#ပထမနှစ်ဝက်စာမေးပွဲအတွက်ကျောင်းအုပ်ကြီးများပြင်ဆင်ထားရမည့်အချက်၁၀ချက်
မင်္ဂလာပါဆရာကြီး ဆရာမကြီးတို့ရေ
ပထမနှစ်ဝက်စာမေးပွဲကို
၁၃. ၁၀. ၂၀၂၃ မှ ၂၃. ၁၀. ၂၀၂၃ အတွင်း စစ်ပေးရပါမယ်။
ဘာတွေကြိုတင်ပြင်ဆင်သင့်လည်း........ ယခုအချိန် ဝန်ထမ်းအင်အားမများ
တော့လုပ်ဆောင်ရမည့်အပိုင်းက ေနာက်ဆုံးစာမေးပွဲလောင်ပြင်ဆင်မလို့မရဘူးဆိုတာသိပေမယ့်.......ပထမနှစ်ဝက်စာမေးပွဲကိုလည်း အောက်ပါရိုးရှင်းသော စာမေးပွဲဆိုင်ရာ စနစ်အချို့ကိုပြုလုပ်ထားပါရန်....ဖော်ပြလိုက်ရာပါတယ်ခင်ဗျာ.....မိမိတို့၏စွမ်းဆောင်ရည်အချို့သည်အခြေအနေပေါ်မူတည်လို့
စာမေးပွဲသည်စာမေးပွဲနဲ့တူအောင်ဖန်တီးလို့ရပါသည်ခင်ဗျာ....။
ကျောင်းအုပ်ကြီးအပိုင်း👨🏫
1️⃣ စာဖြေသူစာရင်းချုပ် (ကျောင်းအုပ်ကြီးထံတွင်ရှိရန်)
2️⃣ စာဖြေခန်း နဲ့ ကျောင်းသားအရေအတွက်စာရင်းချုပ်
(စာဖြေခန်း ၁. ခုံနပါတ်.....မှ ခုံနံပါတ်.....ထိ ၊ စာရင်းရှိ၊ဖြေဆို၊ပျက်ကွက်.ကျား၊မ၊ပေါင်း ကျောင်းအုပ်ကြီးထံတွင်ရှိရန်)
3️⃣ စာဖြေခန်းအလိုက် ကြီးကြပ်သူ လက်မှတ်ထိုးစာရင်း
4️⃣ မေးခွန်း နှင့် ဖြေလွှာ (ဖြေလွှာပေါ်တံဆိပ်ရိုက်ပီး)
5️⃣ စာဖြေသူစည်းကမ်း ( အနည်းငယ် သင်ပုန်းတွင်ကပ်ထားရန်)
6️⃣ ပျက်ကွက်စာရင်း ( စာရင်းရှိ ၊ ဖြေဆို ၊ ပျက်ကွက်..... ကျား၊မ၊ပေါင်း စာဖြေခန်းသင်ပုန်းတွင်ကပ်ထားရန်)
7️⃣ စာဖြေသူလက်မှတ်ထိုးစာရင်း နဲ့ ဖြေလွှာအပ်လက်မှတ်ထိုးစာရင်း
8️⃣ စာဖြေသူခုံနံပါတ်ဖြည့်သွင်းရမည့်ပုံစံ (စာဖြေခန်းခွဲများရှိပါက တစ်ခန်းခြင်းအလိုက်)
9️⃣ စာမေးပွဲဖြေဆိုချိန် သတ်မှတ်ထားသည့် အချိန် ( ဘယ်အချိန်ကနေဘယ်အချိန် သင်ပုန်းတွင်ကပ်ထားရန်)
🔟 စာမေးပွဲအချိန်စာရင်း (ဘယ်နေ့ဘယ်ဘာသာ သင်ပုန်းတွင်ကပ်ထားရန်)
(ယခုဖော်ပြပါ ၁၀ချက်သည် နောက်ဆုံးစာမေးပွဲထဲကပုံစံအနည်းငယ်ကိုသာ
ပထမနှစ်ဝက်အတွက်ပြုလုပ်ထားရန်ဖော်ပြခြင်းပါ....အပြည့်အစုံဖော်ပြခြင်းမရှိသည်က....ကျောင်းအတော်များများတွင်ဝန်ထမ်းအင်အားမပြည်စုံသည့်အတွက်....လုပ်ဆောင်သင့်သလောက်ကိုသာဖော်ပြခြင်းဖြစ်ပါသည်..ဝန်ထမ်းအပြည့်စုံရှိပါက စာမေးပွဲကြီးပုံစံတိုင်းပြုလုပ်လို့ရပါကြောင်း...)
မူလတန်းကျောင်းအုပ်ကြီးများစီမံခန့်ခွဲမူသင်တန်း အမှတ်စဥ်၁/၂၀၂၃

👍1
နှစ်ဝက်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်းစာမေးပွဲကို
( ၁၃.၁၀.၂၀၂၃ ) မှ ( ၂၀.၁၀.၂၀၂၃ ) ရက်နေ့အတွင်း ဆောင်ရွက်ရမည်ဖြစ်ပါတယ် ။
စစ်ဆေးအကဲဖြတ်မည့်သင်ခန်းစာများ - ဇွန်လမှ စက်တင်ဘလအထိ သင်ခန်းစာများ ဖြစ်ပါတယ်။
မူအောက်ဆင့်
Grade ( 1/2/3)
သင်ခန်းစာအားလုံး စာသင်ခန်းအတွင်းစစ်ဆေးအကဲဖြတ်ရန်
မူထက်ဆင့်
Grade (4) --- ၂၅မှတ် --- စာသင်ချိန် ၁ချိန်စာ
Grade (5) --- ၅၀မှတ် --- ၁နာရီ
လယ်ဆင့်
Grade (6/7/8/9) --- ၅၀မှတ် --- ၁နာရီ
ထက်ဆင့်
Grade (10/11) --- ၁၀၀မှတ် --- ၂နာရီ
Grade (12) ----- ၁၀၀မှတ် --- ၃နာရီ
မှတ်ချက်- တစ်ရက်လျှင် တစ်ဘာသာနှုန်း

👍2
ကောဏ္ဍည == ကောဏ်ဍည(ကွဏ်ဍည ဖတ်)
ဟောန္တု == ဟောန်တု (ဟွန်တု ဖတ်)
မှတ်ချက် ။ ။ သဝေထိုးရေးချကို ပါဠိ၌ သြသရ ဟုခေါ်သည်။
၅။အဓိပ္ပာယ်မှာ- ဟထိုး ၀ဆွဲ ရရစ် ယပင့် အက္ခရာစာလုံးများနှင့် တွဲသော
အက္ခရာသည်၊ အသတ်တာ၀န်ကိုလည်းယူရသည်၊ မိမိ၏ မူလအသံလည်း
ထွတ်ရသည်။
အမှ = အမ်မှ။ ကဏှ = ကဏ်ဏှ
တုမှ = တုမ်မှ။ သဏှ = သဏ်ဏှ
ပုဗ္ဗနှ = ပုဗ်ဗန်နှ။ ဤပြယုဂ်တို့၌ ဟထိုးနှင့်တွဲသော- မ၊ ဏ၊ န အက္ခရာတို့သည်
အသံအသတ် တာ၀န် ၂-ရပ်ကိုယူရသည်။
သက် = သက္က် ၀ါက် = ၀က္က်
နိသျ = နိသ်သျ..တို့၌ ရရစ်နှင့်တွဲသောက နှင့်ဆတို့သည် အသတ်နှင့် အသံတာ၀န် ၂-မျိုးကို
ယူထားသည်။
ကတွာ = ကတ်တဝါ ဒတွာ = ဒတ်တဝါ
ပတွာ = ပတ်တဝါ ၀တွည = ၀တ်၀၀ါ
တို့၌ ၀ဆွဲနှင့်တွဲသော တအက္ခရာတို့သည် အသတ်နှင့်အသံ တာ၀န် ၂-မျိုးကို ယူထားသည်။
မှတ်ချက်။ ။ ဟထိုးသည် ဟ၊ ယပင့်သည် ယ၊ အရစ်သည် ရ ကောက်၊ ၀ ဆွဲ
သည် ၀အက္ခရာ၏ ကိုယ်စားလှယ်ဟု အသီးသီးမှတ်။
အရှင် ဓမ္မသီရိကိုကျေးဇူးတင်ပါသည်ဘုရား..........

❤3
✍️ ဝိုက်ချ နှင့် မောက်ချ ✍️
မြန်မာစာပေမှာ စည်းစနစ်ရှိပါတယ်။
ငါးဂိုဒေါင် ခိုပျံဝဲ
ခြောက်လုံးမောက်ချဆွဲ။
ရေးချ နှစ်မျိုးဖြစ်တဲ့
ဝိုက်ချ (---ာ) နဲ့
မောက်ချ ( ---ါ ) သင်ရင်းနဲ့ပေါ့။
မောက်ချနဲ့ ရေးရမှာက ၆ လုံးပဲရှိတယ်။
ခ ဂ င ဒ ပ ဝ။
ခါ ဂါ ငါ ဒါ ပါ ဝါ။
ကျန်တာအားလုံး ဝိုက်ချပဲ။
ဓအောက်ချိုက်ကို
မောက်ချနဲ့ ရေးနေတာ
အမှားပါ။
(ဓါတု၊ ဓါတ်ပုံ) တို့ကို
ဝိုက်ချနဲ့ပဲ ရေးရမှာပါ
(ဓာတု၊ ဓာတ်ပုံ) သာ အမှန်ပါ။
ဘာနဲ့မှ မှားစရာမရှိဘူး။
ခကွေးကို ဝိုက်ချနဲ့ ရေးရင် -> ဆလိမ်နဲ့ မှားနိုင်ပါတယ်။
ဂ ငယ် ဝိုက်ချနဲ့ ရေးရင် -> ကကြီးနဲ့ မှားနိုင်ပါတယ်။
င ဝိုက်ချနဲ့ ရေးရင် -> ကကြီးနဲ့ မှားနိုင်ပါတယ်။
ဒ ဝိုက်ချနဲ့ ရေးရင် -> အနဲ့ မှားနိုင်ပါတယ်။
ပ ဝိုက်ချနဲ့ရေးရင် -> ဟနဲ့ မှားနိုင်ပါတယ်။
ဝလုံး ဝိုက်ချနဲ့ ရေးရင် -> တဝမ်းပူနဲ့ မှားနိုင်ပါတယ်။
အဲလိုတွေ မမှားအောင်
တို့မြန်မာစာမှာ
ရေးချ နှစ်မျိုး သတ်မှတ်ခဲ့တာ
( ာ ) (ဝိုက်ချ) နဲ့
( ါ ) ( မောက်ချ)
ခါ။ ဂါ။ ငါ။ဒါ။ ပါ။ ဝါ။
အဲလိုတွေ သင်ရင်းနဲ့
မြန်မာစာပေဟာ
ပြီးစလွယ် ထွင်ထားတဲ့
စာပေ မဟုတ်ဘူးလို့
အမြဲသင်ခဲ့ပါတယ်။
ရုံးစာတွေမှာ
ဓ အာက်ချိုက်ကို
မောက်ချနဲ့ ရေးရင်
မင်နီတားပြီး ပြင်ပေးပါ။
ဓါ သည် မှားပါတယ်။ ဓာ သာအမှန်ပါ။
မှတ်ရလွယ်ချင်ရင်
ငါးဂိုဒေါင် ခိုပျံဝဲ လို့
မှတ်ထားကြပါ။
(U Su Tin)

👍4❤2