Core of Learning Academia
1.05K subscribers
484 photos
1 file
88 links
This is the core place which is for every learner. CoL.A is always for LEARNERS.
Download Telegram
Fully cover လုပ်မဲ့ foundation, preparation, intensive လို course ကြီး တစ်ခုလုံး 100% free နဲ့လာနိုင်ဖို့ ခက်ခဲပါတယ်ရှင့်

IELTS field ထဲကဆိုရင်လည်း အားလုံးအသိပါပဲ။ ၄ ၅ သိန်းဆိုတာ ပြေးမလွတ်ပါဘူး။ အဲ့အတွက် course ပြတ်ကြီးထက်စာရင် skills တစ်ခုချင်း upgrade လုပ်ပေးနိုင်မဲ့ class, program, etc... ကို မျှော်နိုင်ပါတယ်


#Core_of_Learning_Academia
4🐳4🍓1💘1
https://t.me/CoreOfLearningAcademia/1627

ဒီအဖြေတိုင်းပါပဲရှင့်🫰


#Core_of_Learning_Academia
💘32🐳1
ဒီနေ့မှာတော့ Colar လေးတို့အတွက် အရမ်းကိုစိတ်၀င်စားဖို့ကောင်းတဲ့ ကိုယ်တွေရဲ့ပတ်၀န်းကျင်မှာတွေနေတဲ့ လူတွေကို ခွဲခြားထားခဲ့ပြီး၊ မိသားစုတွေ၊ သူငယ်ချင်းတွေကြားမှာ အကွာအဝေးတွေ ဖြစ်ပေါ်စေခဲ့တဲ့ The Story Behind The Berlin Wall အကြောင်းကို Colar လေးတို့အတွက်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်

“တံတိုင်းတစ်ခုက လူတွေကို ခွဲထားနိုင်ပေမယ့်… သူတို့ရဲ့ လွတ်လပ်ချင်တဲ့စိတ်ကိုတော့ ခွဲထားလို့မရခဲ့ပါဘူး။”

1961 ခုနှစ်၊ August 13။

မနက်ခင်းလေးတစ်ခုမှာ Berlin မြို့ရဲ့ လမ်းမတွေဟာ ပုံမှန်မဟုတ်တော့ပါဘူး။ သံဆူးကြိုးတွေ၊ အတားအဆီးတွေ စတင်ပေါ်လာပြီး လူတွေသွားလာနေကျလမ်းတွေဟာ တဖြည်းဖြည်း ပိတ်ဆို့ခံလာရပါတယ်။

အဲဒီကနေစပြီး Berlin မြို့ဟာ East Berlin နဲ့ West Berlin ဆိုပြီး ခွဲခြားခံလိုက်ရပါတယ်။

🧱 ဘာကြောင့် တံတိုင်းတည်ဆောက်ခဲ့တာလဲ?

East Germany ဘက်က လူအများအပြားဟာ ပိုမိုလွတ်လပ်တဲ့ဘဝနဲ့ အခွင့်အလမ်းတွေကို ရှာဖွေပြီး West Berlin ဘက်ကနေ အနောက်ဘက်သို့ ထွက်ခွာသွားကြပါတယ်။

ဒီလို လူတွေထွက်ခွာသွားမှုကို တားဆီးဖို့အတွက် East German အာဏာပိုင်တွေက Berlin Wall ကို တည်ဆောက်ခဲ့တာပါ။

အစပိုင်းမှာ သံဆူးကြိုးနဲ့ အတားအဆီးတွေကနေ စတင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ လုံခြုံရေးစောင့်ကြပ်မှုတွေ၊ အတားအဆီးတွေပါဝင်တဲ့ တံတိုင်းစနစ်ကြီးတစ်ခု ဖြစ်လာခဲ့ပါတယ်။

အဲ့အရာက ကမ္ဘာ့တံတိုင်းတစ်ခုထက် ပိုခဲ့တယ်။Berlin Wall ဟာ သာမန်တံတိုင်းတစ်ခု မဟုတ်တော့ပါဘူး။

ဒါဟာ Cold War ကာလအတွင်း အရှေ့ဘက်နဲ့ အနောက်ဘက်ကြားရှိ နိုင်ငံရေး၊ စီးပွားရေးနဲ့ အတွေးအခေါ်ကွာခြားမှုတွေကို ကိုယ်စားပြုတဲ့ သင်္ကေတတစ်ခု ဖြစ်လာခဲ့ပါတယ်။


တစ်ဖက်မှာ မိသားစုတွေ၊ သူငယ်ချင်းတွေ၊ ချစ်ခင်ရသူတွေ ရှိနေပြီး တစ်ဖက်မှာတော့ သူတို့ဆီကို လွယ်လွယ်ကူကူ သွားလို့မရတဲ့ အခြေအနေမျိုး ဖြစ်လာခဲ့ပါတယ်။

တံတိုင်းက Berlin ကိုပဲ မခွဲခဲ့ပါဘူး။ လူတွေရဲ့ နေ့စဉ်ဘဝတွေကိုပါ ခွဲခြားခဲ့တာပါ။

နှစ်ပေါင်းများစွာကြာပြီးနောက် November 9, 1989 မှာ Berlin Wall ရဲ့ နယ်စပ်ဖြတ်သန်းခွင့်တွေကို ဖွင့်ပေးလိုက်ပါတယ်။

အဲဒီနေ့ဟာဆိုရင် Berlin Wall သမိုင်းမှာ အရေးကြီးဆုံးနေ့တွေထဲက တစ်နေ့ ဖြစ်လာခဲ့ပါတယ်။

လူတွေဟာ တံတိုင်းနားကို စုဝေးလာကြပြီး နှစ်ပေါင်းများစွာ ခွဲခြားခံခဲ့ရတဲ့ မြို့တစ်မြို့ရဲ့ အတားအဆီးတွေဟာ တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့ပါတယ်။

နောက်ပိုင်းမှာ Berlin Wall ရဲ့ အစိတ်အပိုင်းတွေကို ဖယ်ရှားပြီး တံတိုင်းပြိုကျပျက်စီးလာခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ 1990 ခုနှစ် German reunification ဖြစ်လာဖို့အတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ခု ဖြစ်ခဲ့ပါတယ်။

ယနေ့ Berlin Wall မရှိတော့ပေမယ့် တံတိုင်းရဲ့ အပိုင်းအစတချို့ကို သမိုင်းအမှတ်တရအဖြစ် ဆက်လက်ထိန်းသိမ်းထားကြပါတယ်။


Berlin Wall ရဲ့ ဇာတ်လမ်းဟာ ဆိုရင်တံတိုင်းတစ်ခု ဘယ်လိုတည်ဆောက်ခဲ့သလဲဆိုတာထက် ပိုပါတယ်။

လူတွေကို ခွဲခြားဖို့ တည်ဆောက်ခဲ့တဲ့ တံတိုင်းတစ်ခုဟာ နောက်ဆုံးမှာတော့ လူတွေပြန်လည်ဆုံစည်းနိုင်ခြင်း၊ လွတ်လပ်မှုနဲ့ စည်းလုံးညီညွတ်မှုရဲ့ သင်္ကေတ ဖြစ်လာခဲ့ပါတယ်။

တံတိုင်းတွေက လူတွေကို ခဏတာ ခွဲထားနိုင်ပေမယ့်… လူတွေရဲ့ လွတ်လပ်ခွင့်ကိုတော့ အမြဲတမ်း ပိတ်ထားနိုင်မှာ မဟုတ်ဘူး
ဆိုတာကို The story behind the berlin wall ကသက်သေပြသွားခဲ့တာပဲဖြစ်ပါတယ်။

#Content_by_Chaw
#Graphic_by_Yein
#Core_of_Learning_Academia
3❤‍🔥2🐳1🍓1💘1
အတန်းအသစ်ရှိတယ် စိတ်ဝင်စားလား

မေးသာမေးနေရတယ် တကယ်က ငါ့ဟာငါ တင်ဖို့မေ့နေတာပါအေ🥲


English စာကိုမှ Tense ပိုင်နိုင်ချင်တဲ့ သူလေးတွေအတွက် ရည်ရွယ်ပါတယ်နော်


#Core_of_Learning_Academia
🤣156👏3
ဘိုလိုတွေတော့ ပြောနေတာပဲ… ဒါပေမဲ့ စာရေးလိုက်ပြီဆို “ဒီနေရာမှာ ဘယ် Tense သုံးရမလဲဟ?” ဆိုပြီး ခေါင်းရှုပ်သွားတတ်လား? 🫵🏻😭

တစ်ခါတလေ Speaking မှာတော့ အဆင်ပြေနေပြီး Writing ရောက်တာနဲ့ Tense တွေ ရောကုန်တာမျိုး ကြုံဖူးတယ်မလား? 👀

ဒါဆိုရင်တော့ ကိုလာလေးတို့ရဲ့ “Tense ရောထွေးမှုကြီး” ကို ရှင်းလင်းဖို့ Tr. Laurel ရဲ့ TenseCourse လေးက အသင့်ရှိနေပါပြီနော်! 🙌🏻💡

📚 ဒီ Course မှာ ဘာတွေသင်မလဲ?

▫️ Tenses 16 မျိုးလုံး ကို အခြေခံကနေ သေချာလေ့လာကြမယ်

▫️ Tense တစ်ခုချင်းစီရဲ့ Usage + Formula + Keywords တွေကို နားလည်အောင် လေ့ကျင့်ကြမယ်

▫️ “ဒီနေရာမှာ ဘယ် Tense သုံးရမလဲ?” ဆိုတဲ့ Tense ရွေးချယ်မှု ကို ပိုမိုကျွမ်းကျင်လာအောင် လေ့ကျင့်ကြမယ်

▫️ ကိုယ်တိုင် Sentence တွေ ရေးနိုင်တဲ့အထိ Practice လုပ်မယ် ✍🏻🔥

အတန်းပြီးသွားတဲ့အခါ
Tense တွေကို သိရုံတင်မဟုတ်ဘဲ ဘယ်အချိန်မှာ ဘယ် Tense ကို ဘာကြောင့်သုံးရမလဲဆိုတာပါ သေချာနားလည်လာမှာပါ! 💯
ပြီးတော့…

Basic | Intermediate | Advanced
Level မရွေး Join လို့ရပါတယ်နော်!
❤️‍🔥
🧑🏻‍🏫 Class Details

Teacher — Tr. Laurel

Duration — 1.5 Months (6 Weeks)

Class Type — Zoom Meeting

Start Date — 06.09.2026

End Date — 11.10.2026

Class Day & Time — Saturday & Sunday | 7:00–8:00 PM

Course Plan — Own Curriculum

Student Limit — 15 Students Only! 👀🔥

👀 Join မယ်ဆို သိထားဖို့!

ဒီ Class က Tense တွေကို မှတ်ပြီး ပြန်ပြောရုံနဲ့ မပြီးပါဘူးနော်!

သင်ထားတဲ့ Tense တွေကို တကယ်အသုံးချနိုင်အောင် ကိုယ်တိုင် Sentence တွေရေးပြီး Practice လုပ်ရမှာပါ ✍🏻
ဒါကြောင့် Homework လေးတွေလည်း ပါမှာဖြစ်ပါတယ် 📝
ဒါပေမဲ့ ကျောင်းတစ်ဖက်၊ အလုပ်တစ်ဖက်နဲ့ လုပ်နေတဲ့သူတွေအတွက်ပါ လိုက်လုပ်နိုင်အောင် အများကြီးမပေးထားပါဘူးနော် 🙌🏻
အရေးကြီးတာက Class ထဲမှာသင်၊ အိမ်မှာ Practice လုပ်ပြီးရင် ကိုယ်တိုင်အသုံးချတတ်လာ ဖို့ပါပဲ! 🔥

🚨 Student Limit က 15 ယောက်ပဲနော်!

Tense တွေကို ဒီတစ်ခါတော့ ရောမနေချင်တော့ဘူးဆိုရင်
@CoL_Academia ကနေတစ်ဆင့် အတန်းလေးလာအပ်လို့ရပါပြီနော်! 💌

ဘယ် Tense သုံးရမလဲ?” ဆိုပြီး Writing လုပ်တိုင်း ခေါင်းမစားရအောင်… ဒီတစ်ခါ Tense တွေကို အတူတူရှင်းကြရအောင်! 🫵🏻🔥

#Content_by_Lunar
#Graphic_by_Kate
#Core_of_Learning_Academia
13🍓4🐳1💋1💘1🦄1
Core of Learning Academia
#Content_by_Lunar #Graphic_by_Kate #Core_of_Learning_Academia
နင်တို့ အတန်းတက်ချင်မချင်တော့ မသိဘူး


ပုံထဲက မုန့်တော့ ငါစားချင်တယ်😓



အတန်းလာအပ်လို့ ရတယ်နော်

English စာ Tense တွေ ပိုင်ချင်ရင်


#Core_of_Learning_Academia
5🤣4🍓3😁1👀1💘1
CoL.A မှာ တက်မှပဲ ရနိုင်မဲ့ privilege လေးများ💕🫰


#Core_of_Learning_Academia
12🍓4❤‍🔥1💋1💘1🦄1
💥Breaking News ပါ


စာမသင်တော့ဘဲ မုန့်ဖုတ်လိုင်း ပြောင်းတော့မှာပါ 🥲

Bakery နာမည်ကတော့ ပုံပါအတိုင်းပါပဲ 🥲


#Core_of_Learning_Academia
🤣202😈2🐳1
ပြန်တင်ရမှာ နည်းနည်းပျင်းလို့ ဒီတိုင်းပဲ လင့်ချပြီ


English စာ Grammar မရရင် လာတက်။

Tense တွေ ရောတုန်းဆိုရင် လာတက်။

Tense ‌တွေ ခုမှ စသင်မှာဆိုရင် လာတက်။

ဘယ်လယ်ဗယ်ရောက်ရောက် ခုသင်မဲ့ Tense 16 ခုကို မကျေမညပ် မရရင် လာတက်။

ဒါဗြဲ

https://t.me/CoreOfLearningAcademia/1638


အပ်ရန် စီဘီ - @CoL_Academia


#Core_of_Learning_Academia
11💘3🍓2❤‍🔥1💋1
စာအလစ်တဲ လုပ်ပြီးသကာလ။

တောက်စ် ပို့စ်တောင် မတင်ချင်တော့ဘူး ဒါမဲ့ နင်တို့ကို အရမ်းရယ်စေချင်လို့ ငါပင်ပန်းနေတာကို


#Core_of_Learning_Academia
🤣282
ဒီလို ကလေးလေးတွေ ရှိနေလို့သာဘဲ🫰💓

အားဆေးလေးတွေ


#Core_of_Learning_Academia
10❤‍🔥2🥰1🍓1💋1
Englishစာ A2 ပြီးထားတဲ့ လူတွေအတွက် Listening နဲ့ Reading Class လေး ညနေလာဖို့ရှိပါတယ်

စိတ်ဝင်စားတယ်ဆို စောင့်ကြည့်ထားကြနော်


#Core_of_Learning_Academia
💘5❤‍🔥31🐳1🍓1💋1
Hello Hello! အားလုံးပဲ မင်္ဂလာပါ 🌹

A2 Level လေး ပြီးသွားလို့ B1 Level ကို တက်ချင်နေကြတဲ့ သူတွေအတွက် Tr. Noe ရဲ့ "Let's Improve Our Receptive Skills (Listening & Reading)" အတန်းလေး ရောက်ရှိလို့ လာပါပြီ🎧📚

အင်္ဂလိပ်စာ လေ့လာတဲ့အခါ နားထောင်မှုနဲ့ ဖတ်ရှုမှု စွမ်းရည်တွေက တကယ်ကို အဓိကကျပြီး အရေးပါတာမို့လို့ ဒီအတန်းလေးမှာ စနစ်တကျ မြှင့်တင်သွားကြရအောင်နော်။

အချိန်မအားလို့ တိုက်ရိုက် စာသင်ဖို့ ခက်နေရင်လည်း စိတ်မပူပါနဲ့ဗျ Telegram ကနေတစ်ဆင့် Self-study ပုံစံလေးနဲ့ အေးအေးဆေးဆေး လေ့လာသွားမှာ ဖြစ်ပါတယ်📱

အပတ်စဉ် သေချာ လမ်းညွှန်ပေးမဲ့ Guidelines လေးတွေ ချပေးသွားမှာ ဖြစ်ပြီး စာနားမလည်တာ ဒါမှမဟုတ် မရှင်းတာမျိုး ရှိရင်လည်း Tr ကို လွတ်လပ်စွာ မေးလို့ရပါတယ်နော် 💖💌

ကဲ… အတန်း‌ လေးကိုတက်ချင်တဲ့ သူတွေအတွက် အသေးစိတ် အချက်အလက်လေးတွေကို ကြည့်လိုက်ရအောင် ⬇️

👩‍🏫 Teacher Name - Tr. Noe

📚 Subject - Let's Improve Our Receptive Skills (Listening & Reading)

🎯 Level - A2 - B1

📱 Class Type - Telegram / Self-study

🗓 Duration - 2 Months

🗓 Start Date - 11.9.2026 (Fri)

🗓 End Date - 25.9.2026 (Sun)

Class Day and Time - Fri to Sun (7:00 PM)

📖 Course Plan - Test English

👥 Student Limits - 20 Students Only


အနီးကပ် လမ်းညွှန်မှုတွေနဲ့အတူ ကိုယ့်ရဲ့ Listening နဲ့ Reading စွမ်းရည်ကို သေချာ တိုးတက်ချင်တယ်ဆိုရင်တော့ လူဦးရေ (၂၀) သီးသန့်မို့လို့ လက်မနှေးဘဲ အမြန်ဆုံး လာရောက် စာရင်းပေးသွင်းလိုက်တော့နော် 🏃‍♀️💨

💁‍♀️ အတန်း တက်ရောက်လိုပါက @CoL_Academia မှာ စာရင်းပေးသွင်း စုံစမ်းနိုင်ပါတယ်ဗျာ

#Content_by_Kry
#Graphic_by_Iren
#Core_of_Learning_Academia
6🍓2🐳1💋1💘1
100% Free English 16 Tense Class လေး ညအထိပဲ ကျောင်းသားလက်ခံတော့မယ်နော်




#Core_of_Learning_Academia
5🥰4❤‍🔥1🐳1🍓1💋1