Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.7K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
ဆိုင်ကလုန်းမုန်တိုင်း”မိုခါ” ဝင်ရောက်တိုက်ခတ်မှုကြောင့် တိုင်းဒေသကြီး ၊ ပြည်နယ်များရှိ ရပ်ကွက်ကျေးရွာများ၌ လူနေအိမ်(၈၆၄) လုံး ၊ သာသနိကအဆောက်အဦ(၁၁) လုံး ၊ ဘုန်းတော်ကြီးကျောင်း (၁၆) ကျောင်း ၊ စာသင်ကျောင်း(၆၄) ကျောင်း ၊ ဆေးရုံ/ဆေးခန်း(၁၄) ခု ၊ ဆက်သွယ်ရေးတာဝါတိုင်(၇) ခု ၊ လမ်းမီးတိုင်(၇၁) တိုင် ၊ ဌာနဆိုင်ရာ အဆောက်အဦ (၃၈) လုံးပျက်စီးခဲ့ပြီး ဒေသခံပြည်သူ (၃) ဦး သေဆုံးကာ(၁၃) ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့...
မိုခါ ပျက်စီးမှုများစာရင်း
==========
(နေပြည်တော်ကောင်စီနယ်မြေ)
ရပ်ကွက်/ကျေးရွာ ၄၄ ခုမှ -
(၁) လူနေအိမ် - ၁၂ လုံး
(၂) သာသနိကအဆောက်အအုံ - ၃ လုံး
(၃) ဘုန်းတော်ကြီးကျောင်း - ၁ ကျောင်း
(၄) စာသင်ကျောင်း - ၃ ကျောင်း
(၅) လေဆိပ်နားနေဆောင် - ၁ ခု
(၆) လမ်းမီးတိုင် - ၈ တိုင်
(၇) ထရန်စဖော်မာ - ၁ လုံး
(၈) အုတ်တံတိုင်း - ၁ ခု
ထိခိုက်ပျက်စီးခဲ့၊ လူထိခိုက်မှုမရှိ။။။
+++++++++++
(ချင်းပြည်နယ်)
ရပ်ကွက်/ကျေးရွာ ၅ ခုမှ -
(၁) လူနေအိမ် - ၂ လုံး
(၂) ဘုန်းတော်ကြီးကျောင်း - ၁ ကျောင်း
(၃) ဌာနဆိုင်ရာအဆောင်အအုံ - ၂ ခု
ထိခိုက်ပျက်စီးခဲ့၊ လူထိခိုက်မှုမရှိ။။။
+++++++++++
(စစ်ကိုင်းတိုင်း)
ရပ်ကွက်/ကျေးရွာ ၇ ခုမှ -
(၁) လူနေအိမ် - ၁ လုံး
(၂) ဆသရတာဝါတိုင် - ၃ ခု
(၃) လမ်းမီးတိုင် - ၁ ခု
(၄) အုတ်တံတိုင်း - ၃ ခု
ထိခိုက်ပျက်စီးခဲ့၊ လူထိခိုက်မှုမရှိ။။။
++++++++++++
(ပဲခူးတိုင်း)
ရပ်ကွက်/ကျေးရွာ ၇၂ ခုမှ -
(၁) လူနေအိမ် - ၁၁၃ လုံး
(၂) ဆသရတာဝါတိုင် - ၂ ခု
(၃) လမ်းမီးတိုင် - ၁ ခု
ထိခိုက်ပျက်စီးခဲ့၊ လူထိခိုက်မှုမရှိ။။။
++++++++++++++
(မကွေးတိုင်း)
ရပ်ကွက်/ကျေးရွာ ၁၃ ခုမှ -
(၁) လူနေအိမ် - ၂ လုံး
(၂) လမ်းမီးတိုင် - ၉ ခု
(၃) အုတ်တံတိုင်း - ၃ ခု
(၄) ဒေသစိုက်ခင်း - ၇၈ ခု
ထိခိုက်ပျက်စီးခဲ့၊ လူထိခိုက်မှုမရှိ။။။
++++++++++++++++
(မန္တလေးတိုင်း)
- သာသနိကအဆောက်အအုံ - ၄ ခု
ထိုခိုက်ပျက်စီးခဲ့၊ လူထိခိုက်မှုမရှိ။။။
+++++++++++++++++++
(ရခိုင်ပြည်နယ်)
ရပ်ကွက်/ကျေးရွာ ၁၈၅ ခုမှ -
(၁) လူနေအိမ် - ၅၈၈ လုံး
(၂) သာသနိကအဆောက်အအုံ - ၃ ခု
(၃) ဘုန်းတော်ကြီးကျောင်း - ၈ ကျောင်း
(၄) စာသင်ကျောင်း - ၂၅ ကျောင်း
(၅) ဆေးရုံ/ဆေးခန်း - ၉ ခု
(၆) ဈေး - ၁ ခု
(၇) ဆသရတာဝါတိုင် - ၁ ခု
(၈) လမ်းမီးတိုင် - ၇ ခု
(၉) ထရန်စဖော်မာ - ၁ လုံး
(၁၀) ဌာနဆိုင်ရာအဆောက်အအုံ - ၂၆ လုံး
(၁၁) အခြားပျက်စီးမှု - ၁၈၁ ခု
ထိခိုက်ပျက်စီးခဲ့ပြီး (၂)ဦးသေဆုံး၊ (၁၃)ဦးဒဏ်ရာရရှိ။။။
++++++++++++++++
(ရန်ကုန်တိုင်းဒေသကြီး)
ရပ်ကွက်/ကျေးရွာ ၃၅ ခုမှ -
(၁) လူနေအိမ် - ၁၅ လုံး
(၂) ဘုန်းတော်ကြီးကျောင်း - ၁ ကျောင်း
(၃) စာသင်ကျောင်း - ၄ ကျောင်း
(၄) ဆသရတာဝါတိုင် - ၁ ခု
(၅) ထရန်စဖော်မာ - ၁ ခု
(၆) လမ်းမီးတိုင် - ၃၆ ခု
(၇) ဌာနဆိုင်ရာအဆောက်အအုံ - ၆ ခု
(၈) ဘောလုံးကွင်း - ၁ ခု
ထိခိုက်ပျက်စီးခဲ့၊ လူထိခိုက်မှုမရှိ။။။
++++++++++++++++++
(ဧရာဝတီတိုင်း)
ရပ်ကွက်/ကျေးရွာ ၁၁၄ ခုမှ -
(၁) လူနေအိမ် - ၁၃၁ လုံး
(၂) သာသနိကအဆောက်အအုံ - ၁ ခု
(၃) ဘုန်းတော်ကြီးကျောင်း - ၅ ကျောင်း
(၄) စာသင်ကျောင်း - ၃၂ ကျောင်း
(၅) ဆေးရုံ/ဆေးခန်း - ၅ ခု
(၆) လမ်းမီးတိုင် - ၉ ခု
(၇) ဌာနဆိုင်ရာအဆောက်အအုံ - ၃ ခု
ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ (၁)ဦးသေဆုံးခဲ့။။။
.
ကိန်းဂဏန်း အပြောင်းအလဲရှိနိုင်ပါသည်
၁၅.၅.၂၃ နေ့လည် ၁ နာရီရရှိသတင်းပါ။
"အောက်ဆီဂျင်"
=========
CYCLONE MOCHA ဖြစ်လိုက်တဲ့ဖြစ်စဉ်တစ်ခုလုံးကိုပြန်ကြည့်တဲ့အခါ -
မုန်တိုင်းတစ်လုံးဖြစ်လာမယ်လို့ ယူဆရတဲ့အချိန်က စ ပြီး - ဖြစ်လာနိုင်မှာတော့ သေချာကြောင်း သုံးသပ်/အတည်ပြုနိုင်ပြီ ဆိုတဲ့အချိန်မှာ
လုပ်ရတဲ့အလုပ်တွေက အဆင့် ၄ ဆင့်ပဲရှိပါတယ်-

EARLY WARNING - ကြိုတင်သတိပေးခြင်း
EVACUATION - ကယ်ဆယ်ရွှေ့ပြောင်းပေးခြင်း
SEARCH AND RESCUE - ရှာဖွေကယ်ဆယ်ခြင်း
RESETTLEMENT - ပြန်လည်ထူထောင်ရေး၊ ပြန်လည်နေရာချထားလုပ်ငန်းများ ဆောင်ရွက်ခြင်း

ဒီအဆင့် ၄ ဆင့်ကို တစ်ခုချင်း လုပ်ကြရာမှာ ငါတို့တော့ ဘယ်အဆင့်မှာ ဘယ်လောက် ပါဝင်လုပ်ကိုင်နိုင်မလဲ၊ မုန်တိုင်းဒဏ်သင့်ပြည်သူတွေကို ဘယ်လိုကူညီရမလဲ၊ အဆင့် ၄ ဆင့်လုပ်ကိုင်နေကြရတဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကို ဘယ်လို ကူညီကြမလဲ ... စသည်စသည်ဖြင့် ... ဒါတွေကို လက်တွေ့ကျကျ အကျိုးရှိရှိလုပ်ရမဲ့အစား -
ဝေဘန်၊ ပုတ်ခတ်၊ အပြစ်ပြော ဆိုတာတွေလုပ်ကြတဲ့သူတွေ၊
မင်းမသိပါဘူး ငါမှသိတာဆိုပြီး အပြိုင်အဆိုင်လုပ်ချင်တဲ့သူတွေကလဲများလာတယ် - ဒါ့အပြင် အဆိုးဆုံးက ..
ကိုယ်အားပေးနေတဲ့ အဖွဲ့အစည်း/လူပုဂ္ဂိုလ်ဘက်ကရပ်တည်ပြီး အပြိုင်အဆိုင်ငြင်းကြခုံကြတာတွေလဲ ရှိလာ/များလာတယ်။

အဲ့ဒီမှာ တကယ်လုပ်ရမဲ့ အဆင့်တွေ ရည်ရွယ်ချက်တွေ ပျောက်သွားပြီး စဉ်းစားတွေးခေါ်ဆုံးဖြတ်ရမဲ့ ဦးတည်ချက်တွေက"ရွဲ့စောင်းကုန်"တယ်။ လိုရာမရောက်တော့တဲ့အပြင် အမှန်တကယ်ခန့်မှန်းတင်ပြပေးနေတာတွေကိုလဲအနှောင့်အယှက်အများကြီးဖြစ်လာစေတယ်။ သတင်းတွေ ဝေဝါးကုန်တယ်၊ မုန်တိုင်းဒဏ်ခံရမဲ့ ပြည်သူတွေမှာ သို့လောသို့လောတွေများလာတယ်။

"သတင်းသစ်တွေက တစ်ရက်ကို ၄ ကြိမ်ထွက်နေတယ်၊ ထွက်လာတိုင်းပြောင်းလဲတာတွေရှိတယ်၊ အသစ်ထွက်တဲ့သတင်တင်ပြချက်တွေက နောက်ဆုံးအတည်ပြုနိုင်တဲ့သတင်းသစ်တွေဖြစ်တယ်" ဆိုတာကို ဘယ်လောက်ပဲ အာပေါက်အောင်ပြောပြော ..
မှတ်သားလေ့လာမှုအားနည်းတဲ့ မကောင်းတဲ့အကျင့်တွေက မပျောက်နိုင်ကြသေးဘူး။ ဒီနေရာမှာ ...

ငယ်ငယ်က "ကျောင်းအိမ်သာ"ကို သွားသတိရမိသေးတယ်။ ကျောင်းသားဘဝက အိမ်သာတက်ပြီး ထုံးဖြူသုတ်ထားတဲ့ အိမ်သာနံရံမှာ ပါလာတဲ့ မြေဖြူ၊ ခဲတံ၊ မီးသွေးခဲတွေနဲ့ ရေးချင်ရာရေးခဲ့ကြတာ။ အိမ်သာထဲက ကြည့်ရမြင်ရကောင်းအောင်လုပ်ထားတဲ့ နံရံလေးမှာ အဓိပ္ပါယ်မျိုးစုံပါတဲ့ စာကြောင်းတွေကို ပြည့်လို့ .. အခု ဆိုရှယ်မီဒီယာတွေ အထူးသဖြင့် အသုံးများနေတဲ့ ဖေ့ စ ဘုတ် ဆိုတာကြီးက အဲ့သလိုဖြစ်နေတယ်။ "ကျောင်းအိမ်သာနံရံ" လိုဘဲ။ ရေးချင်ရာရေးတယ်၊ ဘယ်သူရေးမှန်းသိရင်လဲသိမယ် သိချင်မှလဲ သိမယ်။

"ကျောင်းအိမ်သာနံရံက အကျိုးရှိတဲ့ သတင်း/စာ/စီးပွားရေး/နိုင်ငံရေး/ကျန်းမာရေး/လူမှုရေး ဘာတွေကိုမှ အကျိုးရှိလာအောင်လုပ်မပေးနိုင်ပေမဲ့ ဆိုရှယ်မီဒီယာ ဖေ့ စ ဘုတ် ကြီး ကတော့ လုပ်ပေးနိုင်တယ်၊ ဆိုရှယ်မီဒီယာတွေပေါ်မှာ ကိုယ်ပြောတာ၊ ကိုယ်ရေးတာ၊ ကိုယ်တင်တာတွေက ကိုယ့်ရဲ့အဆင့်အတန်း ဓလေ့စရိုက်တွေကို ဖေါ်ပြနေသလိုဘဲဆိုတာ" မသိကြဘူး။
ကျောင်းအိမ်သာကတော့ ဘာအရေးလဲ။ ဘယ်သူကမှ မသိတာ။ ရေးချင်ရာရေးတာပေါ့ ဘာဖြစ်လဲ။ ကျနော်လဲကျောင်းသားဘဝတုန်းက လူငယ်ဆိုတော့ တောက်တိုမယ်ရ ထွေလီကာလီ ဗြုတ်စဗျင်းတောင်း စိတ်ထဲပေါ်တာ ရေးခဲ့ဘူးသေးတာဘဲ။ မှားတာမှန်တာမသိဘူး ကိုယ်ရေးချင်တာကိုယ်ရေးတယ်၊ လာမပြောနဲ့ "ခေါက်ထားလိုက်" ဆိုပြီး အဲ့ဒီခေတ်က စကားအသုံးအနှုန်းနဲ့ ပြောလိုက်တာဘဲ။

အခုခေတ် ဆိုရှယ်မီဒီယာပေါ်က လူငယ်တွေတော့ ထားပါတော့ ကျောင်းသားအရွယ်မို့ အသိဉာဏ်ပညာမကြွယ်ဝသေးလို့ "ကျောင်းအိမ်သာထဲ မီးသွေးခဲနဲ့စာရေးသလို" ဆိုရှယ်မီဒီယာပေါ်မှာရေးကြတာ၊ ကျနော်တို့ခေတ်တုန်းက ဆိုရှယ်မီဒီယာဆိုတာကြီးတွေ ပေါ်နေရင်လဲ ရေးကြမှာဘဲလေ။ လူလတ်ပိုင်း၊ လူကြီးပိုင်းအရွယ်တွေ ရောက်လာရင်တော့ သိသင့်ပြီ။ ကျောင်းအိမ်သာနံရံပေါ်စာရေးသလိုအပြုအမူတွေ မလုပ်သင့်တော့ဘူး။ လူမှုကွန်ယက်ကြီးကို အကူအညီဖြစ်စေမဲ့၊ အကျိုးဖြစ်စေမဲ့၊ လူသားဆန်တဲ့အရေးအသားအပြောအဆိုတွေကိုသာ ရေးသင့် ပြောသင့်ပြီ။

ကျောင်းသားဘဝက သင်ခဲ့ဘူးတာတစ်ခုသွားသတိရမိတယ်၊ "OXYGEN" ဆိုတာ -
အောက်ဆီဂျင်ဓါတ်ငွေ့ဆိုရင် လူတိုင်းသိကြတယ်၊ ကိုဗစ်ဖြစ်လိုက်တော့ ပိုသိလာကြတယ်၊ အောက်ဆီဂျင်ဓါတ်ငွေ့ရဲ့ ဂုဏ်သတ္တိက "ကိုယ်တိုင်မီးမလောင် - မီးလောင်ခြင်းကို အားပေးတယ်" တဲ့ဗျ။ ဖြစ်နေတဲ့ ပြဿနာတွေ အေးချမ်းသွားပြီး အကျိုးရှိတဲ့အပြောအဆိုအရေးအသားတွေ မလုပ်တဲ့အပြင် ပြဿနာကို ပိုပြီးကြီးထွားလာစေတဲ့လူမျိုးကို ကျနော်တို့က "ဒီကောင်ကတော့ အောက်ဆီဂျင်ဘဲကွာ" လို့ ပြောလေ့ရှိကြတယ်။

ကိုယ်တိုင်မီးလောင်ပစ်လိုက်စမ်းပါ၊ ကိုယ့်အစွမ်းအစတွေကို ထုတ်ပြနိုင်အောင် ဘယ် ဘာသာရပ်ကိုမဆို လေ့လာသင်ယူပြီး ဆိုရှယ်မီဒီယာပေါ်က မိတ်ဆွေတွေအကျိုးရှိအောင် လုပ်ကြစမ်းပါ။ "အောက်ဆီဂျင်"အဆင့်လောက်နဲ့တော့ ကျန်‌နေသေးတဲ့ သက်တမ်းမှာ အသက်ဆက်ရှင်မနေချင်ကြပါနဲ့။ ကိုယ်တိုင်မီးလောင်နိုင်တဲ့သူတွေ ဖြစ်လိုက်ကြစမ်းပါ။

"ဆိုရှယ်မီဒီယာပေါ်က အောက်ဆီဂျင်များ"ကိုသာ ရည်ညွှန်းပါသည်။
👍1
သို့......

ကျောင်းသားမိဘများ ခင်များ.......
ခင်များတို့မိသားစုမှာ ကျောင်းနေရွယ်ကလေး ရှိပါသလား။
ဒါဆိုရင် ၂၃ - ၅ - ၂၀၂၃ ရက်နေ့မှ စပြီး ကျောင်းအပ်နှံကြပါ

ဒါဟာ မြူဆွယ်ခြင်း မဟုတ်ပါဘူး။
နိုးဆော်ခြင်း သက်သက်ပါ ခင်ဗျား။
ဒီအတွက် ကျွန်တော်တို့ အခြေခံကျောင်းတွေမှာ ဘာ Promotion မှ မရှိပါဘူး။ ကျောင်းသားတွေအတွက် ဘာ Discount မှလည်း ရှိမှာ မဟုတ်ပါဘူး။
အားလုံး Free ပါ။

ကျောင်းအပ်နှံသည့် ကာလအတွင်း စောစီးစွာ ကျောင်းအပ်နှံသည်ဖြစ်စေ။ နောက်ကျမှ ကျောင်းအပ်နှံသည်ဖြစ်စေ။ ကျောင်းသားအားလုံး တန်းတူ အခွင့်အရေး ရရှိမှာပဲ ဖြစ်ပါတယ်။

ကြေငြာပေးပါရစေ ခင်များ။
#ကျောင်းအပ်နှံခြင်း
ကျောင်းဝင်ကြေး (Free)
ပုံနှိပ်စာအုပ် ၁ စုံ (Free)
ဗလာစာအုပ် ၁ ဒါဇင် (Free)
ခဲတံ ၃ ချောင်း (Free)
ဘောပင် ၃ ချောင်း (Free)
ကျောင်းဝတ်စုံ ၁ စုံ (မူဆင့်) (Free)

#အာဟာရအစီအစဉ်
(WFP) စီမံချက်ကျောင်းများတွင် အာဟာရ (Free)အစီအစဉ် ရှိပါတယ်။ (စီမံချက်)ဘီစကွတ်မုန့် (သို့) ကျောင်းသား ၁ ဦးလျှင် ၇၅၀ နှုန်းဖြင့် တနင်္လာနေ့ မှ သောကြာ နေ့ထိ တစ်ပတ်မှာ (၅)ရက် ကျွေးပါမယ်။

#ပညာသင်ထောက်ပံ့ကြေး
ဆင်းရဲနွမ်းပါးသည့် ကလေးငယ်များအတွက် ဆင်းရဲနွမ်းပါး ပညာသင်ထောက်ပံ့ကြေး (မူဆင့် မှ ထက်ဆင့်ထိ) အထူး အခွင့်အရေးများ ရှိနိုင်ပါတယ်။

#အားကစား
ကျောင်းတွင်း ဘောလုံး၊ ခြင်းလုံး၊ ပြေးခုံပစ် အားကစားပွဲများကို အစိုးရရန်ပုံငွေများဖြင့်(Free) နှစ်စဉ်ကျင်းပပေးပါတယ်။ ထိုမှတစ်ဆင့် ကလေးများရဲ့ ထူးချွန်မှုပေါ်မူတည်ပြီး မြို့နယ်၊ ပြည်နယ်/တိုင်း၊ နိုင်ငံကိုယ်စားပြုအထိ ဝင်ရောက်ယှဉ်ပြိုင်ကစားခွင့်လည်း ရရှိမှာ ဖြစ်ပါတယ်။

#စာပေ၊ ပန်ချီ၊ ဂီတ၊ အနုပညာ
ကလေး၏ ဝါသနာအရ ဖြစ်စေ။ ထူးချွန်မှုအရ ဖြစ်စေ။ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲများ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲများ၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများ၊ ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ စသော ပြိုင်ပွဲများကိုလည်း ပညာရေးပြက္ခဒိန်ပါအတိုင်း ပြုလုပ်ကျင်းပ ပေးသွားပါမယ်။ သိသင့် သိထိုက်တဲ့ အကြောင်းအရာများအတွက်လည်း နေ့ထူးနေ့မြတ်အလိုက် ဟောပြောပွဲများဖြင့် စီစဉ်ဆောင်ရွက်ပေးသွားပါမယ်။

ကျောင်းသားမိဘများ ခင်များ..
ပညာရေးဆိုတာ ကျောင်းသား၊ ဆရာ၊ မိဘ သုံးနားညီမှသာလျှင် အောင်မြင်နိုင်ပါတယ်။ အခြေခံပညာကျောင်းများမှ အခမဲ့ ပညာရေး ဆိုတဲ့အတိုင်း အတတ်နိုင်ဆုံး Free ထားပါပြီ။ ဒီအတွက် မိဘ နဲ့ ကျောင်းသားတွေဘက်က အခမဲ့ တန်ဖိုးမဲ့ မဖြစ်စေချင်ပါ။

မိဘဖြစ်သူက မိဘတာဝန်ကို ယူပါ။ ကျောင်းသားဖြစ်သူက ကျောင်းသားတာဝန်ကို ယူပါ။ ကျောင်းစည်းကမ်းကို လိုက်နာပါ။ ကျောင်းက ဆရာ/မတွေကို လေးစားပါ။ ကျောင်းဆိုတာ ဆရာ/မများနှင့်လည်း သက်ဆိုင်ပါတယ်။ မိဘများနဲ့လည်း သက်ဆိုင်ပါတယ်။ ကျောင်းသားများနဲ့လည်း သက်ဆိုင်ပါတယ်။ ကျောင်းတစ်ကျောင်းရဲ့ တိုးတက်မှု/ဆုတ်ယုတ်မှုဟာ အားလုံးနဲ့ ဆိုင်ပါတယ်။

ကျောင်းသားနဲ့မိဘများ ခင်များ....
မိဘများဘက်မှ မိမိကလေးကို ကျောင်းသားနဲ့တူအောင် ပံ့ပိုးကူညီပါ။ လိုအပ်ရင် ကလေးပညာရေးနဲ့ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ရပါမယ်။ ကျောင်းမှာမကြာခဏ ကျင်းပတဲ့ ကျောင်းစုံညီပွဲ၊ မိဘဆရာနှစ်ပတ်လည်အစည်းအဝေး စတဲ့ ကျောင်းအခမ်းအနားများကို မဖြစ်မနေ တက်ရောက်ပေးပါ။

မိမိကလေး ဆုရမှ မဟုတ်ပါဘူး။ ကိုယ့်ရပ်ကိုယ့်ရွာမှာ ရှိတဲ့ ကလေးတွေရဲ့ ထူးချွန်မှုကို ဝိုင်းဝန်းအသိမှတ်ပြု လက်ခုပ်တီး ချီးမြှင့်ပေးပါ။ အထူးသတိထားရမှာကတော့ ကျောင်းဝင်းထဲ ဝင်လာတဲ့ ကလေးတစ်ယောက်ရဲ့ ပြုမှုနေထိုင်ပြောဆိုမှုဟာ မိဘတွေရဲ့ အဆင့်အတန်းကို ဖော်ပြတဲ့ ပုံရိပ်တွေပဲဖြစ်ပါတယ်။

ကျောင်းသားမိဘများ ခင်များ.......
မိုးရွာတုန်း ရေခံတတ်တဲ့ကလေး။ ပညာကို တန်ဖိုးထားကြိုးစားတတ်တဲ့ ကလေး။ ဆရာ/မများရဲ့ သင်ကြားလမ်းညွှန်ပြသမှုကို စည်းကမ်းတကျလိုက်နာတတ်တဲ့ကလေး။ ဒီလိုကလေးတွေဟာ မထူးချွန်ဘူး ဆိုတာ မရှိစေရပါဘူး။

ပညာ ကို ရောင်းစားနေကြတဲ့ ခေတ်ကြီးမှာ။
ခင်များတို့ကလေးကသာ ကြိုးစားအားထုတ်မယ်ဆိုရင်..။
ကျွန်တော်တို့ အခြေခံပညာကျောင်းက ပညာရေး ဆိုတာ အခမဲ့ (Free) ပါ။ (၁)လကို ၇သောငြး/၈သောင်း/၁သိန်း ပေးနေရတဲ့ ပညာတွေကပဲ တန်ဖိုးရှိတာမဟုတ်ပါဘူး။

တစ်နှစ်ပတ်လုံး အခမဲ့သင်ရတဲ့ ပညာရေးတွေကလည်း မလျော့သောတန်ဖိုးတွေ ရှိပါတယ်။ ဆရာ/မတွေကလည်း ဆရာလမ်းညွှန်နည်းလမ်းကောင်းတွေနဲ့ သင်ကြားပေးမှာပါ။ မိဘတွေကလည်း တတ်နိုင်သလောက် ပံ့ပိုးကူညီပါ။ ကျောင်းသားတွေကလည်း ရိုးသားပြီး အားထုတ်ကြိုးစားပါ။ ခင်များတို့ကလေးရဲ့ ပညာရေး ထာဝရမွှေးနေစေရပါမယ်။

ကျောင်းသားမိဘများ ခင်များ!
"အခမဲ့ပညာရေး" ဆိုတာ ပညာကိုအလကားရမှာ မဟုတ်ပါဘူး ခင်များ။ သက်သာစေအောင်သာ ထောက်ပံ့ပေးခြင်း ဖြစ်ပါတယ်။

ဆရာ/မတွေကလည်း သင်ကြားရေးကောင်းအောင် ကြိုးစားရပါတယ်။ မိဘတွေကလည်း ကလေးအတွက်သာမက ကျောင်းအတွက်ပါ ပံ့ပိုးမှုအားကောင်းရပါမယ်။ ကလေးကလည်း ပေါ့ပေါ့နေပေါ့ပေါ့စား။ စည်းမဲ့ကမ်းမဲ့ ပေါက်လွတ်ပဲစားပုံစံနဲ့ စာသင်ခန်းထဲ လာထိုင်နေလို့မရပါဘူး။ ပညာကို လိုလိုလားလား ကြိုးစားရမှာပါခင်များ။ နေရာတိုင်းမှာ တန်ရာတန်ကြေးတော့ ရှိကြပါတယ်။
ပညာရေးဌာနဘက်ကတော့ အတတ်နိုင်ဆုံး Free ထားပြီးပါပြီ။ လမင်းကြီးကတော့ အားလုံးအတွက် ထိန်လင်းပေးထားပါပြီ။ ဗိုင်းငင်ကြသူတွေရဲ့ အပိုင်းကပဲ လိုပါတော့တယ်။
ဟုတ်ကဲ့!
၂၃- ၅- ၂၀၂၃ ရက်နေ့ ကျောင်းစတင်လက်ခံပါပြီ။

လေးစားစွာဖြင့်

ဦးရဲ
ပညာရေး
သင်ရိုးဟောင်း ကျောင်းသားများအတွက် ဆယ်တန်းစာမေးပွဲဖြေဆိုရန် ပညာရေးဝန်ကြီးဌာနမှ ဖြေကြား
May 26

ကျောင်းအပ်နှံရေးနေ့ (၃) ရက်အတွင်း ကျောင်းသားကျောင်းသူ ၃.၇ သန်းကျော် လာရောက်ကျောင်းအပ်နှံခဲ့ကြ
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
ကလေးငယ်များ အနာဂတ်တောက်ပဖို့ အားလုံးဝိုင်းဝန်းကူညီစို့ (New Future မှကျင်းပသည့် ပညာသင်ဆုချီးမြှင့်ပွဲ အခမ်းအနား) (မေ ၂၀၂၃)
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
ကျောင်းတက်ကြစို့
Forwarded from MRTV
Media is too big
VIEW IN TELEGRAM
ကျောင်းတော်သွားစို့ ဖော်ချင်းတို့
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းများအား ဇွန်လ (၁)ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ကျောင်းသား/သူ စုစုပေါင်း (၆ ဒသမ ၇၄) သန်းကျော် တက်ရောက်
ဇွန်လ ၉ ရက်နေ့ ၊နံနက် ၄နာရီ အချိန်၌ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထုတ်ပြန်မည်။
Jun 8

စာမေးပွဲ အောင်စာရင်းများကို www.myanmarexam.org တစ်ခုတည်းတွင်သာ တရားဝင် ထုတ်ပြန်မည်

မနက်ဖြန် ထုတ်ပြန်မည့် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို www.myanmarexam.org တစ်ခုတည်းတွင်သာ တရားဝင် ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။

အခြား မည်သည့် App, Platform မှ ထုတ်ထားခြင်းမရှိကြောင်း၊ အဆိုပါ Website တွင် ၉-၆-၂၀၂၃ ရက်နေ့ နံနက် ၄း၀၀ နာရီမှ စတင်၍ အောင်စာရင်းများ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း၊ Website ကို လူသန်းနှင့်ချီ၍ ပြိုင်တူဝင်ရောက်ကြည့်ရှုနိုင်သည့် နည်းပညာ အသုံးပြုထားသည်။

မိမိ Device ထဲရှိ အင်တာနက်ကြည့်နိုင်သော Browser တစ်ခုခုကိုဖွင့်၍ Address Bar တွင် www.myanmarexam.orgဟုရိုက်ထည့်၍လည်း ကြည့်နိုင်ပါသည်။
မိဘဆရာအသင်းဖွဲ့စည်းရခြင်း
နိဒါန်း
ကျောင်းသား/ကျောင်းသူများစိတ်ဓာတ် စည်းကမ်း ပညာပြည့်ဝစွာဖြင့် သင်ယူလိုစိတ်ဖြစ်ပေါ်လာစေရေးမိဘသို့မဟုတ် အုပ်ထိန်းသူနှင့်ဆရာ ဆရာမတို့ကပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ကျောင်းတက်မှန်ကန်ရေး သင်ယူမှုပိုမိုထိရောက်စေရေးကူညီဆောင်ရွက်ကြရမည်။မိဘဆရာပူးပေါင်းပါကကလေးပညာကောင်းမည်ဖြစ်သဖြင့်အေခြခံပညာကျောင်းတိုင်းမိဘဆရာအသင်းကိုစနစ်တကျဖွဲ့စည်းဆောင်ရွက်ကြရမည်။
ရည်ရွယ်ချက်
၁။ကျန်းမာပျော်ရွှင်၍လုံခြုံစိတ်ချစွာပညာသင်ယူခွင့်ရရှိစေရေး။
၂။‌ေကျာင်းသား ကျောင်းသူများဘက်စုံဖွံ့ဖြိုတိုးတက်ရေးပူးပေါင်းဆောင်ရွက်ရန်။
၃။ကျောင်းနေအရွယ်ကလေးအားလုံးကျောင်းနေရေး ကျောင်းနေမြဲရေးစည်းရုံးဆောင်ရွက်ရန်။
၄။ပညာရေးစနစ်၏အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကိုသ‌ိရှိနားလည်ကာပူးပေါင်းအကောင်အထည်ဖော်ရန်။
၅။မိဘဆရာအသင်း၏လုပ်ဆောင်မှုစွမ်းရည်မြင့်မားလာစေရန်။
ဆောင်ပုဒ်
မိဘဆရာပူးပေါင်းကလေးပညာကောင်း
တံဆိပ်

ဖွဲ့စည်းပုံ
ထက်ဆင့်
နာယက ၃/၅
ဥက္ကဌ =ကျောင်းအုပ်ကြီး
ဒုဥက္ကဌ =မိဘ
ဒုဥက္ကဌ=ဆရာ
အတွင်းရေးမှူး ဆရာ၁ ဦး မိဘ၁ ဦး
တွဲအတွင်း မိဘ၁ ဦး
ထောက်ပံ့ထိန်းသိမ်းရေးမှုး ဆရာ၁ ဦး
စာရင်းစစ်မိဘ၁ဦး
အထက်တန်းအလယ်တန်း မူလတန်းကိုယ်စားလှယ် ဆရာ၁ဦး မိဘ၁ဦးစီ
အလယ်တန်းကျောင်းများတွင် အထက်တန်းကိုယ်စားလှယ်နှုတ်၍ဖွဲ့စည်းရန်။
မူလတန်းဆင့်တွင်ဒုဥက္ကဌနှင့်အတန်း အလယ်တန်းကိုယ်စလှယ်များနှုတ်၍ဖွဲ့စည်းရန်။
ဖွဲ့စည်းပုံများအရ လုပ်ငန်းတာဝန်များဆောင်ရွက်ကြရမည်။
#သင်ကြား/ယူလုပ်ငန်းဆွေးနွေးသူလက်စွဲ2018မှ
ယိုယွင်းနေတဲ့ပညာရေးကိုပြင်လိုက်ပါ။
ထာဝရငြိမ်းချမ်းရေးရပါလိမ့်မယ်။
+++++++++

လွတ်လပ်ရေးရပြီးကတည်းကဖြစ်ပွားခဲ့တဲ့လက်နက်ကိုင်တိုက်ပွဲတွေဟာအခုဆိုရင်ကြီးထွားရင့်သန်လာပါပြီ။ ခေတ်အဆက်ဆက်နည်းမျိုးစုံနဲ့ငြိမ်းချမ်းအောင်လုပ်ခဲ့ပေမယ့်မငြိမ်းချမ်းခဲ့တဲ့အပေါ်အပြစ်ရှာရင်အစအများကြီးထွက်လာမှာပါ။

ဒီထဲကအရေးကြီးတဲ့တစ်ခုကတော့ပျက်စီးခဲ့တဲ့ပညာရေးပါပဲ။ တက္ကသိုလ်တွေမှာမေဂျာပေါင်းများစွာ၊ ဌာနပေါင်းများစွာရှိပေမယ့်တန်ဖိုးမသိခဲ့ကြလို့တန်ဖိုးထားမခံရတဲ့မေဂျာတွေအများကြီးရှိတယ်။

ကမ္ဘာမှာဒီမေဂျာတွေရှိတယ်၊ ပညာသင်နေကြတယ်မို့သာ၊မြန်မာနိုင်ငံမှာသူများယောင်လို့လိုက်ယောင်ပြီးဌာနဖွင့်ပေးထားရုံအဆင့်ရှိတာပါ။ တန်ဖိုးကိုနားမလည်ကြဘူး။ နားလည်နိုင်တဲ့ပညာဝမ်းစာမပြည့်ခဲ့ကြဘူး။ နာစမလည်တော့တန်ဖိုးမထားကြဘူး။ တန်ဖိုးထားခြင်းမခံရတဲ့မေဂျာတွေနောက်ရောက်ကုန်တယ်။ ဒီပညာသစ်ပင်ကသီးပွင့်လာတဲ့အသီးအပွင့်ကိုမခံစားကြရတော့ဘူးဖြစ်လာတယ်။

Sociology
Socioeconomics
Social Science
Philosophy
Anthropology
Psychology

ပညာရပ်တွေရဲ့တန်ဖိုးကိုဘယ်တာဝန်ရှိသူတွေကအလေးထားခဲ့သလဲ။ ဒီပညာတွေဟာဘာလို့ပညာရပ်အနေနဲ့ရပ်တည်နေတာလဲ။ လူ့အဖွဲ့အစည်းအတွက်ဘယ်လိုအကျိုးရှိစေလဲ။ စတာတွေကိုလျစ်လျူရှုခဲ့ကြတယ်။ လျစ်လျူရှုတန်ဖိုးမထားတာဟာပုံမှန်လည်ပတ်ရင်း New Normal ဖြစ်လာတယ်။ စနစ်တစ်ခုဖြစ်လာတယ်။ စနစ်အမှားတစ်ခုရဲ့နောက်ကိုလိုက်ရင်းနဲ့.....

အစိုးရ
မိဘ
ကျောင်းသား
ဆရာ

၄ ဘက်လုံးယိုယွင်းလာတယ်။ ။ မြန်မာ့လူမှုအသိုင်းအဝိုင်းကြီးရဲ့လူနေမှုပုံစံကပုံစံခွက်ထဲကျနေခဲ့တယ်။ ဆရာဝန်၊ အင်ဂျင်နီယာ၊သဘေင်္ာသား၊ စီးပွားရေး၊ ဥပဒေတွေကလွဲရင်မြန်မာပြည်မှာဘယ်မေဂျာကိုမှပညာရပ်ကြီးလို့တန်ဖိုးထားရကောင်းမှန်းမသိတော့အောင်ဖြစ်သွားတယ်။

" မြန်မာဇာတ်ကားတွေမှာငါ့သားသမီးကဆရာဝန်ကြီးမှ

အရပ်ထဲမှာမိဘအချင်းချင်းငါ့သားသမီးကအင်ဂျင်နီယာကြီးမှ "

အဲ့သလိုလူ့အဖွဲ့အစည်းတစ်ခုလုံးရိုက်သွင်းခံရတဲ့အခါ၊အခြားပညာတွေမှေးမှိန်သွားတယ်။

ဒီလိုပညာရေးနဲ့လူမှုပုံစံကိုစားသုံးလာတဲ့မျိုးဆက်လူလားမြောက်လာချိန်အခုနောက်ပိုင်းမျိုးဆက်တွေမှာပညာဟာတစ်ဖက်စောင်းနင်းဖြစ်လာတယ်။

အားပေးမြှင့်တင်ခြင်းခံခဲ့ရတဲ့ ဆရာဝန်၊အင်ဂျင်နီယာတော်သူထက်သူတွေများလာခဲ့ပေမယ့်အတွေးအခေါ်ပညာရှင်တွေမထွက်တော့ဘူး။ အဓိက,ကတော့နှလုံးသားနဲ့လုပ်ရတဲ့အလုပ်တွေမှေးမှိန်ကုန်တယ်။ နှလုံးသားမှေးမှိန်လာတော့ ethics ကျလာတယ်။ အခကြေးငွေနောက်ကိုလိုက်ပြီး၊ကျင့်ဝတ်တွေကိုဥပေက္ခာပြုထားတဲ့ဆရာဝန်တွေ၊အင်ဂျင်နီယာတွေ၊ ဥပဒေသမားတွေများလာတယ်။ အကျင့်ပျက်ခြစားမှုဟာလူ့ကျင့်ဝတ်ဖောက်ဖျက်တယ်လို့တွေးရမယ့်အစား၊ပုံမှန်လို့ယူဆရင်းလူ့အဖွဲ့အစည်းယိုယွင်းလာတယ်။

နှလုံးသားတွေပျက်လာတော့လူ့ယဥ်ကျေးမှုကိုတိုင်းတာတဲ့အနုသုခုမတွေပျောက်လာတယ်။
ဆရာကြီးရွှေဥဒေါင်းတို့လိုအလားအလာရှိတဲ့ပညာရှင်စာရေးဆရာအခုမျိုးဆက်ဘယ်မှာလဲ။ မြို့မငြိမ်းလိုဂန္ဓဝင်မြောက်တဲ့သီချင်းတွေရေးမဲ့မျိုးဆက်ဘယ်မှာလဲ။ အတွေးအခေါ်မြင့်ရင်လိုက်မြင့်တဲ့မြန်မာ့ရုပ်ရှင်အရင်ခေတ်နဲ့အခုခေတ်နှိုင်းယှဥ်ကြမလား။

လူမှုသိပ္ပံပညာတွေဟာသိပ္ပံလိုလက်တွေ့ဓာတ်ခွဲခန်းမှာပညာရှာရတာမဟုတ်ဘဲ၊ လူသားတွေကြားမှာလူသားတွေနဲ့တစ်သားတည်းလေ့လာသုတေသနပြုရတဲ့ social science ပညာပါ။ သိပ္ပံထက်လူသားတွေအကြောင်းကိုပိုအထူးပြုရတယ်။ ပိုသိတယ်။

သိပ္ပံကအသစ်အသစ်သောနည်းပညာတွေစူးစမ်းလေ့လာရေးတာဝန်ယူရင်၊ လူမှုသိပ္ပံဟာလူတွေကြားကလူမှုဝန်းကျင်ကိုအထူးပြုတာဝန်ယူရပါတယ်။ လူလူချင်းလေ့လာနားလည်ရတာ၊ လူလူချင်းစီမံခန့်ခွဲရတာ၊ လူလူချင်းဖြည့်ဆည်းရတာ၊ အုပ်ချုပ်ရတာတွေကိုတာဝန်ယူရတယ်။

ဒီလိုလူမှုသိပ္ပံအားနည်းမှုဟာ ၁၀ စုနှစ်ပေါင်းများစွာကြာတဲ့အခါ လူသားဟာလူအကြောင်းမသိတော့ဘဲလူအချင်းချင်းစီမံခန့်ခွဲခြင်းကိုနားမလည်တော့ဘူး။ နားလည်တဲ့အုပ်ချုပ်သူအများကြီးမထွက်တော့ဘူး။

နားမလည်ကြတဲ့အခါနှစ်ပေါင်းများစွာလေ့လာတည်ဆောက်ယူရမဲ့ပညာရပ်တွေကိုအချိန်တိုအတွင်းရိုက်ထည့်ပေးချင်တော့ MPA ဆိုပြီးတီထွင်လာကြတယ်။ MPA ကိုမြန်မာနိုင်ငံမှာသင်ကြားပေးနေတာစီးပွားရေးဌာနကဆရာတွေ။ စီးပွားရေးကျွမ်းကျင်တဲ့ဆရာတွေကလူမှုသိပ္ပံကျယ်ပြန့်လှတဲ့ပညာသမုဒ္ဒရာကြီးကို Holistic သင်ပေးနိုင်ပါ့မလား။

ဒီလိုလူ့အကြောင်းသိတဲ့နားလည်တဲ့ပညာရှင်တွေနိုင်ငံ့အရေးအရာတွေစီမံတဲ့အသိုင်းအဝန်းထဲမရှိတဲ့အခါမြန်မာ့ထာဝရငြိမ်းချမ်းရေးအလှမ်းဝေးလာတယ်။

ပထဝီတည်နေရာမတူ၊
အရင်းအမြစ်မတူ၊
အခြေခံအဆောက်အအုံမတူ
ယဥ်ကျေးမှုမတူ
ဘာသာမတူ
ဓလေ့မတူ
ဖြစ်တည်လာတဲ့သမိုင်းနောက်ခံမတူ
မိတ်ဖက်၊ကျောထောက်နောက်ခံမတူ
လားရာမတူတဲ့ဒေသအသီးသီးကတိုင်းရင်းသားပြည်သူတွေ၊
ဒီပြည်သူတွေကိုပဲလူသစ်စုရင်းတည်ဆောက်ထားတဲ့လက်နက်ကိုင်တွေ၊
ဒီပြည်သူတွေကိုဂုတ်သွေးစုပ်ကြီးပွားပြီး ထိုင်း၊စင်္ကါပူတို့ဘက်မှာမိသားစုအခြေချအဆီယစ်နေတဲ့လက်နက်ကိုင်ခေါင်းဆောင်ဆိုသူတွေကို

ဒေသအလိုက်
အလွှာအလိုက်
အဖွဲ့အလိုက်
အကန့်လိုက်ပိုင်းခြားပြီး....

ထာဝရငြိမ်းချမ်းရေးရဖို့အတွက်..

တည်ဆောက်သင့်တာတည်ဆောက်
စည်းရုံးသင့်တာစည်းရုံး
ငြိမ်းချမ်းရေးစားပွဲပေါ်ခေါ်သင့်တာခေါ်
သွေးခွဲသင့်တာသွေးခွဲ
အပြုတ်ဖြုတ်သင့်တာဖြုတ်
လုပ်ရမယ့်အစီအမံတွေကိုလူမှုသိပ္ပံနားမလည်တဲ့သူတွေအကွက်ချနိုင်ပါ့မလား။ ပြေလည်ပါ့မလား။ ငြိမ်းချမ်းပါ့မလား။

ဒီတော့ထာဝရငြိမ်းချမ်းရေးခရီးဟာရှည်လျားပါတယ်။ ဒီခရီးရှည်ကြီးအောင်မြင်ဖို့ပညာရေးကိုမြန်မာ့အသိုင်းအဝိုင်းတစ်ခုလုံးကပြုပြင်ပြောင်းလဲရမယ်။ အစိုးရ၊ကျောင်းသား၊မိဘ၊ဆရာအားလုံးပြောင်းလဲရမယ်။

နောင်တစ်ချိန်ငါသမ္မတလုပ်မယ်၊ ဝန်ကြီးချုပ်လုပ်မယ်၊ ကာကွယ်ရေးဦးစီးချုပ်လုပ်မယ်ဆိုပြီးရည်ရွယ်ချက်နဲ့ရည်မှန်းချက်ထားပြီးဘဝတစ်လျှောက်လုံးပညာဖြည့်ဆည်းလာတဲ့ကျောင်းသားလူငယ်လေးတွေ၊စာသင်ခန်းထဲမှာမြင်ရတဲ့ပညာရေးလိုအပ်လာပါပြီ။

ပညာရေးကိုပြင်လိုက်ပါ။ ပညာရှင်မျိုးဆက်လေးတွေဟာအနာဂတ်မြန်မာနိုင်ငံကိုထာဝရငြိမ်းချမ်းရေးရအောင်ဖော်ဆောင်ပေးပါလိမ့်မယ်။ အဲ့အချိန်ကျရင်မသေသေးရင်လဲပီတိဖြစ်ရတာပေါ့။

၁၄.၇.၂၀၂၃
🙏မဂ်လာပါ ခဗျာ🙏

🏠အိမ်သုတ်ဆေး တွက်နည်း

~~~~~

အခန်းတစ်ခန်း၏ နံရံများကို ဆေးသုတ်ရန် လိုအပ်
သော ဆေးပမာဏကို တွက်ဆမည်ဆိုလျှင် နံရံ
များ၏ အလျားနှင့် အရှည်ပေများ အားလုံးကို
ပေါင်းပါ၊ ထို့နောက် ရလာသော အဖြေကို
အခန်း၏အမြင့်ပေ(ကြမ်းခင်းမှ မျက်နှာကျက်
အထိ)ဖြင့် မြှောက်ပါ၊ ရလာသော အဖြေသည် ယင်း
အခန်း၏ Square Footage ဖြစ်ပါသည်။

ဆေးသုတ်ရမည့် Square Footage တွက်နည်း

~~~~~~

တံခါးရွက်နှင့် ပြူတင်းပေါက်များသည် မတူညီ
သော ဆေးအမျိုးအစား သုတ်ရမည်ဖြစ်၍ ယင်း
ဧရိယာများကို နုတ်ပေးရပါမည်၊ ယေဘူယျ
အားဖြင့် တံခါးတစ်ချပ်ချင်းစီ အတွက်(20) Square
Feet နှင့် ပြူတင်းပေါက် တစ်ခုချင်းစီအတွက် (15)
Square Feet နုတ်ရမည် ဖြစ်ပါသည်။

ရလာသော အဖြေသည် ဆေးသုတ်ရမည့် အနီးစပ်
ဆုံး နံရံဧရိယာ ဖြစ်ပါသည်၊ ယင်းဧရိယာကို တစ်ဂါ
လံမှာ(350)Square Feet ရှိတဲ့အတွက်(350)ဖြင့်
စားလိုက်ပါက နံရံအတွက် လိုအပ်သော ဆေး
ပမာဏ(ဂါလံ)ကို ရရှိပါမည်၊ အဖြေတွင် စားကြွင်း
က(0,5) ထက်နည်းပါက ကွာတား(2) ဗူးဖြင့်
လုံလောက်နိုင်သော်လည်း (0,5) ထက်များပါက(1)
ဂါလံ ဝယ်ရပါမည်။

14×20 ပေအခန်း အမြင့် (8) ပေ တံခါး (2) ပေါက်၊
ပြူတင်းပေါက်(2)ခုရှိသော အခန်းကို ဥပမာ အနေ
နဲ့ တွက်ပြပေးပါမည်။

Ceiling ဆေးတွက်ဆမှု
~~~~~~
Ceiling ၏ အလျားပေ × အနံပေ = Ceiling Area
14×20=280 Square Feet

Ceiling အတွက် လိုအပ်သော ဆေးပမာဏ(ဂါလံ)
280á350=0,8

ထိုအဖြေအရ Ceiling ဆေးတစ်ထပ် သုတ်ရန်(1)
ဂါလံ လိုအပ်ပါမည်၊(2) ထပ်သုတ်လျင် (2) ဂါလံ
လိုအပ်ပါမည်။

နံရံဆေးတွက်ဆမှု
~~~~~
နံရံတစ်ချပ်ချင်းစီ၏ အလျားပေကို ပေါင်းပါ။
14+ 20 + 14 + 20 = 68 ပေ

နံရံဧရိယာ တွက်ရန် အဖြေကို နံရံအမြင့်ပေဖြင့်
မြှောက်ပါ။
60 × 8 = 544 Square Feet

ဆေးတကယ်သုတ်ရန် လိုအပ်သောနံရံ ဧရိယာကို
ရှာရန် တံခါး (1) ချပ်စီတိုင်း အတွက် (20) Square
Feet နုတ်ပါ (20×2=40)၊ပြူတင်းပေါက် တစ်ခု
ချင်းစီတိုင်း အတွက် 15 Square Feet နုတ်ပါ(15×2
= 30)
544 - 70 = 474 Square Feet

နံရံ အတွက် လိုအပ်သော ဆေးပမာဏ(ဂါလံ)
474á 350 = 1,4

ထိုအဖြေအရ နံရံ ဆေးတစ်ထပ် သုတ်ရန်(1)ဂါလံ
(2)ကွာတားနှင့် (2) ထပ်သုတ်လျင် (2) ဆ လိုအပ်ပါ
မည်။

တံခါးနှင့် ပြူတင်းပေါက် ဆေးတွက်ဆမှု
~~~~~~~~~
20 Square Feet = တံခါး (1) ချပ်
တံခါးအရေအတွက်ကို (20) ဖြင့် မြှောက်ပါ။
2 × 20 = 40 Square Feet

ပြုတင်းပေါက် အရေအတွက်ကို (7,5) ဖြင့်မြှောက်
ပါ။
2 × 7,5 = 15 Square Feer

ထိုနောက် ရလာတဲ့ အဖြေများကို ပေါင်းပါ။
40 + 15 = 55

ပြီးလျှင် 350 ဖြင့်စားပါ။
54 á 350 = 0,16

ထိုအဖြေအရ တံခါးနှင့် ပြူတင်းပေါက် အတွက်
ဆေး (1) ကွာတား ဝယ်ဖို့ လိုအပ်မည် ဖြစ်ပြီး တံခါး
နှင့် ပြူတင်းပေါက် တို့အား နှစ်ဖက်စလုံး သုတ်မည်
ဆိုပါက အဖြေကငိ (2) ဖြင့် မြှောက်ရမည် ဖြစ်
ပါသည်။

🏠🏠🏠
🙏🙏🙏🙏🙏🙏🙏🙏🙏
1988 ခုနှစ်မှာ ရွှေတစ်ကျပ်သား = 10,500 KS
1989 = 13,000 ကျပ်
1990 = 15,000 ကျပ်
1991 = 20,000 ကျပ်
1992 = 22,000 ကျပ်
1993 = 26,500 ကျပ်
1994 = 26,500 ကျပ်
1995 = 30,000 ကျပ်
1996 = 45,000 ကျပ်
1997 = 46,000 ကျပ်
1998 = 50,000 ကျပ်
1999 = 50,000 ကျပ်
2000 = 63,500 ကျပ်
2001 = 103,700 ကျပ်
2002 = 190,000 ကျပ်
2003 = 190,000 ကျပ်
2004 = 225,000 ကျပ်
2005 = 309,500 ကျပ်
2006 = 431,000 ကျပ်
2007 = 577,000 ကျပ်

2008 = 600,000 ကျပ်
2009 = 616,600 ကျပ်
2010 = 672,900 ကျပ်
2011 = 730,400 ကျပ်
2012 = 771,300 ကျပ်
2013 = 660,000 ကျပ်
2014 = 673,100 ကျပ်
2015 = 750,400 ကျပ်
2016 = 867,000 ကျပ်
2017 = 937,300 ကျပ်
2018 = 1,056,000 ကျပ်
2019 = 1,190,000 ကျပ်
2020 = 1,310,000 ကျပ်
2021= 1780000 ks
2022 = 2800000ks
2023 = 3000000ks
2024 = 4900000ks

.
.
👍2❤1