Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.7K subscribers
3.82K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
မိမိမွေးသက္ကရာဇ်ကို
မြန်မာခုနှစ်ရော အင်္ဂလိပ်ခုနှစ်ပါ သိပြီး
အသက်ကို တွက်ကြည့်လို့ရအောင်ပါ။
လွတ်လပ်ရေးနေ့ သမိုင်း
================

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ခိုင်မာသော လူမျိုးသမိုင်း၊ ခိုင်မာသော နိုင်ငံ သမိုင်းနှင့် တည်တံ့ခိုင်မြဲသော အချုပ်အခြာ အာဏာပိုင်ရေ၊ မြေပိုင်နက်နယ်နိမိတ်များ ပြည့်စုံသည့် နိုင်ငံတစ်နိုင်ငံပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်လျက်ရှိကြ သော ပြည်ထောင်စုဖွား တိုင်းရင်းသားလူမျိုး အားလုံးသည် ရှေးပဝေသဏီကတည်းကပင် မျိုးရိုးဂုဏ်ရှိန် ထည်ဝါသော မြန်မာ တိုင်းရင်းသားများအဖြစ် ခံယူကာ ကမ္ဘာ့ အလယ်တွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နေ သော လူမျိုးများဖြစ်ကြသည်။ မြန်မာမှန် လျှင် သတ္တိဗျတ္တိရှိသည်။ ရဲရင့်သည်ဆိုသော ဂုဏ်ပုဒ်ကို တစ်ပါတည်းတွဲ၍ ရှုမြင်ကြသည်။

လူသားမျိုးနွယ်အစ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ဟူသော ဤမြေပေါ်တွင် လွန်ခဲ့သောနှစ် ပေါင်း သန်း ၄ဝ ကျော်ခန့်က အစပြု၍ မြန်မာ့ ရှေးဦးလူမျိုးများ စတင်နေထိုင်ခဲ့သည်ကို ပုံတောင်ကျောက်ဖြစ်ရုပ်ကြွင်း အထောက် အထားများက သက်သေပြလျက်ရှိသည်။ ထိုအချက်သည် ''လူသားမျိုးနွယ်အစ မြန်မာ က'' ဟူ၍ပင် ယူဆနိုင်ပေသည်။ ဤမြေပေါ် တွင် နယ်မြေဒေသအလိုက် ဘာသာစကား၊ ဓလေ့စရိုက်နှင့် လူမျိုးအခေါ်အဝေါ် အသီး သီး အမည်တွင်လျက်ရှိသော်လည်း မြန်မာ တိုင်းရင်းသားအားလုံးသည် ရှေးပဝေသဏီ ကပင် ဝံသာနုရက္ခိတတရားနှင့် ထာဝရ လက်တွဲနေထိုင်ခဲ့ကြသည့် စည်းလုံးညီညွတ် သော တိုင်းရင်းသားလူမျိုးများ ဖြစ်ကြ သည်။

စည်ပင်ဖွံ့ဖြိုးခဲ့

မြန်မာနိုင်ငံသည် အေဒီ ၁ဝ၄၄-၁ဝ၇၇ ခုနှစ် အနော်ရထာမင်းလက်ထက်တွင် လည်းကောင်း၊ အေဒီ ၁၅၅၁-၁၅၈၁ ခုနှစ် ဘုရင့်နောင်မင်းလက်ထက်တွင် လည်း ကောင်း၊ အေဒီ ၁၇၅၂-၁၇၆ဝ ခုနှစ် အလောင်းမင်းတရားလက်ထက်တွင် လည်း ကောင်း ကာကွယ်ရေးအင်အားကို ကျောထောက်နောက်ခံပြု၍ သုံးကြိမ်တိုင်တိုင် စည်းလုံးညီညွတ်သော မြန်မာနိုင်ငံကြီးအဖြစ် စုစည်းတည်ထောင်ခဲ့သည်။ နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေး မျက်နှာစာများတွင် စည်ပင် ဖွံ့ဖြိုးတိုးတက်ခဲ့သည်။ ဝါဒဖြန့်ချိရေး၊ သံတမန်ရေး၊ စစ်ရေး စသည့်မျက်နှာစာများ တွင်လည်း ဂုဏ်ရှိန်ရောင်ဝါထွန်းလင်းပြောင် ခဲ့သည်။ ကျူးကျော်စော်ကားလာသူများကို လည်း ပြည်သူတို့၏ စွမ်းပကားဖြင့် တိုက်ထုတ်နိုင်ခဲ့သည်။ ထိုနိုင်ငံကြီးများသည် မြန်မာတို့ ညံ့ဖျင်းမှုမရှိဆိုသော သာဓကများ ပင်ဖြစ်သည်။

သူ့ကျွန်ဘဝကျရောက်

သို့ရာတွင် ကုန်းဘောင်ခေတ်နှောင်းပိုင်း ကာလတွင် နန်းတွင်းအရှုပ်တော်ပုံများကိုသာ အာရုံစိုက် ဖြေရှင်းနေခဲ့ရသဖြင့် တိုင်းပြည်၏ အဓိက ကာကွယ်ရေးအင်အားဖြစ်သော စစ်အင်အားချည့်နဲ့လာပြီး အဘက်ဘက်မှ ခေတ်နောက်ကျခဲ့သည်။ အကျိုးဆက်အနေ ဖြင့် အင်္ဂလိပ်နယ်ချဲ့တို့က ဘကြီးတော်ဘုရား လက်ထက် ၁၈၂၄ ခုနှစ်တွင် တစ်ကြိမ်၊ ပုဂံမင်းလက်ထက် ၁၈၅၂ ခုနှစ်တွင် တစ်ကြိမ်၊ သီပေါမင်းလက်ထက် ၁၈၈၅ ခုနှစ်တွင် တစ်ကြိမ် ခေတ်မီစစ်လက်နက်များဖြင့် ကျူးကျော်စစ် သုံးကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ ကြသည်။ ထို့ကြောင့် ၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ထီးကျိုး စည်ပေါက် တစ်နိုင်ငံလုံး သူ့ကျွန်ဘဝ ကျရောက်ခဲ့ရသည်။

ကိုလိုနီတို့သည် ၁၈၂၄ ခုနှစ်ကတည်းက အောက်မြန်မာနိုင်ငံကို စတင်ကျူးကျော်သိမ်း ပိုက်ခဲ့သဖြင့် သူ့ကျွန်ဘဝ ကျရောက်ခဲ့ရသည် မှာ နှစ်ပေါင်း ၁၂ဝ ကျော် ကြာမြင့်သည်။ ထိုအချိန်က နိုင်ငံသားအားလုံး၏ အိပ်မက်များ ပျောက်ဆုံးခဲ့ရသည်။ နယ်ချဲ့တို့၏ ညှဉ်းပန်း နှိပ်စက် ကုပ်သွေးစုပ်မှုကို အလူးအလဲခံခဲ့ကြ ရသည်။ ပင်ပန်းကြမ်းတမ်းသော ကာလများ ပင်ဖြစ်သည်။

တွန်းလှန်တိုက်ခိုက်

မျိုးချစ်စိတ်ဓာတ် ပြင်းထန်သော ပြည်ထောင်စုဖွား တိုင်းရင်းသား သူရဲကောင်း များသည် နယ်ချဲ့တို့က မြန်မာနိုင်ငံကို သိမ်းပိုက် လိုက်ပြီဆိုကတည်းကပင် ရရာလက်နက် စွဲကိုင်လျက် နယ်ချဲ့တို့အား အသက်ပေးကာ နည်းလမ်းပေါင်းစုံဖြင့် တိုက်ထုတ်ခဲ့ကြသည်။ သို့သော် စနစ်တကျ စုဖွဲ့လေ့ကျင့်တိုက်ခိုက်ခြင်း မျိုး မရှိခဲ့သဖြင့် တိုင်းပြည်အတွက် အသက်ကို သာ စွန့်လွှတ်ခဲ့ကြရသည်။ ဝမ်းနည်းဖွယ် ကောင်းသည့်ဖြစ်ရပ်များပင်ဖြစ်သည်။

ထို့နောက် ၁၉၂ဝ ပြည့်လွန်နှစ်များမှစ၍ လူငယ်များအကြားတွင် မျိုးချစ်စိတ်ဓာတ် ပိုမို ပြင်းထန်လာခဲ့သည်။ ဝိုင်အမ်ဘီအေ၊ ဂျီစီ ဘီအေ၊ တို့ဗမာအစည်းအရုံးစသည့် အသင်း ကြီးများဖွဲ့စည်းကာ လှုပ်ရှားခဲ့သည်။ ထိုမှ တစ်ဆင့် အမျိုးသားရေးလှုပ်ရှားမှုများဖြစ် သည့် တောင်သူလယ်သမား၊ အလုပ်သမားနှင့် ၁၃ဝဝ ပြည့် အရေးတော်ပုံများ ဆက်တိုက်ပေါ် ပေါက်လာခဲ့သည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားများထဲတွင် မျိုးချစ်စိတ်ဓာတ် ပြင်းထန်ပြီး လွတ်လပ်ရေးကို အရယူသွားမည် ဆိုသော သံမဏိစိတ်ဓာတ် ကိန်းအောင်းနေ သည့် လူငယ်တစ်ဦး ပေါ်ထွန်းလာခဲ့သည်။ ထိုသူကား အခြားမဟုတ်ချေ။ ယနေ့အချိန် အထိ ပြည်သူအားလုံး၏ ရင်ထဲတွင် ကိန်း အောင်းလျက်ရှိသည့် လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းပင်ဖြစ်သည်။

တပ်မတော်ဖွဲ့စည်း
👍1
ထိုစဉ်က မြန်မာ့လွတ်လပ်ရေး၏ဗိသုကာဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းသည် ရန်ကုန်တက္ကသိုလ်တွင် ပညာဆည်းပူးလျက်အမျိုးသားရေးလှုပ်ရှားမှုများကို စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိသည်။ လွတ်လပ်ရေး အတွက် တိတ်တဆိတ် ကြိုးပမ်းလှုပ်ရှားနေရ သော သခင်အောင်ဆန်းဦးဆောင်သည့် အဖွဲ့ဝင် များကို ကိုလိုနီနယ်ချဲ့များက ဖမ်းဆီး ထောင်သွင်း အကျဉ်းချမှုများ အရှိန်မြှင့်ဆောင် ရွက်လာခဲ့သည်။ သခင်အောင်ဆန်းသည် နယ်ချဲ့တို့၏ ဖမ်းဆီးမှုမှ လွတ်မြောက်အောင် လိမ္မာပါးနပ်စွာရှောင်ရှားလျက် လွတ်လပ်ရေး အတွက် ဆက်လက်ကြိုးပမ်းခဲ့ရသည်။

ထို့အပြင် လွတ်လပ်ရေးအတွက် နယ်ချဲ့ ကို တွန်းလှန်တိုက်ထုတ်ရာတွင် စနစ်တကျ လေ့ကျင့်ဖွဲ့စည်းထားသည့် လက်နက်ကိုင်အဖွဲ့ အစည်းနှင့် ခေတ်မီစစ်လက်နက်ပစ္စည်းများရရှိမှသာ ဆောင်ရွက်နိုင်မည်ဆိုသည်ကို သိရှိ သဘောပေါက်လာခဲ့သည်။ ထို့ကြောင့် နိုင်ငံခြား အကူအညီရရှိရေးအတွက် ပြည်ပသို့ တိတ်တဆိတ် ထွက်ခွာခဲ့ရသည်။ ထို့နောက်ရဲဘော်သုံးကျိပ်နှင့်အတူ ဟိုင်နန်ကျွန်းတွင် စစ်ပညာကို ဆင်းရဲပင်ပန်းကြမ်းတမ်းစွာ သင်ယူ ခဲ့ရသည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက် နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဦးလွန်းဖေနေအိမ်၌ မြန်မာ့လွတ်လပ်ရေး အတွက် အသက်ခန္ဓာ ပေးဆပ်တိုက်ခိုက်သွား မည်ဟု သစ္စာဆိုကာ လက်မောင်းသွေးဖောက် သောက်ခဲ့ကြသည်။ ထိုနေ့၌ပင် ဗမာ့လွတ်လပ် ရေးတပ်မတော် (Burma Independence Army-BIA) ကို စတင်ဖွဲ့စည်းနိုင်ခဲ့သည်။

လွတ်လပ်ရေးတိုက်ပွဲဝင်

ထိုနေ့ ထိုအချိန်မှစ၍ လွတ်လပ်ရေး အတွက် ရောင်ခြည်သန်းခဲ့သည်။ ၁၉၄၂ ခုနှစ် တွင် မြန်မာနိုင်ငံသို့ ချီတက်ခဲ့ပြီး ထိုနှစ် မတ်လ ၈ ရက်နေ့တွင် ရန်ကုန်ကို သိမ်းပိုက်ခဲ့သည်။ ထိုနှစ် ဇူလိုင်လတွင် ဗိုလ်မှူးကြီးရာထူး ဖြင့် ဗမာ့တပ်မတော် စစ်သေနာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ သြဂုတ်လ ၁ ရက်နေ့တွင်BIA မှ ဗမာ့ကာကွယ်ရေးတပ်မတော် (Burma Defence Army-BDA)ကို ပြင်ဆင်ဖွဲ့စည်းခဲ့ သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ဘီအိုင်အေ၊ ဘီဒီအေ၊ ပီဘီအက်(ဖ်) တပ်မတော်များနှင့် အတူ နယ်ချဲ့နှင့် ဖက်ဆစ်ဂျပန်တို့ကို မြန်မာ့ မြေပေါ်မှ အမြစ်ပြတ် ချေမှုန်းတိုက်ထုတ်နိုင် ခဲ့သည်။ ထို့အပြင် မြန်မာ့လွတ်လပ်ရေးအတွက် လည်း နယ်ချဲ့တို့ထံ တည်တံ့စွာပြောဆို တောင်းဆိုနိုင်ခဲ့သည်။ နယ်ချဲ့တို့ထံ လွတ်လပ် ရေး တောင်းဆိုရေးအတွက် တိုင်းပြည်အတွင်း တရားမျှတသော ရွေးကောက်ပွဲကြီးကျင်းပကာ တိုင်းပြည်ပြု လွှတ်တော်ကြီး ကျင်းပနိုင်ခဲ့ သည်။ ထိုလွှတ်တော်ကြီးမှ တိုင်းပြည်အတွက် အရေးပါသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခဲ့ သည်။ ထို့နောက် လွတ်လပ်သောအချုပ်အခြာ အာဏာပိုင် သမ္မတနိုင်ငံဖွဲ့စည်းထူထောင်ရန် အရေးကြီးအဆိုကို တင်သွင်းနိုင်ခဲ့သည်။

လွတ်လပ်ရေးလိုချင်ပါသလား

''လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေး ရနိုင်လောက်တဲ့ စည်းကမ်းကို ရှိကြပါ၊ လွတ်လပ်ရေးကို လိုချင်လို့ရှိရင် လွတ်လပ်ရေး ကိုရနိုင်တဲ့ ညီညွတ်မှုကို ထိန်းသိမ်းထားပါ၊ လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေးကို ရနိုင်တဲ့ ထူထောင်မှုကိုလုပ်ကြပါ၊ အဲဒီလို လုပ်ပြီးတဲ့နောက် ရှေ့ကိုလွတ်လပ်ရေးအရသာ ကို ခံစား စံစားချင်တယ်ဆိုရင် အလုပ်လုပ်ကြဖို့၊ စည်းကမ်းရှိကြဖို့၊ ယခုကတည်းက ခင်ဗျားတို့ ကိုယ်ကို အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေ၊ စောက်ကျင့်တွေ ပြင်ကြဖို့လိုပြီဆိုတာ ကျွန်တော်ကနေ့ ပြောခဲ့ချင်တယ်'' ဟုဆိုကာ လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင် ကြီး ဗိုလ်ချုပ်အောင်ဆန်းက ဇူလိုင်လ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့တော်ခန်းမကြီး၌ ပြုလုပ်သည့် ပြည်သူ့အစည်းအဝေးကြီး၌ တိုင်းသူပြည်သားများအား တိုက်တွန်းပြောကြား ခဲ့သည်။ ဗိုလ်ချုပ်သည် လွတ်လပ်ရေးကို တန်ဖိုးထားတတ်စေရန် စေတနာထား ပြောကြားခဲ့ခြင်းဖြစ်သည်။

လွပ်လပ်ရေးရရှိ

မည်သို့ပင်ဆိုစေကာမူ ဗိုလ်ချုပ်၏အမြော်အမြင်ကြီးမားမှုကြောင့် ကျွန်တော်တို့ တိုင်းပြည်နှင့် လူမျိုးအတွက် အသက်တမျှ အရေးပါသော လွတ်လပ်ရေးကြီးကို ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လက်ဝယ် ပိုင်ပိုင်ရယူနိုင်ခဲ့ပါသည်။ ထို့ကြောင့် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် နှစ်(၇ဝ)ပြည့် လွတ်လပ်ရေးနေ့ ကျရောက် တော့မည်ဖြစ်သည်။ ထိုနေ့သည် တိုင်းပြည် နှင့်လူမျိုးအတွက် မင်္ဂလာရှိသော နေ့တစ်နေ့ ပင်ဖြစ်သည်။

လွတ်လပ်ရေးကမ္ပည်းထိုး

ထိုလွတ်လပ်ရေးနေ့သည် မြန်မာ တိုင်းရင်းသားပြည်သူများအတွက် နေ့ထူး နေ့မြတ်ကြီးပင်ဖြစ်သည်။ ထိုနေ့တွင် မြန်မာ နိုင်ငံ အနှံ့အပြားရှိ မြို့၊ ရွာများတွင် မှတ်တမ်းတင် မော်ကွန်းကျောက်စာတိုင်များ စိုက်ထူခဲ့ကြသည်။ ထိုကျောက်စာတိုင်များ တွင် ''သက္ကရာဇ် တစ်ထောင့်သုံးရာကိုး ခုနှစ်၊ ပြာသိုလဆုတ် ၉ ရက်၊ တနင်္ဂနွေနေ့ အား ဤငါတို့ မြန်မာပြည် လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင် ပြည်ထောင်စု သမ္မတ နိုင်ငံတော်ကြီးအဖြစ် ကောင်းစွာ ရောက်သတည်း''ဟူ၍ ကမ္ပည်းထိုးထားကြ သည်။

ကိုလိုနီအမွေဆိုး
နယ်ချဲ့တို့အား မြန်မာ့မြေပေါ်မှ မောင်းထုတ်ပြီးနောက် လွတ်လပ်ရေးရရှိ အောင် ဆောင်ကြဉ်းနိုင်ခဲ့သော်လည်း ကိုလိုနီ အမွေဆိုးများကမူ ကျန်ခဲ့သည်။ တိုင်းရင်းသားညီအစ်ကိုများအကြား စိတ်ဝမ်း ကွဲပြီး တစ်ဦးနှင့်တစ်ဦး သံသယဝင်ကာ လက်နက်စွဲကိုင်ခဲ့ကြသည်။ တချို့သော တိုင်းရင်းသားများသည် လက်ရှိအချိန်အထိ လက်နက်စွဲကိုင်နေဆဲပင်ဖြစ်သည်။ အကျိုး ဆက်အနေဖြင့် တစ်နိုင်ငံလုံး လွှမ်းခြုံသော ငြိမ်းချမ်းရေးကို အပြည့်အဝတည်ဆောက် နိုင်ခြင်း မရှိသေးဘဲ တချို့သောဒေသများ တွင် သေနတ်သံများ ကြားနေရဆဲပင်ဖြစ် သည်။ ဝမ်းနည်းဖွယ်ရာပင်ဖြစ်သည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည်သာ ပဓာန

''တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းသူပြည်သားလူထုညီညွတ်ရေး၊ အဲဒီ ညီညွတ်ရေးနှစ်ခု မရှိသမျှ ကာလပတ်လုံး ဒီတိုင်းပြည်ဟာ လွတ်လပ်ပင် လွတ်လပ်သော် ငြားလည်း ဘယ်ပါတီတက်တက်၊ ဘယ်အစိုးရ လုပ်လုပ်၊ ဖာသည်တိုင်းပြည်ဖြစ်နေမှာပဲလို့ ကျွန်တော်ပြောချင်တယ်''ဟူ၍ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့၌ပင် ရန်ကုန် မြို့တော်ခန်းမကြီး၌ ပြုလုပ်သည့် ပြည်သူ့ အစည်းအဝေးကြီး၌ သတိပေးပြောကြားခဲ့ပါ သည်။

ဗိုလ်ချုပ်၏မိန့်ခွန်းသည် နားထောင်ရာ တွင် နားဝင်မချိုသော်လည်း ထိထိမိမိရှိလှ သည်။ နိုင်ငံသားအားလုံး သတိထားရမည့် အချက်ကို ထိထိမိမိ ပြောခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်အထိလည်း ထင်ဟပ်မှန်ကန် နေဆဲပင်ဖြစ်သည်။ ထိုမိန့်ခွန်း၏ အနှစ်သာရ သည် ကမ္ဘာတည်သရွေ့ ဆက်လက်မှန်ကန် နေမည်ဖြစ်သည်။ တိုင်းပြည်တစ်ခု တည်ဆောက်ရာတွင် တိုင်းရင်းသား စည်းလုံးညီညွတ်မှုသည် မည်မျှအရေးပါ နေကြောင်းကို အနာဂတ်ကို မြော်တွေးကာ သတိပေးသွားခြင်းဖြစ်သည်။

ထာဝရငြိမ်းချမ်းရေးတည်ဆောက်

လွတ်လပ်ရေးရရှိခဲ့သည့်အချိန်ကာလသည် အနှစ်(၇ဝ)ပြည့်တော့မည်ဖြစ်သည်။ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ မရှိအတူ၊ ရှိအတူနေထိုင်ခဲ့ကြသည့် တိုင်းရင်း သား ညီအစ်ကိုများအကြား စားပွဲဝိုင်းတွင် ဆွေးနွေး တိုင်ပင်ညှိနှိုင်းသွားမည်ဆိုလျှင် (Win-Win)ရလဒ်ရရှိနိုင်ပေသည်။ မတူညီ မှုများကို ဖယ်ရှားကာ တူညီသောအချက် များဖြင့် စတင် ဆွေးနွေးသင့်နေပြီ ဖြစ်သည်။

တိုင်းရင်းသား စည်းလုံးညီညွတ်မှုသည် နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေးအဓွန့်ရှည် တည်တံ့ခိုင်မြဲနေစေရန်အတွက် အသက် တမျှ အရေးပါလျက်ရှိသည်။ စည်းလုံး ညီညွတ်မှုအင်အားချည့်နဲ့ယိုယွင်းလာသော နိုင်ငံသည် အဘက်ဘက်မှ အနုတ် လက္ခဏာ ဆောင်လာမည်ဖြစ်သည်။ သာဓကအနေဖြင့် တချို့သော အရှေ့ အလယ်ပိုင်းနိုင်ငံများကို သင်ခန်းစာယူသင့် သည်။ ထိုနိုင်ငံများရှိ ပြည်သူများသည် ဒုက္ခပင်လယ်ဝေနေကြသည်။ ကလေးငယ် များသည် အနာဂတ်ပျောက်ဆုံး နေကြသည်။

ထို့အပြင် စည်းလုံးညီညွတ်မှုပြိုကွဲလျှင် နိုင်ငံလည်း အစိတ်စိတ်အမြွှာမြွှာပြိုကွဲသွား နိုင်ပေသည်။ ဆိုလိုသည်မှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးသည် နိုင်ငံတစ်နိုင်ငံ တိုးတက်ရေးအတွက် မောင်းနှင်အား တစ်ရပ်ပင်ဖြစ်သည်။ ထို့ကြောင့် တိုင်းရင်း သားညီအစ်ကိုများအကြား သံသယများ ဖယ်ရှားကာ ထာဝရငြိမ်းချမ်းရေးရရှိအောင် တည်ဆောက်သွားရန် လိုအပ်မည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင် ခဲ့သော အစိုးရအဆက်ဆက်သည် တိုင်းပြည်ငြိမ်းချမ်းရေးကို ထုဆစ်ပုံဖော် ခဲ့ကြသည်။ ၂ဝ၁၅ ခုနှစ် အောက်တို ဘာလတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် (NCA)ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ လက်ရှိအစိုးရသည်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆက်လက်အကောင် အထည်ဖော်လျက်ရှိသည်။

ထို့အပြင် ငြိမ်းချမ်းရေးအတွက် အရေးပါသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစု ပင်လုံကိုလည်း ဒုတိယအကြိမ်အထိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး တတိယအကြိမ် ညီလာခံကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းတွင် ကျင်းပသွားနိုင်ရေး ရည်မှန်းဆောင်ရွက် လျက်ရှိသည်။

ကိုယ်စီတာဝန်ရှိ

တိုင်းရင်းသား ညီအစ်ကိုများအကြား ရေပက်မဝင်သော စည်းလုံးညီညွတ်မှုကိုသာ ခိုင်မာစွာတည်ဆောက်ထားနိုင်မည်ဆိုလျှင် တိုင်းပြည်အင်အား တောင့်တင်းခိုင်မာနေမည် ဖြစ်သည်။ အင်အားတောင့်တင်းခိုင်မာနေ သောနိုင်ငံကို မည်သည့်နိုင်ငံကမျှ ကျူးကျော် ရန်စဝံ့မည်မဟုတ်ချေ။ ဆိုလိုသည်မှာ ထိုနိုင်ငံ သည် စည်းလုံးညီညွတ်မှုစွမ်းအားဖြင့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို အမြဲတစေ ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်လျက် ရှိသော နိုင်ငံသားတိုင်းသည် တိုင်းပြည်၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ထာဝစဉ်ထိန်းသိမ်းထားနိုင်ရန် ကိုယ်စီတာဝန် ရှိကြပါသည်။ ထိုတာဝန်ကို ကျေပွန်ရန် အတွက် နိုင်ငံသားကောင်းများဖြစ်အောင် ကြိုးပမ်းအားထုတ်သွားသင့်ပေသည်။

လွတ်လပ်ရေး၏တန်ဖိုးကို မလွတ်လပ် သောအချိန်မှသာ သိရှိကြသည်။ တိုင်းရင်းသား ပြည်သူများသည် အသက်၊ သွေး၊ ချွေးပေါင်း များစွာ ပေးဆပ်ကာ လွတ်လပ်ရေး တိုက်ပွဲဝင် ခဲ့ကြရသည်။ ထိုလွတ်လပ်ရေးကို ဆက်လက် ထိန်းသိမ်းရေးသည် မျိုးဆက်သစ်များ၏တာဝန်ပင်ဖြစ်သည်။ သွေးစည်းညီညွတ်မှု မရှိဘဲ အမှုမဲ့အမှတ်မဲ့သာ နေထိုင်နေမည် ဆိုလျှင် ရရှိထားသော လွတ်လပ်ရေးသည် တစ်ခဏအတွင်း ဆုံးရှုံးသွားနိုင်သည်။
❤1
ခြုံ၍တင်ပြရလျှင် နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေး ထာဝစဉ်အဓွန့်ရှည်တည်တံ့ ခိုင်မြဲရေးသည် ထိုနိုင်ငံရှိ ပြည်သူအားလုံး၏တာဝန်ပင်ဖြစ်သည်။ ထိုလွတ်လပ်ရေးကို ပြည်သူများအကြား တည်ဆောက်ထားသည့် စည်းလုံးညီညွတ်မှု စွမ်းပကားဖြင့်သာ ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။ ဆုံးရှုံးသွား ခဲ့သော မြန်မာ့လွတ်လပ်ရေး ပြန်လည် ရရှိရေးအတွက် ဘိုး၊ ဘွား၊ ဘီ၊ ဘင် တို့သည် အသက်၊ သွေး၊ ချွေး များစွာပေးဆပ် ခဲ့ကြရသည်။

ထိုသို့ များစွာ ပေးဆပ်ခဲ့ရသည့် လွတ်လပ်ရေးကို မြတ်နိုးတန်ဖိုး ထားတတ်ရန်သည် ပဓာနကျသောအချက် ပင်ဖြစ်သည်။ မျက်မှောက်ခေတ် မျိုးဆက် သစ်များသည် မလွတ်လပ်မှုအောက်တွင် နေထိုင်ရသည့် ခါးသီးသောအတွေ့အကြုံမျိုး မရှိကြသဖြင့် လွတ်လပ်ရေး၏တန်ဖိုး အနှစ်သာရကို မေ့လျော့နေတတ်ကြသည်။ မည်သို့ပင်ဆိုစေကာမူ ပြည်ထောင်စုဖွား ညီနောင်တိုင်းရင်းသားများ၊ အထူးသဖြင့် မျိုးဆက်သစ်လူငယ်များအနေဖြင့် နှစ်စဉ် ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ကို မမေ့အပ်သောနေ့တစ်နေ့အဖြစ် ရင်ထဲ အသည်းထဲတွင် ထာဝစဉ်ထိန်းသိမ်းထား နိုင်ကြပါစေ။ ။

မောင်သောင်းဝင်း(တမန်ဟောင်း)
ကြေးမှုံ
==============
http://www.timeayeyar.com/2017/12/blog-post_499.html?m=1
TimeAyeyar
🇲🇲MSK

--------------------------------------------------------------------------
လွတ်လပ်ရေးနေ့ စာစီစာကုံးရေးရန် ကိုးကားနိုင်ဖို့ပါ

#လွတ်လပ်ရေးနေ့သမိုင်း

ရှေးနှစ်ပေါင်း ထောင်နှင့်ချီပြီး နှစ်ပရိစ္ဆေဒများစွာကပင် ကိုယ့်မင်းကိုယ့်ချင်းနှင့် အဆင့်အတန်းမြင့်မြင့် နေထိုင်ခဲ့သော မြန်မာတို့သည် နယ်ချဲ့အင်္ဂလိပ်တို့၏ ကိုယ်ကျိုးရှာ ဝိသမလောဘဆိုးကြောင့် မတရား အကြောင်းမဲ့ ရန်ရှာကာ မြန်မာနိုင်ငံအား စစ်သုံးကြိမ် ဆင်နွှဲပြီး ၁၈၈၅ ခုနှစ်တွင် အပြီးအပိုင် သိမ်းယူခဲ့ကြသည်။

ထိုအခါ ဘယ်သောအခါမှ မတရားကျူးကျော်မှုကို ခေါင်းငုံ့မခံတတ်သော မြန်မာတိုိ့သည် လှေခွက်ချည်းကျန်၊အလံမလှဲ၊မြေတစ်လက်မကျန်သည်အထိ ခုခံကာကွယ်တိုက်ခိုက်ခဲ့ကြသည်။ သို့သော် မြန်မာတို့အနေဖြင့် လက်နက်ချင်း၊စစ်ရေးပညာချင်းတွင် မယှဉ်သာသောကြောင့် တိုက်ပွဲကနေဦးကာလများတွင် အကျအဆုံးများစွာနှင့် ရင်ဆိုင်ခဲ့ကြရသည်။အမျိုးကို ချစ်သော ဇာတိမာန်နှင့်ဇွဲလုံ့လသတ္တိတို့တွင် နယ်ချဲ့တို့ထက်များစွာသာလွန်သော မြန်မာတိုင်းရင်းသားတို့၏ စိတ်ဓါတ်ကိုကား နယ်ချဲ့တို့ မည်မျှ နှိမ်နင်းချေဖျက်ဖြင်း မပြုနိုင်ခဲ့ကြချေ။

ထိုကြောင့် မြန်မာတို့၏ လွတ်လပ်ရေးတိုက်ပွဲ အရှိန်အဟုန်သည် လျှောကျကွယ်ပျောက်ခြင်းမရှိ၊အခွင့်ရေး ရရင်ရသလို၊အခြေအနေပေးရင် ပေးသလို တစ်ပြည်လုံးသို့ ပြန့်နှံ့သွားကာ ဆက်လက်ရှင်သန်နေခဲ့သည်။အမျိုးထိလျှင် မချိအောင် နာတတ်သည့် တောင်ပေါ် မြေပြန့်နေ တိုင်းရင်းသားတို့က လွတ်လပ်ရေးသည် ပထမဟု ကြွေးကြော်ကာ နယ်ချဲ့တို့အား သဲသဲမဲမဲ ပြန်လည်တိုက်ခိုက်ခဲ့ရာ နယ်ချဲ့တို့သည် မီးဝုိင်းခံရသည့်ပမာ အထိတ်တလန့်ဖြစ်ကာ အိန္ဒိယအစိုးရက တပ်မတော်ကြီးတစ်ခု စေလွှတ်ပြီး ချေမှုန်းရသည်အထိ အထိနာခဲ့ကြရသည်။

နှစ်ဆယ်ရာစု နှစ်ဦးပိုင်းကာလ ၁၉၂၀ ခုနှစ်သို့ ရောက်သောအခါ တက္ကသိုလ်ဥပဒေပြဌာန်းခြင်းကို အကြောင်းပြု၍ ပထမကျောင်းသားသပိတ်ကြီး ပေါ်ပေါက်လာသဖြင့် မြန်မာ့လွတ်လပ်ရေး တိုက်ပွဲအသွင် သဏ္ဍာန်မှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားခဲ့သည်။ ထိုမှ ဆက်လက်၍ ၁၃၀၀ ပြည့်နှစ်အရေးတော်ပုံ၊တောင်သူလယ်သမားအရေးတော်ပုံပါ ဆက်လက်ပေါ်ပေါက်လာပြန်သဖြင့် တောရောမြို့ပါမကျန် တစ်တိုင်းပြည်လုံးက အုံကြွလာကာ အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားသည်ပင် ရပ်တန့်လုနီးပါး အခြေသို့ ဆိုက်ခဲ့ရသည်။

ဤသို့ နယ်ချဲ့အင်္ဂလိပ်တို့သည် နိုင်ငံအနှံ့ ဖြစ်ပေါ်နေသော ပြောက်ကျားတိုက်ပွဲများကို နှိမ်နင်းနေရသည်ကတစ်ဖက်၊အတွင်းစည်းဝုိင်းထဲသို့၀င်ပြီး ထိပါးလာသော ပြည်သူ့အုံကြွမှုကို ဖြေရှင်းရသည်က တစ်ဖက်၊မလှုပ်သာမယှက်သာရှိနေစဉ်တွင် ၁၉၃၉ ခုနှစ်၌ ဒုတိယကမ္ဘာစစ်ကြီးသည် စတင်ဖြစ်ပွားလာသည်။ထိုအခါ နယ်ချဲ့တို့သည် စစ်ပွဲတွင် ကိုယ်တိုင်ကိုယ်ကြ ပါ၀င်တိုက်ခိုက်ခဲ့ရာ ကိုလိုနီနယ်ပယ်များ အုပ်ချုပ်ရေးယန္တရားသည်လည်း ယိုင်နဲ့၍လာခဲ့သည်။

ဤအခြေအနေသည် “အင်္ဂလိပ်တို့အခက်၊မြန်မာအချက်” အဖြစ်မှတ်ယူကာ မြန်မာမျိုးချစ်ခေါင်းဆောင်တို့သည် လွတ်လပ်ရေးတိုက်ပွဲ၏ အရှိန်အဟုန်ကို မြှင့်တင်လိုက်ကြသည်။ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော ခေါင်းဆောင်လူငယ်များသည် ဂျပန်ပြည်သို့ တိတ်တဆိတ်ထွက်သွားကာ ခေတ်မီ စစ်ပညာသင်ယူပြီး ဂျပန်တို့အကူအညီဖြင့် အင်္ဂလိပ်တို့အား တိုက်ထုတ်ရန် စီစဉ်ကြသည်။ထိုအစီအစဉ်အတိုင်း ဂျပန်တို့နှင့်အတူ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်လာကာ အင်္ဂလိပ်တို့အား မောင်းထုတ်လိုက်ကြသည်။သို့သော် မဟာမိတ်ပြုထားသော ဂျပန်တို့သည် ကတိမတည်သည်သာမက မြန်မာတို့အပေါ် မတရားချုပ်ချယ်၊နိုင်ထက်စီးနင်းလုပ်လာသဖြင့် ၁၉၄၅ ခု၊မတ်လ ၂၇ ရက်နေ့တွင် တော်လှန်ရေးတစ်ရပ် စတင်ဆင်နွှဲကာ ဂျပန်တို့အား တိုက်ထုတ်လိုက်ရပြန်သည်။
❤1
ဂျပန်တို့ထွက်ခွာသွား၍ အင်္ဂလိပ်တို့ ပြန်၀င်လာသောအခါ ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်များသည် ဖဆပလ အဖွဲ့ချုပ်ကြီးကို အခြေခံကာ လွတ်လပ်ရေးအတွက် အပြင်းအထန် ကြိုးစားကြသည်။တိုင်းရင်းသားစည်းလုံးမှုကိုသာမက အလုပ်သမား၊တောင်သူလယ်သမားများ ပါ၀င်ကူညီမှုကို အရယူကာ တစ်နှစ်အတွင်း လွတ်လပ်ရေးကို ချွင်းချက်မရှိ ချက်ချင်းပေးရန် အင်္ဂလိပ်တို့အား တောင်းဆိုခဲ့သည်။

ဤတွင် အင်္ဂလိပ်တို့သည် မနေသာတော့ဘဲ ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့အား အင်္ဂလန်ပြည် လန်ဒန်မြို့သို့ ဖိတ်ကြားကာ မြန်မာ့လွတ်လပ်ရေးအတွက် ဆွေးနွေးခဲ့ရသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့သည် လန်ဒန်မြို့သို့ ၁၉၄၇ ခု၊ဇန်နဝါရီလ ၂ ရက်နေ့တွင် သွားရောက်ကြစဉ် နောက်ပိုင်းမှ ရှမ်းစော်ဘွားအချို့က ဗိုလ်ချုပ်သည် ရှမ်းတို့၏ ကိုယ်စားလှယ်မဟုတ်ကြောင်း ကြေးနန်းရိုက် အကြောင်းကြားလိုက်သဖြင့် အခက်အခဲတွေ့နေခိုက် ဦးတင်အေး၊ဦးထွန်းမြင့် စသော ရှမ်းအမျိုးသားလူငယ်တို့က အစည်းအဝေးတစ်ရပ် အမြန်ခေါ်ပြီး ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်းပြည်လူထု၏ ကိုယ်စားလှယ်အစစ်အမှန်ဖြစ်ကြောင်း ထပ်မံအကြောင်းကြားလိုက်မှသာ အောင်ဆန်းအက်တလီစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်များက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အခိုင်အမာ မတည်ဆောက်နိုင်ဘဲနှင့် မြန်မာတို့သည် ဘယ်သောအခါမှ လွတ်လပ်ရေးမရနိုင်ကြောင်းကို နားလည် သဘောပေါက်ကြပြီးလျှင် တိုင်းရင်းသားများ အချင်းချင်းရင်းနှီးချစ်ကြည်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ကြလေသည်။၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ဗိုလ်ချုပ်သည် ရှမ်းပြည်နယ် ပင်လုံမြို့ကလေးသို့ရောက်ရှိလာကာ ရှမ်းခေါင်းဆောင်များ၊စော်ဘွားများ၊ဒူးဝါးများ၊ကချင်နှင့် ချင်းခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။ထိုအခါ တိုင်းရင်းသားခေါင်းဆောင်များသည် ပြည်နယ်နှင့်ပြည်မ မခွဲခြားဘဲ လွတ်လပ်ရေးကို တစ်စည်းတစ်လုံးတည်း ရယူကြရန် သဘောတူကြသဖြင့် ထိုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ်ကို အပြီးအပိုင် ချုပ်ဆိုနိုင်ခဲ့သည်။

မြန်မာတို့၏ လွတ်လပ်ရေးတိုက်ပွဲကား ရှည်လျားလှသည်နှင့်အမျှ အခက်အခဲ အတားအဆီးများကလည်း များလှသည်။ရခိုင်နှင့်တနင်္သာရီဒေသကို နယ်ချဲ့တို့စတင်သိမ်းပိုက်ခဲ့သည့်နေ့မှ စတင်ခဲ့သော မြန်မာ့လွတ်လပ်ရေးတိုက်ပွဲလမ်းခရီးသည် နှစ်ပေါင်း ၁၀၀ ကျော်ခဲ့ပြီး လွတ်လပ်ရေးပန်းတိုင်ကို လှမ်းမြင်နေရသည့်အချိန်တိုင် စင်းလုံးချော မဖြောင့်ဖြူးသေးချေ။မကြေလည်မှု၊ရန်လိုမှု၊ခွက်ပုန်းခုတ်မှုများသည် အရိပ်ပမာ လိုက်နေသည်။ထို့ကြောင့် လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အစိုးရအဖွဲ့၀င် ၀န်ကြီးအချို့သည် နယ်ချဲ့လက်ပါးစေတို့၏ လက်ချက်ဖြင့် လှေပြေးရင် တက်ကျိုးဆိုသလို ကျဆုံးခဲ့ရသည်။

သို့သော် မြန်မာတို့သည် တစ်ဗိုလ်လဲ တစ်ဗိုလ်တက်၊တစ်တပ်ပျက် တစ်တပ်စုဆိုသလို မပြီးဆုံးသေးသော လွတ်လပ်ရေးခရီးကို ဆက်လက်လျှောက်လှမ်းခဲ့ကြရာ ဖဆပလအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးနုနှင့် အင်္ဂလိပ်နန်းရင်း၀န် မစ္စတာအက်တလီတို့ ထပ်မံညှိနှိုင်းဆွေးနွေးကြကာ ထိုနှစ်မှာပင် နု-အက်တလီစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ကြသည်။ဤသို့ဖြင့် မြန်မာတစ်မျိုးသားလုံးသည် နှစ်ပေါင်း ၁၀၀ ကျော်မျှ မိမိတို့လက်ထဲမှ နယ်ချဲ့တို့လုယူသွားခဲ့သော အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးကြီးကို “၁၉၄၈ ခု၊ဇန်နဝါရီလ ၄ ရက်နေ့” တွင် ပြန်လည်ရရှိခဲ့ပါတော့သည်။

ထိုအချိန်မှစ၍ မြန်မာတစ်မျိုးသားလုံးက သွေးချွေးများ မြေအကျခံပြီး တိုက်ခိုက်ရယူခဲ့သော မြန်မာ့အချုပ်အခြာ အာဏာလွတ်လပ်ရေးကြီးကို အသက်ပမာ တန်ဖိုးထားပြီး ထိုလွတ်လပ်ရေးကြီး မပျောက်ပျက်၊မဆုံးရှုံးသွားဘဲ ထာ၀စဉ် တည်တံ့သွားနိုင်ရေးအတွက် ရည်ရွယ်ပြီး နှစ်စဉ် ဇန်နဝါရီလ ၄ ရက်နေ့သို့ရောက်တိုင်း “လွတ်လပ်ရေးနေ့” ဂုဏ်ပြု အထိမ်းအမှတ်ပွဲများကို စည်ကားစွာ ကျင်းပခဲ့ပါသည်။
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်း
Memory Stick ထဲက Virus တွေကို သတ်တဲ့ Bat File လုပ်နည်း
**
Memory Stick ကို Computer မှာ ထိုးလိုက်ရင် Autorun.inf တို့ Recycled.exe တို့Rundll32.exe အစရှိတဲ့ Virus တွေ တတ်လာတာကို ကြုံဖူးကြမှာပါ၊ ဒီ Virus တွေကို ဘယ်ဆော့ဝဲလ်မှမသုံးဘဲ သတ်မယ့်နည်းလေးကို ပြောပြချင်ပါတယ်၊ဒီနည်းလေးဟာ ဗဟုသုတအဖြစ်ပြောပြခြင်းသာဖြစ်ပါတယ်၊
Memory Stick ထဲက Virus ကိုသတ်တဲ့နည်းသိပ်အခက်ကြီးတော့မဟုတ်ပါဘူး၊ Bat file နဲ့ Command ရေးပြီးရှင်းတဲ့နည်းလေး ဖြစ်ပါတယ်၊
ကိုယ့်ရဲ့ Computer မှာ အရင်ဆုံး Notepad ကိုဖွင့်လိုက်ပါ
ဖွင့်ပြီးရင်တော့ အောက်ကပေးထားတဲ့ command လေးတွေကို Copy ယူပြီး Note ထဲမှာ Paste လုပ်လိုက်ပါ၊
@echo
del: E:Autorun.inf
del: F:Autorun.inf
del: G:Autorun.inf
del: H:Autorun.inf
del: E:Recycled.exe
del: F:Recycled.exe
del: G:Recycled.exe
del: H:Recycled.exe
del: E:RUNDLL32.exe
del: F:RUNDLL32.exe
del: G:RUNDLL32.exe
del: H:RUNDLL32.exe
@echo
ပြီးရင်တော့ ဒီ File လေးကို Save လုပ်လိုက်ပါ၊Save တဲ့နေရာမှာ .bat ဆိုတာလေးနဲ့ Save လိုက်ပါ၊
Stick ထဲကို ဒီ .bat File လေးကို ထည့်ထားလိုက်ပါ၊ Stick ထိုးလိုက်တိုင်း ဒီ File လေးကို double click လုပ်ပြီး run ပေးလိုက်ပါ၊
ဒါဆိုရင်တော့ Stick ထဲက virus တွေ နေပါဆိုတောင် မနေတော့ပါဘူး၊
ဒီနည်းလေးက အဆင်ပြေတယ်ဆိုပေမယ့် အကောင်းဆုံးနည်းလမ်းကတော့ Antivirus တစ်ခုကို သုံးစွဲတာပဲ ဖြစ်ပါတယ်။
တစ်ခြားသူတွေလည်း လေ့လာရန် လိုအပ်နိူင်တာကြောင့် Shareလုပ်ခြင်းဖြင့် လက်ဆင့်ကမ်း မျှဝေပေးကြပါ။
ပညာရေးဝန်ထမ်းများ ကျောင်းသားမိဘများ သိထားသင့်သော
#ကျောင်းထောက်ပံ့ကြေး

ကျောင်းထောက်ပံ့ကြေး အစီအစဉ်
(School Grant Program)

ကျောင်းထောက်ပံ့ကြေး အစီအစဉ်ဆိုသည်မှာ ကမ္ဘာ့ဘဏ်မှ (အတိုးမဲ့) ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၈၀၊ AusAID Multi-Donor Trust Fund (MDTF) မှ အမေရိကန်ဒေါ်လာသန်း ၂၀၊ စုစုပေါင်း ဒေါ်လာသန်း ၁၀၀ ဖြင့် အခြေခံပညာကျောင်းများကို ငွေကြေးထောက်ပံ့ပေးသည့် အစီအစဉ် ဖြစ်ပါသည်။ ၂၀၁၄-၁၅ ပညာသင်နှစ်မှစ၍ ထောက်ပံ့ပေးသည့် အစီအစဉ်ဖြစ်သည်။
*ပညာရေးတိုးတက်ပြောင်းလဲရန်* အဓိက ရည်ရွယ်ပါသည်။

ကျောင်းသား အရေအတွက်ပေါ်မူတည်၍ ကျောင်းထောက်ပံ့ကြေးကို ခွဲဝေရရှိပါသည်။ တစ်ကြိမ်တည်း အကုန်မပေးပဘဲ ပညာသင်နှစ်၁နှစ်မှာ (၂ ကြိမ်ခွဲ၍) တစ်ဝက်စီ ခွဲဝေပေးပါသည်။
မူလတန်း၊ မူလွန်၊ လခွဲနှင့် အလယ်တန်းကျောင်းများသည် အောက်ပါအတိုင်း ခွဲဝေရရှိပါသည်။

ကျောင်းသား ၅၀ အောက်= ၄ သိန်း
၅၁ မှ ၁၀၀ = ၈ သိန်း
၁၀၁ မှ ၂၀၀ = ၁၀ သိန်း
၂၀၁ မှ ၃၀၀ = ၁၂ သိန်း
၃၀၁ မှ ၄၀၀ = ၁၄ သိန်း
၄၀၁ မှ ၅၀၀ = ၁၆ သိန်း
၅၀၁ မှ ၇၀၀ = ၁၈ သိန်း
၇၀၁ မှ ၉၀၀ = ၂၂ သိန်း
၉၀၁ မှ ၁၁၀၀ = ၂၆ သိန်း
၁၁၀၁ မှ ၁၅၀၀ = ၃၀ သိန်း
၁၅၀၁ မှ၂၀၀၀ = ၃၄ သိန်း
၂၀၀၁ မှ ၂၅၀၀ = ၃၈ သိန်း
၂၅၀၁ မှအထက် = ၄၂ သိန်း

အထက ခွဲ နှင့် အထက်တန်းကျောင်းများကိုတော့ အောက်ပါအတိုင်းတွက်ချက် ထုတ်ယူရရှိပါသည်။

(ကျောင်းသားဦးရေ × ၅ ထောင်) + ၅ သိန်း ဖြစ်ပါသည်။
ဥပမာ ကျောင်းသား ၅၀၀ ရှိပါက (၅၀၀×၅၀၀၀)+၅၀၀၀၀၀= သိန်း ၃၀ ဖြစ်ပါသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ကျောင်းသားဦးရေဖြင့် တွက်ချက်ရပါမည်။ ဖော်ပြပါ ငွေပမာဏများသည် ၁နှစ်စာ ဖြစ်သည်။

ကျောင်းအုပ်ကြီးက မြို့နယ်ပညာရေးမှူးရုံးမှ ထုတ်ယူပါမည်။

ကျောင်းထောက်ပံ့ကြေး ကော်မတီက တာဝန်ယူ သုံးစွဲပါမည်။ကျောင်းထောက်ပံ့ကြေး ကော်မတီတွင် ကျောင်းအုပ်ကြီးက ဥက္ကဌ ဖြစ်သဖြင့် ကျောင်းအုပ်တွင်သာ အဓိက တာဝန်အရှိဆုံးဖြစ်သည်။ ဆိုလိုသည်မှာ ကျောင်းအုပ်ကြီးက ငွေကိုင်သုံးစွဲသူဖြစ်သောကြောင့် ပြဿနာအရှုပ်အရှင်း ပေါ်ပေါက်ပါကလည်း ကျောင်းအုပ်ကြီးကသာ တာဝန်ခံရပါမည်။
(အချို့ဒေသများတွင် ရပ်ရွာလူကြီးများက တာဝန်ယူ ထိန်းသိမ်းမည် ဟူ၍ ပြဿနာတက်ကြကြောင်း ကြားသိရပါသည်။ ကျောင်းထောက်ပံ့ကြေးကော်မတီမှ လွဲ၍ မည်သည့် အရပ်ဖက်၊ အစိုးရ အဖွဲ့အစည်းမှ တာဝန်ယူထိန်းသိမ်းခြင်း မပြုရပါ။ ကျောင်းအုပ်ကြီးများကလည်း မိမိတာဝန်ယူထားသော ငွေကြေးများဖြစ်သဖြင့် အမိုက်ခံ၍ အခြားသူများကို လွှဲပေးရိုးထုံးစံမရှိပါ။)

#ကျောင်းထောက်ပံ့ကြေးကော်မတီဖွဲ့စည်းပုံ
ကျောင်းအုပ်က ဥက္ကဌ ဖြစ်ပါသည်။ ကျန်အဖွဲ့ဝင်များကတော့
ရပ်/ကျေး ဥက္ကဌ ၁ ဦး
ကျောင်းအကျိုးတော်ဆောင် ၂ ဦး
မိဘဆရာအသင်းမှ ၂ ဦး
တိုင်းရင်းသားကိုယ်စားလှယ် (သို့) အရပ်ဖက်လူမှုအဖွဲ့အစည်း NGO ၁ ဦး
အတွင်းရေးမှူး ၁ ဦး
မူလတန်းကျောင်းများတွင် ဆရာ/မ ကိုယ်စားလှယ် ၁ ဦး
အလယ်တန်းကျောင်းများတွင် ဆရာ/မ ကိုယ်စားလှယ် ၅ ဦး
အထက်တန်းကျောင်းများတွင် ဆရာ/မ ကိုယ်စားလှယ် ၇ ဦး တို့ဖြစ်ပါသည်။
*(NGO ဟုဆိုသော်လည်း မီးသတ်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကဲ့သို့ အစိုးရနှင့်သက်ဆိုင်သည့် အဖွဲ့အစည်းများလည်း ရပါသည်)

#သုံးစွဲပုံသုံးစွဲနည်း
ကျောင်းထောက်ပံ့ကြေးကို ခေါင်းစဉ် ၁၃ ခု ခွဲ၍ အသုံးပြုရပါမည်။ ခေါင်းစဉ် ၁၃ နှင့် အကျုံးမဝင်သောနေရာများတွင် သုံးစွဲခွင့်မရှိ။ ခေါင်းစဉ် ၁၃ ရပ်အတွင်းက သုံးစွဲရာတွင်လည်း သုံးစွဲသမျှကို ကော်မတီဝင်များအား အသိပေးရှင်းလင်းတင်ပြရပါသည်။ ပွင့်လင်းမြင်သာမှု အားနည်းရင် အတိုင်ခံရမည်။ သဘောထားမတိုက်ဆိုင်သည့် ဆုံးဖြတ်ချက်များကို မဲခွဲဆုံးဖြတ်နိုင်သည်။ ကျောင်းအုပ်သဘောတစ်ခုတည်းမရပါ။ ကော်မတီ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။ (ကျောင်းအုပ်သည် ဥက္ကဌဖြစ်ရာ လုပ်ပိုင်ခွင့် အရှိဆုံးသူဖြစ်သည်ကိုတော့ သတိပြုပါ)


ဘတ်ဂျက်ခေါင်းစဉ် ၁၃ ခုမှာ -
၀၂၀၁ ပြည်တွင်းခရီးစရိတ်
၀၃၀၁ လုပ်အားခ
၀၃၀၃ ငှါးရမ်းခ
၀၃၀၄ သယ်ယူပို့ဆောင်ခ
၀၃၀၅ ရုံးအသုံးအဆောင်
၀၃၀၇ တံဆိပ်ခေါင်း တယ်လီဖုန်း
၀၃၀၈ လျှပ်စစ်ဓာတ်အားခ
၀၃၀၉ သတင်းစာ စာနယ်ဇင်း
၀၃၁၃ လုပ်ငန်းသုံး
၀၃၁၄ အစားအစာ ဧည့်ခံစရိတ်
၀၃၂၀ ပုံနှိပ်ခနှင့် ထုတ်ဝေခ
၀၃၂၅ ပြပွဲပြိုင်ပွဲ
၀၄၀၉ အခြား တ်ို့ဖြစ်ပါသည်။

သတိပြုရန်
-ကျောင်းထောက်ပံ့ကြေး ကော်မတီ အစည်းအဝေးကို အနည်းဆုံး ၁နှစ်မှာ ၃ ကြိမ် ပြုလုပ်ရမည်။
-ပွင့်လင်းမြင်သာမှု ရှိရမည်။ ရ/သုံး ငွေစာရင်းကို ကော်မတီဝင်များ၊ ဆရာ/မများကို ရှင်းလင်းတင်ပြရပါမည်။
-ဘောက်ချာတစ်ရွက်လျှင် ၂ သိန်းထက် မပိုရပါ။ ပိုလျှင် အခွန်ဆောင်ရမည်။ ကမ္ဘာ့ဘဏ်ပိုက်ဆံများကို အခွန်မဆောင်စေလိုသောကြောင့် ဖြစ်သည်။
👍1
(ထို့ကြောင့် computer ကဲ့သို့ ပစ္စည်းကြီးကြီးမားမား ဝယ်မရပါ။ ကျောင်းအုပ်အများစု ထောက်ပြကြသော အားနည်းချက်ဖြစ်ပါသည်။)
-ပြည်တွင်းခရီးစရိတ်သည် စုပေါင်းရငွေ၏ ၃%ခန့်သာ ဖြစ်သင့်သည်။ ၅%ထက် မကျော်စေရန် မှာကြားထားပါသည်။
အချို့ကျောင်းများမှာ ခရီးစရိတ်ပင် ခွဲဝေမထားကြပါ။
👍1
G4 ,G5 မူထက်ဆင့်

စာပေဘာသာရပ်အတွက်ပျမ်းမှရမှတ်ဖြည့်သွင်းခြင်းပုံစံ
လိုအပ်သူများအတွက်သာမျှဝေပါသည်