Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.7K subscribers
3.82K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
နိုင်ငံ့ဝန်ထမ်းများအားလုံး မဖြစ်မနေသိထားသင့်ပါတယ်
လုပ်သက် ၁၅နှစ်ကျော်ပြီး
တံဆိပ်တခုမှ မရသေးဘူးလို့ ညီငယ်တွေက
ပြောပြောနေကြလို့ပါ..... တင်ပေးလိုက်ပါတယ်

နိုင်ငံ့ဝန်ထမ်းများအား
စွမ်းဆောင်မှုအတွက်ချီးမြှင့်ရန်
သတ်မှတ်ပြဌာန်းထားသော
ဂုဏ်ထူးဆောင်တံဆိပ် (၁၆)မျို း ရှိပါသည်။
ယင်းတံဆိပ်(၁၆)မျိုး းတွင် နယ်ဘက်ဝန်ထမ်းများရရှိနိုင်
သည့် ဂုဏ်ထူးဆောင်တံဆိပ်မှာ(၄)မျို းသာရှိပါသည်။
၄င်းတို့မှာ--
(၁) နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ်
(၂) ငြိမ်ဝပ်ပိပြားရေးနှင့်တရားဥပဒေစိုးရေးတံဆိပ်
(၃) ပြည်သူ့ဝန်ထမ်းတံဆိပ်
(၄) ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်

တံဆိပ်ချီးမြှင့်ရန်
သတ်မှတ်အရည်အချင်းနှင့်ခံစားခွင့်များ--

(၁)နိုင်ငံတော်အေးချမ်းသာယာရေး
တံဆိပ်

၁၉၈၆ -ခုနှစ် နိုဝင်ဘာလ(၁၆)ရက်နေ့မှ ၁၉၈၇-ခုနှစ်
ဇန်နဝါရီလ(၆)ရက်အထိ(၅၂)ရက်တာကာလတွင် နိုင်ငံ့ဝန်ထမ်းအဖြစ်တာဝန် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ဌာနဆိုင်ရာအရေးယူခံရဖူးခြင်း မရှိသူဖြစ်ရပါမည်။
ယင်းတံဆိပ်ရရှိပြီးသူအား ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်အတွက်
အမှတ် ၂ မှတ် ရေတွက်ခွင့်ပြုပါသည်။

(၂)ငြိမ်ဝပ်ပိပြားရေးနှင့်တရားဥပဒေစိုးမိုးရေးတံဆိပ်

နိုင်ငံ့ဝန်ထမ်းလုပ်သက်တစ်ဆက်တည်(၂)နှစ်ထမ်းဆောင်ခဲ့သော ဌာနဆိုင်ရာအရေးယူခံရဘူးခြင်းမရှိသူဖြစ်ရပါမည်။
ယင်းတံဆိပ်ရရှိပြီးသူအား ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်အတွက်အမှတ် ၂ မှတ် ရေတွက်ခွင့်ပြုပါသည်။

(၃)ပြည်သူ့ဝန်ထမ်းတံဆိပ်

နိုင်ငံ့ဝန်ထမ်းလုပ်သက်တစ်ဆက်တည်း(၁၅)နှစ်ထမ်းဆောင်ပြီး
ဌာနဆိုင်အရေးယူခံရဖူးခြင်းမရှိသူဖြစ်ရပါ
မည်။ယင်းတံဆိပ်ရရှိပြီးသူအား ပြည်သူ့ဝန်ထမ်းကောင်း
တံဆိပ်အတွက် အမှတ် ၂ မှတ် ရေတွက်ခွင့်ပြုပါသည်။

(၄)ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်

နိုင်ငံ့ဝန်ထမ်းလုပ်သက်တစ်ဆက်တည်း(၂၆)နှစ်ထမ်း
ဆောင်ခဲ့သော ဌာနဆိုင်ရာအရေးယူခံရဖူးခြင်းမရှိသူဖြစ်
ကာ ၊ ယင်းတံဆိပ်အတွက်ပေးမှတ် အမှတ် ၃၀ ပြည့်သူ
ဖြစ်ရပါမည်။ပေးမှတ်ကို အောက်ပါနည်းလမ်းအတိုင်း ရေ
တွက်ခွင့်ပြုပါသည်။
လုပ်သက် ၁ နှစ် ၁မှတ်နှုန်းဖြင့် လုပ်သက် ၂၆ နှစ်အတွက်
ရေတွက်ခွင့်ပြုပါသည်။(ထို့ကြောင့် လုပ်သက် ၂၆ နှစ်ကျော်
သော်လည်း လုပ်သက်အတွက်ရမှတ် ၂၆ မှတ်သာရရှိနိုင်
ပါသည်)

နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ်ရရှိပါက ၂ မှတ်

ငြိမ်ဝပ်ပိပြားရေးနှင့်တရားဥပဒေစိုးမိုးရေးတံဆိပ်ရရှိပါက
၂ မှတ်

ပြည်သူ့ဝန်ထမ်းတံဆိပ် ရရှိပါက ၂ မှတ်
စုစုပေါင်း ၃၁ မှတ်ရရှိပါသည်။

ထို့ကြောင့် အမှတ်ရေတွက်ခွင့်ရှိ ဂုဏ်ထူးဆောင်တံဆိပ်
၂ မျို းရရှိထားပြီး နိုင်ငံ့ဝန်ထမ်းလုပ်သက် ၂၆ နှစ်ပြည့်သူ
တာဝန်ထမ်းဆဲဝန်ထမ်းနှင့် အငြိမ်းစားဝန်ထမ်းများသည်
ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ် ချီးမြှင့်ရန် သတ်မှတ်ချက်
နှင့်ကိုက်ညီသူများဖြစ်ပါသည်။
ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိသူသည်နိုင်ငံတော်အစိုး
ရ၏တစ်လုံးတစ်ခဲတည်းချီးမြှင့်ငွေကျပ်တစ်သိန်းခွဲကို ရရှိခံ
စားခွင့်ရမည်ဖြစ်ပါသည်။
(အမှတ်ရေတွက်ခွင့်ရှိ ဂုဏ်ထူးဆောင်တံဆိပ်များရရှိခဲ့
သည့် ခုနှစ်၊ ချီးမြှင့်သည့်ပြန်တမ်းအမှတ်နှင့်နေ့စွဲ၊ မိမိအ
မည်ပါ ပြန်တမ်းစာမျက်နှာမိတ္တူ စသည်တို့တင်ပြနိုင်ရန်
လိုပါသည်)
မူရင်းရေးသားသူ.....
Crd.HK
👍1
SIF (ကျောင်းဖွံ့ဖြိုးတိုးတက် မှု ရန်ပုံငွေ) အကြောင်း တစေ့တစောင်း
~~~~~~~~~
ပညာရေးဝန်ကြီးဌာန၏ အခြေခံပညာကဏ္ဍတွင် ကျောင်းဖွံ့ဖြိုးတိုးတက ်မှု အထောက်အကူပြု ရန်ပုံငွေများ ထောက်ပံ့ပေးသည့်အစီအစဥ်ကို ၂၀၁၂-၂၀၁၃ ပညာသင်နှစ်၌ စတင်ကာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

နိုင်ငံတော်၏ Frame-work of Social and Economic Reform - FESR အစီအစဥ်အရ ဆောင်ရွက်သည့် အစီအစဥ်တစ်ရပ်လည်း ဖြစ်သည်။ FESR ဆိုသည်မှာ လူမှု-စီးပွားရေး ပြုပြင်ပြောင်းလဲမှု အညွှန်းဘောင်ဟု အဓိပ္ပာယ်ရသည်။ အခြေခံပညာကျောင်းများ၏ လုပ်ငန်းများကို ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန် ဘဏ္ဍာရေးအရင်းအမြစ်များ ရန်ပုံငွေပေးသည့် အစီအစဥ် ဖြစ်သည်။

‎ကျောင်းဖွံ့ဖြိုးတိုးတက ်မှု ရန်ပုံငွေများအား
(၁) အခြေခံပညာအရည်အသွေးနှင့် သင်ယူမှုအခွင့်အလမ်းကို ပိုမိုမြင့်မားလာစေရန်၊
(၂) ပြည်သူလူထုထံမှ ထည့်ဝင်နေရသည့် ထောက်ပံ့ငွေပမာဏကို လျှော့ချနိုင်စေရန်၊
(၃) အခြေခံပညာကျောင်းများ၏ အရည်အသွေးမီ သင်ကြားသင်ယူမှု ပတ်ဝန်းကျင် ဖြစ်ထွန်းပေါ်ပေါက်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်နေကြခြင်း ဖြစ်သည်။

‎ကျောင်းဖွံ့ဖြိုးတိုးတက ်မှု ရန်ပုံငွေများကို ပညာရေးဝန်ကြီးဌာနအောက်ရှိ ထက်၊ လယ်၊ မူဆင့်ရှိသော အခြေခံပညာကျောင်းများ၊ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအားလုံး ရရှိပါသည်။
‎ကျောင်းဖွံ့ဖြိုးတိုးတက ်မှု ရန်ပုံငွေများအား ပထမအရစ်၊ ဒုတိယအရစ်ဟူ၍ ကျောင်းသားလချုပ်စာရင်းအရ ခွဲဝေသတ်မှတ် ထုတ်ပေးလျက်ရှိပါသည်။

မူလတန်းကျောင်းများ၊ မူလတန်းကျောင်းခွဲများနှင့် အလယ်တန်းကျောင်းများ၊ အလယ်တန်းကျောင်းခွဲများအတွက် ခွဲဝေရန် ပမာဏသတ်မှတ်ချက ်မှာ

ကျောင်းသား တစ်ဦးမှ (၅၀) ဦးအထိ လေးသိန်းကျပ် (၂၀၀၀၀၀ + ၂၀၀၀၀၀)၊

ကျောင်းသား (၅၁) ဦးမှ (၁၀၀) ဦးအထိ ရှစ်သိန်းကျပ် (၄၀၀၀၀၀ + ၄၀၀၀၀၀)၊

ကျောင်းသား (၁၀၁) ဦးမှ (၂၀၀) ဦးအထိ ဆယ်သိန်းကျပ် (၅၀၀၀၀၀ + ၅၀၀၀၀၀)၊

ကျောင်းသား (၂၀၁) ဦးမှ (၃၀၀) ဦးအထိ တစ်ဆယ့်နှစ်သိန်းကျပ် (၆၀၀၀၀၀ + ၆၀၀၀၀၀)၊

ကျောင်းသား (၃၀၁) ဦးမှ (၄၀၀) ဦးအထိ တစ်ဆယ့်လေးသိန်းကျပ် (၇၀၀၀၀၀ + ၇၀၀၀၀၀)၊ ကျောင်းသား (၄၀၁) ဦးမှ (၅၀၀) ဦးအထိ တစ်ဆယ့်ခြောက်သိန်းကျပ် (၈၀၀၀၀၀ + ၈၀၀၀၀၀) ဖြစ်သည်။

‎ကျောင်းသား (၅၀၁) ဦးမှ (၇၀၀) ဦးအထိ တစ်ဆယ့်ရှစ်သိန်းကျပ် (၉၀၀၀၀၀ + ၉၀၀၀၀၀)၊

ကျောင်းသား (၇၀၁) ဦးမှ (၉၀၀) ဦးအထိ နှစ်ဆယ့်နှစ်သိန်းကျပ် (၁၁၀၀၀၀၀ + ၁၁၀၀၀၀၀)၊

ကျောင်းသား (၉၀၁) ဦးမှ (၁၁၀၀) ဦးအထိ နှစ်ဆယ့်ခြောက်သိန်းကျပ် (၁၃၀၀၀၀၀ + ၁၃၀၀၀၀၀)၊

ကျောင်းသား (၁၁၀၁) ဦးမှ (၁၅၀၀) ဦးအထိ သိန်းသုံးဆယ်ကျပ် (၁၅၀၀၀၀၀ + ၁၅၀၀၀၀၀)၊

ကျောင်းသား (၁၅၀၁) ဦးမှ (၂၀၀၀) ဦးအထိ သုံးဆယ့်လေးသိန်းကျပ် (၁၇၀၀၀၀၀ + ၁၇၀၀၀၀၀)၊

ကျောင်းသား (၂၀၀၁) ဦးမှ (၂၅၀၀) ဦးအထိ သုံးဆယ့်ရှစ်သိန်းကျပ် (၁၉၀၀၀၀၀ + ၁၉၀၀၀၀၀)၊

ကျောင်းသား (၂၅၀၁) ဦးနှင့်အထက်ကို လေးဆယ့်နှစ်သိန်းကျပ် (၂၁၀၀၀၀၀ + ၂၁၀၀၀၀၀) ဟု ခွဲဝေသတ်မှတ်ပေးလျက် ရှိသည်။

‎အထက်တန်းကျောင်းများ၊ အထက်တန်းကျောင်းခွဲများအတွက် တစ်နှစ်စာ ခွဲဝေပေးရန် ပမာဏ သတ်မှတ်ချက ်မှာ
ရန်ပုံငွေ = ၅၀၀၀၀၀ + (၅၀၀၀ × ကျောင်းသားဦးရေ) ဖြစ်သည်။

ဥပမာအားဖြင့် ကျောင်းသား (၃၀၀) ဦး ရှိသော အထက်တန်းကျောင်း တစ်ကျောင်း၏ တစ်နှစ်အတွက် ရရှိမည့် ရန်ပုံငွေတွက်ချက်မှု ပုံစံမှာ အောက်ပါအတိုင်းဖြစ်သည်။

ရန်ပုံငွေ = ၅၀၀၀၀၀ + (၅၀၀၀ × ၃၀၀၀)
ရန်ပုံငွေ = ၂၀၀၀၀၀၀ ကျပ်

‎ထိုကျောင်းဖွံ့ဖြိုးတိုးတက ်မှု ရန်ပုံငွေများကို ကျောင်းများအနေဖြင့် သုံးစွဲခွင့်ရှိသော ဘတ်ဂျက်ခေါင်းစဥ် (၁၃) ခု ရှိသည်။

(၀၂၀၁)
ပြည်တွင်းခရီးစရိတ်
‎ကျောင်းအုပ်ကြီးများ၊ ဆရာ၊ဆရာမများအနေဖြင့် ပညာရေးဆိုင်ရာလုပ်ငန်းများအတွက် ဆောင်ရွက်ရသည့် သွားလာမှုများတွင် အမှန်တကယ် ကုန်ကျသော စရိတ်များကို သုံးစွဲရန်ဖြစ်ပါသည်။

(၀၃၀၁)
လုပ်အားစရိတ်
‎ကာယလုပ်အားနှင့် ဉာဏလုပ်အားတို့အတွက် ရှောင်တခွင် ခေါ်ယူဆောင်ရွက်စေခြင်းများအတွက် အမှန်တကယ် ကုန်ကျသော စရိတ်များကို သုံးစွဲရန်ဖြစ်ပါသည်။

(၀၃၀၃)
ငှားရမ်းခ
‎ကျောင်းလုပ်ငန်းများ ဆောင်ရွက်ရာ၌ လိုအပ်သောပစ္စည်းများကို ငှားရမ်းရန် လိုအပ်ပါက ငှားရမ်းမှုပြုရသည့် စရိတ်များ၊ မော်တော်ယာဉ်များ စသည့် ငှားရမ်းသွားလာရခြင်းများအတွက် အမှန်တကယ် ကုန်ကျသော စရိတ်များကို သုံးစွဲရန်ဖြစ်ပါသည်။

(၀၃၀၄)
သယ်ယူပို့်ဆောင်ခ
‎ပြည်တွင်းခရီးစရိတ်အား ရပိုင်ခွင့်မရှိသူများနှင့် ကျောင်းလုပ်ငန်းဆိုင်ရာ ပစ္စည်းများအား သယ်ယူပို့ဆောင်မှုများအတွက် အမှန်တကယ် ကုန်ကျသော စရိတ်များကို သုံးစွဲရန်ဖြစ်ပါသည်။

(၀၃၀၅)
ရုံးအသုံးအဆောင်ပစ္စည်းများ
‎စာရေးကိရိယာများနှင့် ရုံးလုပ်ငန်းဆိုင်ရာ ပစ္စည်းများ၊ ကွန်ပျူတာ၊ ပရင့်တာတို့နှင့် ဆက်စပ်အသုံးပြုရသော ပစ္စည်းများ ဝယ်ယူအသုံးပြုမှုအတွက် အမှန်တကယ် ကုန်ကျသောစရိတ်များကို သုံးစွဲရန်ဖြစ်ပါသည်။
(၀၃၀၇)
တံဆိပ်ခေါင်း၊ ကြေးနန်း၊ တယ်လီဖုန်း
ရုံးကိစ္စအတွက် ဆက်သွယ်ဆောင်ရွက်ရာ၌ ကုန်ကျသော တံဆိပ်ခေါင်း၊ ကြေးနန်း၊ တယ်လီဖုန်း၊ အင်တာနက် အသုံးပြုမှုများအတွက် အမှန်တကယ် ကုန်ကျသော စရိတ်များကို သုံးစွဲရန်ဖြစ်ပါသည်။

(၀၃၀၈)
လျှပ်စစ်မီးနှင့် ဓာတ်အားခ
‎ကျောင်းများ၌ အသုံးပြုသော လျှပ်စစ်မီးနှင့် အခြားဓာတ်အားခများအတွက် အမှန်တကယ် ကုန်ကျသော စရိတ်များကို သုံးစွဲရန်ဖြစ်ပါသည်။

(၀၃၀၉)
စာအုပ်၊ စာနယ်ဇင်း၊ သတင်းစာ
‎ရုံး၊ ကျောင်းများရှိ စာကြည့်တိုက်များတွင် ထားရှိရန် မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်းစာ၊ စာစောင်များ ဝယ်ယူရာ၌ အမှန်တကယ် ကုန်ကျသော စရိတ်များကို သုံးစွဲရန်ဖြစ်ပါသည်။

(၀၃၁၃)
လုပ်ငန်းသုံးပစ္စည်းများ
‎သင်ကြားသင်ယူမှု အထောက်အကူပြု ပစ္စည်းများ၊ ကျောင်း၌လိုအပ်သော အလွယ်တကူ ပျက်ဆီးလွယ်သည့် ပစ္စည်းများ၊ အားကစားဆိုင်ရာ ပစ္စည်းများနှင့် ဆေးဝါးများ ဝယ်ယူရာ၌ အမှန်တကယ် ကုန်ကျသော စရိတ်များကို သုံးစွဲရန်ဖြစ်ပါသည်။

(၀၃၁၄)
အစားအစာနှင့် ရိက္ခာ
‎အဆောင်နေ ကျောင်းသား၊ ကျောင်းသူများအပါအဝင် တစ်ဦးချင်း ရပိုင်ခွင့် အနေဖြင့် မဟုတ်ဘဲ အစိုးရအနေဖြင့် နေ့စဥ် ကျွေးမွေးထောက်ပံ့မှုများတွင် အမှန်တကယ် ကုန်ကျသော စရိတ်များကို သုံးစွဲရန်ဖြစ်ပါသည်။

(၀၃၂၀)
ပုံနှိပ်နှင့် စာအုပ်စာတမ်းများ ထုတ်ဝေခ
‎ကွန်ပျူတာ၊ စာစီစာရိုက်ခ၊ မိတ္တူကူးခ စသည့်တို့နှင့် ပတ်သက်၍ စာရွက်ဖိုး၊ စာအုပ်ချုပ်ခတို့၌ အမှန်တကယ် ကုန်ကျသော စရိတ်များကို သုံးစွဲရန်ဖြစ်ပါသည်။

(၀၃၂၅)
ပြပွဲ၊ ပြိုင်ပွဲများ
‎ပြပွဲ၊ ပြိုင်ပွဲများအတွက် မဖြစ်မနေ အသုံးပြုမှုတို့တွင် အမှန်တကယ် ကုန်ကျသော စရိတ်များကို သုံးစွဲရန်ဖြစ်ပါသည်။

(၀၄၀၉)
အခြား
‎ကျောင်းအဆောက်အဦး၊ ပရိဘောဂများ၊ လမ်းများနှင့်ပတ်သက်၍ ပြုပြင်ထိန်းသိမ်းခြင်း၊ ခြံစည်းရိုး၊ အမိုး၊ အိမ်သာများ ပြုပြင်ထိန်းသိမ်းခြင်း၊ စာအုပ်စင်၊ စာရေးစားပွဲနှင့် ထိုင်ခုံများ ပြုပြင်ခြင်းတို့အတွက် အမှန်တကယ် ကုန်ကျသော စရိတ်များကို သုံးစွဲရန်ဖြစ်ပါသည်။

‎ကျောင်းဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေများအတွက် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ အနေဖြင့် အထူးသတိပြုရမည့်အချက်မှာ ရန်ပုံငွေ အသုံးပြုမှုနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု၊ ညှိုနှိုင်းတိုင်ပင် ဆောင်ရွက်မှုများ ပြုလုပ်ကာ စနစ်တကျ အသုံးပြုကြရမည် ဖြစ်သည်။

‎ငွေကြေးအရှုပ်အရှင်း မဖြစ်ပေါ်စေရန် ကျောင်းဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေ ကော်မတီ (ကျောင်းထောက်ပံ့ကြေး ကော်မတီ) ကို ဖွဲ့စည်းထားရှိရမည် ဖြစ်သည်။ ယင်းကော်မတီတွင် ကျောင်းအုပ်ကြီးသည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရမည်ဖြစ်ပြီး ကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းတိုင်ပင်ကာ အထက်ဖော်ပြပါ ဘတ်ဂျက်ခေါင်းစဥ် (၁၃) ခုထဲမှ ကျောင်းဖွံ့ဖြိုးတိုးတက ်မှုအတွက် ရွေးချယ် အသုံးပြုကြရမည် ဖြစ်သည်။

‎သို့ဖြစ်ပါ၍ နိုင်ငံတော်မှ ပညာရေးတိုးတက်မှုအတွက် နှစ်စဉ်သတ်မှတ် ခွဲဝေပေးနေသော ကျောင်းဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေများကို အကျိုးရှိစွာ သုံးစွဲရင်း နိုင်ငံတော်အတွက် ပြည့်စုံတိုးတက်ကောင်းမွန်သော စာသင်ကျောင်းများ ထူထောင်ကြပါစို့ဟု တိုက်တွန်းရေးသား တင်ပြအပ်ပါသည်။ ။

မှော်ဝန်းသီဟ

ကိုးကား-
ကျောင်းဖွံ့ဖြိုးတိုးတက ်မှု အထောက်အကူပြု အစီအစဥ်ဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော်ရေး လမ်းညွှန်စာအုပ်။

Academic Weekly Educational Journal (Senior)
Vol.9 , No.3
16.1.2020 (Thursday)
တောရှစ်မျိုး

၁။ မြိုင်
၂။ ဂနိုင်
၃။ ရဂုံ
၄။ စုံ
၅။ ခင်တန်း
၆။ ပြား
၇။ အင်တိုင်း
၈။ စေးပျစ် ဟူ၍ ဖြစ်လေသည်။

မြိုင် ---
စိမ့်စမ်း သစ်ပင်တို့ဖြင့် ဝေဆာသော တောမျိုး

ဂနိုင် --- အလွန် နက်ရှိုင်း ထူထပ်သော တောမျိုး

ရဂုံ ----
သာယာလျှက် ကြည်နူး ပျော်ရွှင်ဘွယ် ကောင်းသော တောမျိုး

စုံ ----
တစ်တောနှင့် တစ်တော ဆက်စပ်နေလျှက်
လမ်းခရီးရှိသည့် တောမျိုး

ခင်တန်း ----
ချုံကြီး ချုံငယ်များ ပြွမ်းတီး စီတန်းကာ အမြင့် အနိမ့် အလိုက် ပေါက်ရောက်နေသော တောမျိုး

ပြား ---- ညွံထူထပ်သော တောမျိုး

အင်တိုင်း ----
ကျောက်တန်း ကျောက်စရစ် ထူပြော၍မြက်များ ရောနှော ပေါက်တတ်သည့်တောမျိုး

စေးပျစ် ----
စည်းရိုးသဖွယ် ဖြစ်နေအောင် ထူထူထပ်ထပ်သစ်ပင် ပေါက်တတ်သည့် တောမျိုး

ဤတော ရှစ်မျိုးကို ခြုံ၍ ကဗျာတစ်ပုဒ်ဖြစ်
အောင် စပ်ဆို ခဲ့ကြလေသည် ။

စိမ့်စမ်းဝေဆာ ၊ တပြားလွန်နက် ၊ တစ်ချက်သာမော ၊
သကော့တသီး၊ လမ်းခရီးနှင့် ၊ ချုံကြီးချုံငယ် ၊ တသွယ်ညွန်ထူ ၊ တမူကျောက်ပေါ ၊ မြက်နှောသဏ္ဍာန် ၊ တတန်စည်းရိုး ၊ ပြည့်ဖြိုး သစ်ပင်
ဤရှစ်အင်သည် ခေါ်တွင် ကျော်ဟိုး တောရှစ်မျိုး
ဟူသတည်း ။

မူရင်းရေးသူ
ဆရာကြီးဦးဟုတ်လင်း
ကမ္ဘာ့ဘဏ်ကပေးတဲ့ ရာနှုန်းပြည့် ပညာတော်သင်ဆု ဘွဲ့ရမြန်မာတွေ လျှောက်ထားနိုင်

၂၀၂၃ခု ဧပြီ ၆

ဘွဲ့ရပြီးတဲ့ မြန်မာနိုင်ငံသားတွေ လျှောက်ထားနိုင်တဲ့ ကမ္ဘာ့ဘဏ်-World Bank က တစ်နှစ်တစ်ခါ ပေးအပ်တဲ့ Master Degree ဘွဲ့ ရာနှုန်းပြည့် ပညာတော်သင်ဆု ခေါ်ယူနေပြီလို့ ကမ္ဘာ့ဘဏ် Official Website ကနေ ကြေညာထားပါတယ်။

မတ်လ ၂၇ ရက်က ဖောင်စတင်ဖွင့်လှစ်ခဲ့တဲ့ ဒီပညာသင်ဆုဟာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ခေါင်းစဉ်နဲ့ မဟာဘွဲ့ (Master Degree) ပရိုဂရမ် တက်ရောက်လိုတဲ့ ကျောင်းသားတွေအတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်သလို အဆင့်မြင့် ပညာရေးအတွက် နိုင်ငံခြား အဖွဲ့အစည်းတစ်ခုမှာ ကိုယ်တိုင် အရည်အချင်း ပြည့်မီတဲ့ ကျောင်းသား ဖြစ်လိုသူတွေ အတွက် အပြည့်အဝ ထောက်ပံ့ပေးထားတဲ့ ပညာတော်သင်ဆု ဖြစ်ပါတယ်။

လျှောက်ထားလိုသူတွေ အနေနဲ့ ၁၀၀ ရာခိုင်နှုန်း ပညာတော်သင် ထောက်ပံ့ကြေး၊ လေယာဉ်လက်မှတ်၊ ကျန်းမာရေး အာမခံ၊ လစဉ် ထောက်ပံ့ကြေး စတာတွေ ရရှိမှာ ဖြစ်သလို အမေရိကန်၊ ဥရောပနဲ့ ဂျပန် နိုင်ငံတွေက တက္ကသိုလ် ၂၇ မှာ ရွေးချယ် တက်ရောက်နိုင်ပြီး ဒီ ၂၇ ကျောင်းမှ လျှောက်ထားချင်တဲ့ ဘာသာရပ် ရွေးချယ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

လျှောက်ထားသူဟာ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုရဲ့ နိုင်ငံသား ဖြစ်ရမှာ ဖြစ်သလို ရရှိထားတဲ့ ဘွဲ့အမျိုးအစား၊ သက်ဆိုင်ရာ လုပ်ငန်း အတွေ့အကြုံ၊ ဘာသာစကား ကျွမ်းကျင် တတ်မြောက်မှုနဲ့ ကိုက်ညီတဲ့ကျောင်း၊ ဘွဲ့အမျိုးအစားတွေကို သေချာ ရွေးချယ်ရမှာဖြစ်ပြီး ကျန်းမာရေး ကောင်းမွန်သူ၊ တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ၊ ဘွဲ့သက်တမ်းမှာ လျှောက်လွှာပိတ်ရက် မတိုင်မီ ၃ နှစ်ရှိသူ၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်း အတွေ့အကြုံ အနည်းဆုံး ၃ နှစ်အထက်ရှိသူ အင်္ဂလိပ်စာဘာသာ စကား ကျွမ်းကျင် အဆင့်ရှိသူ ဖြစ်ရမယ်လို့ ကြေညာချက်မှာပါရှိပါတယ်။

လျှောက်လွှာကို မေလ ၂၆ ရက် နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပြီး ကျောင်းလျှောက်ထားမှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို Joint Japan World Bank Scholarship 2023 ရဲ့ Coordinator မှာ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်သလို လျှောက်လွှာကို Official Website မှာ https://bit.ly/3zuaz5z မှာ ရယူနိုင်ပြီး ပညာတော်သင်ဆုနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို https://www.worldbank.org/en/programs/scholarships#3 မှာ ဝင်ရောက် လေ့လာနိုင်မှာ ဖြစ်ပါတယ်။