Core of Learning Academia
1.05K subscribers
484 photos
1 file
88 links
This is the core place which is for every learner. CoL.A is always for LEARNERS.
Download Telegram
💘5🐳2❤1🍓1🎄1🦄1
တကယ်ချစ်ရင် ဘယ်ထားသွားပါ့မလဲဟယ်




ညကျရင် ဂိမ်းဆော့ကြပါမယ်ရှင့်

ပါမဲ့သူလေးတွေ အကုန်တန်းစီထားလို့ရပါပြီ🎀


#Core_of_Learning_Academia
❤6💘2❤‍🔥1🐳1🌚1😭1
https://forms.gle/nk23rihJgRZcmWnr6


စာနဲ့ပတ်သတ်တာလေးတွေ မေးပေးကြပါရှင့်🫰💕


မေးပြီးရင်တော့ Core ကနေလည်း Quizz တွေမေးပြီး ဆော့ကြပါမယ်


#Core_of_Learning_Academia
💘4❤1❤‍🔥1🐳1🍓1💋1🦄1
မတွဲပါနဲ့ ပြတ်မှာပါ



၂ ခု တွဲသည်ဖြစ်စေ ၃ ခုတွဲသည်ဖြစ်စေ English ကို ပါအောင် ထည့်ရပါမယ်ရှင့်💓

နောက်တစ်ခုကတော့ ကိုယ့်ရဲ့ Dream country (or) scholarship နဲ့ သွားမဲ့နိုင်ငံရဲ့ ဘာသာစကားကို ရွေးရင်တော့ အကောင်းဆုံးပါဘဲရှင့်✅


Strong အဖြစ်ဆုံးကိုပဲ ပြောလိုက်ရမယ်ဆိုရင် Personally* > English + Chinese + French ပါရှင့်

တစ်ကမ္ဘာလုံးနီးပါးနဲ့ ချိတ်ဆက်သွယ်နိုင်မဲ့ combo ကြီးဆိုရင်လည်း မမှားပါဘူးရှင့်


#Core_of_Learning_Academia
❤6💘3💋2🐳1🍓1🦄1
ကိုယ်တိုင် တက်ကျွမ်းတဲ့ ဘာသာစကားမဟုတ်လို့ အမှားပါသွားခဲ့သည်ရှိသော် ကြိုတောင်းပန်ပါတယ်ရှင့်


ဒါပေမဲ့ ဒီလောက် နာမည်ကြီးတဲ့ ဘာသာစကားတစ်ခုဖြစ်တဲ့အပြင် ကိုယ့် သူငယ်ချင်း အများအပြားကလည်း လေ့လာနေတာမို့ သိ‌သလောက်ပြောပေးရမယ်ဆိုရင် -

ပထမဆုံးအနေနဲ့ တစ်ခုချင်းစီ မှတ်ပါ ကျက်ပါ။ တွဲပြီး လုပ်ရင် ပိုရောစေပါတယ်။

ဒုတိယအနေနဲ့က တစ်ပြုံကြီး ကြည့်တာထက်ကို row တစ်ခုချင်းစီ ‌ရေး‌ပြီး မှတ်ပါ။ (ရေးမပျင်းပါနဲ့ရှင့် အဲ့တာတက်မှလည်း ဆက်လေ့လာလို့ဖြစ်မှာမို့)

တတိယအနေနဲ့ အသံနဲ့ တွဲမှတ်ပါရှင့်။ အဲ့တော့ အသုံးဝင်မဲ့ tip ကတော့ စာလုံးချရေးတိုင်း ပါးစပ်ကနေ ဆိုပြီး ရေးသွားတာကတော့ ပြေပါတယ်✅

ကဲ အဲ့လိုရပြီဆိုရင် random တစ်လုံးချင်းကို ကြည့်ပြီး အသံထွက်မယ်/ random အသံထွက်တွေအတွက် စာလုံးတွေ ရေးကြည့်ပါမယ်✅

အဲ့အတွက်က flashcard app တွေ များကြီးရှိတာမို့ ကိုယ်သုံးနေတာ ရှိကြတဲ့ ကိုလာတို့ရှိရင်လည်း ရှဲပေးလို့ရပါတယ်။

အဲ့လိုပုံအတိုင်းဘဲ Hiragana ကို ပိုင်နိုင်ပြီးဆိုရင် Katakana ကိုလည်း ဒီပုံအတိုင်းဘဲ လေ့ကျင့်နိုင်ပါပြီရှင့်💕


#Core_of_Learning_Academia
❤6🐳1🍓1💘1🦄1
ပထမတစ်ခုကို အရင်ဖြေပေးပါမယ်ရှင့်

ကိုယ်တိုင်လည်း ကလေးတွေကို စာသင်ရင် ပြောနေကျအတိုင်း မချွင်းမချန်ပြောပေးမယ်နော်

Reading

စာအုပ်မှာ ပါသလောက်ဘဲ မဖတ်ပါနဲ့။ အပြင်ကနေ ရသလောက် ဖတ်ပါ။ သေချာတာတစ်ခုက စစဖတ်ချင်းမှာ နားမလည်တာက ၆၀% လောက်ထိ ပါနေမှာပါ။ ဒါပေမဲ့ အဓိကကတော့ အဲ့စာကို ပြီးအောင် တက်နိုင်သမျှ ဖတ်ဖို့ပါပဲ။ တစ်လုံးချင်းနားလည်ဖို့ထက် ဪ ဒါက ဒီလိုပြောချင်တာကိုး ဆိုတာမျိုး နားလည်အောင်လုပ်ပါရှင့်✅ တစ်ပိုဒ်ကနေ new words ၃ ခုကနေ ၅ ခုလောက်အထိဘဲ မှတ်ပါရှင့်


Writing

ဆရာမက ပေးသလောက်သာ မရေးပါနဲ့📌
ဘာရေးရမလဲဆို ကိုယ်က ဝါသနာထုံရင် article လေးတွေ ကိုယ်တိုင် ရေးပြီး ဆရာမကို ခွင့်တောင်းပြီး စစ်ခိုင်းတာမျိုးလုပ်ပါ။ writing တိုးတက်ဖို့ကတော့ vocabulary and grammar အရမ်းလိုတာမို့ အဲ့တာတွေရော မချွင်းမချန်လေ့လာပါရှင့်💓

ဒုတိယအနေနဲ့ Diary ရေးဖို့ အကြံပြုပါတယ်။ အဲ့တာက ကိုယ့်အတွက် mental ပိုင်းရောပါ ကောင်းတာမို့ပါ။ ဥပမာ ဒီနေ့ ငါဘာတွေ ကောက်းတာလုပ်ခဲ့လဲ မကောင်းတာရော ဘာတွေလုပ်ခဲ့မိသလဲ အစရှိသဖြင့်ကို တက်နိုင်သလောက် English လို ရေးပါရှင့်💓

စာလုံးရေ မဆံ့တော့လို့ စာပိုဒ်ခွဲဖြေပေးပါမယ်နော်


#Core_of_Learning_Academia
❤4🐳1🍓1💋1💘1
Core of Learning Academia
ပထမတစ်ခုကို အရင်ဖြေပေးပါမယ်ရှင့် ကိုယ်တိုင်လည်း ကလေးတွေကို စာသင်ရင် ပြောနေကျအတိုင်း မချွင်းမချန်ပြောပေးမယ်နော် Reading စာအုပ်မှာ ပါသလောက်ဘဲ မဖတ်ပါနဲ့။ အပြင်ကနေ ရသလောက် ဖတ်ပါ။ သေချာတာတစ်ခုက စစဖတ်ချင်းမှာ နားမလည်တာက ၆၀% လောက်ထိ ပါနေမှာပါ။ ဒါပေမဲ့ အဓိကကတော့…
Listening

စာအုပ်ထဲ practice ကိုပဲ အားကိုးတာက မကောင်းပါဘူးရှင့် Street interview တွေ vlog တွေ show တွေ အစရှိသဖြင့် YouTube ကနေ ကြည့်ပါ နားထောင်ပါရှင့်။ အကြံပေးရရင် BBC News နဲ့ BBC Learning English ကို သုံးပါရှင့်

BBC News ကို နားထောင်ရင် အစကနေ အဆုံးထိ နားမလည်လိုက်တာမျိုးတောင် ဖြစ်နိုင်ပါတယ်ရှင့် အဓိကက အားမလျှော့ဘဲ သေချာပြီးအောင် နားထောင်ရုံပါပဲရှင့် တဖြည်း"နဲ့ အသံထွက်တွေနဲ့ အသုံးအနှုန်းတွေ အစရှိသဖြင့် နားရည်ဝသွားမှာပါရှင့်


Speaking

စကားပြောပါ။ excuse မရှာပါနဲ့။ Partner မရှိရင် အတန်းတွေတက်ပါ။ Speaking Club တွေ join ပါ (online/ on ground အကုန်ရှိပါတယ်) အဆုံးစွန် ဘယ်လိုမှကို လူမရှိဘူးဆိုရင် ကိုယ့်ကိုယ်ကို ပြန်ပြောပါ။ မှန်ထောင်ပြီး ပြောပါ။ zoom ထဲကို တစ်ယောက်တည်းဝင်ပြီး ‌ပြောပါ။ ပြောတဲ့နေရာမှာ role play သလို နေရာအမျိုး"ကနေ ပြောပါရှင့်✅


ကဲ ဒါဆိုရင် သင်္ချာကဘက်ကို ရွှေ့ပါ့မယ်ရှင့်

သင်္ချာက Burmese Curriculum, IGCSE, GED အစရှိသဖြင့် ကွာတာနဲ့ practice လုပ်ရတာလည်းကွာတာမို့ General ထိအောင်ဘဲ ဖြေပေးလိုက်ပါမယ်နော်👁️

အဓိကက formula ကို မှတ်ပါ။ မရရင် ကျက်တာထက် formula ကို တရေးနိုး ထမေးရင်တောင် သိတဲ့အထိ အဲ့ formula သုံးရတဲ့ ပုစ္ဆာတွေကို ရိုးအီထူနေအောင် တွက်ပါ။ သင်္ချာက ပျင်းလို့မရပါဘူး။ ပြီးရင် ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားရတာမျိုးလည်း ရှိနိုင်ပါတယ်။ အဲ့တော့ formula တွေ များကြီးရောထားတဲ့ ပုဒ်စာတွေ သေချာ try ပါရှင့်


Hope this helps you pr shint


#Core_of_Learning_Academia
❤5🐳1💋1💘1
Please open Telegram to view this post
VIEW IN TELEGRAM
🤣12🤯1
Hmmm depends on the learner လို့ ပြောချင်ပေမဲ့ data တော်တော်များများကရော learner တွေရဲ့ ပြန်ပြောတာရောကို အခြေခံမယ်ဆိုရင် စပိန်ဘာသာစကားက ပိုလွယ်ကူပါတယ်ရှင့် ✅💓


#Core_of_Learning_Academia
❤5❤‍🔥1🐳1💘1🦄1
ဒါလေးကပေါ့နော် ဖြေရတာ နည်းနည်းတော့ လေးနက်သွားတယ် ဘယ် uni ကို ဆိုပြီး အတိအကျ advice ပေးလိုက်ဖို့ကကျရင် ခက်ခဲပါတယ်


အဲ့တော့ G12 ရဲ့ အမှတ်အနေအထားကရော ဘယ်လိုရှိသလဲ ကိုယ်က မြန်မာကို ပြန်ဝင်မရဘူးဆိုတော့ အခု ဘယ်နိုင်ငံမှာ ရှိနေသလဲဆိုတာတွေအပေါ် အများကြီး အများကြီး မူတည်ပါတယ်ရှင့်

Financial အဆင်ပြေတယ်ဆိုရင် Asia and Europe တွေ ရွေးချယ်စရာတွေအများကြီးဆိုမှ အများကြီးပါရှင့်

Financially weak ဖြစ်တယ်ဆိုရင်လည်း no worries ပါရှင့် fully funded, partial funded အစရှိသဖြင့် scholarship တွေအများကြီးရှိတာမို့ try ဖို့ အားပေးပါတယ်ရှင့်✅💓


#Core_of_Learning_Academia
💘4❤1❤‍🔥1🐳1🍓1
မေးခွန်းတွေက ဒီလောက်ဘဲထင်တယ်ရှင့်🎀

8:30 ထိ စောင့်လိုက်ပါမယ်ရှင့်


#Core_of_Learning_Academia
🐳3🥰1💘1🦄1
💘4🐳1🍓1💋1
Core of Learning Academia pinned «Sunday Educational Opportunity ဘယ်ဘာသာစကားတွေ တွဲလေ့လာလို့ ကောင်းသလဲ Hiragana & Katakana ကို အလွယ်ဆုံးနဲ့ အထိရောက်ဆုံး ဘယ်လိုမှတ်မလဲ English 4 skills လုံး ကောင်းလာဖို့နဲ့ Math ကျွမ်းကျင်ဖို့ ဘာလုပ်ရမလဲ part 1 English 4 skills လုံး ကောင်းလာဖို့နဲ့…»
🌙 The First Human to Walk on the Moon

“လပေါ်ကို ပထမဆုံး ခြေချခဲ့တဲ့ လူသားက ဘယ်သူလဲ?” 🤔

ဒီမေးခွန်းရဲ့အဖြေကတော့ Neil Armstrong ပါ။ 👨‍🚀

Neil Alden Armstrong ကို August 5, 1930 မှာ အမေရိကန်နိုင်ငံ၊ Ohio ပြည်နယ်မှာ မွေးဖွားခဲ့ပါတယ်။ သူဟာ အမေရိကန် astronaut တစ်ဦးဖြစ်ပြီး နောက်ပိုင်းမှာတော့ လူသားတွေရဲ့ အာကာသစူးစမ်းလေ့လာရေးသမိုင်းမှာ အရေးအကြီးဆုံးပုဂ္ဂိုလ်တွေထဲက တစ်ဦး ဖြစ်လာခဲ့ပါတယ်။

🚀 July 16, 1969 မှာ Neil Armstrong၊ Buzz Aldrin နဲ့ Michael Collins တို့ဟာ NASA ရဲ့ Apollo 11 mission နဲ့ ကမ္ဘာကနေ လကို ထွက်ခွာခဲ့ကြပါတယ်။

🌙 July 20, 1969 မှာတော့ Armstrong နဲ့ Buzz Aldrin တို့ဟာ Eagle လို့အမည်ပေးထားတဲ့ Lunar Module နဲ့ လပေါ်က Sea of Tranquility ဆိုတဲ့နေရာမှာ အောင်မြင်စွာ ဆင်းသက်ခဲ့ကြပါတယ်။ Michael Collins ကတော့ လကို orbit ပတ်နေတဲ့ Command Module Columbia ထဲမှာ နေပြီး သူတို့နှစ်ယောက်ကို စောင့်နေခဲ့ပါတယ်။

👣 Lunar Module ကနေ ထွက်လာတဲ့အခါ Neil Armstrong ဟာ လပေါ်ကို ပထမဆုံး ခြေချခဲ့တဲ့ လူသား ဖြစ်လာခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ ကမ္ဘာတစ်ဝှမ်းက လူသန်းပေါင်းများစွာ စောင့်ကြည့်ခဲ့ကြတဲ့ သမိုင်းဝင်အခိုက်အတန့်တစ်ခု ဖြစ်ခဲ့ပါတယ်။

Armstrong နဲ့ Aldrin တို့ဟာ လပေါ်မှာ ၂ နာရီကျော် လမ်းလျှောက်ခဲ့ကြပြီး ဓာတ်ပုံရိုက်ခြင်း၊ လပေါ်က ကျောက်တုံးနဲ့ မြေဆီလွှာနမူနာများ စုဆောင်းခြင်း၊ သိပ္ပံဆိုင်ရာ equipment တွေ တပ်ဆင်ခြင်းနဲ့ လမျက်နှာပြင်ကို လေ့လာခြင်းတွေ ပြုလုပ်ခဲ့ကြပါတယ်။🔬

သူတို့ရဲ့ လပေါ်ဆင်းသက်မှုဟာ သိပ္ပံနဲ့ နည်းပညာတိုးတက်မှုကိုသာ ပြသခဲ့တာမဟုတ်ဘဲ လူသားတွေရဲ့ အာကာသစူးစမ်းလေ့လာရေးသမိုင်းမှာ အရေးကြီးဆုံး milestone တွေထဲက တစ်ခု ဖြစ်လာခဲ့ပါတယ်။

🌎 July 24, 1969 မှာ Apollo 11 အဖွဲ့ဟာ ကမ္ဘာကို အောင်မြင်စွာ ပြန်လည်ရောက်ရှိခဲ့ပါတယ်။

"Neil Armstrongရဲ့ လပေါ်က ပထမဆုံးခြေလှမ်းဟာ လူတစ်ယောက်ရဲ့ ခြေလှမ်းတစ်လှမ်းသာ ဖြစ်ပေမယ့် လူသားမျိုးနွယ်တစ်ခုလုံးအတွက်တော့ အာကာသစူးစမ်းလေ့လာရေးခေတ်သစ်ကို ဖွင့်ပေးခဲ့တဲ့ ကြီးမားတဲ့ ခြေလှမ်းတစ်လှမ်း ဖြစ်ခဲ့ပါတယ်။" 🌙✨🚀

#Content_by_Lunar
#Graphic_by_Heather
#Core_of_Learning_Academia
💘3❤2❤‍🔥1🐳1🍓1🦄1
💘4❤3❤‍🔥1🐳1🍓1💋1
🎈Song Recommendation of the Week: "August" by Taylor Swift 🍷

နွေရာသီရဲ့ အကုန်၊ ဩဂုတ်လရဲ့ ညနေခင်းတွေမှာ ရင်ထဲ တစ်ခုခု လိုလေသမျှနဲ့ တိတ်တိတ်လေး ငိုမိဖူးကြလားဟင်? 🍂

ဒီတစ်ပတ်မှာတော့ ရင်ဘတ်ထဲအထိ စိမ့်ဝင်အောင် နာကျင်ရစေမဲ့ Taylor Swift ရဲ့ "August" ဆိုတဲ့ သီချင်းလှလှလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်နော် ✨

ဒီသီချင်းလေးက ၂၀၂၀ ပြည့်နှစ်မှာ ထွက်ရှိခဲ့တဲ့ folklore အယ်လ်ဘမ်ထဲက မေ့မရနိုင်စရာ သီချင်းလေးတစ်ပုဒ်ပါ။

နွေရာသီမှာ ခဏတာ ဖြစ်တည်ခဲ့တဲ့ အချစ်ရေး၊ ရင်ထဲ စွဲကျန်ခဲ့တဲ့ အမှတ်တရတွေနဲ့ လွမ်းဆွတ်မှုတွေကို တေးဂီတနဲ့အတူ အနုပညာဆန်ဆန် ပုံဖော်ထားတာဖြစ်ပါတယ် 🎻🌾

To live for the hope of it all...
တစ်ဖက်လူက ဖုန်းခေါ်လာမလားဆိုတဲ့ မျှော်လင့်ချက်လေး တစ်ခုတည်းနဲ့တင် ကိုယ့်ရဲ့ အစီအစဉ်တွေအကုန် ဖျက်ပြီး စောင့်မျှော်ခဲ့ရသူလေးတွေ ရှိတယ်မလား? 📱🫵

တရားဝင် ချစ်သူလို့ သတ်မှတ်ခွင့် မရခဲ့တဲ့ ဆက်ဆံရေးတစ်ခုမှာ ကိုယ့်ဘက်က အပြည့်အဝ ပေးဆပ်ခဲ့ပေမဲ့ ဘယ်တော့မှ ကိုယ်ပိုင်ဆိုင်ခွင့် မရခဲ့တဲ့ ဆုံးရှုံးမှုကို နက်နက်နဲနဲ ခံစားရစေပြီး မျက်ရည်ကျချင်စရာကောင်းအောင် ရေးဖွဲ့ထားတာပါနော်......🥀

🍷 ဩဂုတ်လမှာ နားထောင်ရင် ပိုပြီး လွမ်းစရာကောင်းတဲ့ အကြောင်းအရင်း

"August slipped away into a moment in time, 'cause it was never mine..."

ဩဂုတ်လလေး ကုန်ဆုံးသွားသလိုမျိုး နွေရာသီရဲ့ အချစ်ရေးလေးပါ လွတ်ထွက်သွားတဲ့အခါ အတိတ်ကို ပြန်တွေးပြီး ချိုမြိန်ဝမ်းနည်းဖွယ် (Bittersweet) ခံစားချက်ကို အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။

ဒီလို အဓိပ္ပာယ်ရော တေးသွားပါ နက်ရှိုင်းလွန်းတာကြောင့် ဒီလို ဩဂုတ်လမှာ မဖြစ်မနေ နားထောင်ကြည့်ဖို့ အထူး ညွှန်းပေးချင်ပါတယ်နော် ✨

"Back when I was livin' for the hope of it all..."
Taylor Swift, August

သီချင်းလေးကို အေးအေးဆေးဆေး ခံစားနားထောင်လို့ရအောင် Comment မှာ MP3 လင့်ခ် ထည့်ပေးထားပါတယ်နော် 🎧✨

#Content_by_Kry
#Photo_was_sourced_from_internet
#Core_of_Learning_Academia
❤8🐳1🍓1💘1🦄1
ခုတလောလေ နင်တို့ကလည်း ဘာဖြစ်နေမှန်းမသိ ငါလည်း ဘာတင်ချင်နေမှန်းမသိနဲ့

ဘာမှကို မတင်တော့ဘူး



#Core_of_Learning_Academia
🤣24❤2
🗣 အခုထိ လူတိုင်းကြားမှာ ဝေခွဲရခက်ပြီး အဖွဲ့ကွဲနေတဲ့ အကြောင်းက ဘာလဲသိလား ?

သေချာပေါက် သီချင်း
နားထောင်ရင်း စာလုပ်တာကောင်းလား မကောင်းလား၊ စာရောတကယ်အာရုံစိုက်နိုင်ရဲ့လားဆိုတဲ့ အကြောင်းပါပဲ 🤷🏻

ဒီအကြောင်းနဲ့ပက်သက်ပြီးအငြင်းမပွားခင် ကောင်းကျိုးတွေကနေ စပြီးကြည့်လိုက်ကြရအောင်

✅ သီချင်းနားထောင်တဲ့အခါ စိတ်ဖိစီးမှုကိုလျှော့ချစေတယ်။
✅စာမလုပ်ချင်တဲ့အချိန်မှာတောင် စတင်ဖို့ energy ပေးနိုင်တယ်။
✅ဆူညံနေတဲ့ ပတ်၀န်းကျင်ကို သီချင်းနားထောင်ခြင်းအားဖြင့် ဖုံးပေးနိုင်ပြီး စာကိုအာရုံစိုက်လို့ရမယ်။


🚨 ဒါပေမဲ့ ဆိုးကျိုးအနေနဲ့ကတော့ lyrics ပါတဲ့ သီချင်းတွေနားထောင်မယ်ဆို အာရုံပြန့်တာပါပဲ။ ကိုယ်ကြိုက်တဲ့သီချင်းနားထောင်ရင် ပိုတောင် စာကိုအာရုံစိုက်ဖို့ဆိုတာ လုံး၀ကိုမဖြစ်နိုင်တာပါ 🙅🏻

"ဒါဆို စာလုပ်ရင်းသီချင်းနားထောင်လို့မရတော့ဘူးလား"❓
သေချာပေါက်ရတာပေါ့❕
ရွေးချယ်စရာ music အမျိုးအစားတွေလဲ အများကြီးရှိတာကြောင့် Colar လေးတို့အတွက် စဉ်းစားရလဲ မခက်အောင် ဘာလေးတွေဖြစ်မလဲကြည့်ကြရအောင် 👀

1. 🎹 Instrumental

-Piano
-Classical
-Guitar instrumental
-Jazz instrumental
-Instrumental soundtrack

2. 🎆 Lo-Fi

3. 🏞 Nature sounds

-Rain
-CafĂŠ ambience
-Library ambience
-Brown noise
-White noise
-Ocean sounds


ဒါ့အပြင် ကိုယ်လုပ်နေတဲ့ language အလိုက်သီချင်းတွေကိုလဲ ရွေးချယ်ပြီးနားထောင်လို့ရပါတယ် ။
📍( ခြွင်းချက်အနေနဲ့ကတော့ ၀မ်းနည်းစရာကောင်းတဲ့သီချင်းတွေ အရမ်းမြူးတဲ့သီချင်းတွေလိုမဟုတ်ပဲ ‌သံစဉ်အေးအေးလေးတွေနားထောင်ဖို့ ပိုပြီး အကြံပေးချင်ပါတယ် )💞

ကဲ ဒါဆိုရင်တော့ စာလုပ်ရင် သီချင်းနားမထောင်ဘဲလဲမလုပ်နိုင်ဘူး အာရုံလဲမပြန့်ချင်ဘူးဆိုတဲ့ Colar လေးတို့အတွက် CoL.A ကနေ ‌ရွေးချယ်စရာတွေပြောပြပြီးပြီဆိုတော့ စာကိုကြိုးစားလုပ်ကြမဲ့ ဘေဘီလေးတို့ စာကိုသေချာလေးလုပ်ကြမယ်နော် 🫂

#Content_by_Chan
#Graphic_by_Kito
#Core_Of_Learning_Academia
❤9🐳1🍓1💘1🦄1
❤12🐳1🍓1💘1🦄1
ချန်နယ်ကသာ မအောင်မြင်သလိုလို အောင်မြင်သလိုလို မမဆောင်းနေတာ တို့ချန်နယ်ရဲ့ မိတ္တူကြောင်တွေကတော့ အောင်မြင်ချက်

အိုင်ဒီယာလိုရင်လည်း ပြောကြပါ ကူးဖို့ ထပ်တင်ပေးမယ်💅


#Core_of_Learning_Academia
🤣14❤‍🔥8❤4⚡1👏1🙏1