Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.7K subscribers
3.82K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
✅ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ပထဝီဝင်၊ ဘောဂဗေဒ ဘာသာရပ်များ ဖြေဆိုရန် Non programmable scientific calculator အသုံးပြုခွင့် ပေးပါမည်။
‌‌‎ ‎
✅ မည်သည့် Non-programmable scientific calculator အမျိုးအစားမဆို အသုံးပြုနိုင်ပါသည်။ Brand, Model မကန့်သတ်ထားပါ။
‌‌‎ ‎
⛔️ သို့သော် Programmable လုံးဝမဖြစ်ရပါ။ Programmable Calculator ဖြစ်လျင် အသုံးပြုခွင့်ပေးမည် မဟုတ်ဘဲ သိမ်းဆည်းပါလိမ့်မည်။
‌‌‎ ‎
✅ ဖြေဆိုမည့်သူများ မိမိကိုယ်ပိုင် Non-programmable scientific Calculator ယူဆောင်ခဲ့နိုင်ပါသည်။ ခက်ခဲဒေသများနှင့် ဝေးလံဒေသများရှိ စာစစ်ဌာနများအတွက် စာမေးပွဲခန်းတွင် အသုံးပြုနိုင်ရန် Calculator များခွဲဝေပေးထားသော်လည်း ဖြေဆိုသူ အယောက်စေ့ တစ်ယောက်တစ်လုံးစီသုံးနိုင်မည်မဟုတ်ပါ။ အလှည့်ကျသာ သုံးနိုင်ပါမည်။

⛔️ Calculator အဖုံးနှင့် ဘူးခွံများ ယူဆောင်ခွင့်မပြုပါ။
‌‌‎ ‎
⛔️ မိမိကိုယ်ပိုင်ယူဆောင်လာမည့် Calculator ပေါ်တွင် မသမာမှုပြုလုပ်ရန် မည်သည့်တစ်စုံတစ်ရာမှ ပြုလုပ်လာခြင်း လုံးဝ မရှိစေရန် အထူးသတိပြုစေလိုပါသည်။ စာမေးပွဲခန်းမဝင်မီတွင် စစ်ဆေးသည့်အခါ Calculator ပေါ်တွင် မသမာမှုပြုလုပ်ရန် ပြုလုပ်ထားသည်ကို တွေ့ရှိပါက ချက်ခြင်းသိမ်းဆည်းပါလိမ့်မည်။ စာမေးပွဲခန်းအတွင်းရောက်မှ စစ်ဆေးတွေ့ရှိပါက စာမေးပွဲဆိုင်ရာ စည်းမျဉ်းစည်းများနှင့် အရေးယူပါလိမ့်မည်။
‎ ‎
👍1
(သင်တန်းမတက်ကြခင် ဒါလေးတွေတော့ သိထားရမယ်)

#သင်ရိုးညွှန်းတမ်း ဆိုသည်မှာ ပညာရေးရည်မှန်းချက်များ အောင်မြင်စေရန် ရည်ရွယ်၍ သင်ယူမှုရလဒ်များ၊ သင်ရိုးဝင်အကြောင်းအရာများ၊ သင်ကြားသင်ယူမှုနည်းလမ်းများနှင့် တတ်မြောက်မှု၊ စစ်ဆေးခြင်းတို့ အပါအဝင် ကျောင်းတွင်း/ပြင် လေ့လာသင်ယူရမည့် ပညာရေးနယ်ပယ်အလိုက် စနစ်တကျ ရေးဆွဲသတ်မှတ်ထားသော အစီစအဉ်များကို ဆိုလိုပါသည်။

#ရှေးဦးအရွယ်ကလေးသူငယ်ပညာရေး ဆိုသည်မှာ အသက် ၈-နှစ်ပြည့်သည်ထိ ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးမှုရရှိစေရန်၊ ဖွံ့ဖြိုးမှုအဆင့်နှင့် ကိုက်ညီသောနည်းလမ်းများကို အသုံးပြုပြီး ပြုစုပျိုးထောင်ပေးသော ပညာရေးကို ဆိုလိုပါသည်။

#ပညာရေးဘာသာရပ်များ ဆိုသည်မှာ ပညာရေးသဘောတရားဆိုင်ရာ အခြေခံများကို ဆိုလိုပါသည်။

#သူငယ်တန်းပညာရေး ဆိုသည်မှာ ပထမတန်းသို့ ကူးပြောင်းလွယ်ကူစေရန် အသက်(၅)နှစ်ပြည့်ကလေးများအတွက် ဘက်စုံဖွံ့ဖြိုးမှုနှင့် သင့်လျော်သောနည်းလမ်းများကို အသုံးပြု၊ ပြုစုပျိုးထောင်ပေးသည့် ပညာရပ်ဖြစ်သည်။

#မိခင်ဘာသာစကား ဆိုသည်မှာ ကျောင်းသားများ ပထမဆုံးအသုံးပြုသည့် ဘာသာစကား(သို့) အိမ်(သို့) တိုင်းရင်းသားမျိုးနွယ်စု အသိုင်းအဝိုင်း၌ ပြောဆိုသည့် ဘာသာစကားဖြစ်သည်။

#သင်ကြားသင်ယူရာတွင်အသုံးပြုသောဘာသာစကား ဆိုသည်မှာ သင်ကြားသင်ယူရာတွင် ပံ့ပိုးကူညီရန် ဆရာ/မများ စာသင်ခန်းအတွင်း အသုံးပြုသည့် ဘာသာစကားဖြစ်သည်။

#အတန်းတွဲသင်ကြားခြင်း ဆိုသည်မှာ အတန်း(၂)တန်း(သို့) (၂)တန်းထက်ပို၍ သင်ကြားနေခြင်းကို ဆိုလိုပါသည်။

#သင်ကြားနည်းအတတ်ပညာ ဆိုသည်မှာ ဝိဇ္ဇာ၊ သိပ္ပံ (သို့)သင်ကြားရေး အသက်မွေးဝမ်းကျောင်းအတတ်ပညာ ဖြစ်သည်။ လက်တွေ့ကျင့်သုံးမှု ပါဝင်သည်။

#ပညာရေးဆိုင်ရာအခွင့်အရေး ဆိုသည်မှာ ကလေးများအားလုံးအတွက် အခြေခံကျသော လူ့အခွင့်အရေးဖြစ်သည့် အခမဲ့မသင်မနေရ ပညာရေးကို ရည်ညွှန်းပါသည်။

#ကျောင်း ဆိုသည်မှာ သင်ကြားရေးအတွက် သက်ဆိုင်သည့် စံသတ်မှတ်ချက် အဆင့်အတန်းရှိသော ပညာရေးဆိုင်ရာ အခင်းအကျင်းတစ်ခု ဖြစ်သည်။

#ပညာရေးဆိုင်ရာအထူးလိုအပ်ချက် ဆိုသည်မှာ သင်ယူသူအားလုံး၏ သိမှုပိုင်းဆိုင်ရာ၊ ကာယပိုင်းဆိုင်ရာ၊ အသိဉာဏ်ပိုင်းဆိုင်ရာ လိုအပ်ချက်များ ရှိနေသော သင်ယူသူများအားလုံးနှင့် ၎င်းတို့နှင့် သင့်လျော်သော သင်ကြားနည်းများဖြင့် အသုံးပြု၍ ပညာသင်ကြားပေးခြင်းကို ဆိုလိုပါသည်။

#ကျောင်းသား ဆိုသည်မှာ ကျောင်းများနှင့် အခြားပညာရေးဆိုင်ရာ သင်ကြားရေးဌာနများရှိ သင်ယူသူအားလုံးကို ဆိုလိုပါသည်။

#ဆရာအတတ်ပညာ ဆိုသည်မှာ ဆရာအတတ်ပညာဖြင့် လုပ်ငန်းခွင်ဝင်ရောက်သူများက သင်ယူသူများ၏ သင်ယူတိုးတက်ရေးကို ဆောင်ရွက်နိုင်ရန် လိုအပ်သော အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှု စိတ်နေသဘောထားနှင့် အတွေ့အကြုံများ ရရှိစေသည့် ပညာရေးကို ဆိုလိုပါသည်။

#မိဘ ဆိုသည်မှာ သင်ယူသူကျောင်သားများအတွက် တာဝန်ယူဆောင်ရွက်ပေးနေသော မိဘများ၊ ပြုစုစောင့်ရှောက် သူများ၊ အပ်ထိန်းသူများနှင့် အခြားအရွယ်ရောက်သူများ အားလုံးပါဝင်သည်။

#ဆရာ ဆိုသည်မှာ အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို သင်ကြားရန် တာဝန်ရှိသူလူအားလုံးဖြစ်သည်။
👍3
Mar 5

မတ်လအတွက် ၁၀ ရက်အတွင်း လျှောက်ထားပါ။

xxxxxxxxxxxxxxxxxxxxxxx

ပင်စင်စားများ ဘဏ်ကိုသွားစရာမလိုဘဲ ကိုယ်ပိုင်ဖုန်းနဲ့ ထုတ်တဲ့စနစ် ဟာ အင်မတန်လုံခြုံစိတ်ချရပြီး စိတ်ချမ်းသာမှု၊ယုံကြည်စိတ်ချရမှု၊လွယ်ကူလျင်မြန်မှုနဲ့ ခရီးထွက်လည်း ကြိုက်တဲ့အချိန်ကြိုက်သလို ထုတ်လို့ရတာမို့ လျှောက်ထားလာသူများ နေ့စဥ်၊လစဥ် တိုးတက်များပြားလာလျက်ရှိပါတယ်။

ယခု မတ်လ အတွက်လည်း တနိုင်ငံလုံးရှိ ဖွင့်လှစ်ထားတဲ့မြန်မာ့စီးပွားရေးဘဏ်များမှာ အလွယ်တကူလျှောက်ထားနိုင်ကြောင်းနှင့် မတ်လ ၁၀ ရက်နေ့နောက်ဆုံး လျှောက်ထားနိုင်ကြောင်း သတိပေးကြေငြာအပ်ပါတယ်။

လျှောက်ထားလိုခြင်း၊စုံစမ်း မေးမြန်း လိုခြင်းများ၊အခက်အခဲရှိက ဖြေရှင်းဆောင်ရွက်ပေးပါမည်။

Hot Line 0931001535/09444005190
👍1
ဘွဲ့ရ၊ အသက် ၃၅ နှစ်အောက်
PPTT - 11 သင်တန်း
၀၃၀၉ တွေမှာဘယ်လိုစာအုပ်တွေကို ထားရှိရမလဲဆိုတာကိုမေးသူတွေများနေပါတယ်....အပြစ်တင်ခြင်းမဟုတ်ပါ။

ဇယားကွက်ထဲမှာပါတဲ့ခေါင်းစဥ်တစ်မျိုးစီရဲ့အောက်မှာဝယ်ယူရမည့်စာအုပ်အမျိုးအစားများကို အသေးစိတ်ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

သုတ

ဗုဒ္ဓဝင်ရုပ်ပြ စာအုပ်
တီထွင်မူတွေပါသောစာအုပ်
တိရစ္ဆာန်အကြောင်းအရာများပါသောစာအုပ် ၊ သုတရတနာသိုက်စာအုပ်များ
ဗဟုသုတရတဲ့ပုံပြင်စာအုပ်
ပုဂ္ဂိုလ်အကျော်အမော်များ


ရသ

ကဗျာ
ဝတ်တု
မဂ္ဂဇင်း
စွန့်စားခန်းစာအုပ်များ
ပန်းချီ၊ဂီတ အနုပညာစာအုပ်များ
ဘာသာပြန်ဝတ္တုများ
ပရလောကစိတ်ဝိဉာဥ်စာအုပ်များ
လျှို့ဝှက်ဆန်းကြယ် ၊ သည်းထိတ်ရင်ဖိုဝတ္တုများ
ဟာသဝတ္တုများ

ဘာသာရေး

ဗုဒ္ဓဓမ္မစာအုပ်များ
ဆရာတော်ကြီးများ၏အတ္တုပတ္တိစာအုပ်များ
ဘာသာရေးသမိုင်းစာအုပ်များ
တရားဒေသနာနှင့်ဝတ်ရွတ်စဥ်စာအုပ်များ
အခြားဘာသာစာအုပ်များ

ကျန်းမာရေး

စိတ်ပညာစာအုပ်များ
အထွေထွေကျန်းမာရေးစာအုပ်များ
ကျန်းမာရေးအတွက်ကိုယ်လက်လှုပ်ရှားကစားနည်းစာအုပ်များ

စိတ်ခွန်အား နှင့် ဘဝလမ်းညွှန်မူ

ခေါင်းဆောင်ကောင်းများ၏အလေ့အကျင့်များရေးသာထားသောစာအုပ်
စီးပွားရေး ပါရှိသောစာအုပ်များ
လူမူဆက်ဆံရေးအတွက်အကျိုးပြုသောနည်းလမ်းများပါရှိသောစာအုပ်
ခေါင်းဆောင်မူနှင့်စီမံခန့်ခွဲ့မူများစာအုပ်

ပညာရေးအထောက်အကူပြုစာအုပ်

ကွန်ပြုတာနည်းပညာစာအုပ်
ဗေဒင် ၊ လက္ခဏာ ၊ မျက်လှည့်စာအုပ်
သက်မွေးပညာနှင့်ကျွမ်းကျင်မူဆိုင်ရာစာအုပ်
ဥပဒေစာအုပ်များ
အားကစား နှင့် ဝါသနာဆိုင်ရာစာအုပ်များ

စာနယ်ဇင်းစာအုပ်

ဂျာနယ်
မဂ္ဂဇင်း
လစဥ်အပတ်စဥ်ထုတ်စာအုပ်များ

သမိုင်း နှင့် နိုင်ငံရေး

ကမ္ဘာနိုင်ငံရေးစာအုပ်များ
မြန်မာ့သမိုင်းနိုင်ငံရေးစာအုပ်များ

သင်ကြားလေ့လာမူ နှင့် စာပေဆိုင်ရာ

မြန်မာဘာသာစကား နှင့် မြန်မာစာပေ
အင်္ဂလိပ်ဘာသာလေ့လာမူစာအုပ်များ
ပညာရေးနှင့်သင်ကြားပို့ချမူစာအုပ်များ

ကလေးစာပေ

ကာတွန်း နှင့် ရုပ်ပြများ
ဉာဏ်စမ်း နှင့်အထွေထွေစာအုပ်များ
ပုံပြင် နှင့်ကလေးကဗျာစာအုပ်များ


အတ်တုပတ်တိ

ခရီးသွားမှတ်တမ်းစာအုပ်များ
မိန့်ခွန်း နှင့်ဟောပြောချက်များ
ကျော်ကြားသောပုဂ္ဂိုလ်များအကြောင်း

ဒါဆိုရင် တော့အဆင်ပြေနိုင်ကြမှာပါ။ ဒါမယ့်မိမိတို့၏ကျောင်းအဆင့်လိုက်ခွဲဝေရရှိထားတဲ့ငွေပမာဏနဲ့ချိန်ဆပီးဝယ်ကြပေါ့နော်...

မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃
👍1
(C-၅လုံး တန်ဖိုး)

ကျောင်းသင်ပညာရေးကနေ ကလေးတွေကို ပေးဖို့မျှော်မှန်းထားတဲ့ ကျွမ်းကျင်မှု C ၅လုံးရှိတယ်ဗျ။ အဲ့ဒီ C ၅ လုံးက "ဘာတွေလဲ" လို့မေးရင် ဆရာ/မတိုင်းက သိကြတယ်။

ဒါပေမယ့် ၂၁ ရာစု ပညာရေးစနစ်သစ်မှာ ဒီ C ၅ လုံးကို "ဘာလို့ မျှော်မှန်းရတာလဲ" လို့ ထပ်မေးရင်...။ အဖြေက စာသင်ခန်းထဲက သင်ကြားရေးအကြောင်းအရာကနေ ထပ်မထွက်လာတော့ဘူးဗျ။

ဘာလို့ မျှော်မှန်းရတာလဲ ဆိုတာ စာကိုဆုံးအောင်ဖတ်ကြည့်ပါ။

#Communication
(ဆက်သွယ်ပြောဆိုခြင်း)
ဘဝမှာ အောင်မြင်ချင်ရင် ပြောတတ်ဆိုတတ်ဖို့ လိုပါတယ်။ ကိုယ့်ထက်ကြီးသူနဲ့ ဆက်သွယ်တဲ့အခါ။ ကိုယ့်အောက်ငယ်သူနဲ့ ဆက်သွယ်တဲ့အခါ။ ကိုယ်နဲ့ ရွယ်တူနဲ့ ဆက်သွယ်တဲ့အခါ။ Communication ကောင်းဖို့ လိုပါတယ်။ ပြီးရင် ဘာသာမတူ၊ ဘာသာစကားမတူ။ လူမျိုး မတူတဲ့ နိုင်ငံတကာနဲ့ ဆက်သွယ်ရတဲ့အခါမှာလည်းဒီCommunication ဟာ အင်မတန်ရေးပါပါတယ်။
ဒါကြောင့် ဆက်သွယ်ပြောဆိုတတ်ခြင်း ဆိုတဲ့ Communication ကို ထည့်ထားခြင်း ဖြစ်ပါတယ်။

#Collaboration
(ပူးပေါင်းဆောင်ရွက်ခြင်း)
ပူးပေါင်းဆောင်ရွက်တတ်မှုဟာ မိတ်ကောင်းဆွေကောင်းတွေကို ပိုင်ဆိုင်ရတယ်ဗျ။ မတူတဲ့ ရှုထောင့်အမြင် ideasတွေလည်း ရတယ်။ ပူးပေါင်းဆောင်ရွက်ရတဲ့နေရာမှာ ပုဂ္ဂိုလ်စွဲ လူရွေးနေလို့ မရပါဘူး။ လက်ရှိ ကျွန်တော်တို့ Generation မှာ အများကြီး မြင်နေရတယ်။ သူလုပ်ရင် ငါမလုပ်ဘူး ဆိုတဲ့လူတွေ။ ငါလုပ်ရင် မင်းမရှုပ်နဲ့ ဆိုတာတွေ။ တစ်ချို့က ရာထူးမတူလို့။ တစ်ချို့က ဘာဖြစ်လို့ ညာဖြစ်လို့နဲ့ ဘာအောင်မြင်မှုမှ မရတော့ဘူး။ ဘဝမှာ အောင်မြင်ဖို့ဆိုရင် ပူးပေါင်းဆောင်ရွက်တတ်ရပါမယ်။ ဒါကြောင့် ဒီ ဒီCollaboration ကို ထည့်ထားခြင်း ဖြစ်ပါတယ်။

#Creativity and Innovation
(ဆန်းသစ်မှုနှင့် တီထွင်ဖန်တီးခြင်း)
လူတွေဟာ အလွယ်လိုက်တတ်ကြတယ်။ ဘာလို့လဲ?။ Creativity Energy အားနည်းလို့ပဲ။ တစ်ယောက်က ကွမ်းယာ ရောင်းလို့ အောင်မြင်ရင် နောက်ကနေ ကွမ်းယာ လိုက်ရောင်းကြတယ်။ တစ်ယောက်က online shop လုပ်ရင်း အောင်မြင်ရင် ကျန်လူတွေကလဲ online shop လိုက်လုပ်မယ်။ ဒါကြောင့် သိပ်အောင်မြင်မှု မရကြတာပဲ။ အောင်မြင်တဲ့ လူတိုင်းဟာ ကိုယ်သိတဲ့ အရာကနေ ကိုယ့်လမ်းကိုယ်ဖောက်။ ကိုယ်က စလျှောက်တတ်ကြတယ်ဗျ။ ဒါကြောင့် ဒီစွမ်းရည်ရအောင် Creativity and Innovation ကို ထည့်ထားခြင်းပဲ ဖြစ်ပါတယ်။

#Creatical thinking and Problem Solving
(လေးနက်စွာဆန်းစစ်ခြင်းနှင့် ပြဿနာဖြေရှင်းခြင်း)
ပြဿနာ နဲ့ အခက်အခဲ ဆိုတာ လူတိုင်းကြုံရမှာပဲ။ ဒါကိုရင်ဆိုင်ကျော်လွှားနိုင်ဖို့ လိုတယ်။ အများနီးတူ ဝါးပင်လို လေတိုက်ရာ လိုက်ပါနေစရာလည်း မလိုပါဘူး။ အောင်မြင်တဲ့ လူတွေဟာ သံယောင်မလိုက်တတ်ကြဘူးဗျ။ ပြဿနာအကြောင်းအရာတွေကိုလည်း ထင်စကား မြင်စကားနဲ့ မယုံတတ်ကြဘူး။ ဘဝမှာ ဘယ်အရာမဆို အကျိုးနဲ့အကြောင်းကို မှန်မှန်ကန်ကန်နဲ့ ဆက်စပ်တွေးတောဆန်းစစ်နိုင်ဖို့ လိုတယ်။ ဒါကြောင့် Creatical thinking and Problem Solving ကို ထည့်ထားခြင်း ဖြစ်ပါတယ်။

#Citizenship
(နိုင်ငံသားကောင်းစိတ်ဓာတ်ရှိခြင်း)
ဖွံ့ဖြိုး‌တဲ့သူများ နိုင်ငံကြည့်ပြီး ကိုယ့်နိုင်ငံကို အထင်သေးနေလို့မရဘူး။ အဲ့ဒီနိုင်ငံက လူတွေလို ကိုယ်တိုင်ကလည်း နိုင်ငံသားကောင်း စိတ်ဓာတ်ရှိရဲ့လား။ စဉ်းစားဖို့ လိုတယ်။ နိုင်ငံသားကောင်းစိတ်ဓာတ်ရှိသူဟာ နိုင်ငံရဲ့ စည်းကမ်းဥပဒေကို လေးစားလိုက်နာတယ်ဗျ။ သူ့ကြောင့် သူ့ကြောင့်နဲ့ လက်ညိုးထိုးနေမယ့်အစား ကိုယ်က စပြင်နိုင်ဖို့ လိုတယ်။ ဒါမှ ကိုယ့်အတွက်လည်း စည်းကမ်းတကျနဲ့ အောင်မြင်နိုင်သလို။ ကိုယ့်နိုင်ငံအတွက်လည်း နိုင်ငံသားကောင်းစိတ်ဓာတ် ရှိသူအဖြစ် ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Citizenship ကို ထည့်ထားခြင်း ဖြစ်တယ်။

တစ်ကယ်တော့ ဒီ C ၅ လုံးဟာ ကလေးတွေရဲ့ ဘဝတစ်လျှောက်လုံးအတွက် တန်ဖိုးရှိတယ်။ ဒီ C ၅လုံးနဲ့ ဘဝကို အကောင်းဆုံး ရပ်တည်သွားနိုင်တယ်။
ဘာလို့လဲ ဆိုတော့ ဒီ C ၅ လုံးဟာ လူတစ်ယောက်ရဲ့ ဘဝကို အောင်မြင်စေတဲ့ စွမ်းရည်နဲ့ အရည်အချင်းကောင်းတွေ ဖြစ်နေလို့ပဲ။

ဒါကြောင့် ၂၁ ရာစု ပညာရေးစနစ်သစ်ရဲ့ မျှော်မှန်းတဲ့ ကျွမ်းကျင်မှု C ၅ လုံးအတွက် စာသင်ခန်းထဲမှာပဲ
သင်ခန်းစာအရ ခပ်ပေါ့ပေါ့ မလုပ်ကြပါနဲ့။

ကိုယ့်သင်ရတဲ့ ကလေးတွေကို အားလုံးနဲ့ ပြောတတ်ဆိုတတ်အောင် စနစ်တကျ လေ့ကျင့် သင်ပေးပါ။ ပူးပေါင်းမှုတန်ဖိုးကို သိပြီး အသင်းအဖွဲ့နဲ့ ဆောင်ရွက်တတ်အောင် လေ့ကျင့် ပျိုးထောင်ပေးပါ။ ဘဝကို အကောင်းဆုံး ဖန်တီးပြီး ကိုယ်ပိုင်ဟန်နဲ့ လျှောက်တတ်အောင် လမ်းဖွင့်ပေးပါ။ သညာအသိ ပညာသတိနဲ့ လေးနက်စွာ ဆန်းစစ် တွေးတောနိုင်အောင် လမ်းညွန်ပေးပါ။ နိုင်ငံသားကောင်းစိတ်ဓာတ် ရှိအောင် ပြသလေ့ကျင့်ပေးပါ။

ရိုးသားပြီး အေးချမ်းဖို့ တိုင်းပြည်ကို ပညာနဲ့ တည်ဆောက်ရပါတယ်။ တိုင်းပြည်ဆိုတာ ဆရာတွေရဲ့ လက်ထဲမှာ ရှိတယ်ဗျ....။

ဦးရဲ
ပညာရေး

#ဦးရဲ_ပညာရေး
#စနစ်သစ်ပညာရေး
#5_C
👍4
၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန်
လျှောက်လွှာတင်ထားပြီးဖြေဆိုခွင့်မရခဲ့တဲ့ကျောင်းသား/သူတွေအတွက် စာမေးပွဲပြန်ပြုလုပ်ပေးမယ်လို့ကြေညာ

မတ်လ ၂၀ ရက်။

၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန်လျှောက်လွှာတင်ထားပြီးဖြေဆိုခွင့်မရခဲ့တဲ့ကျောင်းသား/သူတွေအတွက်
အထူးအစီအစဥ် တစ်ရပ်အနေဖြင့်သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ပြည်နယ်ရှိသတ်မှတ်ထားသည့် စာစစ်ဌာနများတွင်စုစည်းခေါ်ယူပြီး ဖြေဆိုရန် ပြန်စီစဉ်ပေးမည်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကမတ်လ ၁၉ ရက်မှာ ကြေညာထားပါတယ်။

ဖြေဆိုမည့် နေ့ရက်နဲ့ စာစစ်ဌာနများအားထပ်မံထုတ်ပြန်ပေးမည်ဟုမြန်မာနိုင်ငံစာစစ်ဌာနကထုတ်ပြန်ချက်အရသိရပါတယ်။
စနစ်သစ်ပညာရေးအကြောင်း
ပညာရှင်အဆင့်(၄) ဖြေဆိုရမည့်နေ့
၂၆.၄.၂၀၂၄
👍2
ဆရာများအတွက် တတ်ကျွမ်းမှု စံသတ်မှတ်ချက်အညွှန်းဘောင် (TCSF)နှင့် ကျောင်းတွင်းအရည်အသွေးအာမခံမှု(IQA)တို့ချိတ်ဆက်၍ ဆရာအရည်အသွေး မြင့်မားစေရေးအတွက်

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃) စာတမ်းအကျဉ်းချုပ်များ http://www.moe.gov.mm/?q=mectitles2023
Teacher Competency Standards Framework(TCSF)

What is TCSF?

With a focus on beginning teachers, the TCSF aims to provide a mechanism to support the quality of teacher education against four key domains of practice: professional knowledge and understanding; skills and practice; values and dispositions; and professional learning and development.