Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.7K subscribers
3.82K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
မြန်မာနိုင်ငံစာစစ်ဦးစီးမှ ထုတ်ဝေသော G-12 Sample Questions ဘာသာစုံ pdf file
#အလုပ်လက်လွှတ်ကြောင်းနှင့် အလုပ်ဝင်ရောက်ကြောင်းအစီရင်ခံစာ
(#တိုးပြောင်းပါကြသည့်အဖွဲ့အတွက်ပါ။)
၂၀၂၃-၂၀၂၄ ပညာသင်နှစ်
အခြေခံပညာကျောင်းများ
သီတင်းကျွတ်ကျောင်းပိတ်ရက်မှာ
( ၂၃.၁၀.၂၀၂၃ ) မှ( ၃၀.၁၀.၂၀၂၃ ) ရက်နေ့အထိ ၈ ရက်ဖြစ်ပါတယ်။

နှစ်ဝက်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်းစာမေးပွဲကို
( ၁၃.၁၀.၂၀၂၃ ) မှ ( ၂၃.၁၀.၂၀၂၃ )
ရက်နေ့အတွင်း ဆောင်ရွက်ရမည်ဖြစ်ပါတယ် ။

စစ်ဆေးအကဲဖြတ်မည့်သင်ခန်းစာများ
- ဇွန်လမှ စက်တင်ဘလအထိ သင်ခန်းစားများ ဖြစ်ပါတယ်။

မူအောက်ဆင့်
Grade ( 1/2/3)
သင်ခန်းစာအားလုံး စာသင်ခန်းအတွင်းစစ်ဆေးအကဲဖြတ်ရန်

မူထက်ဆင့်
Grade (4) --- ၂၅မှတ် --- စာသင်ချိန် ၁ချိန်စာ
Grade (5) --- ၅၀မှတ် --- ၁နာရီ

လယ်ဆင့်
Grade (6/7/8/9) --- ၅၀မှတ် --- ၁နာရီ

ထက်ဆင့်
Grade (10/11) --- ၁၀၀မှတ် --- ၂နာရီ
Grade (12) ----- ၁၀၀မှတ် --- ၃နာရီ

မှတ်ချက်- တစ်ရက်လျှင် တစ်ဘာသာနှုန်း
❤1
ဆရာများ ရှောင်ရှားသင့်သော အကျင့်စရိုက်များ
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

၁။ အတန်းကို ငြိမ်သက်စေဖို့ စားပွဲကို မထုပါနှင့်
အတန်းက ငြိမ်တော့ငြိမ်သွားမယ်။ ကျောင်းသားများ ကျေကျေနပ်နပ်ကြီး
မဟုတ်လို့ပါ။

၂။ စိတ်ဆိုးလို့ စာသင်ခန်းကနေ ထွက်မသွားပါနှင့်
စာသင်ချင်တဲ့ ကျောင်းသားစိတ်အားငယ်သွားမယ်။
မသင်ချင်တဲ့ကျောင်းသား ခိုးပြီးပျော်နေမယ်။

၃။ ကလေးများကို အော်ဟောက်ပြီး မဆုံးမပါနှင့်
အော်ဟောက်သံနဲ့ အကျိုးထိရောက်မှု မသက်ဆိုင်လို့ပါ။

၄။ ကလေး များတစ်ခုခု အပြစ်လုပ်မိရုံနဲ့ သူတို့မိဘကို
အကြောင်းမကြားပါနှင့်
ကလေးများက မနှစ်သက်သလို မိဘများလည်း ကြိုက်မှာ မဟုတ်ပါဘူး။

၅။ လူအများရှေ့ မှာ ကလေးများကို အရှက်ခွဲတဲ့ပုံစံနဲ့ မဆုံးမပါနှင့်
ကလေးများ သိမ်ငယ်သွားစေနိုင်တယ်။ အမုန်းပွားစေနိုင်တယ်။

၆။ ကလေးကို ဆုံးမတဲ့အခါမှာ အနာဟောင်းကို မဖေါ် ပါနှင့်
ရှိတဲ့အပြစ်ကိုပဲ ပြောပါ။ အနာဟောင်းကို ခဏခဏ ဆွရင်
ပြန်ကျူးလွန်ဖို့ သတိပေးသလို ဖြစ်နေတတ်တယ်။

ရ။ ကလေးများရဲ့ အပြစ်ကို ပုံကြီးမချဲ့ မိပါစေနှင့်၊
မုန့်နဲနဲ ခိုးစားမိတာနဲ့ သူခိုးလို့ တင်စားတာမျိုး ရှောင်ကျဉ်ပါ။

၈။ ကျောင်းသားတစ်ဦးရဲ့ ရှေ့ မှာ အခြားကျောင်းသားတစ်ဦးရဲ့
မကောင်းကြောင်းကို မပြောမိပါစေနှင့်၊
အတင်းတုတ်တဲ့သူဟာ အတင်းသမားသာဖြစ်တယ်။
ကျောင်းဆရာ မဟုတ်ပါ။

၉ ။ အထင်အမြင်သေးတဲ့ အမူအယာနဲ့ ကျောင်းသားကို
မဆက်ဆံမိ ပါစေနှင့်၊
ဘယ်ကျောင်းသားကိုမှ စိတ်ထဲမှာ အထင်မသေးမိပါစေနှင့်၊
ကိုယ်ကအထင်သေးမိရင် ကျောင်းသားများ ခံစားမိနိုင်လို့ပါ။

၁၀။ ကလေးရတဲ့အမှတ် တစ်ခုတည်းနဲ့ ကလေးကို မဆုံးဖြတ်ပါနှင့်၊
စာရိတ္တဟာ ရမှတ်ထက် အဆပေါင်းများစွာ အရေးကြီးပါတယ်။

၁၁။ ကလေးကို ဆုံးမတဲ့အခါ ကလေးရဲ့ ခန္ဓာကိုယ်အားနည်းချက်၊
မိသားစု အားနည်းချက်များကို မဆက်စပ်မိပါစေနှင့်၊
ဥပမာ၊ မင်းအဖေနဲ့ တူတူပဲ၊ မင်းဦးလေးနဲ့ တူချင်လို့လား ဆိုတဲ့
ဆုံးမစကားမျိုး ရှောင်ကျဉ်ပါ။

၁၂။ အပြင်က စိတ်ဆိုးမူများကို အတန်းထဲသို့ သယ်မသွားပါနှင့်
မိန်းမနဲ့ ရန်ဖြစ်လာလို့ အတန်းထဲမှာ ကျောင်းသားများကို
တန်းစီအပြစ်ပေးတာမျိုး လုပ်မိရင် သင်ကျောင်းဆရာ မလုပ်သင့်တော့ပါ။

၁၃။ ကျောင်းသားများရဲ့ ရှေ့ မှာ အခြားဆရာများ မကောင်းကြောင်း
လုံး၀ မပြောမိပါစေနှင့်
ကိုယ့်သင်နည်းနဲ့ ကိုယ်ပဲ၊ လုပ်ဖေါ်ကိုင်ဘက်ကို သွားဝေဖန်မိရင်
ဘယ်သူ့အတွက်မှ မကောင်းပါ။

၁၄။ ကလေးကို စာသင်တဲ့အခါ စိတ်မပါတာမျိုး မဖြစ်စေနှင့်
စာသင်တဲ့အခါ ထဲထဲ၀င်၀င်ဖြစ်ပါစေ၊ စိတ်နှစ်ကိုယ်နှစ် ဖြစ်ပါစေ။

၁၅။ ကလေး တစ်ဦးစီတို့ရဲ့ ချစ်စရာ ကောင်းတဲ့အချက်များကို
လစ်လျူ မရှု မိပါစေနှင့်၊
ကလေးရဲ့ ကောင်းကွက်ကို တွေ့မှ ကလေးတိုးတက်အောင် ဆွဲတင်နိုင်မယ်။

၁၆။ စာတော်တဲ့ ကလေးများ အပြစ်ကို လစ်လျူရှု တာမျိုး မပြုလုပ်ပါနှင့်၊
ဘာအမှားလုပ်လုပ်၊ စာတော်ရင် ခွင့်လွတ်တယ်ဆိုတဲ့
ဆရာမျိုး မဖြစ်ပါစေနှင့်။
အကျင့်စာရိတ္တ ထက်အရေးကြီးတဲ့ အရာ မရှိပါ။

၁၇။ ကလေးကိုဆရာ၊ ဆရာမက စပြီးနာမည်ပြောင်မခေါ်ပါနှင့်။ အသားမည်းလို့ လူမျိုးခြားမို့ကုလားလေး၊တရုတ်ပုပ် စသဖြင့်မခေါ်ပါနှင့်။ ကလေးမှာသူ့မိဘပေးထားတဲ့နာမည်လှလှလေးများရှိပြီးသားပါ။ ဆရာ၊ဆရာမက နာမည်ပြောင်ခေါ်တဲ့အခါ တစ်ခြားသောကလေးများက ခေါ်လို့ရတယ်ထင်ပြီး ခေါ်ကြပါလိမ့်မယ်။ ဘယ်မိဘမှမကြိုက်သလို ကလေးအတွက်လည်း ကြီးသည်အထိ အခါ်ခံနေရရင်မသင့်တော်ပါ။

Crd
#TeacherFellings
👍1
#သံပေါက်ကဗျာဟူသည်...

အသံကိုပေါက်စွာပေါ်လွင်စွာရွတ်ဖတ်ရသောကဗျာမျိုးဖြစ်သောကြောင့်"သံပေါက်ကဗျာ"ဟုခေါ်ဆိုခြင်းဖြစ်သည်။

"ကခြင်းအစလက်မြှောက်က၊သီချင်းအစ သံပေါက်က၊တီးခြင်းအစ လက်ခုပ်က။"ဟူ၍ သဘောလောကနှင့်ကဗျာလောကတို့၌ဆိုရိုးစကားရှိခဲ့သည်။

သံပေါက်ကဗျာအမျိုးအစားများ
....................................................

(၁) ငါးလုံးချသံပေါက်
(၂)ခုနစ်လုံးချသံပေါက်
(၃)သံပေါက်ရှည်

သံပေါက်ကိုစပ်ဆိုရာတွင် "အစလေးလုံး၊အလယ်သုံး၊အဆုံးငါးလုံး/ခုနစ်လုံး"ဟူ၍ဖြစ်သည်။
သို့သော်သံပေါက်ရှည်စပ်နည်း၌မူ ရှေ့အပိုဒ်များ၌ အက္ခရာလေးလုံးချည်းထား၍နောက်ဆုံးသုံးပိုဒ်ကို ငါးလုံးချ၊ခုနစ်လုံးချသံပေါက်အတိုင်းအက္ခရာအလုံးရေထားရပေသည်။စပ်ဆိုရာတွင်လည်း လေပြင်း၊လေပျော့ တလှည့်စီ(ဝါ)ချီသံနှင့်ချသံတစ်လှည့်စီထားနိုင်လျှင်သာယာနာပေါ်ဖွယ်အတိုင်အဖောက်ညီညီသီဆိုနိုင်ပေသည်။

ဓမ္မာစရိယဦးထွန်းရွှေ၏ နန္ဒမာလိနီကျမ်း၌မူ သံပေါက်စပ်နည်းကို-
-အမည်အားဖြင့်၎င်း
-အမျိုးအစားအားဖြင့်၎င်း
-အပိုဒ်ရေအားဖြင့်၎င်း
-အက္ခရာအလုံးရေအားဖြင့်၎င်း
-အစပ်ကာရန်အားဖြင့်၎င်း
-လေပြင်း၊လေ‌လျော့ -ဂရု ၊လဟုအားဖြင့်၎င်း
-အပြစ်ဒေါသအားဖြင့်၎င်း ဟူ၍ (၇)ပါးသောအစိတ်အပိုင်းတို့ဖြင့်ဝေဖန်ရလေသည်ဟူ၍ ပြဆိုထားပေသည်။

ဤနေရာ၌ လေ့လာသူတို့ပို၍လွယ်ကူစေရန်သံပေါက်စပ်နည်းအလွယ်များကိုတင်ပြပေမည်။

ကိုးကား
နန္ဒမာလိနီ‌(ခေါ်)ကဗျာ့စွယ်စုံကျမ်း၊ထွန်းရွှေ၊ဦး၊ဓမ္မာစရိယ။1967ခုနှစ် (ပထမအကြိမ်-ပုံနှိပ်)။
ခေတ်သစ်ကဗျာ့မာလာ၊သိန်းသိန်းအေး ၊ဒေါ်၊‌ဘီအေ၊ဘီအီးဒီ၊1967ခုနှစ်(ပထမအကြိမ်-ပုံနှိပ်)။

ဦးမျိုးကိုနိုင်
အထကဇောင်းတူ
မြန်မာစာ
Dip.Ed,B.Ed
ခွဲ၊ခန့်၊လပ် သိလိုသူများအတွက် Update!