Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.7K subscribers
3.82K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
ပညာရေးဝန်ကြီးဌာန (M.O.E)/(DBE)
ကျောင်းခြံဧရိယာကိုဧကတွက်နည်း/ရှာနည်း
(၁)ကျောင်းခြံဧက တွက်နည်း
(၂) ကျောင်းမြေလွတ်ဧက တွက်နည်း
မြေပြင်နဲ့မြေတိုင်းဌာနနဲ့လည်းကိုက်ညီမှုရှိမရှိကို သတိထားပါ။
❤1
နိုင်ငံ့သားကောင်း လူချွန်လူမွန်များ ပျိုးထောင်



ကာယစွမ်းရည်၊ ဉာဏစွမ်းရည် သူတကာထက် ထူးကဲသာလွန်သူကို လူရည်ချွန်ဟုခေါ်ဆိုသည်။ တစ်နည်းဆိုလျှင် ဗလငါးတန်ထူးချွန်သူ တစ်နည်း အားဖြင့် ဘက်စုံထူးချွန်သူကို လူရည်ချွန်ဟုဆိုကြလေသည်။ ငယ်စဉ်ကာလ ပညာ ရှာမှီးနေစဉ် သူတကာတို့ထက် သာလွန်စွမ်းနိုင်သူတို့အား ရွေးချယ်ဖော်ထုတ်၍ လူရည်ချွန်အဖြစ်သတ်မှတ်ကြသည်။ လူရည်ချွန်သည် လူ့ဘောင်လောက ကြီးပွားတိုးတက်ရေးတွင် စွမ်းဆောင်နိုင်မည့်အစွမ်းအစရှိသူ လူ့အရင်းအမြစ်ဖြစ်သည်။



နိုင်ငံတစ်နိုင်ငံ ကြီးပွားတိုးတက်ရေးအတွက် ပညာရေးတွင် ရင်းနှီးမြှုပ်နှံကြပြီး ပညာကိုအခြေခံ၍ ထူးချွန်ထက်မြက်သော လူသားအရင်းအမြစ်များ မွေးထုတ်ပေးပြီး တိုးတက်ကြီးပွားရေးကို ဆောင်ရွက်ကြသည်။ မြန်မာနိုင်ငံတွင် ပညာတတ်များ၊ လူသားအရင်းအမြစ်များ ပေါများလာရေးအတွက် ပညာရေးကို ပြုပြင် ပြောင်းလဲအားပေးမြှင့်တင်လျက်ရှိသည်။ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ပညာရေး ဝန်ကြီးဌာနက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအဆင့် အဋ္ဌမတန်း၊ ဒသမ တန်းနှင့် ဧကာဒသမတန်းအတွက် တိုင်းဒေသကြီး/ ပြည်နယ်များ၏ ခရိုင်အလိုက် လူရည်ချွန်ရွေးချယ်ခံရသူများစာရင်းအား ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။



ပညာတတ်အရင်းအမြစ်များ မွေးထုတ်ပေးရာတွင် လူရည်ချွန်သည် မှတ်ကျောက်တင်ခံထားရသည့် ဘက်စုံထူးချွန်သူ မျိုးဆက်သစ်များဖြစ်သည်။ အခြေခံပညာလူရည်ချွန်များ နှစ်စဉ်ရွေးထုတ်လေ့ရှိရာ အကြောင်းအမျိုးမျိုးဖြင့် မရွေးချယ်နိုင်သော ကာလများရှိခဲ့သည်။ လူရည်ချွန်များကို ရွေးချယ်ဖော်ထုတ်ပေးခြင်းဖြင့် လူငယ်အချင်းချင်း အတုယူအားကျစိတ်ဖြစ်ခြင်း၊ ထူးချွန်ထက်မြက် လာသည့် အစွမ်းအစများဖြင့် ပတ်ဝန်းကျင်အကျိုး၊ နိုင်ငံ့အကျိုးကို ထူးကဲစွာ စွမ်းဆောင်နိုင်ခြင်း အကျိုးကျေးဇူးများရသည်။ ယခုကာလကဲ့သို့ အဘက်ဘက် တွင် စိန်ခေါ်မှုများရှိနေချိန်၌ ထူးချွန်ထက်မြက်သည့် အခြေခံပညာအဆင့် လူရည်ချွန်များပေါ်ထွက်လာသည်မှာ ဝမ်းမြောက်စရာဖြစ်သည်။



လူရည်ချွန်စီမံကိန်းကို ၁၉၆၄ ခုနှစ်မှစတင်ခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် ရပ်ဆိုင်းသွား ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် “ဘက်စုံပညာ ထူးချွန်လူငယ်” စီမံကိန်းအဖြစ် ပြန်လည် ဖော်ထုတ်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် “လူရည်ချွန်စီမံကိန်း” အဖြစ် ပြင်ဆင်ဆောင်ရွက်ခဲ့ သည်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် လူရည်ချွန်မောင်မယ်များကို ရွေးချယ်ခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ဖြစ်ပွားမှုကြောင့် လူရည်ချွန်စခန်းများသို့ စေလွှတ်ခြင်းကို ရပ်ဆိုင်းခဲ့သည်။ ယခုပညာသင်နှစ်တွင် ကူးစက်ရောဂါထိန်းချုပ်နိုင်မှုအရ လူရည်ချွန်စီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်ပြီး လူရည်ချွန် မောင်မယ် ၄၇၈ ဦးကို ရွေးချယ်ပေးခဲ့သည်။



ယခုပညာသင်နှစ် လူရည်ချွန်စီမံကိန်းကို ဉာဏ်ပညာထူးချွန်ပြီး ကျန်းမာသန်စွမ်းကာ အကျင့်စာရိတ္တကောင်းမွန်သည့် ထူးချွန်ထက်မြက်သော ကျောင်းသား လူငယ်များ ပေါ်ထွန်းလာစေရန်၊ ပညာရေး လက်တွေ့ဖွံ့ဖြိုးမှုလုပ်ငန်းများတွင် ပိုမိုစိတ်ပါဝင်စားလာပြီး နိုင်ငံ့အကျိုးပြုလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်လာနိုင်သည့် နိုင်ငံ့သားကောင်းများ ပေါ်ပေါက်လာစေရန်၊ ထူးချွန်ထက်မြက်သော ကျောင်းသားကျောင်းသူများကို စံနမူနာပြု၍ ကျောင်းသား လူငယ်များအား ပြုစုပျိုးထောင်ပေးရန်ဟူသော ရည်ရွယ်ချက် (၃) ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ လူငယ်လူရွယ်များ ဘဝတစ်လျှောက်၌ လူတော်စေရန်သာမက လူကောင်းဖြစ်လာစေရန် တစ်နည်းအားဖြင့် လူချွန်လူမွန်များ ဖြစ်လာစေရန် အကောင်အထည်ဖော်ခြင်းအားဖြင့် နိုင်ငံအတွက်အားထားရမည့် ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာနိုင်ပေသည်။



ကျောင်းသား ကျောင်းသူများအနေဖြင့် လူရည်ချွန်တစ်ယောက်ဖြစ်လာရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သိရှိထားရန်လိုအပ်ပေသည်။ ကျောင်းအဆင့် ရွေးချယ်ထားသော လူရည်ချွန်များကို နှစ်ကုန်ကာလတွင် မြန်မာစာနှင့် အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတနှင့် လူတွေ့နှုတ်ဖြေတို့အပြင် ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှု တို့ကို မြို့နယ်အဆင့် စစ်ဆေးသည်။ စစ်ဆေးရာတွင် မြန်မာစာရမှတ် (၁၀၀)၊ အင်္ဂလိပ်စာရမှတ် (၁၀၀)၊ ပြင်ပဗဟုသုတနှင့် သင်္ချာပေါင်း၍ အထွေထွေဗဟုသုတ ရမှတ် (၁၀၀)ဖိုး ဖြေဆိုရသည်။ လူတွေ့နှုတ်ဖြေတွင် ဘဝတွက်တာ ကျွမ်းကျင်စရာ၊ စာရိတ္တ၊ လောကနီတိ၊ မြန်မာ့ယဉ်ကျေးမှု၊ ထုံးတမ်းဓလေ့တို့နှင့်ပတ်သက်၍ အကဲဖြတ်မေးမြန်းပြီး ကာယကြံ့ခိုင်မှုကိုပါ စစ်ဆေးသည်။ အဋ္ဌမတန်း၊ ဒသမတန်း နှင့် ဧကာဒသမတန်းအလိုက် တစ်မြို့နယ်လျှင် နှစ်ဦးနှုန်းဖြင့် ခရိုင်အဆင့် ဆက်လက်ရွေးချယ်သည်။



လူရည်ချွန်မောင်မယ်များကို စနစ်တကျရွေးချယ်ဆောင်ရွက်ပေးနိုင်ခြင်းသည် နိုင်ငံတော်၏ လူမှုရေး ဦးတည်ချက်ဖြစ်သည့် “တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး” ဟူသော ရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်ပြီး နိုင်ငံအတွက်အားထားရမည့် နိုင်ငံ့သားကောင်းလူချွန်လူမွန်များ ပေါ်ထွက် လာမည်ဖြစ်ပါကြောင်း။
❤2
အတန်းတင် စာမေးပွဲ အချိန်စာရင်းများထွက်ရှိ
၁။၂၀၂၃-၂ဝ၂၄ ပညာသင်နှစ်၊ အခြေခံပညာအတန်းများအတွက် ကျောင်းတွင်းစစ် နှစ်ဆုံး စာမေးပွဲများ စစ်ဆေးကျင်းပခြင်းနှင့် အောင်စာရင်းထုတ်ပြန်ခြင်းတို့ကို သတ်မှတ်လုပ်ငန်းစဉ်များ အတိုင်း စနစ်တကျဆောင်ရွက်သွားရပါမည်။

၂။ ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲများကို အောက်ပါတိုင်း ကျင်းပသွားရန်ဖြစ်ပါသည်။

(က) အခြေခံပညာမူလတန်းအဆင့် ပြီးမြောက်မှုစစ်ဆေးခြင်း (Grade-5) စာမေးပွဲကို (၂၂-၂-၂၀၂၄)ရက်နေ့မှ (၂၇-၂-၂ဝ၂၄)ရက်နေ့အတွင်း ကျင်းပရန် ဖြစ်ပါသည်။

(ခ) အခြေခံပညာအလယ်တန်းအဆင့် ပြီးမြောက်မှုစစ်ဆေးခြင်း (Grade-9) စာမေးပွဲကို (၂၂-၂-၂၀၂၄)ရက်နေ့မှ (၂၈-၂-၂၀၂၄)အတွင်း ကျင်းပရန် ဖြစ်ပါသည်။

(ဂ) ကျန်ရှိသော ကျောင်းတွင်းစစ်စာမေးပွဲများကို (၁၃-၂-၂၀၂၄)ရက်နေ့မှ (၂၀-၂-၂၀၂၄) ရက်နေ့အတွင်း (တနင်္ဂနွေနေ့မှအပ) ကျင်းပရန် ဖြစ်ပါသည်။

(ဃ) အခြေခံပညာအထက်တန်းအဆင့်ပြီးမြောက်မှုစစ်ဆေးခြင်း (Grade-12)ကို (၁၃-၂-၂၀၂၄) ရက်နေ့မှ (၂၀-၂-၂ဝ၂၄)အတွင်း (တနင်္ဂနွေနေ့မှအပ) ကျင်းပရန် ဖြစ်ပါသည်။

၃။ အခြေခံပညာမူလတန်းအဆင့် (Grade-5)နှင့် အခြေခံပညာအလယ်တန်းအဆင့် (Grade-9) ပြီးမြောက်ခြင်းစာမေးပွဲများကို အောက်ပါနေ့ရက်နှင့်အချိန်များတွင် ဘာသာရပ်အလိုက် စစ်ဆေးရပါမည်။
❤1
၂ဝ၂၃ ခုနှစ်၊ (၁၀၃) နှစ်မြောက်
အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ
=================================

“ တိုင်းရင်းသားအားလုံး၏ ညီညွတ်သော စုပေါင်းအင်အားဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး။

လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ် အကောင်အထည် ဖော်ဆောင်ရေး။

ဗလငါးတန်နှင့် ပြည့်စုံသည့် မျိုးချစ်စိတ်ရှိသော လူငယ်များ ပြုစုပျိုးထောင်ရေး။

စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေး ဆောင်ရွက်ရေး ”
အမျိုးသားနေ့ဖြစ်ပေါ်လာပုံ အကျဉ်း
—————————————

အမျိုးသားနေ့သည် ပထမအကြိမ်မြောက် ကျောင်းသားသပိတ်ကြီး ၁၉၂၀ ခုနှစ်မှ ပေါက်ဖွားလာသော လွတ်လပ်ရေး ကြိုးပမ်းချက်တစ်ရပ် ဖြစ်သည်။ ဗြိတိသျအစိုးရသည် ၁၉၂၀ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ဥပဒေသစ်တစ်ရပ်ကို အတည်ပြုကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ယခင်က ရန်ကုန်တက္ကသိုလ်သည် အိန္ဒိယ လက်အောက်ခံ ကလကတ္တားတက္ကသိုလ် ဖြစ်ခဲ့သည်။ ဥပဒေသစ်သည် မြန်မာပြည်၌ သီးသန့်တက္ကသိုလ် တစ်ခုဖွင့်လှစ်ရန် ရည်ရွယ်ချက်နှင့် မြန်မာလူမျိုးများတက္ကသိုလ်ပညာရပ်ကို မသင်ယူနိုင်ရန် ဟန့်တားသော ဥပဒေဖြစ်သည်။

ထို့ကြောင့် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ လ ၂ ရက်နေ့တွင် တက္ကသိုလ် ကျောင်းသားခေါင်းဆောင်ကြီး ၁၁ ဦးတို့သည် ရွှေတိဂုံစေတီတော်ရင်ပြင် စနေထောင့်တွင် ဗြိတိသျှ အစိုးရ၏ ကျွန်သက်ရှည်ရေး ပညာရေးဥပဒေ သစ်ကိုတိုက်ဖျက်ရန် ဆွေးနွေးခဲ့ကြသည်။ မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၈ ရက် သောကြာနေ့(ခရစ်နှစ် ၁၉၂၀ ဒီဇင် ဘာလ ၃ ရက်) နေ့တွင် ရန်ကုန် ကောလိပ်ကျောင်းသားကြီး ၁၁ ဦး တို့သည် ရန်ကုန်ယူနီဘာစီတီအက် ဥပဒေကို သပိတ်မှောက်ရန် ရွှေတိဂုံစေတီတော်ကြီး၏ ရင်ပြင်တော် စနေထောင့်တွင် သစ္စာအဓိဋ္ဌာန်ပြုခဲ့ကြသည်။

‘ဤနေရာကားမြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့် ကျော် ၈ ရက်နေ့က ရန်ကုန်ကော လိပ်ကျောင်းသားကြီး ၁၁ ဦးတို့ တွေ့ဆုံ၍ ရန်ကုန်ယူနီဘာစီတီအက် ဥပဒေကို သပိတ်မှောက်ရန် သစ္စာ အဓိဋ္ဌာန် ပြုသောနေရာပေတည်း။” ကျောင်းသားကြီး ၁၁ ဦး၏အမည် များမှာအောက်ပါအတိုင်းဖြစ်ပါသည်။

၁။ ဘခင်
၂။ ဘိုးကွန်း
၃။ ဘဦး
၄။ အောင်ဒင်
၅။ ထွန်းဝင်း
၆။ ဖေသိန်း
၇။ ဘရှင် (သံတွဲ)
၈။ ဘရှင် (ထားဝယ်)
၉။ ကေ-ညီပိတ်
၁၀။ လှတင်
၁၁။ မောင်ဧ

စသည့် ကျောင်းသား (၁၁)ဦး ဦးဆောင်ကာ လက်မှတ်ရေးထိုး အဓိဌာန်ပြုကြသည်။

ဗြိတိသျှ အစိုးရ၏ တက္ကသိုလ်ပညာရေးဥပဒေသစ်ကို ဆန့်ကျင်သည့် အနေဖြင့် ကောလိပ်သိပ္ပံကျောင်းသားများ ဦးဆောင်ကာ မြန်မာပြည် တစ်ဝှမ်းလုံးရှိ အင်္ဂလိပ်ကျောင်း၊ အင်္ဂလိပ် -မြန်မာ နှစ်ဘာသာ သင် ကျောင်းသားများ သပိတ်မှောက်ရန် ထွက်ကြလေသည်။ ထိုသို့ ထွက်လာသောနေ့ကား ၁၂၈၂ ခု၊ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်၊ (၁၉၂၀ ပြည့်၊ ဒီဇင်ဘာလ ၅ ရက်) တနင်္လာနေ့ဖြစ်သည်။

မန္တလေးမြို့၌ ကျင်းပခဲ့သော နဝမအကြိမ်မြောက် ဂျီစီဘီအေ ညီလာခံကြီး၌ မြန်မာပြည်အတွက် အမျိုးသားအောင်ပွဲနေ့ တစ်နေ့ ရွေးကြရာ အကြံအမျိုးမျိုး ပေးကြသည်။ တစ်ချို့က ဦးဥတ္တမ ထောင်ကျသောနေ့၊ တစ်ချို့က သီပေါမင်း နန်းကျသောနေ့ စသည်ဖြင့် အမျိုးမျိုး အကြံပေးကြရာ ကျောင်းသားများ သပိတ်မှောက် ထွက်လာသော ပထမကျောင်းသားသပိတ် စတင်သည့်နေ့သာလျှင် အမျိုးသား အောင်ပွဲနေ့အတွက် အသင့်လျော်ဆုံး ဖြစ်သည်ဟု ဆုံးဖြတ်ခဲ့ကြသည်။
❤1