Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.7K subscribers
3.82K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
အတန်းတင် စာမေးပွဲ အချိန်စာရင်းများထွက်ရှိ
၁။၂၀၂၃-၂ဝ၂၄ ပညာသင်နှစ်၊ အခြေခံပညာအတန်းများအတွက် ကျောင်းတွင်းစစ် နှစ်ဆုံး စာမေးပွဲများ စစ်ဆေးကျင်းပခြင်းနှင့် အောင်စာရင်းထုတ်ပြန်ခြင်းတို့ကို သတ်မှတ်လုပ်ငန်းစဉ်များ အတိုင်း စနစ်တကျဆောင်ရွက်သွားရပါမည်။

၂။ ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲများကို အောက်ပါတိုင်း ကျင်းပသွားရန်ဖြစ်ပါသည်။

(က) အခြေခံပညာမူလတန်းအဆင့် ပြီးမြောက်မှုစစ်ဆေးခြင်း (Grade-5) စာမေးပွဲကို (၂၂-၂-၂၀၂၄)ရက်နေ့မှ (၂၇-၂-၂ဝ၂၄)ရက်နေ့အတွင်း ကျင်းပရန် ဖြစ်ပါသည်။

(ခ) အခြေခံပညာအလယ်တန်းအဆင့် ပြီးမြောက်မှုစစ်ဆေးခြင်း (Grade-9) စာမေးပွဲကို (၂၂-၂-၂၀၂၄)ရက်နေ့မှ (၂၈-၂-၂၀၂၄)အတွင်း ကျင်းပရန် ဖြစ်ပါသည်။

(ဂ) ကျန်ရှိသော ကျောင်းတွင်းစစ်စာမေးပွဲများကို (၁၃-၂-၂၀၂၄)ရက်နေ့မှ (၂၀-၂-၂၀၂၄) ရက်နေ့အတွင်း (တနင်္ဂနွေနေ့မှအပ) ကျင်းပရန် ဖြစ်ပါသည်။

(ဃ) အခြေခံပညာအထက်တန်းအဆင့်ပြီးမြောက်မှုစစ်ဆေးခြင်း (Grade-12)ကို (၁၃-၂-၂၀၂၄) ရက်နေ့မှ (၂၀-၂-၂ဝ၂၄)အတွင်း (တနင်္ဂနွေနေ့မှအပ) ကျင်းပရန် ဖြစ်ပါသည်။

၃။ အခြေခံပညာမူလတန်းအဆင့် (Grade-5)နှင့် အခြေခံပညာအလယ်တန်းအဆင့် (Grade-9) ပြီးမြောက်ခြင်းစာမေးပွဲများကို အောက်ပါနေ့ရက်နှင့်အချိန်များတွင် ဘာသာရပ်အလိုက် စစ်ဆေးရပါမည်။
1
၂ဝ၂၃ ခုနှစ်၊ (၁၀၃) နှစ်မြောက်
အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ
=================================

“ တိုင်းရင်းသားအားလုံး၏ ညီညွတ်သော စုပေါင်းအင်အားဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး။

လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ် အကောင်အထည် ဖော်ဆောင်ရေး။

ဗလငါးတန်နှင့် ပြည့်စုံသည့် မျိုးချစ်စိတ်ရှိသော လူငယ်များ ပြုစုပျိုးထောင်ရေး။

စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေး ဆောင်ရွက်ရေး ”
အမျိုးသားနေ့ဖြစ်ပေါ်လာပုံ အကျဉ်း
—————————————

အမျိုးသားနေ့သည် ပထမအကြိမ်မြောက် ကျောင်းသားသပိတ်ကြီး ၁၉၂၀ ခုနှစ်မှ ပေါက်ဖွားလာသော လွတ်လပ်ရေး ကြိုးပမ်းချက်တစ်ရပ် ဖြစ်သည်။ ဗြိတိသျအစိုးရသည် ၁၉၂၀ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ဥပဒေသစ်တစ်ရပ်ကို အတည်ပြုကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ယခင်က ရန်ကုန်တက္ကသိုလ်သည် အိန္ဒိယ လက်အောက်ခံ ကလကတ္တားတက္ကသိုလ် ဖြစ်ခဲ့သည်။ ဥပဒေသစ်သည် မြန်မာပြည်၌ သီးသန့်တက္ကသိုလ် တစ်ခုဖွင့်လှစ်ရန် ရည်ရွယ်ချက်နှင့် မြန်မာလူမျိုးများတက္ကသိုလ်ပညာရပ်ကို မသင်ယူနိုင်ရန် ဟန့်တားသော ဥပဒေဖြစ်သည်။

ထို့ကြောင့် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ လ ၂ ရက်နေ့တွင် တက္ကသိုလ် ကျောင်းသားခေါင်းဆောင်ကြီး ၁၁ ဦးတို့သည် ရွှေတိဂုံစေတီတော်ရင်ပြင် စနေထောင့်တွင် ဗြိတိသျှ အစိုးရ၏ ကျွန်သက်ရှည်ရေး ပညာရေးဥပဒေ သစ်ကိုတိုက်ဖျက်ရန် ဆွေးနွေးခဲ့ကြသည်။ မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၈ ရက် သောကြာနေ့(ခရစ်နှစ် ၁၉၂၀ ဒီဇင် ဘာလ ၃ ရက်) နေ့တွင် ရန်ကုန် ကောလိပ်ကျောင်းသားကြီး ၁၁ ဦး တို့သည် ရန်ကုန်ယူနီဘာစီတီအက် ဥပဒေကို သပိတ်မှောက်ရန် ရွှေတိဂုံစေတီတော်ကြီး၏ ရင်ပြင်တော် စနေထောင့်တွင် သစ္စာအဓိဋ္ဌာန်ပြုခဲ့ကြသည်။

‘ဤနေရာကားမြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့် ကျော် ၈ ရက်နေ့က ရန်ကုန်ကော လိပ်ကျောင်းသားကြီး ၁၁ ဦးတို့ တွေ့ဆုံ၍ ရန်ကုန်ယူနီဘာစီတီအက် ဥပဒေကို သပိတ်မှောက်ရန် သစ္စာ အဓိဋ္ဌာန် ပြုသောနေရာပေတည်း။” ကျောင်းသားကြီး ၁၁ ဦး၏အမည် များမှာအောက်ပါအတိုင်းဖြစ်ပါသည်။

၁။ ဘခင်
၂။ ဘိုးကွန်း
၃။ ဘဦး
၄။ အောင်ဒင်
၅။ ထွန်းဝင်း
၆။ ဖေသိန်း
၇။ ဘရှင် (သံတွဲ)
၈။ ဘရှင် (ထားဝယ်)
၉။ ကေ-ညီပိတ်
၁၀။ လှတင်
၁၁။ မောင်ဧ

စသည့် ကျောင်းသား (၁၁)ဦး ဦးဆောင်ကာ လက်မှတ်ရေးထိုး အဓိဌာန်ပြုကြသည်။

ဗြိတိသျှ အစိုးရ၏ တက္ကသိုလ်ပညာရေးဥပဒေသစ်ကို ဆန့်ကျင်သည့် အနေဖြင့် ကောလိပ်သိပ္ပံကျောင်းသားများ ဦးဆောင်ကာ မြန်မာပြည် တစ်ဝှမ်းလုံးရှိ အင်္ဂလိပ်ကျောင်း၊ အင်္ဂလိပ် -မြန်မာ နှစ်ဘာသာ သင် ကျောင်းသားများ သပိတ်မှောက်ရန် ထွက်ကြလေသည်။ ထိုသို့ ထွက်လာသောနေ့ကား ၁၂၈၂ ခု၊ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်၊ (၁၉၂၀ ပြည့်၊ ဒီဇင်ဘာလ ၅ ရက်) တနင်္လာနေ့ဖြစ်သည်။

မန္တလေးမြို့၌ ကျင်းပခဲ့သော နဝမအကြိမ်မြောက် ဂျီစီဘီအေ ညီလာခံကြီး၌ မြန်မာပြည်အတွက် အမျိုးသားအောင်ပွဲနေ့ တစ်နေ့ ရွေးကြရာ အကြံအမျိုးမျိုး ပေးကြသည်။ တစ်ချို့က ဦးဥတ္တမ ထောင်ကျသောနေ့၊ တစ်ချို့က သီပေါမင်း နန်းကျသောနေ့ စသည်ဖြင့် အမျိုးမျိုး အကြံပေးကြရာ ကျောင်းသားများ သပိတ်မှောက် ထွက်လာသော ပထမကျောင်းသားသပိတ် စတင်သည့်နေ့သာလျှင် အမျိုးသား အောင်ပွဲနေ့အတွက် အသင့်လျော်ဆုံး ဖြစ်သည်ဟု ဆုံးဖြတ်ခဲ့ကြသည်။
1
🌲🌲🌲ဒီဇင်ဘာစာမေးပွဲဖြေရက် ထက်ဆင့်
(18.12.23)မှ (21.12.23)ထိ
မူ/လယ်
(19.12.23)မှ(21.12.23)ထိ
🌲🌲🌲 တစ်နေ့ ၂ဘာသာနှုန်းဖြစ်ပြီး

🌲🌲🌲ဒီဇင်ဘာကျောင်းပိတ်ရက်မှာ
(22.12.23)မှ(26.12.23)ထိဖြစ်သည်။
၂၀၂၄တက္ကသိုလ်ဝင်တန်း
G12 အဖြေလွှာပုံစံ
***
24 မျက်နှာပါ အဖြေလွှာနှင့်
အပိုအဖြေလွှာနမူနာပုံစံ
1
🇲🇲🇲🇲🇲🇲မြို့နယ်ပညာရေးမှူးရုံးမှာ အလုပ်ဝင်ရရင်
ပြုလုပ်ရမည့်တာဝန်ဝတ္တားရားမေးထားသူများအတွက်။
ရုံးအဖွဲ့ဝင်တို့၏ တာဝန်နှင့်ဝတ္တရားများ
အကြောင်းအမျိုးမျိူးကြောင့် ကျောင်းဆက်လက်မတတ်ရောက်နိင်သူများအတွက်
Grade- 10 / 11 ကျောင်းတွင်းစစ် ( ပြင်ပဖြေ ) စာမေးပွဲကို
( 6.5.2024 ) မှ ( 13.5.2024 ) ရက်နေ့အထိ တနင်္ဂနွေနေ့မပါ တစ်နေ့ (၁)ဘာသာနှုန်းဖြင့် ကျင်းပပေးသွားမည်ဖြစ်ပါသည်။

ဖြေဆိုချိန်- ၂ နာရီ
အောင်စာရင်းထုတ်ပြန်မည့်ရက် - 24.5.2024

#ကြိုတင်လေ့ကျင့်ထားနိူင်စေရန်
1👍1