Core of Learning Academia
1.05K subscribers
484 photos
1 file
88 links
This is the core place which is for every learner. CoL.A is always for LEARNERS.
Download Telegram
The Psychology Of First Impressions 🧠

လူတစ်ယောက်ကိုအခုမှစတွေ့တဲ့အချိန်မှာ First impression ကောင်းအောင် လှလှပပပြင်ဆင်ပြီး နောက်ပိုင်းမှလမ်းထိပ်ထွက်တဲ့ design နဲ့တောင်အေးဆေးပဲ ဆိုတဲ့စိတ်က ဘာလို့လဲ?

First impression ဆိုတာ လူတစ်ယောက်ကို ပထမဆုံးတွေ့တဲ့အချိန်မှာ ရရှိလာတဲ့ အမြင်နဲ့ ခံစားချက်တစ်ခု ဥပမာပြောပြရရင် vibe ပေါ့ ❄️

"ဒီတစ်ယောက်ကတော့ ကြည့်လိုက်တာနဲ့ သန့်နေတာပဲကွာ"

" လှလိုက်တာ"

"ချောလိုက်တာ"
ဆိုတာ ရုပ်ရည်တစ်ခု‌တည်းကြောင့်မဟုတ်ဘဲနဲ့ ကိုယ်လုပ်လိုက်တဲ့ မျက်နှာအမူအရာ၊ ကိုယ်ဟန်အနေအထားနဲ့ စကားပြောပုံ စတဲ့ အချက်တွေကနေ ပထမဆုံးအမြင်ကို ဖမ်းဆွဲပြီးမှတ်ယူလိုက်ကြတာ များတယ်  đŸ“Œ

အစက ကိုယ့်ကိုသန့်တယ်၊ စည်းကမ်းရှိတဲ့ပုံစံလို့မှတ်ယူလိုက်ကြရင် ကိုယ်ဘာလုပ်လုပ်အထာကျကျနဲ့ strict ဖြစ်တဲ့ မမ type ၊ ကိုကို type တွေလို့မြင်ကြမှာပဲ ဒါကြောင့် First impression ကအရေးကြီးတယ်လို့ ပြောတာပေါ့ 💁

ဒါပေမဲ့ ကိုလာတို့သတိချပ်ရမဲ့အပိုင်းက First impression တစ်ခုတည်းနဲ့ လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို အပြည့်အဝ မဆုံးဖြတ်နိုင်ပါဘူး
သူက First impression မှာတော့ စည်းရှိသလိုနဲ့ နောက်မှစည်းကမ်းမဲ့ အမှိုက်လွှင့်ပစ်တာတွေဆို ဘယ်လိုလုပ်မလဲ ⁉️

အစကတည်းက အထာကျဖို့ပဲလုပ်ရင်း ဟန်ဆောင်ဖုံးဖိနေရင်တော့ ကိုယ်ပဲအဆင်မပြေမှာနော် 🫵

📝 ဒါပေမဲ့ အခြေခံလူ့ကျင့်ဝတ်ဖြစ်တဲ့ ကောင်းကောင်းမွန်မွန် နားထောင်ပေးတာ၊ ယဥ်ယဥ်ကျေးကျေး ပြောဆိုတာအပြင်ကို ကိုယ်ကလည်းသဘာဝကျကျ ပြုမူနေထိုင်တာကလည်း First impression မှာပိုအရေးကြီးတယ် 📝

ကိုယ့်ပုံစံလေးအတိုင်းပဲရှင်သန်ရင်းနဲ့ ကိုယ့် vibe ကိုယ်ပုံဖော်ကြစို့‼️

#Content_by_Dam
#Graphic_by_Yein
#Core_of_Learning_Academia
💘5❤3❤‍🔥1🐳1🍓1🦄1
❤7❤‍🔥1🐳1💋1💘1
How the World Wide Web Changed Our Lives 🌐

မနက်နိုးလာတာနဲ့ ဖုန်းလေးဖွင့်ပြီး သတင်းကြည့်မလား၊ ဗီဒီယိုကြည့်မလား ဒါမှမဟုတ် လိုချင်တာလေးတွေကို အွန်လိုင်းက‌နေမှာမလား… ဒီအရာတွေ မရှိတဲ့ ဘဝကြီးကို စိတ်ကူးကြည့်ဖူးပါသလား? 🧐💭

ကမ္ဘာကြီးကို လက်တစ်ကမ်းအကွာ ရောက်အောင် သယ်ဆောင်ပေးလိုက်တာကတော့ World Wide Web (WWW) ဆိုတဲ့ အံ့ဩဖွယ် နည်းပညာကြီးပဲ ဖြစ်ပါတယ် 🌐

💡 သမိုင်းကြောင်းကို ပြောင်းလဲလိုက်တဲ့ တီထွင်မှု ဉာဏ်ကြီးရှင် ✨
World Wide Web ကို 1989 ခုနှစ်မှာ Tim Berners-Lee က စတင်တီထွင်ဖန်တီးခဲ့တာပါ။

ဒီ တီထွင်မှုကြီးဟာ ကမ္ဘာတစ်ဝှမ်းလုံးက လူတွေကို ကွန်ရက်တစ်ခုတည်းမှာ ချိတ်ဆက်ပေးလိုက်ပြီး သမိုင်းတစ်လျှောက် အကြီးမားဆုံး နည်းပညာ တော်လှန်ရေးကြီး ဖြစ်လာခဲ့ပါတယ် 🔮💫

🚀 နေ့စဉ်ဘဝရဲ့ ကဏ္ဍတိုင်းကို အသွင်ပြောင်းလဲပေးခဲ့ပုံ 📲💖

World Wide Web ရောက်ရှိလာပြီးနောက်ပိုင်း ကျွန်တော်တို့ရဲ့ လူနေမှုစနစ်တွေဟာ နယ်ပယ်မျိုးစုံမှာ မယုံနိုင်စရာကောင်းအောင် တိုးတက်ပြောင်းလဲသွားခဲ့ပါတယ် 👇
📚 ပညာရေး (Education): စာကြည့်တိုက် သွားစရာမလိုဘဲ Online Learning ကနေတစ်ဆင့် ကြိုက်နှစ်သက်တဲ့ ဘာသာရပ်ကို အိမ်မှာတင် လေ့လာနိုင်လာပါတယ်။

💬 ဆက်သွယ်ရေး (Communication): Social Media တွေကြောင့် ကမ္ဘာ့အခြားတစ်ဖက်မှာ ရှိနေတဲ့သူတွေနဲ့တောင် စက္ကန့်ပိုင်းအတွင်း တိုက်ရိုက် စကားပြောနိုင်လာပါတယ်။

🛒 စီးပွားရေး (Business): Online Shopping နဲ့ အွန်လိုင်းငွေပေးချေမှုတွေကြောင့် ပစ္စည်းတွေကို အလွယ်တကူ ဝယ်ယူရောင်းချနိုင်လာပါတယ်။

🎬 ဖျော်ဖြေရေး (Entertainment): ရုပ်ရှင်၊ သီချင်းနဲ့ ဂိမ်းတွေကို အချိန်မရွေး စိတ်ကြိုက် ကြည့်ရှုခံစားနိုင်လာပါတယ်။

✨ခေတ်သစ် သတင်းအချက်အလက် ၏ စတင်ရာ အုတ်မြစ်🌌

အနှစ်ချုပ်ရရင် World Wide Web ဟာ လူတွေရဲ့ သတင်းအချက်အလက် ရှာဖွေရယူပုံ၊ အချင်းချင်း ဆက်သွယ်ပုံနဲ့ အလုပ်လုပ်ပုံတွေကို အပြီးတိုင် ပြောင်းလဲပစ်ခဲ့တာပါ။

အကွာအဝေးဆိုတဲ့ အတားအဆီးတွေကို ဖြိုဖျက်ပြီး ကမ္ဘာကြီးကို ပိုမို နီးကပ်သွားစေခဲ့တဲ့ သဘာဝလွန် လက်ဆောင်တစ်ခုဆိုရင်လည်း မမှားပါဘူးနော် ✨

#Content_by_Kry
#Graphic_by_Heather
#Core_of_Learning_Academia
❤4❤‍🔥2💘2🔥1🐳1🍓1🦄1
❤8❤‍🔥2🐳1🍓1💘1
🎀 Song Recommendation of the Week 🎀

🎶 Good Goodbye — Hwasa 🎶

💗✨ ဒီတစ်ပတ်မှာတော့ နားထောင်ပြီးတာနဲ့ ရင်ထဲကို နူးနူးညံ့ညံ့လေး ဝင်ရောက်လာမဲ့ သီချင်းလေးတစ်ပုဒ်ကို ညွှန်းပေးချင်ပါတယ်! 🎧🌷

💫 ဒီသီချင်းက ဘာလို့ ဒီလောက်ထိ Viral ဖြစ်သွားတာလဲ?

TikTok မှာ Trend ဖြစ်ပြီး Dance Challenge တွေများလို့ပဲ မဟုတ်ပါဘူးနော်! 🥹🤍

လူတွေရဲ့ရင်ထဲကို တကယ်ရောက်သွားတာကတော့ လမ်းခွဲခြင်းကို နာကျင်မှုတစ်ခုအနေနဲ့ပဲ မမြင်ဘဲ လှပစွာ လက်ခံနိုင်ဖို့ ပြောပြထားတဲ့ Message ကြောင့်ဆိုတာကတော့ငြင်းလို့မရပါဘူးနော် 🌿✨

ဝမ်းနည်းနေရင်းနဲ့တောင် ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်တတ်ဖို့၊ ရှေ့ဆက်လျှောက်ရဲဖို့ အားပေးနေသလို ခံစားရတာက ဒီသီချင်းရဲ့ အကြီးမားဆုံး ဆွဲဆောင်မှုပါပဲ။ 🤍🫶

🌊 Vibe လေးကရော...?

မိုးဖွဲဖွဲရွာတဲ့နေ့‌မှာ ပြတင်းပေါက်ဘေးလေးထိုင်ပြီး ကော်ဖီပူပူလေးတစ်ခွက်သောက်ရင်း အတိတ်ကို တိတ်တိတ်လေး ပြန်သတိရနေတဲ့ Feeling မျိုး... ☕🌧️

နည်းနည်းလေး ဆွေးနေသလို ခံစားရပေမယ့် အဆုံးမှာတော့ "အဆင်ပြေသွားမှာပါ" ဆိုတဲ့ နွေးထွေးမှုလေး ကျန်ခဲ့တဲ့ Vibe မျိုးလေးရစေမှာပါနော် 🍃🤍

Hwasa ရဲ့ နက်ရှိုင်းပြီး ဆွဲဆောင်မှုရှိတဲ့ အသံကလည်း သီချင်းရဲ့ စိတ်ခံစားချက်ကို ပိုပြီး ပြည့်စုံစေပါတယ်။ 🎙️✨

💌 ဒီသီချင်းကနေ သင်ယူလို့ရတာက...

တစ်ခါတလေ နှုတ်ဆက်ခြင်းဆိုတာ အမုန်းတွေနဲ့ အဆုံးသတ်ရမယ့်အရာ မဟုတ်ပါဘူး။ 🌸

လူတစ်ယောက်ကို ချစ်ခဲ့ဖူးတဲ့ အမှတ်တရတွေကို လေးလေးစားစား သိမ်းထားရင်း "Good Goodbye" လို့ လှလှပပ နှုတ်ဆက်နိုင်တယ်ဆိုတာကို သတိပေးထားပါတယ်။ 💕

နောက်ပြီး... ဘယ်သူပဲ ထွက်သွားသွား ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး ချစ်တတ်ဖို့၊ ကိုယ့်ဘက်က ရပ်တည်ပေးတတ်ဖို့ က အရေးကြီးဆုံးဆိုတဲ့ Message လေးကိုလည်း နူးနူးညံ့ညံ့လေး ပေးထားပါတယ်။ 🫂🤍

🌷 ဒါကြောင့်...

စိတ်ပင်ပန်းနေတဲ့နေ့တွေ၊ ရင်ထဲမှာ လေးလံနေတဲ့နေ့တွေ၊ ဒါမှမဟုတ် ငြိမ်ငြိမ်လေးနဲ့ သီချင်းကောင်းတစ်ပုဒ် နားထောင်ချင်တဲ့အချိန်ဆိုရင် Hwasa ရဲ့ "Good Goodbye" ကို မဖြစ်မနေ နားထောင်ကြည့်ဖို့ အကြံပြုလိုက်ပါတယ်နော်! 🎧💖

💬 Comment မှာ MP3 လေး ထည့်ပေးထားတာမို့ သွားရောက်နားထောင်ပြီး ကိုယ်ခံစားရတဲ့ Vibe လေးကိုလည်း မျှဝေပေးခဲ့ပါဦးနော်! 🌼✨

#Content_by_Kry
#Photo_was_sourced_from_internet
#Core_of_Learning_Academia
❤6❤‍🔥2🐳1🍓1💋1💘1
နောက်လ၏ အကြီးကြီးတစ်ခု(စပရိုက်)အတွက် တိုင်ပင်တွေးတောရာမှ ရှူဆေးဆောင်နေရသော ဂျာကြီးနှင့် မား

#Core_of_Learning_Academia
🤣28❤2🙏2💔1😭1
မနေ့ကထက် ဒီနေ့ ဘာတွေ တိုးတက်ပြောင်းလဲလာပြီလဲ


#crd #motivation
#Core_of_Learning_Academia
❤7🔥3❤‍🔥2⚡1🕊1🏆1
Why Can’t We Forget Certain People and Moments??

လူသားတွေက သံယောဇဉ်တွယ်မိမှာကိုကြောက်လာကြတယ်၊ ချစ်မိမှာကိုကြောက်လာကြတယ်၊ ဝမ်းနည်းရမှာကိုကြောက်လာကြရင်းနဲ့ ကိုယ့်ခံစားချက်ကိုယ် အဆုံးစွန်ပိတ်လှောင်ထားတာနဲ့ပဲ စိတ်ကျန်းမာရေးတွေထိခိုက်လာကြတယ်ဆိုတာ ကိုလာတို့ သိရဲ့လား 🤔

မေ့ချင်ပေမဲ့လည်းမေ့မရ၊ ရုန်းထွက်ချင်ပေမဲ့လည်း မလွတ်မြောက်နိုင်ဖြစ်နေတဲ့ ကိုလာလေးတို့ရေ စိတ်ခံစားချက်ပြင်းထန်တဲ့ အဖြစ်အပျက်တွေကို ဦးနှောက်က ပိုပြီးထင်ထင်ရှားရှား တံဆိပ်ရိုက်ကပ်သလိုမှတ်သားလိုက်ကြပါတယ် ✍️

အဲ့ဒါကြောင့် ကိုယ်တွေမှာ မမေ့နိုင်ဘဲအခက်ကြုံရတာ၊ ဒါမှမဟုတ် မမေ့နိုင်တာကပဲ ကိုယ့်အတွက်ပျော်ရွှင်စေတာတွေ အမျိုးမျိုးဖြစ်သွားစေပါတယ် 💁

လူရယ်လို့ဖြစ်လာရင် လူတစ်ယောက်နဲ့ ရင်းနှီးလာတဲ့အခါ Emotional Attachment ဖြစ်လာပြီး သူနဲ့ပတ်သက်တဲ့ Memory တွေက ပိုအရေးကြီးလာတယ် အဲ့လိုအချိန်ကျရင် လွှတ်ချရမဲ့လက်တွေကိုလည်း ကောက်ရိုးတစ်မျှင်ပဲဆွဲရ ဆွဲရ လက်မလွှတ်နိုင်ကြတော့ဘူး.
.

ဒီလိုအချိန်မှာ သီချင်း၊ နေရာ၊ ရနံ့ ဒါမှမဟုတ် စကားလုံးတစ်ခုပဲဖြစ်နေပါစေ အမှတ်တရနဲ့ ဆက်စပ်နေတဲ့အရာတွေက အဲဒီ Memory တွေကို ပြန်လည်သတိရစေနိုင်ပါတယ် 🍃

🫂 မတွေးချင်လို့မေ့နေပေမဲ့ တစ်ချို့အမှတ်တရတွေကို ထပ်ခါထပ်ခါပြန်တွေးတာက အာနိသင်မပြတဲ့ဆေးကိုသောက်ရသလို အဲဒီအမှတ်တရတွေကိုပဲ ပိုပြီး ပြန်ပေါ်လွယ်လာစေတဲ့အခါ ဆုပ်လည်းစူး၊ စားလည်းရူး ဖြစ်ရတာပေါ့နော် 🫂

လူတစ်ယောက်ပဲဖြစ်စေ၊ နေရာတစ်ခုပဲဖြစ်စေ၊ အဖြစ်အပျက်တစ်ခုပဲဖြစ်‌စေ၊ ရနံ့၊ သီချင်း၊ အစားအသောက် ဘယ်အရာပဲဖြစ်နေပါစေ မေ့မရခြင်းဆိုတဲ့အနုပညာကို လက်ကိုင်ထားရတာဟာ အဲ့နေရာလေးဆီကိုပဲ ပြန်သွားသင့်တယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး 🙅

တစ်ခါတစ်လေကျတော့လည်း မမြဲခြင်းတရားတွေကိုလက်ကိုင်ရပြီး အတိတ်ကိုလက်ခံရင်းနဲ့ပဲ ကိုယ့်ဘဝကိုယ် ဆက်လက်ရှေ့ဆက်နိုင်ဖို့ကပိုအရေးကြီးပါတယ် ကိုလာလေးတို့ရေ 💕


#Content_by_Dam
#Graphic_by_Iren
#Core_of_Learning_Academia
💘6🐳2🍓2☃1🦄1
💘5🐳2❤1🍓1🎄1🦄1
တကယ်ချစ်ရင် ဘယ်ထားသွားပါ့မလဲဟယ်




ညကျရင် ဂိမ်းဆော့ကြပါမယ်ရှင့်

ပါမဲ့သူလေးတွေ အကုန်တန်းစီထားလို့ရပါပြီ🎀


#Core_of_Learning_Academia
❤6💘2❤‍🔥1🐳1🌚1😭1
https://forms.gle/nk23rihJgRZcmWnr6


စာနဲ့ပတ်သတ်တာလေးတွေ မေးပေးကြပါရှင့်🫰💕


မေးပြီးရင်တော့ Core ကနေလည်း Quizz တွေမေးပြီး ဆော့ကြပါမယ်


#Core_of_Learning_Academia
💘4❤1❤‍🔥1🐳1🍓1💋1🦄1
မတွဲပါနဲ့ ပြတ်မှာပါ



၂ ခု တွဲသည်ဖြစ်စေ ၃ ခုတွဲသည်ဖြစ်စေ English ကို ပါအောင် ထည့်ရပါမယ်ရှင့်💓

နောက်တစ်ခုကတော့ ကိုယ့်ရဲ့ Dream country (or) scholarship နဲ့ သွားမဲ့နိုင်ငံရဲ့ ဘာသာစကားကို ရွေးရင်တော့ အကောင်းဆုံးပါဘဲရှင့်✅


Strong အဖြစ်ဆုံးကိုပဲ ပြောလိုက်ရမယ်ဆိုရင် Personally* > English + Chinese + French ပါရှင့်

တစ်ကမ္ဘာလုံးနီးပါးနဲ့ ချိတ်ဆက်သွယ်နိုင်မဲ့ combo ကြီးဆိုရင်လည်း မမှားပါဘူးရှင့်


#Core_of_Learning_Academia
❤6💘3💋2🐳1🍓1🦄1
ကိုယ်တိုင် တက်ကျွမ်းတဲ့ ဘာသာစကားမဟုတ်လို့ အမှားပါသွားခဲ့သည်ရှိသော် ကြိုတောင်းပန်ပါတယ်ရှင့်


ဒါပေမဲ့ ဒီလောက် နာမည်ကြီးတဲ့ ဘာသာစကားတစ်ခုဖြစ်တဲ့အပြင် ကိုယ့် သူငယ်ချင်း အများအပြားကလည်း လေ့လာနေတာမို့ သိ‌သလောက်ပြောပေးရမယ်ဆိုရင် -

ပထမဆုံးအနေနဲ့ တစ်ခုချင်းစီ မှတ်ပါ ကျက်ပါ။ တွဲပြီး လုပ်ရင် ပိုရောစေပါတယ်။

ဒုတိယအနေနဲ့က တစ်ပြုံကြီး ကြည့်တာထက်ကို row တစ်ခုချင်းစီ ‌ရေး‌ပြီး မှတ်ပါ။ (ရေးမပျင်းပါနဲ့ရှင့် အဲ့တာတက်မှလည်း ဆက်လေ့လာလို့ဖြစ်မှာမို့)

တတိယအနေနဲ့ အသံနဲ့ တွဲမှတ်ပါရှင့်။ အဲ့တော့ အသုံးဝင်မဲ့ tip ကတော့ စာလုံးချရေးတိုင်း ပါးစပ်ကနေ ဆိုပြီး ရေးသွားတာကတော့ ပြေပါတယ်✅

ကဲ အဲ့လိုရပြီဆိုရင် random တစ်လုံးချင်းကို ကြည့်ပြီး အသံထွက်မယ်/ random အသံထွက်တွေအတွက် စာလုံးတွေ ရေးကြည့်ပါမယ်✅

အဲ့အတွက်က flashcard app တွေ များကြီးရှိတာမို့ ကိုယ်သုံးနေတာ ရှိကြတဲ့ ကိုလာတို့ရှိရင်လည်း ရှဲပေးလို့ရပါတယ်။

အဲ့လိုပုံအတိုင်းဘဲ Hiragana ကို ပိုင်နိုင်ပြီးဆိုရင် Katakana ကိုလည်း ဒီပုံအတိုင်းဘဲ လေ့ကျင့်နိုင်ပါပြီရှင့်💕


#Core_of_Learning_Academia
❤6🐳1🍓1💘1🦄1
ပထမတစ်ခုကို အရင်ဖြေပေးပါမယ်ရှင့်

ကိုယ်တိုင်လည်း ကလေးတွေကို စာသင်ရင် ပြောနေကျအတိုင်း မချွင်းမချန်ပြောပေးမယ်နော်

Reading

စာအုပ်မှာ ပါသလောက်ဘဲ မဖတ်ပါနဲ့။ အပြင်ကနေ ရသလောက် ဖတ်ပါ။ သေချာတာတစ်ခုက စစဖတ်ချင်းမှာ နားမလည်တာက ၆၀% လောက်ထိ ပါနေမှာပါ။ ဒါပေမဲ့ အဓိကကတော့ အဲ့စာကို ပြီးအောင် တက်နိုင်သမျှ ဖတ်ဖို့ပါပဲ။ တစ်လုံးချင်းနားလည်ဖို့ထက် ဪ ဒါက ဒီလိုပြောချင်တာကိုး ဆိုတာမျိုး နားလည်အောင်လုပ်ပါရှင့်✅ တစ်ပိုဒ်ကနေ new words ၃ ခုကနေ ၅ ခုလောက်အထိဘဲ မှတ်ပါရှင့်


Writing

ဆရာမက ပေးသလောက်သာ မရေးပါနဲ့📌
ဘာရေးရမလဲဆို ကိုယ်က ဝါသနာထုံရင် article လေးတွေ ကိုယ်တိုင် ရေးပြီး ဆရာမကို ခွင့်တောင်းပြီး စစ်ခိုင်းတာမျိုးလုပ်ပါ။ writing တိုးတက်ဖို့ကတော့ vocabulary and grammar အရမ်းလိုတာမို့ အဲ့တာတွေရော မချွင်းမချန်လေ့လာပါရှင့်💓

ဒုတိယအနေနဲ့ Diary ရေးဖို့ အကြံပြုပါတယ်။ အဲ့တာက ကိုယ့်အတွက် mental ပိုင်းရောပါ ကောင်းတာမို့ပါ။ ဥပမာ ဒီနေ့ ငါဘာတွေ ကောက်းတာလုပ်ခဲ့လဲ မကောင်းတာရော ဘာတွေလုပ်ခဲ့မိသလဲ အစရှိသဖြင့်ကို တက်နိုင်သလောက် English လို ရေးပါရှင့်💓

စာလုံးရေ မဆံ့တော့လို့ စာပိုဒ်ခွဲဖြေပေးပါမယ်နော်


#Core_of_Learning_Academia
❤4🐳1🍓1💋1💘1
Core of Learning Academia
ပထမတစ်ခုကို အရင်ဖြေပေးပါမယ်ရှင့် ကိုယ်တိုင်လည်း ကလေးတွေကို စာသင်ရင် ပြောနေကျအတိုင်း မချွင်းမချန်ပြောပေးမယ်နော် Reading စာအုပ်မှာ ပါသလောက်ဘဲ မဖတ်ပါနဲ့။ အပြင်ကနေ ရသလောက် ဖတ်ပါ။ သေချာတာတစ်ခုက စစဖတ်ချင်းမှာ နားမလည်တာက ၆၀% လောက်ထိ ပါနေမှာပါ။ ဒါပေမဲ့ အဓိကကတော့…
Listening

စာအုပ်ထဲ practice ကိုပဲ အားကိုးတာက မကောင်းပါဘူးရှင့် Street interview တွေ vlog တွေ show တွေ အစရှိသဖြင့် YouTube ကနေ ကြည့်ပါ နားထောင်ပါရှင့်။ အကြံပေးရရင် BBC News နဲ့ BBC Learning English ကို သုံးပါရှင့်

BBC News ကို နားထောင်ရင် အစကနေ အဆုံးထိ နားမလည်လိုက်တာမျိုးတောင် ဖြစ်နိုင်ပါတယ်ရှင့် အဓိကက အားမလျှော့ဘဲ သေချာပြီးအောင် နားထောင်ရုံပါပဲရှင့် တဖြည်း"နဲ့ အသံထွက်တွေနဲ့ အသုံးအနှုန်းတွေ အစရှိသဖြင့် နားရည်ဝသွားမှာပါရှင့်


Speaking

စကားပြောပါ။ excuse မရှာပါနဲ့။ Partner မရှိရင် အတန်းတွေတက်ပါ။ Speaking Club တွေ join ပါ (online/ on ground အကုန်ရှိပါတယ်) အဆုံးစွန် ဘယ်လိုမှကို လူမရှိဘူးဆိုရင် ကိုယ့်ကိုယ်ကို ပြန်ပြောပါ။ မှန်ထောင်ပြီး ပြောပါ။ zoom ထဲကို တစ်ယောက်တည်းဝင်ပြီး ‌ပြောပါ။ ပြောတဲ့နေရာမှာ role play သလို နေရာအမျိုး"ကနေ ပြောပါရှင့်✅


ကဲ ဒါဆိုရင် သင်္ချာကဘက်ကို ရွှေ့ပါ့မယ်ရှင့်

သင်္ချာက Burmese Curriculum, IGCSE, GED အစရှိသဖြင့် ကွာတာနဲ့ practice လုပ်ရတာလည်းကွာတာမို့ General ထိအောင်ဘဲ ဖြေပေးလိုက်ပါမယ်နော်👁️

အဓိကက formula ကို မှတ်ပါ။ မရရင် ကျက်တာထက် formula ကို တရေးနိုး ထမေးရင်တောင် သိတဲ့အထိ အဲ့ formula သုံးရတဲ့ ပုစ္ဆာတွေကို ရိုးအီထူနေအောင် တွက်ပါ။ သင်္ချာက ပျင်းလို့မရပါဘူး။ ပြီးရင် ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားရတာမျိုးလည်း ရှိနိုင်ပါတယ်။ အဲ့တော့ formula တွေ များကြီးရောထားတဲ့ ပုဒ်စာတွေ သေချာ try ပါရှင့်


Hope this helps you pr shint


#Core_of_Learning_Academia
❤5🐳1💋1💘1
Please open Telegram to view this post
VIEW IN TELEGRAM
🤣12🤯1
Hmmm depends on the learner လို့ ပြောချင်ပေမဲ့ data တော်တော်များများကရော learner တွေရဲ့ ပြန်ပြောတာရောကို အခြေခံမယ်ဆိုရင် စပိန်ဘာသာစကားက ပိုလွယ်ကူပါတယ်ရှင့် ✅💓


#Core_of_Learning_Academia
❤5❤‍🔥1🐳1💘1🦄1
ဒါလေးကပေါ့နော် ဖြေရတာ နည်းနည်းတော့ လေးနက်သွားတယ် ဘယ် uni ကို ဆိုပြီး အတိအကျ advice ပေးလိုက်ဖို့ကကျရင် ခက်ခဲပါတယ်


အဲ့တော့ G12 ရဲ့ အမှတ်အနေအထားကရော ဘယ်လိုရှိသလဲ ကိုယ်က မြန်မာကို ပြန်ဝင်မရဘူးဆိုတော့ အခု ဘယ်နိုင်ငံမှာ ရှိနေသလဲဆိုတာတွေအပေါ် အများကြီး အများကြီး မူတည်ပါတယ်ရှင့်

Financial အဆင်ပြေတယ်ဆိုရင် Asia and Europe တွေ ရွေးချယ်စရာတွေအများကြီးဆိုမှ အများကြီးပါရှင့်

Financially weak ဖြစ်တယ်ဆိုရင်လည်း no worries ပါရှင့် fully funded, partial funded အစရှိသဖြင့် scholarship တွေအများကြီးရှိတာမို့ try ဖို့ အားပေးပါတယ်ရှင့်✅💓


#Core_of_Learning_Academia
💘4❤1❤‍🔥1🐳1🍓1
မေးခွန်းတွေက ဒီလောက်ဘဲထင်တယ်ရှင့်🎀

8:30 ထိ စောင့်လိုက်ပါမယ်ရှင့်


#Core_of_Learning_Academia
🐳3🥰1💘1🦄1
💘4🐳1🍓1💋1