Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.7K subscribers
3.82K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
ခြုံ၍တင်ပြရလျှင် နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေး ထာဝစဉ်အဓွန့်ရှည်တည်တံ့ ခိုင်မြဲရေးသည် ထိုနိုင်ငံရှိ ပြည်သူအားလုံး၏တာဝန်ပင်ဖြစ်သည်။ ထိုလွတ်လပ်ရေးကို ပြည်သူများအကြား တည်ဆောက်ထားသည့် စည်းလုံးညီညွတ်မှု စွမ်းပကားဖြင့်သာ ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။ ဆုံးရှုံးသွား ခဲ့သော မြန်မာ့လွတ်လပ်ရေး ပြန်လည် ရရှိရေးအတွက် ဘိုး၊ ဘွား၊ ဘီ၊ ဘင် တို့သည် အသက်၊ သွေး၊ ချွေး များစွာပေးဆပ် ခဲ့ကြရသည်။

ထိုသို့ များစွာ ပေးဆပ်ခဲ့ရသည့် လွတ်လပ်ရေးကို မြတ်နိုးတန်ဖိုး ထားတတ်ရန်သည် ပဓာနကျသောအချက် ပင်ဖြစ်သည်။ မျက်မှောက်ခေတ် မျိုးဆက် သစ်များသည် မလွတ်လပ်မှုအောက်တွင် နေထိုင်ရသည့် ခါးသီးသောအတွေ့အကြုံမျိုး မရှိကြသဖြင့် လွတ်လပ်ရေး၏တန်ဖိုး အနှစ်သာရကို မေ့လျော့နေတတ်ကြသည်။ မည်သို့ပင်ဆိုစေကာမူ ပြည်ထောင်စုဖွား ညီနောင်တိုင်းရင်းသားများ၊ အထူးသဖြင့် မျိုးဆက်သစ်လူငယ်များအနေဖြင့် နှစ်စဉ် ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ကို မမေ့အပ်သောနေ့တစ်နေ့အဖြစ် ရင်ထဲ အသည်းထဲတွင် ထာဝစဉ်ထိန်းသိမ်းထား နိုင်ကြပါစေ။ ။

မောင်သောင်းဝင်း(တမန်ဟောင်း)
ကြေးမှုံ
==============
http://www.timeayeyar.com/2017/12/blog-post_499.html?m=1
TimeAyeyar
🇲🇲MSK

--------------------------------------------------------------------------
လွတ်လပ်ရေးနေ့ စာစီစာကုံးရေးရန် ကိုးကားနိုင်ဖို့ပါ

#လွတ်လပ်ရေးနေ့သမိုင်း

ရှေးနှစ်ပေါင်း ထောင်နှင့်ချီပြီး နှစ်ပရိစ္ဆေဒများစွာကပင် ကိုယ့်မင်းကိုယ့်ချင်းနှင့် အဆင့်အတန်းမြင့်မြင့် နေထိုင်ခဲ့သော မြန်မာတို့သည် နယ်ချဲ့အင်္ဂလိပ်တို့၏ ကိုယ်ကျိုးရှာ ဝိသမလောဘဆိုးကြောင့် မတရား အကြောင်းမဲ့ ရန်ရှာကာ မြန်မာနိုင်ငံအား စစ်သုံးကြိမ် ဆင်နွှဲပြီး ၁၈၈၅ ခုနှစ်တွင် အပြီးအပိုင် သိမ်းယူခဲ့ကြသည်။

ထိုအခါ ဘယ်သောအခါမှ မတရားကျူးကျော်မှုကို ခေါင်းငုံ့မခံတတ်သော မြန်မာတိုိ့သည် လှေခွက်ချည်းကျန်၊အလံမလှဲ၊မြေတစ်လက်မကျန်သည်အထိ ခုခံကာကွယ်တိုက်ခိုက်ခဲ့ကြသည်။ သို့သော် မြန်မာတို့အနေဖြင့် လက်နက်ချင်း၊စစ်ရေးပညာချင်းတွင် မယှဉ်သာသောကြောင့် တိုက်ပွဲကနေဦးကာလများတွင် အကျအဆုံးများစွာနှင့် ရင်ဆိုင်ခဲ့ကြရသည်။အမျိုးကို ချစ်သော ဇာတိမာန်နှင့်ဇွဲလုံ့လသတ္တိတို့တွင် နယ်ချဲ့တို့ထက်များစွာသာလွန်သော မြန်မာတိုင်းရင်းသားတို့၏ စိတ်ဓါတ်ကိုကား နယ်ချဲ့တို့ မည်မျှ နှိမ်နင်းချေဖျက်ဖြင်း မပြုနိုင်ခဲ့ကြချေ။

ထိုကြောင့် မြန်မာတို့၏ လွတ်လပ်ရေးတိုက်ပွဲ အရှိန်အဟုန်သည် လျှောကျကွယ်ပျောက်ခြင်းမရှိ၊အခွင့်ရေး ရရင်ရသလို၊အခြေအနေပေးရင် ပေးသလို တစ်ပြည်လုံးသို့ ပြန့်နှံ့သွားကာ ဆက်လက်ရှင်သန်နေခဲ့သည်။အမျိုးထိလျှင် မချိအောင် နာတတ်သည့် တောင်ပေါ် မြေပြန့်နေ တိုင်းရင်းသားတို့က လွတ်လပ်ရေးသည် ပထမဟု ကြွေးကြော်ကာ နယ်ချဲ့တို့အား သဲသဲမဲမဲ ပြန်လည်တိုက်ခိုက်ခဲ့ရာ နယ်ချဲ့တို့သည် မီးဝုိင်းခံရသည့်ပမာ အထိတ်တလန့်ဖြစ်ကာ အိန္ဒိယအစိုးရက တပ်မတော်ကြီးတစ်ခု စေလွှတ်ပြီး ချေမှုန်းရသည်အထိ အထိနာခဲ့ကြရသည်။

နှစ်ဆယ်ရာစု နှစ်ဦးပိုင်းကာလ ၁၉၂၀ ခုနှစ်သို့ ရောက်သောအခါ တက္ကသိုလ်ဥပဒေပြဌာန်းခြင်းကို အကြောင်းပြု၍ ပထမကျောင်းသားသပိတ်ကြီး ပေါ်ပေါက်လာသဖြင့် မြန်မာ့လွတ်လပ်ရေး တိုက်ပွဲအသွင် သဏ္ဍာန်မှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားခဲ့သည်။ ထိုမှ ဆက်လက်၍ ၁၃၀၀ ပြည့်နှစ်အရေးတော်ပုံ၊တောင်သူလယ်သမားအရေးတော်ပုံပါ ဆက်လက်ပေါ်ပေါက်လာပြန်သဖြင့် တောရောမြို့ပါမကျန် တစ်တိုင်းပြည်လုံးက အုံကြွလာကာ အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားသည်ပင် ရပ်တန့်လုနီးပါး အခြေသို့ ဆိုက်ခဲ့ရသည်။

ဤသို့ နယ်ချဲ့အင်္ဂလိပ်တို့သည် နိုင်ငံအနှံ့ ဖြစ်ပေါ်နေသော ပြောက်ကျားတိုက်ပွဲများကို နှိမ်နင်းနေရသည်ကတစ်ဖက်၊အတွင်းစည်းဝုိင်းထဲသို့၀င်ပြီး ထိပါးလာသော ပြည်သူ့အုံကြွမှုကို ဖြေရှင်းရသည်က တစ်ဖက်၊မလှုပ်သာမယှက်သာရှိနေစဉ်တွင် ၁၉၃၉ ခုနှစ်၌ ဒုတိယကမ္ဘာစစ်ကြီးသည် စတင်ဖြစ်ပွားလာသည်။ထိုအခါ နယ်ချဲ့တို့သည် စစ်ပွဲတွင် ကိုယ်တိုင်ကိုယ်ကြ ပါ၀င်တိုက်ခိုက်ခဲ့ရာ ကိုလိုနီနယ်ပယ်များ အုပ်ချုပ်ရေးယန္တရားသည်လည်း ယိုင်နဲ့၍လာခဲ့သည်။

ဤအခြေအနေသည် “အင်္ဂလိပ်တို့အခက်၊မြန်မာအချက်” အဖြစ်မှတ်ယူကာ မြန်မာမျိုးချစ်ခေါင်းဆောင်တို့သည် လွတ်လပ်ရေးတိုက်ပွဲ၏ အရှိန်အဟုန်ကို မြှင့်တင်လိုက်ကြသည်။ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော ခေါင်းဆောင်လူငယ်များသည် ဂျပန်ပြည်သို့ တိတ်တဆိတ်ထွက်သွားကာ ခေတ်မီ စစ်ပညာသင်ယူပြီး ဂျပန်တို့အကူအညီဖြင့် အင်္ဂလိပ်တို့အား တိုက်ထုတ်ရန် စီစဉ်ကြသည်။ထိုအစီအစဉ်အတိုင်း ဂျပန်တို့နှင့်အတူ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်လာကာ အင်္ဂလိပ်တို့အား မောင်းထုတ်လိုက်ကြသည်။သို့သော် မဟာမိတ်ပြုထားသော ဂျပန်တို့သည် ကတိမတည်သည်သာမက မြန်မာတို့အပေါ် မတရားချုပ်ချယ်၊နိုင်ထက်စီးနင်းလုပ်လာသဖြင့် ၁၉၄၅ ခု၊မတ်လ ၂၇ ရက်နေ့တွင် တော်လှန်ရေးတစ်ရပ် စတင်ဆင်နွှဲကာ ဂျပန်တို့အား တိုက်ထုတ်လိုက်ရပြန်သည်။
❤1
ဂျပန်တို့ထွက်ခွာသွား၍ အင်္ဂလိပ်တို့ ပြန်၀င်လာသောအခါ ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်များသည် ဖဆပလ အဖွဲ့ချုပ်ကြီးကို အခြေခံကာ လွတ်လပ်ရေးအတွက် အပြင်းအထန် ကြိုးစားကြသည်။တိုင်းရင်းသားစည်းလုံးမှုကိုသာမက အလုပ်သမား၊တောင်သူလယ်သမားများ ပါ၀င်ကူညီမှုကို အရယူကာ တစ်နှစ်အတွင်း လွတ်လပ်ရေးကို ချွင်းချက်မရှိ ချက်ချင်းပေးရန် အင်္ဂလိပ်တို့အား တောင်းဆိုခဲ့သည်။

ဤတွင် အင်္ဂလိပ်တို့သည် မနေသာတော့ဘဲ ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့အား အင်္ဂလန်ပြည် လန်ဒန်မြို့သို့ ဖိတ်ကြားကာ မြန်မာ့လွတ်လပ်ရေးအတွက် ဆွေးနွေးခဲ့ရသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့သည် လန်ဒန်မြို့သို့ ၁၉၄၇ ခု၊ဇန်နဝါရီလ ၂ ရက်နေ့တွင် သွားရောက်ကြစဉ် နောက်ပိုင်းမှ ရှမ်းစော်ဘွားအချို့က ဗိုလ်ချုပ်သည် ရှမ်းတို့၏ ကိုယ်စားလှယ်မဟုတ်ကြောင်း ကြေးနန်းရိုက် အကြောင်းကြားလိုက်သဖြင့် အခက်အခဲတွေ့နေခိုက် ဦးတင်အေး၊ဦးထွန်းမြင့် စသော ရှမ်းအမျိုးသားလူငယ်တို့က အစည်းအဝေးတစ်ရပ် အမြန်ခေါ်ပြီး ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်းပြည်လူထု၏ ကိုယ်စားလှယ်အစစ်အမှန်ဖြစ်ကြောင်း ထပ်မံအကြောင်းကြားလိုက်မှသာ အောင်ဆန်းအက်တလီစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်များက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အခိုင်အမာ မတည်ဆောက်နိုင်ဘဲနှင့် မြန်မာတို့သည် ဘယ်သောအခါမှ လွတ်လပ်ရေးမရနိုင်ကြောင်းကို နားလည် သဘောပေါက်ကြပြီးလျှင် တိုင်းရင်းသားများ အချင်းချင်းရင်းနှီးချစ်ကြည်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ကြလေသည်။၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ဗိုလ်ချုပ်သည် ရှမ်းပြည်နယ် ပင်လုံမြို့ကလေးသို့ရောက်ရှိလာကာ ရှမ်းခေါင်းဆောင်များ၊စော်ဘွားများ၊ဒူးဝါးများ၊ကချင်နှင့် ချင်းခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။ထိုအခါ တိုင်းရင်းသားခေါင်းဆောင်များသည် ပြည်နယ်နှင့်ပြည်မ မခွဲခြားဘဲ လွတ်လပ်ရေးကို တစ်စည်းတစ်လုံးတည်း ရယူကြရန် သဘောတူကြသဖြင့် ထိုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ်ကို အပြီးအပိုင် ချုပ်ဆိုနိုင်ခဲ့သည်။

မြန်မာတို့၏ လွတ်လပ်ရေးတိုက်ပွဲကား ရှည်လျားလှသည်နှင့်အမျှ အခက်အခဲ အတားအဆီးများကလည်း များလှသည်။ရခိုင်နှင့်တနင်္သာရီဒေသကို နယ်ချဲ့တို့စတင်သိမ်းပိုက်ခဲ့သည့်နေ့မှ စတင်ခဲ့သော မြန်မာ့လွတ်လပ်ရေးတိုက်ပွဲလမ်းခရီးသည် နှစ်ပေါင်း ၁၀၀ ကျော်ခဲ့ပြီး လွတ်လပ်ရေးပန်းတိုင်ကို လှမ်းမြင်နေရသည့်အချိန်တိုင် စင်းလုံးချော မဖြောင့်ဖြူးသေးချေ။မကြေလည်မှု၊ရန်လိုမှု၊ခွက်ပုန်းခုတ်မှုများသည် အရိပ်ပမာ လိုက်နေသည်။ထို့ကြောင့် လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အစိုးရအဖွဲ့၀င် ၀န်ကြီးအချို့သည် နယ်ချဲ့လက်ပါးစေတို့၏ လက်ချက်ဖြင့် လှေပြေးရင် တက်ကျိုးဆိုသလို ကျဆုံးခဲ့ရသည်။

သို့သော် မြန်မာတို့သည် တစ်ဗိုလ်လဲ တစ်ဗိုလ်တက်၊တစ်တပ်ပျက် တစ်တပ်စုဆိုသလို မပြီးဆုံးသေးသော လွတ်လပ်ရေးခရီးကို ဆက်လက်လျှောက်လှမ်းခဲ့ကြရာ ဖဆပလအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးနုနှင့် အင်္ဂလိပ်နန်းရင်း၀န် မစ္စတာအက်တလီတို့ ထပ်မံညှိနှိုင်းဆွေးနွေးကြကာ ထိုနှစ်မှာပင် နု-အက်တလီစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ကြသည်။ဤသို့ဖြင့် မြန်မာတစ်မျိုးသားလုံးသည် နှစ်ပေါင်း ၁၀၀ ကျော်မျှ မိမိတို့လက်ထဲမှ နယ်ချဲ့တို့လုယူသွားခဲ့သော အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးကြီးကို “၁၉၄၈ ခု၊ဇန်နဝါရီလ ၄ ရက်နေ့” တွင် ပြန်လည်ရရှိခဲ့ပါတော့သည်။

ထိုအချိန်မှစ၍ မြန်မာတစ်မျိုးသားလုံးက သွေးချွေးများ မြေအကျခံပြီး တိုက်ခိုက်ရယူခဲ့သော မြန်မာ့အချုပ်အခြာ အာဏာလွတ်လပ်ရေးကြီးကို အသက်ပမာ တန်ဖိုးထားပြီး ထိုလွတ်လပ်ရေးကြီး မပျောက်ပျက်၊မဆုံးရှုံးသွားဘဲ ထာ၀စဉ် တည်တံ့သွားနိုင်ရေးအတွက် ရည်ရွယ်ပြီး နှစ်စဉ် ဇန်နဝါရီလ ၄ ရက်နေ့သို့ရောက်တိုင်း “လွတ်လပ်ရေးနေ့” ဂုဏ်ပြု အထိမ်းအမှတ်ပွဲများကို စည်ကားစွာ ကျင်းပခဲ့ပါသည်။
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်း
Memory Stick ထဲက Virus တွေကို သတ်တဲ့ Bat File လုပ်နည်း
**
Memory Stick ကို Computer မှာ ထိုးလိုက်ရင် Autorun.inf တို့ Recycled.exe တို့Rundll32.exe အစရှိတဲ့ Virus တွေ တတ်လာတာကို ကြုံဖူးကြမှာပါ၊ ဒီ Virus တွေကို ဘယ်ဆော့ဝဲလ်မှမသုံးဘဲ သတ်မယ့်နည်းလေးကို ပြောပြချင်ပါတယ်၊ဒီနည်းလေးဟာ ဗဟုသုတအဖြစ်ပြောပြခြင်းသာဖြစ်ပါတယ်၊
Memory Stick ထဲက Virus ကိုသတ်တဲ့နည်းသိပ်အခက်ကြီးတော့မဟုတ်ပါဘူး၊ Bat file နဲ့ Command ရေးပြီးရှင်းတဲ့နည်းလေး ဖြစ်ပါတယ်၊
ကိုယ့်ရဲ့ Computer မှာ အရင်ဆုံး Notepad ကိုဖွင့်လိုက်ပါ
ဖွင့်ပြီးရင်တော့ အောက်ကပေးထားတဲ့ command လေးတွေကို Copy ယူပြီး Note ထဲမှာ Paste လုပ်လိုက်ပါ၊
@echo
del: E:Autorun.inf
del: F:Autorun.inf
del: G:Autorun.inf
del: H:Autorun.inf
del: E:Recycled.exe
del: F:Recycled.exe
del: G:Recycled.exe
del: H:Recycled.exe
del: E:RUNDLL32.exe
del: F:RUNDLL32.exe
del: G:RUNDLL32.exe
del: H:RUNDLL32.exe
@echo
ပြီးရင်တော့ ဒီ File လေးကို Save လုပ်လိုက်ပါ၊Save တဲ့နေရာမှာ .bat ဆိုတာလေးနဲ့ Save လိုက်ပါ၊
Stick ထဲကို ဒီ .bat File လေးကို ထည့်ထားလိုက်ပါ၊ Stick ထိုးလိုက်တိုင်း ဒီ File လေးကို double click လုပ်ပြီး run ပေးလိုက်ပါ၊
ဒါဆိုရင်တော့ Stick ထဲက virus တွေ နေပါဆိုတောင် မနေတော့ပါဘူး၊
ဒီနည်းလေးက အဆင်ပြေတယ်ဆိုပေမယ့် အကောင်းဆုံးနည်းလမ်းကတော့ Antivirus တစ်ခုကို သုံးစွဲတာပဲ ဖြစ်ပါတယ်။
တစ်ခြားသူတွေလည်း လေ့လာရန် လိုအပ်နိူင်တာကြောင့် Shareလုပ်ခြင်းဖြင့် လက်ဆင့်ကမ်း မျှဝေပေးကြပါ။
ပညာရေးဝန်ထမ်းများ ကျောင်းသားမိဘများ သိထားသင့်သော
#ကျောင်းထောက်ပံ့ကြေး

ကျောင်းထောက်ပံ့ကြေး အစီအစဉ်
(School Grant Program)

ကျောင်းထောက်ပံ့ကြေး အစီအစဉ်ဆိုသည်မှာ ကမ္ဘာ့ဘဏ်မှ (အတိုးမဲ့) ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၈၀၊ AusAID Multi-Donor Trust Fund (MDTF) မှ အမေရိကန်ဒေါ်လာသန်း ၂၀၊ စုစုပေါင်း ဒေါ်လာသန်း ၁၀၀ ဖြင့် အခြေခံပညာကျောင်းများကို ငွေကြေးထောက်ပံ့ပေးသည့် အစီအစဉ် ဖြစ်ပါသည်။ ၂၀၁၄-၁၅ ပညာသင်နှစ်မှစ၍ ထောက်ပံ့ပေးသည့် အစီအစဉ်ဖြစ်သည်။
*ပညာရေးတိုးတက်ပြောင်းလဲရန်* အဓိက ရည်ရွယ်ပါသည်။

ကျောင်းသား အရေအတွက်ပေါ်မူတည်၍ ကျောင်းထောက်ပံ့ကြေးကို ခွဲဝေရရှိပါသည်။ တစ်ကြိမ်တည်း အကုန်မပေးပဘဲ ပညာသင်နှစ်၁နှစ်မှာ (၂ ကြိမ်ခွဲ၍) တစ်ဝက်စီ ခွဲဝေပေးပါသည်။
မူလတန်း၊ မူလွန်၊ လခွဲနှင့် အလယ်တန်းကျောင်းများသည် အောက်ပါအတိုင်း ခွဲဝေရရှိပါသည်။

ကျောင်းသား ၅၀ အောက်= ၄ သိန်း
၅၁ မှ ၁၀၀ = ၈ သိန်း
၁၀၁ မှ ၂၀၀ = ၁၀ သိန်း
၂၀၁ မှ ၃၀၀ = ၁၂ သိန်း
၃၀၁ မှ ၄၀၀ = ၁၄ သိန်း
၄၀၁ မှ ၅၀၀ = ၁၆ သိန်း
၅၀၁ မှ ၇၀၀ = ၁၈ သိန်း
၇၀၁ မှ ၉၀၀ = ၂၂ သိန်း
၉၀၁ မှ ၁၁၀၀ = ၂၆ သိန်း
၁၁၀၁ မှ ၁၅၀၀ = ၃၀ သိန်း
၁၅၀၁ မှ၂၀၀၀ = ၃၄ သိန်း
၂၀၀၁ မှ ၂၅၀၀ = ၃၈ သိန်း
၂၅၀၁ မှအထက် = ၄၂ သိန်း

အထက ခွဲ နှင့် အထက်တန်းကျောင်းများကိုတော့ အောက်ပါအတိုင်းတွက်ချက် ထုတ်ယူရရှိပါသည်။

(ကျောင်းသားဦးရေ × ၅ ထောင်) + ၅ သိန်း ဖြစ်ပါသည်။
ဥပမာ ကျောင်းသား ၅၀၀ ရှိပါက (၅၀၀×၅၀၀၀)+၅၀၀၀၀၀= သိန်း ၃၀ ဖြစ်ပါသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ကျောင်းသားဦးရေဖြင့် တွက်ချက်ရပါမည်။ ဖော်ပြပါ ငွေပမာဏများသည် ၁နှစ်စာ ဖြစ်သည်။

ကျောင်းအုပ်ကြီးက မြို့နယ်ပညာရေးမှူးရုံးမှ ထုတ်ယူပါမည်။

ကျောင်းထောက်ပံ့ကြေး ကော်မတီက တာဝန်ယူ သုံးစွဲပါမည်။ကျောင်းထောက်ပံ့ကြေး ကော်မတီတွင် ကျောင်းအုပ်ကြီးက ဥက္ကဌ ဖြစ်သဖြင့် ကျောင်းအုပ်တွင်သာ အဓိက တာဝန်အရှိဆုံးဖြစ်သည်။ ဆိုလိုသည်မှာ ကျောင်းအုပ်ကြီးက ငွေကိုင်သုံးစွဲသူဖြစ်သောကြောင့် ပြဿနာအရှုပ်အရှင်း ပေါ်ပေါက်ပါကလည်း ကျောင်းအုပ်ကြီးကသာ တာဝန်ခံရပါမည်။
(အချို့ဒေသများတွင် ရပ်ရွာလူကြီးများက တာဝန်ယူ ထိန်းသိမ်းမည် ဟူ၍ ပြဿနာတက်ကြကြောင်း ကြားသိရပါသည်။ ကျောင်းထောက်ပံ့ကြေးကော်မတီမှ လွဲ၍ မည်သည့် အရပ်ဖက်၊ အစိုးရ အဖွဲ့အစည်းမှ တာဝန်ယူထိန်းသိမ်းခြင်း မပြုရပါ။ ကျောင်းအုပ်ကြီးများကလည်း မိမိတာဝန်ယူထားသော ငွေကြေးများဖြစ်သဖြင့် အမိုက်ခံ၍ အခြားသူများကို လွှဲပေးရိုးထုံးစံမရှိပါ။)

#ကျောင်းထောက်ပံ့ကြေးကော်မတီဖွဲ့စည်းပုံ
ကျောင်းအုပ်က ဥက္ကဌ ဖြစ်ပါသည်။ ကျန်အဖွဲ့ဝင်များကတော့
ရပ်/ကျေး ဥက္ကဌ ၁ ဦး
ကျောင်းအကျိုးတော်ဆောင် ၂ ဦး
မိဘဆရာအသင်းမှ ၂ ဦး
တိုင်းရင်းသားကိုယ်စားလှယ် (သို့) အရပ်ဖက်လူမှုအဖွဲ့အစည်း NGO ၁ ဦး
အတွင်းရေးမှူး ၁ ဦး
မူလတန်းကျောင်းများတွင် ဆရာ/မ ကိုယ်စားလှယ် ၁ ဦး
အလယ်တန်းကျောင်းများတွင် ဆရာ/မ ကိုယ်စားလှယ် ၅ ဦး
အထက်တန်းကျောင်းများတွင် ဆရာ/မ ကိုယ်စားလှယ် ၇ ဦး တို့ဖြစ်ပါသည်။
*(NGO ဟုဆိုသော်လည်း မီးသတ်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကဲ့သို့ အစိုးရနှင့်သက်ဆိုင်သည့် အဖွဲ့အစည်းများလည်း ရပါသည်)

#သုံးစွဲပုံသုံးစွဲနည်း
ကျောင်းထောက်ပံ့ကြေးကို ခေါင်းစဉ် ၁၃ ခု ခွဲ၍ အသုံးပြုရပါမည်။ ခေါင်းစဉ် ၁၃ နှင့် အကျုံးမဝင်သောနေရာများတွင် သုံးစွဲခွင့်မရှိ။ ခေါင်းစဉ် ၁၃ ရပ်အတွင်းက သုံးစွဲရာတွင်လည်း သုံးစွဲသမျှကို ကော်မတီဝင်များအား အသိပေးရှင်းလင်းတင်ပြရပါသည်။ ပွင့်လင်းမြင်သာမှု အားနည်းရင် အတိုင်ခံရမည်။ သဘောထားမတိုက်ဆိုင်သည့် ဆုံးဖြတ်ချက်များကို မဲခွဲဆုံးဖြတ်နိုင်သည်။ ကျောင်းအုပ်သဘောတစ်ခုတည်းမရပါ။ ကော်မတီ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။ (ကျောင်းအုပ်သည် ဥက္ကဌဖြစ်ရာ လုပ်ပိုင်ခွင့် အရှိဆုံးသူဖြစ်သည်ကိုတော့ သတိပြုပါ)


ဘတ်ဂျက်ခေါင်းစဉ် ၁၃ ခုမှာ -
၀၂၀၁ ပြည်တွင်းခရီးစရိတ်
၀၃၀၁ လုပ်အားခ
၀၃၀၃ ငှါးရမ်းခ
၀၃၀၄ သယ်ယူပို့ဆောင်ခ
၀၃၀၅ ရုံးအသုံးအဆောင်
၀၃၀၇ တံဆိပ်ခေါင်း တယ်လီဖုန်း
၀၃၀၈ လျှပ်စစ်ဓာတ်အားခ
၀၃၀၉ သတင်းစာ စာနယ်ဇင်း
၀၃၁၃ လုပ်ငန်းသုံး
၀၃၁၄ အစားအစာ ဧည့်ခံစရိတ်
၀၃၂၀ ပုံနှိပ်ခနှင့် ထုတ်ဝေခ
၀၃၂၅ ပြပွဲပြိုင်ပွဲ
၀၄၀၉ အခြား တ်ို့ဖြစ်ပါသည်။

သတိပြုရန်
-ကျောင်းထောက်ပံ့ကြေး ကော်မတီ အစည်းအဝေးကို အနည်းဆုံး ၁နှစ်မှာ ၃ ကြိမ် ပြုလုပ်ရမည်။
-ပွင့်လင်းမြင်သာမှု ရှိရမည်။ ရ/သုံး ငွေစာရင်းကို ကော်မတီဝင်များ၊ ဆရာ/မများကို ရှင်းလင်းတင်ပြရပါမည်။
-ဘောက်ချာတစ်ရွက်လျှင် ၂ သိန်းထက် မပိုရပါ။ ပိုလျှင် အခွန်ဆောင်ရမည်။ ကမ္ဘာ့ဘဏ်ပိုက်ဆံများကို အခွန်မဆောင်စေလိုသောကြောင့် ဖြစ်သည်။
👍1
(ထို့ကြောင့် computer ကဲ့သို့ ပစ္စည်းကြီးကြီးမားမား ဝယ်မရပါ။ ကျောင်းအုပ်အများစု ထောက်ပြကြသော အားနည်းချက်ဖြစ်ပါသည်။)
-ပြည်တွင်းခရီးစရိတ်သည် စုပေါင်းရငွေ၏ ၃%ခန့်သာ ဖြစ်သင့်သည်။ ၅%ထက် မကျော်စေရန် မှာကြားထားပါသည်။
အချို့ကျောင်းများမှာ ခရီးစရိတ်ပင် ခွဲဝေမထားကြပါ။
👍1
G4 ,G5 မူထက်ဆင့်

စာပေဘာသာရပ်အတွက်ပျမ်းမှရမှတ်ဖြည့်သွင်းခြင်းပုံစံ
လိုအပ်သူများအတွက်သာမျှဝေပါသည်
မြန်မာ့စီးပွားရေးဘဏ် အသီးသီးရှိ
e-Pension card ကိုင်ဆောင်သုံးစွဲသူ
အငြိမ်းစားများအနေဖြင့်

(၉/၂၀၂၃) မှ စတင်ကျင့်သုံးခဲ့သော
Centralized e-Pension စနစ်အရ

မိမိလက်ဝယ်ရှိ ကဒ်များ ကိုင်ဆောင်၍
Centralized စနစ် ကျင့်သုံးနေသည့်
အောက်ဖော်ပြပါ မည်သည့်ဘဏ်ခွဲတွင်မဆို
ပင်စင်လစာငွေထုတ်ယူနိုင်ပါကြောင်း။

Centralized စနစ်ကျင့်သုံးသော
လက်ရှိဘဏ် (၄၈) ဘဏ်မှာ - - -

နေပြည်တော်
-------------------
(ပျဉ်းမနား/လယ်ဝေး/တပ်ကုန်း/ပုဗ္ဗသီရိ)

မန္တလေးတိုင်း
-------------------
(မန်း၁/၂/၃/ညောင်ဦး/မိတ္ထီလာ/ပြင်ဦးလွင်/
မြင်းခြံ/ကျောက်ဆည်/ရမည်းသင်း)

ပဲခူးတိုင်း
--------------
(ပဲခူး/တောင်ငူ/သာယာဝတီ/ပြည်)

ရန်ကုန်တိုင်း
-----------------
(ဘဏ်ခွဲ၁/၂/၃/၄/၅/၆/ငွေစု၁/၃/၄/
သန်လျင်/ကြည့်မြင်တိုင်/ကမာရွတ်/
သင်္ဃန်းကျွန်း/တာမွေ/မြောက်ဥက္ကလာ/
အင်းစိန်)

ဧရာဝတီတိုင်း
--------------------
(ပုသိမ်/ဟင်္သာတ/မြောင်းမြ/မအူပင်/ဖျာပုံ)

ရှမ်းပြည်နယ်
-------------------
(တောင်ကြီး/ကျိုင်းတုံ/တာချီလိတ်/
လွိုင်လင်/လားရှိုး)

စစ်ကိုင်းတိုင်း
--------------------
(စစ်ကိုင်း/မြောင်)

ကရင်ပြည်နယ်
-----------------------
(ဘားအံ/မြဝတီ/ကော့ကရိတ်)
👍1