Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.7K subscribers
3.82K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
စာတော်လို့ ပိုတွန်းအားပေးဖြစ်တဲ့ တပည့်တွေက
သား/သမီး တို့ အောင်တယ်ဆရာမ ဆိုပြီးတစ်ခွန်းလှမ်းပြောဖော်မရချိန်မှာ . .
ဆိုးလွန်းလို့ အကြိမ်ကြိမ်ဆုံးမရ အော်ဟစ်ခဲ့ရတဲ့ တပည့်တွေက
စာမေးပွဲကျလို့ နောက်တစ်နှစ်ပြန်ဖြေဖို့ ဘော်ဒါအသီးသီးသွားရတော့မှာမို့ဆိုပြီး လက်အုပ်ချီလာကန်တော့သွားကြတယ် . .

စာတော်လို့ ထူးချွန်စွာအောင်သွားပြီး ကျောင်းကောင်းကောင်းတက်နေတဲ့ တပည့်တွေက ပြန်တွေ့တဲ့အခါ နှုတ်ခမ်းလေးတွန့်ရုံပြုံး
ပြပြီး ဆရာမနေကောင်းလားလို့ ဝတ္တရားကျေ နှုတ်ဆက်တတ်တဲ့အချိန်မှာ . .
လူဆိုးလို့အမည်တပ်ခံရတဲ့ တပည့်တွေက လက်ထဲကဆေးလိပ်ကို ကဗျာကယာဖွက်/လွှင့်ပစ်ပြီး ဆရာမလို့ ဝမ်းသာအားရလာနှုတ်ဆက်ကြတယ် . .

စာတော်တဲ့တပည့်တွေက ကျောင်းပိတ်ရက်မှာ တစ်ခါမှ လာတွေ့ဖော်မရချိန်မှာ . .
စာညံ့လို့မြို့မှာကျန်နေခဲ့တဲ့တပည့်တွေက အိမ်လာရင်း ခိုင်းစရာရှိတာ ခေါ်ခိုင်းပါ ဆိုပြီးဖုန်းနံပါတ်ပါပေးသွားတတ်ကြတယ် . .

စာတော်တဲ့ တပည့်တွေက fb မှာ လာ add ပြီး ခပ်ချေချေဒီဇိုင်းနဲ့ နေပြီး လက်ရှိရောက်နေတဲ့ တက္ကသိုလ်က တီချယ်တွေကို ပိုချစ်ပြနေချိန်မှာ . .
ဆယ်တန်းမအောင်လို့ ရွာမှာနေရတဲ့ တပည့်တွေက cb ကနေ ဆရာမ သား/သမီးကိုမှတ်မိလား ဆရာမကိုသတိရတယ်လို့ မရဲတရဲ လာနှုတ်ဆက်ကြတယ် . .

စာတော်လို့ ကျောင်းမှာတန်ဘိုးထားပြီး အလေးပေးခဲ့တဲ့ ကျောင်းသားတွေက ကိုးတန်းတက်လို့ရပြီလို့ပြောတာတောင် ကျောင်းကြီးကို ပိုမက်မောတန်ဘိုးထားပြီး ရွာကျောင်းလေးကို လှည့်မကြည့်ချိန်မှာ . .
စာမရလို့ အော်ဟစ်ဆူပူနေရတဲ့ လူဆိုးတွေက ရောက်ရာအရပ်က ပြန်လာပြီး ရွာကျောင်းလေးကို အားဖြည့်နေကြတယ် . .

တပည့်ဆိုတာ ဆရာကသတ်မှတ်လို့မရဘူး . .
ကိုယ့်ကိုဆရာလို့သတ်မှတ်တဲ့ တပည့်ကသာ
ကိုယ့်တပည့်ဖြစ်တယ် . .

မိုင်မျိုးမျိုးဆန်း

အော် ခေတ် ခေတ် ခေတ် းးးးးးးးး
Credit........
❤1
အခုတလော ကလေးတွေ  ပျောက်နေတဲ့သတင်းတွေမကြာခဏ ကြားနေဖတ်နေရတဲ့အတွက် အင်မတန်မှစိတ်မကောင်းဖြစ်ရပါတယ်။

ဒါကြောင့် မိဘတွေအနေနဲ့ မိမိတို့၏ ကလေးများကို ပျောက်ရှခြင်းမရှိအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ အောက်ပါအတိုင်း သင်ကြားထားပေးကြပါ။
👍1
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် Programmable Scientific Calculator များ အသုံးပြုခွင့် မပြုပါ။ Programmable Scientific Calculator နှင့် Non-programmable Scientific Calculator များအကြား ယေဘူယျကွာခြားချက်များကို အောက်ပါ ဇယားတွင် ကြည့်ရှုနိုင်ပါသည်။ ထိုအချက်အလက်များသည် Programmable Calculator ဟုတ်/မဟုတ် အကြမ်းဖျင်း ခွဲခြားနိုင်သော ခြားနားချက်များသာဖြစ်ပါသည်။ Calculator Model ဖြင့် စစ်ဆေးမှသာ Programmable ဟုတ်/မဟုတ် ပိုမိုတိကျစွာ သတ်မှတ်ဆုံးဖြတ်နိုင်ပါမည်။ Programmable Calculator နမူနာတစ်ချို့ကိုလည်း ဖော်ပြအပ်ပါသည်။ ဖော်ပြထားသည်မှာ နမူနာတစ်ချို့သာဖြစ်ပါသည်။ အခြား Programmable Calculator အမျိုးအစားများလည်းရှိနိုင်ပါသည်။
❤1
✅ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ပထဝီဝင်၊ ဘောဂဗေဒ ဘာသာရပ်များ ဖြေဆိုရန် Non programmable scientific calculator အသုံးပြုခွင့် ပေးပါမည်။
‌‌‎ ‎
✅ မည်သည့် Non-programmable scientific calculator အမျိုးအစားမဆို အသုံးပြုနိုင်ပါသည်။ Brand, Model မကန့်သတ်ထားပါ။
‌‌‎ ‎
⛔️ သို့သော် Programmable လုံးဝမဖြစ်ရပါ။ Programmable Calculator ဖြစ်လျင် အသုံးပြုခွင့်ပေးမည် မဟုတ်ဘဲ သိမ်းဆည်းပါလိမ့်မည်။
‌‌‎ ‎
✅ ဖြေဆိုမည့်သူများ မိမိကိုယ်ပိုင် Non-programmable scientific Calculator ယူဆောင်ခဲ့နိုင်ပါသည်။ ခက်ခဲဒေသများနှင့် ဝေးလံဒေသများရှိ စာစစ်ဌာနများအတွက် စာမေးပွဲခန်းတွင် အသုံးပြုနိုင်ရန် Calculator များခွဲဝေပေးထားသော်လည်း ဖြေဆိုသူ အယောက်စေ့ တစ်ယောက်တစ်လုံးစီသုံးနိုင်မည်မဟုတ်ပါ။ အလှည့်ကျသာ သုံးနိုင်ပါမည်။

⛔️ Calculator အဖုံးနှင့် ဘူးခွံများ ယူဆောင်ခွင့်မပြုပါ။
‌‌‎ ‎
⛔️ မိမိကိုယ်ပိုင်ယူဆောင်လာမည့် Calculator ပေါ်တွင် မသမာမှုပြုလုပ်ရန် မည်သည့်တစ်စုံတစ်ရာမှ ပြုလုပ်လာခြင်း လုံးဝ မရှိစေရန် အထူးသတိပြုစေလိုပါသည်။ စာမေးပွဲခန်းမဝင်မီတွင် စစ်ဆေးသည့်အခါ Calculator ပေါ်တွင် မသမာမှုပြုလုပ်ရန် ပြုလုပ်ထားသည်ကို တွေ့ရှိပါက ချက်ခြင်းသိမ်းဆည်းပါလိမ့်မည်။ စာမေးပွဲခန်းအတွင်းရောက်မှ စစ်ဆေးတွေ့ရှိပါက စာမေးပွဲဆိုင်ရာ စည်းမျဉ်းစည်းများနှင့် အရေးယူပါလိမ့်မည်။
‎ ‎
👍1
(သင်တန်းမတက်ကြခင် ဒါလေးတွေတော့ သိထားရမယ်)

#သင်ရိုးညွှန်းတမ်း ဆိုသည်မှာ ပညာရေးရည်မှန်းချက်များ အောင်မြင်စေရန် ရည်ရွယ်၍ သင်ယူမှုရလဒ်များ၊ သင်ရိုးဝင်အကြောင်းအရာများ၊ သင်ကြားသင်ယူမှုနည်းလမ်းများနှင့် တတ်မြောက်မှု၊ စစ်ဆေးခြင်းတို့ အပါအဝင် ကျောင်းတွင်း/ပြင် လေ့လာသင်ယူရမည့် ပညာရေးနယ်ပယ်အလိုက် စနစ်တကျ ရေးဆွဲသတ်မှတ်ထားသော အစီစအဉ်များကို ဆိုလိုပါသည်။

#ရှေးဦးအရွယ်ကလေးသူငယ်ပညာရေး ဆိုသည်မှာ အသက် ၈-နှစ်ပြည့်သည်ထိ ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးမှုရရှိစေရန်၊ ဖွံ့ဖြိုးမှုအဆင့်နှင့် ကိုက်ညီသောနည်းလမ်းများကို အသုံးပြုပြီး ပြုစုပျိုးထောင်ပေးသော ပညာရေးကို ဆိုလိုပါသည်။

#ပညာရေးဘာသာရပ်များ ဆိုသည်မှာ ပညာရေးသဘောတရားဆိုင်ရာ အခြေခံများကို ဆိုလိုပါသည်။

#သူငယ်တန်းပညာရေး ဆိုသည်မှာ ပထမတန်းသို့ ကူးပြောင်းလွယ်ကူစေရန် အသက်(၅)နှစ်ပြည့်ကလေးများအတွက် ဘက်စုံဖွံ့ဖြိုးမှုနှင့် သင့်လျော်သောနည်းလမ်းများကို အသုံးပြု၊ ပြုစုပျိုးထောင်ပေးသည့် ပညာရပ်ဖြစ်သည်။

#မိခင်ဘာသာစကား ဆိုသည်မှာ ကျောင်းသားများ ပထမဆုံးအသုံးပြုသည့် ဘာသာစကား(သို့) အိမ်(သို့) တိုင်းရင်းသားမျိုးနွယ်စု အသိုင်းအဝိုင်း၌ ပြောဆိုသည့် ဘာသာစကားဖြစ်သည်။

#သင်ကြားသင်ယူရာတွင်အသုံးပြုသောဘာသာစကား ဆိုသည်မှာ သင်ကြားသင်ယူရာတွင် ပံ့ပိုးကူညီရန် ဆရာ/မများ စာသင်ခန်းအတွင်း အသုံးပြုသည့် ဘာသာစကားဖြစ်သည်။

#အတန်းတွဲသင်ကြားခြင်း ဆိုသည်မှာ အတန်း(၂)တန်း(သို့) (၂)တန်းထက်ပို၍ သင်ကြားနေခြင်းကို ဆိုလိုပါသည်။

#သင်ကြားနည်းအတတ်ပညာ ဆိုသည်မှာ ဝိဇ္ဇာ၊ သိပ္ပံ (သို့)သင်ကြားရေး အသက်မွေးဝမ်းကျောင်းအတတ်ပညာ ဖြစ်သည်။ လက်တွေ့ကျင့်သုံးမှု ပါဝင်သည်။

#ပညာရေးဆိုင်ရာအခွင့်အရေး ဆိုသည်မှာ ကလေးများအားလုံးအတွက် အခြေခံကျသော လူ့အခွင့်အရေးဖြစ်သည့် အခမဲ့မသင်မနေရ ပညာရေးကို ရည်ညွှန်းပါသည်။

#ကျောင်း ဆိုသည်မှာ သင်ကြားရေးအတွက် သက်ဆိုင်သည့် စံသတ်မှတ်ချက် အဆင့်အတန်းရှိသော ပညာရေးဆိုင်ရာ အခင်းအကျင်းတစ်ခု ဖြစ်သည်။

#ပညာရေးဆိုင်ရာအထူးလိုအပ်ချက် ဆိုသည်မှာ သင်ယူသူအားလုံး၏ သိမှုပိုင်းဆိုင်ရာ၊ ကာယပိုင်းဆိုင်ရာ၊ အသိဉာဏ်ပိုင်းဆိုင်ရာ လိုအပ်ချက်များ ရှိနေသော သင်ယူသူများအားလုံးနှင့် ၎င်းတို့နှင့် သင့်လျော်သော သင်ကြားနည်းများဖြင့် အသုံးပြု၍ ပညာသင်ကြားပေးခြင်းကို ဆိုလိုပါသည်။

#ကျောင်းသား ဆိုသည်မှာ ကျောင်းများနှင့် အခြားပညာရေးဆိုင်ရာ သင်ကြားရေးဌာနများရှိ သင်ယူသူအားလုံးကို ဆိုလိုပါသည်။

#ဆရာအတတ်ပညာ ဆိုသည်မှာ ဆရာအတတ်ပညာဖြင့် လုပ်ငန်းခွင်ဝင်ရောက်သူများက သင်ယူသူများ၏ သင်ယူတိုးတက်ရေးကို ဆောင်ရွက်နိုင်ရန် လိုအပ်သော အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှု စိတ်နေသဘောထားနှင့် အတွေ့အကြုံများ ရရှိစေသည့် ပညာရေးကို ဆိုလိုပါသည်။

#မိဘ ဆိုသည်မှာ သင်ယူသူကျောင်သားများအတွက် တာဝန်ယူဆောင်ရွက်ပေးနေသော မိဘများ၊ ပြုစုစောင့်ရှောက် သူများ၊ အပ်ထိန်းသူများနှင့် အခြားအရွယ်ရောက်သူများ အားလုံးပါဝင်သည်။

#ဆရာ ဆိုသည်မှာ အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို သင်ကြားရန် တာဝန်ရှိသူလူအားလုံးဖြစ်သည်။
👍3
Mar 5

မတ်လအတွက် ၁၀ ရက်အတွင်း လျှောက်ထားပါ။

xxxxxxxxxxxxxxxxxxxxxxx

ပင်စင်စားများ ဘဏ်ကိုသွားစရာမလိုဘဲ ကိုယ်ပိုင်ဖုန်းနဲ့ ထုတ်တဲ့စနစ် ဟာ အင်မတန်လုံခြုံစိတ်ချရပြီး စိတ်ချမ်းသာမှု၊ယုံကြည်စိတ်ချရမှု၊လွယ်ကူလျင်မြန်မှုနဲ့ ခရီးထွက်လည်း ကြိုက်တဲ့အချိန်ကြိုက်သလို ထုတ်လို့ရတာမို့ လျှောက်ထားလာသူများ နေ့စဥ်၊လစဥ် တိုးတက်များပြားလာလျက်ရှိပါတယ်။

ယခု မတ်လ အတွက်လည်း တနိုင်ငံလုံးရှိ ဖွင့်လှစ်ထားတဲ့မြန်မာ့စီးပွားရေးဘဏ်များမှာ အလွယ်တကူလျှောက်ထားနိုင်ကြောင်းနှင့် မတ်လ ၁၀ ရက်နေ့နောက်ဆုံး လျှောက်ထားနိုင်ကြောင်း သတိပေးကြေငြာအပ်ပါတယ်။

လျှောက်ထားလိုခြင်း၊စုံစမ်း မေးမြန်း လိုခြင်းများ၊အခက်အခဲရှိက ဖြေရှင်းဆောင်ရွက်ပေးပါမည်။

Hot Line 0931001535/09444005190
👍1