Core of Learning Academia
1.13K subscribers
508 photos
1 video
1 file
93 links
This is the core place which is for every learner. CoL.A is always for LEARNERS.
Download Telegram
Review လေးတွေကြည့်ပြီး အရမ်းကျေနပ်ပီတိဖြစ်မိပါတယ်ခညာ🍓🧃


နောက်အပတ် တနင်္လာနေ့ ပုံမှန်အချိန်အတိုင်းလေးမှာပဲ အကြောင်းအရာနောက်တစ်မျိုးနဲ့ ထပ်လာမှာမို့... လာပြီး တက်ရောက်ဖို့မမေ့ကြနဲ့နော်💕

*တက်ရောက်ချင်ပေမဲ့ အချိန်နဲ့ရက် အဆင်မပြေတာဆိုရင် comment မှာ ပြေမဲ့အချိန်ကို ရေးပေးသွားလို့ ရပါတယ်*


#Core_Of_Learning_Academia
❤9❤‍🔥2💘2🔥1🐳1🏆1🍓1💋1
📚 FREE ENGLISH GRAMMAR FOUNDATION CLASS✨

English Grammar ကို လေ့လာတဲ့အခါ Rule တွေကို အလွတ်မှတ်မိနေရုံနဲ့ မပြီးပါဘူး။
Grammar ကို ဘာကြောင့် ဒီလိုသုံးရလဲ၊ ဘယ်နေရာမှာ ဘယ်လိုအသုံးချရလဲ ဆိုတာကို နားလည်မှသာ English ကို ပိုပြီး ယုံကြည်မှုရှိရှိ အသုံးပြုနိုင်မှာပါ💡

Grammar အခြေခံတွေ မခိုင်သေးလို့ Writing နဲ့ Speakingကို လေ့လာတဲ့အခါ အခက်အခဲတွေရှိနေသူတွေအတွက် English Grammar Foundation Class ကနေ အခြေခံကို စနစ်တကျ ပြန်တည်ဆောက်နိုင်ပါတယ် 🌱

ဒီ အတန်းမှာ ကိုယ်ပိုင် Course Plan နဲ့ Grammar Foundation ကို အခြေခံကနေစပြီး လေ့လာနိုင်အောင် သင်ကြားပေးသွားမှာဖြစ်လို့ English Grammar ကို ပိုမိုနားလည်ပြီး အခြေခိုင်တဲ့ Foundation တစ်ခု တည်ဆောက်ချင်သူများအတွက် တက်ကိုတက်သင့်တဲ့ Class တစ်ခုဖြစ်ပါတယ် ✨


ကဲ စိတ်ဝင်စားတဲ့ သူတွေအတွက် Class Information ကို ကြည့်ရအောင်…

English Grammar Foundation Class

Teacher Name - Sir Zai 

Duration - 2 months

Class Type - Zoom 

Start Date - 21.9.2026

Class Day and Time - Mon to Fri & 1 to 3 P.M 

Course Plan - Own Course 

Student Limits - 30 



ဒီတစ်ခေါက်က လူဦးရေအကန့်သတ်ကို စိတ်ပူစရာမလိုပေမဲ့ အတန်းစမဲ့ ရက်လေးက နီးပြီဆိုတော့ လက်နှေးရင် ခွက်ဆေးရလိမ့်နော်... တော်ကြာ အချိန်မမှီလို့ မအပ်လိုက်ရရင် နှမြောစရာကြီးပါဗျို့

Grammarကို ပိုင်နိုင်ချင်ပြီး Foundation ခိုင်ချင်ရင်တော့....
CoL.A မှာ 
@CoL_Academia
“ ENGLISH GRAMMAR FOUNDATION CLASS ” လို့ 
ပို့ပြီး အတန်းအပ်လိုက်တော့နော်


#Content_by_Kiren
#Foundation_Grammar
#Core_of_Learning_Academia
❤5❤‍🔥1🐳1🍓1💘1
မင်မင်ပြောပြမယ်ကွာ


အတန်းလာအပ်တယ်မို့လား

အဲ့မှာ တက်နေကြကလေးတွေဆိုရင် စာတောင်မပြန်လိုက်ရဘူး Screenshot အစုံနဲ့တန်းရောက်လာကြရောလေ ရိုက်ထ်?

ပြောချင်တာက အသစ်ကလေးလေးတွေ အတန်းအပ်ပြီဟေ့ဆိုရင်လေ မမေ့ဘဲနဲ့ စာပြန်ပြီး ကလေးတို့က စာကိုမြင်တဲ့အခါ တစ်ပြိုင်နက်ဖြစ်နိုင်ရင် Screenshot လေးပို့ပေးပေါ့နော်🤏

မအားတာမျိုး ကျောင်းသွားတာမျိုးကို နားလည်ပေမဲ့ ခုက အတန်းမတက်လိုက်ရဘဲ နောက်ကျလို့ ကျန်နေခဲ့ကြရတာက တစ်ယောက်နှစ်ယောက်မဟုတ် များများလာလို့။ အဲ့တာကျ မင်လည်း စိတ်မကောင်းဘူး🥹

မင်မင်တို့ကလည်း စာပြန်ရင် ဒီတစ်ယောက်ပြန်ထားပြီးရင် reply မလာမချင်း ဝင်ကြည့်တာက မဟုတ်တော့ သိပ်ပြီးလည်း remind စာဆောင်မပို့ဖြစ်ဘူး။ တစ်ချို့ကလည်း remind လုပ်တာမကြိုက်ကြတာကြောင့်လည်း ပါတာပေါ့လေ

အဲ့တာကြောင့် အနေအထားက ပုံထဲက လို ဖြစ်နေရ၏🐡

ဒါဘဲ တာ့တာ🫶

English Grammar လေးအပ်လို့ရသေးတယ်နော်

အပ်ရန် - @CoL_Academia

#Core_of_Learning_Academia
❤11😁2💘2🐳1🍓1
Media is too big
VIEW IN TELEGRAM
https://vt.tiktok.com/ZSqG4MBRx/


မမချောချောလေး ဘာပြောနေသလဲ ကြည့်လိုက်ကြပါအုံး☕


ခိုးးကို supporting ပေးတဲ့ @suikasamyshoon မမလည်း ကျေးကျူးများကြီးပါချင့်


*သွားကြည့်နော် မကြည့်ရင် 🔪🫰💕

#Suika
#Core_of_Learning_Academia
❤19🍓2🐳1💘1
📣 We’re Recruiting Volunteers! 💙

Core of Learning Academia နဲ့အတူ ကိုယ့်ရဲ့ အချိန်၊အရည်အချင်းနဲ့ စိတ်ကူးတွေကို အသုံးချပြီးအကျိုးရှိအောင် ဖန်တီးချင်သူတွေအတွက် Volunteer Team ထဲဝင်ရောက်ဖို့ အခွင့်အရေးလေး ရှိနေပါပြီ။

👥 HR Volunteer (1 post)

Requirements
• Interview များကို သတ်မှတ်ထားတဲ့အချိန်အတိုင်း Host လုပ်နိုင်ရမည်။
• အခြား Team များနှင့် ချိတ်ဆက်ပူးပေါင်းလုပ်ဆောင်နိုင်ရမည်။
• Communication Skills ကောင်းမွန်ရမည်။
• Team Members များကို စီမံခန့်ခွဲပေးနိုင်ရမည်။
• Teamwork ကောင်းမွန်သူ ဖြစ်ရမည်။


🎓 Student Relations Volunteer ( 1 post )

Requirements
• Students များနှင့် ကောင်းမွန်စွာ ဆက်သွယ်ပြောဆိုပေးနိုင်ရမည်။
• သတ်မှတ်ထားသောအချိန်များတွင် Students များ၏ စာများကို Reply ပြန်ပေးရမည်။ (*တစ်နေကုန်မဟုတ်ပါ/ နာရီအလိုက် ထိုင်စောင့်နေရန် မလိုပါ)
• Student Registration / Class Enrollment များတွင် ကူညီပေးရမည်။
• Student Department တွင် Active ဖြစ်စွာ ပါဝင်လုပ်ဆောင်နိုင်ရမည်။
• သင်ကြားနေသော Group များကို ပုံမှန် Check ပြုလုပ်ပေးရမည်။


🌱 Volunteer Journey

Volunteer အဖြစ် မစတင်မီ ၂ ရက်ခန့် Training ပေးသွားမည်ဖြစ်ပြီး Senior Team Members များနှင့် ၁ ပတ်ခန့် အတူတကွ လုပ်ဆောင်ရမည်ဖြစ်ပါသည်။

ထို့နောက် ကိုယ်တိုင် လက်တွေ့စမ်းသပ်လုပ်ဆောင်ပြီး အဆင်ပြေပါက Volunteer အဖြစ် ဆက်လက်ပါဝင်နိုင်မည်ဖြစ်ပါသည်။

📌Training ပြီးဆုံးပြီးနောက် အနည်းဆုံး ၃ လ ပါဝင်လုပ်ဆောင်ပေးရန် လိုအပ်ပါသည်။ တာဝန်ယူမှုရှိရှိ ကြိုးစားလုပ်ဆောင်သူများအတွက် အဖွဲ့အတွင်း ပိုမိုကောင်းမွန်သော အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ပါသည်။


🎁 Benefits

• ၃ လပြည့်ပါက Certificate ရရှိမည်။
• ၆ လပြည့်ပါက Recommendation Letter ရရှိမည်။

📩 How to Apply?

အောက်ပါ Google Form မှတစ်ဆင့်သာ လျှောက်ထားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

🔗 Application Form — https://forms.gle/ZvXStWvtAynKxuzZ8 (ဝင်မရရင် vpn သုံးပေးပါရန်)

⚠️သတိပြုရန်
အထက်ဖော်ပြပါ Link မှတစ်ဆင့် Form ဖြည့်သွင်းလျှောက်ထားပြီးမှသာ Interview Group ထဲသို့ ဝင်ရောက်နိုင်မည်ဖြစ်ပါသည်။ Link မှားယွင်းခြင်း သို့မဟုတ် မှားယွင်းချွတ်ချော်မှုများပါသော လျှောက်ထားခြင်းများအတွက် Core of Learning Academia မှ တာဝန်ယူမည်မဟုတ်ပါ။

This is volunteer hiring from CoL.A. This shapes your future. This needs your choice.

#Content_by_Chan
#Graphic_by_Nwayyy
#Core_Of_Learning_Academia
❤9❤‍🔥1🐳1🍓1💋1💘1
နင်တို့က ငါတင်တဲ့ ပို့်စ်တွေကို ဂရုမစိုက်ကြဘူးပေါ့လေ🤺

ရတယ်ရတယ် အိုင်ဖုန်း ၁၅ ပရိုကြီးနဲ့ မေမေ့ကို လှမ်းတိုင်မယ်🌝


#Core_of_Learning_Academia
🤣30❤3
Core of Learning Academia
#Content_by_Chan #Graphic_by_Alice #Core_Of_Learning_Academia
အရင်အပတ်တုန်းက ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်တတ်အောင် သင်ခဲ့ကြတာ မှတ်မိကြသေးရဲ့လား??

အဲ့ဒီမှာတင် မပြီးသေးဘူးနော် 👀✨
CoL.A ရဲ့ “Introduction Myself – Part 2” ကနေ ထိုင်းစကားပြောလေ့လာချင်သူတွေနဲ့ grammar လေးတွေပါဆက်ပြီး‌  လေ့လာနိုင်မဲ့အခွင့်အရေးယူဆောင်လာပါပြီ 🇹🇭💓

ဟုတ်ပါတယ်ရှင်…
ဒီတစ်ခါမှာလည်း အချိန်အများကြီးပေးစရာမလိုဘဲ ၁ နာရီတည်းနဲ့  Saya Lin Lin ကနေ သေချာသင်ကြားပေးသွားမှာဖြစ်တဲ့အတွက်
🗯️ထိုင်းစာကိုအခုမှလေ့လာနေတဲ့သူတွေ
🗯️ထိုင်းနိုင်ငံရောက်နေပေမဲ့ ထိုင်းစကားမပြောတက်သေးတဲ့သူတွေ
ကတော့ ကျိန်းသေတက်ရောက်သင့်ပါတယ်✨


📍 Class Information

🇹🇭 Teacher — Tr. Lin Lin

🇹🇭 Subject — Thai Language

🇹🇭 Topic — Introduction Myself Part 2 + Extra Grammar — กำลัง ….. อยู่

🇹🇭 Class Type — Zoom

🇹🇭 Day — 21.09.2026

🇹🇭 Time — 8:00 PM – 9:00 PM

🇹🇭 Course Plan — มหาวิทยาลัยนเรศวร (Naresuan University)


✨တစ်နာရီလေးအတွင်း ထိုင်းစကားပြောကို ပေါ့ပေါ့ပါးပါးလေ့လာရင်း ကိုယ့်ရဲ့ Language Journey ကို နောက်တစ်ဆင့် ထပ်တိုးလိုက်ရအောင်နော်။

ဒါဆို… 👀
Part 1 မှာ မိတ်ဆက်တတ်ခဲ့ပြီဆိုရင် Part 2 ကိုရော လက်လွှတ်ခံမှာလား?? 😼🇹🇭

@CoL_Academia မှာ မြန်မြန်လာအပ်လိုက်တော့‌ဗျို့

အတန်းလေးမှာ ဆုံကြမယ်နော်
CoL.A က အားလုံးကို နွေးနွေးထွေးထွေး ကြိုဆိုနေပါတယ်🫂💓

#Content_by_Chan
#Graphic_by_Alice
#Core_Of_Learning_Academia
❤6🐳4☃1❤‍🔥1🍓1💋1💘1🦄1
အရေးကြီးတဲ့ စာတွေများလို့ pin တွေ အကုန် ထောက်ချင်နေတယ်

ထောက်လိုက်လို့လည်း အပေါ်ကဟာတွေ ပျောက်သွားမှာလည်း စိုးတယ်

ဘာလုပ်လို့ လုပ်ရမှန်းမသိတော့တဲ့အပြင် မိုးလေးပါ ရွာလာလို့ အိပ်ပစ်လိုက်တယ်🌝


#Core_Of_Learning_Academia
🤣23❤2🍓2
Legislative Branch ကိုကြားဖူးနား၀င်ရှိနေပင်မဲ့ ဘာဆိုတာကိုသေချာမသိသေးရင်တော့  အခုပဲ ဒီစာကိုဖတ်လိုက်ကြတော့နော်

“Legislative Branch” ဆိုတာကို ကြားဖူးပေမယ့် ဘာလုပ်တဲ့အဖွဲ့လဲဆိုတာ မသိသေး‌တဲ့ သူလေးတွေအတွက် ဒီနေ့မှာတော့ CoL.A ကနေပြီး Legislative Branch လေးအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်

အလွယ်ပြောရရင် LegislativeBranch ဆိုတာ ဥပဒေတွေကို ရေးဆွဲ၊ ဆွေးနွေး၊ အတည်ပြုတဲ့ အစိုးရရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

📌 Legislative = ဥပဒေပြုရေး

အစိုးရအာဏာတွေကိုခွဲဝေတဲ့အခါ အဓိကအားဖြင့်—

1️⃣ Legislative Branch — ဥပဒေပြုရေး
2️⃣ Executive Branch — အုပ်ချုပ်ရေး
3️⃣ Judicial Branch — တရားစီရင်ရေး


ဆိုပြီး ခွဲခြားလေ့ရှိပါတယ်။

📖 Legislative Branch က ဘာတွေလုပ်သလဲ?

🔹 Make Laws — ဥပဒေများ ရေးဆွဲခြင်း

🔹 Discuss & Debate — ဥပဒေကြမ်းများကို ဆွေးနွေးခြင်း

🔹 Represent People — ပြည်သူတွေရဲ့ လိုအပ်ချက်နဲ့ အမြင်တွေကို ကိုယ်စားပြုခြင်း

🔹 Oversight — အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို စောင့်ကြည့်စစ်ဆေးခြင်း

🌍 ဥပမာ — အမေရိကန်နိုင်ငံမှာ LegislativeBranch ကို Congress လို့ခေါ်ပြီး—

🏛️ Senate
🏛️ House of Representatives


ဆိုတဲ့ အဖွဲ့နှစ်ခုနဲ့ ဖွဲ့စည်းထားပါတယ်။

💡 မှတ်ထားသင့်တဲ့အချက်များ

Legislative Branchရဲ့ အဓိကတာဝန်က ဥပဒေပြုခြင်း (Lawmaking) ဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ ဖွဲ့စည်းပုံ၊ အာဏာနဲ့ လုပ်ပိုင်ခွင့်တွေက မတူညီနိုင်ပါဘူး။

✨ In simple words:
“The Legislative Branch makes and discusses laws and represents the people.”

📚 နိုင်ငံရေးနဲ့ ဒီမိုကရေစီအကြောင်း သိထားသင့်တဲ့ BasicKnowledge တစ်ခုဖြစ်လို့ Legislative → Executive → Judicial ဆိုတဲ့ အာဏာခွဲဝေမှု ၃ ခုကိုလည်း မှတ်ထားကြရမယ်နော် 📝

#Content_by_Chaw
#Graphic_by_Yati
#Core_of_Learning_Academia
❤7❤‍🔥1🐳1🍓1💋1💘1
Core of Learning Academia
📣 We’re Recruiting Volunteers! 💙 Core of Learning Academia နဲ့အတူ ကိုယ့်ရဲ့ အချိန်၊အရည်အချင်းနဲ့ စိတ်ကူးတွေကို အသုံးချပြီးအကျိုးရှိအောင် ဖန်တီးချင်သူတွေအတွက် Volunteer Team ထဲဝင်ရောက်ဖို့ အခွင့်အရေးလေး ရှိနေပါပြီ။ 👥 HR Volunteer (1 post) Requirements •…
Form ပိတ်ပါပြီ ဘေဘီအသဲနှလုံးအူတုံးတို့ရေးးး


ခေါ်မှာက နည်းနည်းလေးကို များကြီးလာလျှောက်ပေးကြလို့ ကျေးဇူးတင်ပါတယ်ရှင့်

ခိုးးးဖမ်မလီထဲကို ဝင်ချင်ကြတာ နားလည်တာမို့ နောက် အမျိုးမျိုးသော volunteer position တွေနဲ့ ခေါ်ပေးသွားဖို့ စီစဉ်နေတာမို့ ချန်နယ်လေးမှာ စောင့်ကြည့်နေဖို့ မမေ့နဲ့နော်🌝🫰


*ခိုးးဖမ်မလီထဲကို ဘယ်သူတွေဝင်လာမလဲဆိုတာက‌တော့... မျှော်ပါရှင်💥


#Core_of_Learning_Academia
❤7🐳2💘2🥰1🍓1
📖 How to Write a Good Extended Response

Extended Response ရေးတဲ့အခါ စာအများကြီးရေးနိုင်တာထက် ကိုယ့်ရဲ့အကြောင်းအရာတွေကို စနစ်တကျနဲ့ ရှင်းရှင်းလင်းလင်း ဖွဲ့စည်းရေးသားနိုင်ဖို့ ပိုအရေးကြီးပါတယ်✨

Extended Response တစ်ပုဒ်ကို အဓိကအားဖြင့် Introduction, Body Paragraphs, Conclusion ဆိုပြီး ဖွဲ့စည်းနိုင်ပါတယ်။

ဒါပေမယ့် စာစရေးမယ်ဆိုရင် ပထမဆုံးနဲ့ အရေးကြီးဆုံးအချက်က Question ကို သေချာနားလည်ဖို့ပါ👀

💡Question မှာပါတဲ့ instruction words တွေကို ဘယ်လို catch လုပ်ကြမလဲ❓

▫️ Explain → အကြောင်းအရာကို ရှင်းပြပါ

▫️ Discuss → အချက်အလက်တွေကို ဆွေးနွေးပါ

▫️ Compare → တူညီချက်နဲ့ ကွာခြားချက်တွေကို နှိုင်းယှဉ်ပါ

▫️ Evaluate → အားသာချက်၊ အားနည်းချက်တွေကို သုံးသပ်ပါ

ဒါကြောင့် Question ကို သေချာမဖတ်ဘဲ စရေးလိုက်တာထက် “Question က ငါ့ကို ဘာလုပ်ခိုင်းနေတာလဲ?” ဆိုတာ အရင်စဉ်းစားကြည့်ပါ🌷

① Introduction — အကြောင်းအရာကို မိတ်ဆက်ခြင်း

Introduction မှာ မေးခွန်းရဲ့ အဓိကအကြောင်းအရာကို မိတ်ဆက် ပေးရပါမယ်။
ပြီးရင် ကိုယ်ရေးမယ့်အဖြေမှာ ဘယ်အချက်တွေကို ဆွေးနွေးသွားမလဲ ဆိုတာကို တိုတိုနဲ့ လိုရင်းဖော်ပြပေးနိုင်ပါတယ်။
💡 Tip: Introduction ကို အရမ်းရှည်ရှည်မရေးဘဲ ရှင်းရှင်းလင်းလင်းနဲ့ Topic ကို တိုက်ရိုက်လေးရေးကြည့်ပါ
② Body Paragraph 1 — ပထမအချက်

ပထမ Body Paragraph မှာ ကိုယ့်ရဲ့ ပထမဆုံးအဓိကအချက် ကို ရေးပါ။
ဒီနေရာမှာ—
Main Point➡️ Explanation➡️Example

ဆိုတဲ့ပုံစံနဲ့ ရေးရင် အရမ်းအဆင်ပြေပါတယ်💡
အရင်ဆုံး အဓိကအချက်ကို ပြောပါ။
ပြီးရင် ဘာကြောင့်လဲ၊ ဘယ်လိုလဲ ဆိုတာ ရှင်းပြပါ။
လိုအပ်ရင် သက်ဆိုင်တဲ့ Example တစ်ခုလောက် ထည့်ပေးပါ။

③ Body Paragraph 2 — ဒုတိယအချက်

နောက်ထပ် Paragraph မှာတော့ ဒုတိယအဓိကအချက် ကို ဆက်ရေးပါ။
Body Paragraph 1 နဲ့ idea တူတာတွေကို ထပ်ခါထပ်ခါ မရေးဘဲ Question ကို support လုပ်ပေးနိုင်မယ့် အသစ်သော Point တစ်ခုကို ထည့်ပါ။

ဒီ Paragraph မှာလည်း—
Point➡️ Explain➡️Example
ဆိုတဲ့ Structure ကို အသုံးပြုနိုင်ပါတယ်🌱

🔗 Linking Words တွေကိုလည်း မမေ့ပါနဲ့!

Paragraph တစ်ခုနဲ့တစ်ခု၊ Idea တစ်ခုနဲ့တစ်ခုကို ချောချောမွေ့မွေ့ ဆက်ပေးဖို့ Linking Words တွေက အရေးကြီးပါတယ်။

Adding an idea ➜
Furthermore, Moreover, In addition, Also

Giving an example ➜
For example, For instance, Such as

Showing contrast ➜
However, Although, On the other hand

Showing a reason ➜
Because, Since, Due to this

Showing a result ➜
Therefore, As a result, Consequently

Conclusion ➜
In conclusion, Overall, To sum up

💡 Linking Words တွေကို အများကြီးထည့်ရုံနဲ့ စာကောင်းသွားတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ Ideas တွေကြားမှာ သဘာဝကျကျ လိုအပ်တဲ့နေရာမှာပဲ အသုံးပြုရပါမယ်။

④ Conclusion — အဆုံးသတ်ခြင်း

Conclusion မှာ ကိုယ်ရေးထားတဲ့ အဓိကအချက်တွေကို အတိုချုံးပြန်စုစည်း ပြီး Question ကို တိုက်ရိုက်ဖြေပြီး အဆုံးသတ်ရပါမယ်။
❌ Conclusion မှာ Idea အသစ်တွေ ထပ်မထည့်ပါနဲ့။
ကိုယ်ရေးထားတဲ့ အချက်တွေကို ပြန်ချိတ်ဆက်ပြီး “ဒါကြောင့်…” ဆိုတဲ့သဘောမျိုးနဲ့ ကိုယ့်ရဲ့အဖြေကို ခိုင်မာအောင် အဆုံးသတ်ပေးပါ။

✨ Remember:

"A good Extended Response isn't about writing more.
It's about writing clearly, logically, and effectively."


စာစမရေးခင် Question ကိုနားလည်ပါ။
ရေးတဲ့အခါ Ideas တွေကို စနစ်တကျဖွဲ့စည်းပါ။
Paragraph တွေကြားမှာ Linking Words တွေကို သဘာဝကျကျ အသုံးပြုပါ။

ဒီ ၃ ချက်ကို သတိထားပြီး လေ့ကျင့်သွားရင် Extended Response ရေးတဲ့အခါ ပိုမိုအဆင်ပြေလွယ်ကူလာမှာဖြစ်ပါတယ်📚❤️

#Content_by_Lunar
#Graphic_by_Heather
#Core_of_Learning_Academia
❤4🍓2❤‍🔥1🐳1💘1
ရူပါက စကားပြောတယ်💅🤏

And မိမိ: 🐡



#Core_of_Learning_Academia
🤣20
Graphics တော့ လာမယှဉ်နဲ့ 🌝

လုပ်ချင်ရင် Bakery လည်းရတယ် ‌သစ်တောထဲလည်း တိုးနိုင်တယ် သရဲအိမ်ထဲလည်း ဝင်နိုင်တယ် ပန်းခင်းကြားထဲလည်း ရောက်နိုင်တယ်

နောက်နောင် Graphics ဆွဲမစားရင်တောင် စီးပွားရေးနယ်ပယ်တွေ အတော်နှံ့စပ်ပြီးသားမို့ ကျွမ်းကျင်နေကြမှာ


#Core_of_Learning_Academia
🤣19❤1