Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.7K subscribers
3.82K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
(၂၁ နည်းနဲ့တွဲ လွဲအောင်မသင်နဲ့)

သင်ကြားတဲ့ နည်းလမ်း ဘယ်နှမျိုးရှိသလဲ?။ ဘယ်နည်းလမ်းက အကောင်းဆုံးလဲ?။

သင်ကြားနည်းကို မေးရင် အများစုက သင်နည်း(၂၁)နည်းကိုပဲ ပြေးမြင်ကြလိမ့်မယ်။ အဲ့တာတောင် မသိတဲ့ ဆရာ/မတွေ ရှိသေးတယ်။ တစ်ချို့က နှုတ်တိုက်ပဲ သိတယ်။ လက်တွေ့မှာ ဘယ်သင်ခန်းစာကို ဘယ်သင်နည်းနဲ့သင်ရမလဲ ဆိုတာတောင် မသိကြတဲ့ ဆရာ/မတွေ အများကြီးရှိတယ်။ အဲ့လိုပြောလို့လည်း စိတ်မဆိုးကြပါနဲ့။ ဒါပေမယ့် ဒါ အမှန်တရားပဲ။

အဲ့ဒီသင်နည်း(၂၁)နည်းက ဘယ်က လာသလဲ။ မှတ်ထား။ ဒါ Japanနိုင်ငံ JACCA ရဲ့ CCA သင်ကြားနည်း ဗျ။ CCA(Child Centred Approach) ကလေးဗဟိုပြုချဉ်းကပ်သင်ယူနည်းလို့ ခေါ်တယ်။ ၂၀၀၆-၂၀၀၇ ခုနှစ်မှာ UNICEF က စမ်းသပ်ခဲ့တဲ့ ပညာရေး။ အခု လက်ရှိ စနစ်သစ်ပညာရေး က SouthKorea တောင်ကိုရီးယား ပညာရေး။ အခုလည်း စမ်းသပ်နေဆဲ ပညာရေးပဲ။ အောင်မြင်ဖို့မျှော်လင့်ပါတယ်။ မအောင်မြင်လည်း နောက်တစ်ကြိမ် နောက်တစ်နိုင်ငံရဲ့ ပညာရေးနဲ့ ပြန်စမ်းသပ်ကြပြန်တာပေါ့။

ကဲ ထားပါတော့။ ကျွန်တော်ပြောပြမယ့် သင်နည်းက အမေရိကန်ပညာရှင် Benso မြို့သား Edgar Dale ရဲ့ The Pyramid Learning ပဲ ဖြစ်ပါတယ်။
ပြောရမယ်ဆိုရင် The Pyramid Learning method မှာ အဆင့် (၇)ဆင့်ရှိတယ်ဗျ။
၁။ Lecture (ဟောပြောခြင်းနည်း)
၂။ Reading (ဖတ်ရှင်းနည်း)
၃။ Audio/Visual (media audio နဲ့ သင်နည်း)
၄။ Demonstration (သရုပ်ပြသင်နည်း)
၅။ Discussion Group (အုပ်စုဖွဲ့ဆွေးနွေးခြင်းနည်း)
၆။ Practice by doing (လက်တွေ့လုပ်ခြင်းနည်း)
၇။ Teach Others (အချင်းချင်းသင်ယူခြင်းနည်း)

#Lecture (ဟောပြောခြင်းနည်း)
တစ်ချို့ဆရာ/မတွေက စာသင်ရင် ဆရာ/မစားပွဲမှာပဲ ထိုင်ပြီး သင်ကြတယ်။ တစ်ချို့က အတန်းရှေ့ ထိုင်ခုံလေးချ။ စာအုပ်လေးကိုင်ပြီး သင်တတ်ကြတယ်။ နေရာမရွှေ့ကြဘူး။ ကျောင်းသားနဲ့ မေးလိုက် ဖြေလိုက်ဘယ်လောက်လုပ်လုပ်။ ဒါ ဟောပြောခြင်းနည်းအဆင့်ထဲမှာပဲ ရှိတယ်။ တစ်ချို့ဆရာ/မတွေက စာသင်ရင် မထိုင်ကြဘူး။ အတန်းထဲ လှည့်ပြီး စာအုပ်ကြီးကိုင် ဟောပြောနေတတ်ကြတယ်။ ဘာလို့လဲ။ ကိုယ်ပြောတဲ့ စာပိုဒ် ဘယ်ရောက်ပြီလဲ ဆိုတာ ကလေးတွေကို သိနေစေချင်တာရယ်။ စာသင်ချိန် အတန်းထဲ ငြိမ်နေစေချင်တာရယ်။ ဒါပဲ။ အတန်းငြိမ်အောင်ထိန်းချုပ်ရင်း ဟောပြောနေရုံ နဲ့ ကလေးစာမတတ်ဘူးဗျ။ တတ်ခဲ့ရင်လည်း ၅% ပဲ ရတယ်လို့ Edgar Dale က ဆိုထားပါတယ်။ ၅% ဆိုတာ ကျောင်းသားဦးရေ ၅% တတ်သွားတာကို ပြောတာမဟုတ်ဘူး။ သင်ခန်းစာ နဲ့ပတ်သက်ပြီး ကလေးတွေရသွားတဲ့ တတ်ကျွမ်းမှု ၅%ပဲ ရှိတယ် လို့ ပြောတာ။

#Reading (ဖတ်ရှင်းနည်း)
ဒီဖတ်ရှင်းနည်းကို အင်မတန်စာသင်ကောင်းတဲ့ ဆရာ/မတစ်ချို့တောင် လုပ်တတ်ကြတယ်ဗျ။ ဆရာက အကြိမ်ကြိမ် ဖတ်ပြတယ်။ ကျောင်းသားတွေကိုလည်း မူဆင့်မှာဆိုရင်တော့ CGI နည်းနဲ့ပေါ့။ C ဆိုတာ Class။ အတန်းလိုက် ဖတ်ခိုင်းတယ်။ G ဆိုတာ Group။ အုပ်စုလိုက် ဖတ်ခိုင်းတယ်။ I ဆိုတာ Individual။ တစ်ဦးချင်းစီ ဖတ်ခိုင်းတယ်။ ဒီလိုတွေ ဖတ်ခိုင်းတော့ ကလေးက နှုတ်မှာ စွဲသွားတယ်။ စာဖတ်တတ်သွားတယ်။ ဒါပေမယ့် တွေးခေါ်ဖို့ ဦးနှောက်ကို မရောက်ဘူး။ ရင်ထဲမှာ ခံစားနားလည်မှုတွေ မဖြစ်ဘူး။ ဒါကြောင့် ဒီ Reading ဖတ်ရှင်းနည်းဟာ ဘယ်လောက်ကောင်းကောင်း။ ဘယ်လောက်ပဲ အားသွန်ခွန်စိုက် သင်သင်။ သင်ခန်းစာနဲ့ပတ်သက်တဲ့ တတ်ကျွမ်းမှု ၁၀% ပဲ ရစေတယ်ဗျ။

#Audio_Visual(အသံဖိုင် media ဖြင့်သင်နည်း)
ပညာရေးဌာနက သတ်မှတ်ထားတာ ရှိတယ်။ မူလတန်းဆင့် ဆိုရင် 1 platform (Audio media) ရှိရမယ်။ (sound box, Cassette, Radio တို့လိုပေါ့)။ အလယ်တန်းဆင့်မှာဆိုရင် 2 Platform (ရုပ်ရော အသံရော ပါတဲ့ TV လိုပေါ့)။ အထက်တန်းဆင့်မှာဆိုရင် 3 Platform (Computer, Projector တို့လိုပေါ့)။ ကျွန်တော်နားလည်တာက 1 platform ပဲဖြစ်ဖြစ်။ 2 Platform ပဲဖြစ်ဖြစ်။ 3 Platform ပဲဖြစ်ဖြစ်။ စာသင်ခန်းတိုင်းမှာ သင်ခန်းစာကိုသင်တိုင်း အသုံးချသင်ကြရမယ် ထင်တာ။ ဒါပေမယ့် Sound Box တို့၊ Computer တို့၊ Projector တို့ဆိုတာ ဟောပြောပွဲ အခမ်းအနားမှာ သုံးဖို့နဲ့ သီချင်းတွေတိုက်ရင် သုံးဖို့ ရုံးခန်းထဲ သိမ်းထားတာလောက်ပဲ ရှိတယ်ဗျ။ ဆရာ/မတွေက မနေနိုင် မထိုင်နိုင်လို့ ကိုယ်ပိုင် Sound Box ဝယ်ပြီး Audio နဲ့ သင်ရင်တောင် သင်ခန်းစာနဲ့ပတ်သက်တဲ့ တတ်ကျွမ်းမှုက ၂၀% ပဲ ရှိပါတယ် လို့ ဆိုထားပါတယ်။

#Demostration (သရုပ်ပြသင်နည်း)
ဆရာ/မတော်တော်များများက Demostration နည်းဟာ အကောင်းဆုံးနည်း။ ဒီသင်နည်းနဲ့ သင်ရင် လုံးဝတတ်ပြီလို့ ထင်ကြတယ်။ Edgar Dale ကဘာပြောထားလဲဆိုရင်။ Demostration Method ဟာ ကလေးတွေအတွက် What they see and hear တဲ့။ သူတို့ကို အမြင်နဲ့ကြားသိမှုကိုပဲ ပေးနိုင်တာပါတဲ့။ ပြန်စဉ်းစားကြည့်တော့လည်း ဟုတ်နေတာပဲဗျ။ Demostration လုပ်တယ်ဆိုတာ သင်ခန်းစာအတိုင်း မြင်စေချင်တာ ကြားစေချင်တာ သိစေချင်တာကို သူ့သင်နည်းအတိုင်း ရအောင်သရုပ်ပြပြီး သင်ရတာ။ အဲ့ဒီအတွက် ဆရာက ရှင်းပြသမျှ ကလေးတွေ ကြားသိသွားမယ်။ ဆရာက သရုပ်ပြစမ်းသပ်ပြတာတွေကို သူတို့မြင်သိသွားမယ်။ စာအုပ်ထဲကအတိုင်း သူတို့ ကြားသိသမျှ၊ မြင်သိသမျှကို ပြန်လုပ်တတ်သွားရုံပဲ ရှိတယ်။ ဒါကြောင့် ဆရာ/မတို့ အများဆုံးအသုံးပြုနေတဲ့
❤1👍1
Demostration(သရုပ်ပြသင်နည်း)ဟာ ကလေးတွေအတွက် တတ်ကျွမ်းမှု ၃၀% ပဲ ရရှိစေပါတယ်။

#Discussion Group (အုပ်စုဖွဲ့ ဆွေးနွေးခြင်းနည်း)
Discussion group မှာ သင်နည်းလွဲနေတဲ့ ဆရာ/မတွေ ရှိတယ်။ ကလေးတွေကို အုပ်စုဖွဲ့။ ပြီးရင် စာပိုဒ်တွေကိုပဲ အုပ်စုလိုက် ဖတ်ရှင်းခိုင်းတယ်။ ဒါဟာ Reading (ဖတ်ရှင်းနည်း) အဆင့်သာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် ဆရာက စာပိုဒ်နဲ့ပတ်သက်တဲ့ မေးခွန်းတွေ ဖန်တီးပေးနိုင်ရမယ်။ မေးခွန်း (၁၁)မျိုးရှိတယ်။ ဘာလဲ၊ ဘယ်အချိန်လဲ၊ ဘယ်နှခုနှစ်လဲ ဆိုတာထက်။ ဘယ်လိုလဲ၊ ဘာကြောင့်လဲ ဘယ်လိုထင်သလဲ ဆိုတဲ့မေးခွန်းတွေတည်ဆောက်ပြီး စဉ်းစားခိုင်းရမှာပါ။ ခုနှစ်၊ အချိန် နေရာ ဆိုတာ သိချင်တဲ့အချိန် ပြန်ဖတ်။ သိနိုင်တယ်။ ကျွန်တော်တို့ဆရာ/မတွေပေးရမှာက စဉ်းစားတွေးခေါ်မှုအပိုင်း နဲ့ နားလည်တတ်ကျွမ်းမှုအပိုင်း။ ပြီးရင် အုပ်စုလိုက် သူ့အမြင် ကိုယ့်အမြင်။ သူ့စိတ်ကူး ကိုယ့်စိတ်ကူး မျှဝေတတ်အောင်လည်း လမ်းကြောင်းမှန်အောင် ဦးတည်ပေးရအုံးမယ်။ ဒီလို Discussion Group သင်နည်းဟာ ကလေးတွေကို သင်ခန်းစာနဲ့ပတ်သက်တဲ့ တတ်ကျွမ်းနိုင်မှု ၅၀% ကို ရစေတယ်လို့ ဆိုထားပါတယ်

#Practice by doing (လက်တွေ့လုပ်ဆောင်ခြင်းနည်း)
သင်ခန်းစာမှာပါတဲ့ အကြောင်းအရာကို စာသင်ခန်းထဲမှာ ပြန်လုပ်ခိုင်းရုံနဲ့။ ဆရာကပြတဲ့ Demostraion ကို ပြန်လုပ်တတ်ရုံနဲ့။ Practice by doing method ဖြစ်သွားရောလား။ No မဖြစ်ဘူးဗျ။ Practice လက်တွေ့လုပ်ဆောင် ခြင်းနည်း ဆိုတာ ဆရာက လမ်းကြောင်းပဲ ပေးမှာ။ သူတို့ကိုပဲ ကိုယ်တိုင် ဖန်တီးလုပ်ဆောင်ခိုင်း ရမှာ။ အားနည်းချက် နဲ့အားသာချက်တွေ ရှာဖွေခိုင်းရမှာ။ တွေ့ရှိချက်တွေကို တင်ပြခိုင်းရမှာ။ ပြီးမှ သင်ခန်းစာကို ချိတ်ဆက်ပေးလိုက်ရမှာ။ အဲ့အတွက် နေရာတွေ၊ အချိန်တွေ၊ ငွေတွေ၊ သင်ကူပစ္စည်းစစ်တွေ လိုတယ်။ တစ်ခါလာလည်း စွန့်ပစ်ပစ္စည်း။ နှစ်ခါလာလည်း စွန့်ပစ္စည်း။ စာသင်ကျောင်းမှာ စွန့်ပစ်ပစ္စည်း အမှိုက်တွေပုံသွားတာပဲ အဖတ်တင်တယ်။ ဘယ်မှာလည်း သိပ္ပံခန်း။ ဘယ်မှာလည်း လှုပ်ရှားမှုအတွက် ခန်းမ။ မူကျောင်းနဲ့ လယ်ကျောင်းမှာလည်း ဒါတွေလိုအပ်တယ်ဗျ။ ထားပါတော့ ပြောရင်ရှည်သွားမယ်။ Edgar Dale ရဲ့တွေ့ရှိမှုအရ Practice လက်တွေ့လုပ်ဆောင်ခြင်းနည်းနဲ့ သင်မယ်ဆိုရင် ကလေးတွေရဲ့တတ်ကျွမ်းမှုဟာ ၇၅% ရစေတယ်လို့ ဆိုထားပါတယ်ဗျ။

#Teach_Others (အချင်းချင်းသင်ယူခြင်းနည်း)
ဒါကတော့ ရှင်းတယ်။ အချင်းချင်းသင်ယူတာက ပိုပြီးတတ်လွယ်တယ်။ ပိုပြီးကျွမ်းကျင်စေတယ်။ “အတုမြင် အတတ်သင်”ဆိုတဲ့ စကားရှိဗျ။ မြင်တာကို တုပြီး တတ်မြောက်အောင် သင်ယူကမှ လက်တွေ့ကျစေတယ်ဗျ။ သင်ကြားခံရတယ် ဆိုတာက ကလေးတွေအတွက် ဖိအားတစ်ခု ဖြစ်စေတယ်။ အချင်းချင်း သင်ယူတယ် ဆိုတာက လွတ်လပ် တယ်။ ပေါ့ပါးတယ်။ ဒါကြောင့် ပိုပြီးတတ်လွယ်တယ်။ သိလိုသူနဲ့ သိစေချင်သူရဲ့ ကြားမှာ ရင်းရင်းနှီးနှီးနဲ့ ပွင့်လင်းမှု ရှိတဲ့အတွက် သင်ကြားသင်ယူမှုဟာပိုပြီးပေါက်မြောက်စေတယ်။ ဒါကြောင့် Teach Others အချင်းချင်းသင်ယူခြင်းဟာ တတ်ကျွမ်းမှုကို ၉၀% ထိ အောင်မြင်စေတယ်လို့ ဆိုပါတယ်။

ဆိုတော့ ကျွန်တော်တို့ဆရာ/မတွေအနေနဲ့။ ကိုယ့်အတန်းထဲက ကလေး။ ကိုယ်သင်တဲ့သင်ခန်းစာ။ ဒါနဲ့ပတ်သက်ပြီး ရာခိုင်နှုန်း ဘယ်လောက်ပေးမယ်လို့ မျှော်လင့်ကြသလဲဗျ။ ဆရာ/မအားလုံးနီးပါးဟာ ကလေးဗဟိုပြုချဉ်းကပ်သင်ယူနည်းChild Centre Approach (CCA)သင်နည်း(၂၁) အရ သင်ကြမယ်ဆိုတာ ယုံကြည်ပါတယ်။ ဒါပေမယ့် သင်ကြားတဲ့နည်းလမ်းလွဲရင် တော့..။ ကလေးတွေ သင်ခန်းစာရဲ့ ကျွမ်းကျင်တတ်မြောက်မှု ရာခိုင်နှုန်းလည်း လွဲသွားပါလိမ့်မယ်။

ဒါကြောင့် ဆရာ/မတွေအနေနဲ့
သင်နည်း(၂၁)နည်းနဲ့တွဲသင်ပါ။ လွဲအောင်မသင်ကြပါနဲ့ လို့ ပညာရေးအတွက် အကျိုးမျှော် နှိုးဆော်ရင်း….

ဦးရဲ
ပညာရေး
❤1
Kg to G5 မွမ်းမံသင်တန်းအတွက်.ကြားသိတာကိုမျှဝေပါတယ်....

ပထမရက် နံနက်ပိုင်း

1️⃣ သင်တန်းမိတ်ဆက်
2️⃣ သင်ယူမူအတက်ပညာ ၁ နှင့် ၂
3️⃣ TCSF
4️⃣ စစ်ဆေးခြင်း ၁

နေ့လည်ပိုင်း

1️⃣ စစ်ဆေးခြင်း ၂
2️⃣ CPD
2️⃣ Kg နှင့် မူအောက်ဆင့်အရည်အသွေးနိမ့်ပါးနေမူ

ဒုတိယရက် နံနက်ပိုင်း

1️⃣ Kg.....သင်ကြားချိတ်ဆက်မူနှင့်စစ်ဆေးပုံစံ

နေ့လည်ပိုင်း

2️⃣ G1.... (ဘာသာစုံ နည်းပြလက်စွဲကောက်နှုတ်ချက် ၊ သင်ပြမူပုံစံနှင့်လက်တွေ့သင်ပြခြင်း ၊ စစ်ဆေးခြင်း)

တတိယရက် နံနက်ပိုင်း

1️⃣ G2.........အထက်ပါအတိုင်း

နေ့လည်ပိုင်း

2️⃣ G3..........အထက်ပါအတိုင်း

စတုတ္ထရက် နံနက်ပိုင်း

1️⃣ G4..........အထက်ပါအတိုင်း

နေ့လည်ပိုင်း

2️⃣ G5..........အထက်ပါအတိုင်း

ပဥ္စမရက် တစ်နေ့လုံး

ပို့ချချက်များပြန်လည်အနှစ်ချုပ်ခြင်း

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
#Crd
#မူလတန်းအဆင့် Kg to G5 သင်တန်းမိတ်ဆက် ( ပထမရက်)

မင်္ဂလာပါ Kg to G5 မွမ်းမံသင်တန်းမှာ နည်းပြဆရာကြီး ဆရာမကြီးတို့ရေ..............

သင်တန်း၏ ပထမဆုံးရက်တွင် သင်တန်းမိတ်ဆက်ခြင်းဖြင့်စတင်ရပါမယ်။
သင်တန်းမိတ်ဆက်ရာတွင်

👨‍🏫
သင်တန်း၏ရည်ရွယ်ချက်
သင်တန်းတက်ရောက်သူများရရှိရန်မျှော်မှန်းထားသည့်အချက်များ
သင်တန်းဖွဲ့စည်းပုံ...သင်တန်းအစီစဥ်
သင်တန်း၏အခြေခံစည်းမျဥ်းများ
သတန်းတန်းကိုအကဲဖြတ်ခြင်း

👨‍🏫
သင်တန်းကိုအကဲဖြတ်ရာတွင် အဆင့် ၄ဆင့် ဖြင့် သင်တန်းတက်ရောက်သူများကိုအကဲဖြတ်၍ သင်တန်း၏ပို့ချမူများကိုအောင်မြင်မူရှိမရှိဆုံးဖြတ်သွားပါမည်။

သင်တန်းမိတ်ဆက်ခြင်းအစီစဥ်ပြီးဆုံးခြင်း

ေအာက်တွင်အပိုင်းတစ်ခုစီ၏ အကြောင်းအရာများကိုဖော်ပြထားပါတယ်ခင်ဗျာ။

#crd
မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
👍2❤1
ဝန်ထမ်းများမြေဝယ်မယ်ဆို
ကျူးလား?
ဂရမ်လား?
ဂရန်မြေကို ဝယ်ယူလျှင်

➢ အဆင့်(၁၀)ဆင့်လုပ်ဆောင်မှသာ ပြီးပြည့်စုံပါသည်။

➢ ဤ(၁၀)အဆင့်ကို(၁)ဆင့်မ ျှ ဈေးမဆစ်ပါနှင့် အခက်အခဲတွေပေါ် လာလိမ့်မည်။
(အတွေ.အကြုံကိုရေးတာပါ။)

➢ အရောင်းအဝယ်စရန်ကြီး(စရန်ငွေ)မပေးမီ(၃)ဆင့် လုပ်ဆောင်ရပါမည်။

1. ဘယ်လောက်ပင်ရင်းနှီးကြပါစေ၊ ဂရန်မိတ္တူကိုယူ၍ စည်ပင်မှာစစ်ဆေးပါ။

2. စရန်ကြီးပေးခါနီး မူရင်ဂရန်ကိုမြင်တွေ.ရမှသာလ ျှင် စရန်ချပါ။

3. စရန်ချပြီးသည်နှင့်တပြိုင်နက်နိုင်ငံပိုင်သတင်းစာတွင် ကန်.ကွက်ရန်ရှိ/မရှိ ကြော်ငြာထည့်ပါ။

➢ ၄-မျိုး ရမှငွေပြေချေပါ။

1. အရောင်းအဝယ်ပြုလုပ်ရန်အတွက်ထုတ်ယူထားသော မြေပုံမြေရာဇဝင်။

2. မူရင်းဂရန် အမည်ပေါက်ထံမှ SP။

3. မူရင်းဂရန်နှင့် ဆက်စပ်စာချုပ်များ။

4. မြေကွက်နှင့် တိုက် လက်ရောက်ရယူပါ။

➢ ဝယ်ယူပြီးနောက် ၃-ဆင့်။

1. တန်ဘိုးလျော့ချုပ်သည့်စာချုပ်တစ်ဆောင်နှင့် မြေပုံမြေရာဇဝင်ကို “ရာဖြတ်” တင်ပါ။

2. “ရာဖြတ်” ၏၊ သတ်မှတ်တန်ဖိုးအရ “အခွန်တော်ခေါင်း” နှင့် “မှတ်ပုံတင်ကြေး” တို.ဖြင့်မှတ်ပုံတင်စာချုပ်ချုပ်ဆိုပါ။

3. အားလုံးပြီးမှ မြို.တော်စည်ပင်တွင် “ဂရန်” နှင့် “မြေကွက်” အမည်ပြောင်းပါ။
English Level အခမဲ့စစ်ပေးတဲ့ Website
Certificate လည်းရတယ်။ PDF နဲ့ရသလို
LinkedIn Profile မှာလည်း တိုက်ရိုက်ထည့်လို့ရတယ်။
Reading, Listening နှစ်မျိုးတည်း စစ်လို့ရသလို
4 Skills အကုန်စစ်လို့လည်းရတယ်။

https://www.efset.org/

From Sayar Nyein Wai
❤3👍2
၁။ CPD ဆိုတာဘာလဲ။
CPD ဆိုတာ Continuous Professional Development စဉ်ဆက်မပြတ် ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ပါ။

၂။ CPD နဲ့စပ်လျဉ်းတဲ့ အတွေ့အကြုံ ရှိပါသလား။
ရှိပါတယ်။ ကျောင်းတွေမှာ ဆောင်ရွက်နေတဲ့ ဘာသာရပ်အဖွဲ့ဆွေးနွေးပွဲတွေ workshop တွေနဲ့ သဘောတရား အတူတူပါပဲ။

၃။ CPD ရဲ့ အဓိကပစ်မှတ်ကဘာလဲ။
သင်ရိုးသစ်အရ သင်ကြားရေးဖြစ်စဉ်တွေ
မှာ မရှိမဖြစ် မပါမဖြစ် သတ်မှတ်ထားတဲ့ သင်ကြားနည်းအဆင့်ဆင့် ( ITPR ) နဲ့သင်ရပါမယ်။

I-Introduction သင်ခန်းစာမိတ်ဆက်ပါ။စနစ်ဟောင်းကလို သင်ခန်းစာ ခေါင်းစဉ်မပြောခင် သင်ယူမှုရလဒ်တွေကို အရင်ဆုံးပြောပြရတာဟာ စနစ်သစ်ရဲ့သင်ကြားမှုစနစ် အပြောင်းအလဲပါ။

T -Teaching
သင်ကြားရာမှာလည်းကျောင်းသားဗဟိုပြုဖြစ်ပြီး pair work, group work နဲ့ project တွေလုပ်ပြီးသင်ရပါမယ်။

P -Practice
လေ့ကျင့်ခြင်းနဲ့

R-Review
ပြန်လည်သုံးသပ်ခြင်းတို့ပါ။

အချုပ်ပြောရရင် စာသင်ခန်းဟာ သက်ဝင်နေပြီး သင်တဲ့ဆရာ လျှာထွက်မယ့်စနစ်ဖြစ်ပေမယ့် ကျောင်းသားတွေအတွက်တော့ ရလဒ်ကောင်းတွေရမှာမို့ ဝမ်းသာစရာပါ။

၃။ စနစ်သစ်သင်ရိုးညွှန်းတမ်းကနေ ဘယ်လို ရလဒ်တွေရမှာလဲ။

21st century skills နဲ့ soft skills လို့ခေါ်တဲ့ 5C ရမှာပါ။

5Cs ဆိုတာ

1 C-Collabration အများနဲ့ပူးပေါင်းဆောင်ရွက်နိုင်မှု

2 C-Communication အများနဲ့ဆက်သွယ်ဆောင်ရွက်နိုင်မှု

3 C-Critical thinking & Problem solving လေးနက်စွာ ဆန်းစစ်ဝေဖန်နိုင်မှုနဲ့ပြသနာဖြေရှင်းနိုင်မှု

4 C-Creativity & Innovation တီထွင်ဖန်တီးနိုင်မှု နဲ့ ဆန်းသစ်နိုင်မှု

5 C-Citizenship နိုင်ငံကြီးသားပီသမှု တို့ပဲဖြစ်ပါတယ်။✴✴✴✴✴✴

ချိတ်ဆက်ရမယ့် 21st Century Skills, Soft Skills ( 5 C ) များကို အကောင်အထည်ဖော်နိုင်ရေးအတွက်ပါပဲ။

၄။ CPD အစီအစဉ် ကျင်းပဖို့ စီစဉ်ပြင်ဆင်ရမယ့်သူက ဘယ်သူပါလဲ။
ကျောင်းအုပ်များပါ။ ဒါကြောင့် ထက်အုပ် လယ်အုပ် မူအုပ်များ အားလုံး CPD အစီအစဉ်ကို လေ့လာသိရှိထားဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

၅။ CPD အစီအစဉ်မှာ တက်ရောက်ရမယ့်သူတွေက ဘယ်သူတွေပါလဲ။
ကျောင်းရှိ လယ်ပြများအားလုံး ထက်ပြများအားလုံးပါ။ ဖြစ်နိုင်ရင် မူလတန်းပြများပါ ထည့်သွင်းနိုင်ပါတယ်။

၆။ CPD အစီအစဉ်မှာ ဦးဆောင်ဆွေးနွေးရမယ့်သူက ဘယ်သူပါလဲ။
ဘာသာရပ်ခေါင်းဆောင် ဘာသာရပ်မှူးများ ဖြစ်ပါတယ်။

၇။ CPD အစီအစဉ်ကိုဘယ်အချိန်ကျင်းပကြမလဲ။
တစ်လတစ်ကြိမ်ပါ။ ပထမအကြိမ်ကို ကျောင်းဖွင့်ပြီး ဇူလိုင်လဆန်းမှာ စတင်ကျင်းပကြရပါလိမ့်မယ်။ ကျင်းပချိန်က ကျောင်းချိန်တွင်းဖြစ်စေ ကျောင်းချိန်ပြင်ပဖြစ်စေ ကျောင်းပိတ်ရက်ဖြစ်စေ မိမိကျောင်းအလိုက် အဆင်ပြေသလို ကျင်းပနိုင်ပါတယ်။ မိနစ် ၉၀ လို့ သတ်မှတ်ထားပေမယ့် ပိုနိုင်ပါတယ် လျော့နိုင်ပါတယ်။

၈။ CPD ကို ဘယ်လိုခွဲခြားထားပါလဲ။
မော်ဂျူး (၈) ခု ခွဲခြားထားပါတယ်။ မော်ဂျူးတစ်ခုစီကို ခေါင်းစဉ်တစ်ခု ကွဲပြားစွာရှိပါတယ်။ မော်ဂျူးတိုင်းမှာ အစပျိုးခြင်း ချိတ်ဆက်သင်ကြားခြင်း စီစဉ်သင်ကြားခြင်း ပြန်လှန်သုံးသပ်စဉ်းစားဆင်ခြင်ခြင်း ဆိုပြီး အပိုင်းလေးပိုင်းကို အဆင့်ဆင့် ကျင်းပဆောင်ရွက်သွားရပါမယ်။ တစ်လမှာ မော်ဂျူးတစ်ခုကို အဓိကထား ခေါင်းစဉ်တင်ဆွေးနွေးသွားရမှာဖြစ်ပြီး မော်ဂျူး (၈) ခု အစဉ်လိုက်သွားရင် ရှစ်ကြိမ်ကျင်းပရပါလိမ့်မယ်။

(၉) CPD ကို ဘယ်လိုကျင်းပမှာလဲ။
ကျောင်းအလိုက် မတူညီနိုင်ပါဘူး။ ဆရာများတဲ့ကျောင်း ဆရာနည်းတဲ့ကျောင်း ကွဲပြားပါမယ်။
တစ်ဘာသာချင်းကျင်းပနိုင်သလို ဘာသာစုံစုပေါင်းကျင်းပနိုင်ပါတယ်။
အကျိုးရှိရှိ ကျင်းပဖြစ်ဖို့သာ အဓိကကျပါတယ်။

(၁၀) CPD က အရေးပါသလား။
သင်ကြားရေးအတွေ့အကြုံနည်းသော သင်ကြားမှုအရည်အချင်းအားနည်းသော ဆရာဆရာမများကို လက်တွဲခေါ်ယူဖို့ ထိရောက်သော သင်ကြားသင်ယူမှုတွေအတွက် CPD က အရေးပါအရာရောက်သွားမှာပါ။ CPD အစီအစဉ်ကျင်းပတိုင်းမှာ မှတ်တမ်းများထားရှိရမှာဖြစ်ပြီး လိုအပ်တဲ့ ပုံစံများကို ထပ်မံညွှန်ကြားသွားမယ် သိရပါတယ်။ CPD မှတ်တမ်းများက စစ်ဆေးရေးအဖွဲ့လာရောက်ချိန် ပြဖို့မဟုတ် For Show မဟုတ် မိမိကျောင်းအတွက် သင်ရိုးသစ်အတွက် မဖြစ်မနေ ဆရာဆရာမများ ပူးပေါင်းဆောင်ရွက်ခြင်း မှတ်တမ်းတစ်ခုသာ ဖြစ်သွားသင့်ပါတယ်။
👍3
🙏🙏🙏 မင်္ဂလာပါဆရာကြီးဆရာမကြီးတို့ရေ🙏🙏🙏

စစ်ဆေးခြင်းအပိုင်းတွင်.....

Item Type ကို

♻ မှတ်မိခြင်း

♻ နားလည်ခြင်း

♻ အသုံးချခြင်း.....ဟူသောအဆင့် ၃ ဆင့်ဖြင့် စစ်ဆေးပြီး

Rubric Type ကို

♻ Atittude...သဘောထား

♻ Skills........ကျွမ်းကျင်မူများ

♻ Knowledge......သိရှိနားလည်မူ

♻ Metercollection.....တိုင်းတာစုစည်းခြင်း

👨‍🏫 စတဲ့ စစ်ဆေးခြင်းနှစ်စစ်ဆေးရာမှာ....စစ်ဆေးခြင်းတစ်ခုစီမှာပါရမည့်
မတူညီသည့်အဆင့်များကိုထည့်သွင်းရပါမည်။

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
#ကျန်းမာရေးကတ် BMI ရှာနည်း

မင်္ဂလာပါဆရာကြီးဆရာမကြီးတို့ရေ.......

အာဟာရ နှင့် ခန္ဓာကိုယ် ဖွံ့ဖြိုးမူအခြေအနေ တွင်

အရပ်တိုင်းတာမူကို မီတာဟုဖော်ပြထားသော်လည်း...စင်တီမီတာဖြင့်တိုင်းရပါမည်။

တိုင်းတာပုံ
....................

အကယ်၍ အရပ်တိုင်းတာခြင်းကို နံရံတွင်သော်လည်းကောင်း ၊ သစ်သားတိုင်တွင်သော်လည်းကောင်းပြုလုပ်ထားပါက.....တိုင်းတာမည့်ကလေးသည်

နံရံ သို့မဟုတ် သစ်သားတိုင်ကို ထိခြင်း ၅ပါးဖြင့်ထိရပါမည်။

1️⃣ နောက်စေ့
2️⃣ ကျောကုန်း
3️⃣ တင်ပါး
4️⃣ ခြေသလုံးကြွက်သား
5️⃣ ဖနောင့်

တို့ကိုထိပီး.....ထိုကလေး၏အရပ်ကို စင်တီမီတာဖြင့်တိုင်းပါ။

ရလာတဲ့စင်တီမီတာကို နှစ်ခါမြှောက်ပါ....မြှောက်လဒ်ကို မီတာဖွဲ့ပါ။
ထိုကလေး၏အရပ်သည်........မီတာဖြစ်သည်။

...............

ထိုကလေး၏ ဝိတ်ကိုချိန်မည်ဆိုပါက ကီလိုဂရမ်ဘက်ခြမ်းကိုသာကြည့်၍
........... ကီလိုဂရမ်ရှိသည်ဟုမှတ်ထားရပါမည်။

................

ထိုကလေး၏အသက်သည် မွေးသက္ကရာဇ်အစစ်အမှန်ကဖော်ပြပါလိမ့်မည်။

ထိုမွေးသက္ကရာဇ်၏အသက်အရွယ်အတိုင်း.....အောက်ဖော်ပြပါ BMI ကတ်ပြား
တွင်ကြည့်၍ အာဟာရဖွံ့ဖြိုးမူကိုရွေးခြယ်သတ်မှတ်ပေးရမည်။

ရွေးခြယ်ပုံ
..................

ပထမရှာထားသော ထိုကလေး၏ အရပ်
............................................................................................ = BMI ရရှိပါမည်။
ဒုတိယရှာထားသော ထိုကလေး၏ ခန္ဓာကိုယ်အလေးချိန်

ရရှိလာသော BMI တွင် Medium သည် ထိုကလေး၏အသက်အရွယ်တွင်တကယ်ရှိရမည့်အနေအထားဖြစ်ပီး..

Medium ညာဘက်ခြမ်းသို့တိုးသွားပါက ထိုကလေး၏ခန္ဓာကိုယ်သည်သာမာန်ထက် အဝလွန်လာ၍ ကျန်းမာရေးအရရောဂါလက္ခဏာဖြစ်ပေါ်မူလွယ်ကူနိုင်သလို

Medium ဘယ်ဘက်ခြမ်းသို့လျော့သွားပါက အာဟာရချို့တဲ့မူအနေအထားသို့ရောက်ရှိနေပြီး ကျန်းမာရေးအရရောဂါလက္ခဏာဖြစ်ပေါ်မူပိုမိုလွယ်ကူနိုင်ပါတယ်။

ယခုကဲ့သို့တင်ပြမူသည် ဖော်ပြပါ ကျန်းမာရေးကတ်ပြား၏ နံပါတ်စဥ်
၁ မှ ၄ အထိသည် မိမိတို့ကျောင်းရှိဆရာဆရာမများကဖြည့်စွက်ရမှာဖြစ်ပါတယ်။

ဘယ်အတန်းကစပီးဖြည့်စွက်ရမလဲ
..........................................................

Kg အတန်းကနေစပီးဖြည့်စွက်ရမှာဖြစ်၍ ကျောင်း ကျန်းမာရေးရက်သတ္တပတ်ကာလဖြစ်သော......ြ သဂုတ်လ လတွင်စတင်ဖြည့်စွက်နိုင်သလို
ထိုကျန်းမာရေးကတ်ပြားကို ကျန်းမာရေးဌာနကစောစီစွာပညာရေးဌာနရှိအခြေခံကေျာင်းများကိုဖြန့်ဝေပါကလည်း စောစီးစွာဖြည့်စွက်လို့လည်းရပါတယ်။

ဘယ်လိုထားရှိမလဲ
..............................

Kg အတန်းစာသင်နှစ်ကုန်ပီဆိုပါက နောက်လာမည့်စာသင်နှစ်တွင် နောက်အတန်းတစ်တန်းစီသို့လက်ဆင့်ကမ်း၍ BMI ရလဒ်ရှာသည့်အတိုင်းအတန်းအဆင့်ဆင့်သို့ပေးသွားခြင်းဖြင့် မူလတန်းအထက်ဆင့်ကုန်သွားပါကသက်ဆိုင်ရာကျောင်းအုပ်ထံပေးအပ်၍သိမ်းဆည်းထားရပါမည်။

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
🙏🙏🙏 မင်္ဂလာပါဆရာကြီး..ဆရာမကြီးတို့ရေ...🙏🙏🙏

♻ မူလတန်းအောက်ဆင့်ဖြစ်သောအတန်းများထဲမှ...G1..to G2...စစ်ဆေးမည်ဆိုပါက....

G1..ဘာသာစုံကို....
ရေးဖြေ...၃၀%
နှုတ်ဖြေ...၇၀%.......အတိအကျသတ်မှတ်ချက်နဲ့..ပြုလုပ်ရပါမည်။

👨‍🏫 ရေးဖြေတွင်....အပိုင်း၃ပိုင်းပါအောင်စစ်ဆေးရပါမည်။
1 သိရှိခြင်းအဆင့်----> (..........)%
2 နားလည်ခြင်းအဆင့်----> (.........)%
3 အသုံးချခြင်းအဆင့်-----> (.........)%

ထိုသို့စစ်ေဆးခြင်းပုံစံကို...Item Typeဖြင့်အသုံးပြုရပါမည်။

👨‍🏫 နှုတ်ဖြေကိုစစ်ဆေးရာတွင် .အတန်းနှင့်ညီသော..speakingအပိုင်း...Readingအပိုင်း....တို့ကိုဦးစားပေး၍
Rubric Typeဖြင့်စစ်ဆေးရမည်။

ထိုအပိုင်းသည် ၇၀%ထည့်သွင်းထားသည့်အတွက်....
အလွန်ကောင်းအဆင့်-----> (......)%
ကောင်းအဆင့်---------------> (......)%
ထပ်မံကြိုးစားရန်-----------> (......)%

👨‍🏫 G2....ဘာသာစုံကို
ရေးဖြေ----> ၇၀%
နှုတ်ဖြေ----> ၃၀%.....အတိအကျသတ်မှတ်ချက်ဖြင့်ပြုလုပ်ရပါမည်။

G1ကဲ့သို့ပင်စစ်ဆေးခြင်းများပြုလုပ်ရပါမည်။

G2သည်....G1၏ အသိပညာအတက်ပညာကိုရရှိထားပီးဖြစ်တဲ့အတွက်စစ်ဆေးခြင်းအဆင့်တွင်ရေးဖြေစစ်ဆေးခြင်းကိုပိုမို့ထည့်သွင်းထားပါတယ်။

👨‍🏫 G 3...သည်....အလွန်အရေးကြီးသောအတန်းဖြစ်သည်။ဘာကြောင့်လည်းဆိုရင်....G1..G2ပြဌာန်းစာအုပ်များ၏သင်ခန်းစာစီစဥ်ပုံများတွင်....ကျန်ရှိနေပါသော...သင်ခန်းစာအချို့ကိုထပ်မံထည့်သွင်းထားခြင်း....ထို့ပြင်....မူလတန်းအထက်ဆင့်ကိုလွယ်ကူစွာကူးပြောင်းနိုင်ရန်အတွက်...G4တွင်ပါဝင်လာမည့်
သင်ခန်းစာများကိုချိတ်ဆက်ပါဝင်ပေးခြင်း....များရှိလာတဲ့အတွက်G3ကို...
တဆင့်မြင့်အတန်းဟူ၍လည်းခေါ်ဆိုနိုင်ပါတယ်။.....ဒါကြောင့်
ရေးဖြေ...နှုတ်ဖြေအပိုင်းတို့တွင်...ရေးဖြေကိုသော်လည်းကောင်း...နှုတ်ဖြေကိုသော်လည်းကောင်း....ဦးစားပေးစီစဥ်ခြင်းဖြင့်ဆောင်ရွက်စစ်ဆေးနိုင်ပါတယ်။

👨‍🏫 G4 နှင့် G5တို့သည်....အဆင့်မြင့်အတန်းများဖြစ်တဲ့အတွက်....အတန်းတွင်းစစ်ဆေးခြင်းဖြင့်သော်လည်းကောင်း...သတ်မှတ်ကာလဖြင့်စစ်ဆေးသောပုံစံတကျစစ်ဆေးခြင်းနှင့်စစ်ဆေးသွားရမည့်အတန်းတွေပဲဖြစ်ပါတယ်။
မေးခွန်းတည်ဆောက်ရာတွင်...ကျောင်းသားများစဥ်းစားတွေးခေါ်မူအပိုင်းများအပါအဝင်....မေးခွန်းတည်ဆောက်ပုံ...အစီစဥ်တကျပြန်လည်ရေးသားခြင်း....စီးကုံးရေးသားခြင်းများ...အပြန်အလှန်ဆက်သွယ်ခြင်းများ....ထုတ်ဖော်ချက်များအပြင်....နည်းလမ်းအမျိုးမျိုးဖြင့်ဖြေရှင်းနည်းများကိုထည့်သွင်းတည်ဆောက်ရပါမည်။
အင်္ဂလိပ်စာဘာသာရပ်တွင်....Speakingအပိုင်းကိုအများဆုံးဦးစားပေးသင်ကြားရမည်ဖြစ်သလို...သင်ကြားရေးဆရာဆရာမများသည်လည်း...ကလေးများ၏အင်္ဂလိပ်စကားပြောစွမ်းရည်တိုးတက်မူကိုများစွာပံ့ပိုးပေးဖို့လိုအပ်ပါသည်။

ယခုတင်ပြထားသောG1toG5အပိုင်းသည်....စစ်ဆေးခြင်းပုံစံများတွင်ထည့်သွင်းပြုလုပ်ရမည့်ပုံစံဖြစ်ပါကြောင်းရေးသားဖော်ပြလိုက်ပါသည်ခင်ဗျာ။

..
Day 3..to... ပြင်ဆင်ထားပုံ... (နည်းပြလက်စွဲအနှစ်ချုပ်မှ)

နံနက်...... ၉း၀၀န ာရီ မှ ၁၂း၀၀ နာရီထိ
(အတန်းစုံ)

(........) ဘာသာရပ်

(အတန်းစုံ)
ရည်ရွယ်ချက်
ဘာသာရပ်၏သွင်ပြင်လက္ခဏာ
မျှော်မှန်းချက်
အတန်းလိုက်ချိတ်ဆက်မူဇယား
ဆရာကိုင်လက်စွဲစီစဥ်ထားပုံ....ကျောင်းသားကိုင်စာအုပ်နှင့်ချိတ်ဆက်ပုံအပိုင်း
သင်ရိုးမာတိက
စာသင်ချိန်ခွဲဝေမူဇယား
သင်ကြားသင်ယူမူနှင့်ချည်းကပ်နည်း
စစ်ဆေးခြင်း

နေ့လည်......၁း၀၀န ာရီ မှ ၃း၃၀ နာရီထိ

လက်တွေ့စာသင်ချိန်(၂)ချိန်
အကြံပြု
ဖြစ်ရပ်များရှင်းလင်းခြင်းနှင့်ဆွေးနွေးခြင်း
မျှော်မှန်းရလဒ်ကိုက်ညီမူရှိမရှိ

Day..3 ပြီးဆုံးခြင်း

ဒါက မွမ်းမံသင်တန်းရဲ့...ကျောရိုးပါ။.....

(နည်းပြဆရာဆရာမများအနေဖြင့်သိထားရမည့်....အဓိကအပိုင်းက....

ဆရာဆရာမများ၏သင်ယူမူအတက်ပညာ

1️⃣ သင်ကြားနည်း(ရည်ရွယ်ချက်သို့ရောက်ရှိအောင်ချည်းကပ်နည်း)

2️⃣ စစ်ဆေးခြင်းများ(မသင်ယူမီ၊သင်ယူနေစဥ်၊သင်ယူပြီး)

3️⃣ စစ်ဆေးခြင်းပုံစံ....).....ယခု ၃ ချက်ကိုမဖြစ်မနေကိုထည့်သွင်းရမှာဖြစ်ပါတယ်။

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
❤1👍1
#သားသားမီးမီးတို့အတွက် ယဥ်ကျေးလိမ္မာ ကဗျာလေးများပါ❤🙏🙏🙏
👍1