Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.7K subscribers
3.82K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
(ဆ) အပြစ်ကြောင့်ရာထူးလျှော့ချခြင်းခံရပါက ယင်းရာထူးလျှော့ချသည့် အမိန့်ပါသတ်မှတ်ကာလအတွင်း ရာထူးတိုးမြှင့်မပေးရ ။
(ဇ) ရာထူးတစ်ခုတွင် အစမ်းခန့်ထားခြင်းခံရစဉ်ကာလအတွင်း ရာထူးတိုးမြှင့်မပေးရ ။
(စျ) တာ၀န်မှယာယီရပ်ဆိုင်းထားခြင်းခံရစဉ်ကာလအတွင်း ရာထူးတိုးမြှင့်မပေးရ ။

၅။ ၀န်ထမ်းပြစ်ဒဏ် (၉) မျိုး

ဌာနဆိုင်ရာစစ်ဆေးမှုအရ ၀န်ထမ်းတွင်အပြစ်ရှိကြောင်း တွေ့ရှိရပါက အောက်ဖော်ပြပါပြစ်ဒဏ်တစ်ရပ်ရပ်ကိုဖြစ်စေ၊ ပြစ်ဒဏ်တစ်ရပ်ထက်ပို၍ဖြစ်စေ နည်းဥပဒေ၊ စည်းမျဉ်း၊စည်းကမ်းများနှင့်အညီ ချမှတ်နိုင်သည် -
(က) စာဖြင့်သတိပေးခြင်း
(ခ) နှစ်တိုးလစာရပ်ဆိုင်းခြင်း
(ဂ) ရာထူးတိုးမြှင့်ခြင်းကို ရပ်ဆိုင်းခြင်း
(ဃ) လစာနှုန်းအတွင်း လစာလျှော့ချခြင်း
(င) ရာထူးအဆင့်လျှော့ချခြင်း
(စ) ပေါ့လျော့မှုကြောင့်ဖြစ်စေ၊ အမိန့်နှင့်ညွှန်ကြားချက်များကို မလိုက်နာမှုကြောင့်ဖြစ်စေ၊ ပေါ်ပေါက်သည့်ဆုံးရှုံးမှုတန်ဖိုးအပြည့်အ၀(သို့မဟုတ်) တစ်စိတ်တစ်ဒေသကို ပေးလျော်စေခြင်း ။
(ဆ) တာ၀န်မှယာယီရပ်ဆိုင်းခဲ့သည့်ကာလအတွက် လစာအပြည့်ခံစားခွင့်မပြုခြင်း သို့မဟုတ် ထိုကာလကို တာ၀န်ချိန်အဖြစ် မသတ်မှတ်ခြင်း
(ဇ) ရာထူးမှ ထုတ်ပယ်ခြင်း
(စျ) ၀န်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း တို့ဖြစ်ကြပါသည်။

၆။ ပင်စင်အမျိုးအစား (၇) မျိုး

(က) သက်ပြည့်ပင်စင်
(ခ) နှစ်ပြည့်ပင်စင်
(ဂ) နာမကျန်းပင်စင်
(ဃ) လျော်ကြေးပင်စင်
(င) အထူးပင်စင်
(စ) မိသားစုပင်စင်
(ဆ) လျှော့ပေါ့ပင်စင်

လင်္ကာ - သက် နှစ် နာ လျော်၊ ထူး မိ လျှော့

အပိုင်း(၂)

၇။ ၀င်စာများကို အရေးယူဆောင်ရွက်ရခြင်းရည်ရွယ်ချက် (၅) ချက်

(က) စာများပျောက်ဆုံးမှု မရှိစေရန် ။
(ခ) စာများပေါက်ကြားမှု မရှိစေရန် ။
(ဂ) လုံခြုံစွာ ထိန်းသိမ်းကွပ်ကဲနိုင်ရန် ။
(ဃ) လိုအပ်သည့်အခါ အလွယ်တကူ ရှာဖွေ တွေ့ရှိ ဆောင်ရွက်နိုင်စေရန် ။
(င) ရုံးလုပ်ငန်းများကို ထိရောက် မြန်ဆန် မှန်ကန်စွာ ဆောင်ရွက်နိုင်စေရန် အတွက်ဖြစ်ကြပါသည်။

၈။ ထွက်စာများကို အရေးယူဆောင်ရွက်ရခြင်းရည်ရွယ်ချက် (၃) ချက်

(က) ထွက်စာ စာရင်း၊ ထွက်စာ ဦးရေ အတိအကျ သိရှိနိုင်ရန် ။
(ခ) နောင်တွင် ရည်ညွှန်းကိုးကားရန်လိုအပ်သည့်အခါ အလွယ်တကူရှာဖွေ တွေ့ရှိ ဆောင်ရွက်နိုင်စေရန် ။
(ဂ) ထွက်စာတစ်စောင်ကို မည်သည့်နေ့ရက်တွင် မည်သူ့ထံသို့ပေးပို့ခဲ့ကြောင်း အခိုင်အမာသိရှိနိုင်စေရန် တို့အတွက် ဖြစ်ပါသည်။

၉။ စာရွက်စာတမ်းများကို လုံခြုံစွာကိုင်တွယ်ထိန်းသိမ်းရခြင်းရည်ရွယ်ချက် (၃) ချက်

(က) မိမိ ရုံး/ဌာန/အဖွဲ့အစည်းရှိ စာရွက်စာတမ်းများကို ပေါက်ကြားမှုမရှိစေဘဲ လုံခြုံစွာ ကိုင်တွယ် အရေးယူဆောင်ရွက်နိုင်စေရန် ။
(ခ) လုံခြံမှုအဆင့်အတန်းနှင့် ဦးစားပေးအဆင့်အလိုက် စာရွက်စာတမ်းများကို သတ်မှတ်ထားသောစည်းမျဉ်းစည်းကမ်းများနှင့်အညီ ကိုင်တွယ်ဆောင်ရွက်နိုင်စေရန် ။
(ဂ) ရုံးလုပ်ငန်းများကို ထိရောက်မြန်ဆန်စွာ အရေးယူဆောင်ရွက်နိုင်စေရန် ။

၁၀။ စာရွက်စာတမ်းများ လုံခြုံမှုအဆင့်အတန်း (၅) မျိုး

(က) ထိပ်တန်းလျှို့ဝှက် ။
(ခ) လျှို့ဝှက် ။
(ဂ) အတွင်းရေး ။
(ဃ) ကန့်သတ် ။
(င) ရိုးရိုး ။

၁၁။ ရုံးစာရေးသားနည်း (၉) မျိုး

(က) စာတမ်း
(ခ) အကျဉ်းချုပ်စာ
(ဂ) အတိုချုံးရေးစာ
(ဃ) စာပေးစာယူ
(င) အမိန့်နှင့်ညွှန်ကြားချက်
(စ) အစည်းအဝေးမှတ်တမ်း
(ဆ) ခရီးသွားမှတ်တမ်း
(ဇ) လုပ်ငန်းမှတ်တမ်း
(စျ) လုပ်ငန်းစီမံချက်

လင်္ကာ - တမ်း ကျဉ်း တို ပေး၊ မိန့် ဝေး သွား လုပ် စီ

၁၂။ စာပေးစာယူအမျိုးအစား (၅) မျိုး

(က) အမှာစာ
(ခ) ရင်းနှီးမှုဖြင့်ပေးသောရုံးစာ
(ဂ) ကိုယ်ရေးစာ
(ဃ) ရုံံးတွင်းပေးစာ
(င) သာမန်ရုံးစာ

လင်္ကာ - မှာ ရင်း ကိုယ် ရုံး သာ

မှတ်ချက်။ အထက်ပါ အချက်(၁၂)ချက်မှာ ၀န်ထမ်းများတစ်ဆင့်မြင့်ရာထူးတိုး ရေးဖြေ/လူတွေ့ စာမေးပွဲများမှာ စစ်မေးလေ့ရှိပြီး၊ ၀န်ထမ်းတစ်ယောက်အနေနဲ့လည်း မဖြစ်မနေသိရှိထားသင့်တဲ့အချက်အလက်များ ဖြစ်ပါတယ်။

အသေးစိတ်ထပ်မံလေ့လာလိုပါက အောက်ပါ ကိုးကားစာအုပ်များတွင် လေ့လာနိုင်ပါတယ်။

ကိုးကား - ရုံးလုပ်ငန်းလက်စွဲစာအုပ် ၊ နိုင်ငံ၀န်ထမ်းဥပဒေစာအုပ်၊ နိုင်ငံ့၀န်ထမ်းနည်းဥပဒေစာအုပ်၊ ပြည်သူ့၀န်ထမ်းဂျာနယ်

အပိုင်း(၁)

၁။ ၀န်ထမ်းများလိုက်နာရန် တာ၀န်(၁၂)ချက်

(က) နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရိုသေခြင်း ။
(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများပါပြဋ္ဌာန်းချက်များကို လိုက်နာခြင်း ။
(ဂ) နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွားကို အလေးထား၍ဆောင်ရွက်ခြင်း ။
(ဃ) နိုင်ငံတော်ပိုင်ပစ္စည်း၊နိုင်ငံတော်ဘဏ္ဍာများ လေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် အလွဲသုံးစားမှုမပြုရေးတို့အတွက် ထိန်းသိမ်းစောင့်ရှောက်ခြင်း ။
(င) မိမိအားပေးအပ်ထားသောတာ၀န်နှင့်၀တ္တရားများကို ကျေပွန်စွာထမ်းဆောင်ခြင်း ။
(စ) ဤဥပဒေအရပြုလုပ်သော နည်းဥပဒေ၊စည်းမျဉ်း၊စည်းကမ်းများ၊အမိန့်၊ညွှန်ကြားချက်များ၊ ၀န်ထမ်းအဖွဲ့အစည်းအလိုက် သီးခြားသတ်မှတ်ထားသော လုပ်ငန်းခွင်စည်းကမ်းများ၊ အမိန့်နှင့်ညွှန်ကြားချက်များကို လေးစားလိုက်နာခြင်း ။
❤1👍1
(ဆ) ပါတီနိုင်ငံရေးကင်းရှင်းခြင်း ။
(ဇ) ပြည်ထောင်စုရာထူး၀န်အဖွဲ့ကသတ်မှတ်ထားသော သင်တန်းများကို တက်ရောက်ခြင်း ။
(စျ) အကျင့်စာရိတ္တပျက်ပြားခြင်းနှင့် သိက္ခာမဲ့စွာပြုမူနေထိုင်ခြင်းတို့မှ ရှောင်ကြဉ်ခြင်း ။
(ည) တာ၀န်အရ အပ်နှင်းထားသည့်လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခြင်းမှ ရှောင်ကြဉ်ခြင်း ။
(ဋ) လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်းမှ ရှောင်ကြဉ်ခြင်း ။
(ဌ) ပြည်သူကို ရိုသေလေးစားစွာ ၀န်ဆောင်မှုပေးခြင်း တို့ ဖြစ်ပါသည်။

၂။ ၀န်ထမ်းများခံစားခွင့့်ရှိသည့် အခွင့်အရေး (၁၈)ချက်

(က) အလုပ်တည်မြဲခွင့် ။
(ခ) လုပ်ငန်းခွင် အာမခံချက်ရခွင့် ။
(ဂ) လုပ်အား၊အတတ်ပညာ၊ တာ၀န်ထမ်းဆောင်မှုနှင့်လျော်ညီသည့်လစာ၊ ထောက်ပံ့ကြေး၊ခရီးစရိတ်နှင့် အခြားစရိတ်ခံစားခွင့် ။
(ဃ) ရာထူးတိုးမြှင့်ခွင့် ။
(င) ပညာလေ့လာဆည်းပူးခွင့် ။
(စ) ခွင့်ခံစားခွင့် ။
(ဆ) ထူးချွန်မှု၊စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်မှုတို့အတွက် ချီးမြှင့်ခြင်းကိုခံစားခွင့် ။
(ဇ) ဆေးစစ်ခံယူမှုနှင့် ဆေးကုသမှုခံယူခွင့် ။
(စျ) အငြိမ်းစားယူခွင့် ။
(ည) တာ၀န်ထမ်းဆောင်မှုကိုအကြောင်းပြု၍ ထိခိုက်ဒဏ်ရာရခြင်း၊ မသန်စွမ်းဖြစ်ခြင်းနှင့် သေဆုံးခြင်းတို့အတွက် အထူးပင်စင်ခံစားခွင့် ။
(ဋ) အမျိုးသမီး၀န်ထမ်းဖြစ်ပါက တူညီသောအလုပ်အတွက် အမျိုးသား၀န်ထမ်းများနည်းတူ အကျိုးခံစားခွင့်အပြင် မီးဖွားခြင်းဆိုင်ရာအကျိုးခံစားခွင့် ။
(ဌ) ပါတီနိုင်ငံရေးနှင့်ကင်းရှင်းသော အသင်းအဖွဲ့များတွင် ပါ၀င်ခွင့် ။
(ဍ) ၀န်ထမ်းရေးရာခံစားခွင့်၊ဆုံးရှုံးနစ်နာမှုများနှင့်စပ်လျဉ်း၍ တင်ပြခွင့်၊ရှင်းလင်းထုချေခွင့်နှင့်အယူခံခွင့် ။
(ဎ) ရာထူးအနွယ်ပိုင်ဆိုင်ခွင့် ။
(ဏ) ကူးပြောင်းချိန်ပိုင်ဆိုင်ခွင့် ။
(တ) ပြင်ပ၀န်ထမ်းစည်းကမ်းချက်ဖြင့် လွှဲပြောင်းတာ၀န်ထမ်းဆောင်ခွင့် ။
(ထ) လုပ်သက်ဆုငွေနှင့် အငြိမ်းစားလစာခံစားခွင့် ။
(ဒ) ပြည်ထောင်စုအစိုးရအဖွဲ့က အခါအားလျော်စွာသတ်မှတ်သော အခြားခံစားခွင့် တို့ဖြစ်ကြပါသည်။

၃။ ၀န်ထမ်းများခံစားခွင့်ရှိသည့် ခွင့် (၁၀ ) မျိုး

(က) ရှောင်တခင်ခွင့်
(ခ) ကူးစက်ရောဂါကာကွယ်ခွင့်
(ဂ) လုပ်သက်ခွင့်
(ဃ) ဆေးလက်မှတ်ခွင့်
(င) မီးဖွားခွင့်
(စ) လစာမဲ့ခွင့်
(ဆ) ဆေးရုံခွင့်
(ဇ) အထူးမသန်စွမ်းခွင့်
(စျ) သင်္ဘောသားနာမကျန်းခွင့်
(ည) ပညာလေ့လာဆည်းပူးခွင့်

လင်္ကာ - ရှောင် ကူး လုပ် ဆေး ၊ မီး မဲ့ ရုံ စွမ်း နာ ညာ

၄။ ၀န်ထမ်းများ ရာထူးတိုးမြှင့်ခံစားခွင့်မရှိသည့် အခြေအနေ(၉) ရပ်

၀န်ထမ်းတစ်ဦးသည် ရာထူးတိုးမြှင့်ပေးရန် သတ်မှတ်ထားသောအရည်အချင်းများ ပြည့်စုံစေကာမူ -

(က) စာဖြင့်သတိပေးခြင်းပြစ်ဒဏ်ခံရလျှင် ယင်းသို့သတိပေးခြင်းခံရသည့်နေ့မှခြောက်လအတွင်း ရာထူးတိုးမြှင့်မပေးရ ။
(ခ) နှစ်တိုးလစာရပ်ဆိုင်းခြင်းပြစ်ဒဏ်ခံရလျှင် ယင်းသို့နှစ်တိုးလစာရပ်ဆိုင်းသည့်ကာလအတွင်း ရာထူးတိုးမြှင့်မပေးရ ။
(ဂ) တာ၀န်ထမ်းဆောင်ရာတွင် ပေါ့လျော့မှုကြောင့်ဖြစ်စေ၊ ကျွမ်းကျင်မှုမရှိ၍ဖြစ်စေ ပျက်စီးဆုံးရှုံးမှုအတွက် ဆုံးရှုံးမှုတန်ဖိုးအပြည့်အ၀ကိုသော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသကိုသော်လည်းကောင်း ပေးလျော်ရသောကိစ္စမျိုးတွင် ဆုံးရှုံးတန်ဖိုးကိုပြန်လည်ပေးလျော်စေရန် အမိန့်ချမှတ်သည့်နေ့မှစ၍ တစ်နှစ်(သို့မဟုတ်) အကျေပေးလျော်ပြီးသည့်နေ့၊ ထိုနေ့နှစ်ခုတို့အနက် စောရာနေ့အထိ ရာထူးတိုးမြှင့်မပေးရ ။
(ဃ) ကိုယ်ကျင့်တရားပျက်ပြားမှုနှင့်အကျုံး၀င်သောပြစ်မှုဖြင့် တရားရုံး၏ပြစ်မှုထင်ရှားစီရင်ခြင်းခံရသော်လည်း လက်ရှိရာထူးတွင်ဆက်လက်တည်ရှိနေသည့်အခါ ယင်းသို့ပြစ်ဒဏ်စီရင်ခြင်းခံရသည့်နေ့မှ တစ်နှစ်အတွင်း ရာထူးတိုးမြှင့်မပေးရ ။
(င) ချိန်နှုန်းလစာတစ်ခုအတွင်း လစာအဆင့် လျှော့ချခြင်းခံရလျှင် မူလလစာအဆင့်သို့ ပြန်လည်မရောက်မချင်း ရာထူးတိုးမြှင့်မပေးရ ။
(စ) ဌာနဆိုင်ရာစစ်ဆေးခြင်းခံနေရစဉ်အတွင်း ရာထူးတိုးမြှင့်မပေးရ ။
(ဆ) အပြစ်ကြောင့်ရာထူးလျှော့ချခြင်းခံရပါက ယင်းရာထူးလျှော့ချသည့် အမိန့်ပါသတ်မှတ်ကာလအတွင်း ရာထူးတိုးမြှင့်မပေးရ ။
(ဇ) ရာထူးတစ်ခုတွင် အစမ်းခန့်ထားခြင်းခံရစဉ်ကာလအတွင်း ရာထူးတိုးမြှင့်မပေးရ ။
(စျ) တာ၀န်မှယာယီရပ်ဆိုင်းထားခြင်းခံရစဉ်ကာလအတွင်း ရာထူးတိုးမြှင့်မပေးရ ။

၅။ ၀န်ထမ်းပြစ်ဒဏ် (၉) မျိုး

ဌာနဆိုင်ရာစစ်ဆေးမှုအရ ၀န်ထမ်းတွင်အပြစ်ရှိကြောင်း တွေ့ရှိရပါက အောက်ဖော်ပြပါပြစ်ဒဏ်တစ်ရပ်ရပ်ကိုဖြစ်စေ၊ ပြစ်ဒဏ်တစ်ရပ်ထက်ပို၍ဖြစ်စေ နည်းဥပဒေ၊ စည်းမျဉ်း၊စည်းကမ်းများနှင့်အညီ ချမှတ်နိုင်သည် -
(က) စာဖြင့်သတိပေးခြင်း
(ခ) နှစ်တိုးလစာရပ်ဆိုင်းခြင်း
(ဂ) ရာထူးတိုးမြှင့်ခြင်းကို ရပ်ဆိုင်းခြင်း
(ဃ) လစာနှုန်းအတွင်း လစာလျှော့ချခြင်း
(င) ရာထူးအဆင့်လျှော့ချခြင်း
(စ) ပေါ့လျော့မှုကြောင့်ဖြစ်စေ၊ အမိန့်နှင့်ညွှန်ကြားချက်များကို မလိုက်နာမှုကြောင့်ဖြစ်စေ၊ ပေါ်ပေါက်သည့်ဆုံးရှုံးမှုတန်ဖိုးအပြည့်အ၀(သို့မဟုတ်) တစ်စိတ်တစ်ဒေသကို ပေးလျော်စေခြင်း ။
(ဆ) တာ၀န်မှယာယီရပ်ဆိုင်းခဲ့သည့်ကာလအတွက် လစာအပြည့်ခံစားခွင့်မပြုခြင်း သို့မဟုတ် ထိုကာလကို တာ၀န်ချိန်အဖြစ် မသတ်မှတ်ခြင်း
(ဇ) ရာထူးမှ ထုတ်ပယ်ခြင်း
(စျ) ၀န်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း တို့ဖြစ်ကြပါသည်။

၆။ ပင်စင်အမျိုးအစား (၇) မျိုး
(က) သက်ပြည့်ပင်စင်
(ခ) နှစ်ပြည့်ပင်စင်
(ဂ) နာမကျန်းပင်စင်
(ဃ) လျော်ကြေးပင်စင်
(င) အထူးပင်စင်
(စ) မိသားစုပင်စင်
(ဆ) လျှော့ပေါ့ပင်စင်

လင်္ကာ - သက် နှစ် နာ လျော်၊ ထူး မိ လျှော့

အပိုင်း(၂)

၇။ ၀င်စာများကို အရေးယူဆောင်ရွက်ရခြင်းရည်ရွယ်ချက် (၅) ချက်

(က) စာများပျောက်ဆုံးမှု မရှိစေရန် ။
(ခ) စာများပေါက်ကြားမှု မရှိစေရန် ။
(ဂ) လုံခြုံစွာ ထိန်းသိမ်းကွပ်ကဲနိုင်ရန် ။
(ဃ) လိုအပ်သည့်အခါ အလွယ်တကူ ရှာဖွေ တွေ့ရှိ ဆောင်ရွက်နိုင်စေရန် ။
(င) ရုံးလုပ်ငန်းများကို ထိရောက် မြန်ဆန် မှန်ကန်စွာ ဆောင်ရွက်နိုင်စေရန် အတွက်ဖြစ်ကြပါသည်။

၈။ ထွက်စာများကို အရေးယူဆောင်ရွက်ရခြင်းရည်ရွယ်ချက် (၃) ချက်

(က) ထွက်စာ စာရင်း၊ ထွက်စာ ဦးရေ အတိအကျ သိရှိနိုင်ရန် ။
(ခ) နောင်တွင် ရည်ညွှန်းကိုးကားရန်လိုအပ်သည့်အခါ အလွယ်တကူရှာဖွေ တွေ့ရှိ ဆောင်ရွက်နိုင်စေရန် ။
(ဂ) ထွက်စာတစ်စောင်ကို မည်သည့်နေ့ရက်တွင် မည်သူ့ထံသို့ပေးပို့ခဲ့ကြောင်း အခိုင်အမာသိရှိနိုင်စေရန် တို့အတွက် ဖြစ်ပါသည်။

၉။ စာရွက်စာတမ်းများကို လုံခြုံစွာကိုင်တွယ်ထိန်းသိမ်းရခြင်းရည်ရွယ်ချက် (၃) ချက်

(က) မိမိ ရုံး/ဌာန/အဖွဲ့အစည်းရှိ စာရွက်စာတမ်းများကို ပေါက်ကြားမှုမရှိစေဘဲ လုံခြုံစွာ ကိုင်တွယ် အရေးယူဆောင်ရွက်နိုင်စေရန် ။
(ခ) လုံခြံမှုအဆင့်အတန်းနှင့် ဦးစားပေးအဆင့်အလိုက် စာရွက်စာတမ်းများကို သတ်မှတ်ထားသောစည်းမျဉ်းစည်းကမ်းများနှင့်အညီ ကိုင်တွယ်ဆောင်ရွက်နိုင်စေရန် ။
(ဂ) ရုံးလုပ်ငန်းများကို ထိရောက်မြန်ဆန်စွာ အရေးယူဆောင်ရွက်နိုင်စေရန် ။

၁၀။ စာရွက်စာတမ်းများ လုံခြုံမှုအဆင့်အတန်း (၅) မျိုး

(က) ထိပ်တန်းလျှို့ဝှက် ။
(ခ) လျှို့ဝှက် ။
(ဂ) အတွင်းရေး ။
(ဃ) ကန့်သတ် ။
(င) ရိုးရိုး ။

၁၁။ ရုံးစာရေးသားနည်း (၉) မျိုး

(က) စာတမ်း
(ခ) အကျဉ်းချုပ်စာ
(ဂ) အတိုချုံးရေးစာ
(ဃ) စာပေးစာယူ
(င) အမိန့်နှင့်ညွှန်ကြားချက်
(စ) အစည်းအဝေးမှတ်တမ်း
(ဆ) ခရီးသွားမှတ်တမ်း
(ဇ) လုပ်ငန်းမှတ်တမ်း
(စျ) လုပ်ငန်းစီမံချက်

လင်္ကာ - တမ်း ကျဉ်း တို ပေး၊ မိန့် ဝေး သွား လုပ် စီ

၁၂။ စာပေးစာယူအမျိုးအစား (၅) မျိုး

(က) အမှာစာ
(ခ) ရင်းနှီးမှုဖြင့်ပေးသောရုံးစာ
(ဂ) ကိုယ်ရေးစာ
(ဃ) ရုံံးတွင်းပေးစာ
(င) သာမန်ရုံးစာ

လင်္ကာ - မှာ ရင်း ကိုယ် ရုံး သာ

မှတ်ချက်။ အထက်ပါ အချက်(၁၂)ချက်မှာ ၀န်ထမ်းများတစ်ဆင့်မြင့်ရာထူးတိုး ရေးဖြေ/လူတွေ့ စာမေးပွဲများမှာ စစ်မေးလေ့ရှိပြီး၊ ၀န်ထမ်းတစ်ယောက်အနေနဲ့လည်း မဖြစ်မနေသိရှိထားသင့်တဲ့အချက်အလက်များ ဖြစ်ပါတယ်။

အသေးစိတ်ထပ်မံလေ့လာလိုပါက အောက်ပါ ကိုးကားစာအုပ်များတွင် လေ့လာနိုင်ပါတယ်။

ကိုးကား - ရုံးလုပ်ငန်းလက်စွဲစာအုပ် ၊ နိုင်ငံ၀န်ထမ်းဥပဒေစာအုပ်၊ နိုင်ငံ့၀န်ထမ်းနည်းဥပဒေစာအုပ်၊ ပြည်သူ့၀န်ထမ်းဂျာနယ်
English Criteria လိုအပ်ခဲ့လျှင်ပါ။

Grade.5 Section (D) Speaking အပိုင်းက ကလေးတွေရဲ့ ‌အပြောစွမ်းရည်ပေါ်မူတည်ပြီး အမှတ်ပေးနိုင်ပါတယ်။
အမှတ်ပေးရာမှာလဲ 2023-2024ပညာသင်နှစ်အတွက် မြန်မာနိုင်ငံစာစစ်ဌာနမှ ထုတ်ဝေထားသော နမူနာမေးခွန်းစာအုပ်ရဲ့ စာမျက်နှာ 17-18မှာအသေးစိတ်ဖော်ပြပေးထားပါတယ်။ Scoring Sheet စာရွက်များတွင် ခုံနံပတ်အစဉ်အတိုင်းဖြည့်စွက်ပြီး ရမှတ်များကို ဖြည့်သွင်းရပါမည်။ ကလေးများရရှိထားသော အမှတ်များအား စာမေးပွဲစစ်ဆေးအပြီး ကြီးကြပ်ရေးမှူး၏စာစစ်ရုံးခန်းထဲတွင် သက်ဆိုင်ရာလက်ထောက်ကြီးကြပ်ရေးမှူးများက Answer paper ပေါ်တွင် section (D)အတွက်ရမှတ်အကွက်ထဲတွင် တစ်ခါတည်း ဖြည့်သွင်းပေးရမည်ဖြစ်ပါသည်။
Section (D) Speaking ကလေးများဖြေဆိုရာတွင်စစ်ဆေးသည့် လက်ထောက်ကြီးကြပ်ရေးမှူး ဆရာ၊ဆရာမ များက မဖြစ်မနေ Record ယူထားရန်လဲ လိုအပ်ပါသည်။
လိုအပ်သူများအတွက်လဲ နမူနာ Scoring Sheet စာရွက်တင်ထားပေးပါတယ်။
သိသလောက်ပြန်လည်မျှဝေပေးထားခြင်းဖြစ်ပါသည်။
Edit.......

ပေးမှတ်(20)အတွက် ကလေးတစ်ဦးလျှင် မည်မျှသာပေးရမည်ဟူ၍လည်းမသတ်မှတ်ထားပါ။

သေချာတာတစ်ခုက Section (D) speaking အတွက် Zero(0)mark ပေး၍မရပါ။
❤1👍1
G.12 (2024) တက္ကသိုင်ဝင်စာမေးပွဲဖြေဆိုသည့်အခါ
ကိုယ့် Calculator နဲ့ကို ဖြေခွင့်ပေးပါမယ်။
-Non Programmable Scientific Calculator ဖြစ်ရပါမယ်။
-Calculator တွင် မသမာမှု ပြုလုပ်ရန် မည်သည့် တစ်စုံတစ်ရာမှ မှတ်သားထားခြင်း မပြုရပါ။ ပါခဲ့လျင် Calculator သိမ်းဆည်းပါလိမ့်မယ်။

(အသုံးပြုခွင့်ရဘာသာရပ်များ-သချာင်္၊ဓာတု၊ရူပ၊ဘောဂ၊ပထဝီဝင်)
Grade 12 ( သင်ရိုးသစ် )
မြန်မာစာဘာသာရပ်
ရေးသူ ၊ခေတ် ၊အမျိုးစား
ထုတ်နုတ်/ကောက်နုတ် ၊
ဇာတိ ၊အမည်ရင်း ၊ငယ်မည်
G12 ရူပဗေဒ ဘာသာရပ်
Chapter (1) မှ Chapter (11) အထိ
Formula အနှစ်ချုပ် နှင့် Notes များ
❤1
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့်
ကျောင်းသား၊ ကျောင်းသူများ သိရှိစေရန်

-တစ်ပြည်လုံးအတွက် မေးခွန်း(၁)စုံဖြစ်သည်။

-STEAMS-1 (ဇီဝတွဲ)၊ STEAMS-2(ဘောဂတွဲ)၊STAMS-1(ရိုးရိုးဝိဇ္ဇာတွဲ) တို့သည် 11.3.2024 မှ 16.3.2024 ရက်နေ့အထိ ပိတ်ရက်မရှိ ဆက်တိုက်ဖြေဆိုရမည်။
(လူမှူရေးသိပ္ပံမဖြေဆိုရပါ။)

STAMS-2 (စိတ်ကြိုက်မြန်မာစာတွဲ) 11.3.2024 မှ 19.3.2024 ရက်နေ့ထိ (လူမှုရေးသိပ္ပံ ဖြေဆိုရမည်)

-တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား (Identity Card) များကိုဖေဖော်ဝါရီလ ၊ ဒုတိယအပတ်တွင် ထုတ်ပေးသွားမည်ဖြစ်
ကြောင်းသိရှိရ။

-သချာင်္၊ရူပ၊ဓာတု၊ဘောဂ၊ပထဝီဝင်အတွက်
ကိုယ့် Calculator နဲ့ကို ဖြေခွင့်ပေးပါမယ်။ Non Programmable Scientific Calculator ဖြစ်ရပါမယ်။ Calculator တွင် မသမာမှု ပြုလုပ်ရန် မည်သည့် တစ်စုံတစ်ရာမှ မှတ်သားထားခြင်း မပြုရပါ။ ပါခဲ့လျင် Calculator သိမ်းဆည်းပါ
လိမ့်မယ်။

- တက္ကသိုလ်ဝင်စာမေးပွဲ၏ရမှတ်များကို
Grade (A) အဆင့်သတ်မှတ်ချက် အတွက် တိကျသည့်ညွှန်ကြာ
ချက်မရှိသေးပေမယ့် အရင်စနစ်ဟောင်းကဲ့သို့ ဖြစ်ပြီး ၊ Grade A B C D E (Grade) ဖြင့် အဆင့်မပေးဟု သိရှိရ။

-တက္ကသိုလ်ဝင်စာမေးပွဲရလဒ်ကို မည်သည့်ပုံစံဖြင့်ထုတ်ပြန်မည်ကို
တရားဝင်ကြေငြာချက်မရှိသေးပါ။
❤1
၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အသုံးပြုမည့်
အဖြေလွှာ (နမူနာ) နှင့် အပိုအဖြေလွှာ (နမူနာ)