Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.7K subscribers
3.82K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
မြန်မာ့စီးပွားရေးဘဏ် အသီးသီးရှိ
e-Pension card ကိုင်ဆောင်သုံးစွဲသူ
အငြိမ်းစားများအနေဖြင့်

(၉/၂၀၂၃) မှ စတင်ကျင့်သုံးခဲ့သော
Centralized e-Pension စနစ်အရ

မိမိလက်ဝယ်ရှိ ကဒ်များ ကိုင်ဆောင်၍
Centralized စနစ် ကျင့်သုံးနေသည့်
အောက်ဖော်ပြပါ မည်သည့်ဘဏ်ခွဲတွင်မဆို
ပင်စင်လစာငွေထုတ်ယူနိုင်ပါကြောင်း။

Centralized စနစ်ကျင့်သုံးသော
လက်ရှိဘဏ် (၄၈) ဘဏ်မှာ - - -

နေပြည်တော်
-------------------
(ပျဉ်းမနား/လယ်ဝေး/တပ်ကုန်း/ပုဗ္ဗသီရိ)

မန္တလေးတိုင်း
-------------------
(မန်း၁/၂/၃/ညောင်ဦး/မိတ္ထီလာ/ပြင်ဦးလွင်/
မြင်းခြံ/ကျောက်ဆည်/ရမည်းသင်း)

ပဲခူးတိုင်း
--------------
(ပဲခူး/တောင်ငူ/သာယာဝတီ/ပြည်)

ရန်ကုန်တိုင်း
-----------------
(ဘဏ်ခွဲ၁/၂/၃/၄/၅/၆/ငွေစု၁/၃/၄/
သန်လျင်/ကြည့်မြင်တိုင်/ကမာရွတ်/
သင်္ဃန်းကျွန်း/တာမွေ/မြောက်ဥက္ကလာ/
အင်းစိန်)

ဧရာဝတီတိုင်း
--------------------
(ပုသိမ်/ဟင်္သာတ/မြောင်းမြ/မအူပင်/ဖျာပုံ)

ရှမ်းပြည်နယ်
-------------------
(တောင်ကြီး/ကျိုင်းတုံ/တာချီလိတ်/
လွိုင်လင်/လားရှိုး)

စစ်ကိုင်းတိုင်း
--------------------
(စစ်ကိုင်း/မြောင်)

ကရင်ပြည်နယ်
-----------------------
(ဘားအံ/မြဝတီ/ကော့ကရိတ်)
👍1
*လက်အုပ်ချီတိုင်း ရှိခိုးတယ်မထင်ပါနဲ့*
လက်အုပ်ချီနည်းက (၃)မျိုးရှိတယ်လို့ မှတ်သားရပါတယ်။

(၁)က လက်အုပ်ကို ရင်ညွန့်တည့်တည့်မှာထားရင် အဉ္စလီပဏာမလို့ခေါ်ပါတယ်။
ငယ်သူက ကြီးသူကိုရော ကိုယ့်ထက် ငယ်သူကိုပါ ရိုးရာယဉ်ကျေးမှုအရ ဂါရဝပြုခြင်းဖြစ်ပါတယ်။ (နှုတ်ဆက်ခြင်းပါ)

(၂)က ချီထားတဲ့လက်အုပ်ရဲ့ လက်မကို နှာခေါင်းတည့်တည့်မှာ ထားရင်
အဉ္စလီဂါရဝ လို့ခေါ်ပါတယ်။
မိမိထက် အသက်သိက္ခာကြီးတဲ့ ဆရာသမား ကျေးဇူးရှင်များကို ဂါရဝပြုခြင်းဖြစ်ပါတယ်။

(၃)ကတော့ လက်အုပ်ကို နဖူးထက် ဦးခေါင်းထိပ်တင်ချီလျက် ထားရင်
အဉ္စလီဝန္ဒန လို့ခေါ်ပါတယ်။
လောက၏ အထွဋ်အထိပ် ဘုရား တရား သံဃာ ရတနာမြတ်သုံးပါးကို ရှိခိုးခြင်းဖြစ်ပါတယ်။

ကိုးကား။
ဆရာကြီး ဦးအုန်းမြင့်
👍2❤1
ရာသီတုပ်ကွေးကာကွယ်ရန်
ရှေးဘုရင်များလက်ထက်က မြန်မာနိုင်ငံမြေပုံများ
၁။ ကျောင်းတွင်းစစ်စာမေးပွဲနှင့် နှစ်ဆုံးစာမေးပွဲများကို အောက်ပါတိုင်း ကျင်းပသွားပါမည်။

(က) အခြေခံပညာမူလတန်းအဆင့် ပြီးမြောက်မှုစစ်ဆေးခြင်း (Grade-5) စာမေးပွဲကို (၂၂-၂-၂၀၂၄)ရက်နေ့မှ (၂၇-၂-၂ဝ၂၄)ရက်နေ့အထိ။

(ခ) အခြေခံပညာအလယ်တန်းအဆင့် ပြီးမြောက်မှုစစ်ဆေးခြင်း (Grade-9) စာမေးပွဲကို (၂၂-၂-၂၀၂၄)ရက်နေ့မှ (၂၈-၂-၂၀၂၄)နေ့အထိ။

(ဂ) ကျန်ရှိသော ကျောင်းတွင်းစစ်စာမေးပွဲများကို (၁၃-၂-၂၀၂၄)ရက်နေ့မှ (၂၀-၂-၂၀၂၄) ရက်နေ့အတွင်း (တနင်္ဂနွေနေ့မှအပ) ကျင်းပရန် ဖြစ်ပါသည်။

(ဃ) အခြေခံပညာအထက်တန်းအဆင့်ပြီးမြောက်မှုစစ်ဆေးခြင်း (Grade-12)ကို (၁၃-၂-၂၀၂၄) ရက်နေ့မှ (၂၀-၂-၂ဝ၂၄)အတွင်း (တနင်္ဂနွေနေ့မှအပ) ကျင်းပရန် ဖြစ်ပါသည်။

၂။အခြေခံပညာမူလတန်းအဆင့် (Grade-5)နှင့် အခြေခံပညာအလယ်တန်းအဆင့် (Grade-9) ပြီးမြောက်ခြင်းစာမေးပွဲများကို အောက်ပါနေ့ရက်နှင့်အချိန်များတွင် ဘာသာရပ်အလိုက် စစ်ဆေးရပါမည်။
❤1👏1
"ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း၏ရည်ရွယ်ချက်"
(က) ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီးအဖြစ်တည်ဆောက်ကာကွယ်နိုင်မည့် လူ့စွမ်းအားအရင်းအမြစ်များ
ပေါ်ထွန်းလာစေရန်။
(ခ) ပြည်ထောင်စုစိတ်ဓာတ်ရင့်သန်ခိုင်မာပြီး ရိုးရာယဉ်ကျေးမှုနှင့်လူမှုဘဝစံနှုန်းများကို ထိန်းသိမ်းမြှင့်တင်နိုင်မည့် နိုင်ငံ့သားကောင်းသမီးမွန်များ ပေါ်ထွန်းလာစေရန်။
(ဂ) ပညာရေးကဏ္ဍအလိုက် စွမ်းဆောင်ချက်များကို ထုတ်ဖော် ဂုဏ်ပြုနိုင်ခြင်းဖြင့် ပညာရေးလုပ်ငန်းဆောင်ရွက်မှု အရှိန်
အဟုန်ကိုမြင့်တင်ပေးရန်။
(ဃ) အမျိုးသားပညာရည်မြင့်မားရေးလုပ်ငန်းများကို မိဘပြည်သူ များနှင့်ပူးပေါင်းဆောင်ရွက်ရန်။
👍1
အငြိမ်းစားမိဘပြည်သူများသို့ အသိပေးကြေညာချက်