Core of Learning Academia
1.04K subscribers
446 photos
1 file
78 links
This is the core place which is for every learner. CoL.A is always for LEARNERS.
Download Telegram
❤5❤‍🔥2🐳1💘1
ကိုယ့်ရဲ့ Writing ကိုဘယ်လိုကောင်းအောင်လုပ်ရမလဲ??

လူတိုင်းက Writing ဆိုရင်ကြောက်ကြတယ် တိုးတက်အောင်လုပ်ဖိုကြတော့မတွေးဘူး ဟုတ်တယ်မလား🙄

သိတာပေါ့အဲ့တာကြောင့် အချက် ငါးချက်လောက်ပြောပြမယ် 🤕


ဆက်လက် ဖတ်ရန်


#Core_of_Learning_Academia
❤6🐳1🍓1💘1
🥟ပေါက်စီမြေနဲ့ ပတ်သက်ပြီး
✨ စပါယ်ရှယ် အတန်းလေးတစ်တန်းလာဖို့ ရှိပါတယ်နော် သိချင်နေကြပြီမလား

မသိချင်လည်း သိလိုက်

#Core_of_Learning_Academia
❤6🍓2🐳1💘1
HSK စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်ချင်သူလေးတွေနှင့် တရုတ်ဘာသာစကားကို ယုံကြည်မှုရှိရှိ အသုံးပြုနိုင်ရန် ရည်ရွယ်ထားသူများအတွက် HSK 1 Level အတန်းလေး လာပါပြီရှင့်။

ဒီအတန်းမှာ‌တော့ HSK 1 Text Book ကို အခြေခံ၍ Vocabulary၊ Grammar၊ Reading၊ Writing၊ Listening နှင့် Speaking Skills များကို အဆင့်ဆင့် နားလည်လွယ်ကူအောင် သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။ အခြေခံမရှိသေးသူများလည်း အဆင်ပြေစွာ လေ့လာနိုင်ရန် စနစ်တကျ လမ်းညွှန်သင်ကြားပေးသွားမှာဖြစ်ပါတယ်။

👨‍🏫 Teacher – Wang Laoshi

📖 Subject – Chinese (HSK 1 Level – Text)

💻 Class Type – Google Meet

🗓️ Class Start Date – 15.8.2026

📌 Duration - 3 months

📅 Class Days – Saturday & Sunday

🕗 Class Time – 8:00 PM – 9:00 PM

👥 Student Limit – 20

📚 Course Book – HSK Text Book


🌟 သင်တန်းပြီးဆုံးသွားချိန်မှာ
HSK 1 Level အခြေခံ Vocabulary များကို နားလည်ပြီး
နေ့စဉ်အသုံးများတဲ့ ဝါကျများကို ဖတ်နိုင်၊ ရေးနိုင်၊ ပြောဆိုနိုင်သွားမဲ့အပြင် အခြေခံ Chinese Grammar ကို နားလည်လာမှာပဲဖြစ်ပါတယ်။

📌 Class Rules

🔹 အတန်းတက်ရောက်တဲ့အခါအတန်းတစ်ခုလုံးကို ပြီးဆုံးအောင်တက်နိုင်တဲ့လူဖြစ်ရပါမယ်။

🔹 သင်ခန်းစာများကို စိတ်ဝင်တစား လေ့လာပြီး ပေးအပ်သော လေ့ကျင့်ခန်းများကို ပုံမှန်လုပ်ဆောင်ပေးရပါမည်။


Student limit လေးရှိတာမလို့အခုပဲ@CoL_Academia ကိုအပြေးလားပြီးအတန်းလာအပ်လိုက်တော့နော်

#Content_by_Chaw
#Core_of_Learning_Academia
❤8💘1
Core of Learning Academia
HSK စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်ချင်သူလေးတွေနှင့် တရုတ်ဘာသာစကားကို ယုံကြည်မှုရှိရှိ အသုံးပြုနိုင်ရန် ရည်ရွယ်ထားသူများအတွက် HSK 1 Level အတန်းလေး လာပါပြီရှင့်။ ဒီအတန်းမှာ‌တော့ HSK 1 Text Book ကို အခြေခံ၍ Vocabulary၊ Grammar၊ Reading၊ Writing၊ Listening နှင့်…
လာသမျှ ကလေးတိုင်း ဒီလ အရမ်းမေးလို့ ပြန်ရှင်းတာပေါ့နော်


ကိုလာကလေ ယူတို့သာ အတန်းသေချာတက်ပါ့မယ် အာမခံရင် အကုန် ဖရီးလေနော် ဖရီးမှ ရီးရီးရီးလို့တောင် မြည်ဟီးထွက်နေတာဘဲ


တစ်ရာရာခိုင်နှုန်း ဖရီးပါ။ အရမ်းချစ်လို့ အမ်းချင်ရင်တော့ တစ်မျိုးပေါ့🫰


#Core_of_Learning_Academia
🤣10❤3🍓2🥰1🌚1
🌳WHY COTTON TREES ARE MORE IMPORTANT THAN WE THINK?

ယနေ့ခေတ် ကျွန်တော်တို့ မြင်တွေ့နေရတဲ့ cotton tree(ဝါဂွမ်းပင်) တွေရဲ့ ဇာစ်မြစ်ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီခန့်က အမေရိကတိုက်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကတိုက် ကနေမှ လေတိုက်မှု၊မြစ်ချောင်းစီးဆင်းမှု စတဲ့ရာသီဥတုတွေမှတစ်ဆင့် ကမ္ဘာအနှံအပြားကိုရောက်ရှိလာခဲ့ပြီး အချိန်ကြာလာတာနဲ့အမျှ လူသားမျိုးနွယ်စုအတွက် အကျိုးပြုတဲ့ ဂေဟာစနစ်(ecosystem)တစ်ခုဖြစ်လာခဲ့ပါတယ်✨

1.Cotton trees help improve air quality💨


Cotton trees တွေကအခြားအပင်တွေလိုပဲ photosynthesis ကိုလုပ်ဆောင်ကြပါတယ်။ လေထုထဲမှာရှိတဲ့ ဖုန်မှုန့်၊ ညစ်ညမ်းစေတဲ့အမှုန်အမွှားတွေအားလုံးကိုယူဆောင်သွားပြီး သတ္တဝါတွေအသက်ရှူဖို့လိုအပ်တဲ့ oxygen ကိုပြန်လည်ထုတ်လွှင့်ပေးပါတယ်။

2.Cotton trees provide shelter for animals🐇


Cotton trees တွေရဲ့အကိုင်းအခက်တွေ၊ ပင်စည်အခေါင်းပေါက်တွေက ငှက်ကလေးတွေ၊ ရှဥ့်တွေ၊ ပိုးမွှားတွေနဲ့ အခြားတိရစ္ဆာန်ငယ်လေးတွေအတွက် ခိုလှုံရာနေရာဖြစ်လာခဲ့ပါတယ်။
ပူပြင်းတဲ့ နွေဥတုမှာဖြစ်စေ၊အေးခဲလှတဲ့ ဆောင်းဥတုမှာဖြစ်စေ တိရစ္ဆာန်လေးတွေကို အကာအကွယ်ပြုပေးနိုင်ပါတယ်။

3.Cotton fibers can be used as many different things🪴


Cotton trees ရဲ့အသီးကနေထွက်လာတဲ့ ပျော့ပျောင်းတဲ့အမျှင်တွေကို ခေါင်းအုံး ၊ဖက်လုံး၊ မွေ့ရာ၊မွှေးပွအရုပ်လေးတွေ၊ အသက်ကယ်အကျီ(life jacket) တွေလိုမျိုးမှာအသုံးပြုကြပါတယ်။
ဒီအမျှင်တွေဟာပေါ့ပါးပြီးနူးညံံ့တာကြောင့်အသုံးဝင်တဲ့သဘာဝပစ္စည်းတစ်မျိုးအဖြစ်သတ်မှတ်ကြပါတယ်။

4.Cotton trees support biodiversity


သက်ရှိသတ္တဝါမျိုးစုံ ရှင်သန်နိုင်ဖို့အတွက် သဘာဝပတ်ဝန်းကျင်ရဲ့ညီမျှမှုကလည်း ထပ်တူထပ်မျှအရေးကြီးပါသေးတယ်။ cotton tree ရဲ့ အမြစ်တွေဟာ မြေကြီးကို ကုပ်တွယ်ထားတဲ့အတွက် မြေဆီလွှာတိုက်စားမှု၊ ပြိုကျမှု အပါအဝင်ပြင်းထန်တဲ့ မုန်တိုင်း စတာတွေကိုလည်း မားမားမတ်မတ်ကာကွယ်ပေးနိုင်ပါတယ်။

🌱Fun fact


Cotton tree တွေဟာနှစ်ပေါင်းများစွာအသက်ရှည်နိုင်ပြီး အမြင့်ပေများစွာ အထိကြီးထွားနိုင်ပါတယ်။ တစ်ချို့နိုင်ငံတွေမှာတော့ ဒီအပင်ကို ဒေသရဲ့အမှတ်အသားတစ်ခုအဖြစ်တောင်သတ်မှတ်ထားကြပါတယ်။
ဒါပေမယ့် တစ်ခုသတိထားရမှာက cotton tree(kapok tree)နဲ့ cotton plant ​ကမတူပါဘူးနော်။ လူတွေအဝတ်အထည်လုပ်တဲ့ချည်မျှင်အများစုကတော့ cotton plant ကနေရရှိတာဖြစ်ပါတယ်။🌿

#Content_by_Lunar
#Graphic_by_Kito
#Core_of_Learning_Academia
❤4🐳1🍓1🎄1💘1
Photography Changed Human History 📸

ဓာတ်ပုံတစ်ပုံက စကားလုံးထောင်ပေါင်းများစွာထက် ပိုပြောနိုင်တယ် ဆိုတာ ကြားဖူးကြမှာပါ။
ဒါပေမယ့် ဓာတ်ပုံတစ်ပုံက သမိုင်းတစ်ခုလုံးကိုပါ ပြောပြနိုင်တယ် ဆိုရင်ရော… 👀



📷 Photography ဟာ အမှတ်တရတွေ သိမ်းထားဖို့အတွက်ပဲလား???

Photography ပေါ်ပေါက်လာပြီးနောက် လူတွေဟာ ကိုယ်ချစ်ရတဲ့သူတွေနဲ့ အမှတ်တရအခိုက်အတန့်တွေကိုသာမက အဲဒီခေတ်ရဲ့ လူနေမှုပုံစံ၊ ယဉ်ကျေးမှု၊ ဖြစ်ရပ်တွေနဲ့ ကမ္ဘာကြီးရဲ့ အခြေအနေတွေကိုပါ ပုံရိပ်တွေအဖြစ် သိမ်းဆည်းထားနိုင်ခဲ့ပါတယ်။ တစ်ချိန်က ဖြစ်ပျက်ခဲ့တဲ့ အရာတွေကို စာနဲ့ဖတ်ရုံမဟုတ်ဘဲ ပုံရိပ်တွေကနေ ကိုယ်တိုင်မြင်တွေ့သလို နားလည်နိုင်စေခဲ့တာက Photography ရဲ့ ထူးခြားတဲ့ အားသာချက်တစ်ခုပါ 🌍  


⚔️ စစ်ပွဲတွေကနေ နေ့စဉ်ဘဝအထိ…

စာနဲ့ဖတ်ရုံနဲ့ မမြင်နိုင်တဲ့ ခေတ်အဆက်ဆက်က ကမ္ဘာ့စစ်ပွဲတွေ၊ လူမှုရေးအခြေအနေတွေ၊ သဘာဝဘေးအန္တရာယ်တွေနဲ့ လူတွေရဲ့ နေ့စဉ်ဘဝတွေကို ဓာတ်ပုံတွေက အတိတ်ကို ပြန်လည်လေ့လာနိုင်စေတဲ့ သမိုင်းအထောက်အထားတွေ ဖြစ်လာခဲ့ပါတယ်။ နှစ်တွေ၊ ရာစုတွေကြာသွားတဲ့အခါ ဒီဓာတ်ပုံတွေဟာ အမှတ်တရပုံတွေထက် ပိုပြီးတန်ဖိုးရှိလာခဲ့ပါတယ် 🕰


📰 ဒါဆို သတင်းစာတွေမှာကရော?

Photography ဖွံ့ဖြိုးလာတာနဲ့အမျှ သတင်းစာနဲ့ မီဒီယာတွေမှာ ဓာတ်ပုံတွေကို ပိုပြီးအသုံးပြုလာကြပါတယ်။ အဖြစ်အပျက်တစ်ခုကို စာနဲ့ဖတ်ရုံသာမက ဖြစ်ပျက်နေတဲ့အရာကို ပုံရိပ်နဲ့ တိုက်ရိုက်မြင်နိုင်လာတာကြောင့် သတင်းတွေဟာ ပိုပြီး စိတ်ဝင်စားဖို့ကောင်းလာခဲ့ပါတယ်။ အထူးသဖြင့် အဝေးကနေ ဖြစ်ပျက်နေတဲ့ အရေးကြီးတဲ့ ဖြစ်ရပ်တွေကို ဓာတ်ပုံတွေက လူတွေဆီ ပိုမိုမြန်ဆန်စွာ ရောက်ရှိစေခဲ့ပါတယ်။ ဒါကြောင့် Photography ဟာ သတင်းပေးပို့တဲ့ နည်းလမ်းကိုပါ ပြောင်းလဲပေးခဲ့တဲ့ အရေးကြီးတဲ့ နည်းပညာတစ်ခု ဖြစ်လာခဲ့ပါတယ် 📸 


🎨🔬 အနုပညာနဲ့ သိပ္ပံဘက်ကိုလည်း မလွတ်ခဲ့ပါဘူး!

Photography က အနုပညာရှင်တွေအတွက် ဖန်တီးမှုပုံစံအသစ်တွေကို ဖွင့်ပေးခဲ့သလို သိပ္ပံပညာရှင်တွေအတွက်လည်း မျက်စိနဲ့ကြည့်ရုံနဲ့ မလုံလောက်တဲ့ အရာတွေ၊ ဖြစ်စဉ်တွေကို ပုံရိပ်တွေအဖြစ် မှတ်တမ်းတင်ပြီး ပိုမိုအသေးစိတ် လေ့လာနိုင်စေခဲ့ပါတယ် 🔬


📱 အရင်ကတော့ Camera တစ်လုံးလိုတယ်… အခုတော့ Phone တစ်လုံးဆို လုံလောက်ပြီ!

ခေတ်မီတိုးတက်လာတဲ့ ယနေ့ခေတ်မှာတော့ Smartphone နဲ့ Digital Camera တွေကြောင့် ဘယ်သူမဆို အချိန်မရွေး၊ နေရာမရွေး ပုံရိပ်တွေကို လွယ်လွယ်ကူကူ မှတ်တမ်းတင်နိုင်လာပါတယ်။ နေ့စဉ်ဘဝရဲ့ အမှတ်တရလေးတွေကနေ အရေးကြီးတဲ့ ဖြစ်ရပ်တွေအထိ တစ်ခဏအတွင်း ဖမ်းယူပြီး သိမ်းဆည်းထားနိုင်တဲ့ခေတ် ဖြစ်လာပါပြီ။ Photography ဟာ လူအနည်းစုအတွက်သာ မဟုတ်တော့ဘဲ လူတိုင်းရဲ့ နေ့စဉ်ဘဝထဲက အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပါတယ် ✨ 


🌍 ဒါကြောင့် Photography ဆိုတာ…

အလှပဆုံးအချိန်တွေကို သိမ်းဆည်းထားတဲ့ ပုံတစ်ပုံတင်မဟုတ်ပါဘူး။ လူတွေရဲ့ အမှတ်တရတွေ၊ လူမှုဘဝတွေ၊ သမိုင်းဝင်ဖြစ်ရပ်တွေနဲ့ ခေတ်တစ်ခေတ်ရဲ့ အခြေအနေတွေကိုပါ သိမ်းဆည်းထားတဲ့ မှတ်တမ်းတစ်ခု ဖြစ်ပါတယ်။


Photography ဟာ အချိန်ကို ရပ်တန့်ထားလို့မရပေမယ့်၊ တစ်ခါတလေ ပြန်မရနိုင်တော့တဲ့ အချိန်တွေကို မမေ့ပျောက်သွားအောင် သိမ်းထားပေးနိုင်ပါတယ် 🕰📸

#Content_by_Kiren
#Graphic_by_Alice
#Photography
#Core_of_Learning_Academia
❤6🥰1🐳1🍓1💋1💘1
❤7💘2🥰1🤔1🐳1🍓1💋1
တွေ့လား တွေ့လား မြင်အောင်ကြည့် နင်တို့မချစ်ချင် နေကြ

ကလေးတွေ ချစ်တယ်
🫰💕

*Tq kalay myar

#Core_of_Learning_Academia
🍓7❤6💋1💘1
🌱 Meet Your Little Self-care Buddy — Finch 🐦💚

Self-care လုပ်ချင်ပေမယ့် ဘယ်ကနေစရမလဲ မသိသေးတဲ့သူလေးတွေအတွက် ဒီနေ့မှာတော့ Finch App လေးနဲ့ မိတ်ဆက်ပေးပါရစေ! ✨

ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ လုပ်စရာ Goal လေးတွေကို ပြီးမြောက်အောင်လုပ်ရင်း ကိုယ့်အတွက်လည်း Self-care လုပ်ပေးနိုင်မယ့် App လေး တစ်ခုပဲဖြစ်ပါ။ 🫶🏻

🎯 Complete Your Goals & Get Rewards!

နေ့စဉ် Goal လေးတွေ သတ်မှတ်ပြီး Complete လုပ်တိုင်း ကိုယ့်ရဲ့ Finch လေးကို Grow ဖြစ်လာ အောင်လုပ်လို့ရတဲ့အပြင် Monthly Event တွေထဲက Reward လေးတွေပါ ရရှိနိုင်တာကြောင့် Goal တွေပြီးအောင်လုပ်ဖို့ Motivation ပိုရစေပါတယ်။ 🎁✨

🌎 Adventure With Your Finch

ကိုယ့်ရဲ့ Finch လေးနဲ့ Adventure ထွက်ပြီး ကမ္ဘာတစ်ဝှမ်းက နာမည်ကြီးမြို့တွေ၊ နေရာတွေ အကြောင်း စူးစမ်းလေ့လာလို့ရတဲ့အပြင် Adventure သွားနေတဲ့အချိန်မှာလည်း Finch လေးက တစ်နေ့တစ်မျိုး စိတ်ဝင်စားစရာအကြောင်းအရာလေးတွေ ပြောပြပေးနေမှာပဲဖြစ်ပါတယ်။ 🗺️🐦

🧠 Activities Section — Your Little Self-care Corner

Finch ရဲ့ Activities Section မှာတော့ ကိုယ့်စိတ်နဲ့နေ့စဉ်ဘဝကို ဂရုစိုက်နိုင်ဖို့ Mindful in-app activities တွေ အများကြီးလည်းပါဝင်ပါတယ်။

✨ Self-care Quizzes
📖 Journaling Prompts
🌿 Mindfulness Activities
🩹 စိတ်ညစ်နေတဲ့အချိန်မှာ လုပ်လို့ရမယ့် First Aid Kit Activities
💭 Reflection Activities

ဆိုပြီး Mood အလိုက်၊ ကိုယ့်လိုအပ်ချက်အလိုက် လုပ်ဆောင်နိုင်ပါတယ်။

🎀 Make Your Finch YOUR Finch!

Finch လေးကို ကိုယ့်စိတ်ကြိုက် Customize လုပ်လို့ရတာကလည်း ဒီ App ရဲ့ ချစ်စရာကောင်းတဲ့အချက်တစ်ခုပါ။ 🥹💗

👕 Finch Clothing
🏠 Finch House
🎨 Finch & Body Colour


စိတ်ကြိုက်ပြင်ဆင်ပြီး ကိုယ့်ရဲ့ Little Finch လေးကို ကိုယ်တိုင်ဖန်တီးနိုင်ပါတယ်။

👯‍♀️ Self-care is Better Together!

သူငယ်ချင်းတွေနဲ့ Join ပြီး Goal တွေကို အတူတူသတ်မှတ်၊ အတူတူ Complete လုပ်လို့လည်းရတဲ့အပြင် တစ်ယောက်နဲ့တစ်ယောက် Motivation ပေးရင်း ကိုယ့်ရဲ့နေ့စဉ် Routine လေးတွေကို ပိုပြီး Consistent ဖြစ်အောင် ကြိုးစားနိုင်ပါတယ်။ 💚

🌱 Finch က Goal Tracker တစ်ခုတည်းမဟုတ်ဘူး။

ကိုယ့်ရဲ့နေ့စဉ်ဘဝထဲမှာ Goal + Self-care + Mindfulness + Adventure + Fun တွေကို တစ်နေရာတည်းမှာ ပေါင်းစပ်ပေးထားတဲ့ Little Self-care Buddy လေးတစ်ကောင်ပါ။ 🐦✨

So… Are you ready to take care of yourself with your little Finch? 💚

#Content_by_Chaw
#Graphic_by_Heather
#Finch
#Core_of_Learning_Academia
❤4🐳1🍓1💘1
💁🏻 လူငယ်တွေအနေနဲ့ ကျောင်းစာအပြင် သင်ယူသင့်တဲ့ skills တွေက ဘာဖြစ်မလဲ???

ကျောင်းသားကျောင်းသူတွေတင်မကပဲ အလုပ်ခွင်၀င်နေပြီဖြစ်တဲ့ Colar လေးတို့အတွက်ပါ ဒီနေ့ CoL.A ကနေ အားလပ်ရက်တွေမှာ လုပ်ကိုလုပ်သင့်တဲ့ activities လေးတွေ၊ လေ့လာစရာလေးတွေက ဘာဖြစ်မလဲ ဘာအကျိုးကျေးဇူးတွေရမလဲဆိုတာကို sharing လုပ်ပေးဖို့ လာပါပြီ 🥳

🧶 ချည်ထိုးခြင်း ( Crocheting)


အားလပ်ချိန်လေးတွေမှာချည်ထိုးခြင်းက Colar လေးတို့ကို စိတ်တည်ငြိမ်စေမှာဖြစ်ပြီး ဒီလိုလက်မှုပညာရပ်ကနေတစ်ဆင့် ချစ်စရာအရုပ်ကလေးတွေကို အစအဆုံးကိုယ်တိုင်ဖန်တီးရတာဖြင့်တဲ့အတွက် "sense of accomplishment " လဲရစေမယ်။
တစ်ဖက်တစ်လမ်းကနေလဲ ကိုယ်လုပ်ထားတဲ့ပစ္စည်းလေးတွေကို အပို၀င်ငွေအဖြစ်ရောင်းချချင်တယ်ဆိုရင်လဲ သင်ယူသင့်တဲ့ ပညာရပ်ဖြစ်တာမလို့ ကိုယ့်ရဲ့စိတ်ကိုငြိမ်အောင်လုပ်ရာလဲရောက်သလို income အနေနဲ့ ကိုယ်တက်နိုင်သလောက်လဲအကျိုးအမြတ်ရနိုင်မဲ့ ချစ်စရာပညာရပ်လေးတစ်ခုပါ။

ဒါ့အပြင် မကြာခင် မိုးရာသီကုန်ပြီး ဆောင်းရာသီလဲ ရောက်တော့မှာဆိုတော့ sweater လေးတွေ muffler လေးတွေလဲ ကိုယ့်အတွက်ပဲဖြစ်ဖြစ် ကိုယ်ချစ်ရတဲ့သူတွေအတွက်ပဲဖြစ်ဖြစ် ကြိုပြီးချည်ထိုးထားလို့ရနေပြီနော် 🙊


✏️ ပုံဆွဲခြင်း ( Sketching )


ပုံတစ်ပုံကိုရေးဆွဲတဲ့အခါမှာ လွယ်ကူတယ်ထင်ရပေမဲ့ မျဉ်းလေးတစ်ကြောင်းဆွဲတာကအစ သေချာအာရုံစိုက်ရပြီး ရေးဆွဲရပါတယ်။
အချိန်တစ်ခုပေးပြီး ပုံတွေကိုအသေးစိတ်ဆွဲရတာကြောင့်
" Fine motor control skill " နဲ့ " Sustained attention "ကိုပါ တစ်ခါတည်းလေ့ကျင့်ပြီးသားဖြစ်သွားမှာပါ။

ဒါဆို ကျောင်းစာမှာရော ဘယ်လိုအထောက်အကူပြုမှာလဲ?

စာကိုပဲဖတ်တာထက် ပုံ နဲ့ စာ တွဲပြီးလေ့လာရင် information ကို visual form နဲ့ပါ မှတ်သားနိုင်လို့ အထူးသဖြင့် science ဘာသာရပ်တွေ Math နဲ့ Geography ပိုင်းမှာပါ conceptual understanding skill ကို တက်စေမှာပါ။

🎸🎹 တူရိယာတီးခြင်း ( Playing instruments )

1. chord၊ note၊ rhythm တွေကိုလေ့ကျင့်ပြီးတီးရတာဖြစ်တဲ့အတွက် memory ပိုကောင်းလာစေတာပါပဲ။ တစ်ချိန်တည်းမှာပဲ အာရုံစူးစိုက်နိုင်စွမ်းလဲနိုးလာမယ်။

2. Instrument တစ်ခုကျွမ်းကျင်ဖို့ တစ်ရက်နှစ်ရက်နဲ့မရဘဲ ပုံမှန်လေ့ကျင့်ရတာကြောင့် အချိန်ယူပြီး တဖြည်းဖြည်းတိုးတက်အောင်လုပ်နိုင်တဲ့ mindset ရလာမယ်။

3. Instrument တီးနေတဲ့အချိန်မှာ သီချင်းကိုဖတ်၊ rhythm ကိုထိန်း၊ လက်ကိုရွှေ့၊ အသံကိုနားထောင်ပြီး timing ကိုထိန်းရတာကြောင့် ဦးနှောက်ရဲ့ processing systems အများကြီးကို တစ်ပြိုင်တည်းအသုံးပြုရတာကြောင့် brain exercise အနေနဲ့လဲဖြစ်မယ်။

4. ကိုယ်နှစ်သက်တဲ့ သီချင်းတွေကို တီးခတ်ရတဲ့အတွက် stress လဲလျှော့မယ်။

♟️ စစ်တုရင်ကစားခြင်း ( Playing chess)

1. Planning & Strategic Thinking တိုးစေတယ်
လက်ရှိအခြေအနေတင်မကဘဲ နောက်တစ်ဆင့်၊ နှစ်ဆင့်ကို ကြိုတင်စဉ်းစားတတ်လာစေတယ်။

2. Problem-solving Skill တိုးတက်စေတယ်
ပြဿနာတစ်ခုအတွက် အကောင်းဆုံးဖြေရှင်းနည်းကို ရှာဖွေတတ်လာစေတယ်။

3. Memory / Working Memory ကို လေ့ကျင့်ပေးတယ်
Board position, moves နဲ့ patterns တွေကို မှတ်ထားပြီး အသုံးချရတယ်။

4. Patience & Self-control တိုးစေတယ်
အလျင်စလိုမလုပ်ဘဲ စဉ်းစားပြီးမှ ဆုံးဖြတ်တတ်လာစေတယ်။

5.ကျောင်းစာအတွက် အထောက်အကူပြုနိုင်တယ်
အထူးသဖြင့် Math, Logic, Reasoning နဲ့ Problem-solving လိုအပ်တဲ့ စာတွေမှာ အသုံးဝင်တဲ့ thinking skills တွေကို လေ့ကျင့်ပေးတယ်။


ဒါဆိုရင် Colar လေးတို့ရဲ့ အားလပ်ချိန်တွေကို ဘယ်လိုအကျိုးရှိရှိအသုံးချရမလဲသိကြပြီဆိုတော့ နောက်ထပ် လာမဲ့ topic တွေမှာလဲ အခုလို စိတ်၀င်စားစရာကောင်းတဲ့ အကြောင်းအရာနဲ့အတူပြန်တွေ့ကြမယ် 👀💞

#Content_by_Chan
#Graphic_by_Lovely
#Core_Of_Learning_Academia
💘5❤2🐳1🍓1💋1
အတန်းကိုဖွင့်တုန်းမတက်ကြဘူး ဘယ်လိုလူတွေလဲဟာ ပိတ်ပိတ်ထိုးပစ်မှာနော် 🫰

ပိတ်ရင် လာမေးပြီ ဟိုအတန်းလုပ်ပါ ဒီအတန်းလုပ်ပါအုံးနဲ့

ခါတိုင်းက Admin နဲ့ Founder လောက်ပဲ စိတ်ဓာတ်ကျတာ ခုက Team တစ်ခုလုံး စုစုစည်းစည်းစိတ်ညစ်နေကြဘီ 😂

ငါ့ကလေးတွေမပျော်ရင် အဲ့တာ ညည်းတို့ကြောင့်နော်


#Core_of_Learning_Academia
🤣17❤3🍓2😈1👻1🙉1😎1
🧠 Why Are Some People Left-Handed?

ကမ္ဘာ့လူဦးရေရဲ့ 90% လောက်က Right-handed (ညာသန်) ဖြစ်နေကြချိန်မှာ တစ်ဖက်မှာတော့ 10% လောက်က Left-handed (ဘယ်သန်) ဖြစ်နေကြပါတယ်။ 💭

ဒါဆို ဘာကြောင့် လူတချို့က ဘယ်လက်သန်ပြီး တချို့က ညာလက်သန်ကြတာလဲ? 🤔
💡 What is Handedness?

Handedness ဆိုတာ လူတစ်ယောက်က လက်နှစ်ဖက်ထဲက တစ်ဖက်ကို ပိုမိုနှစ်သက်ပြီး ကျွမ်းကျင်စွာ အသုံးပြုတတ်တဲ့ သဘောထားကို ဆိုလိုပါတယ်။

ဥပမာ—
✍️ စာရေးတဲ့အခါ
⚽ ဘောလုံးပစ်တဲ့အခါ
🥄 ဇွန်းကိုင်တဲ့အခါ

ဘယ်လက်ကို ပိုမိုအသုံးပြုလေ့ရှိတယ်ဆိုရင် Left-handed ဖြစ်နိုင်ပါတယ်။

ဒါဆို... ဘာကြောင့် ဒီလိုဖြစ်လာရတာလဲ? 👀
1️⃣ 🧠 The Brain System

လူသားတွေရဲ့ ဦးနှောက်မှာ left hemisphere နဲ့ right hemisphere ဆိုပြီး အဓိကခြမ်းနှစ်ခုရှိပါတယ်။

ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုတွေကို ထိန်းချုပ်ရာမှာတော့ ဦးနှောက်ရဲ့ hemisphere တစ်ဖက်ဟာ ခန္ဓာကိုယ်ရဲ့ ဆန့်ကျင်ဘက်ခြမ်း ကို အဓိက ထိန်းချုပ်လေ့ရှိပါတယ်။

ဒါကြောင့်—

Left hemisphere =Right side of the body
Right hemisphere = Left side of the body


လို့ အကြမ်းဖျင်းနားလည်နိုင်ပါတယ်။

ဒါပေမယ့် “Left brain ဆိုရင် Right-handed၊ Right brain ဆိုရင် Left-handed” လို့ တသမတ်တည်းသတ်မှတ်လို့တော့ မရပါဘူး။ 🧠
ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေဟာ hemisphere တစ်ဖက်တည်းမှာ သီးခြားစီရှိနေတာမဟုတ်ဘဲ နှစ်ဖက်စလုံးက ပူးပေါင်းလုပ်ဆောင်ကြတာ ဖြစ်ပါတယ်။
2️⃣ 🧬 Genes

Genes တွေက Handedness ဖြစ်ပေါ်လာမှုမှာ အခန်းကဏ္ဍတစ်ခု အနေနဲ့ပါဝင်ပါတယ်။

ဒါပေမယ့် Gene တစ်ခုတည်းကြောင့် ဖြစ်လာတာတော့ မဟုတ်ပါဘူး။

Handedness ဟာ မိသားစုအတွင်းမှာ တွေ့ရလေ့ရှိတဲ့ genetic component ရှိပြီး၊ Genes အများအပြားရဲ့ သေးငယ်တဲ့ သက်ရောက်မှုတွေ ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတဲ့ trait တစ်ခု ဖြစ်နိုင်ချေများပါတယ်။

ဥပမာ—
မိဘနှစ်ယောက်လုံး Left-handed ဖြစ်တာနဲ့ ကလေးကလည်း Left-handed ဖြစ်မယ် လို့ သတ်မှတ်လို့မရပါဘူး။
ဘာကြောင့်လဲဆိုတော့

Handedness ဟာ Genes တစ်ခုတည်းအပေါ် မူတည်နေတာမဟုတ်ဘဲ—

🧠 ဦးနှောက်ဖွံ့ဖြိုးမှု
🤰 ကိုယ်ဝန်ဆောင်ကာလအတွင်း ဖွံ့ဖြိုးမှု
🌱 ပတ်ဝန်းကျင်
🏠 ယဉ်ကျေးမှု
👶 ကလေးဘဝအတွေ့အကြုံ
စတဲ့ အချက်တွေကလည်း သက်ရောက်မှုရှိနိုင်လို့ပါ။
3️⃣ 🌱 How Does Environment Affect Handedness?

အရင်ခေတ်တွေမှာ Right-handed ဖြစ်တာကို “မှန်တယ်” လို့ ယူဆခဲ့ကြတဲ့ ယဉ်ကျေးမှုတွေ ရှိခဲ့ပါတယ်။

ဒါကြောင့် Left-handed ဖြစ်တဲ့ ကလေးတွေကို ညာလက်နဲ့ စာရေးဖို့ ဖိအားပေးတာမျိုး တွေ ဖြစ်ခဲ့ပါတယ်။

အထူးသဖြင့် ကလေးဘဝအစောပိုင်းမှာ ဒီလိုအလေ့အထတွေကြောင့်—
သဘာဝအတိုင်း ပိုမိုနှစ်သက်တဲ့လက် (natural hand preference) နဲ့
လက်တွေ့အသုံးပြုနေတဲ့လက်
ကွာခြားသွားနိုင်ပါတယ်။

ဒါကြောင့် လူတစ်ယောက် ဘယ်လက်သန်၊ ညာလက်သန်ဆိုတာကို ကြည့်တဲ့အခါ Biology တင်မကဘဲ Environment နဲ့ Culture ကိုပါ ထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။
4️⃣ 🌍 How Many Left-Handed People Are There?

ကမ္ဘာ့လူဦးရေရဲ့ 10% လောက်ဟာ Left-handed ဖြစ်ကြတယ်လို့ အကြမ်းဖျင်း ပြောနိုင်ပါတယ်။
တစ်နည်းအားဖြင့်—
လူ 10 ယောက်ရှိရင် 1 ယောက်လောက်က Left-handed ဖြစ်နိုင်ပါတယ်။ ✋
ဒါပေမယ့် ဒီအချိုးဟာ နိုင်ငံ၊ ယဉ်ကျေးမှုနဲ့ လူဦးရေကို လေ့လာတဲ့နည်းလမ်းတွေအပေါ်မူတည်ပြီး အနည်းငယ်ကွာခြားနိုင်ပါတယ်။
5️⃣ ❤️ Is Being Left-Handed Normal?

လုံးဝသာမန်ဖြစ်စဉ်တစ်ခုပါ။
Left-handedness ဟာ ရောဂါတစ်မျိုး မဟုတ်သလို၊ လူတစ်ယောက်ရဲ့ ချို့ယွင်းချက်တစ်ခုလည်း မဟုတ်ပါဘူး။
သိပ္ပံနည်းကျအားဖြင့် normal human variation တစ်ခုအဖြစ် နားလည်နိုင်ပါတယ်။ 🌱

"လူတိုင်းဟာ တစ်ပုံစံတည်းဖြစ်ဖို့ မလိုအပ်ပါဘူး။
ပန်းပွင့်လေးတွေ အရောင်မတူကြသလိုပဲ—
လူတွေမှာလည်း ကွဲပြားမှုလေးတွေ ရှိကြတာ သဘာဝပါ။"
🌷

So, if you're left-handed...

You're not “wrong.”
You're simply different. 💚


#Content_by_Lunar
#Graphic_by_Yein
#Core_of_Learning_Academia
💘2❤1🍓1
The Psychology Of First Impressions 🧠

လူတစ်ယောက်ကိုအခုမှစတွေ့တဲ့အချိန်မှာ First impression ကောင်းအောင် လှလှပပပြင်ဆင်ပြီး နောက်ပိုင်းမှလမ်းထိပ်ထွက်တဲ့ design နဲ့တောင်အေးဆေးပဲ ဆိုတဲ့စိတ်က ဘာလို့လဲ?

First impression ဆိုတာ လူတစ်ယောက်ကို ပထမဆုံးတွေ့တဲ့အချိန်မှာ ရရှိလာတဲ့ အမြင်နဲ့ ခံစားချက်တစ်ခု ဥပမာပြောပြရရင် vibe ပေါ့ ❄️

"ဒီတစ်ယောက်ကတော့ ကြည့်လိုက်တာနဲ့ သန့်နေတာပဲကွာ"

" လှလိုက်တာ"

"ချောလိုက်တာ"
ဆိုတာ ရုပ်ရည်တစ်ခု‌တည်းကြောင့်မဟုတ်ဘဲနဲ့ ကိုယ်လုပ်လိုက်တဲ့ မျက်နှာအမူအရာ၊ ကိုယ်ဟန်အနေအထားနဲ့ စကားပြောပုံ စတဲ့ အချက်တွေကနေ ပထမဆုံးအမြင်ကို ဖမ်းဆွဲပြီးမှတ်ယူလိုက်ကြတာ များတယ်  đŸ“Œ

အစက ကိုယ့်ကိုသန့်တယ်၊ စည်းကမ်းရှိတဲ့ပုံစံလို့မှတ်ယူလိုက်ကြရင် ကိုယ်ဘာလုပ်လုပ်အထာကျကျနဲ့ strict ဖြစ်တဲ့ မမ type ၊ ကိုကို type တွေလို့မြင်ကြမှာပဲ ဒါကြောင့် First impression ကအရေးကြီးတယ်လို့ ပြောတာပေါ့ 💁

ဒါပေမဲ့ ကိုလာတို့သတိချပ်ရမဲ့အပိုင်းက First impression တစ်ခုတည်းနဲ့ လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို အပြည့်အဝ မဆုံးဖြတ်နိုင်ပါဘူး
သူက First impression မှာတော့ စည်းရှိသလိုနဲ့ နောက်မှစည်းကမ်းမဲ့ အမှိုက်လွှင့်ပစ်တာတွေဆို ဘယ်လိုလုပ်မလဲ ⁉️

အစကတည်းက အထာကျဖို့ပဲလုပ်ရင်း ဟန်ဆောင်ဖုံးဖိနေရင်တော့ ကိုယ်ပဲအဆင်မပြေမှာနော် 🫵

📝 ဒါပေမဲ့ အခြေခံလူ့ကျင့်ဝတ်ဖြစ်တဲ့ ကောင်းကောင်းမွန်မွန် နားထောင်ပေးတာ၊ ယဥ်ယဥ်ကျေးကျေး ပြောဆိုတာအပြင်ကို ကိုယ်ကလည်းသဘာဝကျကျ ပြုမူနေထိုင်တာကလည်း First impression မှာပိုအရေးကြီးတယ် 📝

ကိုယ့်ပုံစံလေးအတိုင်းပဲရှင်သန်ရင်းနဲ့ ကိုယ့် vibe ကိုယ်ပုံဖော်ကြစို့‼️

#Content_by_Dam
#Graphic_by_Yein
#Core_of_Learning_Academia