Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.8K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
#ဆရာ/#ဆရာမတွေသိထားသင့်ပါတယ်။
#correctionနဲ့ပြင်လို့မရတဲ့အရာ(၃)ခုရှိပါတယ်နော်။☺
(၁)..#TC
(၂)..(ခ)#စာရင်း
(၃)..ပုံစံ(က)..ပုံစံ(က)ဆိုတာKGအဝင်အသက်ကိုမိဘကထောက်ခံချက်ပေးရတဲ့ပုံစံပါ။#ကျောင်းခေါ်ကြိမ်(က)စာရင်းမဟုတ်ပါ။
G-12 တွင် မြန်မာစာအင်္ဂလိပ်စာ၊ သင်္ချာဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒပထဝီဝင်၊ သမိုင်းဘောဂဗေဒ၊ စိတ်ကြိုက်မြန်မာစာတို ကို တစ်ပတ်လျှင်(၆)ချိန်စီ သင်ယူရန်။

ပေါင်းစပ်ပထဝီဝင်နှင်သမိုင်း၊ ပေါင်းစပ်လူမှုရေးဘာသာ နှင့် ပေါင်းစပ်သိပတိုကိုသင်ချိန်ခွဲဝေမှု ဇယားပါအတိုင်း သင်ယူရန်။
စာရိတနှင့် ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ ကာယပညာ (သို့မဟုတ်) အနုပညာ (ဂီတ) (သို့မဟုတ်) အနုပညာ(ပန်းချီ) တိုကို G10 နှင့် G 11 တန်းတို့တွင် တစ်ပတ်လျှင်(၁)ချိန်စီ သင်ယူရန် ဖြစ်ပါသည်။ ယင်းဘာသာရပ်များကို G 12 ၌သင်ယူရန်မလိုပါ။
သင်ရိုးအဖြစ် အခြေခံသတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) ကို G 10 နှင့် G 11 တန်းတွင် တစ်ပတ်လျှင်(၄)ချိန်နှင့် G 12 တန်းတွင် တစ်ပတ်လျှင်(၁)ချိန်စီ သင်ယူ ရန်ဖြစ်ပါသည်။ သင်ယူမှုနယ်ပယ်နှင့် သင်ချိန်ခွဲဝေမှုများကို ဇယားတွင်ကြည့်ပါ။
❤1
စနစ်သစ် စာသင်ချိန်ဇယားခွဲဝေမှု
--------------------------------------------
#အထက်တန်းအဆင့် သင်ရိုးညွှန်းတမ်းနှင့်ပတ်သက်၍ ရက်သက်ပတ် (၃၆)ပတ်နှင့် တစ်နှစ်လျှင် သင်ကြားချိန်နာရီ စုစုပေါင်း (၁၀၈၀)နာရီ ၊ တစ်ချိန်လျှင် (၄၅)မိနစ် (၈)ချိန် သင်ကြားပို့ချရမည်။

မြန်မာစာအင်္ဂလိပ်စာသင်္ချာဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ပထဝီဝင်၊ သမိုင်း၊ ဘောဂဗေဒစိတ်ကြိုက်မြန်မာစာ တို့ကို G10 နှင့် G 11 တို့ကို တစ်ပတ်လျှင်(၅)ချိန်။
👍ဆရာ/မတို့ အနေနဲ့
ကိုယ်သိတာကိုပဲ သင်တာထက်
သင်ခန်းစာက
သိစေချင်တာနဲ့ ဒါထက်ပိုတာလေးတွေ ဖြည့်စွက် သင်တာက ပိုထိရောက်မယ်လို့ အကြံပြုပါရစေ။
👍1
🏅🏅🏅 ဘဝအတွက်ကျွမ်းကျင်မှု
စွမ်းရည်🏅🏅🏅

၂၁ရာစုကျွမ်းကျင်မှု (21st Century

Skills)ရဲ့ ဘဝအတွက်ကျွမ်းကျင်မှု

စွမ်းရည် (၅)ရပ် Life Skills (FLIPS)

ကတော့

၁။ ပြောင်းလွယ်ပြင်လွယ်မှု
(Flexibility )

၂။ ခေါင်းဆောင်မှု
(Leadership)

၃။ ပူးပေါင်းဆောင်ရွက်မှု
(Collaboration)

၃။ စတင်လုပ်ဆောင်မှု
(Initiative)

၄။ ပြုလုပ်ဆောင်ရွက်နိုင်စွမ်းအား
(Productivity)

၅။ လူမှုဆက်ဆံရေးကျွမ်းကျင်လိမ္မာမှု
(Social Skill)

ဒီအချက် ၅ချက်ဟာ လူ့ဘဝအတွက်

မရှိမဖြစ် အရေးပါလို့ပညာရှင်များက

၂၁ရာစု ကျွမ်းကျင်မှု ရဲ့ Life Skills

အဖြစ် သတ်မှတ်ကြပါတယ်။
၂၁ ရာစုကျွမ်းကျင်မှုများ (၂)

၂၁ ရာစုကျွမ်းကျင်မှု အညွှန်းဘောင် (21st century skills framework) တွေကိုလဲ လေ့လာဖို့လိုအပ်ပါတယ်။ ၂၁ရာစုကျွမ်းကျင်မှု 5Cs ဆိုတာကိုတော့ လယ်/ထက် သင်ရိုးသစ်ကျမှပဲ တွေ့ဖူးတာပါ။ 4Cs /7Cs စသဖြင့် တွေ့ဖူးပါတယ်။

၂၁ ရာစုကျွမ်းကျင်မှုနဲ့ပတ်သက်တဲ့ အညွှန်းဘောင်အနေနဲ့ (1) OECD framework (2) ATCS framework နဲ့ (3) P21 framework တွေက လူသိများလှပါတယ်။ တစ်ခုနဲ့တစ်ခု စဉ်းစားပုံချင်း အနည်းငယ်ကွာခြားမှုရှိနိုင်ပေမဲ့ အခြေခံစဉ်းစားချက်ကတော့ Globalization နဲ့ နည်းပညာတိုးတက်လာမှု အပေါ်အခြေခံပါတယ်။

Trilling & Fadel (2009) အဆိုအရတော့ (၁) ဆန်းသစ်တီထွင်တွေးခေါ်နိုင်မှု (၂) သတင်းအချက်အလက်၊ မီဒီယာ၊ အိုင်စီတီ ကျွမ်းကျင်မှု စတဲ့ ဒစ်ဂျစ်တယ်ပညာတတ်မှု (၃) ဘဝတစ်သက်တာနဲ့ အသက်မွေးပညာကျွမ်းကျင်မှု လို့ အဓိက နယ်ပယ် ၃ ခု ခွဲခြားပြပါတယ်။ Trilling & Fadel ရဲ့ 3Rs ဆိုတဲ့ အရေး၊ အဖတ်၊ အတွက် "အ သုံးလုံး" နဲ့
👍1
ဝေဖန်စဉ်းစားနိုင်မှုနဲ့ပြသနာဖြေရှင်းနိုင်မှု၊ တီထွင်မှုနဲ့ဆန်းသစ်မှု၊ ပူးပေါင်းဆောင်ရွက်မှု အုပ်စုဖွဲ့လုပ်ဆောင်မှုနဲ့ ခေါင်းဆောင်မှု၊ မတူကွဲပြားတဲ့ယဉ်ကျေးမှုကိုနားလည်လက်ခံမှု၊ ဆက်သွယ်ရေးနဲ့ မီဒီယာကျွမ်းကျင်မှု၊ တွက်ချက်မှုနဲ့ အိုင်စီတီကျွမ်းကျင်မှု၊ အသက်မွေးမှုနဲ့ မိမိကိုယ်ကိုယ်ယုံကြည်နိုင်မှု ဆိုတဲ့ 7Cs ပေါင်းစပ်လိုက်တဲ့အခါ ကျွမ်းကျင်မှု ၂၁ ခုထွက်လာပါတယ်။ ဒီ 3Rs x 7Cs = 21st century skills ဆိုတာလဲစိတ်ဝင်စားဖို့ကောင်းပါတယ်။

ဘက်စုံလွှမ်ခြုံသော ပညာရေးကဏ္ဍလေ့လာသုံးသပ်ရေးလုပ်ငန်း (CESR) ရဲ့ Phase 2: In-depth analysis မှာတော့ ၂၁ ရာစုကျွမ်းကျင်မှုကို The Four Pillars of Learning ဆိုပြီဖော်ပြထားတာရှိပါတယ်။ သင်ရိုးသစ်က လူငယ်တွေအတွက် လုပ်ငန်းခွင်ဝင်မယ်ဆိုရင်တောင် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပေးနိုင်ဖို့အတွက် အထက်တန်းပိုင်းတွေမှာ သက်မွေးပညာကျွမ်းကျင်မှု တွေကိုဦးစားပေးဖို့ မူလရည်ရွယ်ထားတာတွေ့ရပါတယ်။ ရည်ရွယ်သလို တကယ်ဖြစ်လာမလာ ဆိုတာကတော့ ပညာရေးကိုနားလည်သူတိုင်းသိကြပါတယ်။

၂၁ရာစုကျွမ်းကျင်မှုတွေရဖို့ ဘယ်လိုသင်ပေးမလဲဆိုတာလဲ အရေးပါပါတယ်။ ဘာသင်သင် 5Cs ပဲဆိုပြီး အတင်းဆွဲယူလို့မရပါဘူး။ ဘာသာရပ်တစ်ခုနဲ့တစ်ခု သဘောသဘာဝမတူတဲ့အတွက် အသုံးပြုတဲ့သင်နည်းတွေ၊ အဆင့်တွေလဲမတူပါဘူး။ အများစုကတော့ Inquiry-based Learning(IBL) Collaborative Learning Techniques (ColLT) Gamification စတာတွေနဲ့ ၂၁ ရာစုကျွမ်းကျင်မှုတွေရအောင်သင်ပေးကြပါတယ်။ ၂၁ ရာစုကျွမ်းကျင်မှုများ (၂)

၂၁ ရာစုကျွမ်းကျင်မှု အညွှန်းဘောင် (21st century skills framework) တွေကိုလဲ လေ့လာဖို့လိုအပ်ပါတယ်။ ၂၁ရာစုကျွမ်းကျင်မှု 5Cs ဆိုတာကိုတော့ လယ်/ထက် သင်ရိုးသစ်ကျမှပဲ တွေ့ဖူးတာပါ။ 4Cs /7Cs စသဖြင့် တွေ့ဖူးပါတယ်။

၂၁ ရာစုကျွမ်းကျင်မှုနဲ့ပတ်သက်တဲ့ အညွှန်းဘောင်အနေနဲ့ (1) OECD framework (2) ATCS framework နဲ့ (3) P21 framework တွေက လူသိများလှပါတယ်။ တစ်ခုနဲ့တစ်ခု စဉ်းစားပုံချင်း အနည်းငယ်ကွာခြားမှုရှိနိုင်ပေမဲ့ အခြေခံစဉ်းစားချက်ကတော့ Globalization နဲ့ နည်းပညာတိုးတက်လာမှု အပေါ်အခြေခံပါတယ်။

Trilling & Fadel (2009) အဆိုအရတော့ (၁) ဆန်းသစ်တီထွင်တွေးခေါ်နိုင်မှု (၂) သတင်းအချက်အလက်၊ မီဒီယာ၊ အိုင်စီတီ ကျွမ်းကျင်မှု စတဲ့ ဒစ်ဂျစ်တယ်ပညာတတ်မှု (၃) ဘဝတစ်သက်တာနဲ့ အသက်မွေးပညာကျွမ်းကျင်မှု လို့ အဓိက နယ်ပယ် ၃ ခု ခွဲခြားပြပါတယ်။ Trilling & Fadel ရဲ့ 3Rs ဆိုတဲ့ အရေး၊ အဖတ်၊ အတွက် "အ သုံးလုံး" နဲ့ ဝေဖန်စဉ်းစားနိုင်မှုနဲ့ပြသနာဖြေရှင်းနိုင်မှု၊ တီထွင်မှုနဲ့ဆန်းသစ်မှု၊ ပူးပေါင်းဆောင်ရွက်မှု အုပ်စုဖွဲ့လုပ်ဆောင်မှုနဲ့ ခေါင်းဆောင်မှု၊ မတူကွဲပြားတဲ့ယဉ်ကျေးမှုကိုနားလည်လက်ခံမှု၊ ဆက်သွယ်ရေးနဲ့ မီဒီယာကျွမ်းကျင်မှု၊ တွက်ချက်မှုနဲ့ အိုင်စီတီကျွမ်းကျင်မှု၊ အသက်မွေးမှုနဲ့ မိမိကိုယ်ကိုယ်ယုံကြည်နိုင်မှု ဆိုတဲ့ 7Cs ပေါင်းစပ်လိုက်တဲ့အခါ ကျွမ်းကျင်မှု ၂၁ ခုထွက်လာပါတယ်။ ဒီ 3Rs x 7Cs = 21st century skills ဆိုတာလဲစိတ်ဝင်စားဖို့ကောင်းပါတယ်။

ဘက်စုံလွှမ်ခြုံသော ပညာရေးကဏ္ဍလေ့လာသုံးသပ်ရေးလုပ်ငန်း (CESR) ရဲ့ Phase 2: In-depth analysis မှာတော့ ၂၁ ရာစုကျွမ်းကျင်မှုကို The Four Pillars of Learning ဆိုပြီဖော်ပြထားတာရှိပါတယ်။ သင်ရိုးသစ်က လူငယ်တွေအတွက် လုပ်ငန်းခွင်ဝင်မယ်ဆိုရင်တောင် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပေးနိုင်ဖို့အတွက် အထက်တန်းပိုင်းတွေမှာ သက်မွေးပညာကျွမ်းကျင်မှု တွေကိုဦးစားပေးဖို့ မူလရည်ရွယ်ထားတာတွေ့ရပါတယ်။ ရည်ရွယ်သလို တကယ်ဖြစ်လာမလာ ဆိုတာကတော့ ပညာရေးကိုနားလည်သူတိုင်းသိကြပါတယ်။

၂၁ရာစုကျွမ်းကျင်မှုတွေရဖို့ ဘယ်လိုသင်ပေးမလဲဆိုတာလဲ အရေးပါပါတယ်။ ဘာသင်သင် 5Cs ပဲဆိုပြီး အတင်းဆွဲယူလို့မရပါဘူး။ ဘာသာရပ်တစ်ခုနဲ့တစ်ခု သဘောသဘာဝမတူတဲ့အတွက် အသုံးပြုတဲ့သင်နည်းတွေ၊ အဆင့်တွေလဲမတူပါဘူး။ အများစုကတော့ Inquiry-based Learning(IBL) Collaborative Learning Techniques (ColLT) Gamification စတာတွေနဲ့ ၂၁ ရာစုကျွမ်းကျင်မှုတွေရအောင်သင်ပေးကြပါတယ်။

သင်နည်းအမျိုးမျိုးမှာ သူ့အဆင့်နဲ့သူရှိကြပါတယ်။ ဒါကိုလဲ သင်ပြနည်းနားလည်သူတိုင်းသိကြပါတယ်။ ITPR ဆိုပြီး ဒီတစ်မျိုးကိုပဲ အတည်ယူပြီး ဘယ်ဘာသာပဲလာလာ ဒီ ITPR ထဲကို အတင်းထည့်တာကလဲ မှန်ကန်တဲ့နည်းလမ်းတော့မဟုတ်ပါဘူး။ ဥပမာ အင်္ဂလိပ်စာသင်နည်းတစ်ခုဖြစ်တဲ့ Communicative Language Teaching (CLT) မှာ 3Ps လိုခေါ်တဲ့ Presentation, Practice, Production ဆိုတာရှိပါတယ်။ သူ့အဆင့်အလိုက် ဆရာက ဘာလုပ်ရမယ် ကျောင်းသားက ဘာလုပ်ရမယ်ဆိုတာရှိပြီးသာပါ။

ဘာသာရပ် သင်ခန်းစာအမျိုးအစားကိုမစဉ်းစားတော့ဘဲ 5Cs နဲ့ချိတ်လိုက်တာမျိုး ITPR ပုံစံထဲဝင်အောင် အတင်းသွတ်သွင်းတာမျိုးကို ဘာကြောင့်လုပ်နေသလဲ ဆိုတာကတော့ ကျနော်လဲ လိုက်မမှီတော့ပါဘူး။
၂၁ ရာစုကျွမ်းကျင်မှုတွေရစေချင်ရင် သင်ရိုးကိုလဲ ၂၁ ရာစုကျွမ်းကျင်မှုတွေရအောင် ပြုစုပြီး မှန်ကန်တဲ့ သင်နည်းတွေ အသုံးပြုဖို့လိုပါလိမ့်မယ်။
ဝေဖန်စဉ်းစားနိုင်မှုနဲ့ပြသနာဖြေရှင်းနိုင်မှု၊ တီထွင်မှုနဲ့ဆန်းသစ်မှု၊ ပူးပေါင်းဆောင်ရွက်မှု အုပ်စုဖွဲ့လုပ်ဆောင်မှုနဲ့ ခေါင်းဆောင်မှု၊ မတူကွဲပြားတဲ့ယဉ်ကျေးမှုကိုနားလည်လက်ခံမှု၊ ဆက်သွယ်ရေးနဲ့ မီဒီယာကျွမ်းကျင်မှု၊ တွက်ချက်မှုနဲ့ အိုင်စီတီကျွမ်းကျင်မှု၊ အသက်မွေးမှုနဲ့ မိမိကိုယ်ကိုယ်ယုံကြည်နိုင်မှု ဆိုတဲ့ 7Cs ပေါင်းစပ်လိုက်တဲ့အခါ ကျွမ်းကျင်မှု ၂၁ ခုထွက်လာပါတယ်။ ဒီ 3Rs x 7Cs = 21st century skills ဆိုတာလဲစိတ်ဝင်စားဖို့ကောင်းပါတယ်။

သင်နည်းအမျိုးမျိုးမှာ သူ့အဆင့်နဲ့သူရှိကြပါတယ်။ ဒါကိုလဲ သင်ပြနည်းနားလည်သူတိုင်းသိကြပါတယ်။ ITPR ဆိုပြီး ဒီတစ်မျိုးကိုပဲ အတည်ယူပြီး ဘယ်ဘာသာပဲလာလာ ဒီ ITPR ထဲကို အတင်းထည့်တာကလဲ မှန်ကန်တဲ့နည်းလမ်းတော့မဟုတ်ပါဘူး။ ဥပမာ အင်္ဂလိပ်စာသင်နည်းတစ်ခုဖြစ်တဲ့ Communicative Language Teaching (CLT) မှာ 3Ps လိုခေါ်တဲ့ Presentation, Practice, Production ဆိုတာရှိပါတယ်။ သူ့အဆင့်အလိုက် ဆရာက ဘာလုပ်ရမယ် ကျောင်းသားက ဘာလုပ်ရမယ်ဆိုတာရှိပြီးသာပါ။

ဘာသာရပ် သင်ခန်းစာအမျိုးအစားကိုမစဉ်းစားတော့ဘဲ 5Cs နဲ့ချိတ်လိုက်တာမျိုး ITPR ပုံစံထဲဝင်အောင် အတင်းသွတ်သွင်းတာမျိုးကို ဘာကြောင့်လုပ်နေသလဲ ဆိုတာကတော့ ကျနော်လဲ လိုက်မမှီတော့ပါဘူး။

၂၁ ရာစုကျွမ်းကျင်မှုတွေရစေချင်ရင် သင်ရိုးကိုလဲ ၂၁ ရာစုကျွမ်းကျင်မှုတွေရအောင် ပြုစုပြီး မှန်ကန်တဲ့ သင်နည်းတွေ အသုံးပြုဖို့လိုပါလိမ့်မယ်။၂၁ရာစုကျွမ်းကျင်မှုတွေရဖို့ ဘယ်လိုသင်ပေးမလဲဆိုတာလဲ အရေးပါပါတယ်။ ဘာသင်သင် 5Cs ပဲဆိုပြီး အတင်းဆွဲယူလို့မရပါဘူး။ ဘာသာရပ်တစ်ခုနဲ့တစ်ခု သဘောသဘာဝမတူတဲ့အတွက် အသုံးပြုတဲ့သင်နည်းတွေ၊ အဆင့်တွေလဲမတူပါဘူး။ အများစုကတော့ Inquiry-based Learning(IBL) Collaborative Learning Techniques (ColLT) Gamification စတာတွေနဲ့ ၂၁ ရာစုကျွမ်းကျင်မှုတွေရအောင်သင်ပေးကြပါတယ်။
နောက်တစ်ခါ STEM တို့ STEAM တို့ Soft skills တို့ အကြောင်းဆွေးနွေးကြည့်ချင်ပါသေးတယ်။

ဖြောင့်မတ်တည်ကြည်ကြပါစေ

Ref: Ananiadou, K. & Claro, M. (2009). 21st century skills and competences for new millennium learners in OECD countries. OECD Publishing.
Griffin, P., McGaw, B., &Care,E. (2012). Assessment and Teaching of 21st century skills. Springer.
MoE(2014). CESR Phase 2 In-depth Analysis. CESR. Myanmar.
Trilling,B. & Fadel, C.(2009). 21st century skills: Learning for life in our times. San Francusco, CA: Jossey-Bass.
ဆရာ၊ဆရာမတစ်ယောက်အနေနဲ့သိထားသင့်တဲ့ ပညာရေးဆိုင်ရာ ဗဟုသုတများ.......
❤၂၁ရာစုသမိုင်း❤
ခရစ်သက္ကရာဇ်၂၀၀၁မှသည် ၃၀၀၀ကာလကို ၃၀၀၀စုနှစ်လို့သတ်မှတ်ထားပြီတော့ ...........
၃၀၀၀စုနှစ်ရဲ့အစပထမရာစုနှစ်ဖြစ်တဲ့ ၂၀၀၁ မှ ၂၁၀၀အထိကာလကို ၂၁ရာစုလို့ခေါ်တယ်ကွယ့်။
၂၁ရာစုကို ပညာရာစုလို့လည်းခေါ်သလို
ခေတ်အနေနဲ့ဆိုရင်တော့ ပညာခေတ်ပေါ့။

ပညာခေတ်မှာ ပညာကို ဘာ့ကြောင့်ရှာရသလဲ။
အောက်ကအချက်လေးတွေကြောင့်ပါ။
❤၂၁ရာစုသင်ယူမှုမဏ္ကိုင်ကြီးလေးရပ်❤
==========================
၁။ အသိပွားဖို့သင်ယူစို့
Learning to know
၂။ လူတိုင်းတတ်ဖို့ သင်ယူစို့
Learning to do
၃။ တစ်ဦးချင်းအဖြစ် အစွမ်းကုန်ဖွံ့ဖြိုးဖို့ သင်ယူစို့
Learnin to be
၄။ ကမ္ဘာသားအဖြစ် အတူနေဖို့ သင်ယူစို့
Learning to live together

အထက်က အချက်တွေကို လုံးဝကျွမ်းကျင်ဖို့ ဒီနေ့ သင်ခန်းစာတွေကနေ လေ့ကျင့်ပျိုးထောင်ပေးရပါမယ်။
သင်ရိုးဘာ့ကြောင့်ပြောင်းလဲဆိုတော့ ရှင်းပါတယ် အဲဒီ ကျွမ်းကျင်မှုကနေတစ်ဆင့် တစ်နည်းပြောရရင် အရည်အသွေးရှိတဲ့ပညာရေးကမှအရည်အသွေးရှိတဲ့ ပြည်သူပြည်သားကောင်းတွေကို မွေးထုတ်ပေးနိုင်ဖို့ ရည်ရွယ်လို့ပါ။
အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်း( ၂၀၁၆- ၂၀၂၁)ငါးနှစ်စီမံကိန်းကိုရေးဆွဲပြီး လိုအပ်တဲ့ပြောင်းလဲမှုတွေလုပ်ဆောင် အကောင်အထည်ဖော်နေတာကလည်း အရည်အသွေးရှိတဲ့ပညာရေးကို ဦးတည်နေခြင်းပါ။ KG+၁၂တန်းပညာရေးပေါ့။
၂၀၁၆ -၂၀၁၇ မှာ သူငယ်တန်း

၂၀၁၇- ၂၀၁၈ မှာ Grade 1

၂၀၁၈ -၂၀၁၉ မှာ Grade 2

၂၀၁၉ -၂၀၂၀ မှာ Grade 3, Grade 6

၂၀၂၀ ၂၀၂၁ မှာ Grade 4,Grade 7,Grade 10

စသဖြင့် သင်တန်းဆွေးနွေးပွဲတွေ ပြုလုပ်ပြီး စနစ်သစ်ပညာရေးကို အကောင်းအထည်ဖော်ဆောင်ရွက်နေတာ အားလုံးအသိပါ။

❤၂၁ရာစုကျွမ်းကျင်မှု Soft skills❤
======================
တစ်နည်းပြောရရင် ကိုယ်ရည်ကိုယ်သွေးကျွမ်းကျင်မှုပေါ့။ဒါကို အကြမ်းအားဖြင့် ငါးမျိုး သတ်မှတ်ထားပါတယ်။အတိုကောက်မှတ်ရင် 5Cs ပေါ့။
၁။ ပူးပေါင်းဆောင်ရွက်ခြင်း(အုပ်စုဖြင့်ဆောင်ရွက်ခြင်း )
Collaboration- group work
၂။ ဆက်သွယ်ပြောဆိုခြင်း (လူလူချင်းဆက်ဆံခြင်း)
Communication ( Inter personal skills)
၃။ လေးနက်စွာတွေးခေါ်ခြင်း၊ဆန်းစစ်ဝေဖန်ခြင်းနှင့် ပြဿနာဖြေရှင်းခြင်း။
Critical thinking - Reasoning and Problem solving
၄။ အသစ်တီထွင်ဖန်တီးနိုင်ခြင်းနှင့် ဆန်းသစ်တီထွင်ခြင်း
Creativity and Innovation
၅။ နိုင်ငံသားကောင်းစိတ်ဓာတ်ရှိခြင်းနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှု
Citizenship and Sustainable Development တို့ပဲဖြစ်ကြပါတယ်။

ပညာသင်ယူမှုကတော့ဟုတ်ပါပြီ........
ဘယ်လိုသင်ယူရမလဲ........
ဘယ်လောက်အထိမျှော်မှန်းထားလဲလို့မေးလာခဲ့ရင် သင်ခန်းစာတိုင်းကို 5Cs မရရအောင်သင်ယူဖို့ အခွင့်အလမ်းတွေဖန်တီးပေးထားပါတယ်။(သင်ခန်းစာတိုင်း 5Csစလုံးရရမယ်လို့မဆိုလိုပါ)
စီ၅လုံးကဘာတွေလဲ.......ဆိုတာ တစ်ချက်လောက်တော့ လေ့လာကြရအောင်ပါ။
မိဘ၊ဆရာ၊ကျောင်းသားတို့၏ အတွေးသစ် အမြင်သစ်များနှင့်
✍✍✍✍✍✍✍✍✍✍✍✍✍
ယနေ့မြန်မာ့ပညာရေးရည်မှန်းချက်
✍✍✍✍✍✍✍✍✍✍✍

#မိဘ

မိဘ က ကိုယ့်ကလေးကျောင်းနေအရွယ်ရောက်ရင်
ကျောင်းပို့ကြတယ်။စာသင်ဖို့ပေါ့။
ခုကြတော့ မိဘများက ကိုယ့်ကလေးကို စာသင်ဖို့
စာတတ်ဖို့ချည်းပဲ မဟုတ်ရတော့ပါဘူး။
ကမ္ဘာ့လူသားကောင်း အထိ မျှော်မှန်းမှ တော်ရာကျမှာ
ဖြစ်ပါတယ်။

ယနေ့ ကျောင်းထားခြင်းသည်
ဗလငါးတန်ဟန်ချက်ညီဖွံ့ဖြိုးဖို့ ဖြစ်သွားပါပြီ။
၂၁ရာစုကျွမ်းကျင်မှု(21st Century Skills)တွေ
ကိုယ်ရည်ကိုယ်သွေး(Soft Skills)တွေ
5C လို့ ခေါ်တဲ့
Collaboration
Communication
Critical Thinking &Problem Solving
Creativity & innovation
Citizenship
စသည်တို့ ရရှိဖို့ ဖြစ်တယ်။
၂၁ ရာစုမှာနေထိုင်ရင် ၂၁ ရာစုဆိုင်ရာကျွမ်းကျင်မှုတွေ
မရှိမဖြစ် လိုအပ်လာပါပြီ။
Hard Skills တတ်တဲ့ခေတ် Hard Skills နဲ့
လုရာဝင်တဲ့ခေတ် က ကုန်လာပါပြီ။
ယနေ့ခေတ်မှာ Soft Skills က မတတ်မဖြစ်
တတ်ဖို့လိုအပ်ပါတယ်။
ဒါ့ကြောင့် စာသင်ရုံ စာတတ်ရုံ ကျောင်းပို့ပြီး
အမှတ်ကောင်းရဖို့ ဆိုတဲ့ mind-set တွေ မိဘများ
ပြောင်းရပါတော့မယ်။