Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.7K subscribers
3.82K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
#စာတက်မြောက်ရေးလုပ်ငန်း

ကျေးလက်နေပြည်သူများ နှင့် တိုင်းရင်းသားပြည်သူများ
စာတက်မြောက်ရေးအတွက် အခြေခံစာတက်မြောက်ရေးခရိုင်အဆင့်နည်းပြဆင့်ပွားသင်တန်း

ရည်ရွယ်ချက်

1️⃣ အကြောင်းအမျိုးမျိုးကြောင့်ကျောင်းမတက်ခဲ့ရသည်သူများ..အခြေခံစာတက်မြောက်နိုင်ရေး

2️⃣ သန်ခေါင်စာရင်းအရ စာမတက်သူစာရင်းပပျောက်စေရေး

3️⃣ အသက်၁၅နှစ်အထက်စာမတက်သူပပျောက်စေရေး

4️⃣ အရေး၊အဖက်၊အတွက်...အခြေခံစနစ်ရရှိတက်မြောက်သွားစေရေး

5️⃣ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိစေရေး

လှုပ်ရှားမူအခြေပြု ၃ခု

1️⃣ ရပ်ရွာ၊လူထုအခြေပြုစနစ်

2️⃣ မိသားစုအခြေပြုစနစ်

3️⃣ စက်ရုံ ၊ အလုပ်ရုံအခြေပြုစနစ်

သင်ကြားချိန်

1️⃣ တစ်နေ့၃နာရီ

အထောက်အကူပြု

1️⃣ သင်ကြားမည့်ဆရာဆရာမများ၊သင်ကြားသူများအတွက် အခြေခံမြန်မာစာ၊အခြေခံသင်္ချာ..ပုံနှိပ်၂အုပ်ပေးခြင်း(အခြားသင်ကူများထပ်မံရရှိလာမည်)

ရှောင်ရန်အချက်များ

စာတက်မြောက်ရေးလုပ်ငန်းများနှင့်မသက်ဆိုင်သော
1️⃣ အပြုအမူများ
2️⃣ လုပ်ဆောင်ခြင်းများ
3️⃣ ပြောဆိုခြင်းများ
4️⃣ နေထိုင်ခြင်းများ...မပြုလုပ်ရန်

သင်ကြားပုံ

မြန်မာစာအဆင့်၃ဆင့်

1️⃣ ဝ ၊ ထ ၊ က ၊ လ ၊ သ စာလုံးမှသည်အခြားစာလုံးများတိုးပွားပေးရန်
2️⃣ ပင့်၊ရစ်၊ဆွဲ၊ထိုး များ မှ တဆင့် ဗျည်း+သရ
3️⃣ လက်လှမ်းမီသောစကားလုံးများ(သို့)ပတ်ဝန်းကျင်ရှိစကားလုံးများကိုသင်ကြားပေးရန်
4️⃣ စာလုံးပေါင်း အသံထွက်...မှတဆင့်ရေးတက်ဖတ်တက်ရန်

အင်္ဂလိပ်စာအဆင့်၃ဆင့်

1️⃣ ကိန်းများ ၁မှ၁၀ရေးတက်ရန်
2️⃣ ဆယ်ကိန်းများ၊သင်ကြားရန်
3️⃣ နေရာလိုက်တန်ဖိုးများသိရှိရန်
4️⃣ အပေါင်း၊အနှုတ်၊အမြှောက်၊အစားမှသည်မေးခွန်းတိုများကိုနားလည်သဘောပေါက်၍အဖြေထုတ်ဖော်တက်ရန်

နှင့်........ပေးထားသောပြဌာန်းစာအုပ်ပါရှိမာတိကာအကြောင်းအရာများကိုသင်ကြားပေးရန်

မှတ်ချက်.....စာတက်မြောက်ရေးလုပ်ငန်းတွင်သင်ကြားပြသသူများသည်...မိမိတို့သင်ကြားအစီစဥ်၊စုရပ်၊အချိန်တို့ကို....ရပ်ကျေးအဖွဲ့ဝင်များနှင့်မသင်ကြားမီတစ်ရက်အကြိုတွင်....ညှိနှိုင်းဆောင်ရွက်ဖို့လိုအပ်သလို....အခြေအနေအကြောင်းအရာများကိုမျက်စိဖွင့်နားစွင့်၍ပါးနပ်စွာလုပ်ကိုင်ပေးဖို့နှင့်လုပ်ငန်းများဆောင်ရွက်ရာတွင်လည်းမိမိတို့ကျောင်းရှိကလေးသူငယ်များကိုသင်ကြားပေးသကဲ့သို့...စိတ်ရှည်သည်းခံမူများ....ရှိပေးကြပါရန်လေးစာစွာအသိပေးဖော်ပြအပ်ပါသည်။

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
❤1👍1🥰1
How To Reduce Heat Stroke‼️

ဒီရက်ပိုင်း Southeast Asia တစ်ခွင် အပူချိန် 40°C (ခရမ်းရောင်) ထိမြင့်တက်ပြီး၊ Heat Stroke ဖြစ်နိုင်‌‌ေခြများတယ် ဆိုပြီး Orchies လေးတို့ လည်းတွေ့ပါလိမ့်မယ်။ဆိုတော့ အရမ်းပူလာရင် ဘာတွေဖြစ်နိုင်လဲဆိုတာကို Orchies လေးတို့တွက် နည်းနည်းပြောပြပေးမယ်နော်။

📌Heat Stroke ဆိုတာ အပူရှပ်တာလို့ အလွယ်ခေါ်ပါတယ်။ ဘယ်လိုတွေ ဖြစ်လာလဲဆိုတော့ နေပူထဲသွားပြီး ခန္ဓာကိုယ် အပူချိန် ရုတ်တရက်ကြီး မြင့်တက်လာတာ၊ 103°F ကိုရောက်သွားပြီး မူးဝေလာတာ၊ အရေပြား‌တွေ ခြောက်သွေ့လာပြီး နီရဲလာတာ၊ နောက်ဆုံးအနေနဲ့ ဦးနှောက်ကို ထိ ပြီး ကယောင်ကတမ်း ဖြစ်တတ်တာမျိုးနဲ့ သေဆုံးတတ်တာမျိုးတွေထိ ဖြစ်တတ်ပါတယ်။

💁Heat Stroke ကဘယ်လိုဖြစ်လာလဲ။

ပထမဆုံးအနေနဲ့ ကတော့ Heat Stroke မဖြစ်ခင်၊ Heat Stress လို့ခေါ်တဲ့ အပူရှပ် ဖိစီးမှု ဒဏ်ခံရတာ အရင်လာပါတယ်။ ကြွက်သားတွေ နာကျင်လာတာမျိုးဖြစ်လာပြီဆိုရင်တော့ အေးတဲ့နေရာတစ်ခုခုမှာ ဝင်နားလိုက်တာက အဆင်ပြေပါတယ်‌နော်။ အထူးဂရုပြုရမှာက ရောဂါအခံရှိတဲ့လူတွေပါ။

🤔တကယ်လို့ Heat Stress မှာ မသက်သာဘူးဆိုတာနဲ့ Heat Exhaustion လို့ခေါ်တဲ့ အပူရှပ် နှုန်းချိတဲ့အဆင့်ကို ရောက်သွားပါလိမ့်မယ်။ အဲ့ဒီအခြေနေမှာတော့ ရေဓာတ်ကုန်ခမ်းတာ၊ ဆားဓာတ်ကုန်ခမ်းတာတွေ ဖြစ်လာနိုင်ပြီးတကယ်လို့သာ Heat Exhaustion အခြေနေကိုကျော်တက်သွားမယ်ဆိုရင်တော့ အသက်အန္တရာယ်ရှိလာနိုင်တဲ့ Heat Stroke အခြေနေကိုရောက်ရှိသွားပြီး မူးဝေ သတိလစ်တာတွေ ဖြစ်လာနိုင်ပါတယ်။

🧐တစ်ခုခုဖြစ်ရင်ဘယ်လိုလေးတွေ လုပ်ကြမလဲ။

ဆိုတော့ Orchies လေးတို့အနေနဲ့ ပထမဆုံး Heat Stress ဖြစ်တယ်လို့ ခံစားရပြီဆိုတာ နဲ့ သက်တောင့်သက်သာရှိအောင် နေဖို့ နဲ့ အေးတဲ့ နေရာမှာ အနားယူဖို့လိုပါတယ်နော် ။

🤗Heat Exhaustion မဖြစ်အောင်ကတော့ ရေများများသောက်ရပါမယ်။ အေးတဲ့နေရာတစ်ခုမှ အပူငုပ်နိုင်မယ့် အဝတ်စားမျိုးတွေ ချွတ်ပြီး ပေါ့ပေါ့ပါးပါး နေရပါမယ်။
Enegry Drink , Alcohol နဲ့ Caffeine ဓာတ်ကို ရှောင်ရပြီးတော့ ရေဓာတ်များတဲ့ အသီးတွေ ဖြစ်ဖြစ်၊ သောက်စရာတစ်ခုခုကို စားသုံးပေးရင်အဆင်ပြေပါတယ်။
ဥပမာ - ဖရဲသီး၊ လိမ္မော်သီး အစရှိသဖြင့် စားလို့ရပါတယ်။ ဓာတ်ဆား‌ရည်လေးကောသောက်ပေးလို့ရပါတယ်နော်။
✨သွေးတိုးသမားတွေကတော့ သဘာဝ ရေကိုပဲအဓိက‌ထားသောက်ပေးပါဗျ။

💡တကယ်လိုများ Heat Stroke ဖြစ်သွားပြီဟေ့၊ ကူပါ ကယ်ပါ ဆိုရင်တော့ Orchies လေးတို့အနေနဲ့က လည်းလုပ်ပေးလို့ရတာတွေရှိပါတယ်။

၁။ နီးစပ်ရာ ဆေးရုံကို ခေါ်သွားဖို့ပြင်ပါ။ လူနာတင်ယာဉ်ကိုခေါ်ပါ။

၂။ Heat Stroke ဖြစ်တဲ့သူဟာ အသိစိတ်လေးရှိနေသေးရင် ရေစက်လေးဖြစ်ဖြစ် ပါးစပ်ထဲကိုချပေးခြင်း။

၃။ ထူထဲတဲ့ အဝတ်တွေ၊ အပေါ်ထပ်တွေ ကိုချွတ်ပေးပြီး အပူငုပ်မနေအောင်လုပ်ပေးခြင်း။

၄။ အဝတ်ကို ရေစွတ်ပြီး အရေပြားပေါ်ကို သုတ်ပေးခြင်း။

၅။ လက်ဖဝါး၊ ခြေဖဝါး နဲ့ လည်ပင်းတို့ကို ရေစိုအဝတ်ဖြင့် သုတ်ပေးခြင်း။

💁အထက်ကဟာတွေကို Orchies လေးတို့အနေနဲ့ ကိုယ့်ဘေးပတ်ဝန်းကျင်မှာ Heat Stroke ဖြစ်ပြီးဆို ကိုယ်တိုင် လက်ဦးမှု ရယူပြီး ကူညီနိုင်ပါတယ်နော်။

✨Heat Strokeမဖြစ်အောင် ဘယ်လို ‌ကာကွယ်ကြမလဲ။

ရေများများသောက်ပြီး အပေါ့များများသွားပါ။
ကိုယ်နဲ့နီးစပ်ရာ‌လူတွေကို အပူချိန်တိုင်းပြီးစစ်ဆေးပါ။ အထူးသဖြင့် ကလေးတွေကို ၊ အိမ်းမွေးတိရိစ္ဆာန်လေးတွေ နဲ့ အမြဲ ပူးတွဲပြီး မထားဖို့ပါပဲ။
ဘယ်သွားသွား Suncreams လိမ်းဖို့မမေ့ပါနဲ့ ။
နေ့လယ်ပိုင်း 10နာရီ‌ကစပြီး အပြင်ထွက်မယ်ဆို ထီးအမြဲယူသွားပေးပါ။
ပေါ့ပါးတဲ့အဝတ်စားလေးတွေပဲရွေးဝတ်ပါ။
ကိုယ့်အခန်းထဲမှာ ပန်ကာနဲ့ဖြစ်ဖြစ်၊ အေးနေအောင် လုပ်ထားရင်အဆင်ပြေပါတယ်။
အကူညီ ဖြစ်မဲ့ လူနာတင်ယာဉ် ဖုန်းနံပတ်တစ်ခုခုကို မှတ်ထားပါ။

❓ဘယ်သူတွေက Heat Stroke ဖြစ်နိုင်ခြေပိုမြင့်သလဲ။

-75နှစ်အထက် ဒါမှမဟုတ် ပိုပြီးငယ်ရွယ်သူတွေ
-ကိုယ်ဝန်သည်
-အဝလွန်နေသူ
- အဝတ်အစားထူထူထဲထဲ ဝတ်သည့်သူများ
- ခန္ဓာကိုယ်‌ေရဓာတ်ခြောက်သွေ့စေတဲ့ ဆေးသောက်သုံးနေသူများ

သူတို့တွေကတော့ Heat Stroke ဖြစ်နိုင်ခြေပိုများပါတယ်။

🙆ကဲ အခုဆိုရင်တော့ Orchies လေးတို့လည်း Heat Stroke အကြောင်းနဲ့ ဆောင်ရန်ရှောင်ရန်လေးတွေ သိရှိသွားကြပြီဆိုတော့ကား၊ ဒီပူပြင်းမယ့်နွေမှာ ကျန်းကျန်းမာမာ နဲ့ ဖြတ်ကျော်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ပတ်ဝန်းကျင်မှာ တစ်ခုခုများ ဖြစ်လာခဲ့ရင်လည်း တုံ့ဆိုင်းမနေပါနဲ့နော်။ လက်ဆင့်ကမ်းပြီး ကိုယ့်ဘေးပတ်ဝန်းကျင်ကိုမျှဝေပေးလိုက်ပါ။
👍2
ပညာရေးကောလိပ်အကြောင်း သိကောင်းစရာ
🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶

D.T.Ed နဲ့ D.T.Ec ဆိုပြီး နှစ်မျိုးရှိပါတယ်
D.T.Ed တွေက တော့ ဒုတိယနှစ်ပြီးလို့ အရည်အချင်းပြည့်မီခဲ့ရင် (Qualified ဖြစ်ခဲ့လျှင်) ရန်ကုန်ပညာရေးတက္ကသိုလ်သို့ တတိယနှစ်မှစ၍ သုံးနှစ်တာလုံးလုံး
ဆက္လက်သင်ကြားခွင့်ရပြီး B.Ed ဘွဲ့ကို ပေးကာ အထက်တန်းပြအဖြစ် ဝာစ်ခါထဲ တန်းခန့်ခြင်း ခံရပါတယ်

ပညာရေးကောလိပ်ကို လူတိုင်းတက်ခွင့်မရကြပါဘူး
တက်ဖူးတဲ့လူတိုင်း လူတွေ့ဖြေဖူးတဲ့သူတိုင်းသိပါတယ်.
ပညာရေးကောလိပ်ဆိုတာ ဆယ်တန်းအောင်ပြီး အမှတ်မီလို့ တန်းတက်ရတဲ့သူကို D.T.Ed လို့ ခေါ်ပြီး
ဘွဲ့ရပြီးမှ လာတက်တဲ့သူတွေကို D.T.E.C လို့ ခေါ်ပါတယ်
D.T.Ec က အပတ်စဉ် (၉) ထိပဲ ရှိခဲ့ပြီး
အပတ်စဉ် (၁၀) လဲ ရောက်ရော D.T.Ec (Batch-10) အဖြစ် တစ်လခန့် ‌သင်တန်းတက်ပြီးတော့မှ PPTT ဆိုပြီး ပြောင်းလဲသွားပါတယ်

ဝင်ခွင့်ဖြေတဲ့နေ့
****
EC တက္မယ့်သူက လျှောက်လွှာနဲ့အတူ
ဆယ်တန်းအောင်လက္မှတ်၊ အမှတ်စာရင်း၊ ရဲစခန်း၊ ရပ်ကွက်၊ ဆေးရုံ၊ ကျောင်း စတဲ့ ထောက်ခံစာတွေနဲ့
တင်ရပါတယ်
ဘွဲ့ရတွေကတော့ ဘွဲ့လက္မှတ်ပါပြရတယ်
တက်ခွင့်ရပြီဆိုတာနဲ့ သက်ဆိုင်ရာ ECကိုသွားပြီး
ဌာနမှူးတွေရဲ့ လူတွေ့ကိုဖြေရပါတယ်.
-ကာယဌာနမှူးဆီမှာ အလျားခုန်ပြရတယ်
ခြေလက် မခွင်ကြောင်းပြရတယ်
လမ်းလျှောက်ပြရတယ်
ဌာနမှူးက သွားခိုင်းပြီဆိုရင် ဌာနမှူးတီချယ်ကြီးတွေဆီသွားရတယ်.
-ဌာနမှူးတီချယ်ကြီးတွေက မျက်စိအတွက် စာဖတ်ခိုင်းတယ်
အနာအကြားအတွက် သူတို့ပြောတာကိုပြန်ပြောခိုင်းတယ်
စကား ပီမပီ စစ်တယ်
White boardမှာ စာရေးခိုင်းတယ်
အကုန်ရမှ အိပ်ဆောင်ဆီသွားခွင့်ရှိတယ်.

အိပ်ဆောင် စဝင်တဲ့ နေ့
******
ညနေ (၄းဝဝ) ထမင်းစားဆောင်မှာ ပထမနှစ်တက္မယ့်သူတွေ စုဝေးပြီး Section ခွဲပါတယ်
ပထမဆုံး ကောလိပ် ထမင်းဟင်း စစားရတဲ့အချိန်ပေါ့ အိမ် ထမင်းဟင်းနဲ့မတူလို့ မျက်ရည်ဝဲမိတယ်.
အိပ်ဆောင်ပြန်ရောက်ချိန်မှာတော့ အဆောင်မှာ
ပထမနှစ် နဲ့ ဒုတိယနှစ်တွေရောထားတယ်
ညနေ (၆:၀၀) လူစစ်ချိန်မှာ နာမည်စာရင်းတွေယူပြီး တာဝန်တွေ စခွဲပေးတယ်
အဆောင်စည်းကမ်းတွေ အများကြီးပြောပြတယ်.
ဒုတိယနှစ်တွေကလည်း မသိတာတွေ လုပ်ရမှာတွေ
ပြောပြပြီးတော့ အိပ်ဆောင် တာဝန်မှူးက ည (၁၀းဝဝ) မီးပိတ်ခေါင်းလောင်းတီးတော့ မီးပိတ်ပြီး အိပ်ကြရပါတယ်.

ကျောင်းစဖွင်တဲ့နေ့
******
မနက် (၅းဝဝ) အိပ်ရာထ ခေါင်းလောင်းတီးရင် အကုန်ထ ရပြီး မနိုးသေးတဲ့ ပထမနှစ်တွေကို ဒုတိယနှစ်တွေက
လိုက်နှိုးပေးတယ်
(၅း၄၅) ခေါင်းလောင်းတီးပြီး P.T သွားဖို့လူစစ်ရပါတယ် P.T ဝတ်စုံတွေဝတ် ကင်းဘတ်ဖိနပ်ကို စီးကာ လွယ်အိတ်လွယ်ပြီး PT ကွင်း သွားရပါတယ်

သင်တန်းချိန်
****
D.T.Ed- (၄လကို Sem ၁ ခုသတ်မှတ်ပြီး)
4 Sem = 16 months (2yr)
D.T.E.C - 2 Sem =8 months (1yr )

P.T Time
*****
P.T ချိန် (၆း၀၀-၇း၀၀)
P.T ချိန်မှာ သွေးပူလေ့ကျင့်ခန်း အတွဲ 1,2,3,4
စစ်ရေးပြ & Aerobic အခြေခံ, အဆင့်မြင့် သင်ရပါတယ်တခါတလေ ဘယ်ညာမောင်းပြီး ကျောင်းကို ပတ်ပြေးရပါတယ်
P.T ပြီးရင် ဖွံ့ဖြိုးရေးအချိန်အတွက် စာသင်ခန်းကို သွားရပါတယ်.

ဖွံ့ဖြိုးရေးအချိန် (၇း၀၀-၈း၀၀)
******
ဖွံ့ဖြိုးရေးဘာသာတွေက
ကာယ၊ ဂီတ (အဆို.အက.အတီး)၊ စိုက်ပျိုးရေး၊ ပန်းချီ အိမ်တွင်းမှု(အမျိုးသမီး)/လက္မှု(အမျိုးသား) ဆိုပြီး (၅) ဘာသာရှိတယ်
(၁) ရက် တစ်ဘာသာသင်ရတယ်
လက်တွေ့လုပ်ရသလို စာမေးပွဲမှာလည်း ထည့်ဖြေရပါတယ်
ကာယ- ဘောလုံးကွင်းဖောက်ပုံ၊ ဘတ်စကတ်ဘောကွင်းဖောက်ပုံ၊ ဘောလီဘောကွင်းဖောက်ပုံတွေအပြင် ဘောလုံး၊ ဘတ်စကတ်၊ ဘောလီဘော၊ ပြေးခုန်ပစ် ကစားနည်းတွေ၊ ဒိုင်တွေရဲ့တာဝန်တွေ၊ ခြင်းခတ်နည်းတွေ သင်ရပါတယ်.
ဂီတ- စည်းဝါး နဲ့ ပတ္တလား တီးခတ်ပုံတွေ၊ သီချင်းကြီးတွေ၊ ကဗျာလွတ် ကကွက်တွေပါ သင်ရတယ်
စိုက်ပျိုးရေး- အပင်တွေအကြောင်း၊ စိုက်ပျိုး ပြုစုပေါင်းသင်နည်းအကြောင်း၊ မြေ ဩ ဇာ ကျွေးနည်းတွေပါ သင်ရတယ်
ပန်းချီ-ရှုခင်းတွေ၊ ပန်းတွေ၊ ပိုစတာထဲက လူပုံတွေ၊ ကနုတ်ပန်းတွေ ဆွဲနည်းသင်ရတယ်.
အိမ်တွင်းမှု- ချက်ပြုတ်နည်း၊ အိမ်အလှဆင်နည်း၊ မုန့်လုပ်နည်း၊ အင်္ကျီ၊ မာဖလာ၊ ခေါင်းစွပ်၊ ခေါင်းအုံးဖုံး တွေထိုးနည်း ဖုန်သုတ်တံ လုပ်နည်းတွေပါသင်ရတယ်
လက္မှု-အိမ်ဆောက်ပရိဘောဂအကြောင်း၊ အိမ်အကြောင်း၊ ဖျာယက်နည်းတွေ၊ စက္ကူအရုပ်လုပ်နည်းတွေ၊ ခြင်းလုံးလုပ်နည်းတွေ၊ စာအုပ်ချုပ်နည်းတွေ၊ လျှပ်စစ်ပစ္စည်းအကြောင်းတွေကို သင်ရပါတယ်
စာတွေ့ လက်တွေ့ဖြေရတဲ့အပြင် ကိုယ်လုပ်ထားတာတွေကို သက်ဆိုင်ရာ ဖွံ့ဖြိုးရေးဘာသာပြဆရာ/မ ကို
Assignment အဖြစ် ပြရပါတယ်.
လက်တွေ့အမှတ်ယူရပါတယ်

ထမင်းစားချိန်
**
မနက် (၈း၀၀) နဲ့ ညနေ (၄း၀၀) ထမင်းစားချိန်ပါ
နေ့လည်စာမကျွေးပါ
မနက်တိုင်း ပဲဟင်း၊ ညနေတိုင်း အချည်ဟင်း၊
တပတ်တခါ အသားဟင်းကျွေးပါတယ်
ဖွံ့ဖြိုးရေးအချိန်ပြီးရင် အဆောင်ကိုအပြေးပြန်ပြီး အဝတ်လဲပြီးမှ စားဆောင်ထဲဝင်ရပါတယ်
❤1👍1
လုံချည်နဲ့ပဲ ဝင်ခွင့်ပြုပါတယ်
ညနေ စာကိုလည်း အတန်းချိန်တွေအပြီးမှ စားရပါတယ်
မနက်စာ စားပြီးရင် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ (၃) ရက် Assembly ရှိပါတယ်
Uniform အမြန်လဲ ဝတ်စုံပြည့်ဝတ် အမျိုးသမီးဆို
ဆံထုံးထုံး ဖိနပ်ဖြူအပါးစီးပြီး သွားရပါတယ်
အမျိုးသားဆို တိုက်ပုံပါ ဝတ်ရတယ်

ဝတ်စားဆင်ယင်ပုံ
******
ကျောင်းဝင်းအတွင်း လုံချည်ပဲဝတ်ခွင့်ရှိပါတယ်. စကတ် ဘောင်းဘီ မဝတ်ရပါ. P.Tချိန်မှလွဲ၍ ဝတ်ခွင့်မပေးပါ.
ကျောင်းတက်လျှင်
မိန်းကလေး ခါးတို လက်ရှည် ရင်ဖုံး ဆံထုံး ဖိနပ်ပါးအဖြူ
ယောက်ျားလေး လည်ကတုံး တိုက်ပုံ ညှပ်ဖိနပ်
ဆိုပြီး သတ်မှတ်ထားပါတယ်

အတန်းချိန်
****
မနက်ပိုင်း (၉းဝဝ - ၁၂း၃၀)
၁ဘာသာ (၄၅) မိနစ်ဖြင့် ဆက်တိုက်သင်ရပါတယ်
စာသင်ချိန်တစ်ချိန်ထိုးတာနဲ့ ချက်ချင်းဆိုသလို
ဆရာတစ်ယောက်ထွက် တစ်ယောက်ဝင်စနစ်နဲ့
အားလပ်ချိန်မရှိ သင်ရပါတယ်
အပေါ့အပါးသွားခြင်း ဆရာခိုင်းစေခြင်းမှလွဲ၍ စာသင်ခန်းအပြင်တွင်မနေရပါ
စာသင်ချိန်တွင် အိပ်မငိုက်ရ
စကားမပြောရ
တခြားစာမရေးရ
မုန့်မစားရ စသည့်စည်းကမ်းတွေနဲ့ နေရပါတယ်

(၁၂း၃၀ - ၁း၀၀) နာရီဝက် မုန့်စားချိန်ပေးပါတယ်

(၁း၀၀-၄း၀၀) ထိ ၁ဘာသာ (၄၅) မိနစ်ဖြင့် ဆက်သင်ရပါသည်.
သင်ရတဲ့ ဘာသာတွေက ပညာရေးသုံးဘာသာဖြစ်တဲ့ပညာရေးသဘောတရား၊ ပညာရေးစိတ်ပညာ နဲ့
သငိပြနည်းဘာသာရပ်တွေ (မြန်မာစာသင်ပြနည်း၊ အင်္ဂလိပ်စာသင်ပြနည်း၊ သင်္ချာသင်ပြနည်း၊ သိပ္ပံသင်ပြနည်း၊ လူမှုရေးသင်ပြနည်း (ပထမနှစ်)၊ ပထဝီသင်ပြနည်း/သမိုင်းသင်ပြနည်း (ဒုတိယနှစ်)
ပထမနှစ်-၇ဘာသာ
ဒုတိယနှစ်-၈ဘာသာ ကို သင်ရတဲ့အပြင်
Academic ဘာသာဝွေဖြစ်တဲ့ မြန်မာစာ စာပေ၊ အင်္ဂလိပ်စာ စာပေ၊ သင်္ချာ စာပေ တွေကို သင်တန်းသားအားလုံး
ပုံမှန်သင်ရပြီး ရူပဗေဒ၊ ဓာတုဗေဒ၊ဇီဝဗေဒ၊ ဘောဂဗေဒ၊ ပထဝီစာပေ၊ သမိုင်းစာပေ တွေကိုတော့ မိမိတို့၏ ဆယ်တန်း ရမှတ်အနည်းအများအလိုက် ကောလိပ်က ရွေးချယ်ထားတဲ့ (၂) ဘာသာစီကို Minor အဖြစ်
ထပ်သင်ရပါတယ်
ဒါကြောင့် Academic ကို (၅) ဘာသာ သင်ကြားခဲ့ရပါတယ်

သင်ရတဲ့ဘာသာတွေကတော့ D.T.Ed ပထမ နှစ်မှာ - သင်ပြနည်း (၇)ဘာသာ
Academic (၅) ဘာသာ
ဖွံ့ဖြိုးရေး (၅) ဘာသာ- စုစုပေါင်း (၁၇) ဘာသာကို
သင်ရပါတယ်

D.T.Ed ဒုတိယနှစ်မှာတော့ -
သင်ပြနည်း (၈) ဘာသာ
Academic (၅) ဘာသာ
ဖွံ့ဖြိုးရေး (၅) ဘာသာ
စုစုပေါင်း (၁၈) ဘာသာသင်ရပါတယ်

D.T.Ed ပထမနှစ်ရော ဒုတိယနှစ်ရော ICT ဆိုတဲ့ Computer ဘာသာရပ်အပြင် နဲ့ Language Lub (သင်္ချာ & အင်္ဂလိပ်) ကိုပါ ထပ်ဆောင်း သင်ကြားရပါတယ်
(စာမေးပွဲ မဖြေရပါ)

D.T.E.C ကတော့ သင်ပြနည်းတွေနဲ့ ဖွံ့ဖြိုးရေးတွေပဲ
သင်ရပါတယ်.

Semester တစ်ခုမှာ Tutorial တစ်ခုကို
(၄၅) မိနစ်နှုန်းဖြင့် ဖွံ့ဖြိုးရေးဘာသာကလွှဲလို့
ဘာသာအားလုံး အလွတ် ဖြေရပါတယ်
စာမေးပွဲကြီးမှာတော့ ဖြေဆိုချိန် (၂:၀၀) နာရီပေးထားပြီး ဖွံ့ဖြိုးရေး (၅) ဘာသာကို ဖြေရပါတယ်

Semester တစ်ခုစီတိုင်းမှာ ဘာသာရပ်အားလုံးအတွက် Assignment ရေးရပါတယ်
Assignment ရေးတာလည်းပေးထားတဲ့အချက်တွေနဲ့အညီရေးရတယ်
ကိုယ့်ဉာဏ်ထွက်သလောက် ရေးရတယ်
ကော်ပီကူး‌ရေးရင် အမှတ်‌ကောင်းကောင်း မရပါ
ထပ်မပြောချင်တော့တဲ့..အခြားသော..အရာလေးတွေလဲရှိသေးဒယ်..နောက်ထပ်...အများကြီးပဲ ..
❤1
လအလိုက် ပညာရေးလှုပ်ရှားမှုပြက္ခဒိန်
🙏🙏🙏 မင်္ဂလာပါဆရာကြီးဆရာမကြီးတို့ရေ🙏🙏🙏

ကျောင်းအုပ်ကြီးများရုံးခန်းတွင်ထားရှိရမည့်....မှတ်တမ်းပုံစံ
များကိုဖော်ပြပေးလိုက်ပါတယ်။

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
🙏🙏🙏 မင်္ဂလာပါဆရာကြီးဆရာမကြီးတို့ရေ 🙏🙏🙏

မြန်မာ သရ ၁၂ ပါး

အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ အဲ၊ ဩ၊ ဪ၊ အံ၊ အား

အဓိကထားသော သရ (၇)မျိုးမှာ

အ

အိ

အု

အေ

အဲ

အော.......တို့ပဲဖြစ်ပါတယ်။.....

မြန်မာစာကိုစတင်သင်ကြားရာတွင် သင်ကြားနည်း (၃)မျိုး

1️⃣ ရှေးရိုးသင်ပုန်းကြီးနည်း

2️⃣ အသံထွက်နည်း

3️⃣ တိုက်ရိုက်ကြည့်ဆိုနည်း

.....စသည်ဖြင့် အကျယ်တဝင့်သိရှိစေရန်အောက်တွင်ဖော်ပြပေးလိုက်ရပါတယ်ခင်ဗျာ။

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
👍1
ဝ၊ထ၊က၊လ၊သ android apk
စာတတ်မြောက်ရေး အခြေခံ အရေး၊အဖတ်၊အတွက် "အ"၃လုံး သင်ရိုးနှင့်ဆရာကိုင်များ
(၁)ပထမကြိမ် ကမ္ဘာ့ပညာရေးညီလာခံက
ကုလကဦးဆောင်ပြီး
ထိုင်းနိုင်ငံမှာကျင်းပခဲ့ပါတယ်
EFA( Education For All)(၁၉၉၀>၂၀၀၀)
ပညာရေးကဏ္ဍ (၆)ခုအကောင်အထည်ဖော်ဖို့ချမှတ်ခဲ့တာပါဗျ။

(၂)ဒုတိယအကြိမ် ကမ္ဘာ့ပညာရေးညီလာခံကိုတော့ အမေရိကန်- နယူးယောက်မှာကျင်းပခဲ့ပြီး

၂၀၀၀>၂၀၁၅ ထိအတွက်ပညာရေး

ထောင်စုနှစ်ပညာရေးရည်မှန်းချက်(၈)ချက်ချမှတ်ခဲ့ပါတယ်။

(၃)တတိယကြိမ် ကမ္ဘာ့ပညာရေးညီလာခံကို ကိုရီးယားနိုင်ငံ၊ အင်ချွန်မြို့မှာကျင်းပခဲ့တာပါ

၂၀၁၅>၂၀၃၀ ပညာရေးရည်မှန်းချက်

ကဏ္ဍ(၁၆)ခုပူးပေါင်းဆောင်ရွက်ဖို့ အချက်(၁၇)ချက် ချမှတ်ခဲ့ကြပါတယ်။


သိရှိထားသင့်တယ်ထင်လို့ မျှဝေပေးလိုက်ပါတယ်။
👍1
1️⃣(၁၉၉၀)မှ (၂၀၀၀)ခုနှစ်အထိ
EFA သို့မဟုတ် Six Goals of Education for all

ကုလအဖွဲ့ဝင်နိုင်ငံတွေ ထိုင်းနိုင်ငံမှာတွေ့ဆုံပြီး ကမ္ဘာပညာရေးညီလာခံကျကျင်းပကာ အောက်ပါ မူဝါဒ (၆)ချက်ကို ချမှတ်ခဲ့ပါတယ်

(၁)ရှေးဦးကလေးသူငယ်ပညာရေးနှင့်စောင့်ရှောက်မှု (မွေးစမှ (၈)နှစ်အထိ)

(၂)ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတိုင်းမှာ မသင်မနေရ မူလတန်းပညာရေးအကောင်အထည်ဖော်ရန်

(၃)ဘဝတစ်သက်တာကျွမ်းကျင်ဖို့နှင့် ရာသက်ပန်သင်ယူနိုင်ရန်

(၄)သက်ကြီးစာတတ်မြောက်ရေး(အကြောင်းအမျိုးမျိုးကြောင့် ငယ်စဉ်က ပညာသင်ယူခွင့်မရသူများအတွက်)

(၅)ပညာရေးတွင် ကျားမတန်းတူ အခွင့်အရေးရရှိရန်

(၆)အရည်အသွေးရှိသောပညာရေးကိုပေးနိုင်ရန်ဟူသော

အချက်(၆)ချက်ပင်ဖြစ်ပါတယ်။

#သိမှတ်ဖွယ်ရာပညာရေးမူဝါဒ