)
(
https://t.me/EducationalChannelMM/2080?single)
(
https://t.me/EducationalChannelMM/2081?single)
(
https://t.me/EducationalChannelMM/2082?single)
(
https://t.me/EducationalChannelMM/2083?single)
(
https://t.me/EducationalChannelMM/2084?single)
(
https://t.me/EducationalChannelMM/2085?single)
(
https://t.me/EducationalChannelMM/2086?single)
(
https://t.me/EducationalChannelMM/2087?single)
(
https://t.me/EducationalChannelMM/2088?single)
(
https://t.me/EducationalChannelMM/2089?single)
(
https://t.me/EducationalChannelMM/2091?single)
(
https://t.me/EducationalChannelMM/2093)
KG(သူငယ်တန်း) Textbook နဲ့ Teacher's Guide အကုန်တင်ပေးထားပါတယ်။

ပညာဒါန videos တွေကိုလေ့လာတဲ့အခါ ကြည်လင်ပြတ်သားစွာကြည့်ရအောင် အောက်က Link ပေးထားတဲ့ YouTube channel ကိုလဲ subscribe လုပ်ထားပေးပါအုံးနော်။
https://youtube.com/@educationchannel2019

Download လုပ်ရလွယ်အောင် လုပ်ပေးထားတဲ့ အောက်က link ပေးထားတဲ့ Telegram Channel ကို join ထားပေးပါနော်။
https://t.me/EducationalChannelMM
❤4👍3
ဧပြီလ ၂၂ ရက်နေ့ဟာ မြေကမ္ဘာနေ့ Earth Day ဖြစ်ပါတယ်..

၂၀၂၄ခုနှစ်ရဲ့ မြေကမ္ဘာနေ့အတွက် သတ်မှတ်ထားတဲ့ ဆောင်ပုဒ်က Planet vs. Plastics ဖြစ်ပါတယ် ..

ဘာကြောင့် ဒီဆောင်ပုဒ်ကို သတ်မှတ်ရတာလဲဆိုတော့..

ပလတ်စတစ်တွေဟာ လူသားတွေရဲ့ ကျန်းမာရေးနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာလို့ပါ ..

၁၉၅၀ခုနှစ်မှာ စတင်ထုတ်လုပ်အသုံးပြုလာခဲ့တဲ့ ပလတ်စတစ်တွေဟာ သုံးလို့လည်းကောင်း၊ အသုံးလည်းဝင်တာကြောင့် တစထက်တစ တိုးတက်ထုတ်လုပ်လာလိုက်ကြတာ ၂၀၂၁ တနှစ်ထဲ ထုတ်လုပ်ခဲ့တဲ့ ပလတ်စတစ်ပမာဏဟာ ၃၉၀.၇ မီလီယံမက်ထရစ်တန်တောင် ရှိခဲ့ပါတယ် ..

အဲဒီလောက်ပမာဏတောင်ထုတ်လုပ်ထားပြီဆိုမှတော့ သုံးပြီးလွှင့်ပစ်လိုက်တဲ့ ပလတ်စတစ်အမှိုက်ပမာဏကလည်း တနှစ်ကို ၃၅၀ မီလီယံမက်ထရစ်တန်တောင် ရှိနေပါတယ် ..

အဲဒီ ပလတ်စတစ်အမှိုက်တွေအားလုံးရဲ့ ၉%ကို recycle လုပ်ကြပါတယ်၊ ၁၄% ကို မီးရှို့ဖျက်ဆီးပစ်ကြပါတယ်၊ ၇၇%ကိုတော့ ကျင်းတူးမြှုတ်ကြတယ်လို့ သိရပါတယ် ..

ပလတ်စတစ်အမှိုက်တွေဟာ မြေကြီးပေါ်ကနေတဆင့် ချောင်းထဲ၊မြစ်ထဲရောက်ကုန်ရာကနေ အဲဒီကမှတဆင့် ပင်လယ်သမုဒ္ဒရာတွေထဲ ရောက်ကုန်ပါတယ် ..

ပင်လယ်သမုဒ္ဒရာထဲရောက်လာတဲ့ ပလတ်စတစ်အမှိုက်တွေဟာ နေရဲ့အပူဒဏ်၊ ခရမ်းလွန်ရောင်ခြည်ရဲ့ဒဏ်၊ ပင်လယ်ဆားငံရေရဲ့ဒဏ်တွေကြောင့် တစ တစ ပြိုကွဲလာပြီး တဖြည်းဖြည်းနဲ့ အင်မတန်သေးငယ်တဲ့အရွယ်အစားအထိ ဖြသ်လာပါတယ် ..

၀.၅ မီလီမီတာထက်သေးငယ်တဲ့အရွယ်အစားကိုရောက်လာတဲ့ ပလတ်စတစ်တွေကို မိုက်ခရိုပလတ်စတစ်လို့ ခေါ်ကြပါတယ် ..

အဲဒီ မိုက်ခရိုပလတ်စတစ်တွေဟာ နေအပူကြောင့်ပင်လယ်ရေအငွေ့ပျံရာမှာ ရေငွေ့နဲ့အတူပါသွားကုန်ကြပြီး တိမ်တွေထဲရောက်ကုန်ပါတယ် ..

အဲဒီကမှတဆင့် မိုးရေနဲ့ ဆီးနှင်းတွေနဲ့ရောပြီး ကမ္ဘာပေါ်ကို ပြန်ကျဆင်းလာပါတယ် ..

ဒါကြောင့် အခု ကျွန်တော်တို့သောက်နေကြရတဲ့ သောက်ရေသန့်တွေထဲမှာ၊ စားစရာတွေထဲမှာ၊ သွားတိုက်ဆေး၊ဆပ်ပြာ၊အလှကုန်ပစ္စည်းတွေထဲမှာ မိုက်ခရိုပလတ်စတစ်တွေကို ရှာတွေ့နေကြရပြီဖြစ်ပါတယ် ..

ပင်လယ်ရေထဲက ရေသတ္တဝါတွေရဲ့ တစ်ရှူးတွေ ဆဲလ်တွေထဲကိုလည်း မိုက်ခရိုပလတ်စတစ်တွေ ရောက်ကုန်ပါတယ်၊ အဲဒီရေသတ္တဝါတွေကို လူတွေက ဖမ်းစားကြတာကြောင့် လူတွေရဲ့ ကိုယ်ခန္တာထဲကိုလည်း ရောက်ကုန်ပါတယ် ..

၂၀၂၃၊နိုဝင်ဘာလမှာတုန်းက ဆေးသိပ္ပံပညာရှင်တွေက အဲဒီမိုက်ခရိုပလတ်စတစ်တွေကို လူတွေရဲ့သွေးတွေထဲမှာပါ ရှာတွေ့ကြောင်း ကြေငြာခဲ့တာကိုလည်း ဖတ်ရှုမှတ်သားခဲ့ရပါတယ် ..

အလွယ်ပြောရရင် ပလတ်စတစ်ရဲ့ကုန်ကြမ်းက ကော်စေ့ပါ၊ ကော်စေ့ရဲ့ကုန်ကြမ်းက ရေနံပါ၊ ရေနံဟာ သတ္တဝါတွေအတွက် အဆိပ်ဖြစ်ပါတယ် ..

ရေနံကနေ ဖန်တီးယူထားတဲ့ ပလတ်စတစ်ဆိုတာကလည်း အဆိပ်ပဲဖြစ်ပါတယ် ..

ဒါကြောင့် မိုက်ခရိုပလတ်စတစ်တွေကို ရှုနေရ၊ သောက်နေရ၊ စားနေရတဲ့ ကျွန်တော်တို့ဟာ နေရင်းထိုင်ရင်းနဲ့ ရောဂါတွေဖြစ်ကြ၊ ဆေးတွေကုရ၊ အသက်တွေ တိုလာကြရတာ ဖြစ်ပါတယ် ..

ဒါကြောင့်လည်း ဒီနှစ် ဧပြီလ ၂၂ ရက်နေ့မှာကျရောက်မယ့် မြေကမ္ဘာနေ့မှာ သတ်မှတ်လိုက်တဲ့ Planet vs Plastics ဆိုတဲ့ဆောင်ပုဒ်နဲ့အတူ ကမ္ဘာနိုင်ငံအသီးသီးကို လာမယ့် သက္ကရာဇ် ၂၀၄၀ ရောက်ရင် ဒီကနေ့ တကမ္ဘာလုံးကထုတ်လုပ်နေတဲ့ ပလတ်စတစ်ပမာဏရဲ့ ၆၀%အထိ လျှော့ချထုတ်လုပ်ကြပါလို့ တောင်းဆိုထားတာ ဖြစ်ပါတယ် ..

ဒီနေရာမှာ ကျွန်တော့အနေနဲ့ အလေးအနက်အကြံပြုချင်တာကတော့ ကုန်ပစ္စည်းဆိုတာ သုံးသူရှိလို့ ထုတ်သူရှိရတာပါ၊ သုံးတဲ့သူမရှိရင် ဘယ်သူမှ မထုတ်ပါဘူး ..

ပလတ်စတစ်ကိစ္စကိုလည်း ဒီလိုပဲ စဥ်းစားကြစေလိုပါတယ်၊ အဓိကအကျဆုံးက စားသုံးသူပဲ ဖြစ်ပါတယ်၊ ပလတ်စတစ်နေရာမှာ အစားထိုးအသုံးပြုလို့ရတဲ့ သဘာဝအတိုင်း အလွယ်တကူကျေပျက်ပျောက်ကွယ်သွားနိုင်တဲ့ သဘာဝပစ္စည်းတွေကို ကျွန်တော်တို့ ရှာဖွေအသုံးပြုကြဖို့လိုပါတယ် ..

အဲဒီလို အစားထိုးလို့ရတဲ့ ပလတ်စတစ်ပစ္စည်းတွေကို လုပ်ငန်းရှင်တွေက မထုတ်လုပ်တော့အောင်၊ ပြည်ပကနေ တင်သွင်းလို့မရအောင် ဥပဒေနဲ့ ပြဌာန်းပိတ်ပင်ကြဖို့လိုပါတယ် ..

ပလတ်စတစ်ရဲ့ဆိုးကျိုးကို လူတွေအားလုံးလွယ်လွယ်ကူကူ နားလည်သဘောပေါက်လက်ခံလာအောင် ရှင်းပြ ပြောပြပေးဖို့ ဘတ်ဂျက်၊မူဝါဒ၊နည်းဥပဒေ၊ဥပဒေတွေ ပြဌာန်းပေးဖို့ လိုပါတယ် ..

"အာရောဂျံ၊ ပရမံ၊ လာဘံ" ကျန်းမာခြင်းသည် ချမ်းသာခြင်း ဖြစ်ပါတယ် ..

ကျန်းမာဖို့ ပလတ်စတစ်ကင်းစင်ဖို့ လိုပါတယ် ..
ပလတ်စတစ်ကင်းစင်ဖို့ လူတွေပညာရှိဖို့လိုပါတယ်..

"အားလုံးဆောင်ရွက်၊ အားလုံးအတွက်" ဆိုတာ ..
"ညီညာမှ ပြည်သာ" ဆိုတာ ..
အားလုံးနားရည် မျက်စိရည်ဝနေပြီးသား ဆောင်ပုဒ်တွေ ဖြစ်ပါတယ် ..

တကယ်လုပ်ကြဖို့တော့ လိုနေသေးတယ်လို့ ထင်မိပါကြောင်း ..

ကျန်းမာရွှင်လန်းကြပါစေ ..

ကိုရင်လှ
၂၀၊၄၊၂၀၂၄