Core of Learning Academia
1.05K subscribers
484 photos
1 file
88 links
This is the core place which is for every learner. CoL.A is always for LEARNERS.
Download Telegram
ခုတလောလေ နင်တို့ကလည်း ဘာဖြစ်နေမှန်းမသိ ငါလည်း ဘာတင်ချင်နေမှန်းမသိနဲ့

ဘာမှကို မတင်တော့ဘူး



#Core_of_Learning_Academia
🤣24❤2
🗣 အခုထိ လူတိုင်းကြားမှာ ဝေခွဲရခက်ပြီး အဖွဲ့ကွဲနေတဲ့ အကြောင်းက ဘာလဲသိလား ?

သေချာပေါက် သီချင်း
နားထောင်ရင်း စာလုပ်တာကောင်းလား မကောင်းလား၊ စာရောတကယ်အာရုံစိုက်နိုင်ရဲ့လားဆိုတဲ့ အကြောင်းပါပဲ 🤷🏻

ဒီအကြောင်းနဲ့ပက်သက်ပြီးအငြင်းမပွားခင် ကောင်းကျိုးတွေကနေ စပြီးကြည့်လိုက်ကြရအောင်

✅ သီချင်းနားထောင်တဲ့အခါ စိတ်ဖိစီးမှုကိုလျှော့ချစေတယ်။
✅စာမလုပ်ချင်တဲ့အချိန်မှာတောင် စတင်ဖို့ energy ပေးနိုင်တယ်။
✅ဆူညံနေတဲ့ ပတ်၀န်းကျင်ကို သီချင်းနားထောင်ခြင်းအားဖြင့် ဖုံးပေးနိုင်ပြီး စာကိုအာရုံစိုက်လို့ရမယ်။


🚨 ဒါပေမဲ့ ဆိုးကျိုးအနေနဲ့ကတော့ lyrics ပါတဲ့ သီချင်းတွေနားထောင်မယ်ဆို အာရုံပြန့်တာပါပဲ။ ကိုယ်ကြိုက်တဲ့သီချင်းနားထောင်ရင် ပိုတောင် စာကိုအာရုံစိုက်ဖို့ဆိုတာ လုံး၀ကိုမဖြစ်နိုင်တာပါ 🙅🏻

"ဒါဆို စာလုပ်ရင်းသီချင်းနားထောင်လို့မရတော့ဘူးလား"❓
သေချာပေါက်ရတာပေါ့❕
ရွေးချယ်စရာ music အမျိုးအစားတွေလဲ အများကြီးရှိတာကြောင့် Colar လေးတို့အတွက် စဉ်းစားရလဲ မခက်အောင် ဘာလေးတွေဖြစ်မလဲကြည့်ကြရအောင် 👀

1. 🎹 Instrumental

-Piano
-Classical
-Guitar instrumental
-Jazz instrumental
-Instrumental soundtrack

2. 🎆 Lo-Fi

3. 🏞 Nature sounds

-Rain
-CafĂŠ ambience
-Library ambience
-Brown noise
-White noise
-Ocean sounds


ဒါ့အပြင် ကိုယ်လုပ်နေတဲ့ language အလိုက်သီချင်းတွေကိုလဲ ရွေးချယ်ပြီးနားထောင်လို့ရပါတယ် ။
📍( ခြွင်းချက်အနေနဲ့ကတော့ ၀မ်းနည်းစရာကောင်းတဲ့သီချင်းတွေ အရမ်းမြူးတဲ့သီချင်းတွေလိုမဟုတ်ပဲ ‌သံစဉ်အေးအေးလေးတွေနားထောင်ဖို့ ပိုပြီး အကြံပေးချင်ပါတယ် )💞

ကဲ ဒါဆိုရင်တော့ စာလုပ်ရင် သီချင်းနားမထောင်ဘဲလဲမလုပ်နိုင်ဘူး အာရုံလဲမပြန့်ချင်ဘူးဆိုတဲ့ Colar လေးတို့အတွက် CoL.A ကနေ ‌ရွေးချယ်စရာတွေပြောပြပြီးပြီဆိုတော့ စာကိုကြိုးစားလုပ်ကြမဲ့ ဘေဘီလေးတို့ စာကိုသေချာလေးလုပ်ကြမယ်နော် 🫂

#Content_by_Chan
#Graphic_by_Kito
#Core_Of_Learning_Academia
❤9🐳1🍓1💘1🦄1
❤12🐳1🍓1💘1🦄1
ချန်နယ်ကသာ မအောင်မြင်သလိုလို အောင်မြင်သလိုလို မမဆောင်းနေတာ တို့ချန်နယ်ရဲ့ မိတ္တူကြောင်တွေကတော့ အောင်မြင်ချက်

အိုင်ဒီယာလိုရင်လည်း ပြောကြပါ ကူးဖို့ ထပ်တင်ပေးမယ်💅


#Core_of_Learning_Academia
🤣14❤‍🔥8❤4⚡1👏1🙏1
Please open Telegram to view this post
VIEW IN TELEGRAM
🤣23❤3
ဒီနေ့ ဆန်းဒေးနော် ဘာလုပ်ကြမလဲသိကြလား

သိမဲ့ရုပ်တွေလည်း မဟုတ်ကြပါဘူး အ,ချာနေတာကို


#Core_of_Learning_Academia
🔥4❤3🤔2💘2🕊1🐳1
စာနဲ့ပတ်သတ်တဲ့ မေးခွန်းတွေမေးတဲ့ Educational Opportunity Sunday နေ့ဖြစ်ပါတယ်

လူများရင် အမေးအဖြေလေးလုပ်ပါ့မယ်

Reaction လေး ပေးပေးသွားနော်💕

#Core_of_Learning_Academia
❤14💘2❤‍🔥1🐳1
စာနဲ့ပတ်သတ်တာလေးတွေ မေးပေးပါရှင့်💕

https://forms.gle/PEkaLz6G7wV6qfnNA


8:30 အတွင်းမေးခွန်းတွေပဲ ပြန်ဖြေပေးမှာပါနော်🙂‍↕️


#Core_of_Learning_Academia
❤4🐳3💘2🍓1🦄1
မေးခွန်းလေးနှစ်ခုကပေါင်းဖြေလို့ ပြေတာမို့ ပေါင်းရေးလိုက်ပါ့မယ်နော်

အတန်းသစ်လာဖို့ရှိနေပေမဲ့ ဆိုင်းထားပါတယ်။ ကလေးအတော်များများက တန်ဖိုးမထားတာ၊ Volunteer တွေကပါ effort လျော့လာကြတာတွေကြောင့် ဝမ်းနည်းမိတာလည်း ပါပါတယ်။ အဓိကကတော့ ကလေးအတော်များများက တန်ဖိုးမထားပေးလို့ပါ။

Yonsei 1-1 လေးက လာမှာပါနော်😙 ရှေ့ batch ကလည်း ပြီးတာ အရမ်းကြီးမကြာသေးလို့ ခနဖွင့်ဖို့‌စောင့်နေတာပါ။ Yonsei သင်ရိုးနဲ့ပဲ 2-2 လောက်ထိ လာဖို့ရည်ရွယ်ထားပါတယ်နော်


#Core_of_Learning_Academia
❤8🍓2❤‍🔥1😢1🐳1
English Speaking Class က လာဖို့ရှိပါတယ်✅

English ထူးချွန်ဖြေတာကလေ အထူးမြန်တာနှေးတာတွေထက် be clear with your pronunciation ပါ။ pace ကတော့ ပုံမှန်နားထောင်လို့ ပြေတဲ့နှုန်းမှာပြောတာကောင်းပါတယ်။ ထူးချွန်ဆိုတော့လေ word count ရော time limit ‌ရော ရှိမှာမို့ အဲ့တာလေးရော တွက်ကြည့်ပြောကြည့်ပြီး pace လေးသတ်မှတ်ပါ‌နော်💕

ပြင်ဆင်ဖို့ကတော့ အဓိကက ကိုယ်မေ့သွားနိုင်တဲ့ statistical data တွေ ရှောင်တာတော့ ကောင်းပါတယ်။ ထစ်သွားနိုင်တာမို့ပါ။

#Core_of_Learning_Academia
❤11🐳1🍓1
ဒါလေးတွေကလည်း ဖြေရတာ အားနာမိတယ်နော်

စာသင်ပေးမဲ့ ဆရာ/မ ‌တွေက လာသင်မှသာလျှင် မင်မင်တို့က ဖွင့်ပေးရတာမို့ပါ။

ဒါမှမဟုတ် မင်မင်ကိုယ်တိုင် သင်နေတဲ့ website တစ်ခုရှိတယ် သိချင်လား😉 သူကတော့ English စာကျွမ်းမှ ပိုပြေမယ်။ English လိုသင်တာမို့

#Core_of_Learning_Academia
❤‍🔥7❤3🐳1🍓1💘1
မေးခွန်းထပ်မလာတော့ရင် ကောက်ပါပြီ

#Core_of_Learning_Academia
😭7❤1
ဒါကလေ မှန်တိုင်းပြောရရင် ကလေးတွေနဲ့ပဲ ဆိုင်တာပါ။ မင်မင်တို့ကလည်း လာတက်တဲ့ ကလေး ၁ ယောက် ၂ ယောက်လောက်ပဲရှိပြီး လူနည်းရင် ဆရာမဘက်ကို အားနာလို့ပါ။ ဖွင့်လိုက်ရင်လည်း လူက အဲ့လောက်လောက်ပဲရှိနေလို့ပါ ကလေးရေ😌

#Core_of_Learning_Academia
❤4💘3🍓1
နောက်ပိုင်းရော English ကိုပဲ သေသေချာချာလေး ဖိသွားမှာပါနော်

အခြား language အသစ်အဆန်းကြီးတွေထပ်လာဖို့တော့ မပြောတတ်သေးပါဘူးရှင့်🫰💓


#Core_of_Learning_Academia
❤5💘4🐳1🍓1
Personal feedback လိုချင်ရင်တော့ ဖောင်ဒါ့ဆီ ကြွပါရှင့်

General သိချင်တာဆိုရင်တော့

နံပါတ်တစ်အချက်။ intermediate က ဆရာ/မ သင်တာနဲ့ လုံးဝ မလုံလောက်ပါဘူး ကိုယ်တိုင် stamina and effort စိုက်ထုတ်မှ ရပါတယ်။

ဥပမာအားဖြင့် သတင်းနားထောင်တာမျိုး speaking club တွေဝင်တာမျိုး writing တွေကို ကိုယ်ကြိုက်ရာ topic နဲ့ သစ်ဆန်းတဲ့ vocab သုံးပြီး ရေးကြည့်တာမျိုး Magazine, novels, article,...(in Eng) ဖတ်တာမျိုး ပေါ့နော်


နံပါတ်နှစ်အချက်။ ဆရာ/မ မရှိဘဲ ဆက်မလုပ်တာ ပိုကောင်းပါတယ်။ self-study လုပ်တာကောင်းပါတယ်။ ဆရာ/မ က guidelines ပေးနေတာက ပိုထိရောက်ပါတယ်။


#Core_of_Learning_Academia
❤6🐳1🍓1💘1
Fully cover လုပ်မဲ့ foundation, preparation, intensive လို course ကြီး တစ်ခုလုံး 100% free နဲ့လာနိုင်ဖို့ ခက်ခဲပါတယ်ရှင့်

IELTS field ထဲကဆိုရင်လည်း အားလုံးအသိပါပဲ။ ၄ ၅ သိန်းဆိုတာ ပြေးမလွတ်ပါဘူး။ အဲ့အတွက် course ပြတ်ကြီးထက်စာရင် skills တစ်ခုချင်း upgrade လုပ်ပေးနိုင်မဲ့ class, program, etc... ကို မျှော်နိုင်ပါတယ်


#Core_of_Learning_Academia
❤4🐳4🍓1💘1
https://t.me/CoreOfLearningAcademia/1627

ဒီအဖြေတိုင်းပါပဲရှင့်🫰


#Core_of_Learning_Academia
💘3❤2🐳1
ဒီနေ့မှာတော့ Colar လေးတို့အတွက် အရမ်းကိုစိတ်၀င်စားဖို့ကောင်းတဲ့ ကိုယ်တွေရဲ့ပတ်၀န်းကျင်မှာတွေနေတဲ့ လူတွေကို ခွဲခြားထားခဲ့ပြီး၊ မိသားစုတွေ၊ သူငယ်ချင်းတွေကြားမှာ အကွာအဝေးတွေ ဖြစ်ပေါ်စေခဲ့တဲ့ The Story Behind The Berlin Wall အကြောင်းကို Colar လေးတို့အတွက်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်

“တံတိုင်းတစ်ခုက လူတွေကို ခွဲထားနိုင်ပေမယ့်… သူတို့ရဲ့ လွတ်လပ်ချင်တဲ့စိတ်ကိုတော့ ခွဲထားလို့မရခဲ့ပါဘူး။”

1961 ခုနှစ်၊ August 13။

မနက်ခင်းလေးတစ်ခုမှာ Berlin မြို့ရဲ့ လမ်းမတွေဟာ ပုံမှန်မဟုတ်တော့ပါဘူး။ သံဆူးကြိုးတွေ၊ အတားအဆီးတွေ စတင်ပေါ်လာပြီး လူတွေသွားလာနေကျလမ်းတွေဟာ တဖြည်းဖြည်း ပိတ်ဆို့ခံလာရပါတယ်။

အဲဒီကနေစပြီး Berlin မြို့ဟာ East Berlin နဲ့ West Berlin ဆိုပြီး ခွဲခြားခံလိုက်ရပါတယ်။

🧱 ဘာကြောင့် တံတိုင်းတည်ဆောက်ခဲ့တာလဲ?

East Germany ဘက်က လူအများအပြားဟာ ပိုမိုလွတ်လပ်တဲ့ဘဝနဲ့ အခွင့်အလမ်းတွေကို ရှာဖွေပြီး West Berlin ဘက်ကနေ အနောက်ဘက်သို့ ထွက်ခွာသွားကြပါတယ်။

ဒီလို လူတွေထွက်ခွာသွားမှုကို တားဆီးဖို့အတွက် East German အာဏာပိုင်တွေက Berlin Wall ကို တည်ဆောက်ခဲ့တာပါ။

အစပိုင်းမှာ သံဆူးကြိုးနဲ့ အတားအဆီးတွေကနေ စတင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ လုံခြုံရေးစောင့်ကြပ်မှုတွေ၊ အတားအဆီးတွေပါဝင်တဲ့ တံတိုင်းစနစ်ကြီးတစ်ခု ဖြစ်လာခဲ့ပါတယ်။

အဲ့အရာက ကမ္ဘာ့တံတိုင်းတစ်ခုထက် ပိုခဲ့တယ်။Berlin Wall ဟာ သာမန်တံတိုင်းတစ်ခု မဟုတ်တော့ပါဘူး။

ဒါဟာ Cold War ကာလအတွင်း အရှေ့ဘက်နဲ့ အနောက်ဘက်ကြားရှိ နိုင်ငံရေး၊ စီးပွားရေးနဲ့ အတွေးအခေါ်ကွာခြားမှုတွေကို ကိုယ်စားပြုတဲ့ သင်္ကေတတစ်ခု ဖြစ်လာခဲ့ပါတယ်။


တစ်ဖက်မှာ မိသားစုတွေ၊ သူငယ်ချင်းတွေ၊ ချစ်ခင်ရသူတွေ ရှိနေပြီး တစ်ဖက်မှာတော့ သူတို့ဆီကို လွယ်လွယ်ကူကူ သွားလို့မရတဲ့ အခြေအနေမျိုး ဖြစ်လာခဲ့ပါတယ်။

တံတိုင်းက Berlin ကိုပဲ မခွဲခဲ့ပါဘူး။ လူတွေရဲ့ နေ့စဉ်ဘဝတွေကိုပါ ခွဲခြားခဲ့တာပါ။

နှစ်ပေါင်းများစွာကြာပြီးနောက် November 9, 1989 မှာ Berlin Wall ရဲ့ နယ်စပ်ဖြတ်သန်းခွင့်တွေကို ဖွင့်ပေးလိုက်ပါတယ်။

အဲဒီနေ့ဟာဆိုရင် Berlin Wall သမိုင်းမှာ အရေးကြီးဆုံးနေ့တွေထဲက တစ်နေ့ ဖြစ်လာခဲ့ပါတယ်။

လူတွေဟာ တံတိုင်းနားကို စုဝေးလာကြပြီး နှစ်ပေါင်းများစွာ ခွဲခြားခံခဲ့ရတဲ့ မြို့တစ်မြို့ရဲ့ အတားအဆီးတွေဟာ တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့ပါတယ်။

နောက်ပိုင်းမှာ Berlin Wall ရဲ့ အစိတ်အပိုင်းတွေကို ဖယ်ရှားပြီး တံတိုင်းပြိုကျပျက်စီးလာခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ 1990 ခုနှစ် German reunification ဖြစ်လာဖို့အတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ခု ဖြစ်ခဲ့ပါတယ်။

ယနေ့ Berlin Wall မရှိတော့ပေမယ့် တံတိုင်းရဲ့ အပိုင်းအစတချို့ကို သမိုင်းအမှတ်တရအဖြစ် ဆက်လက်ထိန်းသိမ်းထားကြပါတယ်။


Berlin Wall ရဲ့ ဇာတ်လမ်းဟာ ဆိုရင်တံတိုင်းတစ်ခု ဘယ်လိုတည်ဆောက်ခဲ့သလဲဆိုတာထက် ပိုပါတယ်။

လူတွေကို ခွဲခြားဖို့ တည်ဆောက်ခဲ့တဲ့ တံတိုင်းတစ်ခုဟာ နောက်ဆုံးမှာတော့ လူတွေပြန်လည်ဆုံစည်းနိုင်ခြင်း၊ လွတ်လပ်မှုနဲ့ စည်းလုံးညီညွတ်မှုရဲ့ သင်္ကေတ ဖြစ်လာခဲ့ပါတယ်။

တံတိုင်းတွေက လူတွေကို ခဏတာ ခွဲထားနိုင်ပေမယ့်… လူတွေရဲ့ လွတ်လပ်ခွင့်ကိုတော့ အမြဲတမ်း ပိတ်ထားနိုင်မှာ မဟုတ်ဘူး
ဆိုတာကို The story behind the berlin wall ကသက်သေပြသွားခဲ့တာပဲဖြစ်ပါတယ်။

#Content_by_Chaw
#Graphic_by_Yein
#Core_of_Learning_Academia
❤3❤‍🔥2🐳1🍓1💘1