Core of Learning Academia
1.13K subscribers
508 photos
1 video
1 file
93 links
This is the core place which is for every learner. CoL.A is always for LEARNERS.
Download Telegram
❤7❤‍🔥1🐳1🍓1💘1
Core of Learning Academia
#Content_by_Chan #Graphic_by_Alice #Core_Of_Learning_Academia
အရင်အပတ်တုန်းက ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်တတ်အောင် သင်ခဲ့ကြတာ မှတ်မိကြသေးရဲ့လား??

အဲ့ဒီမှာတင် မပြီးသေးဘူးနော် 👀✨
CoL.A ရဲ့ “Introduction Myself – Part 2” ကနေ ထိုင်းစကားပြောလေ့လာချင်သူတွေနဲ့ grammar လေးတွေပါဆက်ပြီး‌  လေ့လာနိုင်မဲ့အခွင့်အရေးယူဆောင်လာပါပြီ 🇹🇭💓

ဟုတ်ပါတယ်ရှင်…
ဒီတစ်ခါမှာလည်း အချိန်အများကြီးပေးစရာမလိုဘဲ ၁ နာရီတည်းနဲ့  Saya Lin Lin ကနေ သေချာသင်ကြားပေးသွားမှာဖြစ်တဲ့အတွက်
🗯️ထိုင်းစာကိုအခုမှလေ့လာနေတဲ့သူတွေ
🗯️ထိုင်းနိုင်ငံရောက်နေပေမဲ့ ထိုင်းစကားမပြောတက်သေးတဲ့သူတွေ
ကတော့ ကျိန်းသေတက်ရောက်သင့်ပါတယ်✨


📍 Class Information

🇹🇭 Teacher — Tr. Lin Lin

🇹🇭 Subject — Thai Language

🇹🇭 Topic — Introduction Myself Part 2 + Extra Grammar — กำลัง ….. อยู่

🇹🇭 Class Type — Zoom

🇹🇭 Day — 21.09.2026

🇹🇭 Time — 8:00 PM – 9:00 PM

🇹🇭 Course Plan — มหาวิทยาลัยนเรศวร (Naresuan University)


✨တစ်နာရီလေးအတွင်း ထိုင်းစကားပြောကို ပေါ့ပေါ့ပါးပါးလေ့လာရင်း ကိုယ့်ရဲ့ Language Journey ကို နောက်တစ်ဆင့် ထပ်တိုးလိုက်ရအောင်နော်။

ဒါဆို… 👀
Part 1 မှာ မိတ်ဆက်တတ်ခဲ့ပြီဆိုရင် Part 2 ကိုရော လက်လွှတ်ခံမှာလား?? 😼🇹🇭

@CoL_Academia မှာ မြန်မြန်လာအပ်လိုက်တော့‌ဗျို့

အတန်းလေးမှာ ဆုံကြမယ်နော်
CoL.A က အားလုံးကို နွေးနွေးထွေးထွေး ကြိုဆိုနေပါတယ်🫂💓

#Content_by_Chan
#Graphic_by_Alice
#Core_Of_Learning_Academia
❤6🐳4☃1❤‍🔥1🍓1💋1💘1🦄1
အရေးကြီးတဲ့ စာတွေများလို့ pin တွေ အကုန် ထောက်ချင်နေတယ်

ထောက်လိုက်လို့လည်း အပေါ်ကဟာတွေ ပျောက်သွားမှာလည်း စိုးတယ်

ဘာလုပ်လို့ လုပ်ရမှန်းမသိတော့တဲ့အပြင် မိုးလေးပါ ရွာလာလို့ အိပ်ပစ်လိုက်တယ်🌝


#Core_Of_Learning_Academia
🤣23❤2🍓2
Legislative Branch ကိုကြားဖူးနား၀င်ရှိနေပင်မဲ့ ဘာဆိုတာကိုသေချာမသိသေးရင်တော့  အခုပဲ ဒီစာကိုဖတ်လိုက်ကြတော့နော်

“Legislative Branch” ဆိုတာကို ကြားဖူးပေမယ့် ဘာလုပ်တဲ့အဖွဲ့လဲဆိုတာ မသိသေး‌တဲ့ သူလေးတွေအတွက် ဒီနေ့မှာတော့ CoL.A ကနေပြီး Legislative Branch လေးအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်

အလွယ်ပြောရရင် LegislativeBranch ဆိုတာ ဥပဒေတွေကို ရေးဆွဲ၊ ဆွေးနွေး၊ အတည်ပြုတဲ့ အစိုးရရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

📌 Legislative = ဥပဒေပြုရေး

အစိုးရအာဏာတွေကိုခွဲဝေတဲ့အခါ အဓိကအားဖြင့်—

1️⃣ Legislative Branch — ဥပဒေပြုရေး
2️⃣ Executive Branch — အုပ်ချုပ်ရေး
3️⃣ Judicial Branch — တရားစီရင်ရေး


ဆိုပြီး ခွဲခြားလေ့ရှိပါတယ်။

📖 Legislative Branch က ဘာတွေလုပ်သလဲ?

🔹 Make Laws — ဥပဒေများ ရေးဆွဲခြင်း

🔹 Discuss & Debate — ဥပဒေကြမ်းများကို ဆွေးနွေးခြင်း

🔹 Represent People — ပြည်သူတွေရဲ့ လိုအပ်ချက်နဲ့ အမြင်တွေကို ကိုယ်စားပြုခြင်း

🔹 Oversight — အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို စောင့်ကြည့်စစ်ဆေးခြင်း

🌍 ဥပမာ — အမေရိကန်နိုင်ငံမှာ LegislativeBranch ကို Congress လို့ခေါ်ပြီး—

🏛️ Senate
🏛️ House of Representatives


ဆိုတဲ့ အဖွဲ့နှစ်ခုနဲ့ ဖွဲ့စည်းထားပါတယ်။

💡 မှတ်ထားသင့်တဲ့အချက်များ

Legislative Branchရဲ့ အဓိကတာဝန်က ဥပဒေပြုခြင်း (Lawmaking) ဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ ဖွဲ့စည်းပုံ၊ အာဏာနဲ့ လုပ်ပိုင်ခွင့်တွေက မတူညီနိုင်ပါဘူး။

✨ In simple words:
“The Legislative Branch makes and discusses laws and represents the people.”

📚 နိုင်ငံရေးနဲ့ ဒီမိုကရေစီအကြောင်း သိထားသင့်တဲ့ BasicKnowledge တစ်ခုဖြစ်လို့ Legislative → Executive → Judicial ဆိုတဲ့ အာဏာခွဲဝေမှု ၃ ခုကိုလည်း မှတ်ထားကြရမယ်နော် 📝

#Content_by_Chaw
#Graphic_by_Yati
#Core_of_Learning_Academia
❤7❤‍🔥1🐳1🍓1💋1💘1
Core of Learning Academia
အရင်အပတ်တုန်းက ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်တတ်အောင် သင်ခဲ့ကြတာ မှတ်မိကြသေးရဲ့လား?? အဲ့ဒီမှာတင် မပြီးသေးဘူးနော် 👀✨ CoL.A ရဲ့ “Introduction Myself – Part 2” ကနေ ထိုင်းစကားပြောလေ့လာချင်သူတွေနဲ့ grammar လေးတွေပါဆက်ပြီး‌  လေ့လာနိုင်မဲ့အခွင့်အရေးယူဆောင်လာပါပြီ 🇹🇭💓…
Thai Speaking လေးက ဒီည 8:45 ကို ပြောင်းသွားတာမို့ အပ်မဲ့သူတွေ ရှိရင် မြန်မြန်လာအပ်လို့ရပါတယ်နော်

အပ်ရန် - @CoL_Academia


#Core_of_Learning_Academia
❤9🐳2💘2🍓1💋1
Core of Learning Academia
📣 We’re Recruiting Volunteers! 💙 Core of Learning Academia နဲ့အတူ ကိုယ့်ရဲ့ အချိန်၊အရည်အချင်းနဲ့ စိတ်ကူးတွေကို အသုံးချပြီးအကျိုးရှိအောင် ဖန်တီးချင်သူတွေအတွက် Volunteer Team ထဲဝင်ရောက်ဖို့ အခွင့်အရေးလေး ရှိနေပါပြီ။ 👥 HR Volunteer (1 post) Requirements •…
Form ပိတ်ပါပြီ ဘေဘီအသဲနှလုံးအူတုံးတို့ရေးးး


ခေါ်မှာက နည်းနည်းလေးကို များကြီးလာလျှောက်ပေးကြလို့ ကျေးဇူးတင်ပါတယ်ရှင့်

ခိုးးးဖမ်မလီထဲကို ဝင်ချင်ကြတာ နားလည်တာမို့ နောက် အမျိုးမျိုးသော volunteer position တွေနဲ့ ခေါ်ပေးသွားဖို့ စီစဉ်နေတာမို့ ချန်နယ်လေးမှာ စောင့်ကြည့်နေဖို့ မမေ့နဲ့နော်🌝🫰


*ခိုးးဖမ်မလီထဲကို ဘယ်သူတွေဝင်လာမလဲဆိုတာက‌တော့... မျှော်ပါရှင်💥


#Core_of_Learning_Academia
❤7🐳2💘2🥰1🍓1
📖 How to Write a Good Extended Response

Extended Response ရေးတဲ့အခါ စာအများကြီးရေးနိုင်တာထက် ကိုယ့်ရဲ့အကြောင်းအရာတွေကို စနစ်တကျနဲ့ ရှင်းရှင်းလင်းလင်း ဖွဲ့စည်းရေးသားနိုင်ဖို့ ပိုအရေးကြီးပါတယ်✨

Extended Response တစ်ပုဒ်ကို အဓိကအားဖြင့် Introduction, Body Paragraphs, Conclusion ဆိုပြီး ဖွဲ့စည်းနိုင်ပါတယ်။

ဒါပေမယ့် စာစရေးမယ်ဆိုရင် ပထမဆုံးနဲ့ အရေးကြီးဆုံးအချက်က Question ကို သေချာနားလည်ဖို့ပါ👀

💡Question မှာပါတဲ့ instruction words တွေကို ဘယ်လို catch လုပ်ကြမလဲ❓

▫️ Explain → အကြောင်းအရာကို ရှင်းပြပါ

▫️ Discuss → အချက်အလက်တွေကို ဆွေးနွေးပါ

▫️ Compare → တူညီချက်နဲ့ ကွာခြားချက်တွေကို နှိုင်းယှဉ်ပါ

▫️ Evaluate → အားသာချက်၊ အားနည်းချက်တွေကို သုံးသပ်ပါ

ဒါကြောင့် Question ကို သေချာမဖတ်ဘဲ စရေးလိုက်တာထက် “Question က ငါ့ကို ဘာလုပ်ခိုင်းနေတာလဲ?” ဆိုတာ အရင်စဉ်းစားကြည့်ပါ🌷

① Introduction — အကြောင်းအရာကို မိတ်ဆက်ခြင်း

Introduction မှာ မေးခွန်းရဲ့ အဓိကအကြောင်းအရာကို မိတ်ဆက် ပေးရပါမယ်။
ပြီးရင် ကိုယ်ရေးမယ့်အဖြေမှာ ဘယ်အချက်တွေကို ဆွေးနွေးသွားမလဲ ဆိုတာကို တိုတိုနဲ့ လိုရင်းဖော်ပြပေးနိုင်ပါတယ်။
💡 Tip: Introduction ကို အရမ်းရှည်ရှည်မရေးဘဲ ရှင်းရှင်းလင်းလင်းနဲ့ Topic ကို တိုက်ရိုက်လေးရေးကြည့်ပါ
② Body Paragraph 1 — ပထမအချက်

ပထမ Body Paragraph မှာ ကိုယ့်ရဲ့ ပထမဆုံးအဓိကအချက် ကို ရေးပါ။
ဒီနေရာမှာ—
Main Point➡️ Explanation➡️Example

ဆိုတဲ့ပုံစံနဲ့ ရေးရင် အရမ်းအဆင်ပြေပါတယ်💡
အရင်ဆုံး အဓိကအချက်ကို ပြောပါ။
ပြီးရင် ဘာကြောင့်လဲ၊ ဘယ်လိုလဲ ဆိုတာ ရှင်းပြပါ။
လိုအပ်ရင် သက်ဆိုင်တဲ့ Example တစ်ခုလောက် ထည့်ပေးပါ။

③ Body Paragraph 2 — ဒုတိယအချက်

နောက်ထပ် Paragraph မှာတော့ ဒုတိယအဓိကအချက် ကို ဆက်ရေးပါ။
Body Paragraph 1 နဲ့ idea တူတာတွေကို ထပ်ခါထပ်ခါ မရေးဘဲ Question ကို support လုပ်ပေးနိုင်မယ့် အသစ်သော Point တစ်ခုကို ထည့်ပါ။

ဒီ Paragraph မှာလည်း—
Point➡️ Explain➡️Example
ဆိုတဲ့ Structure ကို အသုံးပြုနိုင်ပါတယ်🌱

🔗 Linking Words တွေကိုလည်း မမေ့ပါနဲ့!

Paragraph တစ်ခုနဲ့တစ်ခု၊ Idea တစ်ခုနဲ့တစ်ခုကို ချောချောမွေ့မွေ့ ဆက်ပေးဖို့ Linking Words တွေက အရေးကြီးပါတယ်။

Adding an idea ➜
Furthermore, Moreover, In addition, Also

Giving an example ➜
For example, For instance, Such as

Showing contrast ➜
However, Although, On the other hand

Showing a reason ➜
Because, Since, Due to this

Showing a result ➜
Therefore, As a result, Consequently

Conclusion ➜
In conclusion, Overall, To sum up

💡 Linking Words တွေကို အများကြီးထည့်ရုံနဲ့ စာကောင်းသွားတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ Ideas တွေကြားမှာ သဘာဝကျကျ လိုအပ်တဲ့နေရာမှာပဲ အသုံးပြုရပါမယ်။

④ Conclusion — အဆုံးသတ်ခြင်း

Conclusion မှာ ကိုယ်ရေးထားတဲ့ အဓိကအချက်တွေကို အတိုချုံးပြန်စုစည်း ပြီး Question ကို တိုက်ရိုက်ဖြေပြီး အဆုံးသတ်ရပါမယ်။
❌ Conclusion မှာ Idea အသစ်တွေ ထပ်မထည့်ပါနဲ့။
ကိုယ်ရေးထားတဲ့ အချက်တွေကို ပြန်ချိတ်ဆက်ပြီး “ဒါကြောင့်…” ဆိုတဲ့သဘောမျိုးနဲ့ ကိုယ့်ရဲ့အဖြေကို ခိုင်မာအောင် အဆုံးသတ်ပေးပါ။

✨ Remember:

"A good Extended Response isn't about writing more.
It's about writing clearly, logically, and effectively."


စာစမရေးခင် Question ကိုနားလည်ပါ။
ရေးတဲ့အခါ Ideas တွေကို စနစ်တကျဖွဲ့စည်းပါ။
Paragraph တွေကြားမှာ Linking Words တွေကို သဘာဝကျကျ အသုံးပြုပါ။

ဒီ ၃ ချက်ကို သတိထားပြီး လေ့ကျင့်သွားရင် Extended Response ရေးတဲ့အခါ ပိုမိုအဆင်ပြေလွယ်ကူလာမှာဖြစ်ပါတယ်📚❤️

#Content_by_Lunar
#Graphic_by_Heather
#Core_of_Learning_Academia
❤4🍓2❤‍🔥1🐳1💘1
❤3🐳2❤‍🔥1🍓1💘1
ရူပါက စကားပြောတယ်💅🤏

And မိမိ: 🐡



#Core_of_Learning_Academia
🤣20
Graphics တော့ လာမယှဉ်နဲ့ 🌝

လုပ်ချင်ရင် Bakery လည်းရတယ် ‌သစ်တောထဲလည်း တိုးနိုင်တယ် သရဲအိမ်ထဲလည်း ဝင်နိုင်တယ် ပန်းခင်းကြားထဲလည်း ရောက်နိုင်တယ်

နောက်နောင် Graphics ဆွဲမစားရင်တောင် စီးပွားရေးနယ်ပယ်တွေ အတော်နှံ့စပ်ပြီးသားမို့ ကျွမ်းကျင်နေကြမှာ


#Core_of_Learning_Academia
🤣19❤1
🔈  Indie Pop, Indie Rock, Lo-Fi နဲ့ Jazz-pop ပုံစံ သီချင်းတွေကို တစ်နေရာတည်းမှာ နားထောင်ချင်တဲ့သူတွေအတွက် အမြဲအမှတ်ရနေမဲ့ band ကိုပြောပါဆိုရင်တော့ သေချာပေါက် " Wave to earth " ပါပဲ 🌊

   ဒီနေ့ topic မှာတော့ August 23,2019 မှာ debut ခဲ့ပြီး အခုချိန်ထိတိုင်အောင် ပရိတ်သတ်တွေရင်ထဲ အမှတ်ရစေမဲ့ သီချင်းတွေကို ဖန်တီးပေးနေတဲ့ Wave to earth အကြောင်းကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ် 🫧
 
✷ ပွဲဦးထွက်သီချင်းမှာတင် Chill Synth-Pop , Dream - Pop style နဲ့ Indie rock style ကို အပြည့်အ၀ခံစားရမဲ့ " Wave " ဆိုတဲ့ သီချင်းနဲ့ အတူ တီးဝိုင်းရဲ့ Wave to earth ဆိုတဲ့ နာမည်ကို ပိုင်ဆိုင်စေခဲ့တဲ့ Debut single song တစ်ပုဒ်ပဲဖြစ်ပါတယ် 🐬🫧

✷ ချစ်ရသူ၊ မြတ်နိုးရသူစီကို ကမ်းခြေမှာ လှိုင်းကလေးတွေ အကြိမ်ကြိမ်ပုတ်ခတ်နေသလို အချစ်တွေ ခံစားချက်တွေကို အကြိမ်ကြမ် ဖြန့်ကျက် ရောက်စေချင်တဲ့အကြောင်းရေးဖွဲ့ထားတဲ့ဒီသီချင်းမှာတော့ " There are wave in your eyes, I'm getting into you " ဆိုပြီး ရိုးရှင်းတဲ့ သဘာ၀တရားနဲ့နှိုင်းယှဉ်ပြီး ဖန်တီးထားတဲ့ အချစ်သီချင်းချိုချိုလေးပဲဖြစ်ပါတယ် 🌊💦

✷ အဲ့နောက်မှာတော့ Wave to earth ရဲ့ official member တွေဖြစ်တဲ့ Daniel Kim , John Cha , Dong Q တို့ဟာ သီချင်းရေးစပ်တာတွေ, mixing & mastering , artwork design , fashion styling အထိ ကိုယ်တိုင်ဖန်တီးခဲ့ကြပြီး January 20 , 2020 ကစပြီး သူတို့ရဲ့ ပထမဆုံး EP Album ဖြစ်တဲ့ "wave 0.01" နဲ့ Indie ဂီတလောကမှာ စပြီးလူသိများလာခဲ့ကျတာပဲဖြစ်ပါတယ်။

🗣️ ဒါဆိုရင်တော့ Colar လေး‌တို့ကို ခံစားချက်အလိုက် wave to earth ရဲ့ သီချင်းတွေထဲကမှ အခြေအနေအလိုက်ရွေးချယ်ပြီးနားထောင်လို့ရမဲ့ သီချင်းလေးတွေကို recommend လေးပေးလိုက်ပါတယ် 🫧
🩵 Fall in love နေတဲ့အချိန် ပိုပြီးတော့ ချိုမြိန်တဲ့ခံစားချက်ကို ခံစားချင်တယ်ဆိုရင်တော့

1. Love
2. Peach eyes
3. Daisy

🫂 စိတ်ဓာတ်ကျပြီး ပင်ပန်းနေတဲ့အချိန်ဆိုရင်တော့

1.Bad
2. Seasons
3. Light
4. Pink

🐬 စာလုပ်ချိန်တွေ အလုပ်တွေပြီးလို့ Relax လုပ်ချင်ရင်တော့

1. Wave
2. Surf
3. Sunny Days

💤 ညဘက်အိပ်မပျော်ပဲ အမှတ်တရတွေကို သတိရနေကျတဲ့ ကလေးတွေအတွက်ကတော့

1. Homesick
2. Nouvelle
3. Vague
4. Annie

အဲ့ဒါဆိုရင်ရော Wave to earth ရဲ့ fandom name လေးဖြစ်တဲ့ Plankton ဆိုတာ ဘယ်လို အဓိပ္ပာယ်ဖြစ်မလဲ 🤷🏻???

" သေးငယ်ပေမဲ့ ပင်လယ်ပြင်တစ်ခုလုံးရဲ့ ဂေဟစနစ်နဲ့ လှိုင်းလုံးတွေအတွက် မရှိမဖြစ် အရေးပါတဲ့ သက်ရှိလေး "ဆိုတဲ့ အဓိပ္ပာယ်နဲ့ ချစ်စနိုးခေါ်ဝေါ်ခဲ့တာပဲဖြစ်ပါတယ် ☃️

🌊  ဒါဆိုရင်တော့ Wave to earth ကို ချစ်မြတ်နိုးကြတဲ့ Plankton လေးတို့အတွက် ဒီနေ့ topic လေးက အကျိုးရှိမယ်လို့ CoL.A ကနေ မျှော်လင့်ပါတယ်။ နောက် Artist အကြောင်းတွေ၊ သီချင်းတွေနဲ့အတူ ပြန်လာခဲ့ပါဦးမယ် 🪄

#Content_by_Chan
#Graphic_by_Yati
#Core_Of_Learning_Academia
❤4❤‍🔥1🐳1🍓1👻1💘1
Post တွေအပ်ချင်ရင်တော့ @Young_And_Brilliant ဒီကိုလာခဲ့ပါ💕

အတန်းပို့စ်တွေ၊Volunteer ခေါ်တဲ့ပို့စ်တွေ၊အလုပ်ခေါ်စာပို့စ်တွေစတဲ့အကျိုးရှိမဲ့ဟာတွေ လာအပ်လို့ရပါတယ် ဒီလထဲ အကုန် Free တင်ပေးသွားပါ့မယ်🤍

https://t.me/Young_And_Brilliant_Sharing

ကိုလည်း အတန်းသစ်တွေနဲ့အသစ်အသစ်တွေသိချင်ရင် Join ထားနော်

#Rachel
❤8💘4🐳1🍓1💋1
𝑌𝑜𝑢𝑛𝑔 ℘ 𝐵𝑟𝑖𝑙𝑙𝑖𝑎𝑛𝑡 𝑆ℎ𝑎𝑟𝑖𝑛𝑔 𝐶ℎ𝑎𝑛𝑛𝑒𝑙
Post တွေအပ်ချင်ရင်တော့ @Young_And_Brilliant ဒီကိုလာခဲ့ပါ💕 အတန်းပို့စ်တွေ၊Volunteer ခေါ်တဲ့ပို့စ်တွေ၊အလုပ်ခေါ်စာပို့စ်တွေစတဲ့အကျိုးရှိမဲ့ဟာတွေ လာအပ်လို့ရပါတယ် ဒီလထဲ အကုန် Free တင်ပေးသွားပါ့မယ်🤍 https://t.me/Young_And_Brilliant_Sharing ကိုလည်း အတန်းသစ်တွ…
ဘေဘီတို့ တစ်ခုခုရှဲချင်တာရှိရင် တို့အသိ ညီမလေးလေး ရေချယ်ဆီ ပြေးကြဝေ့🫰🍓


#Core_Of_Learning_Academia
❤5❤‍🔥2🐳1🍓1💋1💘1
🎮 ဂိမ်းဆော့ခြင်းက ဆိုးကျိုးတစ်ခုလား?

ဂိမ်းဆော့တာကို “မကောင်းဘူး” လို့ တစ်ဖက်သတ်သတ်မှတ်လို့ရမလား? 🤔
တကယ်တော့ လူတိုင်း ဂိမ်းဆော့တဲ့အကြောင်းရင်းက မတူကြပါဘူး။ တချို့က စိတ်ဖိစီးမှုနဲ့ ပင်ပန်းမှုတွေကို ခဏတာမေ့ဖို့၊ အပန်းဖြေဖို့ ဆော့ကြသလို တချို့ကတော့ ဝါသနာကြောင့် ဆော့ကြပါတယ်။ 🎮✨

အထူးသဖြင့် 5v5 MOBA game တွေမှာ အနိုင်ရဖို့ဆိုရင် ကိုယ့်တစ်ယောက်တည်းရဲ့ skill နဲ့ မလုံလောက်ပါဘူး။ ဂိမ်းအခြေအနေတွေကို သေချာစဉ်းစားရပြီး team နဲ့အတူ ပူးပေါင်းရသလို ပြဿနာတစ်ခုကြုံလာတိုင်း ဘယ်လိုဖြေရှင်းရမလဲဆိုတာတွေကို ဆုံးဖြတ်ရပါတယ်။ ဒါကြောင့် game ထဲမှာ လေ့ကျင့်ရတဲ့ problem-solving, decision-making, strategic thinking နဲ့ teamwork လို skill တွေက လက်တွေ့ဘဝမှာလည်း အကျိုးရှိနိုင်ပါတယ်။ 🧠🤝

ဒါပေမယ့် ကောင်းကျိုးတွေရှိသလို ဆိုးကျိုးတွေလည်း ဒွန်တွဲလာနိုင်ပါတယ်။ အထူးသဖြင့် ဂိမ်းကို အရှိန်မထိန်းနိုင်ဘဲ စွဲလမ်းလာတဲ့အခါ ပြဿနာတွေ စတင်လာနိုင်ပါတယ်။ ⚠️

👥 Social life — Gaming community ထဲမှာပဲ အချိန်တွေအများကြီးကုန်ပြီး အပြင်ဘက်ကလူမှုဆက်ဆံရေးတွေ နည်းလာတဲ့အခါ ဂိမ်းနဲ့ပတ်သက်တာမပါဘဲ တခြားသူတွေနဲ့ စကားပြောဖို့၊ ပေါင်းသင်းဖို့ ခက်ခဲလာနိုင်ပါတယ်။

👨‍👩‍👧 Family — ဂိမ်းက မိသားစုနဲ့အတူရှိရမယ့်အချိန်တွေကို အစားထိုးလာတဲ့အခါမှာ မိသားစုနဲ့ တရင်းတနှီးရှိမှု လျော့နည်းလာနိုင်ပါတယ်။

📚 Education — စာလုပ်ရမယ့်အချိန်မှာ “နောက်တစ်ပွဲပဲ” ဆိုပြီး ဆက်ဆော့နေရင် စာလေ့လာဖို့မဲ့အချိန်တွေနည်းလာတာ၊ concentration ကျလာတာနဲ့ ပညာရေးထိခိုက်တာတွေ ဖြစ်လာနိုင်ပါတယ်။

💤 Health — အချိန်ကြာကြာထိုင်ပြီး screen ကြည့်နေရတာကြောင့် physical activity နည်းလာတာ၊ အိပ်ချိန်ပျက်တာနဲ့ ခန္ဓာကိုယ်ပင်ပန်းတာတွေ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ဂိမ်းကို လုံးဝမဆော့ရဘူးဆိုတာထက် ကိုယ့်အချိန်ကို ကိုယ်ထိန်းချုပ်နိုင်ဖို့က ပိုအရေးကြီးပါတယ်။ 🎯
ဒါဆိုရင် ကိုယ်ကိုကိုယ့် ဘယ်လိုထိန်းချုပ်ကြမလဲ💭

⏰ Time limit ထားပါ — ရှုံးရှုံး၊ နိုင်နိုင် တစ်ရက်ကို နှစ်ပွဲဆို နှစ်ပွဲပဲဆိုပြီး ကိုယ့်အတွက် သတ်မှတ်ထားတဲ့အချိန်အတိုင်း ဆော့သင့်ပါတယ်။ ရှုံးလို့ “နောက်တစ်ပွဲတော့ အနိုင်ရမှဖြစ်မယ်” ဆိုပြီး အချိန်ပိုဆော့တာမျိုးကိုလည်း ရှောင်သင့်ပါတယ်။

📅 Schedule ချပါ — နေ့တိုင်းနီးပါး ဂိမ်းထဲမှာပဲ အချိန်မကုန်စေဘဲ ဘယ်နေ့မှာ gaming လုပ်မလဲ၊ ဘယ်နေ့မှာ မိသားစုကို အချိန်ပေးမလဲ၊ ဘယ်နေ့မှာ exercise လုပ်မလဲဆိုပြီး ကိုယ့်ဘဝနဲ့ကိုက်ညီတဲ့ schedule တစ်ခုထားနိုင်ပါတယ်။

⭐ အရေးကြီးဆုံးက
Study/Work,  Family,  Health,  Entertainment ဆိုတဲ့ priority ကို မမေ့ဖို့ပါ။


နောက်ဆုံးမှာ ပြောချင်တာက—
The problem is not gaming itself, but losing control over gaming.🎮

ဂိမ်းက အပန်းဖြေစရာတစ်ခုအနေနဲ့ ရှိနေနိုင်ပါတယ်။ ဒါပေမယ့် ဂိမ်းကြောင့် ကိုယ့်ရဲ့ ပညာရေး၊ ကျန်းမာရေး၊ မိသားစုနဲ့ လူမှုဆက်ဆံရေး တွေ မထိခိုက်အောင် ကိုယ့်ဘဝနဲ့ gaming ကြားမှာ balance တစ်ခုရှိဖို့က အရေးကြီးဆုံးပါ🌱💚

#Content_by_Lunar
#Graphic_by_Lovely
#Core_of_Learning_Academia
❤5❤‍🔥1🐳1🍓1💘1
Core of Learning Academia
🎮 ဂိမ်းဆော့ခြင်းက ဆိုးကျိုးတစ်ခုလား? ဂိမ်းဆော့တာကို “မကောင်းဘူး” လို့ တစ်ဖက်သတ်သတ်မှတ်လို့ရမလား? 🤔 တကယ်တော့ လူတိုင်း ဂိမ်းဆော့တဲ့အကြောင်းရင်းက မတူကြပါဘူး။ တချို့က စိတ်ဖိစီးမှုနဲ့ ပင်ပန်းမှုတွေကို ခဏတာမေ့ဖို့၊ အပန်းဖြေဖို့ ဆော့ကြသလို တချို့ကတော့ ဝါသနာကြောင့်…
❤6💘2❤‍🔥1🐳1🍓1
ပင်ပန်းရင်လည်း မာလာရှမ်းကောကို တောင့်တတယ်။

စိတ်ဓာတ်ကျနေရင်လည်း တောင့်တတယ်။

ပျင်းနေရင်လည်း တောင့်တတယ်။

ပျော်နေရင်လည်း တောင့်တတယ်။

စာလုပ်ရရင်လည်း တောင့်တတယ်။

စာမလုပ်ရရင်လည်း တောင့်တယ်။

တောင့်တတယ်။ တောင့်တတယ်။



#Core_Of_Learning_Academia
🤣21🍓2🗿2
💥Free GED Math Intensive Class💥

ဟိတ်... ဟိတ် ရှိပြီးသားရည်းစားကို ဖြတ်ဖို့မတွေ့ဘဲ သင်ထားတဲ့ GED Math ကို အရင် ဖြတ်ကြရအောင်💪

GED preparation ပြီးထားပြီးသား ကလေးလေးများအတွက် အဓိကဖွင့်ပေးတာ ဖြစ်ပါတယ်။ Math Real Exam ကို October လ မကုန်ခင် ဖြေမဲ့ ကလေးတွေ တက်သင့်ပါတယ်။

👩‍🏫Teacher Name - Tr. Zuko

📚Subject and Level - GED Math intensive

🗓️Duration - 15 Days

💻Class Type - Zoom

📅Start Date - 1. 10. 26

⏰Class Day and Time - 7 p.m. to 8:30 p.m. (၁၅ ရက် ဆက်တိုက်ပါ)



စကားတွေ အများကြီးပြောရင် အမှားတွေအများကြီးပါတယ်။ ဒီအတန်းကို တက်လိုက်ရင်တော့ စာဖြေတဲ့အခါမှာ အမှားနည်းသွားမှာကိုတော့ သင်ပေးမဲ့ ချယ်‌လှလှလေးနဲ့ ကိုလာကနေ အာမခံလိုက်ပါတယ်နော်🙈

ကဲ စာမေးပွဲမြန်မြန်ဖြေကြမယ်ဟုတ်..? @CoL_Academia ကို မြန်မြန်လာအပ်လိုက်တော့နော်✨


#Core_of_Learning_Academia
❤12🐳3🍓2❤‍🔥1🔥1💋1💘1
Forwarded from Thel in Progress
30 Days Life Detox Btach 2 Challenge အသေးစိိတ်ဖတ်ရန်

🌱 RESET
🔄 REBUILD
🚀 LEVEL UP
🎯 RISE

📩 To join, send me “Detox Life” via DM. @AThel_is_Shining

Limited participants for a more focused challenge experience.

Let's finish 2026 intentionally and enter 2027 with a clearer direction. 🤍

#thelinprogress
#lifestyle
#30daysChallenge
#LifeDetoxChallengeBatch2
❤14🐳1
သူငယ်ချင်းလေး တင်းနေပါပြီ🐡

#Core_Of_Learning_Academia
🤣29