Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.7K subscribers
3.82K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
🙏🙏🙏 မင်္ဂလာပါဆရာကြီးဆရာမကြီးတို့ရေ🙏🙏🙏

ကျောင်းအုပ်ကြီးများရုံးခန်းတွင်ထားရှိရမည့်....မှတ်တမ်းပုံစံ
များကိုဖော်ပြပေးလိုက်ပါတယ်။

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
🙏🙏🙏 မင်္ဂလာပါဆရာကြီးဆရာမကြီးတို့ရေ 🙏🙏🙏

မြန်မာ သရ ၁၂ ပါး

အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ အဲ၊ ဩ၊ ဪ၊ အံ၊ အား

အဓိကထားသော သရ (၇)မျိုးမှာ

အ

အိ

အု

အေ

အဲ

အော.......တို့ပဲဖြစ်ပါတယ်။.....

မြန်မာစာကိုစတင်သင်ကြားရာတွင် သင်ကြားနည်း (၃)မျိုး

1️⃣ ရှေးရိုးသင်ပုန်းကြီးနည်း

2️⃣ အသံထွက်နည်း

3️⃣ တိုက်ရိုက်ကြည့်ဆိုနည်း

.....စသည်ဖြင့် အကျယ်တဝင့်သိရှိစေရန်အောက်တွင်ဖော်ပြပေးလိုက်ရပါတယ်ခင်ဗျာ။

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
👍1
ဝ၊ထ၊က၊လ၊သ android apk
စာတတ်မြောက်ရေး အခြေခံ အရေး၊အဖတ်၊အတွက် "အ"၃လုံး သင်ရိုးနှင့်ဆရာကိုင်များ
(၁)ပထမကြိမ် ကမ္ဘာ့ပညာရေးညီလာခံက
ကုလကဦးဆောင်ပြီး
ထိုင်းနိုင်ငံမှာကျင်းပခဲ့ပါတယ်
EFA( Education For All)(၁၉၉၀>၂၀၀၀)
ပညာရေးကဏ္ဍ (၆)ခုအကောင်အထည်ဖော်ဖို့ချမှတ်ခဲ့တာပါဗျ။

(၂)ဒုတိယအကြိမ် ကမ္ဘာ့ပညာရေးညီလာခံကိုတော့ အမေရိကန်- နယူးယောက်မှာကျင်းပခဲ့ပြီး

၂၀၀၀>၂၀၁၅ ထိအတွက်ပညာရေး

ထောင်စုနှစ်ပညာရေးရည်မှန်းချက်(၈)ချက်ချမှတ်ခဲ့ပါတယ်။

(၃)တတိယကြိမ် ကမ္ဘာ့ပညာရေးညီလာခံကို ကိုရီးယားနိုင်ငံ၊ အင်ချွန်မြို့မှာကျင်းပခဲ့တာပါ

၂၀၁၅>၂၀၃၀ ပညာရေးရည်မှန်းချက်

ကဏ္ဍ(၁၆)ခုပူးပေါင်းဆောင်ရွက်ဖို့ အချက်(၁၇)ချက် ချမှတ်ခဲ့ကြပါတယ်။


သိရှိထားသင့်တယ်ထင်လို့ မျှဝေပေးလိုက်ပါတယ်။
👍1
1️⃣(၁၉၉၀)မှ (၂၀၀၀)ခုနှစ်အထိ
EFA သို့မဟုတ် Six Goals of Education for all

ကုလအဖွဲ့ဝင်နိုင်ငံတွေ ထိုင်းနိုင်ငံမှာတွေ့ဆုံပြီး ကမ္ဘာပညာရေးညီလာခံကျကျင်းပကာ အောက်ပါ မူဝါဒ (၆)ချက်ကို ချမှတ်ခဲ့ပါတယ်

(၁)ရှေးဦးကလေးသူငယ်ပညာရေးနှင့်စောင့်ရှောက်မှု (မွေးစမှ (၈)နှစ်အထိ)

(၂)ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတိုင်းမှာ မသင်မနေရ မူလတန်းပညာရေးအကောင်အထည်ဖော်ရန်

(၃)ဘဝတစ်သက်တာကျွမ်းကျင်ဖို့နှင့် ရာသက်ပန်သင်ယူနိုင်ရန်

(၄)သက်ကြီးစာတတ်မြောက်ရေး(အကြောင်းအမျိုးမျိုးကြောင့် ငယ်စဉ်က ပညာသင်ယူခွင့်မရသူများအတွက်)

(၅)ပညာရေးတွင် ကျားမတန်းတူ အခွင့်အရေးရရှိရန်

(၆)အရည်အသွေးရှိသောပညာရေးကိုပေးနိုင်ရန်ဟူသော

အချက်(၆)ချက်ပင်ဖြစ်ပါတယ်။

#သိမှတ်ဖွယ်ရာပညာရေးမူဝါဒ
2️⃣ထောင်စုနှစ်ပညာရေးရည်မှန်ချက်

The Millennium Development Goals (MDGs)

ထောင်စုနှစ်ကမ္ဘာပညာရေးရည်မှန်းချက် (၈)ရပ် သို့မဟုတ် မူဝါဒ(၈)ခုကို

(၂၀၀၀)ခုနှစ် USA, နယူးယောက်မှာကုလသမဂ္ဂကဦး‌ဆောင် ကျင်းပတဲ့ ကမ္ဘာပညာရေးညီလာခံမှာချမှတ်ခဲ့ပါတယ်။

ယခင်မူဝါဒ(၆)ခုကို ပြန်လည်သုံးသပ်မှုလုပ်ပြီးချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။

၎င်း(၈)ရပ်မှာ-

(၁)ဆင်းရဲမှုလျှော့ချရေးနှင့် ငတ်မွတ်ခေါင်းပါးမှုပပျောက်ရေး

(၂)မူလတန်းပညာရေးကို မသင်မနေရအကောင်အထည်ဖော်ရေး

(၃)ဂျန်တာတန်းတူရေးနှင့် အမျိုးသမီးများ၏ပညာသင်ကြားခွင့်ရရှိရေး

(၄)မွေးကင်းစ သေနှုန်းလျှော့ချရေး

(၅)ကိုယ်ဝန်ဆောင်အမျိုးသမီးစောင့်ရှောက်ရေး(ကလေးပျက်ကျနှုန်းလျှော့ချရေး)

(၆)ကူးစက်ရောဂါမပြန့်ပွါးရေးနှင့် ပပျောက်ရေး

(၇)သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး

(၈)အထက်ပါ(၇)ရပ်ကို ကဏ္ဍအစုံပူးပေါင်းဆောင်ရွက်ရေးတို့ပဲဖြစ်ပါတယ်ဗျ။

ဒီ(၈)ရပ်ဟာ ပညာရေးအတွက် ဘယ်လိုများဆက်စပ်နေလဲ ဆရာ၊ဆရာမ ကျောင်းသား၊သူတို့ရဲ့အတွေးမြင် သိပညာများ ဖွင့်ဟလို ဆွေးနွေးကြည့်ကြပါဦးခင်မျ။


အသိပညာတိုးပွါးကြစေရန်

ဆန္ဒမွန်ဖြင့်
3️⃣SUSTAINABLE Development Goals (2015)
SDG(한국) တတိယမြောက် ပညာရေးညီလာခံကိုတော့ ကိုရီးယားနိုင်ငံ အင်ချွန် မှာ ကုလဦးဆောင်ပြီးကျင်းပခဲ့ပါတယ်။
ယခင်မူဝါဒနှင့် ကမ္ဘာအရပ်ရပ်က ပညာရေးအခြေအနေတွေကို သုံးသပ်ပြီး
အချက်(၁၇)ချက်ချမှတ်ခဲ့ပါတယ်။ဒီမူဝါဒတွေ ရည်မှန်းချက်တွေက (၂၀၃၀)အထိအကျုံးဝင်ပါတယ်ပါတယ်ခင်မျ။
ပညာရေးကတော့ လေးချက်မြောက်မှာဖြစ်ပြီး
SDG-4လို့လည်းခေါ်ပါတယ်ဗျ။
ပထမဦးစွာ အချက်(၁၇)ချက်ကိုဖော်ပြပေးပါရစေ
(၁)ဆင်းရဲမှုလျှော့ချရေး
(၂)ငတ်မွတ်မှုလျှော့ချရေး
(၃)ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး
(၄)ပညာရေးရရှိရေး
(၅)ဂျန်တာတန်းတူရေး
(၆)သန့်ရှင်းသော သောက်သုံးရေရရှိရေး
(၇)သန့်ရှင်းသောစွမ်းအင်ရရှိရေး
(၈)သင့်တင့်မျှတသောအလုပ်အကိုင်ရရှိရေး
(၉)စက်ရုံဆောက်လုပ်မှုကသဘာဝပတ်ကျင်ထိခိုက်မှုမရှိစေရေး
(၁၀)ဆင်းရဲချမ်းသာကွာခြားမှုလျှော့ချရေး
(၁၁)မြို့ပြထူထောင်မှုကြောင့် သဘာဝပတ်ဝန်းကျင်မထိ‌ခိုက်ရေး
(၁၂)ကုန်ထုတ်လုပ်မှုဆိုင်ရာတာဝန်ခံမှုတာဝန်ယူမှုရှိရေး
(၁၃)ရာသီဥတုဖောက်ပြန်မှုကိုထိန်းသိမ်းရေး
(၁၄)ရှားပါးရေအောက်သတ္တဝါထိန်းသိမ်းရေး
(၁၅)ကုန်းနေသတ္တဝါနှင့်အပင်ထိန်းသိမ်းရေး
(၁၆)ငြိမ်းချမ်းရေးထိန်းသိမ်းရေး
(၁၇)ကဏ္ဍ(၁၆)ခုပူးပေါင်းဆောင်ရွက်ရေးတို့ပဲဖြစ်ပါတယ်ဗျ။
4️⃣၂၀၃၀ခုနှစ်အထိ အကျုံးဝင်သော ကမ္ဘာ့ပညာရေးမူဝါဒ (သို့မဟုတ်)ပညာရေးမျှော်မှန်းချက် (၇)ရပ်

(၁)အားလုံးအတွက် (၁၂)နှစ်တာ အခြေခံပညာရေးကို အခမဲ့(မြန်မာက အထက်တန်းထိမချမှတ်သေး)

(၂)ရှေးဦးကလေးသူငယ်စောင့်ရှောက်ရေးနှင့် ပညာရေး(KG)တစ်နှစ် မဖြစ်မနေထားရှိရေး

(၃)နည်းပညာ၊အသက်မွေးဝမ်းကြောင်းနှင့် အဆင့်မြင့်ပညာရေးဆိုင်ရာတန်းတူအခွင့်အရေး

(၄)အလုပ်အကိုင်စွမ်းရည်၊အာမခံရှိသောအလုပ်အကိုင်နှင့်စွန့်ဦးတီထွင်ခြင်းများကိုအားပေးရန်

(၅)လူတိုင်းအကျုံးဝင်ခြင်းနှင့်သာတူညီမျှပညာရေးရရှိရန်

(၆)အကြောင်းအမျိုးမျိုးကြောင့်ငယ်စဉ်ကပညာသင်ခွင့်မရသူလူငယ်နှင့်အရွယ်ရောက်သူတိုင်းအတွက် စာအရေးအဖတ်နှင့် သင်္ချာဆိုင်ရာတွက်ချက်မှုပညာများတတ်မြောက်ရေး

(၇)ပညာရေးကိုရေရှည်တည်တံ့ဖွံ့ဖြိုးရေးနှင့်နေ့စဉ်လူ့ဘဝအတွက်ဖြစ်ရန်(လူ့အခွင့်အရေး၊ငြိမ်းချမ်းရေး၊ဂျန်ဒါတန်းတူညီမျှရေး၊နိုင်ငံသားအခွင့်အရေး)

ဟူသောအချက်(၇)ချက်ပင်ဖြစ်ပါတယ်ခင်မျ။

#သိမှတ်ဖွယ်ရာပညာရေးမူဝါဒ