Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.7K subscribers
3.82K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
ကမ္ဘာ့ဘဏ်ကပေးတဲ့ ရာနှုန်းပြည့် ပညာတော်သင်ဆု ဘွဲ့ရမြန်မာတွေ လျှောက်ထားနိုင်

၂၀၂၃ခု ဧပြီ ၆

ဘွဲ့ရပြီးတဲ့ မြန်မာနိုင်ငံသားတွေ လျှောက်ထားနိုင်တဲ့ ကမ္ဘာ့ဘဏ်-World Bank က တစ်နှစ်တစ်ခါ ပေးအပ်တဲ့ Master Degree ဘွဲ့ ရာနှုန်းပြည့် ပညာတော်သင်ဆု ခေါ်ယူနေပြီလို့ ကမ္ဘာ့ဘဏ် Official Website ကနေ ကြေညာထားပါတယ်။

မတ်လ ၂၇ ရက်က ဖောင်စတင်ဖွင့်လှစ်ခဲ့တဲ့ ဒီပညာသင်ဆုဟာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ခေါင်းစဉ်နဲ့ မဟာဘွဲ့ (Master Degree) ပရိုဂရမ် တက်ရောက်လိုတဲ့ ကျောင်းသားတွေအတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်သလို အဆင့်မြင့် ပညာရေးအတွက် နိုင်ငံခြား အဖွဲ့အစည်းတစ်ခုမှာ ကိုယ်တိုင် အရည်အချင်း ပြည့်မီတဲ့ ကျောင်းသား ဖြစ်လိုသူတွေ အတွက် အပြည့်အဝ ထောက်ပံ့ပေးထားတဲ့ ပညာတော်သင်ဆု ဖြစ်ပါတယ်။

လျှောက်ထားလိုသူတွေ အနေနဲ့ ၁၀၀ ရာခိုင်နှုန်း ပညာတော်သင် ထောက်ပံ့ကြေး၊ လေယာဉ်လက်မှတ်၊ ကျန်းမာရေး အာမခံ၊ လစဉ် ထောက်ပံ့ကြေး စတာတွေ ရရှိမှာ ဖြစ်သလို အမေရိကန်၊ ဥရောပနဲ့ ဂျပန် နိုင်ငံတွေက တက္ကသိုလ် ၂၇ မှာ ရွေးချယ် တက်ရောက်နိုင်ပြီး ဒီ ၂၇ ကျောင်းမှ လျှောက်ထားချင်တဲ့ ဘာသာရပ် ရွေးချယ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

လျှောက်ထားသူဟာ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုရဲ့ နိုင်ငံသား ဖြစ်ရမှာ ဖြစ်သလို ရရှိထားတဲ့ ဘွဲ့အမျိုးအစား၊ သက်ဆိုင်ရာ လုပ်ငန်း အတွေ့အကြုံ၊ ဘာသာစကား ကျွမ်းကျင် တတ်မြောက်မှုနဲ့ ကိုက်ညီတဲ့ကျောင်း၊ ဘွဲ့အမျိုးအစားတွေကို သေချာ ရွေးချယ်ရမှာဖြစ်ပြီး ကျန်းမာရေး ကောင်းမွန်သူ၊ တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ၊ ဘွဲ့သက်တမ်းမှာ လျှောက်လွှာပိတ်ရက် မတိုင်မီ ၃ နှစ်ရှိသူ၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်း အတွေ့အကြုံ အနည်းဆုံး ၃ နှစ်အထက်ရှိသူ အင်္ဂလိပ်စာဘာသာ စကား ကျွမ်းကျင် အဆင့်ရှိသူ ဖြစ်ရမယ်လို့ ကြေညာချက်မှာပါရှိပါတယ်။

လျှောက်လွှာကို မေလ ၂၆ ရက် နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပြီး ကျောင်းလျှောက်ထားမှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို Joint Japan World Bank Scholarship 2023 ရဲ့ Coordinator မှာ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်သလို လျှောက်လွှာကို Official Website မှာ https://bit.ly/3zuaz5z မှာ ရယူနိုင်ပြီး ပညာတော်သင်ဆုနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို https://www.worldbank.org/en/programs/scholarships#3 မှာ ဝင်ရောက် လေ့လာနိုင်မှာ ဖြစ်ပါတယ်။
Grade 12 အတွက်
မွန်းမံတွေ အထူးထုတ်ဘာသာပြန်တွေ TG,TB တွေနဲ့ မပြည့်စုံနိုင်ဘူးလို့ အတွေးတစ်ခုပေါ်လာလို့ တစ်နေ့လုံးစမ်းနေတာက အေအိုင်
Chat GPT ကို English Chemistry, Physics, Biology, စာလေ့လာတဲ့နေရာမှာသုံးလို့ရတာ သိပြီးပြီလား?
🤖📝

Chat GPT ဆိုတာဘာလဲ ။ 🤔

Chat GPT ကို အခုမှ ကြားဖူးတဲ့Learners လေးတွေအတွက် Chat GPT အကြောင်းလေး အရင်ရှင်းပြချင်ပါတယ်နော်။ Chat GPT ဆိုတာကတော့ Generative Pre-trained Transformer ဆိုတဲ့ စကားလုံးဖြစ်တဲ့ AI နည်းပညာတစ်ခုပဲဖြစ်ပါတယ်။ AI နည်းပညာနဲ့ လုပ်လို့ရတဲ့ အရာတွေအများကြီးရှိပြီးတော့ ကောင်းကောင်းအသုံးချတတ်ရင် အကျိုးရှိနိုင်မှာဖြစ်ပါတယ်။ ✨
Chat GPT : https://chat.openai.com (https://chat.openai.com/)

Chat GPT ကို အင်္ဂလိပ်စာ လေ့လာဖို့အတွက် ဘယ်လိုအသုံးချလို့ရမလဲ။ ❓

Chat GPT ကို အင်္ဂလိပ်စာ လေ့လာတဲ့နေရာမှာ ကောင်းကောင်းအသုံးချနိုင်ဖို့အတွက် နည်းလမ်းကောင်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။
1️⃣Vocabulary Building

မိမိရဲ့ vocabulary စွမ်းရည်တိုးတက်ဖို့ Chat GPT နဲ့ အတူလေ့လာလို့ရပါတယ်နော်။ မရှင်းလင်းတဲ့စကားလုံးဖြစ်ဖြစ်၊ လေ့လာချင်တဲ့စကားလုံးကို ဖြစ်ဖြစ် Chat GPT ကို prompt လေးပေးပြီး မေးလို့ရပါတယ်။ အဲ့အခါ အဲ့စကားလုံးရဲ့ အသုံးပြုပုံ ၊ အဓိပ္ပါယ်၊ Synonyms, antonyms တို့ကို စုံစုံလင်လင် ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။ ဥပမာ Can you give everything about the word “good”? ဆိုပြီး မေးလိုက်ရင် Good နဲ့ပတ်သတ်တဲ့ အရာအားလုံးကို လေ့လာလို့ရမှာဖြစ်ပါတယ်။☺️

2️⃣Grammar Building

English Grammar နဲ့ပတ်သတ်ပြီး အခက်တွေ့နေတဲ့ learners တွေအနေနဲ့ Chat GPT ရဲ့ အကူအညီကို ယူပြီး မရှင်းလင်းတဲ့ Grammatical Usage တွေကို သိရှိနိုင်မှာဖြစ်ပါတယ်။ ဥပမာ What is the difference between Present Perfect and Present Perfect Continuous Tense? လို့ မေးလိုက်ရင် Tense တွေအကြောင်း အသေးစိတ်ကို Example Sentences တွေနဲ့ ရှင်းပြပေးသွားမှာဖြစ်ပါတယ်ရှင်။ ☺️

3️⃣ Writing Practice

Academic Writing နဲ့ပတ်သတ်ပြီး တိုးတက်ချင်တဲ့သူတွေအတွက် Chat GPT ကိုသုံးပြီး Writing လေ့ကျင့်လို့ရပါတယ်။ ဥပမာ Can you give me a writing prompt about my favorite person? ဆိုပြီး မေးလိုက်တဲ့အခါ Writing အတွက် လိုအပ်တဲ့ idea prompts လေးတွေကို သေချာလေး ပြန်ပေးမှာဖြစ်ပါတယ်။ ☺️

4️⃣ Writing Assessment

အထက်ကပြောခဲ့တဲ့ အရာတွေထက် အသုံးဝင်ဆုံးအရာလေးကတော့ writing assessment လုပ်လို့ရတာဖြစ်ပါတယ်။ IELTS Writing အတွက် Feedback ကောင်းကောင်းလေး ပြန်လိုချင်သူတွေအတွက် ဒီအရာလေးက အသုံးဝင်မှာဖြစ်ပါတယ်။ ဥပမာ You are a former IELTS Examiner. You know everything about IELTS Marking Criteria. Can you please assess my IELTS Writing and give feedback on my mistakes? Here is the essay. ဆိုပြီး မေးလိုက်ရင် ပြင်ဆင်ဖို့လိုအပ်နေတဲ့ Grammatical Mistakes, Vocabulary Usage,အစရှိတဲ့ အသေးစိတ် Feedback လေးတွေကို ပြန်ပေးသွားမှာဖြစ်ပါတယ်။ 😯

အလျင်အမြန်တိုးတက်နေတဲ့နည်းပညာခေတ်နဲ့အညီ AI နည်းပညာ ကို အကျိုးရှိရှိ ကောင်းကောင်းအသုံးချတတ်အောင် လေ့လာထားသင့်ပါတယ်နော်။ ✨

ဒါတွေကိုလေ့လာဖို့ မေးခွန်းမေးတတ်အောင်လေ့ကျင့်ပါ။
မေးခွန်းကို English လို prompt မရေးတတ်ရင် မြန်မာလိုရေးပြီး google translate နဲ့ English လိုရအောင်လုပ်ပြီး ChatGPT မှာ မေးလို့ရတယ်။
အပေါ်က link ကို နှိပ်ပြီး အခုပဲ စမ်းကြည့်ကြစို့လေး။

#သတိပြုဖို့က သုံးမတတ်သေးခင်း အရမ်းရှုပ်တယ်လို့ခံစားရမှာပါ။ သုံးတတ်အောင်သင်ချင်စိတ် ရှိဖို့ပဲလိုတယ်။
နှစ်သစ်မှာ ပရိတ်အိုး၊ပရိတ်ချည်၊ပရိတ်ရေပြင်ဆင်တတ်ဖို့
🙏

နှစ်သစ်ကူးအခါသမယမှာ ပရိတ္တရားမှ မနာယူ၊မရွတ်ဖတ်ရလျှင် စိတ်ထဲ နှစ်သစ်မှာ မပြည့်စုံသလိုခံစားရတာ အမှန်ပါပဲ

ပရိတ်တရားဆိုသည်မှာ "ဘေးရန်အန္တရာယ်တို့မှ ကာကွယ်စောင့်ရှောက်တတ်သော တရား၊အန္တရာယ်ကင်းစေတတ်သော တရား" ဟုအဓိပ္ပါယ်ဖွင့်ဆိုပါတယ် ဒါ့အပြင် ချမ်းသာသုခနှင့်ပြည့်စုံခြင်းအကျိုးကိုလည်း ရရှိစေနိုင်ပါတယ်

ပရိတ်အိုး ပြင်ဆင်နိုင်ရန်
*****
ပရိတ်အိုးပြင်ဆင်ပြီဆို ပရိတ်ရေ၊ပရိတ်ချည်၊ပရိတ်ဆန်၊ပရိတ်သဲ ဒါတွေကို ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ် ကေသပုတ္တဇာတ်တော်မှာ ပရိတ်ပန်းကို ဘာပန်း ညာပန်းဟူ၍ အထူးညွှန်းဆိုထားတာတော့မရှိပါဘူး

ပရိတ်အိုးမှာ ပနံတင့်အောင် ပရိတ်ပန်းတွေကိုတော့ အတာအိုးပြင်ဆင်သကဲ့သို့ ခုနစ်နေ့နံ ပန်း၊အညွှန့်များကို ပြင်ဆင်နိုင်ပါတယ် ပြင်ဆင်ပြီးပြီဆိုရင်တော့ ပရိတ်ရွတ်ဖတ်တဲ့ ရဟန်းသံဃာတော်များရှေ့မှာထားပြီး ပရိတ်ရွတ်ဖတ်နာယူနိုင်ကြောင်းကို ကျမ်းဂန်များထဲမှာ လမ်းညွှန်ထားပါတယ်

ပရိတ်အကျိုးတရားများ ဧကန်မုချရရှိစေရန်....
ပရိတ်ရွတ်ဖတ်သူ၊ နာယူသူများ အင်္ဂါ သုံးချက်နဲ့ ပြည့်စုံရန် ကြိုးစားအားထုတ်ဖို့လိုပါတယ်

ပရိတ်ရွတ်ဖတ်သူ၌ ပြည့်စုံရမည့် အင်္ဂါ ၃-ပါး
*******
၁။ အနက်သဒ္ဒါကို သုတ်သင်၍ ကောင်းစွာသင်ယူထားခြင်း

၂။ ပုဒ်၊ ဗျည်းတို့ကို မယုတ်စေရ။ ပြည့်စုံအောင်လေ့လာကျက်မှတ်ထားခြင်း

၃။ လာဘ္လာဘကိုမငဲ့ မေတ္တာရှေ့ထား၍ ရွတ်ဆိုခြင်းတို့ ဖြစ်ပါတယ်
(ပါထိကအဋ္ဌကထာ၊ အာဋာနာဋိယသုတ် (၁၄၉) )

ပရိတ္နာသူ၌ ပြည့်စုံရမည့် အင်္ဂါ ၃-ပါး
********
၁။ ပဉ္စာနန္တရိယကံမရှိခြင်း (ပဉ္စာနန္တရိယကံဆိုသည်မှာ - အမိရင်းကိုသတ်သူ၊အဖရင်းကိုသတ်သူ၊ရဟန္တာကိုသတ်သူ၊ဘုရားအားသွေးစိမ်းတည်အောင်ပြုသူ၊သံဃာတော်တို့အား ဂိုဏ်းအသင်းခွဲသူ)

၂။ နိယတမိစ္ဆာ ဒိဋ္ဌိမဟုတ်ခြင်း (နိယတမိစ္ဆာ ဒိဋ္ဌိဆိုသည်မှာ -သတ္တဝါတို့အား ညစ်ညူးခြင်း၊ ဖြူစင်ခြင်းမရှိဟု စွဲယူခြင်း)

၃။ ပရိတ်တန်ခိုး ကို ယုံကြည်ခြင်း တို့ဖြစ်ပါတယ်
(မိလိန္ဒပဥှာ (၁၅၅) )

ပရိတ် ရွတ်ပြီးနောက် ပရိတ်အိုး ပရိတ်ပန်း ခြံစည်းရိုးများ အိမ်အဝများမှာ ထားခြင်း ပရိတ်ဆန် ပရိတ်သဲများ ဖြူးခြင်း စည်းချခြင်းဖြင့် မကောင်းသော ဒုက္ခပေးနိုင်တဲ့ နာနာဘာဝမ်ား သရဲတစ္ဆေများ၊မကောင်းသော အညံ့များ ဝင်မလာနိုင်အောင် အဟန့်ဖြစ်စေရန်လည်းကောင်း၊ ပရိတ်ရေကို သောက်သုံးပြီး ကျန်းမာစေရန်၊ကြံတိုင်းအောင်၊ဆောင်တိုင်းမြောက်စေရန်အတွက်လည်းကောင်း၊ ပရိတ်ချည်၊ပရိတ်ကြိုးများကို သွားလေရာမှာ အန္တရာယ်ဘေးကင်းစေရန်အတွက် ဆောင်ထားနိုင်ပါတယ်😊

Photo - Dhama School Foundation

#Thingyan
#ပရိတ်အိုး #ပရိတ်ချည် #ပရိတ်ရေ
#myanmarnewyear
၂၀၂၃ခုနှစ်ဇွန်လ၄ရက်နေ့ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းထွက်မည်
👍1
တပည့်တို့ရေ ဆရာ့ကို ခွင့်လွှတ်ပေးကြပါ

အရက်ဆိုင်ထဲမှာ အရက်သောက်နေတဲ့တပည့်က
လမ်းမပေါ်ကနေလမ်းလျှောက်လာတဲ့
ဆရာကိုမြင်တော့ နောက်ကနေ လိုက်လာပြီး
ပြုံးဖြဲဖြဲနဲ့ လာနှုတ်ဆက်တယ်။

လက်ဖက်ရည်ဆိုင်ထဲဝင်တုန်းက
သောက်လက်စ ဆေးလိပ်ကလေးဝှက်ပြီး
ဆရာနေကောင်းလား ဘာလား
လာနှုတ်ဆက်တဲ့ တပည့်မျိုးနဲ့ ကြုံဖူးတယ်။

တစ်ခါတလေ ဘောလုံးကွင်းသွားရင်
ဆရာ ဝင်ကန်လို့ရအောင် ခဏထွက်ပေးမယ့်
တပည့်မျိုးလည်း ကြုံဖူးတယ်။

ပျက်နေတဲ့ကိုယ့်ဆိုင်ကယ်လေးကို
စေတနာပါပါပြင်ပေးပြီး ဆိုင်ကယ်ပြင်ခကို
ဘယ်လိုပေးပေးမယူတဲ့အင်္ကျိမှာ ဆီချေးအထပ်ထပ်နဲ့
တပည့်မျိုးနဲ့လည်း ကြုံဖူးခဲ့တယ်။

အမှန်အတိုင်းပြောရရင် သူတို့လေးတွေက
ကိုးတန်း,ဆယ်တန်းတုန်းက စာမတော်ခဲ့ဘူး။
သူတို့လေးတွေအတွက်
ကျွန်တော်သိပ်ပြီး မကြိုးစားပေးမိခဲ့ဘူး။

ဂုဏ်ထူးရမယ့် တပည့်လေးတွေလောက်
အားမကိုးမိခဲ့ဘူး ဆယ်တန်း အောင်ချက်နဲ့
ဂုဏ်ထူးရရေးကိုသာ အဓိကထား
ဦးစားပေးပြီး ကြိုးစားခဲ့မိတယ်။

အောင်သွားသူတွေ ဂုဏ်ထူးရသွားသူတွေ
အတွက် ကျွန်တော် ဂုဏ်ယူမိခဲ့တာအမှန်ပဲ။
ဒါပေမယ့် ဆယ်တန်းမအောင်ဘဲ အပြင်မှာ
ဘဝကို ရုန်းကန်နေတဲ့တပည့်တွေအတွက်
ဂုဏ်ယူပေးဖို့ ကျွန်တော် မေ့နေခဲ့မိတယ်။

တချို့ ဆယ်တန်းအောင်တပည့်တွေက
ကိုယ့်ကို နှုတ်ဆက်ဖို့ တွန့်ဆုတ်နေချိန်မှာ
အပြင်ရောက်သွားတဲ့ ကလေးက
အရက်မူးမူးနဲ့ လာနှုတ်ဆက်နေတယ်။

ဂုဏ်ထူးရဖို့ ဖိပြီးကြိုးစားလုပ်ပေးခဲ့တဲ့တပည့်ထက်
မထင်မှတ်ဘဲ အောင်သွားတဲ့တပည့်က
ကိုယ့်ကို တွေ့တိုင်း နှုတ်ဆက်ပြုံးပြဖော်ရတယ်။

လက်ဖက်ရည်ဆိုင်မှာ တက္ကသိုလ်ကျောင်းသားကြီးက
Game ကစား မပျက်ပေမယ့် ဆယ်တန်းမအောင်ဘဲ
အပြင်ရောက်သွားတဲ့ကလေးက ဆေးလိပ်ကလေး
ဝှက်ပြီးတော့ လာနှုတ်ဆက်တယ်။

ကိုယ်ဟာ တချို့တပည့်တွေအတွက် Hero
တစ်ယောက်ပါလို့ကိုယ့်ကိုယ့်ကို ထင်ခဲ့မိတယ်။
တကယ်တော့ အဲဒီတပည့်တွေက
ကိုယ့်ကို သတိရပုံတောင် မပေါ်ဘူး။

ဒါပေမယ့် ကိုယ်သတိမထားမိတဲ့
တပည့်တွေက ကိုယ့်ကို Hero တစ်ယောက်အဖြစ်
သတ်မှတ်ထားတာရှိတယ်ဆိုတာကို တွေ့လာရတယ်။

အောင်ချက်နဲ့ ဂုဏ်ထူးက
ဆရာတွေအတွက် ဂုဏ်ယူစရာဖြစ်နေခဲ့တော့
ပညာမတော်တဲ့တပည့်လေးတွေက
ဂုဏ်ငယ်စရာတွေ ပေးသလို ဖြစ်နေခဲ့တယ်။

အခုတော့ နားလည်လာပါပြီ။
ကျွန်တော်တို့ကိုယ်တိုင်က ပညာနောက်လိုက်ရင်း
စိတ်ဓာတ်နဲ့ စည်းကမ်းတွေကို မေ့လာကြတယ်။

စိတ်ဓာတ်လေးတွေကို ပြင်ပေးဖို့ထက်
ကျက်ထား, တွက်ထားတဲ့စာအမှားတွေကို
ပြင်ပေးဖို့ စိတ်သန်နေခဲ့တယ်။

လူ့ဘောင်စည်းမျဉ်းနဲ့အညီ နေတတ်ဖို့ထက်
အမှတ်ပေး စည်းမျဉ်းနဲ့အညီ
ဖြေတတ်ဖို့ကိုပဲ ဦးစားပေးခဲ့မိတယ်။

တက္ကသိုလ်မှာအပျော်လွန်ပြီး
စာမေးပွဲကျတဲ့တပည့်တွေရဲ့သတင်းတွေ
ကြားမိတော့ ပုစ္ဆာတွက်နည်းတွေပဲ သင်ပေးခဲ့မိပြီး
ကိုယ့်ဘဝကိုယ် ထိန်းနည်းတွေ မသင်ပေးခဲ့မိတဲ့
ကျွန်တော့်ကိုကျွန်တော် စိတ်မသန့်ဘူး။

ပညာမတော်ချင်နေ ဘဝမှာ စိတ်ဓာတ်နဲ့
စိတ်ကမ်းကောင်းရင် ထိပ်ဆုံးကို
ရောက်နိုင်သေးတယ်ဆိုတာ တပည့်တွေကို
ပြောပြဖို့ အကြိမ်ကြိမ် ဆွံ့အခဲ့မိတယ်။

တပည့်တို့ရေ ဆရာ့ကို ခွင့်လွှတ်ပေးကြပါ။
အောင်ချက်နဲ့ဂုဏ်ထူးက လောလောဆယ်
နိုင်ငံတော်ရဲ့ အလိုချင်ဆုံး Product တွေ
ဖြစ်နေတော့ စိတ်ဓာတ်နဲ့ စည်းကမ်းပိုင်းကို
တော်တော်လေး မလေးမထား ပေါ့လျော့မိခဲ့ပါတယ်။

စာရိတ္တအချိန်တိုင်း Physics စာအုပ်ယူခိုင်းတုန်းက
ယူခိုင်းပြီးမှ ကျွန်တော် တပည့်တွေထဲက
တချို့က ဆရာတွေကို နှုတ်ဆက်ဖော်တောင်
မရဘူးလို့ ပြောရင် ကျွန်တော်ပဲ လွန်မှာပေါ့။

ကာယအချိန်အတိုင်း အင်္ဂလိပ်စာတွေ
သင်ပေးခဲ့ပြီးမှ နောက်လာတဲ့ကလေးတွေ အားကစားမှာ
ညံ့လာတယ်လို့ ကျွန်တော် မဝေဖန်ရဲတော့ဘူး။

ပန်ချီ,ရသ,သက်မွေးချိန်မှာ
သင်ရိုးနောက်မမှီတဲ့ဘာသာကို အစားထိုး
တွန်းတိုက်သင်တုန်းကသင်ပြီးမှ ခေတ်ကလေးတွေ
တိုင်းတစ်ပါးယဉ်ကျေးမှုကို အထင်ကြီးလာတဲ့
အကြောင်း အာမချောင်ချင်တော့ဘူး။

ဘဝချိန်မှာ ဘာသင်ရတာလဲတောင် မသိတဲ့
ကလေးတွေ အများဆိုတော့ လူမှုနေထိုင်ရေးနဲ့
ဆက်ဆံရေးမှာ ဘယ်လိုယဉ်ကျေးလာတော့မလဲ။

အောင်ချက်နဲ့ ဂုဏ်ထူး အရေးကြီးတဲ့စနစ်မှာ
ဒါတွေကို တကူးတက လာသင်ပေးနေရင်ရော
ဘယ်သူက အလေးထားပါ့မလဲ။

ပြောရင် မုန့်လုံးစက္ကူကပ်လာနိုင်တယ်။

အစွယ်လိုသူရယ်, အသွားစေခိုင်းသူရယ်
လေးပစ်သူ ကျွန်တော်တို့ရယ် အားလုံးက
တစ်လမ်းတည်း လျှောက်လာတာပဲလေ။

ပညာတော်ပေမယ့် စိတ်ဓာတ်ပျက်လာတဲ့
တပည့်တွေနဲ့ စည်းကမ်းလိုက်နာနိုင်စွမ်းနည်းတဲ့
တပည့်တွေကို မြင်မိတိုင်း ကိုယ်လည်း
ကြံရာပါတစ်ယောက်ဖြစ်ခဲ့သလို ခံစားမိရင်း.....။

Credit : ဆရာငယ်
❤4
ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံ့ကြပါစို့
======================
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေ ၂၃ ရက်မှ ၃၁ ရက်နေ့အထိ သတ်မှတ်ထားပြီး ၅ နှစ်အရွယ် ကလေးများကို သူငယ်တန်း(KG) သို့ အပ်နှံရန်နဲ့ ၆ နှစ်အရွယ် ကလေးများကို ပထမတန်း(Grade-1) သို့ အပ်နှံကြပါရန် အသိပေးတိုက်တွန်း နှိုးဆော်အပ်ပါတယ်...
❤1
ဆိုင်ကလုန်းမုန်တိုင်းသတိပေးချက် အမှတ်စဉ်(ဝ၆/၂၀၂၃)
====================================
(၂၀၂၃ ခုနှစ်၊ မေလ ၁၁ ရက်နေ့ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
=============================================

(က) ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အခြေအနေ
-------------------------------------------------------
(၁) ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “မိုခါ(MOCHA)”အဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၃၆၅)မိုင်ခန့်၊ ဟိုင်းကြီး ကျွန်းမြို့(Hainggyigyun)၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၄၇၅) မိုင်ခန့်၊ စစ်တွေမြို့ (Sittwe)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၆၁၅) မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နီကိုးဘားကျွန်း(Nicobar Islands)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၄၁၅)မိုင်ခန့်၊ ပို့ပလဲယား(Port Blair)၏ အနောက်-အနောက်တောင်ဘက် ရေမိုင်(၂၈၀)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၆၆၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(၂) ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “မိုခါ(MOCHA)”၏ လက်ရှိအခြေ အနေမှာ ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်သည့် အခြေအနေရှိပါသဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ပါသည်။

(ခ) ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “မိုခါ(MOCHA)”၏ တည်နေရာ၊ ဗဟိုချက် လေဖိအားနှင့် လေတိုက်နှုန်း
---------------------------------------------------------------------------
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “မိုခါ(MOCHA)”သည် မြန်မာစံ တော်ချိန် (၀၆:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၁၁.၀)ဒီဂရီနှင့် အရှေ့လောင် ဂျီကျု (၈၈.၀)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၈)ဟက်တိုပါစကယ်နှင့် အမြင့် ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်နှုန်းခန့် ဖြစ်ပါသည်။

(ဂ) နောက်(၄)ရက်အတွင်း ခန့်မှန်းချက်
-----------------------------------------
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “မိုခါ(MOCHA)”သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး၊ ယနေ့ညပိုင်းတွင် အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း(Severe Cyclonic Storm) “မိုခါ(MOCHA)”အဖြစ်သို့လည်းကောင်း၊ (၁၂.၅.၂၀၂၃)ရက်နေ့တွင် မြောက်-အရှေ့မြောက်ဘက်သို့ တဖြည်းဖြည်းကွေ့ကာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “မိုခါ(MOCHA)” အဖြစ်သို့လည်းကောင်း ရောက်ရှိ နိုင်ပါသည်။ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “မိုခါ(MOCHA)”သည် (၁၄.၅.၂၀၂၃)ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ တောင်ပိုင်းနှင့် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကမ်းခြေကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့(Kyaukpyu) တို့ကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရပါသည်။

(ဃ) သတိပေးနှိုးဆော်ချက်
------------------------------
(၁) ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)“မိုခါ(MOCHA)”၏အရှိန်ကြောင့် ယနေ့ နံနက်မှ (၁၅.၅.၂၀၂၃)ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီး၊‌ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည် နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့ အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင် ပါသည်။
(၂) သို့ဖြစ်ပါ၍ နောက်(၂၄)နာရီအတွင်း မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)ခန့်အထိ တိုက်ခတ်နိုင်ပြီး၊ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၁) ပေခန့် ရှိနိုင်ပါသည်။ (၁၂.၅.၂၀၂၃)ရက်နေ့မှ (၁၄.၅.
၂၀၂၃)ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်း အလွန်ကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၈၀)မှ မိုင်(၁၀၀)ခန့်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်း အမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင် (၁၃)ပေမှ (၁၆)ပေခန့် ရှိနိုင်ပါသည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်ခန့်အထိ တိုက်ခတ် နိုင်ပါသည်။ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၂)ပေခန့် ရှိနိုင်ပါသည်။
(၃) ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)“မိုခါ(MOCHA)”သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ အရှေ့တောင်ပိုင်းနှင့် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကမ်း ခြေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့(Kyaukpyu)တို့ကြားမှ ဖြတ်ကျော်စဉ် အမြင့်ဆုံးလေတိုက် နှုန်းမှာ တစ်နာရီလျှင် မိုင်(၉၀)မှ (၁၀၀)ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါသည်။
(၄) မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ မောင်တော ခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း (၁၀)ပေမှ (၁၄) ပေခန့်အထိနှင့် ကျောက်ဖြူခရိုင်ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း (၇)ပေမှ (၁၀)ပေခန့် အထိ မြင့်တက်လာနိုင်ကြောင်းခန့်မှန်းရပါသည်။

(င) အကြံပြုချက်
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “မိုခါ(MOCHA)”၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှု အန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်း ငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သော ကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရှောင်ရှား နိုင်ပါရန်နှင့် ပြည်သူလူထုအနေဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့် တပြေးညီထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့် ကြိုတင်ပြင်ဆင် မှုများကို ဆောင်ရွက်သွားနိုင်ပါရန် အကြံပြုအပ်ပါသည်။


(မှတ်ချက် ။ ။မိုးဇလ၏ ထုတ်ပြန်ချက် ဖြစ်သည်)
May 11

မုန်တိုင်း၏လားရာအားကြိုတင်သိနိုင်သည့် ဤlink တွင်ကြည့်ရူ့၍ အားလုံးပြင်ဆင်နိုင်ကြရန်ဖြစ်ပါသည်

https://zoom.earth/storms/91b-2023/


လတ်တလော ဦးတည်နေသည်မှာ စစ်တွေဖက်ဖြစ်နေပြီဖြစ်သည်။ကုန်းတွင်းပိုင်းရောက်၍ အားပျော့လျှင်တောင် တနာရီလျှင် မိုင်၁၀၀နူန်းမှစ၍ အားပျော့မည့်ပုံပြနေသည်။
ပညာရေးဝန်ကြီးဌာန၊အခြေခံပညာဦးစီးဌာန၏
“၂၀၂၃-၂၀၂၄ ပညာသင်နှစ်”အတွက်
ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများအားလုံး
သိရှိလိုက်နာရမည့်အချက်များ


* မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်း/လက်ခံခြင်းမပြုရ။

* ငွေကြေး/လက်ဆောင်ပစ္စည်း တစ်စုံတစ်ရာ လက်ခံခြင်းမပြုရ။

* အတန်းတံဆိပ်၊ ကျောင်းတံဆိပ်နှင့် အခြားမည်သည့်ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုရ။

* ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းဆောင်ရွက်တတ်ရေး၊ ကျောင်းတက်မှန်ရေး၊ အိမ်စာများကိုနေ့စဉ်လုပ်ဆောင်ရေး၊ မိဘများနှင့် ပူးပေါင်းဆွေးနွေး ဆောင်ရွက်ပေးပါရန်။

* ပညာသင်ကာလအတွင်း စစ်ဆေးအကဲဖြတ်ခြင်းအား ညွှန်ကြားချက်များအတိုင်း စစ်ဆေးရန်။

* ကျောင်းထွက်သူလုံးဝမရှိစေရေးနှင့် အလယ်တန်း၊ အထက်တန်းအဆင့်များသို့ အဆင့်ဆင့်ဆက်လက်ပညာသင်ယူနိုင်ရေးအတွက် မိဘများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ရန်။

* မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး၊ အရက်၊ ဘီယာ၊ စီးကရက်၊ ကွမ်းယာ မသုံးစွဲရေး မိဘပြည်သူ အားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန်။

* ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး .. မိဘပြည်သူ အားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန်။

** ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုပုံစံများ စွဲမြဲဆောင်ရွက်တတ်ရန် အသိပညာပေးရေး မိဘ ပြည်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန်။

* ကျောင်းသား၊ ကျောင်းသူများ ဂိမ်းစွဲလမ်းမှုပပျောက်စေရေး မိဘပြည်သူအားလုံးနှင့်ပူးပေါင်းဆောင်ရွက်ရန်

* နှာစေး၊ ချောင်းဆိုး၊ ကိုယ်အပူချိန်မြင့်မားလျှင် ကျောင်းသို့မလာဘဲ နီးစပ်ရာကျန်းမာရေးဆေးခန်း၊ ဆေးရုံသို့ သတင်းပို့ရန်နှင့်
ဆေးကုသမှုခံယူရန်။

* အသက်(၁၂)နှစ်ပြည့်ပြီး ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးနိုင်ရေး သက်ဆိုင်ရာကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်းဆောင်ရွက်ရန်။

ပညာရေးဝန်ကြီးဌာန