Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.7K subscribers
3.82K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
"ငါ သင်တာ ပိုတတ်တယ်
ငါ့ ကျောင်းက ပိုကောင်းတယ်" ဆိုတဲ့
အတ္တလောဘကြောင့်တော့....

စာမေးပွဲမှာ ကိုယ့်ကလေး A ရဖို့
မေးခွန်းကို ကြိုမဖောက်ကြပါနဲ့ဗျာ

တစ်ခုတော့ရှိပါတယ်....
မေးခွန်းပေါက်ကြားတိုင်းလည်း ကျောင်းက ဆရာ/မတွေ‌ ကြောင့်ချည်းပဲ မထင်လိုက်ကြပါနဲ့အုံး.......

ကျောင်းကိုရောက်လာတဲ့ မေးခွန်းထုပ်က ချိပ်နဲ့ သေချာပိတ်ခဲ့ပြီးသား။ ကြီးကြပ်ရေးမှူးက လ/ထကြီးကြပ်ရေးမှူးများ အားလုံးရှေ့ ချိပ်ကောင်းကြောင်း စိစစ်လက်မှတ်ရေးထိုးစေပြီးမှ မေးခွန်းအိတ် ဖောက်ခွင့် ရှိတာမျိုးပါ။

ကျေးဇူးတင်ပါတယ်..

ဦးရဲ
ပညာရေး

https://www.facebook.com/100055813845968/posts/pfbid0APBLz2uWQyRg3TdGKkRzx4AAEGrq7kEzyyvR3fFHrw5XbLYSEtKJWuXkyG5g47W8l/?mibextid=NOb6eG
စနစ်သစ် အထက်တန်း သင်ရိုးမှာက Scientific Calculator အသုံးပြုဖို့လိုပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲမှာလည်း သင်္ချာ၊ ဓါတု၊ ရူပ ဘာသာရပ်တွေအတွက် Scientific Calculator အသုံးပြုခွင့် ပေးမယ်လို့ ကြေညာထားတာပါ။ အဲဒီတော့ Scientific Calculator တွေ ဝယ်ဖို့ လိုအပ်လာကြရော။ အဲဒီလို ဝယ်တဲ့နေရာမှာ Scientific Calculator နဲ့ မနီးစပ်တဲ့သူတွေအတွက် သိသင့်တာလေးတွေ ပြောပြချင်လို့ ဒီစာကို ရေးပါတယ်။
သင်ရိုးအဖွဲ့က အသုံးပြုဖို့ Recommend ပေးထားတာက Casio FX-991ES Plus 2nd Edition ပါ။ အဲဒီ Model အမျိုးစား Calculator တွေက မြန်မာပြည် ဈေးကွက်မှာလည်း အလွယ်တကူ ဝယ်လို့ရပါတယ်။ ဒီနေရာမှာ အမျိုးအစားတူပေမယ့် မူကွဲ ၃ မျိုးရှိပါတယ်။ အရည်အသွေးကွာသလို ဈေးလည်းအတော်ကွာပါတယ်။ ဘယ်အမျိုးအစားဖြစ်ဖြစ် Made in Thailand စာတန်းပါတာချည်းပဲ။ ဒါပေမယ့် ၂ မျိုးက အတု။ ၁ မျိုးပဲ အစစ်။
Casio Calculator တွေမှာက စစ်မှန်မှု Authenticity ကိုစစ်နိုင်တဲ့ QR Code တွေ ၂ နေရာမှာပါတယ်။
တစ်ခုက စက္ကူဗူးခွံပေါ်မှာ။ နောက်တစ်ခုက Calculator က Mode + 0 ကိုနှိပ်လိုက်ရင် QR Code ထွက်လာတယ်။ အဲဒီ QR နှစ်မျိုးကို Scan ဖတ်ပြီး စစ်ကြည့်ရင် အတုလား၊ အစစ်လား ခွဲနိုင်ပါတယ်။
အဲဒီလို QR Code တွေက အတုမှာလည်းပါတယ်။ အစစ်မှာလည်းပါတယ်။ ဒါပေမယ့် အတုမှာပါတဲ့ QR Code တွေက တကယ်အလုပ်မလုပ်ဘူး။ အဲဒီ Calculator သုံးမျိုးအကြောင်း တစ်ခုချင်းစီ ပြောပြပါမယ်။

၁။ ရေမရောတဲ့ အတုစစ်စစ်
Made in Thailand လို့ပဲ ရေးတယ်။ Build Quality အတော်လေးညံ့တယ်။ ဗူးခွံပေါ်က QR Code ကိုဖတ်လိုက်ရင် education.casio.com ဆိုတဲ့ General Website ကိုပဲ သွားတယ်။ စစ်မှန်မှုကို စစ်လို့မရဘူး။ Calculator ထဲက QR Code ကို ဖတ်ပြီး စစ်ရင်လည်း education.casio.com ကိုပဲသွားတယ်။ အဲဒီမှာ ဘာမှစစ်လို့မရဘူး။ ဘူးခွံပေါ်က QR ကုတ် အောက်ခြေခံ ရောင်ပြန်စာဟိုလိုဂရမ်စာသားကလည်း အရောင်မပြောင်းဘူး။ ငွေရောင်ပေါ်မှာ ဒီအတိုင်း ပုံသေကြီး။ အဲဒီ အတုစစ်စစ်မှာက ဆိုလာပြားနဲ့ ဟန်ကျပန်ကျပါပေမယ့် ဆိုလာက တကယ်အလုပ်မလုပ်ဘူး။ ဓါတ်ခဲနဲ့ပဲ သုံးရတာဖြစ်လို့ ဓါတ်ခဲကုန်သွားရင် ဓါတ်ခဲ လဲရမယ်။ အခု ဈေးကွက်ထဲမှာ ပေါက်ဈေးက တစ်သောင်းခွဲ ပတ်ချာလည်မှာပဲရှိတယ်။ အတုဆိုသော်ငြား ဂဏန်းတွက်လို့ရတယ်။ တကယ့်အစစ်နဲ့ဆို ငါးလုံး တစ်လုံးလောက်ကွာတယ်။ ဈေးအများကြီး မတတ်နိုင်ဘူးဆိုရင်တော့ ဒီလောက်တန်ဝယ်ကိုင်လည်း အဆင်ပြေတယ်။ ရိုရိုသေသေတော့ ကိုင်ပေါ့။ လွတ်မကျစေနဲ့။ ပြုတ်မကျစေနဲ့။ အိတ်ထဲထည့်မယ်ဆို သေချာလေးထည့်။ အဲဒါဆိုရင် သူလည်း သူ့ဈေးတန်းနဲ့သူ သုံးပျော်ပါတယ်။ ရိုရိုသေသေကိုင်ရင် ၂ နှစ် ၃ နှစ်တော့ ကိုင်လို့ရမှာပါ။ အတုကြီးကို အစစ်ဈေး ပေးမဝယ်မိဖို့ပဲ လိုတာပါ။

၂။ အစစ်ယောင်ဆောင်သောအတု
ဒီ Calculator ကလည်း Made in Thailand စာသားနဲ့ပဲ။ ဗူးခွံပေါ်က QR Code က ဟိုအတုစစ်စစ်လိုပဲ education.casio.com ဆိုတဲ့ General Website ကိုပဲ သွားတယ်။ ဗူးခွံကတော့ အစစ်မဟုတ်ဘူး။ ဟိုအတုစစ်စစ်လိုပဲ ဗူးခွံ QR အောက်က ဟိုလိုဂရမ်က အရောင်မပြောင်းဘူး။ Calculator ထဲက QR Code ကို ဖတ်ပြီးစစ်ရင် တကယ့် Casio authenticity check website ကိုသွားတယ်။ စစ်လိုက်ရင်လည်း အစစ်ဖြစ်ကြောင်းပြတယ်။ ဒါပေမယ့် အဲဒါကလည်း အတု။ ဘယ်လို တုလဲဆိုတော့ Casio အစစ်ရဲ့ QR ကို ပုံတူပွားပြီးတော့ ထည့်ထားတာ။ ဒါပေမယ့် အဲဒီ QR ID တွေက အကုန်လုံး တစ်ခုတည်း။ Unique ID မဟုတ်ဘူး။ တကယ့်အစစ်မှာက စက်တစ်လုံးကို ID တစ်ခုနှုန်းနဲ့ Unique ID ဖြစ်တယ်။ ဒီ အစစ်ယောင်ဆောင်တဲ့အတုက Build Quality ကတော့ ဟိုအတုစစ်စစ်ထက် နည်းနည်းပိုကောင်းသယောင်တော့ရှိတယ်။ ဆိုလာဆဲလ်က တကယ် အလုပ်လုပ်သလား၊ မလုပ်ဘူးလားတော့ မသိရဘူး။ ဈေးကလည်း သုံးသောင်းခွဲ ပတ်ချာလည်မှာရှိတယ်။ ဒါကတော့ သုံးသင့်လား မသုံးသင့်လား မသိဘူး။

၃။ အမှန်အကန် ပစ္စည်းအစစ်
အမှန်အကန် ပစ္စည်းအစစ်ကတော့ မြန်မာဈေးကွက်ထဲမှာ အရောင် ၃ မျိုးတွေ့ရတယ်။ ပန်းရောင်၊ အပြာရောင်နဲ့ အနက်ရောင်။ မြန်မာပြည်က Authorized Dealer က တင်သွင်းရောင်းချတယ်လို့ သိရတယ်။ ဗူးခွံပေါ်က QR နဲ့ စစ်ရင် Casio authenticity check website ကိုသွားတယ်။ အမှန်အကန်ဖြစ်ကြောင်းလည်း ပြတယ်။ QR အောက်က ဟိုလိုဂရမ်က ဟိုဘက်ဒီဘက် လှုပ်ကြည့်ရင် အရောင်ပြောင်းတယ်။ Mode + 0 နဲ့ Calculator Screen မှာ QR ဖော်ပြီး Scan ဖတ်ကြည့်ရင်လည်း အမှန်အကန်ဖြစ်ကြောင်း ပြတယ်။ ကိုင်ကြည့်လိုက်တာနဲ့ အစစ်မှန်း သိသာတဲ့ Build Quality ရှိတယ်။ ဈေးကလည်း ရှစ်သောင်းကျော် ကိုးသောင်းဝန်းကျင်ရှိတယ်။ ငွေဈေးတက်ရင် ထပ်တက်မယ့်သဘောရှိတယ်။ ရိုရိုသေသေနဲ့ ရေရှည်ကိုင်မယ်ဆိုရင်တော့ ဒီ အစစ်ကို ဝယ်သင့်တယ်။ အနည်းဆုံး တက္ကသိုလ်ရောက်တဲ့အထိ ဒါပဲ ကိုင်မယ်လို့ ရည်မှန်းပြီးတော့ သုံးမယ်ဆိုရင် တန်တယ်။
❤2👍1
လူတိုင်းက ကိုယ်တတ်နိုင်တဲ့အပေါ် မူတည်ပြီး ဘယ်လို ဈေးတန်းကို ဝယ်မလဲ ရွေးချယ်ကြရမှာပါပဲ။ ဒီ ပို့စ်ကို ရေးဖြစ်တာက အစစ်ဈေးပေးပြီး အတုကြီး မဝယ်မိစေဖို့ပါ။ အထူးသဖြင့် နံပါတ် ၂ အလုံးမျိုးကို အစစ်ပါဆိုပြီး ခွင်ရိုက်ရောင်းနေတာမျိုး ရှိပါတယ်။ သူ့ပစ္စည်းတန်းနဲ့ သူ့ဈေးနဲ့သူ ရောင်းနေတာမျိုးဆိုရင်တော့ ဘာမှ ပြောစရာမရှိပါဘူး။ ကိုယ်ကြိုက်ရာ၊ တတ်နိုင်ရာ ရွေးဝယ်ကြရုံပေါ့။
🤔CASIO Scientific Calculator : fx-991 ES PLUS (2nd Edition) အစစ်နှင့်အတုကို ဘယ်လိုခွဲခြားသိနိုင်မလဲ❓

စျေးကွက်အတွင်းဝင်ရောက်နေတဲ့ CASIO Calculator အတုများကို CASIO Calculators Myanmar Customer များအနေဖြင့် အဝယ်မမှားရလေအောင် ရွေးချယ်ဝယ်ယူနိုင်ဖို့အတွက် CASIO Scientific Calculator အစစ်နှင့်အတု နှိုင်းယှဉ်ချက်များကို ဖော်ပြပေးလိုက်ပါတယ် ။
❤1
စာတော်လို့ ပိုတွန်းအားပေးဖြစ်တဲ့ တပည့်တွေက
သား/သမီး တို့ အောင်တယ်ဆရာမ ဆိုပြီးတစ်ခွန်းလှမ်းပြောဖော်မရချိန်မှာ . .
ဆိုးလွန်းလို့ အကြိမ်ကြိမ်ဆုံးမရ အော်ဟစ်ခဲ့ရတဲ့ တပည့်တွေက
စာမေးပွဲကျလို့ နောက်တစ်နှစ်ပြန်ဖြေဖို့ ဘော်ဒါအသီးသီးသွားရတော့မှာမို့ဆိုပြီး လက်အုပ်ချီလာကန်တော့သွားကြတယ် . .

စာတော်လို့ ထူးချွန်စွာအောင်သွားပြီး ကျောင်းကောင်းကောင်းတက်နေတဲ့ တပည့်တွေက ပြန်တွေ့တဲ့အခါ နှုတ်ခမ်းလေးတွန့်ရုံပြုံး
ပြပြီး ဆရာမနေကောင်းလားလို့ ဝတ္တရားကျေ နှုတ်ဆက်တတ်တဲ့အချိန်မှာ . .
လူဆိုးလို့အမည်တပ်ခံရတဲ့ တပည့်တွေက လက်ထဲကဆေးလိပ်ကို ကဗျာကယာဖွက်/လွှင့်ပစ်ပြီး ဆရာမလို့ ဝမ်းသာအားရလာနှုတ်ဆက်ကြတယ် . .

စာတော်တဲ့တပည့်တွေက ကျောင်းပိတ်ရက်မှာ တစ်ခါမှ လာတွေ့ဖော်မရချိန်မှာ . .
စာညံ့လို့မြို့မှာကျန်နေခဲ့တဲ့တပည့်တွေက အိမ်လာရင်း ခိုင်းစရာရှိတာ ခေါ်ခိုင်းပါ ဆိုပြီးဖုန်းနံပါတ်ပါပေးသွားတတ်ကြတယ် . .

စာတော်တဲ့ တပည့်တွေက fb မှာ လာ add ပြီး ခပ်ချေချေဒီဇိုင်းနဲ့ နေပြီး လက်ရှိရောက်နေတဲ့ တက္ကသိုလ်က တီချယ်တွေကို ပိုချစ်ပြနေချိန်မှာ . .
ဆယ်တန်းမအောင်လို့ ရွာမှာနေရတဲ့ တပည့်တွေက cb ကနေ ဆရာမ သား/သမီးကိုမှတ်မိလား ဆရာမကိုသတိရတယ်လို့ မရဲတရဲ လာနှုတ်ဆက်ကြတယ် . .

စာတော်လို့ ကျောင်းမှာတန်ဘိုးထားပြီး အလေးပေးခဲ့တဲ့ ကျောင်းသားတွေက ကိုးတန်းတက်လို့ရပြီလို့ပြောတာတောင် ကျောင်းကြီးကို ပိုမက်မောတန်ဘိုးထားပြီး ရွာကျောင်းလေးကို လှည့်မကြည့်ချိန်မှာ . .
စာမရလို့ အော်ဟစ်ဆူပူနေရတဲ့ လူဆိုးတွေက ရောက်ရာအရပ်က ပြန်လာပြီး ရွာကျောင်းလေးကို အားဖြည့်နေကြတယ် . .

တပည့်ဆိုတာ ဆရာကသတ်မှတ်လို့မရဘူး . .
ကိုယ့်ကိုဆရာလို့သတ်မှတ်တဲ့ တပည့်ကသာ
ကိုယ့်တပည့်ဖြစ်တယ် . .

မိုင်မျိုးမျိုးဆန်း

အော် ခေတ် ခေတ် ခေတ် းးးးးးးးး
Credit........
❤1
အခုတလော ကလေးတွေ  ပျောက်နေတဲ့သတင်းတွေမကြာခဏ ကြားနေဖတ်နေရတဲ့အတွက် အင်မတန်မှစိတ်မကောင်းဖြစ်ရပါတယ်။

ဒါကြောင့် မိဘတွေအနေနဲ့ မိမိတို့၏ ကလေးများကို ပျောက်ရှခြင်းမရှိအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ အောက်ပါအတိုင်း သင်ကြားထားပေးကြပါ။
👍1
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် Programmable Scientific Calculator များ အသုံးပြုခွင့် မပြုပါ။ Programmable Scientific Calculator နှင့် Non-programmable Scientific Calculator များအကြား ယေဘူယျကွာခြားချက်များကို အောက်ပါ ဇယားတွင် ကြည့်ရှုနိုင်ပါသည်။ ထိုအချက်အလက်များသည် Programmable Calculator ဟုတ်/မဟုတ် အကြမ်းဖျင်း ခွဲခြားနိုင်သော ခြားနားချက်များသာဖြစ်ပါသည်။ Calculator Model ဖြင့် စစ်ဆေးမှသာ Programmable ဟုတ်/မဟုတ် ပိုမိုတိကျစွာ သတ်မှတ်ဆုံးဖြတ်နိုင်ပါမည်။ Programmable Calculator နမူနာတစ်ချို့ကိုလည်း ဖော်ပြအပ်ပါသည်။ ဖော်ပြထားသည်မှာ နမူနာတစ်ချို့သာဖြစ်ပါသည်။ အခြား Programmable Calculator အမျိုးအစားများလည်းရှိနိုင်ပါသည်။
❤1