Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.7K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
ရှိနေတဲ့ အချက်အလက်ကို စီစစ်ပါတယ်။ အဲ့ဒီမှာ 𝐃𝐚𝐭𝐚 𝐀𝐧𝐚𝐥𝐲𝐭𝐢𝐜𝐬 ပါလာပါတယ်။ 𝐏𝐨𝐰𝐞𝐫 𝐁𝐈 က 𝐃𝐚𝐭𝐚 𝐀𝐧𝐚𝐥𝐲𝐭𝐢𝐜𝐬 ကို သင်တာပါ။ ဒါကြောင့် ဒီပညာတွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ်လို့ ပြောရင် ဒီဆောင်းပါး လေးကို နိဂုံးချုပ်အပ်ပါတယ်။

ဇော်လင်း (𝐏𝐡𝐃, 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐀𝐝𝐦𝐢𝐧𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧)
𝐅𝐨𝐮𝐧𝐝𝐞𝐫 & 𝐂𝐄𝐎
𝐘𝐎𝐔𝐓𝐇 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲
𝟒 𝐃𝐞𝐜 𝟐𝟎𝟐𝟎

ကျမ်းကိုး //
𝐡𝐭𝐭𝐩𝐬://𝐰𝐰𝐰.𝐳𝐝𝐧𝐞𝐭.𝐜𝐨𝐦/𝐚𝐫𝐭𝐢𝐜𝐥𝐞/𝐰𝐡𝐚𝐭-𝐢𝐬-𝐚𝐢-𝐞𝐯𝐞𝐫𝐲𝐭𝐡𝐢𝐧𝐠-𝐲𝐨𝐮-𝐧𝐞𝐞𝐝-𝐭𝐨-𝐤𝐧𝐨𝐰-𝐚𝐛𝐨𝐮𝐭-𝐚𝐫𝐭𝐢𝐟𝐢𝐜𝐢𝐚𝐥-𝐢𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞/
𝐡𝐭𝐭𝐩𝐬://𝐰𝐰𝐰.𝐪𝐮𝐚𝐥𝐜𝐨𝐦𝐦.𝐜𝐨𝐦/𝐧𝐞𝐰𝐬/𝐨𝐧𝐪/𝟐𝟎𝟏𝟗/𝟎𝟑/𝟐𝟕/𝐞𝐯𝐞𝐫𝐲𝐭𝐡𝐢𝐧𝐠-𝐲𝐨𝐮-𝐧𝐞𝐞𝐝-𝐤𝐧𝐨𝐰-𝐚𝐛𝐨𝐮𝐭-𝐚𝐢
𝐡𝐭𝐭𝐩𝐬://𝐛𝐮𝐢𝐥𝐭𝐢𝐧.𝐜𝐨𝐦/𝐚𝐫𝐭𝐢𝐟𝐢𝐜𝐢𝐚𝐥-𝐢𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞
𝐡𝐭𝐭𝐩𝐬://𝐭𝐨𝐰𝐚𝐫𝐝𝐬𝐝𝐚𝐭𝐚𝐬𝐜𝐢𝐞𝐧𝐜𝐞.𝐜𝐨𝐦/𝐜𝐥𝐞𝐚𝐫𝐢𝐧𝐠-𝐭𝐡𝐞-𝐜𝐨𝐧𝐟𝐮𝐬𝐢𝐨𝐧-𝐚𝐢-𝐯𝐬-𝐦𝐚𝐜𝐡𝐢𝐧𝐞-𝐥𝐞𝐚𝐫𝐧𝐢𝐧𝐠-𝐯𝐬-𝐝𝐞𝐞𝐩-𝐥𝐞𝐚𝐫𝐧𝐢𝐧𝐠-𝐝𝐢𝐟𝐟𝐞𝐫𝐞𝐧𝐜𝐞𝐬-𝐟𝐜𝐞𝟔𝟗𝐛𝟐𝟏𝐝𝟓𝐞𝐛
𝐡𝐭𝐭𝐩𝐬://𝐰𝐰𝐰.𝐟𝐨𝐫𝐛𝐞𝐬.𝐜𝐨𝐦/𝐬𝐢𝐭𝐞𝐬/𝐛𝐞𝐫𝐧𝐚𝐫𝐝𝐦𝐚𝐫𝐫/𝟐𝟎𝟏𝟖/𝟎𝟒/𝟏𝟔/𝐭𝐡𝐞-𝟔-𝐛𝐞𝐬𝐭-𝐟𝐫𝐞𝐞-𝐨𝐧𝐥𝐢𝐧𝐞-𝐚𝐫𝐭𝐢𝐟𝐢𝐜𝐢𝐚𝐥-𝐢𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞-𝐜𝐨𝐮𝐫𝐬𝐞𝐬-𝐟𝐨𝐫-𝟐𝟎𝟏𝟖/?𝐬𝐡=𝟑𝟕𝐝𝐝𝟕𝟑𝐚𝟑𝟓𝟗𝐝𝟕
❤1
#ခရီးစရိတ်ရေးတင်နည်း

ဆရာ/မများ ခင်ဗျား
သင်တန်း တက်ရသလား။
ရာထူးတိုး/ပြောင်းကြောင့် ခရီးသွားရမှာလား။
ခရီးစရိတ် တင်ပါ။ နိုင်ငံတော်က ထောက်ပံ့ပါတယ်။

ဝန်ထမ်းဖြစ်လာရင်တော့ တစ်နေ့‌နေ့ လိုလာလိမ့်မယ်။ ကိုယ်တိုင်ဖြည့်တတ်ထားရင် ဘယ်မှာဖြစ်ဖြစ်
အထာလေးတွေကြား အသာလေးထား ရေးတင်လို့ရတယ်။

ဟုတ်ကဲ့။ ပထမဆုံး ဒီ (၄)မျိုး လိုမယ်။
၁။ M.O
၂။ တာဝန်ပေးအမိန့်စာ။
၃။ T.F.No.46
၄။ ယာဉ်လက်မှတ်(ခရီးအကွာဝေးပေါ်မူတည်)

M.O ဖြည့်တတ်မယ်။ တာဝန်ပေးအမိန့်စာ ရှိမယ်။
အများစု အဆင်မပြေတာက T.F.No.46။ ဒါကြောင့်
အောက်မှာ ပြထားတဲ့ စာမျက်နှာ ၂ခုအတိုင်း လိုက်ကြည့်ဖြည့်ပေတော့ဗျို့။

#ပထမစာမျက်နှာ
Travelling Allowance Bill of Establishment of မှာ (အမည်+ရာထူး+ကျောင်း)ထည့်။
for the month of မှာ (သွားတဲ့ လအမည်)ထည့်။
တံဆိပ်ခေါင်းကပ်။ လက်မှတ်ထိုး။ ဒါပဲ။

#ဒုတိယစာမျက်နှာ (ဖြန့်ထားလျက်)
Travelling Allowance Bill of Establishment of မှာ (အမည်+ရာထူး+ကျောင်း)ထည့်။
for the month of မှာ (သွားတဲ့ လအမည်)ထည့်။
နောက်ပြီး!
ဇယားကွက် (၁၄)ကွက်ရှိတယ်။
ဇယားကွက်(၄ မှ၁၄)ထိကို အသွားအတွက် တစ်ကြိမ်။ အပြန်အတွက် တစ်ကြိမ်။ ပေါင်း ‌(၂)ကြိမ်ဖြည့်ရမယ်။
ကဲ အသွားခရီးအတွက် ထည့်စို့။
1. Name
အမည်ထည့်။

2. Designation and head
ရာထူးရေး။

3. Pay
ကိုယ့်ရဲ့လစာနှုန်းရေး။ မဆံ့ရင် ဘေးစောင်းရေး။
ဥပမာ-(၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)။

4. Date
အသွားခရီးရဲ့ ရက်စွဲထည့်။

5. Route(From - To)
Station ; မိမိကျောင်းရုံးကိုရေး။
Hour of departure; ထွက်ခွာချိန်ရေး။
Station. ; သွားရမည့်နေရာရေး။
Hour of arrival ; ရောက်ချိန်ရေး။

6. Purpose of Journey
မိမိရဲ့အမိန့်စာ စာအမှတ်ရေး။
အကြောင်းအရာပါ ထည့်ရေးဗျာ။

7. Name of conveyance
ကိုယ်စီးတဲ့ ယာဉ်(ဆိုက်ကား အပါဝင်) အမည်ရေး။

8. No of miles
မိမိကျောင်းရုံးနဲ့ သွားမည့်နေရာ အကွာအဝေး။

9, 11, 12 က အားလုံးဖြည့်စရာမလိုဘူး။
တစ်ကွက်ပဲရွေးထည့်ရမှာ။
(ကျသင့်ငွေက မိုင်နဲ့ သတ်မှတ်ထားပါတယ်)
👉ကုန်း/ရေယာဉ်(စက်လှေ၊ မော်တော်)နဲ့သွားရင်
No.9ကွက်ရဲ့ amount မှာ ကျသင့်ငွေထည့်။
👉မီးရထားနဲ့ သွားရရင်
No.11အကွက်ရဲ့ amount မှာ ကျသင့်ငွေထည့်။
သင်္ဘောကြီးနဲ့ သွားရရင်
👉No.12အကွက်ရဲ့ amount မှာ ကျသင့်ငွေထည့်။

10. Daily Allowance
‌နေ့ထွက်ခ စရိတ် ရေးထည့်ပါ။ ပုံမှန်ဖြင့် တစ်ရက်ကို (4800)။ အသွားခရီးက နှစ်ရက်ကြာရင် (၄၈၀၀×၂) ပေါ့။ အဲ လုပ်ငန်းက တစ်ရက်အတွင်းပြီးရင် ညအိပ်လဲ တစ်ရက်စာ(၄၈၀၀)ပဲ။

13. Total of each Line
No.9 ကနေ No.12ကြားရှိ ထည့်လာတဲ့ ငွေ amount ကို ပေါင်း။ ရတဲ့တန်ဖိုးထည့်။

14. Remarks(မှတ်ချက် မို့ ဖြည့်ဖို့မလို)

အပြန်ခရီးအတွက်။
1, 2, 3 ထိ ဖြည့်စရာမလို။
4 က အပြန်ရက်စွဲရေး
5 က လုပ်ငန်းနေရာကနေ မိမိကျောင်းရုံးသို့ ဖြည့်။
6 က ဖြည့်စရာမလို။
7, 8, 9, 11, 12 က အ‌ပေါ်က အတိုင်းပဲ။
10 က အပြန်ရက်ကြာချိန်နေ့ထွက် ထည့်။
13 က အပြန်ခရီးအတွက် No.9 ကနေ No.12ကြားရှိ ထည့်လာတဲ့ ငွေ amount ကို ပေါင်း။ ရတဲ့တန်ဖိုးထည့်။

ပြီးရင် အသွား/ပြန် ငွေကို ပေါင်း။
ဇယားအောက်က (in word) kyats မှာ ငွေပေါင်းကို စာနဲ့ရေး။ အမည်နဲ့ရာထူး ရေး။ လက်မှတ်ထိုး။
ဝန်ခံကတိ (၅)ချက်ရေး။

အားလုံးအဆင်ပြေကြပါစေ........

ဦးရဲ
ပညာရေး
ဆရာ့ဂုဏ်= ၇ ပါး
💌💌💌💌💌

ပိယော ဂရု ဘာဝနီယော၊
ဝတ်တာ စ ဝစနက်ခမော။
ဂမ်ဘီရဉ်စ ကထံ ကတ်တာ၊
နော စဋ္ဌာနေ နိယောဇကော။
[ အံ၊ သတ္တကနိပါတ် ]

ရိုသေချစ်ထိုက်၊ ချီးမွမ်းထိုက်နှင့်။
လွဲမိုက်ဆုံးမ၊ မေးသမျှ ခံ။
ဓမ္မံနက်နဲ၊ ဟောနိုင်မြဲ၍။
ကျိုးနည်းမတွန်း၊ ခုနစ်ခွန်းနှင့်။
ပြည့်လျှမ်းညီညာ၊ ဤဆရာ၊
ဖွေရှာတပည့်ခံ။ ။
[ စာဆိုအမည် မသိ ]

“ ဆရာ ဆရာနဲ့ ဆရာဆိုတာ ဆရာ့ဂုဏ် ရှိရတယ် ”။ ဆရာ့ဂုဏ် (၇) ပါးကို ဘုရားရှင် ဟောတော်မူခဲ့ပါတယ်။
၁။ ချစ်စရာကောင်းတဲ့ ကိုယ့်ကျင့်တရားရှိခြင်း။
၂။ ရိုသေထိုက်တဲ့ ဂုဏ်ထူးရှိခြင်း။
၃။ ချီးမွှမ်းထိုက်တဲ့ အသင်အပြ ရှိခြင်း။
၄။ လမ်းလွှဲတဲ့ တပည့်တွေကို အမုန်းခံ၍ ဆုံးမခြင်း။ (အမုန်းမခံချင် ဆရာမလုပ်နဲ့)
၅။ တပည့်တွေ မသိနားမလည်လို့ မေးမြန်းခြင်းအပေါ် စိတ်ရှည်လက်ရှည် ဖြေကြားပေးခြင်း။
၆။ ခက်ခဲနက်နဲ စာပေ, တရား, ပညာတို့ကို သင်ကြား ဟောပြပေးနိုင်ခြင်း။
၇။ အကျိုးမရှိတဲ့အရာ, အကျိုးမများတဲ့ အရာတွေကို မတိုက်တွန်းခြင်း။

ဤ (၇) ချက်နဲ့ ပြည့်စုံတဲ့ ဆရာသမားမျိုးကို ရှာဖွေပြီး တပည့်ခံပါတဲ့။ တွေ့နေပြီ ဆိုရင်လဲ ခြေသုပ်ပုဆိုးကဲ့သို့ တလေးတစား တပည့်ခံပါတဲ့။

(မြတ်ဆုရှင်ဆရာတော်)

💜မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်။

🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
“မိလိန္ဒမင်းကြီး လျှောက်ထားသော ဆရာဂုဏ်(၂၅)ပါး”

<<<<<<<< *** >>>>>>>>

“ကောင်းသောအကျင့်ပဋိပတ်ရှိသော တပည့်တို့၏ အားကိုးထိုက်သော ဆရာမြတ်တို့၏

ဂုဏ်အင်္ဂါတို့ကား
ဤ (၂၅) ပါးတို့ပါဘုရား”

၁။ ဆရာသည် မိမိတပည့်အပေါ်၌ အမြဲမပြတ် အစောင့်အရှောက်ကိုဖြစ်စေခြင်း။

၂။ တပည့်၏ မှီဝဲဆည်းကပ်သင့်/မသင့်သော ပုဂ္ဂိုလ်ကိုသိခြင်း။

၃။ တပည့်၏ မေ့လျော့မှု/မမေ့လျော့မှုကို သိခြင်း။

၄။ တပည့်၏ အိပ်ရာနေရာ ထိုင်ခင်းကို သိခြင်း။

၅။ တပည့်၏ မကျန်းမမာ ဖျားနာသည်ကိုသိခြင်း။

၆။ ဆွမ်းဘောဇဉ် ရ မရကိုသိခြင်း။

၇။ တပည့်၏ ထူးခြားမှု မထူးခြားမှုကိုသိခြင်း။

၈။ မိမိသပိတ်အတွင်း ရောက်သောဘောဇဉ်ကို ခွဲဝေပေးခြင်း။

၉။ မကြောက်လင့် သင်၏အကျိုးစီးပွါးသည် တိုးတက်နေ၏ ဟုအားပေးခြင်း။

၁၀။ “ဤသို့သောပုဂ္ဂိုလ်နှင့် ပေါင်းသင်းနေ၏”ဟု တပည့်၏ အပေါင်းသင်းကိုသိခြင်း။

၁၁။ ရွာ၌အပေါင်းသင်းကို သိခြင်း။

၁၂ ။ ကျောင်း၌အပေါင်းအသင်းကို
သိခြင်း။

၁၃။ တပည့်နှင့်အတူ မြူးတူးရယ်မောခြင်းကို မပြုလုပ်ခြင်း။

၁၄။ တပည့်နှင့်အတူ စကားပြောခြင်းကို ပြုခြင်း။

၁၅။ အနည်းငယ်ချွတ်ချော် တိမ်းမှားသည်ကို တွေ့မြင်သည်ရှိသော်သီးခံခြင်း။

၁၆။ လေးစာသမှုဖြင့် ကောင်းစွာပြုလုပ်ရခြင်း။

၁၇။ ဆရာဝတ်ကို မချိုးမဖျက်ရခြင်း။

၁၈။ မလျှို့မဝှက် ပြုလုပ်ရခြင်း။

၁၉။ အတတ်ပညာကို အကြွင်းမထားဘဲ သင်ပေးရခြင်း။

၂၀။ “တပည့်ကိုအတတ်ပညာ၌ ဖြစ်စေအံ့”ဟု အဖစိတ်ထားခြင်း။

၂၁။ “အဘယ်နည်းဖြင့် မဆုယုတ်စေအံ့”ဟု ကြီးပွါးလိုစိတ်ထားခြင်း။

၂၂။ “တပည့်ကိုအတတ်ပညာအားအစွမ်းဖြင့် အားရှိသည်ကို ပြုအံ့”ဟူသော
စိတ်ဓာတ်မျိုးထားရခြင်း။

၂၃။ တပည့်အပေါ် မေတ္တာစိတ်ကို ရှေ့ရှုထားရခြင်း။

၂၄။ ဘောရန်ရောက်သော အခါတို့၌ မစွန့်ပစ်ရခြင်း။

၂၅။ ပြုလုပ်ဘွယ် ဝတ်အကျင့်၌ မမေ့မလျော့ဘဲ ချွတ်ချော်ဖောက်ပြန်လတ်သော်
တရားသဖြင့် ချီးမြှောက်ခြင်း။

တို့ဖြစ်ပါသည်ဘုရား။

ဆရာအရှင်နာဂသေနမထေရ်မြတ်ကလည်း
“ကောင်းပါပြီ ဒကာတော်မင်းမြတ်”ဟု
ဝန်ခံအတည်ပြု၍ ပေးပါသည်။

( မိလိန္ဒပဉှာ မြန်မာပြန် (၁၀၉) )

Credit
အောင်စာရင်းတွေ ဘယ်မှာတင်မှာလဲ မေးနေသူများအတွက် Official Website က လူကြည့်များ၍ ဝင်မရတဲ့အခါ ကြည့်တဲ့သူတွေအဆင်ပြေအောင်ဒီ Telegram Channel မှာ တင်ပေးပါမယ်။

https://t.me/EducationalChannelMM
စဉ်ဆက်မပြတ်ဆရာအတတ်ပညာ
ဖွံ့ဖြိုးတိုးတက်ရေးလက်စွဲ (မော်ဂျူး ၁ မှ ၄ အထိ)
CPD_Module 1 to 4

#pdf_download_link

https://drive.google.com/file/d/1IB0THcz9n3ciz4XVeDnknIG3sc1IHVOp/view
ဆရာ/ဆရာမတိုင်း သိထားရမည့်အရာCPD
...................................................
၂၀၁၉ခုနှစ်မှစ၍အထက်တန်းနှင့်အလယ်တန်းအဆင့်သင်
ကျောင်းများမှကျောင်းအုပ်ကြီးများသည်စဉ်ဆက်မပြတ်ဆရာ့
အတတ်ပညာဖွံ့ဖြိုးတိုးတက်ရေးCPD(Continuous ProfessionalDevelopment)ကိုအကောင်
အထည်ဖော်ဆောင်ရွက်ရမှာဖြစ်ပါတယ်စတင်ပြုလုပ်ရမည့်
အတန်းမှာသင်ရိုးသစ်ဖြစ်သည့်ဆဌမတန်းဟုဆိုသော်လည်းနောက်နှစ်သင်ရိုးသစ်ပြောင်းမည့်အတန်းများ
CPDပြုလုပ်ပုံပြုလုပ်နည်းသိရှိသွားစေရန်၊မူပြများလည်းနောင်တချိန်တွင်အလယ်တန်းပြများဖြစ်လာမည့်
အတွက်CPDအကြောင်းမျက်ခြေမပြတ်စေရန်၊CPDအချိန်တွင်ဆွေးနွေးသောသင်နည်းများကိုစနစ်ဟောင်း
အတန်းများမှလည်းမိမိတို့၏သက်ဆိုင်ရာဘာသာရပ်များတွင်အသုံးပြုနိုင်စေရေးအတွက်ထက်/လယ်/မူဆရာ/မ
အားလုံးပါဝင်ဆွေးနွေးသင့်တယ်လို့ယူဆပါတယ်။

"CPD၏အဓိပ္ပါယ်"
-ထက်မြက်သည့်ဆရာမများသည်သင်ကြားသင်ယူမှုဆိုင်ရာအကြောင်အရာအသစ်များကိုစဉ်ဆက်မပြတ်လေ့လာကြသည်။တနည်းအားဖြင့်ထူးချွန်ထက်မြက်သောဆရာ
တစ်ယောက်ဖြစ်လာစေရန်အထောက်အကူပေးသောသင်ယူလေ့လာမှုတိုင်းကိုCPDဟုခေါ်သည်။ဥပမာ-ဆရာ
တစ်ယောက်ဟာသွားရင်းလာရင်းနဲ့ပတ်ဝန်းကျင်ကိုစူးစမ်းလေ့လာတယ်ဗဟုသုတရှာတယ်သိလာတာကိုစာသင်ခန်းထဲမှာသင်ကြားရင်းအသုံးချတယ်(သို့)ကျောင်းစာမဟုတ်ပဲအပြင်စာတွေဖတ်တယ်မှတ်သားတယ်စာသင်ခန်းမှာလက်တွေ့အသုံးချသင်ကြားပေးတယ်ဆိုရင်ဒါသည်လည်းဆရာတစ်ယောက်ကသူ့ကိုယ်သူCPD
လုပ်နေတာပါပဲ။ဒါကတော့တစ်ဦးချင်းCPDလုပ်နည်းလေးပေါ့။
ကျောင်းမှာတော့CPDကိုအဖွဲ့လိုက်စုပေါင်းဆောင်ရွက်ရပါမယ်။

"CPDဆောင်ရွက်မှုအစီအစဉ်"ဆိုတာ
-သက်ဆိုင်ရာဘာသာရပ်ခေါင်းဆောင်(သို့)အတန်းခေါင်းဆောင်ဆရာ/မများ၏ဦးဆောင်မှုဖြင့်ထက်/လယ်ဆရာ/မ
များတစ်လတစ်ကြိမ်တွေ့ရမည်(မူပြများပါထဲ့နိုင်ရင်ပိုကောင်း)
-CPDအချိန်တွင်မော်ဂျူးတစ်ခုကိုဖတ်ခြင်း၊ဆွေးနွေးခြင်း၊သင်ကြားရေးအတွက်အစီအစဉ်ရေးဆွဲခြင်းနှင့်
သုံးသပ်ခြင်းတို့ပါဝင်မည်။
-တစ်ချိန်လျှင်မိနစ်(၉၀)ဆောင်ရွက်ရမည်။
-ကျောင်းအုပ်ကြီးသည် သက်ဆိုင်ရာဘာသာရပ်ခေါင်းဆောင်များကို CPDတွင်ဦးဆောင်နိုင်အောင်လေ့ကျင့်ပေးခြင်း၊ပါဝင်သည့်ဆရာ/မများအားကြီးကြပ်အကဲဖြတ်ခြင်း၊တက်ရောက်
မှုနှင့်တက်ကြွမှုရှိမရှိတို့ကိုစောင့်ကြည့်လေ့လာရမည်တစ်လတစ်ကြိမ်ဆွေးနွေးနိုင်ရေးCPDအချိန်ဇယားရေးဆွဲပေးရမည်။
-CPDအစီအစဉ်တွင်ကျောင်းရှိဆရာ/မအားလုံးပါဝင်ရမည်။

"အချိန်သတ်မှတ်ခြင်း"
-ဘာသာရပ်အဖွဲ့အစည်းအဝေးချိန်တွင်လည်းCPD ကိုဆောင်ရွက်နိုင်သည်ဟုဆိုသည့်အတွက်ယခင်
ဘာသာရပ်မြှင့်တင်ဆွေးနွေးမှု(Board of study) အချိန်တွင်အစားသွင်းဆောင်ရွက်မည်CPDနှင့်Board
of study ၏လုပ်ငန်းသဘောမှာ အတူတူပင်ဖြစ်ပြီး ကွာခြားချက်မှာBoard of study တွင်ဆောင်ရွက်
မည့်လုပ်ငန်းကိုချပြမထားပါယခုCPDတွင်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်ကိုမော်ဂျူးတိုင်းအချိန်နှင့်တကွတိတိကျကျသတ်မှတ်ပေးထားသည်
-ဆောင်ရွက်ရမည့်ကြာချိန်မိနစ်(၉၀) ကျောင်းချိန်အတွင်း၌သာ ဖြစ်ရမည်
ကျောင်းချိန်ပြင်ပဖြစ်ပါကဆရာ/မများအားလုံးပါဝင်ရန်ခက်ခဲမည်။
(ကျောင်းချိန်ပြင်ပမလုပ်ရဟုမပါပါ)
-ကျောင်းအုပ်ကြီးသည်CPDချိန်တွင် ၄င်းနှင့်အတူတွဲဖက်ထမ်းဆောင်ရန်အားကိုးရမည့်ဘာသာပြ ခေါင်းဆောင်တစ်ဦးအာရွေးချယ်ထားရမည်ထိုသူသည်CPD အချိန်ဇယားရေးဆွဲခြင်း၊ကျောင်းအုပ်မအားလပ်ပါကCPD
လုပ်ဆောင်မှုကိုအကဲဖြတ်စောင့်ကြည့်ခြင်း၊လိုအပ်သည်များပံ့ပိုးကူညီခြင်းတို့ဆောင်ရွက်ရမည်။
-အချိန်ဇယားကိုမိမိကျောင်းအစီအစဉ်
ဖြင့်သင့်လျော်သည့်အချိန်ရေးဆွဲရန်
-CPDကိုအခြားကျောင်းများနှင့်ပူးပေါင်း ဆောင်ရွက်နိုင်လျှင်ပိုမိုကောင်းမွန်ပါသည်။ ဥပမာ-မိမိကျောင်းအုပ်စုတွင်းမှသင်္ချာဆရာ/မများအတူတွေ့ဆုံခြင်းသည် ကောင်းမွန်သောသင်ယူလေ့လာမှုများမျှဝေခြင်းဖြစ်လို့ သင်ကြားရေးတိုးတက်စေနိုင်ပါတယ်သို့သော်
အချိန်ပိုမိုလိုအပ်ပါမည်။

"နေရာသတ်မှတ်ခြင်း"
-ဆရာအင်အားများသောအထက်တန်း ကျောင်းများတွင် ဘာသာရပ်အလိုက်ခေါင်းဆောင်များထား၍ တစ်ဘာသာချင်း သက်ဆိုင်ရာဘာသာရပ်အလိုက်ဘာသာရပ်ခေါင်းဆောင်များမှ
ဦးဆောင်၍တစ်ပြိုင်တည်းကျင်းပရမည်။ကျောင်းအုပ်ကြီးသည်အဖွဲ့တိုင်း၏ဆောင်ရွက်မှုကိုစောင့်ကြည့်
လေ့လာကြပ်မတ်ရမည်။ဆောင်ရွက်မည့်နေရာအခက်ခဲရှိပါက (၂)ဘာသာစီတွဲပေးနိုင်သည်။ဥပမာ-လူမှုရေးဘာသာတွဲ၊သိပ္ပံတွဲ
(ဆရာအင်အားနည်းသောကျောင်းများတွင်ဘာသာစုံ ပါဝင်သောအုပ်စုတစ်စုဖွဲ့၍ဆောင်ရွက်နိုင်သလို
ကျောင်းအုပ်စုအတွင်းဘာသာပြများစုပေါင်း၍တွေ့ဆုံဆွေးနွေးနိုင်သည်)

CPDကိုဘယ်လိုဆောင်ရွက်မလဲ????
-CPDဆောင်ရွက်ရမည့်မော်ဂျူး(၁)မှ မော်ဂျူး(၈)ထိရှိပြီး ဇွန်လမှစ၍တစ်လမော်ဂျူးတစ်ခုမော်ဂျူးအစဉ်လိုက်ဆောင်ရွက်ရပါမည်။ဇွန်လတွင်ဆောင်ရွက်ရခြင်းမှာမော်ဂျူး(၁)သည်G-6သင်ရိုးသစ်
ပြဌာန်းစာအုပ်နှင့်ဆရာလမ်းညွှန်စာအုပ်သစ်များ၏ဖွဲ့စည်းပုံနှင့်
စနစ်ဟောင်းစနစ်သစ်ကွဲလွှဲမှု၊အားသာချက်၊အားနည်းချက်တွေကို
လေ့လာဆွေးနွေးကြရမှာဖြစ်ပါတယ်ပြီးမှဇူလိုင်လတွင်မိမိတို့
သင်ကြားမည့်သင်ခန်းစာခေါင်းစဉ်တစ်ခုကိုရွေးချယ်ပြီးသင်ခန်းစာ
အစီအစဉ်ရေးဆွဲရမှာဖြစ်ပါတယ်။ဒါမှသာနောက်ဆုံးပြုလုပ်မယ့်
မော်ဂျူး(၈)CPDသည်ဇန္နဝါရီတွင်ပြုလုပ်ပြီးဖေဖော်ဝါရီတွင်
သင်ကြားရမည့်သင်ခန်းစာခေါင်းစဉ်တစ်ခုကိုပြင်ဆင်လို့ရ
မှာဖြစ်ပါတယ်။ဇွန်လနောက်ဆုံးပတ်လောက်တွင်ပြုလုပ်ပါက
သင့်တော်ပါမည်။
(ဇူလိုင်လမှမော်ဂျူး(၁)လုပ်မည်ဆိုပါကနောက်ဆုံးဖေဖော်ဝါရီတွင်
ပြုလုပ်မည့်မော်ဂျူး(၈)CPDတွင်ရေးဆွဲခဲ့သောသင်ခန်းစာ
အစီအစဉ်ကိုမတ်လမှသွားသင်ရမည်ဖြစ်၍အဆင်မပြေနိုင်ပါ)

-CPDကိုဆောင်ရွက်ပုံအပိုင်း(၄)ပိုင်းဖြင့်ပြုလုပ်ရပါမယ်
ပထမဦးစွာဘာသာရပ်ခေါင်းဆောင်မှဤဆွေးနွေးချိန်မိနစ်(၉၀)ပြီးသွားပါကရရှိသွားမည့်ရလဒ်များကိုအဖွဲ့ဝင်များ
သိအောင်ပြောပြရမည်။

အပိုင်း(၁)အစပျိုးခြင်း
-အစပျိုးခြင်းတွင်ပေးထားသောမော်ဂျူးခေါင်းစဉ်နှင့်နိဒါန်းကိုဖတ်ပါ
ဖတ်ပြီးပါကဆွေးနွေးပါဟူသည့်ခေါင်းစဉ်အောက်တွင်ပါသောမေးခွန်းများကိုဘာသာရပ်ခေါင်းဆောင်မှမေး၍ပါဝင်သူဆရာ/မများ နှင့်အပြန်အလှန်ဆွေးနွေးကြမည်။

အပိုင်း(၂)ချိတ်ဆက်သင်ကြားခြင်း
-ချိတ်ဆက်သင်ကြားခြင်းခေါင်းစဉ်အောက်ရှိနိဒါန်းကိုဖတ်စေမည်
ဖတ်ပြီးလျှင်ဆွေးနွေးပါခေါင်းစဉ်အောက်ရှိမေးခွန်းများကို ဘာသာရပ်ခေါင်းဆောင်မှမေး၍အပြန်အလှန်ဆွေးနွေးကြမည်
ပေးထားသောဖတ်ပါ/ဆွေးနွေးပါအဆင့်တိုင်းကိုဘာသာရပ်ခေါင်း
ဆောင်မှဦးဆောင်ရမည်။

အပိုင်း(၃)စီစဉ်သင်ကြားခြင်း
-စီစဉ်သင်ကြားခြင်းတွင်နောက်လသင်မည့်သင်ခန်းစာများထဲမှ
ခေါင်းစဉ်တစ်ခုကိုရွေးချယ်ပြီးပေးထားသောမော်ဂျူးခေါင်းစဉ်နှင့်
သင်ကြားနည်းများထဲမှမိမိသင်ကြားမည့်သင်ခန်းစာ
အကြောင်းအရာနှင့်ကိုက်ညီမည့်သင်နည်းများ(သို့)လုပ်ငန်းပေး
သင်နည်းများကိုရွေးချယ်၍ထိထိရောက်ရောက်သင်ကြားနိုင်ရန်
မည်သည့်မေးခွန်းအမျိုးအစားများမေးမည်၊မည်သို့group work၊pair workလုပ်ငန်းပေးလုပ်ဆောင်
ခိုင်းမည်ဆိုသည့်5Csထဲမှတစ်ခုခုကိုရသွားစေမည့်မေးခွန်းများပြုစုခြင်း၊မည်ကဲ့သို့ရှင်းလင်းသင်ကြားမည် မည်သည့်သင်ထောက်ကူပစ္စည်းသုံးမည် စသဖြင့်ဘာသာပြဆရာ၏ကိုယ်ပိုင်ဗလာစာအုပ်တွင်စီစဉ်ရေးဆွဲ
ရမည်(ဘာသာပြဆရာစီစဉ်ရေးဆွဲရမည့်ဇယားပုံဖြင့်ပြထားသည်)
သင်ကြားနည်းနှင့်မေးခွန်းထုတ်ရာတွင်အဓိပ္ပါယ်ရှင်းလင်းမှုမရှိပါကဘာသာရပ်ခေါင်းဆောင်နှင့်အဖွဲ့ဝင်ဘာသာပြဆရာ/မများ အားတိုင်ပင်ဆွေးနွေးခြင်းအားဖြင့်ကိုယ့်အခက်အခဲကိုဖြေရှင်းနိုင်
ပြီးနည်းလမ်းသစ်များလည်းရသွားမည်။သင်ခန်းစာအစီအစဉ်ရေးဆွဲပြီးပါကဘာသာရပ်ခေါင်းဆောင်မှ
အဖွဲ့ဝင်များအားအောက်ပါအတိုင်းအသိပေးပြောကြားရမည်။
"ယခုပြင်ဆင်ထားသောသင်ခန်းစာသည်နောက်လတွင်သင်မည့်သင်ခန်းစာဖြစ်သဖြင့်နောက်လတွင်သင်ပြီးပါက
မိမိကိုယ်ကိုဆန်းစစ်ထားသောသင်ကြားခြင်းနှင့်ပတ်သက်သည့်
ဆန်းစစ်ချက်များကိုသင်ခန်းစာအစီအစဉ်ရေးဆွဲထားသည့်ဇယား
အောက်၌ရေးသားထားရမည်။သင်ကြားပြီးလျှင်မိမိကိုယ်ကိုယ်
ဆန်းစစ်ရမည့်မေးခွန်းများမှာ-
-ကျောင်းသား/သူများသည်ဘာတွေကိုသင်ယူခဲ့သနည်း။ 5CsထဲမှCဘယ်နှစ်လုံးပေးခဲ့နိုင်သနည်း ။ ထိုသို့သင်ယူ
ရရှိခဲ့သည်ကိုသင်မည်သို့သိသနည်း။
-သင်သည်ကြိုတင်ပြင်ဆင်ထားသော သင်ကြားမှုအစီအစဉ်အတိုင်း သင်ကြားနိုင်ခဲ့ပါသလား။ ပြောင်းလဲသင်ကြားခဲ့သည်ရှိသော်မည်သည်ကြောင့်
မပြောင်းလဲခဲ့လျှင်လည်းမည်သည်ကြောင့်ဆိုသည်ကို
ရှင်းပြပါ။
-ဤသင်ခန်းစာကိုပြန်လည်သင်ကြားရမည်ဆိုလျှင် မည်သို့သောအပြောင်းအလဲများပြုလုပ်လိုပါသလဲ။စသည့်
မေးခွန်းများဖြင့်မိမိကိုယ်ကိုဆန်းစစ်ပြီးရလဒ်များကို မှတ်တမ်းပြုစုရေးသားထားပြီးနောက်လCPDစချိန်တွင် လုပ်ဖော်ကိုင်ဖက်များနှင့်ဆွေးနွေးခြင်းဖြင့်နောက်လပြင်မည့်
သင်ခန်းစာအတွက်များစွာအကျိုးပြုနိုင်ပါမည်။"ဖြစ်ကြောင်း အသိပေးပြောကြားရမည်။
ဆရာ/မများသည်ယခင်လိုစာသင်ပြီးပြီးရောမဟုတ်ပါမိမိ
သင်ကြားခဲ့ပုံကိုအထက်ဖော်ပြခဲ့သောမေးခွန်းများဖြင့်ကိုယ့်ကိုယ်ကိုပြန်လည်ဆန်းစစ်ရမည်။နောက်လCPDအစတွင်ပြန်ဆွေးနွေးရမည်။

အပိုင်း(၄)ပြန်လှန်သုံးသပ်စဉ်းစား
ဆင်ခြင်ခြင်း
ဤအပိုင်းသည်အဖွဲ့လိုက်ဆွေးနွေးရမည်ဖြစ်သည်။ယခုလအတွက်CPDအစီအစဉ်မှစိတ်ဝင်စားဖွယ်အကောင်း
ဆုံးအကြောင်းအရာ၊အသုံးဝင်ဆုံးအကြောင်းအရာကိုဆွေးနွေးခြင်း
ထပ်မံသိလိုသည်များကိုဆွေးနွေးခြင်းဖြင့်ဆောင်ရွက်ခဲ့သော CPDအစီအစဉ်များကိုပြန်လှန်သုံးသပ်မည်
ထို့နောက်ယခုလအတွက်သင်နည်းအသစ်(၃)မျိုးသင်ကြားရာတွင်
အသုံးပြုနိုင်စေရန်ပေးပါမည်။
မော်ဂျူးတစ်ခုဆွေးနွေးပြီးတိုင်းသင်နည်းအသစ်(၃)မျိုးပေးပြီး
ဘာသာရပ်ခေါင်းဆောင်မှအဖွဲ့ဝင်များအားကျေးဇူးတင်စကားပြော၍ဆွေးနွေးပွဲကိုအဆုံးသတ်ပါမည်။
CPDအစီအစဉ်ကိုအစအဆုံးဦးဆောင်သူမှာဘာသာရပ် ခေါင်းဆောင်ဖြစ်ပြီးကြီးကြပ်သူမှာကျောင်းအုပ်ကြီးဖြစ်သည်။

ဘာသာပြခေါင်းဆောင်များသေချာစွာ
လုပ်ဆောင်ရမည့်အချက်များ........
-CPDကိုအချိန်မှန်စတင်ပြီးအချိန်မှန်ပြီးစီးရမည်။
-ရှင်းရှင်းလင်းလင်းညွှန်ကြားပေးပြီးပါဝင်သည့်ဆရာ/မများ နားလည်မှုရှိမရှိစစ်ဆေးရမည်။
-လူတိုင်းပြောဆိုဆွေးနွေးခွင့်ပေးရမည် အထူးသဖြင့်နှုတ်ဆိတ်ငြိမ်သက်နေသူများပါဝင်ပါစေ။
-အဖွဲ့လိုက်လုပ်ဆောင်ခြင်းနှင့်ဆွေးနွေး
ခြင်းများအတွက်အချိန်လုံလောက်အောင်စီစဉ်ရမည်။
-မေးခွန်းပုံစံမျိုးစုံကိုအသုံးပြုရမည်။
-တစ်ဦးတစ်ယောက်စီ၏ကိုယ်ပိုင် လေ့လာမှု နည်းလမ်းများအားအသိအမှတ်ပြုပါ။
-လုပ်ငန်းစဉ်တစ်ခုပြီးတိုင်းတစ်ဖွဲ့လုံး၏ ဆွေးနွေးချက်များကိုစုစည်းတင်ပြပါ။
-ပါဝင်ပေးကြသောဆရာ/မအားလုံးကို
တက်ကြွစွာပါဝင်ပေးသည့်အတွက်ကျေးဇူးတင်ကြောင်းပြောရမည်စသည့်အချက်များကိုလုပ်ဆောင်ရမည်။
ကျောင်းအုပ်ကြီးမှ ဘာသာရပ်ခေါင်းဆောင်များကို ကူညီပေးရမည်ကျောင်းအုပ်ကြီး၏အားပေးကူညီမှုသည်
အလွန်အရေးကြီးပါသည်။

ကျောင်းအုပ်ကြီးလေ့လာစောင့်ကြည့်
ရမည့်အချက်များ.........
-CPDကိုအချိန်မှန်စနိုင်ခဲ့သလား
-ဆရာ/မများ CPDချိန်တွင် ဆွေးနွေးနိုင်ဖို့သင်ခန်းစာကြိုတင်ဖတ်ခဲ့ရဲ့လား
-အဖွဲ့လိုက်လုပ်ဆောင်မှုများတွင်ပါဝင်ပြုလုပ်ခဲ့ကြသလား
-မေးခွန်းများမေးပြီးအပြန်အလှန်ပြောဆိုခဲ့ကြပါသလား
-သင်ခန်းစာအစီအစဉ်ရေးဆွဲခြင်းကိုအတူလုပ်ဆောင်ခဲ့ပါသလား
-သင်ကြားသင်ယူနည်းအသစ်များထည့်သွင်းအသုံးပြုခဲ့ပါသလား
ယခင်လCPDအချိန်တွင်ပြင်ဆင်ခဲ့သောသင်ခန်းစာကိုသင်ကြားခဲ့ပါပြီလား
-CPD အစီအစဉ်ကိုပိုမိုကောင်းမွန်ရေး အကြံပြုလိုပါသလားစသည့်အချက်များဖြင့်စောင့်ကြည့်ပြီး
ကျောင်းအုပ်ကြီး၏မှတ်ချက်နှင့်အကြံပြုချက်ပါသောCPD မှတ်တမ်းထားရှိရမည်။(ထားရမည့်ဇယားကိုပုံနှင့်ပြထားသည်)

ပါဝင်ဆွေးနွေးသောဘာသာပြများ
လုပ်ဆောင်ရမည့်အချက်.......
-ရှေ့လတွင်မိမိသင်မည့်သင်ခန်းစာ အကြောင်းအရာများကို ကြိုတင်ဖတ်ခဲ့ရမည်သို့မှသာသင်ခန်းစာနှင့်ကိုက်ညီသော သင်နည်းရွေးချယ်တတ်မည်မိမိမရှင်းလင်းသည့်အကြောင်းအရာ
များကိုဘာသာရပ်ခေါင်းဆောင်အားမေးမြန်းနိုင်မည်။သင်ခန်းစာကြိုတင်မဖတ်ခဲ့ပါကဝင်ရောက်ဆွေးနွေးနိုင်
မည်မဟုတ်သလိုမရှင်းလင်းသည်များကိုလည်းမေးတတ်မည် မဟုတ်ပါ။
ဘာသာရပ်ခေါင်းဆောင်သည်အဖွဲ့ဝင်ဘာသာပြဆရာ/မများ မေးသည့်သင်ခန်းစာအကြောင်းအရာများကိုမဖြေကြားနိုင်သေးပါက နောက်တစ်ပတ်မော်ဂျူးတွင်ဖြေကြားပေး
မည့်အကြောင်းပြောပြရမည်။ဘာသာရပ်ခေါင်းဆောင်သည်လည်း
အလုံစုံသိမြင်နိုင်မည်မဟုတ်သည်ကိုအဖွဲ့ဝင်များကနားလည်ပေးရမည်။
ဘာသာရပ်ခေါင်းဆောင်သည်ဖြေကြားပေးနိုင်ရေးအတွက်လေ့လာသင်ယူနေရမည်ဖြစ်ပြီးဘာသာရပ်ခေါင်းဆောင်ကဲ့သို့ဘာသာပြဆရာ/မများကလည်းအမြဲလေ့လာသင်ယူနေကြရမည်။ ကျောင်းသားများလေ့လာသင်ယူရာတွင်ပိုမိုအောင်မြင်စေရေး
အတွက်မိမိတို့၏သင်ကြားရေးအလေ့အကျင့်များကိုပိုမိုကောင်းမွန်အောင်ပြုလုပ်ရမည်မှာဆရာ/မတိုင်း၏တာဝန်သာဖြစ်သည်။ သို့ဖြစ်ပါ၍စဉ်ဆက်မပြတ်ဆရာအတတ်ပညာ
ဖြင့်ကလေးများ၏အနာဂတ်ကိုတည်ဆောက်နိုင်ကြပါစေကြောင်း
ဆုမွန်ကောင်းတောင်းရင်း..........
မိမိသင်ကြားရသော ကလေးတွေကိုကိုယ်ရည်ကိုယ်သွေးမြှင့်တင်ဖို့ 5Csနှင့်ချိတ်ကြစို့။

Collaboration
Communication
Critical thinking
Creativity
Citizenship တွေ ရှင်းပြရင်းပါ။

ပူးပေါင်းဆောင်ရွက်တတ်တဲ့ စိတ်ရှိခြင်း

လူမှုဆက်ဆံရေး အပြောအဆိုကောင်းခြင်း

ဘယ်အရာမဆို လေ့လာသိမြင်နိုင်စွမ်းရှိခြင်း

ဆန်းသစ်တီထွင် ဖန်တီးနိုင်ခြင်း

နိုင်ငံသားကောင်း လူကောင်းပီသစိတ်ရှိခြင်း

ဘာပဲသင်သင် ဒီအချက်ငါးချက်
အနည်းဆုံးတစ်ချက်ချက်
အမြဲသတိကပ် သင်ကြားပေးကြဖို့ပါ။

ထပ်ပြီးတိုက်တွန်းမိတာကတော့
ကလေးတွေကိုသင်ကြားလေ့ကျင့်ပေးမယ့်
ဆရာဆရာမများကိုယ်တိုင် အဲဒီအချက် ၅ ချက် ဦးစွာ ကြိုးစားကျင့်ကြံကြဖို့ပါ။

ကိုယ်ကိုယ်တိုင် မကွဲမပြား ညီညွတ်ပူးပေါင်းဆောင်ရွက်တတ်သော ဆရာဆရာမများဖြစ်ဖို့

ကိုယ်ကိုယ်တိုင် မိဘ ကျောင်းသား ရပ်ရွာ လုပ်ဖော်ကိုင်ဖက်များနဲ့ ပြောဆိုဆက်ဆံရေးကောင်းမွန်သော ဆရာဆရာမများဖြစ်ဖို့

ကိုယ်ကိုယ်တိုင် အရာရာမှာ လေ့လာဆည်းပူး ထိုးထွင်းနားလည် သိမြင်တတ်သော ဆရာဆရာမများဖြစ်ဖို့

ကိုယ်ကိုယ်တိုင် လမ်းဟောင်းမလိုက် လမ်းသစ်ထွင်ရင်း
သင်ကြားနည်းများ ဖန်တီးရင်း ကောင်းသော သင်ကြားနည်းများ ဖန်တီးနိုင်သော ဆရာဆရာမများဖြစ်ဖို့

ကိုယ်ကိုယ်တိုင် စိတ်ဓာတ် စည်းကမ်း ပညာကောင်းပြီး
ကိုယ်ကျင့်သီလ သိက္ခာထိန်းလို့
ဆရာကောင်း ဆရာမြတ် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်ဖို့

တိုက်တွန်းနှိုးဆော်လိုက်ရပါတော့တယ်။
ပညာသင်ခြင်းဖြစ်စဉ်တစ်ခုမှာ ဆရာများက ပညာပေးသူများဖြစ်ပြီး ကလေးများက ပညာယူသူများဖြစ်ကြပါတယ်။ ဒီဖြစ်စဉ်အရ ဆရာများက ကလေးများကို အကြောင်းအရာတစ်ခုကို သင်ကြားပေးတဲ့အခါ
ကလေးများက လေ့လာသင်ယူမှုပြုကြတဲ့အခါ သင်ကြားသင်ယူမှု အဓိက ဦးတည်ချက်က အသိတစ်ခုခုရရှိသွားခြင်း ခံစားမှုတစ်ခုခုဖြစ်တည်သွားခြင်းနဲ့ ကျွမ်းကျင်မှုတစ်ခုခု ပိုင်ဆိုင်သွားခြင်း ဖြစ်ပါတယ်။
ဒါကို ပညာရှင်များက ပညာသင်ယူမှုအမျိုးအစား (၃) ခု လို့ သတ်မှတ်ကြသလို ပညာသင်ယူမှုနယ်ပယ် (၃) ရပ် အဖြစ် သတ်မှတ်ကြပါတယ်။

စနစ်သစ်သင်ရိုးမှာတော့ ပညာသင်ယူခြင်းသည် သိမှုနယ်ပယ် ခံစားမှုနယ်ပယ် နှင့် ကျွမ်းကျင်မှုနယ်ပယ်ဟူသော အသိဥာဏ်နယ်ပယ်သုံးရပ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းဖြစ်သည် လို့
Bloom's Taxonomy ကို ကိုးကား ဖော်ပြထားပါတယ်။

Bloom's Taxonomy အရ

(1) Congnitive Domain
(2) Affective Domain
(3) Psychomotor Domain

လို့ ဖော်ပြပါတယ်။

ဒီ အသိဥာဏ်နယ်ပယ် သုံးရပ်ကို အသေးစိတ်ခွဲခြားကြည့်မယ်ဆိုရင် သင်ခန်းစာတစ်ခုသင်တိုင်း နယ်ပယ်သုံးခုထဲက တစ်ခုကိုပေးမှာလား နှစ်ခုပေးမှာလား သုံးခုလုံးပေးမှာလား ဆိုတာက အဓိကကျသွားပါတော့တယ်။ ဆရာဖြစ်သူက ကလေးများကို အနည်းဆုံး တစ်ခုခုတော့ ပေးကိုပေးရတော့မှာဖြစ်ပါတယ်။

နယ်ပယ်များအလိုက် အဆင့်ဆင့် တိုးတက် မြင့်တင်သင်ကြားသွားခြင်းလည်းဖြစ်ပါတယ်။
ဘယ်အဆင့်ထိပေးမယ် ဘယ်အဆင့်ထိရောက်စေမယ် ဆိုတာကို သင်ပြသူဆရာက သင်ကြားသင်ယူမှု ဦးတည်ချက်ထားရခြင်း ဖြစ်ပါတယ်။
အဆင့်ဆင့် တိုးတက်သွားတဲ့ Level ခြောက်ခုမှာ ဆရာဖြစ်သူရဲ့ ဖန်တီးသင်ကြားနိုင်မှု နဲ့ သင်ခန်းစာဦးတည်ချက်ကို ချိတ်ဆက်နေပါတယ်။

အကြောင်းအရာတစ်ခု သင်ခန်းစာတစ်ခုကို သင်ကြားတဲ့အခါ
ကလေးများရရှိစေတဲ့ Level အဆင့် သတ်မှတ်ချက်များက

မှတ်မိခြင်း (Remember)
နားလည်ခြင်း (Understand)
အသုံးချနိုင်ခြင်း (Apply)
ခွဲခြမ်းစိတ်ဖြာနိုင်ခြင်း (Analyze)
အကဲဖြတ်နိုင်ခြင်း (Evaluate)
ဖန်တီးနိုင်ခြင်း (Create) ဆိုတဲ့

သင်ခန်းစာကို ဘယ်အဆင့်ထိရောက်အောင် သင်မှာလဲ ကလေးများက ဘယ်အဆင့်ထိ ရောက်သွားလဲ ဆိုတာတွေက သင်ခန်းစာအလိုက် ဆရာဖြစ်သူရဲ့ ဖန်တီး ကြိုးစားသင်ပြနိုင်မှုအပေါ်မူတည်သွားပါလိမ့်မယ်။

ဒါကြောင့် သင်ခန်းစာတစ်ခုအတွက်
ကြိုတင်ပြင်ဆင်ခြင်းများ ပြုလုပ်ရန်လိုအပ်သလို သင်ခန်းစာဦးတည်ချက် သင်ယူမှုရလဒ်များ ပေါက်မြောက် အောင်မြင်ရေးမှာ အဓိက အခရာဖြစ်သော ကျွန်တော်တို့ရဲ့ အခန်းကဏ္ဍက သင်ရိုးသစ် စနစ်သစ်မှာ အရေးပါလာတော့မှာ ဖြစ်ပါတော့တယ်။

အဲဒီအပြင် ကိုယ်သင်ကြားမယ့် သင်ခန်းစာအရ
ဘာပေးမှာလဲ ဘယ်အဆင့်ထိပေးမှာလဲ
ဆိုတာကလည်း ဆရာဖြစ်သူရဲ့ သင်ကြားနည်း သင်ကြားမှုစွမ်းရည်ပင် ဖြစ်ပါတော့တယ်။