ခရေသံချပ်
1.67K subscribers
1.77K photos
31 videos
8 files
22 links
Download Telegram
ချစ်ခြင်းမေတ္တာ ဆိုတာ
မင်းဂရုမစိုက်တဲ့ထောင့်ချိုးလေးမှာ

ပွင့်နေတတ်တဲ့
ပန်းလေးတွေလည်းဖြစ်နေနိုင်တယ်
မြင်အောင်ကြည့်ပါကွယ် ။

-ဂန္ဓမာ
7
သေအောင်ကြိုးစားလည်း
သေသာသွားမယ်
မရတဲ့အရာတွေရှိတယ်။

-တာရာမင်းဝေ
7
"ငွေဟာ သက်ရှိဖြစ်တယ်
လူဟာ သက်မဲ့ဖြစ်တယ်... တဲ့ ။ 

-မောင်ချောနွယ်
💔71
နောက်တစ်ကြိမ်တစ်ခါ
ဘဝမှာရှင်သန်ခွင့်ရခဲ့ရင်

စာမေးပွဲဖြေပြီးတဲ့ညနေခင်းတွေဆီ
ပြန်သွားချင်တယ်

တီဗီအတူကြည့်နေတဲ့ မိသားစုလေးဆီ
ငါပြန်သွားချင်တယ် ။

-ဂန္ဓမာ
8
မကြည်ပြာ၂

ခန္ဓာမှာ သွေးအလိမ့်လိမ်ထွက်လို့
ရေစီးကြောင်းကို ငေးကြည့်ရင်း
လွမ်းဆွေးစရာကို တမ်းတနေသူပါ
ဆန္ဒမပါပဲ ချစ်ခြင်းမေတ္တာကို
လုပ်ယူနိုင်စွမ်းရယ်လို့ မရှိခဲ့သူပါ။

မေတ္တာသက်ဝင်ပါ ချစ်ခြင်းကိုမျှော်ပါ
မိုး‌တိမ်တွေထဲ ပန်းတစ်ပွင့်ကို
ဆုပ်ကိုင်ရင်း ပြိုလဲမသွားဖို့
တောင်းဆိုခဲ့သူ ဂျိုင်းထောက်နဲ့မတ်တပ်ရပ်နေသူ
ငိုယိုခဲ့သူပါ ဘဝနှစ်ခုစာ
အလွမ်းအဆွေးကို သယ်ပိုးထားရသူ
အပြစ်မကင်းသူ ဒုက္ခဖြစ်သူပါ။

မကြည်ပြာ
မြင်မြင်ချင်း အချစ်ကိုယုံပါသလား
ကျွန်တော့်အမေးကို ‌ဖြောင့်မတ်စွာ
မကြည်ပြာဖြေပါ ကတိသစ္စာမှာ
မကြည်ပြာ နှုတ်ဖျားကိုပယ်ထားပါရဲ့
လိမ်ညာမှုကိုသာ သယ်ဆောင်လို့
မယုံဘူးလို့ ကျွန်တော့်အတွက်
ရဲရဲဝင့်ဝင့် အသုံးပြုခဲ့သူပါ။

မကြည်ပြာသိလား
သုညကမ္ဘာထဲ ဘုရားမပွင့်ဘူးဆိုတာ
သို့ပေမယ့် မကြည်ပြာရယ်
ရင်ထဲမှာ အန္တရာယ်ကင်းဖို့အတွက်
ဘုရားကိုစိတ်ထဲထားတယ်ဆိုတာ
တစ်ကယ်တော့လေ အစွဲတစ်ခုပါ
မကြည်ပြာဟာ သုညကမ္ဘာမှာ
ကျွန်တော့်အတွက် အစွဲတစ်ခုပါပဲ။

ညဘက်တွေ အိပ်မရတိုင်း
ပေါက်နေတဲ့ ခေါင်မိုးကနေ
ကြယ်လေးတွေကို နှုတ်ဆက်မိပါရဲ့
မကြည်ပြာ ကျွန်တော့်ရင်ဟာ
ကြွေလုမတတ် ဆုံးရှုံးခဲ့ပါရဲ့
သစ္စာမေတ္တာ ကတိကဝတ်တွေကို
ကျွန်တော်ဟာ မဖောက်ပြားခဲ့သူပါ။

သုညကမ္ဘာမှာ ဘုရားပွင့်တဲ့အခါ
အသုညကမ္ဘာ ဖြစ်လာသတဲ့
သတိရပါ မကြည်ပြာ
ငါးလောင်းဘဝ ဖားတစ်ကောင်ဖြစ်ခဲ့သလို
အပင်မပေါက်သေးတဲ့ နှမ်းတစ်စေ့ပါ
ဘယ်ဘဝကို ရောက်မယ်လို့
မထင်ရက်ခဲ့သူ အပြစ်ရှိရှိဒုက္ခခံသူပါ။

မကြည်ပြာရေ
မိုးဝင်ပြန်ပြီလေ ဒီတစ်ခါတော့ကျွန်တော်
နွေကိုမုန်းတယ် ဆောင်းကိုမုန်းတယ်
ပြီးတော့ မိုးကိုလဲမုန်းပါတယ်
ဘဝမှာ ဒဏ်ရာတွေကို ရာသီအပြည့်ရသူပီပီ
အားလုံးကို လက်မြှောက်ခဲ့သူ
လက်နက်ချ အမျှပေးဝေခဲ့သူပါ
မကြည်ပြာ ကျွန်တော့်အတွက်
ရသမြောက်လင်္ကာဟာ ဘဝအတွက်
ကြောက်မက်ဖွယ်ရာပါပဲ။

-ကံ့ကော်ဦး
5🔥1
ကျေးဇူးတင်တာပေါ့ အချစ်ရယ်
ကိုယ့်ကို ရွေးချယ်ပေးခဲ့တာရော
ကိုယ်ရှိတဲ့နေရာလေးကို တည့်တည့်လေး
လျှောက်လာပေးခဲ့တာရော
အရာရာအသက်ရူကြပ်ရတဲ့ ကာလကြီးမှာ
လက်ကလေးဆွဲထားပေးတာရော
ကျေးဇူးတင်ရပါတယ် ။

-ခက်နှောင်
4💘3
ကဗျာဆိုတာ ကိုယ်ရေးကိုယ်တာတွေ
မြီးကောင်ပေါက်ခြင်း တစ်မျိုးပါပဲ။

-သန်းတင့်
6🔥1
ဗိုလ်မရုပ်

မိုးသည်းတဲ့ည ငါကောက်ရခဲ့တဲ့
ဒီဗိုလ်မရုပ် အမည်နာမဟာလဲ
ယမုံတဲ့လေ ဒီအရုပ်ဟာ
ငါ့ကိုရွဲ့ရင်း ဂျစ်ကန်ကန်နဲ့
စကားကိုလဲ ဗြစ်တောက်ဗြစ်တောက်
ပြောတတ်သေး ဒင်းကလေ
ငါ့ကိုမှ အထင်သေးသေး။

မိုးရေထဲလဲ ပြန်လွှင့်ပစ်ဖို့
ငါစိတ်မခိုင် ငါ့စိတ်ကိုငါမပိုင်တော့
ဒီဗိုလ်မရုပ်ဟာ ဘယ်နည်းပရိယာယ်နဲ့
ငါ့ကိုဆွဲဆောင်လို့ နေပါလိမ့်ကွယ်
အိုကွယ်...
ဒီကမ္ဘာထဲ အပမိနေသူဟာ
ငါများဖြစ်နေပါ့မလား တွေးစရာပါ။

အိမ်ကိုကောက်လို့ အခန်းထဲထားရင်ပဲ
ငါ့ကိုအတင်းအကျပ် စေခိုင်းသေး
ဒီအရုပ်ဟာ သက်ရှိတစ်ခုလို
တစ်ခါတစ်ရံကျတော့လဲ ငါ့ရှေ့မှာပင်
သွားလာလှုပ်ရှား ကစားတတ်သေး
ဒီဗိုလ်မရုပ်ဟာ သက်ရှိတစ်ဦးပဲ။

ရက်တွေကို လက်ချိုးရေတွက်ရင်း
ဗိုလ်မရုပ်ဟာ တစ်နေ့ထက်တစ်နေ့
ငါ့ကိုပိုလွှမ်းမိုးလာခဲ့ ငါဟာလဲငါပဲ
ငါ့ကိုနှိပ်စက် အနိုင်ကျင့်နေတာလဲ
ဒီအရုပ်ပဲ ဘာကိုမှမကြောက်တတ်တဲ့
ဒီအရုပ်ကို လွှင့်ပစ်ချင်မိတယ်
ကမ္ဘာရယ်
ငါဟာဆန္ဒကင်းကင်း အနိုင်ကျင့်ခံရသူပါ။

သူ့မနက်စာဟာ ဗိုလ်စာ
သူ့ပြောတဲ့စကားဟာ ဗိုလ်စကား
သူ့ရဲ့တစ်နေ့တာဟာ ဗိုလ်ဆန်လွန်းလှ
ဒေသနာကိုမကြောက် ဝေသနာကိုဖျောက်ထားတဲ့
ဒီအရုပ် ဒါဟာငါ့အမြင်မှာ
ဗိုလ်မရုပ်ထက်ပိုသတဲ့။

-ကံ့ကော်ဦး
5💔3
ဘယ်သူ့ဆီ ခေါင်းထိုးငိုရမှန်း
မသိတဲ့နေ့တွေမှာ

ငါမင်းကိုသိပ်သတိရတာပဲ
ငါတောင်းပန်ပါတယ် ။

-ယဥ်ဝယ်ထက်
6🔥2
အားပေးဖော် ... ဆိုတာ
အားငယ်တဲ့အချိန်မှာ အားပေးရတယ် ၊
အားပေးဖို့ မလိုတဲ့အချိန်မှာ
လုပ်သင့်တာကိုလုပ်ဖို့ လမ်းညွှန်ရတယ် ။

-မောင်လှမျိုး ( ချင်းချောင်းခြံ )
6🔥2
မနက်ဖြန်ဆိုတာ
ခဏ ခဏ ပွင့်ပြီး
ပွင့်မှန်း မသိလိုက်ခင်
ကြွေသွားတဲ့ပန်းပဲ
အဲ့ဒါပါပဲကွာ။

- အောင်ချိမ့်
3🥰3
စွန့်ခွာသွားကြသူတွေမှာ
အကြောင်းပြချက်ပေါင်းများစွာ
ရှိပါလိမ့်မယ်။

ချန်နေခဲ့ရသူတွေဆီမှာတော့
နားလည်ပေးရခြင်း တစ်ခုပဲရှိခဲ့တယ်။

- ခွန်းညိုသွေး
5❤‍🔥5💔1
လိုက်ခေါ်လို့ မရတဲ့
အကွာအဝေးဆိုတာ ရှိတတ်ကြောင်း
ကျွန်တော် နည်းနည်းတော့ရိပ်မိပါပြီ။

- စစ်ငြိမ်း
10
မေတ္တာတရားဟာ ကိုယ့်ဆီကလာပြီး
မင်းဆီမှာဆုံးမယ်
အိပ်မက်တွေကအစ ကျန်းမာပါစေကွယ် ။

-ခွန်းညိုသွေး
7❤‍🔥1
သူကလည်း ကျွန်တော့်ကိုစိတ်မချဘူး
ကျွန်တော်ကလည်း သူ့ကိုစိတ်မချဘူး

လမ်းအတူတူဖြတ်ကူးရင်တောင်
တစ်ယောက်ယောက် ရူးသွားနိုင်တဲ့ခေတ်လေ

မီးလောင်နေတာကတော့
လမ်းမတွေအားလုံးပါဘဲ ။

-ကြည်ဇော်အေး
4💘2
ပူဖောင်းကွဲသူ


ဟိုတုန်းကတော့
ပူဖောင်းကလေးတွေလို ဖြူမွေ့ပါးလျား
အဲဒီနွေရာသီလေးကို
ဘယ်သူမှ ခိုးမစားခဲ့ကြဘူး

မြို့ကလေးရဲ့ ရင်ဘတ်ကို ကြယ်သီးဖွင့်ပြီး
ကြည့်လိုက်ရင်
တိမ်တွေကို ဘယ်တော့မှ တွန်းမလှဲတတ်တဲ့ ကောင်းကင် မြင်ရတယ်

နောက်တော့လည်း ကျွန်တော်တို့တတွေ
ကျွတ်ကျွတ်ရွရွ ဝေးကွာသွား
ဘဝသံသရာဟာ သီချင်းထဲကလို
ရထားကြီး မဟုတ်တော့ဘူး
အကိုင်းချင်း မတူပေမယ့် ဒီအတိုင်း
ပွင့်ကြလိမ့်မယ်လို့ ကျွန်တော် ထင်မှတ်မှားခဲ့

မြို့ကလေးကို သတိရမိတဲ့တစ်နေ့
ကိုယ့်ကိုယ်ကို သတိမရတဲ့
နယ်လွန်သားတွေပြန်လည် ဆုံတွေ့ကြ
မေမေရယ်
ပူဖောင်းကို မန်းမှုတ်သလို မှုတ်ခဲ့မိတဲ့အတွက်
ကျွန်တော်ဟာ ဝလုံးတစ်လုံးစာ
စိမ့်ပြီး ရှက်ခဲ့ရပေါ့

အဲဒီမှာ
တချို့ဟာ ရယ်သလိုမောသလို
အမှောင်ပွက်ပွက်ထ
တချို့ကျတော့လည်း
လိမ္မာပါးနပ်လွန်းတဲ့ အလင်းတန်းကြီး
အမြီးနှစ်ခွနဲ့

မေမေ
အားလုံးက မမှားရအောင် ကျွန်တော်ကပဲ မှားပေးလိုက်ပါတယ်
ဘာပဲဖြစ်ဖြစ်
အဲဒီပူဖောင်းလေးကို အသစ်ပြန်မှုတ်ဖို့
နက်ဖြန်ခါမှာ မြို့ကလေးဆီ
ကျွန်တော်ဆက်ဆက်ပြန်လာမယ် ။

- တာရာမင်းဝေ
2🔥1
ကမ္ဘာပေါ်မှာ နေဝင်အင်ပါယာဟာ
အကြီးကျယ်ဆုံးဖြစ်ခဲ့ပြီးပြီ
သို့ပေမယ့်...
သူတို့ကြီးကျယ်ခဲ့သည်တိုင်
ငါတို့နိုင်ငံအတွက် အလင်းဟာ
သက်တမ်းတိုးမရတော့ပေ
အလင်းရဲ့အကန့်အသတ်ဟာ
ဒီနိုင်ငံမှာ အနိစ္စဆန်ဆန်
ကာလရှည်များ ပျောက်ဆုံးကုန်ပြီ
နယ်စပ်ဒေသ အစက်အပျောက်တွေ
ငါတို့နိုင်ငံအတွင်း လင်းထိန်လို့
ကိုယ့်ပြည်မှာလဲ ကိုယ့်လူမျိုးကိုယ်သာ
ဒေဝဒတ်လို့ သတ်မှတ်ကြရ
ဒုက္ခတရားကိုဘုရားမှတ်ရင်း ကြောက်လန့်မှုကိုသာ
နေသားကျဖို့ ငါတို့တောင်းဆိုခဲ့ရ။

-ကံ့ကော်ဦး
😢82
သူတော်စင်က အခုလိုမိန့်တယ်
မင်းပြန်လိုချင်တဲ့ခုနှစ်တစ်ခုကို ပြော
သူတော်စင်ရဲ့ နဖူးကို
ငါသေနတ်နဲ့ ထိုးချိန်လိုက်မိတယ်
ပြီးတော့ ငါငိုတယ် ။   ။

-အောင်ခင်မြင့်
1
ချစ်သူဆီက အပြန်
ဖိနပ်မှတ်လို့ ကောက်စီးတာ
ငါ့မာနတွေ ဖြစ်နေတယ်
သေချာ ကြည့်တော့မှ
တော်တော်တောင် ပါးနေပီ။

-တာရာမင်းဝေ
3
ကျွန်တော်နှင့်တိမ်ညိုနိမိတ်

ဒီိလမ်းမှာ
ဘယ်သူမှခေါ်မသွားဘူးဆိုရင်တောင်
ကျွန်တော်နဲ့ဖိနပ်ကလေးကိုတော့ ခေါ်သွားရမှာပဲ။

ကျောက်စရစ်ခဲလေးကပြောတယ်ဖေဖေ ...

မြေပြင်က ဘာမှမပြောင်းလဲပါဘူး
ခြေထောက်တွေကသာ ပြောင်းလဲနေကြတာတဲ့ ..... ။ ။

- တာရာမင်းဝေ