Coding_ForAll
1.56K subscribers
14 photos
64 links
Coding နဲ့ သက်ဆိုင်တဲ့ Knowledge Sharing တွေ Giveaway တွေကို ဒီ Channel မှာ တင်ပေးသွားမှာဖြစ်လို့ subscribe လုပ်ပေးထားပါအုံး ခင်ဗျာ
Download Telegram
ဘယ်နှလလောက် လေ့လာရင် ကုဒ်ကောင်းကောင်း ရေးတတ်မလဲ

အခြေခံ Web Development (HTML, CSS, JavaScript) ကို ၃ လမှ ၆ လ အတွင်း နေ့စဉ် ၂-၃ နာရီလေ့လာရင် ရိုးရှင်းတဲ့ Website တွေဆောက်နိုင်တဲ့အဆင့်ရောက်နိုင်ပါတယ်။ ဒါပေမယ့် တကယ့် Professional Level ရောက်ဖို့ဆိုရင် ၁ နှစ်ကနေ ၂ နှစ် အထိကြာနိုင်ပါတယ်။ ဥပမာ Full-Stack Developer တစ်ယောက်ဖြစ်ချင်ရင် Frontend + Backend + Database တွေအားလုံးကျွမ်းဖို့ အချိန်ပိုယူရပါမယ်။

Data Science လို Advanced Field တွေအတွက်ဆိုရင်တော့ ၆ လမှ ၁ နှစ် အချိန်ယူရနိုင်ပါတယ်။ Python နဲ့ Libraries (NumPy, Pandas) တွေကို အရင်သင်ပြီး Machine Learning အခြေခံတွေကို ဆက်လေ့လာရမှာဖြစ်ပါတယ်။ ဒီလိုနယ်ပယ်မျိုးမှာ သင်ယူမှုက ဘယ်တော့မှအဆုံးမရှိဘူးဆိုတာတော့ သိထားရပါမယ်။

အချိန်တိုအတွင်း ထိရောက်စွာသင်ယူဖို့ Project-Based Learning ကို အသုံးပြုပါ။ Tutorial တွေကြည့်ရုံနဲ့မလုံလောက်ဘဲ ကိုယ်တိုင်လက်တွေ့ Project တွေလုပ်ကြည့်ပါ။ ဥပမာ ပထမလမှာ To-Do List App၊ ဒုတိယလမှာ Weather App၊ တတိယလမှာ E-commerce Site စသဖြင့် အဆင့်ဆင့်တိုးပါ။

တကယ်တမ်းမှာ ကုဒ်ရေးတတ်ဖို့ဆိုတာ အချိန်ထက် လေ့ကျင့်မှုအရည်အသွေးက ပိုအရေးကြီးပါတယ်။ တစ်နေ့ကို ၈ နာရီအပြင်းအထန်လုပ်ပြီး ၁ လကြာတာထက်၊ တစ်နေ့ ၂ နာရီပုံမှန်လုပ်ပြီး ၄ လကြာတာက ပိုထိရောက်ပါတယ်။ Consistency ကို ဦးစားပေးပါ။

သတိထားရမယ့်အချက်က Tutorial Hell ထဲမကျဖို့ပါ။ Video တွေကြည့်ပြီးပဲရပ်မနေဘဲ ကိုယ်တိုင်ရေးကြည့်ပါ။ Error တွေကြုံရင် Stack Overflow မှာရှာဖွေပါ၊ Documentation ဖတ်ပါ။ Bug တွေကိုဖြေရှင်းရင်းနဲ့ အတွေ့အကြုံတွေရလာပါလိမ့်မယ်။

နောက်ဆုံးအနေနဲ့ ပြောချင်တာက ကိုယ့်ရဲ့တိုးတက်မှုကို ချီးကျူးပါ။ လတိုင်း ဘာတွေအသစ်သင်ယူခဲ့လဲဆိုတာ ပြန်သုံးသပ်ပါ။ ၃ လကြာတဲ့အခါ ပထမနေ့က ရေးခဲ့တဲ့ကုဒ်တွေနဲ့ယှဉ်ကြည့်ပါ။ ကိုယ့်ရဲ့တိုးတက်မှုကို သိသိသာသာမြင်ရပြီး ယုံကြည်မှု ပိုရှိလာပါလိမ့်မယ်။

ကုဒ်ရေးတာက ရေကူးသင်တာနဲ့တူပါတယ်။ ရေထဲမဆင်းဘဲ ဘယ်လောက်ပဲ သဘောတရားတွေကျက်ထားထား တကယ်မတတ်နိုင်ပါဘူး။

ဘယ်ကစရမလဲမသိ ဖြစ်နေရင်တော့ Coursera ကနေ ကိုယ်စိတ်ဝင်စားတဲ့ အရာကို နယ်ပယ်အစုံ Basic to Professional အထိ လေ့လာသွားလို့ ရပါတယ်။ တစ်နှစ်လုံး စိတ်ကြိုက်လေ့လာပြီး Certificate အကြိုက်ထုတ်လို့ရတဲ့ Coursera Premium ကို ၉၅၀၀၀ ကျပ်ထဲနဲ့ Page မှာ လာရောက်ဝယ်ယူလို့ ရပါတယ်။

အသေးစိတ်ကို အောက်က link မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်

https://www.facebook.com/share/p/1JpAQNkaxD/
6🐳1💘1
ကုဒ်စသင်တဲ့အခါ ကိုယ်ဘယ်လောက် ခရီးရောက်ပြီလဲဆိုတာ သိချင်တာသဘာဝပါပဲ

တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် "ငါ တကယ်တိုးတက်နေရဲ့လား" ဆိုပြီး သံသယဝင်တတ်ကြပါတယ်။ ဒီတော့ ကိုယ်က ဘယ်လောက် ခရီးရောက်နေပြီလဲဆိုတာ ဘယ်လိုမှတ်တမ်းတင်ပြီး တိုးတက်မှုကို ဘယ်လိုသိနိုင်မလဲ

ပထမဆုံးလုပ်သင့်တာက Project Portfolio တည်ဆောက်ဖို့ပါ။ GitHub မှာ Repository အသစ်ဖွင့်ပြီး ကိုယ်လုပ်ထားတဲ့ Project တွေကို တစ်နေရာတည်းမှာ စုစည်းထားပါ။ တစ်လတစ်ခါ ပြန်ကြည့်ပြီး "အရင်လကထက် ဘာတွေပိုရေးတတ်လာပြီလဲ" ဆိုတာ ဆန်းစစ်ကြည့်ပါ။ ဥပမာ ပထမလမှာ Basic Calculator လုပ်နိုင်တဲ့သူက တတိယလမှာ Weather App လုပ်နိုင်လာပြီဆိုရင် ဒါကြီးမားတဲ့တိုးတက်မှုပါပဲ။

နေ့စဉ်လေ့ကျင့်မှုတွေကို Coding Diary ရေးပါ။ Notion ဒါမှမဟုတ် ရိုးရိုးNote App တစ်ခုမှာ ဒီနေ့ဘာသင်ယူလိုက်သလဲ၊ ဘယ်Bug တွေ့ခဲ့သလဲ၊ ဘယ်လိုဖြေရှင်းခဲ့သလဲဆိုတာ မှတ်ထားပါ။ တစ်ပတ်ကုန်တိုင်း ဒီမှတ်တမ်းကိုပြန်ကြည့်ပြီး ကိုယ်ဘယ်လောက်လေ့လာပြီးပြီလဲဆိုတာ သိရှိနိုင်ပါတယ်။ ဒီနည်းက ကိုယ့်ရဲ့ Weak Points တွေကိုပါ သိရှိစေပြီး ဘယ်နေရာကိုပိုအာရုံစိုက်ရမလဲဆိုတာ သိစေပါတယ်။

LeetCode ဒါမှမဟုတ် HackerRank မှာ Profile တစ်ခုဖွင့်ပြီး နေ့တိုင်း Problem တစ်ခုဖြေကြည့်ပါ။ ဒီPlatform တွေက ကိုယ့်ရဲ့ Problem-Solving Skill တွေကို အမှတ်ပေးပြီး Tracking လုပ်ပေးနိုင်ပါတယ်။ တစ်လကြာတဲ့အခါ ကိုယ့်ရဲ့Rank တက်လာတာကို မြင်ရမှာဖြစ်ပြီး ဒါက အကောင်းဆုံးသော Motivation ဖြစ်စေပါတယ်။

တိုးတက်မှုကို ပိုမြင်သာစေဖို့ Before & After Code Comparison လုပ်ကြည့်ပါ။ ဥပမာ ကိုယ်အရင်လက ရေးခဲ့တဲ့ ကုဒ်နဲ့ အခုရေးနိုင်တဲ့ ကုဒ်ကိုနှိုင်းယှဉ်ကြည့်ပါ။ Code ရဲ့ Cleanliness၊ Functionality နဲ့ Efficiency တွေမှာ ဘယ်လောက်ကွာခြားသွားလဲဆိုတာ သိမြင်လာပါလိမ့်မယ်။

နောက်ဆုံး အရေးကြီးတဲ့အချက်က ကိုယ့်ကိုယ်ကိုအကဲဖြတ်ဖို့ပါ။ တစ်လတစ်ခါ ကိုယ်တိုင်ကိုယ်ကျ Review လုပ်ပါ။ "ဒီလမှာ ဘာတွေအသစ်သင်ယူခဲ့လဲ"၊ "ဘယ်Project တွေပြီးအောင်လုပ်နိုင်ခဲ့လဲ"၊ "ဘယ်နေရာတွေမှာ ချို့ယွင်းနေသေးလဲ" ဆိုတာကို အမှန်တကယ် သုံးသပ်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ့်ရဲ့ Learning Path ကို ပိုပြီးရှင်းလင်းစွာမြင်လာပါလိမ့်မယ်။

အရေးကြီးဆုံးက စိတ်ရှည်ဖို့ပါ။ ကုဒ်ရေးတတ်ဖို့ဆိုတာ ခရီးရှည်ကြီးတစ်ခုပါ။ တစ်နေ့တာမှာ သိသာမြင်သာတဲ့တိုးတက်မှုမရှိရင်တောင် စိတ်မပျက်ပါနဲ့။ နေ့တိုင်းနည်းနည်းချင်းစီကြိုးစားနေတာက တစ်နှစ်လောက်ကြာရင် အနေအထားတစ်ခုကို ရောက်သွားပါလိမ့်မယ်။

ဒီနည်းလမ်းတွေနဲ့ သင့်ရဲ့တိုးတက်မှုကို Tracking လုပ်ပြီး ပိုမိုထိရောက်တဲ့သင်ယူမှုခရီးကို စတင်လိုက်ပါ။ ကိုယ်က ဘယ်နှလအတွင်း ဘယ်လောက်အထိ ရေးနိုင်ခဲ့လဲဆိုတာကို Comment မှာ မျှဝေသွားလို့ ရပါတယ်။

ဘယ်ကစရမလဲမသိ ဖြစ်နေရင်တော့ Coursera ကနေ ကိုယ်စိတ်ဝင်စားတဲ့ အရာကို Basic to Professional အထိ လေ့လာသွားလို့ ရပါတယ် >

https://www.facebook.com/share/p/1JpAQNkaxD/
👍2🔥1💘1
Coursera 10% OFF နဲ့ 30 accounts ပေးတာမှာ 5 accounts ပဲကျန်ပါတော့မယ်။ ကုန်သွားရင် မူရင်းဈေး တစ်နှစ်စာ 95000 ကျပ် ဖြစ်သွားပါမယ်ဗျ။ ဦးသူယူပါခင်ဗျာ
Ruby ကို 1990 နှစ်လွန်တွေကတည်းက Yukihiro Matsumoto (Matz) က စတင်ဖန်တီးခဲ့တာပါ။ အဲဒီတုန်းက Ruby ရဲ့ ရည်ရွယ်ချက်က ပရိုဂရမ်မာတွေကို ကုဒ်ရေးရတာ လွယ်ကူစေဖို့ပါ။

ဒီနေ့ခေတ်မှာတော့ နည်းပညာတွေ အများကြီးပြောင်းလဲလာပြီး Python, JavaScript, Go လိုမျိုး ဘာသာစကားတွေက ပိုပြီးလူသုံးများလာတာကြောင့် Ruby က ဘယ်လိုအခန်းကဏ္ဍမှာရှိနေသေးလဲဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။

Ruby ကို အဓိကအားဖြင့် web development အတွက် အသုံးပြုကြပါတယ်။ Ruby on Rails ဆိုတဲ့ framework ကို သုံးပြီး လွယ်လွယ်ကူကူနဲ့ web application တွေ ဖန်တီးနိုင်ပါတယ်။

ဥပမာ Airbnb, GitHub, Shopify လိုမျိုး နာမည်ကြီး platform တွေက Ruby on Rails ကို အသုံးပြုထားတာပါ။ ဒါကြောင့် Ruby က လုံးဝပျောက်ကွယ်သွားတဲ့ ဘာသာစကားတစ်ခုမဟုတ်ဘူးဆိုတာ သိထားဖို့လိုပါတယ်။

ဒါပေမယ့် နည်းပညာလောကမှာ ဘာသာစကားတစ်ခုရဲ့ လူသုံးများမှုက သူ့ရဲ့အသုံးဝင်မှုကို အပြည့်အဝဖော်ပြနိုင်တာမဟုတ်ပါဘူး။ Ruby က သူ့ရဲ့ syntax လွယ်ကူမှု၊ ရေးရတာ ပျော်စရာကောင်းမှုနဲ့ developer community ရဲ့ပံ့ပိုးမှုတွေကြောင့် ယနေ့ထိတိုင် လူကြိုက်များနေဆဲပါ။

ဒါ့အပြင် startup တွေအတွက် လျင်လျင်မြန်မြန် prototype ထုတ်ဖို့နဲ့ MVP (Minimum Viable Product) ဖန်တီးဖို့ Ruby on Rails က အကောင်းဆုံးရွေးချယ်စရာတစ်ခုဖြစ်နေဆဲပါ။

Ruby ကို လေ့လာဖို့ စဉ်းစားနေတဲ့သူတွေအတွက် အကြံပေးချင်တာက ကိုယ့်ရဲ့ရည်ရွယ်ချက်ကို အရင်ဆုံးသတ်မှတ်ပါ။ ဥပမာ web development ကို စိတ်ဝင်စားတယ်၊ startup တစ်ခုစတင်ဖို့အစီအစဉ်ရှိတယ်ဆိုရင် Ruby က အဆင်ပြေပါလိမ့်မယ်။

ဒါပေမယ့် data science, machine learning လိုမျိုး နယ်ပယ်တွေမှာ အာရုံစိုက်မယ်ဆိုရင်တော့ Python လိုမျိုး ဘာသာစကားတွေက ပိုသင့်တော်ပါလိမ့်မယ်။

Ruby က လွယ်ကူတဲ့ syntax၊ ကောင်းမွန်တဲ့ community support နဲ့ web development အတွက် အားသာချက်တွေကြောင့် ယနေ့ထိတိုင် ရွေးချယ်စရာတစ်ခုအဖြစ်ရှိနေဆဲပါ။

Ruby ကို အစကနေ လေ့လာချင်တယ်ဆိုရင်တော့ အောက်က Course လေးကို recommend ပေးချင်ပါတယ်

Learn to Code with Ruby Specialization
https://www.coursera.org/specializations/packt-learn-to-code-with-ruby

Assignment တွေဖြေဆိုပြီး Certificate ပါထုတ်ချင်တယ်ဆိုရင်တော့ Coursera Premium ကို Page မှာ လာရောက်ဝယ်ယူလို့ ရပါတယ်။

https://www.facebook.com/share/p/1JpAQNkaxD/
1
Coding interview တွေကို ကျော်ဖြတ်နိုင်ဖို့ဆိုရင် လေ့ကျင့်ဖို့က အရေးကြီးပါတယ်။ ဒါပေမယ့် ဘယ်မှာ လေ့ကျင့်ရမလဲဆိုတာကို မသိသေးတဲ့ သူတွေအတွက် အကောင်းဆုံး ၅ နေရာကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်

LeetCode ကို သိပြီးသားဖြစ်မယ်ထင်ပါတယ်။ Coding Interview အတွက် အကောင်းဆုံး Platform တစ်ခုပါ။ Problem တွေက Company ပေါ်မူတည်ပြီး Categorized လုပ်ထားတာကြောင့် Facebook, Google, Amazon တို့လို Company တွေရဲ့ Interview တွေအတွက် ပြင်ဆင်ရတာ အဆင်ပြေပါတယ်။ စပြီး လေ့ကျင့်မယ်ဆိုရင် Easy Problems တွေကနေ စပါ။ Daily Challenge တွေလုပ်ကြည့်ပါ။

HackerRank ကလည်း နာမည်ကြီးတဲ့ Platform တစ်ခုပါ။ Data Structures, Algorithms ကနေ SQL, AI အထိ ဘာသာရပ်စုံကို လေ့ကျင့်လို့ရပါတယ်။ Company တွေကိုယ်တိုင် HackerRank ကို Screening Test အနေနဲ့သုံးကြတာ များတဲ့အတွက် ဒီမှာ လေ့ကျင့်ထားရင် Interview မှာ အထောက်အကူ ဖြစ်ပါလိမ့်မယ်။

CodeSignal ကို သုံးဖူးသူနည်းမယ် ထင်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အဓိက အားသာချက်က Real Coding Interview Environment နဲ့ ဆင်တူတာပါ။ Company တွေက CodeSignal ကို Technical Assessment အတွက်သုံးတတ်လို့ ဒီ Platform မှာ လေ့ကျင့်ထားရင် အမှန်တကယ် Interview ဖြေတဲ့အခါ အဆင်ပြေစေပါတယ်။

AlgoExpert ကတော့ Paid Platform ဖြစ်ပေမယ့် သူ့ရဲ့ Video Explanations တွေက အရမ်းကောင်းပါတယ်။ Problem တစ်ခုကို ဘယ်လို Approach နဲ့ဖြေရမလဲဆိုတာ Step-by-Step ရှင်းပြထားတာကြောင့် Beginner တွေအတွက် အထူးသင့်တော်ပါတယ်။ ဒါ့အပြင် System Design နဲ့ ပတ်သက်တဲ့ Concepts တွေကိုပါ လေ့လာလို့ရပါတယ်။

နောက်ဆုံးတစ်ခုကတော့ NeetCode ပါ။ NeetCode က Free Resource ဖြစ်ပေမယ့် သူ့ရဲ့ Problem List တွေက အင်မတန်အသုံးဝင်ပါတယ်။ Blind 75 လို့ခေါ်တဲ့ Must-Solve Problems တွေကို လေ့ကျင့်နိုင်ပြီး သူ့ Website မှာ Solution Videos တွေလည်းကြည့်လို့ရပါတယ်။ ဒီ Platform က လေ့ကျင့်ဖို့ အချိန်နည်းနည်းပဲရှိပြီး ထိရောက်မှုရှိချင်သူတွေအတွက် အကောင်းဆုံးရွေးချယ်မှုပါ။

အချိန်ရှိရင် LeetCode နဲ့ HackerRank ကို အဓိကလုပ်ပါ။ အချိန်နည်းရင် NeetCode က Blind 75 ကို အရင်ဖြေပါ။ System Design အတွက် AlgoExpert ကို သုံးပါ။ နေ့တိုင်း တစ်ပုဒ်၊ နှစ်ပုဒ်လောက် ပုံမှန်ဖြေပါ။ မဖြေတတ်သေးရင် Solution ကြည့်ပြီး ပြန်လေ့လာပါ။

'စ' လုံးရေ 'စ'ကနေ လေ့လာချင်တာဆိုရင်တော့ Coursera ရှိပါမယ်။ အောက်က link မှာ လေ့လာလို့ ရပါတယ်
https://www.facebook.com/share/p/1Cv4LxWMzT/
4👍1💘1
1% Growth Rule ဆိုတာက ကိုယ့်ရဲ့ အရည်အချင်း ဒါမှမဟုတ် အလေ့အကျင့်ကို နေ့တိုင်း ၁% ပဲ တိုးတက်အောင် လုပ်ဖို့ပါ။

သိပ်မကြီးမားဘူးလို့ ထင်ရပေမယ့် တကယ်တော့ သင်္ချာနဲ့တွက်ကြည့်ရင် အံ့သြစရာရလဒ်တွေ ထွက်လာပါတယ်။

တစ်နေ့ ၁% တိုးရင် ရက်၁၀၀ အတွင်း ၁၀၀% (နှစ်ဆ) တိုးတက်သွားမှာပါ။ ဒါကို Compound Effect (အကျိုးဆက်ပွား သက်ရောက်မှု) လို့ခေါ်ပါတယ်။

ဥပမာ - အားကစားလုပ်တဲ့သူတစ်ယောက် နေ့တိုင်း ၁% ပိုပြီး ကြိုးစားရင် တစ်လအတွင်း သိသိသာသာ သန်မာလာမယ်။ စာဖတ်တဲ့သူတစ်ယောက် နေ့တိုင်း စာမျက်နှာ ၁% ပိုဖတ်ရင် တစ်နှစ်အတွင်း စာအုပ်တွေ အများကြီးဖတ်ပြီးသွားမယ်။

ဒီတော့ နေ့တိုင်း ၁% တိုးတက်ဖို့ ဘယ်လိုစလုပ်မလဲ

အရင်ဆုံး ဘယ်နယ်ပယ်မှာ တိုးတက်ချင်လဲ သိအောင်လုပ်ပါ (ဥပမာ - ကျန်းမာရေး၊ အလုပ်၊ စာဖတ်ခြင်း၊ အိမ်ထောင်ရေး) ဆုံးဖြတ်ပြီး သေးငယ်တဲ့ ပြောင်းလဲမှုလေးတွေနဲ့ စတင်ပါ။

ဥပမာ - ဒီနေ့ မနက်စောစောထပြီး ၅ မိနစ်စောပြေးမယ်၊ ဒီနေ့ စာဖတ်ချိန် ၅ မိနစ်ပိုယူမယ်၊ အလုပ်မှာ အချိန်စီမံခန့်ခွဲမှု ၁% ပိုကောင်းအောင် ကြိုးစားမယ်။ ဒီလိုသေးငယ်တဲ့ ပြောင်းလဲမှုတွေက ကနဦးမှာ သိပ်မသိသာပေမယ့် ရက်ပေါင်းများစွာ စုစည်းလာတဲ့အခါ ကြီးမားတဲ့ အောင်မြင်မှုကို ဖန်တီးပေးပါလိမ့်မယ်။

တစ်ခုသတိထားရမှာက ၁% တိုးတက်ဖို့ဆိုတာ နေ့တိုင်း အတူတူပဲ ကြိုးစားနေရမယ်လို့ မဆိုလိုပါဘူး။ တစ်ခါတလေ နောက်ပြန်ဆုတ်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အရေးကြီးတာက ရေရှည်မှာ ကိုယ့်ရဲ့ ပျှမ်းမျှတိုးတက်မှုက ၁% ထက်မနည်းဖို့ပါ။

ဒါကြောင့် နေ့တိုင်း က်ိုယ့်ကိုယ်ကို မေးပါ ။ "ဒီနေ့ ငါ ဘယ်နေရာမှာ ၁% ပိုကောင်းအောင် လုပ်နိုင်မလဲ" ဆိုပြီးတော့ပေါ့။ ဒီမေးခွန်းလေးက တိုးတက်မှုရဲ့ လမ်းကြောင်းပေါ် အမြဲထိန်းထားနိုင်ပါလိမ့်မယ်။

ဆိုတော့ ဒီနေ့ကစပြီး 1% Growth Rule ကို စမ်းကြည့်လိုက်ပါ။ သေးငယ်တဲ့ ပြောင်းလဲမှုလေးတွေကို အရေးတယူလုပ်ပါ။ တစ်နှစ်အကြာမှာ ဘဝက ဘယ်လောက်တိုးတက်လာမလဲဆိုတာ စိတ်ကူးကြည့်လိုက်ပါ။

အောင်မြင်မှုဆိုတာ လျှို့ဝှက်ချက်ကြီးမဟုတ်ပါဘူး။ နေ့တိုင်း အကောင်းဆုံးဗားရှင်းတစ်ခုဖြစ်အောင် ကြိုးစားနေတဲ့ ကိုယ့်ရဲ့ ဇွဲနပဲပါပဲ။
❤‍🔥5💘2
မေးတဲ့သူတွေများလို့ Data Science အကြောင်းကို အပြည့်အစုံရှင်းပြပြီး တက်သင့်တဲ့ Course တွေကိုပါ ညွှန်းပေးထားပါတယ်

Data Science မှာ အခြေခံအားဖြင့် Data Analysis, Machine Learning, Data Engineering, Business Intelligence (BI), နဲ့ Artificial Intelligence (AI) ဆိုပြီး အဓိကအခန်းကဏ္ဍတွေ ရှိပါတယ်။

Data Analysis ကတော့ Raw Data တွေကို စုစည်းပြီး ကောက်ချက်ချလို့ရအောင် ဖော်ထုတ်တဲ့နေရာပါ။ Excel, SQL, Python (Pandas, NumPy) နဲ့ Visualization Tools (Tableau, Power BI) တို့ကို အသုံးပြုပြီး Data ကနေ Insights တွေရှာဖွေနိုင်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းများပြီး စတင်လေ့လာသူတွေအတွက် အကောင်းဆုံးအစပြုနေရာဖြစ်ပါတယ်။

Machine Learning ကတော့ Data Science ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းဖြစ်ပြီး စက်တွေကို Data တွေကနေ အလိုအလျောက် သင်ယူနိုင်အောင် လေ့ကျင့်ပေးတဲ့နည်းပညာပါ။ Python (Scikit-learn, TensorFlow, PyTorch) နဲ့ R တို့ကို အသုံးပြုပြီး Predictive Models တွေ၊ Recommendation Systems တွေ ဖန်တီးနိုင်ပါတယ်။ Deep Learning ကို စိတ်ဝင်စားရင် AI နယ်ပယ်ကို ချဲ့ထွင်လို့ရပါတယ်။

Data Engineering မှာ Data ကို စနစ်တကျ စုစည်းပြီး သိမ်းဆည်းဖို့၊ Process လုပ်ဖို့အတွက် Infrastructure တည်ဆောက်ရပါတယ်။ Big Data Tools (Hadoop, Spark), Database Management (SQL, NoSQL), Cloud Platforms (AWS, Google Cloud) တို့ကို အသုံးပြုပြီး Data Pipeline တွေဖန်တီးရတဲ့အလုပ်ပါ။ ဒီဘက်မှာ ကျွမ်းကျင်ရင် High-Demand Jobs တွေရနိုင်ပါတယ်။

Business Intelligence (BI) ကတော့ Data ကို Business Decisions တွေအတွက် အသုံးချတဲ့နယ်ပယ်ဖြစ်ပါတယ်။ Dashboard တွေ၊ Reports တွေဖန်တီးပြီး Company Performance ကို Track လုပ်ရတာမျိုးပါ။ Tools တွေအနေနဲ့ Tableau, Power BI, Google Data Studio တို့ကို သုံးပြီး Data Visualization မှာ ကျွမ်းကျင်ဖို့လိုပါတယ်။

နောက်ဆုံးအနေနဲ့ AI (Artificial Intelligence) ကတော့ Data Science ရဲ့ အဆင့်မြင့်အပိုင်းဖြစ်ပြီး NLP (Natural Language Processing), Computer Vision, Robotics စတဲ့နယ်ပယ်တွေပါဝင်ပါတယ်။ AI ကို နက်နက်နဲနဲလေ့လာချင်ရင် Math (Linear Algebra, Calculus) နဲ့ Programming ကို ကောင်းကောင်းတတ်ထားဖို့လိုပါတယ်။

ကိုယ်က Data Science နယ်ပယ်မှာ တစ်ဖက်ကမ်းခတ်ချင်တယ်။ ဒါပေမယ့် ဘယ်ကစပြီး လေ့လာရမလဲ မသိဘူးဆိုတဲ့ သူတွေအတွက် Data Science နယ်ပယ်က အကောင်းဆုံး Course တွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒါတွေအားလုံးကို လေ့လာပြီး Certificate ပါ ထုတ်လို့ရတဲ့ Coursera Premium ကိုတော့ တစ်နှစ်စာကို ၉၅၀၀၀ ကျပ်ထဲနဲ့ Page မှာ လာရောက်ဝယ်ယူလို့ ရပါတယ်

1. Google Data Analytics Professional Certificate
👉 ဒီသင်တန်းက Data Analysis ကို စတင်လေ့လာမယ့်သူတွေအတွက် အကောင်းဆုံးရွေးချယ်မှုပါ။ SQL, Tableau, R programming တို့လို tools တွေနဲ့ အချက်အလက်တွေကို ဘယ်လို ဆန်းစစ်မလဲဆိုတာ လက်တွေ့သင်ယူရမှာဖြစ်ပါတယ်။
https://www.coursera.org/professional-certificates/google-data-analytics

2. IBM Data Science Professional Certificate
👉 Data Science ကို အခြေခံမှစပြီး လေ့လာချင်သူတွေအတွက် ပြည့်စုံတဲ့ သင်တန်းဖြစ်ပါတယ်။ Python, Machine Learning, Data Visualization စတဲ့ အရေးပါတဲ့ skill set တွေကို လေ့ကျင့်ပေးမှာပါ။
https://www.coursera.org/professional-certificates/ibm-data-science

3. DeepLearning AI TensorFlow Developer Professional Certificate
👉 AI နဲ့ Deep Learning ကို စိတ်ဝင်စားသူတွေအတွက် ဒီသင်တန်းက အကောင်းဆုံးရွေးချယ်မှုပါ။ TensorFlow framework ကို အသုံးပြုပြီး model တွေ ဘယ်လိုတည်ဆောက်မလဲဆိုတာ လေ့လာရမှာဖြစ်ပါတယ်။
https://www.coursera.org/professional-certificates/tensorflow-in-practice

4. Microsoft Azure Data Scientist Associate (DP-100)
👉 Cloud-based Data Science ကို လေ့လာချင်သူတွေအတွက် Azure platform ပေါ်မှာ Machine Learning model တွေ deploy လုပ်နည်းတွေကို သင်ကြားပေးမှာပါ။
https://www.coursera.org/professional-certificates/microsoft-azure-data-scientist

5. University of Michigan – Applied Data Science with Python
👉 Python ကို အသုံးပြုပြီး Data Science project တွေ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ လေ့လာနိုင်မယ့် specialization ဖြစ်ပါတယ်။ Data cleaning, analysis, visualization စတဲ့ အဆင့်တွေကို လက်တွေ့ကျကျ သင်ယူရမှာပါ။
https://www.coursera.org/specializations/data-science-python

တစ်ခုခုတော့ ရသွားမယ်လို့ မျှော်လင့်မိပါတယ်။ ဖတ်ပါ။ လိုက်လုပ်ကြည့်ပါ။ အကျိုးရှိတယ်ဆိုရင် မျှဝေပေးပါ 🩵
💘1
Code ရေးတတ်ချင်ရင် စာအုပ်ဖတ်မလား၊ Online သင်တန်းတက်မလား၊ ဒါမှမဟုတ် Video Tutorials ကြည့်မလား

လေ့လာသူတိုင်း ကြုံတွေ့ရတတ်တဲ့ အခက်အခဲတစ်ခုက "ဘယ်လိုနည်းလမ်းနဲ့စပြီးလေ့လာရမလဲ" ဆိုတာကို ဝေခွဲမရတာပါ။

တစ်ခုချင်းစီမှာ အားသာချက်၊ အားနည်းချက်တွေရှိပါတယ်။ ဒါကြောင့် ကိုယ့်အတွက်အကောင်းဆုံးနည်းလမ်းကို ရွေးချယ်နိုင်အောင် ဒီအကြောင်းလေးကို ဆွေးနွေးကြည့်ရအောင်။

စာအုပ်တွေနဲ့လေ့လာတာက နက်နက်နဲနဲအခြေခံကောင်းတွေရစေပါတယ်။ Programming Concepts တွေကို အဆင့်ဆင့်ရှင်းပြထားတာမို့ ဘာကြောင့် ဒီလိုအလုပ်လုပ်ရတာလဲဆိုတာကို နားလည်စေပါတယ်။

ဒါပေမယ့် စာအုပ်တွေက Update မဖြစ်တာမျိုးရှိနိုင်ပြီး၊ လက်တွေ့လုပ်ကြည့်ဖို့အတွက် Interactive မဖြစ်တာကြောင့် အချို့သူတွေအတွက် ပျင်းစရာဖြစ်နိုင်ပါတယ်။ ဒါကြောင့် စာအုပ်ဖတ်ပြီးလေ့လာမယ်ဆိုရင် Official Documentation တွေနဲ့အတူတွဲဖတ်ဖို့ အကြံပေးချင်ပါတယ်။

အွန်လိုင်းသင်တန်းတွေ (Coursera, edX) ကတော့ လက်တွေ့အသုံးချနိုင်တဲ့ Skills တွေကိုအာရုံစိုက်ပေးပါတယ်။ Project-Based Learning ဖြစ်တာကြောင့် ကိုယ်တိုင်ရေးကြည့်ရင်း လေ့လာနိုင်ပြီး၊ သင်ခန်းစာတွေကို Structure ကျကျတည်ဆောက်ထားတာမို့ အချိန်တိုအတွင်းအကျိုးရှိစေပါတယ်။

ဒါ့အပြင် Certificate တွေရနိုင်တာကြောင့် Job Application တင်တဲ့အခါမှာလည်း အထောက်အကူဖြစ်စေပါတယ်။ သင်တန်းတွေက စျေးကြီးပေမယ့် ကျွန်တော်တို့ Page မှာတော့ ကြိုက်ရာ လေ့လာလို့ရပြီး Certificate ပါထုတ်လို့ရတဲ့ Coursera Premium ကို တစ်နှစ်စာ ၉၅၀၀၀ ကျပ်ထဲနဲ့ ဝယ်ယူလို့ ရပါတယ်။

YouTube နဲ့ Free Tutorials (FreeCodeCamp, W3Schools) တွေကတော့ လွယ်လွယ်ကူကူစပြီးလေ့လာလို့ရတဲ့နည်းလမ်းပါ။ ဘာမှမကုန်ဘဲ အိမ်မှာထိုင်ပြီး လေ့လာနိုင်တာကြောင့် Beginner တွေအတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။

ဒါပေမယ့် Tutorial Hell လို့ခေါ်တဲ့ Video တွေပဲအမြဲကြည့်နေပြီး ကိုယ်တိုင်မရေးဖြစ်တဲ့အဆင့်မှာကျန်နေတတ်ပါတယ်။ ဒါကြောင့် Tutorials ကြည့်ရင်း ကိုယ်တိုင်ပါတွဲရေးဖို့၊ Mini Projects တွေလုပ်ဖို့ အရေးကြီးပါတယ်။

ဒီတော့ ဘယ်နည်းလမ်းကိုရွေးရမလဲ? အကောင်းဆုံးနည်းလမ်းက ပေါင်းစပ်အသုံးချတာပါ။ ဥပမာ—

အခြေခံအတွက် → စာအုပ်နဲ့ Documentation ဖတ်ပါ

လက်တွေ့လုပ်ကြည့်ဖို့ → အွန်လိုင်းသင်တန်းတစ်ခုတက်ပါ

အဆင်မပြေရင် → YouTube Tutorials နဲ့အကူအညီယူပါ

အရေးအကြီးဆုံးက → ကိုယ်တိုင်ရေးဖို့ မမေ့ပါနဲ့!

နောက်ဆုံးအနေနဲ့ပြောချင်တာက ကိုယ်နဲ့အဆင်ပြေရာနည်းလမ်းကိုရွေးပါ။ တစ်ချို့သူတွေက Video ကြည့်ရတာပိုကြိုက်တယ်၊ တစ်ချို့က စာအုပ်ဖတ်ရတာပိုသဘောကျတယ်။

ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် လက်တွေ့လုပ်ကြည့်ဖို့ပဲ အရေးကြီးပါတယ်။ ကုဒ်ရေးတာက စာအုပ်ဖတ်ရုံ၊ Video ကြည့်ရုံနဲ့မတတ်နိုင်ဘူး။ Keyboard ပေါ်မှာလက်ချပြီး ကိုယ်တိုင်လုပ်ရမယ့်အလုပ်ပါ။

လက်တွေ့လုပ်ကြည့်ဖို့ နယ်ပယ်ပေါင်းစုံကို လေ့လာလို့ရတဲ့ Coursera နဲ့ Edx Premium ဝယ်ယူချင်တယ်ဆိုရင် @kelvin_Coding_ForAll မှာ ၀ယ်ယူလို့ ရပါတယ်
4💘1
ဘဝမှာ တကယ်တိုးတက်ချင်ရင် Comfort Zone ထဲကနေ ထွက်ဖို့လိုပါတယ်။

လေ့ကျင့်ခန်းလုပ်တဲ့အခါ ကြွက်သားတွေနာကျင်ရင် သန်မာလာတယ်ဆိုတဲ့သဘောပါပဲ။ စိတ်ပိုင်းဆိုင်ရာမှာလည်း ဒီလိုပါဘဲ။ ကိုယ့်ကိုယ်ကို စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ပြဿနာတွေကို ဖြေရှင်းရတာက တိုးတက်မှုရဲ့အစိတ်အပိုင်းတစ်ခုပါ။

ကျွန်တော်တို့အားလုံး Comfort Zone ကို သဘောကျကြပါတယ်။ ဒါပေမယ့် ဒီဇုန်ထဲမှာပဲ အမြဲနေနေရင် ဘယ်တော့မှ မတိုးတက်နိုင်ပါဘူး။အသစ်တစ်ခုလုပ်ဖို့ ကြောက်နေတဲ့အခါ၊ အခက်အခဲတွေကြုံတဲ့အခါ ဒါတွေက ကိုယ့်ကို ပိုကောင်းတဲ့ ဗားရှင်းတစ်ခုဖြစ်လာဖို့ ဖိအားပေးနေတာပါ။

Comfort Zone ထဲကနေ ဘယ်လို ရုန်းထွက်မလဲ

စပြီး ရုန်းထွက်တဲ့အခါ အခက်အခဲတွေနဲ့ မလွဲမသွေ ရင်ဆိုင်ရမှာပါ။ အရင်ဆုံး စိတ်ထဲမှာ ဒီအခက်အခဲတွေက ယာယီပဲဆိုတာ နားလည်ထားဖို့ပါ။ လေ့ကျင့်ခန်းလုပ်ပြီး နာကျင်တာလိုပါဘဲ။ တစ်ချိန်ချိန်မှာ ပျောက်သွားမှာပါ။

နောက်တစ်ချက်က ကိုယ်ကြုံတွေ့နေရတဲ့ အခက်အခဲက ဘာအတွက်လဲဆိုတာ သိအောင်လုပ်ပါ။ အခက်အခဲကို အခွင့်အလမ်းအဖြစ် ပြောင်းမြင်ကြည့်လိုက်ပါ။ ဥပမာ အလုပ်အသစ်တစ်ခုစဖို့ စိုးရိမ်နေရင် ဒါက ကိုယ့်ရဲ့အတွေ့အကြုံတွေကို ချဲ့ထွင်ပေးနိုင်တဲ့ အခွင့်အလမ်းလို့ မြင်ပါ။

တကယ်တမ်းကျတော့ ကြီးမားတဲ့အောင်မြင်မှုတွေရဲ့နောက်ကွယ်မှာ ဒီလိုအဆင်မပြေ ဖြစ်ရတဲ့အချိန်တွေ အများကြီးရှိပါတယ်။

အားကစားသမားတစ်ယောက် ပြိုင်ပွဲမှာအနိုင်ရဖို့ လေ့ကျင့်ရတဲ့အခါ၊ ကျောင်းသားတစ်ယောက် စာမေးပွဲအောင်ဖို့ အိပ်ရာမဝင်ခင် စာကျက်ရတဲ့အခါ - ဒါတွေအားလုံးက နာကျင်မှုတွေပါပဲ။ ဒါပေမယ့် ဒီနာကျင်မှုတွေကြောင့်သာ သူတို့ ပိုကောင်းလာတာပါ။

နေ့စဉ်ဘဝမှာ ဒီအခက်အခဲတွေကို ကျော်ဖြတ်ဖို့ဆိုရင် ကိုယ်ရှောင်နေတဲ့အရာတွေကို စာရင်းလုပ်ပါ။ ဘာတွေက ကိုယ့်ကို မဝံ့မရဲ ဖြစ်စေတာလဲ ? လူအများရှေ့စကားပြောရမှာ ကြောက်တာလား ? အသစ်သင်ယူရမှာ စိုးရိမ်နေတာလား ?

ဒီလိုစာရင်းထဲက အရာတစ်ခုကို တစ်ပတ်မှာ တစ်ခါလောက် ရင်ဆိုင်ကြည့်ပါ။ ကြောက်တဲ့အရာကို တဖြည်းဖြည်းရင်ဆိုင်ရင်းနဲ့ ကိုယ့်ရဲ့ Comfort Zone က တဖြည်းဖြည်း ကျယ်လာပါလိမ့်မယ်။

နောက်ဆုံးအနေနဲ့ ဒီလိုအခြေအနေတွေမှာ ကိုယ့်ကိုယ်ကို အားပေးဖို့လိုပါတယ်။ "ငါဒီအဆင့်ကို ရောက်နေပြီ၊ ငါဆက်ကြိုးစားမယ်" ဆိုတဲ့စကားကို မကြာခဏပြောပါ။ တစ်ခါတလေ နောက်ပြန်ဆုတ်သွားတယ်ဆိုရင်တောင် ဒါက ပုံမှန်ပါပဲ။ အရေးကြီးတာက ဆက်လျှောက်နေဖို့ပါ။

ဒီတော့ နောက်တစ်ခါ ဘဝက ခက်ခဲနေတယ်လို့ခံစားရရင် ဒါကို ကြီးထွားမှုရဲ့လက္ခဏာလို့ မှတ်ယူလိုက်ပါ။ သက်သောင့်သက်သာမရှိမှုတွေကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပါစေ။ ဘာလို့ဆို ဒါတွေက တကယ့်အောင်မြင်မှုဆီကို သွားနေတဲ့လမ်းရဲ့ အစိတ်အပိုင်းတွေပါပဲ။

Comfort Zone ထဲကနေ ရုန်းထွက်ပြီး အသစ်တစ်ခုခုကို သင်ယူချင်တာဆိုရင်တော့ နယ်ပယ်အစုံကို သင်လို့ရတဲ့ Coursera Premium ရှိပါတယ်။

https://www.facebook.com/share/p/1Cv4LxWMzT/
10❤‍🔥1👍1
Coursera ကို ၂၀၁၂ ခုနှစ်မှာ Stanford University က ပါမောက္ခနှစ်ဦးဖြစ်တဲ့ Andrew Ng နဲ့ Daphne Koller တို့က တည်ထောင်ခဲ့တာပါ။

သူတို့ဟာ "ကမ္ဘာ့အကောင်းဆုံးပညာရေးကို လူတိုင်းအခမဲ့သုံးစွဲနိုင်စေဖို့" ဆိုတဲ့ ရည်မှန်းချက်နဲ့ စတင်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် ကမ္ဘာ့နိုင်ငံပေါင်း ၁၉၀ ကျော်က သန်းပေါင်းများစွာသော ကျောင်းသားတွေက ဒီပလက်ဖောင်းကို အသုံးပြုနေကြပြီး ကမ္ဘာ့အကြီးဆုံး Platform တစ်ခု ဖြစ်နေပါပြီ။

Coursera ဆိုတာ ဘာလဲဆိုတာကို ရှင်းပြရမယ်ဆိုရင် ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်တွေ၊ ကုမ္ပဏီကြီးတွေနဲ့ ပူးပေါင်းပြီး ဖန်တီးထားတဲ့ Massive Open Online Course (MOOC) ပလက်ဖောင်းတစ်ခုပါ။

Coursera မှာဆိုရင် Harvard၊ Stanford၊ Google၊ IBM၊ Meta အပါအဝင် အဖွဲ့အစည်းပေါင်း ၂၀၀ ကျော်က သင်ကြားပို့ချတဲ့ နယ်ပယ်ပေါင်းစုံက သင်တန်းပေါင်း ၁၀,၀၀၀ ကျော်ကို ရှာဖွေလေ့လာနိုင်ပါတယ်။ သင်တန်းတွေကို Video Lecture တွေ၊ Interactive Quiz ၊ Peer-reviewed Assignment တွေနဲ့ စနစ်တကျဖွဲ့စည်းထားတာကြောင့် အတန်းထဲမှာတက်နေသလို အတွေ့အကြုံရစေပါတယ်။

ဘာကြောင့် Coursera ကိုရွေးချယ်သင့်တာလဲဆိုတော့ ကမ္ဘာ့အဆင့်မီပညာရေးကို အိမ်မှာထိုင်ပြီး အခမဲ့ (သို့) ကုန်ကျစရိတ် အနည်းငယ်နဲ့ ရနိုင်တာက အဓိကအချက်ပါ။ ( Coursera Premium ကို Page မှာ ၉၅၀၀၀ ကျပ်ထဲနဲ့ ဝယ်လို့ရ )

ဒုတိယအနေနဲ့ ကိုယ့်လုပ်ငန်းခွင်အတွက် အထောက် အကူဖြစ်မယ့် Professional Certificate တွေ၊ တချို့သင်တန်းတွေဆိုရင် ECTS Credits တွေရယူပြီး Master's Degree အထိ တက်ရောက်နိုင်ပါတယ်။

တတိယအချက်အနေနဲ့ သင်ယူမှုကို ကိုယ်နှစ်သက်တဲ့ အချိန်မှာ သင်ကြားနိုင်တာပါ။ အလုပ်လုပ်နေသူတွေ၊ ကျောင်းတက်နေသူတွေအတွက် အဆင်ပြေစေမယ့် သင်ယူမှုစနစ်ပါ။

Coursera မှာ သင်တန်းတစ်ခုချင်းစီကို တက္ကသိုလ်တွေ၊ ကုမ္ပဏီကြီးတွေရဲ့ စနစ်တကျဖွဲ့စည်းထားတဲ့ သင်ရိုးညွှန်းတမ်းတွေနဲ့ အပတ်စဉ် Module တွေခွဲပြီး သင်ကြားပေးပါတယ်။

တစ်ပတ်ကို ၄-၆ နာရီကြာ လေ့လာရမယ့် စနစ်နဲ့ သင်ခန်းစာတွေကို Video Lectures၊ Reading Materials၊ Discussion Forums၊ Practice Exercises တွေနဲ့ ပြင်ဆင်ထားပါတယ်။ အထူးသဖြင့် Programming သင်တန်းတွေမှာ Cloud-based Lab Environment တွေနဲ့ တိုက်ရိုက်လက်တွေ့လုပ်ဆောင်ခွင့်ရှိပါတယ်။

သင်တန်းအမျိုးအစားအနေနဲ့ Coursera မှာ (၄) မျိုးရှိပါတယ်။

ပထမတစ်ခုက Single Courses - ဘာသာရပ်တစ်ခုချင်းစီကို ၄-၆ ပတ်အတွင်း အပြီးသတ်နိုင်တဲ့သင်တန်းတွေ။

ဒုတိယက Specializations - တစ်ခုနဲ့တစ်ခု ဆက်စပ်နေတဲ့ course ၃-၇ ခုပါဝင်ပြီး Capstone Project တစ်ခုနဲ့ အဆုံးသတ်ရတဲ့ သင်တန်းတွေ။

တတိယက Professional Certificates - Google, IBM စတဲ့ကုမ္ပဏီကြီးတွေက တိုက်ရိုက်ပို့ချတဲ့ အလုပ်အကိုင်နဲ့ သက်ဆိုင်တဲ့ အရည်အချင်းတွေ သင်ပေးတဲ့ သင်တန်းတွေ။

နောက်ဆုံးတစ်ခုက MasterTrack Certificates - Master's Degree ရဲ့အစိတ်အပိုင်းတွေကို Online ကနေယူနိုင်တဲ့အစီအစဉ်တွေပါ။

Coursera မှာ ဘာတွေသင်ယူလို့ရမလဲဆိုတော့ Computer Science၊ Data Science၊ Business၊ Health၊ Social Science စတဲ့ ဘာသာရပ်စုံကို ရွေးချယ်နိုင်ပါတယ်။

အထူးသဖြင့်AI၊ Digital Marketing၊ Programming လို 21st ရာစုမှာ မရှိမဖြစ် လိုအပ်တဲ့ Skills တွေကို နည်းစနစ်ကျကျ၊ အဆင့်မြင့်မြင့်နဲ့ လေ့လာနိုင်ပါတယ်။ Guided Project တွေမှာဆိုရင် Cloud Lab ကိုသုံးပြီး လက်တွေ့လုပ်ဆောင်ရပါတယ်။

Certificate နဲ့ပတ်သက်ရင် Coursera ရဲ့ထူးခြားချက်က Verified Certificates တွေကို Digital Badge စနစ်နဲ့ ရရှိမှာဖြစ်ပြီး LinkedIn Profile မှာ တိုက်ရိုက်ချိတ်ဆက်ပြသနိုင်ပါတယ်။

ဒါ့အပြင် Certificate တွေမှာ link တွေထည့်ထားတာဖြစ်လို့ အတု၊အစစ်ကိုလည်း အလွယ်တကူ ခွဲလို့ရပါတယ်။ အချို့သော Professional Certificates တွေဆိုရင် ကုမ္ပဏီကြီးတွေက တိုက်ရိုက် အသိအမှတ် ပြုထားတာမို့ အလုပ်အကိုင် အခွင့်အလမ်းတွေမှာ အထောက်အကူဖြစ်မှာ အသေအချာပါပဲ။

Coursera ရဲ့အားသာချက်တွေထဲမှာ အကောင်းဆုံးကတော့ Mobile Learning စနစ်ပါ။ Coursera App ကို ဖုန်းထဲထည့်ထားရင် Video Lectures တွေကို Offline ကြည့်နိုင်ပြီး ဘယ်နေရာ၊ ဘယ်အချိန်မဆို လေ့လာနိုင်ပါတယ်။ Course Progress ကိုလည်း အချိန်နဲ့တစ်ပြေးညီ ပြပေးပါတယ်။

ကိုယ်က အင်္ဂလိပ်စာကို သိပ်မရရင်တောင်မှ English Subtitles နဲ့ကြည့်လို့ ရပါသေးတယ်။မြန်မာလူငယ်တွေအတွက်တော့ Coursera ဟာ ကမ္ဘာ့အဆင့်မီပညာရေးကို စျေးသက်သက်သာသာနဲ့ လက်လှမ်းမီစေမယ့် တံခါးပေါက်တစ်ခုပါပဲ။

Assignment တွေလုပ်ပြီး Certificate ပါ ထုတ်လို့ရတဲ့ Coursera Premium ကိုတော့ တစ်နှစ်စာကို ၉၅၀၀၀ ကျပ်ထဲနဲ့ Page မှာ လာရောက်ဝယ်ယူလို့ ရပါတယ်။ အသေးစိတ်ကို အောက်က link မှာ လေ့လာလို့ ရပါတယ်။

https://www.facebook.com/share/p/1Cv4LxWMzT/
3
ကုဒ်ရေးတာကို ဘယ်အရွယ်မှာစရင် အကောင်းဆုံးဖြစ်မလဲ

တကယ်တော့ ကုဒ်ရေးတာကို စတင်ဖို့အတွက် အကောင်းဆုံး အသက်အရွယ်ဆိုတာ မရှိပါဘူး။ ဘယ်အသက်အရွယ်မဆို စတင်လို့ရပါတယ်။ ဒါပေမယ့် ငယ်ရွယ်တဲ့အချိန်မှာ စတင်မယ်ဆိုရင် ပိုပြီး အကျိုးရှိနိုင်ပါတယ်။

ဥပမာ ကလေးတွေက ဘာသာစကား အသစ်တွေကို လေ့လာရတာ ပိုလွယ်ကူသလို ကုဒ်ရေးတာကိုလည်း ငယ်ငယ်ကတည်းက စတင်လေ့လာမယ်ဆိုရင် ပိုပြီး လွယ်ကူစွာ နားလည်နိုင်ပါတယ်။

ကလေးတွေရဲ့ စဉ်းစားတွေးခေါ်မှုပုံစံကို ဖွံ့ဖြိုးစေပြီး ပြဿနာဖြေရှင်းနိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေကို ကုဒ်ရေးတာကို စိတ်ဝင်စားအောင် ပြုလုပ်ပေးဖို့ လိုပါတယ်။

ဒါပေမယ့် လူငယ်တွေအတွက်လည်း စိတ်ပူစရာမလိုပါဘူး။ ကုဒ်ရေးတာကို ဘယ်အသက်အရွယ်မှာမဆို စတင်လို့ရပါတယ်။ လူငယ်တွေက ပိုပြီး စနစ်တကျ လေ့လာနိုင်ပြီး ကိုယ်တိုင်လေ့လာဖို့ စိတ်အားထက်သန်မှုရှိရင် အောင်မြင်နိုင်ပါတယ်။

ဥပမာ အနေနဲ့ ပြောရမယ်ဆိုရင် လူငယ်တွေက ကိုယ့်ရဲ့ professional career မှာ ကုဒ်ရေးတာကို အသုံးချပြီး ပိုကောင်းတဲ့ အခွင့်အလမ်းတွေကို ရယူနိုင်ပါတယ်။

ကုဒ်ရေးတာကို စတင်ဖို့အတွက် ဘယ်လိုအချိန်က အကောင်းဆုံးလဲဆိုတာထက် ကိုယ်ဘယ်လောက် စိတ်ဝင်စားမှုရှိလဲဆိုတာက ပိုအရေးကြီးပါတယ်။ ကိုယ်က စိတ်ဝင်စားပြီး ဇွဲရှိရင် ဘယ်အရွယ် မှာမဆို ကုဒ်ရေးတာကို လေ့လာနိုင်ပါတယ်။

စတင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက ရိုးရှင်းတဲ့ programming language တစ်ခုကို ရွေးချယ်ပြီး လေ့လာဖို့ပါပဲ။ Python လို language တွေက beginner တွေအတွက် အရမ်းကို သင့်တော်ပါတယ်။

နောက်ဆုံးအနေနဲ့ ပြောချင်တာက ကုဒ်ရေးတာကို စတင်ဖို့အတွက် အကောင်းဆုံးအချိန်ဆိုတာ ကိုယ်စတင်ဖို့ ဆုံးဖြတ်လိုက်တဲ့ အချိန်ပါပဲ။

ဘယ်ကစရမလဲမသိ ဖြစ်နေရင်တော့ Coursera ကနေ ကိုယ်စိတ်ဝင်စားတဲ့ အရာကို Basic to Professional အထိ လေ့လာသွားလို ရပါတယ်။

တစ်နှစ်လုံး စိတ်ကြိုက်လေ့လာပြီး Certificate အကြိုက်ထုတ်လိုရတဲ့ Coursera Premium ကို ၉၅၀၀၀ ကျပ်ထဲနဲ့ Page မှာ လာရောက်ဝယ်ယူလို ရပါတယ်။

အသေးစိတ်ကို အောက်က link မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်

https://www.facebook.com/share/p/1JpAQNkaxD/
2👍1
Java ဟာ Python ပြီးရင် ကမ္ဘာပေါ်မှာ အသုံးအများဆုံး language တစ်ခုပါ။

Enterprise Application , Android Development, Big Data, Cloud Computing, Web Development အစရှိတဲ့ နယ်ပယ်မျိုးစုံမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပြီး သူ့ရဲ့ Performance, Stability နဲ့ Scalability အတွက် ထင်ရှားပါတယ်။

Java ရဲ့ အဓိက အားသာချက်က Platform Independent ဖြစ်တာပါ။ ဆိုလိုတာက Java နဲ့ရေးထားတဲ့ Program တစ်ခုက Windows, Mac, Linux ဘယ် OS မှာမဆို Run လို့ရပါတယ်။

ဒါ့အပြင် Object-Oriented Programming (OOP) ကို ကောင်းကောင်းအခြေခံထားတဲ့အတွက် Clean Code ရေးတတ်ဖို့၊ ကောင်းမွန်တဲ့ Software Design လုပ်တတ်ဖို့ဆိုရင် Java ကနေစပြီး လေ့လာသင့်ပါတယ်။

Java ကို ဘယ်လိုနေရာတွေမှာ အသုံးပြုကြလဲဆိုတော့...

Android App Development – Java (သို့) Kotlin နဲ့ Android Apps တွေ ရေးနိုင်တယ်။

Enterprise Software – Banking Systems, E-commerce Platforms တွေမှာ Java ကို အဓိကထား အသုံးပြုကြတယ်။

Web Development – Spring Framework နဲ့ Backend Systems တည်ဆောက်နိုင်တယ်။

Game Development – LibGDX လို Java-based Game Engines တွေနဲ့ Games ရေးကြတယ်။

Big Data & AI – Hadoop, Spark တို့လို Big Data Tools တွေမှာ Java ကို အသုံးပြုကြပါတယ်။

ဒီလို အသုံးများတဲ့ Java ကိုလေ့လာ‌နေဆဲ၊ လေ့လာချင်တဲ့ သူတွေအတွက် Course အရွေးမမှားစေဖို့ Coursera က ကောင်းနိုးရာရာလေးတွေကို ရွေးပြီး ဖော်ပြပေးလိုက်ပါတယ်

1. Java Programming and Software Engineering Fundamentals (Duke University)

ဒီ Course လေးကတော့ Java ကို အခြေခံမှစပြီး လေ့လာချင်သူတွေအတွက်ပါ။ Programming အကြောင်း ဘာမှမသိသေးရင်တောင် ဒီ Course နဲ့စလို့ရပါတယ်။ OOP, Data Structures, Algorithms, နဲ့ Software Development Principles တွေကို လက်တွေ့ Project တွေနဲ့တကွ သင်ကြားပေးမှာဖြစ်ပါတယ်။
🔗https://www.coursera.org/specializations/java-programming

2. Object-Oriented Java: Inheritance and Encapsulation (Coursera Project Network)

Java မှာ အရေးကြီးတဲ့ OOP Concepts (Inheritance, Encapsulation, Polymorphism) တွေကို Hands-on Project တွေနဲ့ လေ့လာချင်သူတွေအတွက်ပါ။
🔗https://www.coursera.org/projects/object-oriented-java

3. Core Java Specialization (LearnQuest)

Java ရဲ့ Core Concepts တွေဖြစ်တဲ့ Collections, Multithreading, I/O Operations, Lambda Expressions တို့ကို နက်နက်နဲနဲ လေ့လာချင်ရင် ဒီ Course ကို တက်ကြည့်ပါ။
🔗https://www.coursera.org/specializations/core-java

4. Java for Android (Vanderbilt University)

Android App Development ကို Java နဲ့စလုပ်ချင်တဲ့သူတွေအတွက် ဒီ Course က ရွေးချယ်စရာ တစ်ခုပါ။ Android Studio, UI Design, နဲ့ Mobile App Logic တွေကို သင်ကြားပေးမှာဖြစ်ပါတယ်။
🔗https://www.coursera.org/specializations/java-android

5. Data Structures and Algorithms in Java (University of California San Diego)

Coding Interviews တွေအတွက် အရေးကြီးတဲ့ Data Structures (Arrays, Linked Lists, Trees, Graphs) နဲ့ Algorithms (Sorting, Searching, Dynamic Programming) တွေကို Java နဲ့ ဘယ်လိုတည်ဆောက်ရမလဲဆိုတာ သင်ပေးမယ့် Course ဖြစ်ပါတယ်။
🔗https://www.coursera.org/specializations/data-structures-algorithms

6. Spring Framework for Java Developers (LearnQuest)

Enterprise Java Development အတွက် လူသုံးအများဆုံး Spring Framework ကို လေ့လာချင်သူတွေအတွက် အဖိုးတန် Course တစ်ခုပါ။ Spring Boot, REST APIs, Microservices တွေကို လက်တွေ့ Project တွေနဲ့ သင်ကြားပေးမှာပါ။
🔗https://www.coursera.org/specializations/spring-framework

7. Big Data with Java (University of California San Diego)

Big Data Processing အတွက် Java ကိုသုံးပြီး Hadoop, Spark, MapReduce တို့ကို လေ့လာချင်သူတွေအတွက်ပါ။
🔗https://www.coursera.org/specializations/big-data-java

8. Java Enterprise Edition (EE) for Web Development (LearnQuest)

Java EE ကိုသုံးပြီး Web Applications (Servlets, JSP, JPA, EJB) တွေ တည်ဆောက်ချင်ရင် ဒီ Course မှာ လေ့လာပါ။
🔗https://www.coursera.org/specializations/java-ee

တစ်ခုသတိထားရမှာက Free Enroll နဲ့ဆိုရင် သင်ခန်းစာတွေကို ကြည့်လို့ရပေမယ့် Quiz တွေ၊ Assignment တွေနဲ့ Certificate ရဖိုဆိုရင်တော့ Coursera Premium ဝယ်ယူဖို့ လိုအပ်ပါတယ်။

တစ်နှစ်လုံး စိတ်ကြိုက် လေ့လာပြီး Certificate အကြိုက်ထုတ်လို့ရတဲ့ Coursera Premium ကို ၉၅၀၀၀ ကျပ်ထဲနဲ့ Page မှာ လာရောက်ဝယ်ယူလို့ ရပါတယ်။

Coursera Premium ၀ယ်ယူရင် ဘာတွေရမလဲ။
https://www.facebook.com/share/p/19czAr6Tmn/

Coursera နဲ့ပတ်သတ်ပြီး တင်ဖူးသမျှ Course တွေ
https://www.facebook.com/share/p/1Cv4LxWMzT/
2
ဘယ်သူကစလိုက်လဲမသိပေမယ့် Data Science က အလုပ်ရဖို့ခက်တယ်ဆိုပြီး အပြောများလာကြတယ်

တကယ်တော့ Data Science နယ်ပယ်မှာ အလုပ်ရဖို့ခက်တယ်ဆိုတဲ့စကားက အချို့အတွက်မှန်သလို အချို့အတွက်တော့ မမှန်ပါဘူး။ ဒီနယ်ပယ်ဝင်ဖို့ လမ်းစပေါင်းများစွာရှိပါတယ်။ အရေးကြီးတာက ကိုယ်ဘယ်လိုချဉ်းကပ်မလဲဆိုတာပါ။

Data Science ဆိုတာ တစ်ခုတည်းသော skill မဟုတ်ဘဲ Statistics, Programming, Domain Knowledge နဲ့ Business Understanding တို့ရဲ့ ပေါင်းစပ်မှုတစ်ခုဖြစ်ပါတယ်။

ဒါကြောင့် အများစုက ဒီနယ်ပယ်ကို ကြောက်ကြပါတယ်။ ဒါပေမယ့် သေချာစနစ်တကျ လေ့လာရင် မဖြစ်နိုင်တဲ့အရာမဟုတ်ပါဘူး။

အလုပ်ရဖို့အတွက် အဓိကလိုအပ်တဲ့အရာက Practical Experience ပါ။ Course တွေဖြေပြီးရုံနဲ့မလုံလောက်ဘဲ Real-world Project တွေလုပ်ဖို့လိုပါတယ်။

Coursera က Real World Project တွေ လိုက်လုပ်ပါ။ Kaggle Competition တွေဝင်ပါ၊ GitHub မှာ Portfolio တည်ဆောက်ပါ၊ Internship လုပ်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် Interview မှာ ပြောပြစရာ Experience တွေရှိလာပါလိမ့်မယ်။

အကောင်းဆုံး နည်းလမ်းကတော့ Data Science ထဲက တစ်ခုကိုရွေးပြီး Deep Dive ဝင်ပါ။ Machine Learning, Data Engineering, Data Analysis စသဖြင့် ကိုယ်စိတ်ဝင်စားရာကိုရွေးပါ။ တစ်ခုကိုကျွမ်းကျင်ရင် အခြားအရာတွေကို ဆက်လေ့လာဖို့ ပိုလွယ်ပါလိမ့်မယ်။

အလုပ်ရှာတဲ့အခါမှာလည်း ကိုယ့်ရဲ့ Level နဲ့ကိုက်ညီတဲ့ Position တွေကိုသာ Apply လုပ်ပါ။ Junior Level အတွက် လိုအပ်တဲ့ Skill Set နဲ့ Senior Level တွေအတွက် လိုအပ်တဲ့ Skill Set မတူပါဘူး။ ကိုယ်လက်ရှိရှိထားတဲ့ Skill တွေနဲ့ ကိုက်ညီမယ့် Position တွေကိုရှာဖို့ အရေးကြီးပါတယ်။

Data Science နယ်ပယ်မှာ စနစ်တကျ လေ့လာချင်တယ်၊ Project တွေ လုပ်ချင်တယ်ဆိုရင်တော့ တက်သင့်တဲ့ Course တွေကို အောက်မှာ အပြည့်အစုံ ညွှန်းပေးထားပါတယ်။
https://www.facebook.com/share/p/15EA4NFPd5/

"ခက်တယ်ဆိုတဲ့စကားကို ယုံပြီး မရပ်တန့်ပါနဲ့။ လုပ်ရဲမှ အခွင့်အလမ်းတွေက ပွင့်လာမှာပါ"
2👍2
Cybersecurity လို့ ခြုံပြီးပြောပေမယ့် တကယ်တော့ Ethical Hacking, Digital Forensics, Network Security, Cloud Security အစရှိသဖြင့် မူကွဲတွေ အများကြီး ရှိပါတယ် ။

Cybersecurity ဆိုတာ Network တွေ၊ ကွန်ပျူတာ စနစ်တွေ၊ အချက်အလက်တွေကို ခိုးယူဖျက်ဆီးမှုတွေကနေ ကာကွယ်ဖို့ပါ။ အဓိကအားဖြင့် အောက်ကအပိုင်းတွေကို လေ့လာရပါတယ်

1. Network Security

ကွန်ရက်တွေကို Hacker တွေရဲ့ တိုက်ခိုက်မှုကနေ ဘယ်လိုကာကွယ်မလဲဆိုတာ ပါဝင်ပါတယ်။ Firewall တွေ၊ Intrusion Detection System (IDS) တွေ၊ VPN တွေနဲ့ ကွန်ရက်လုံခြုံရေးကို ဘယ်လိုတည်ဆောက်မလဲဆိုတာ လေ့လာရပါတယ်။

2. Application Security

Website တွေ၊ Mobile App တွေ၊ Software တွေမှာ ပါနေတဲ့ Security Vulnerability တွေကို ဘယ်လိုရှာဖွေပြီး ဘယ်လိုပြင်ဆင်ရမလဲဆိုတာ လေ့လာရပါတယ်။ OWASP Top 10 ဆိုတဲ့ Web Application Security Risk တွေကို သိထားဖို့လိုပါတယ်။

3. Information Security

အချက်အလက်တွေကို Encryption လုပ်တာ၊ Data Privacy ထိန်းသိမ်းတာ၊ Access Control တွေ ဘယ်လိုသတ်မှတ်မလဲဆိုတာ ဒီအပိုင်းမှာ ပါဝင်ပါတယ်။ GDPR, HIPAA လို Data Protection Law တွေကိုပါ နားလည်ထားဖို့လိုပါတယ်။

4. Ethical Hacking & Penetration Testing

Hacker တွေလို စနစ်တွေကို ချိုးဖျက်ကြည့်ပြီး အားနည်းချက်တွေကို ရှာဖွေကာကွယ်တဲ့ အလုပ်ပါ။ Penetration Tester တစ်ယောက်ဖြစ်ဖို့ CEH, OSCP လို Certification တွေ ရှိထားဖို့လိုပါတယ်။

5. Incident Response & Digital Forensics

Cyber Attack ဖြစ်ပြီးတဲ့အခါ ဘယ်လိုပြန်လည်ကိုင်တွယ်မလဲ၊ Hacker တွေရဲ့လမ်းကြောင်းကို ဘယ်လိုခြေရာခံမလဲဆိုတာ လေ့လာရပါတယ်။

အောက်မှာတော့ ထုံးစံအတိုင်း Cyber Security ရဲ့ နယ်ပယ်အစုံကို အထူးပြုလေ့လာနိုင်တဲ့ Course တွေကို ဖော်ပြပေးထားပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့ နယ်ပယ်အလိုက် ရွေးချယ်ပြီး တက်ရောက်နိုင်ပါတယ်

ဒါတွေအားလုံးကို လေ့လာပြီး Certificate ပါ ထုတ်လို့ရတဲ့ Coursera Premium ကိုတော့ တစ်နှစ်စာကို ၉၅၀၀၀ ကျပ်ထဲနဲ့ Page မှာ လာရောက်ဝယ်ယူလို့ ရပါတယ်

1. IBM Cybersecurity Analyst Professional Certificate

ဒီသင်တန်းလေးက Cybersecurity နယ်ပယ်ကို စတင်လေ့လာမယ့်သူတွေအတွက်ပါ။ Incident Response, Network Security, Threat Intelligence အစရှိတဲ့ အခြေခံကနေ အဆင့်မြင့်အထိ သင်ကြားပေးမှာဖြစ်ပြီး IBM ရဲ့ လက်တွေ့အသုံးချနည်းတွေကို လေ့လာရမှာပါ။
🔗https://www.coursera.org/professional-certificates/ibm-cybersecurity-analyst

2. Google Cybersecurity Professional Certificate

Google ရဲ့ အဆင့်မြင့် Cybersecurity သင်တန်းဖြစ်ပြီး လုံခြုံရေးဆိုင်ရာ Tools တွေ၊ Python for Security, SIEM Tools အပါအဝင် လက်တွေ့အလုပ်ခွင်မှာ အသုံးဝင်မယ့် Skills တွေကို သင်ယူရမှာပါ။ ဒီသင်တန်းပြီးရင် Entry-Level Cybersecurity Jobs တွေအတွက် အဆင်သင့်ဖြစ်သွားပါလိမ့်မယ်။
🔗https://www.coursera.org/professional-certificates/google-cybersecurity

3. Microsoft Cybersecurity Analyst Professional Certificate

Microsoft ရဲ့ လုံခြုံရေးဆိုင်ရာ Tools တွေနဲ့ Azure Security, Threat Protection, Security Operations စတဲ့ အကြောင်းအရာတွေကို လေ့လာရမယ့် သင်တန်းဖြစ်ပါတယ်။ Cloud Security ကို အဓိကထားတဲ့အတွက် Cloud-Based Jobs တွေအတွက် ကောင်းမွန်တဲ့ အခြေခံဖြစ်စေမှာပါ။
🔗https://www.coursera.org/professional-certificates/microsoft-cybersecurity-analyst

4. Cybersecurity for Everyone by University of Maryland

Cybersecurity ကို ဘာသာရပ်မရွေး လူတိုင်းနားလည်အောင် ရှင်းပြထားတဲ့ သင်တန်းဖြစ်ပါတယ်။ လုံခြုံရေးအခြေခံများ၊ အွန်လိုင်းဘေးကင်းရေး၊ Privacy Protection နဲ့ ကိုယ်ပိုင်ဒေတာကာကွယ်နည်းတွေကို လွယ်ကူစွာ သင်ယူနိုင်ပါတယ်။
🔗https://www.coursera.org/learn/cybersecurity-for-everyone

5. Introduction to Cyber Security Specialization by NYU

NYU ရဲ့ အရည်အသွေးမြင့် သင်တန်းဖြစ်ပြီး Cyber Threats, Cryptography, Network Security နဲ့ Ethical Hacking အခြေခံများကို လေ့လာရမှာဖြစ်ပါတယ်။ ဒီသင်တန်းက Cybersecurity ကို အခြေခံကနေ Systematically လေ့လာချင်သူတွေအတွက် သင့်တော်ပါတယ်။
🔗https://www.coursera.org/specializations/intro-cyber-security

6. Palo Alto Networks Cybersecurity Specialization

Palo Alto Networks ရဲ့ နာမည်ကြီး Cybersecurity သင်တန်းဖြစ်ပြီး Firewalls, Cloud Security, Endpoint Protection နဲ့ SOC (Security Operations Center) အလုပ်တွေအတွက် လိုအပ်မယ့် Skills တွေကို သင်ကြားပေးမှာဖြစ်ပါတယ်။
🔗https://www.coursera.org/specializations/palo-alto-networks-cybersecurity

7. Ethical Hacking Specialization by EC-Council (University of Colorado)
❤‍🔥11
ဒီသင်တန်းမှာ Penetration Testing, Vulnerability Assessment, Malware Analysis နဲ့ Ethical Hacking Techniques တွေကို လက်တွေ့လေ့ကျင့်ခန်းတွေနဲ့အတူ သင်ယူရမှာဖြစ်ပါတယ်။ Certified Ethical Hacker (CEH) ဖြစ်ချင်သူတွေအတွက် အထောက်အကူဖြစ်စေမယ့် သင်တန်းပါ။
🔗https://www.coursera.org/specializations/ethical-hacking

8. IT Fundamentals for Cybersecurity Specialization by IBM

IT နဲ့ Cybersecurity အကြား ဆက်စပ်မှုတွေကို နားလည်စေပြီး Security Policies, Compliance, Risk Management နဲ့ Security Architecture အကြောင်းတွေကို သင်ယူရမှာဖြစ်ပါတယ်။
🔗https://www.coursera.org/specializations/it-fundamentals-cybersecurity

9. Cybersecurity Compliance & System Administration Specialization (University of Colorado)

ဒီသင်တန်းမှာ Compliance Standards (NIST, GDPR), Security Auditing, System Hardening နဲ့ Security Policies တွေကို လေ့လာရမှာဖြစ်ပါတယ်။ IT Admin နဲ့ Security Compliance Jobs တွေအတွက် ကောင်းမွန်တဲ့ အခြေခံဖြစ်စေမှာပါ။
🔗https://www.coursera.org/specializations/cybersecurity-compliance

10. Advanced Cybersecurity Specialization by University of Colorado

Cybersecurity မှာ အဆင့်မြင့် Topics တွေဖြစ်တဲ့ Digital Forensics, Cloud Security, IoT Security နဲ့ Advanced Threat Analysis တွေကို လေ့လာရမှာဖြစ်ပါတယ်။ ဒီသင်တန်းကို လေ့လာပြီးရင် Cybersecurity မှာ Deep Technical Skills တွေ တိုးတက်လာမှာဖြစ်ပါတယ်။
🔗https://www.coursera.org/specializations/advanced-cybersecurity

အများကြီးဆိုတော့ စိတ်ကြိုက်လေ့လာရုံပါပဲ။ တစ်နှစ်လုံး စိတ်ကြိုက် လေ့လာပြီး Certificate အကြိုက်ထုတ်လို့ရတဲ့ Coursera Premium ကို ၉၅၀၀၀ ကျပ်ထဲနဲ့ Page မှာ လာရောက်ဝယ်ယူလို့ ရပါတယ်။

Coursera Premium ၀ယ်ယူရင် ဘာတွေရမလဲ။
https://www.facebook.com/share/p/19czAr6Tmn/

Coursera နဲ့ပတ်သတ်ပြီး တင်ဖူးသမျှ Course တွေ
https://www.facebook.com/share/p/1Cv4LxWMzT/

တစ်ခုခုတော့ ရသွားမယ်လို့ မျှော်လင့်မိပါတယ်။ ဖတ်ပါ။ လိုက်လုပ်ကြည့်ပါ။ အကျိုးရှိတယ်ဆိုရင် မျှဝေပေးပါ 🩵
Swift ဆိုတာက Apple က 2014 ခုနှစ်မှာ မိတ်ဆက်ခဲ့တဲ့ programming language တစ်ခုပါ။

ဒီ language က iOS, macOS, watchOS, နဲ့ tvOS လို Apple ရဲ့ platform တွေမှာ app တွေရေးသားဖို့အတွက် အဓိကထားဖန်တီးထားတာပါ။ ဒါပေမယ့် Swift က Apple devices တွေအတွက်ပဲ သုံးလို့ရတာတော့ မဟုတ်ပါဘူး။

Swift က open-source language တစ်ခုဖြစ်တဲ့အတွက် Linux နဲ့ Windows လို platform တွေမှာပါသုံးလို့ရပါတယ်။ ဒါပေမယ့် Apple ecosystem မှာတော့ Swift က ပိုပြီးထင်ရှားပါတယ်။

Swift ကို ဘာလို့သုံးကြတာလဲဆိုရင် ဒီ language က ရေးရတာလွယ်ကူပြီး ဖတ်ရတာလည်းရှင်းလင်းပါတယ်။ ဥပမာ အနေနဲ့ပြောရရင် Swift မှာ variable တစ်ခုကို declare လုပ်ဖို့အတွက် "var" ဆိုတဲ့ keyword လေးကိုပဲသုံးရပါတယ်။

ဒီလိုရိုးရှင်းတဲ့ syntax တွေကြောင့် beginner တွေအတွက်လည်း စတင်လေ့လာဖို့အဆင်ပြေပါတယ်။ ပြီးတော့ Swift က performance ပိုင်းမှာလည်း မြန်ဆန်ပါတယ်။ ဒါကြောင့် လူသုံးများတဲ့ app တွေဖြစ်တဲ့ Instagram, Uber, Airbnb စတဲ့ app တွေမှာ Swift ကိုအသုံးပြုထားတာကိုတွေ့ရပါတယ်။

Swift ကို ရေးသားဖို့အတွက် ပထမဆုံးအနေနဲ့ Apple ရဲ့ Xcode ဆိုတဲ့ development tool ကို သွင်းထားဖို့လိုပါတယ်။ Xcode ထဲမှာ Swift ကိုသုံးပြီး app တွေရေးသားလို့ရပါတယ်။

Swift နဲ့ iOS App Development ကို လေ့လာချင်တဲ့သူတွေအတွက် Coursera က သက်ဆိုင်ရာ Course တွေနဲ့ ဘာတွေသင်ရမလဲဆိုတာကို တွဲပြီး ဖော်ပြပေးလိုက်ပါတယ်။

Assignmentတွေလုပ်ပြီး Certificate ပါ ထုတ်ချင်တယ်ဆိုရင်တော့ Coursera Premium ကို Page မှာ လာရောက်ဝယ်ယူလို့ ရပါတယ်။

1. iOS App Development with Swift Specialization – University of Toronto

ဒီ course က Swift programming language ကို အသုံးပြုပြီး iOS app တွေ ဘယ်လိုတည်ဆောက်ရမလဲဆိုတာ အဆင့်ဆင့် သင်ပေးမှာဖြစ်ပါတယ်။ Xcode, UIKit, Core Data နဲ့ networking concepts တွေကို လက်တွေ့လုပ်ဆောင်ရင်း လေ့လာနိုင်မှာပါ။ Capstone project တစ်ခုနဲ့ သင်ယူရမှာ ဖြစ်ပြီး ကိုယ့်ရဲ့ portfolio အတွက် အထောက်အကူဖြစ်စေမယ့် course ဖြစ်ပါတယ်။
🔗https://www.coursera.org/specializations/app-development

2. Meta iOS Developer Professional Certificate – Meta

Meta က ပြင်ဆင်ပေးထားတဲ့ ဒီ course မှာ iOS development ရဲ့ core concepts တွေဖြစ်တဲ့ Swift, UIKit, ARKit, နဲ့ app publishing အထိ လေ့လာရမှာဖြစ်ပါတယ်။ လက်တွေ့အလုပ်ခွင်မှာ အသုံးဝင်မယ့် skills တွေကို project-based learning နဲ့ သင်ကြားပေးထားတာကြောင့် လုပ်ငန်းခွင်အတွက် အဆင်သင့်ဖြစ်စေမှာပါ။
🔗https://www.coursera.org/professional-certificates/meta-ios-developer

3. Swift 5 iOS Application Developer – LearnQuest

Swift 5 ရဲ့ latest features တွေနဲ့ iOS app development ကို လေ့လာဖို့ ဒီ course က အသင့်တော်ဆုံးဖြစ်ပါတယ်။ App design, debugging, testing, နဲ့ App Store မှာ publish လုပ်နည်းတွေအထိ step-by-step သင်ပေးထားပါတယ်။ Beginner-friendly ဖြစ်ပြီး လက်တွေ့အသုံးချနိုင်မယ့် skills တွေကို အာရုံစိုက်ထားတာကြောင့် စတင်လေ့လာသူတွေအတွက် အကောင်းဆုံးရွေးချယ်မှုပါ။
🔗https://www.coursera.org/specializations/swift-5-ios-app-developer

4. Advanced iOS App Development – University of California, Irvine

ကိုယ့်မှာ iOS development အခြေခံရှိပြီးသားဆိုရင် ဒီ course က next level ကို ဆွဲတင်ပေးနိုင်မှာပါ။ Advanced topics ဖြစ်တဲ့ Core ML, augmented reality, animations, နဲ့ performance optimization တွေကို လေ့လာရမှာဖြစ်ပြီး ပိုမိုရှုပ်ထွေးတဲ့ apps တွေကို ဖန်တီးနိုင်လာမှာဖြစ်ပါတယ်။
🔗https://www.coursera.org/specializations/advanced-ios-app-development

5. Introduction to Programming in Swift – University of California, Irvine

Swift programming ကို အခြေခံမှစပြီး လေ့လာချင်တဲ့သူတွေအတွက် ဒီ course က အကောင်းဆုံးစတင်မှုဖြစ်ပါတယ်။ Variables, control flow, functions, data structures တွေကို နားလည်လာပြီး simple iOS apps တွေကို ကိုယ်တိုင် build လုပ်နိုင်တဲ့အထိ လမ်းညွှန်ပေးထားပါတယ်။
🔗https://www.coursera.org/learn/swift-programming

ဘယ် Course ကို စလေ့လာရမလဲ

Beginner ဆိုရင် Introduction to Programming in Swift နဲ့ စပါ။

Intermediate/Advanced ဆိုရင် Meta iOS Developer သို့မဟုတ် Advanced iOS App Development တို့ကို ရွေးချယ်နိုင်ပါတယ်။

Project-based learning လိုချင်ရင်တော့ University of Toronto’s Specialization က အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

ဒီလောက်ဆိုရင် Swift ဆိုတာဘာလဲ၊ ဘယ်လိုစလေ့လာမလဲဆိုတာကို နည်းနည်းပါးပါး သိလောက်ပြီထင်ပါတယ်။ ဒီ language က လက်ရှိမှာလည်း update တွေအမြဲရနေတဲ့အတွက် သင်ယူထားရင် အနာဂတ်အတွက် အများကြီးအထောက်အကူဖြစ်မှာပါ။
Junior နဲ့ Senior Developer ရဲ့ ကွာခြားချက်က experience တင်ပဲလားလို့ တွေးဖူးကြလား

တကယ်တော့ နှစ်တွေ၊ အတွေ့အကြုံတွေထက် ပိုပါတယ်။ အချို့ Developer တွေက ၅ နှစ်အထိ ရှိနေပေမယ့် သူတို့ရဲ့ Approach, Mindset နဲ့ Problem Solving Skills တွေက Senior Level မရောက်သေးတာမျိုးလည်း ရှိပါတယ်။

ဒီတော့ ဘာတွေက တကယ်ကွာတာလဲ

Junior Developer တွေက Task တစ်ခုကို လုပ်ဖို့ ဘယ်လိုစရမလဲဆိုတဲ့ ညွှန်ကြားချက်တွေ၊ Step by Step Guidance တွေ လိုအပ်တတ်ပါတယ်။ သူတို့အတွက် Coding က အဓိကဖြစ်ပြီး ဘယ် Function ကို ဘယ်လိုရေးရမလဲဆိုတဲ့ Technical အပေါ်မှာ အာရုံစိုက်ကြပါတယ်။ System Architecture, Performance Optimization နဲ့ Long-Term Impact တွေအကြောင်း သိပ်မတွေးတတ်သေးပါဘူး။

Senior Developer တွေကျတော့ ရှင်းပါတယ်။ သူတို့က Problem တစ်ခုကို မဖြေရှင်းခင် ဘယ်လို Approach နဲ့သွားရမလဲ၊ ဒီSolution ရဲ့ Trade-offs တွေက ဘာတွေဖြစ်မလဲဆိုတာ အရင်ဆုံး ချင့်ချိန်တတ်ကြပါတယ်။ သူတို့က Code ရေးရုံတင်မကဘဲ ဒီCode က Team အတွက် Maintainable ဖြစ်ရဲ့လား၊ Scalable ဖြစ်ရဲ့လား၊ Future Requirements တွေအတွက် Flexible ဖြစ်ရဲ့လားဆိုတာကိုပါ ထည့်တွေးတတ်ကြပါတယ်။

နောက်ထပ် အရေးပါတဲ့ ကွာခြားချက်က Decision Making Skills ပါ။ Junior တွေက Rules တွေ၊ Guidelines တွေအတိုင်း လိုက်နာဖို့ အာရုံစိုက်တတ်ကြပေမယ့် Senior တွေကျတော့ ဘယ် Rule တွေကို Break လုပ်ပြီး ပိုကောင်းတဲ့ Solution တစ်ခုရှာဖို့ လိုအပ်လဲဆိုတာ ဆုံးဖြတ်နိုင်ပါတယ်။ သူတို့က "ဒါက ဒီလိုပဲရေးရမယ်" ဆိုတဲ့ Fixed Mindset မဟုတ်ဘဲ "ဒါကို ပိုကောင်းအောင် ဘယ်လိုလုပ်မလဲ" ဆိုတဲ့ Growth Mindset နဲ့ လုပ်တတ်ကြပါတယ်။

ဒီလောက်ဆို Junior ကနေ Senior အဆင့်ကို ဘယ်လိုတက်ရမလဲဆိုတာ စဉ်းစားနေပြီလား

ပထမဆုံး လုပ်သင့်တာက ကိုယ့်Code ရဲ့ နောက်တစ်ဆင့်ကို စဉ်းစားဖို့ပါ။ Task တစ်ခုပြီးတိုင်း ဒီFeature က Overall System ကို ဘယ်လိုသက်ရောက်မလဲ" ဆိုတာ မေးခွန်းထုတ်ပါ။ နောက်ပြီး Senior Dev တွေရဲ့ Code Reviews, Design Discussions တွေမှာ ပါဝင်ပါ။ သူတို့ ဘာတွေတွေးပြီး Decision ချလဲဆိုတာ လေ့လာပါ။

အရေးအကြီးဆုံးက မှားဖို့ မကြောက်ပါနဲ့။ Senior တစ်ယောက်ဖြစ်ဖို့ဆိုတာ အားလုံးကို သိနေရမယ်လို့ မဆိုလိုပါဘူး။ မသိတာတွေကို ရှာဖွေဖို့၊ မေးမြန်းဖို့နဲ့ အမြဲလေ့လာနေဖို့ပါပဲ။ ဒီလို Growth Mindset နဲ့ ဆက်သွားမယ်ဆိုရင် တစ်နေ့ Senior Level ကို မလွဲမသွေ ရောက်လာမှာ အမှန်ပါပဲ။

ဘယ်ကနေ လေ့လာရမှန်းမသိရင် ကမ္ဘာ့အကြီးဆုံး Learning Platform ဖြစ်တဲ့ Coursera ကိုသာ ရွေးချယ်လိုက်ပါ။

https://www.facebook.com/share/p/1Cv4LxWMzT/
2💘1
Prompt Engineering ဆိုတာ AI models တွေကို ထိရောက်စွာ အသုံးချနိုင်ဖို့ လိုအပ်တဲ့ အရေးကြီးတဲ့ skill တစ်ခုဖြစ်ပါတယ်။

ChatGPT, Gemini, Claude စတဲ့ AI tools တွေကို ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်ဖို့၊ အလုပ်အကိုင် အခွင့်အလမ်းအသစ်တွေ ဖန်တီးနိုင်ဖို့ ဒီ courses တွေက အထောက်အကူဖြစ်စေမှာပါ။

1. Prompt Engineering for ChatGPT

ChatGPT အတွက် ထိရောက်တဲ့ prompts တွေကို ဘယ်လိုရေးသားရမလဲဆိုတာ ဒီ course မှာ အသေးစိတ်သင်ကြားပေးထားပါတယ်။ Zero-shot, few-shot prompting, role-playing prompts စတဲ့ techniques တွေကို လေ့လာရမှာဖြစ်ပြီး beginner-friendly ဖြစ်ပါတယ်။
🔗https://www.coursera.org/learn/prompt-engineering

2. Generative AI with Large Language Models

ဒီ course မှာ LLMs (Large Language Models) တွေကို ဘယ်လိုအသုံးချမလဲ၊ prompt design လုပ်နည်းတွေ၊ model fine-tuning တွေကို လက်တွေ့လေ့လာရမှာဖြစ်ပါတယ်။ AI နဲ့ပတ်သက်တဲ့ technical knowledge ရှိသူတွေအတွက် အကောင်းဆုံး prompt engineering course တစ်ခုဖြစ်ပါတယ်။
🔗https://www.coursera.org/learn/generative-ai-with-llms

3. Generative AI for Everyone

AI နဲ့ prompt engineering ကို အခြေခံကစပြီး လေ့လာချင်သူတွေအတွက် အကောင်းဆုံး course ဖြစ်ပါတယ်။ Prompt design ရဲ့ အခြေခံ principles တွေကို နားလည်အောင် ရှင်းပြထားပြီး technical background မလိုဘဲ လေ့လာနိုင်ပါတယ်။
🔗https://www.coursera.org/learn/generative-ai-for-everyone

4. AI For Everyone

AI နဲ့ prompt engineering အကြောင်း လွယ်လွယ်ကူကူ စတင်လေ့လာချင်သူတွေအတွက် ရည်ရွယ်ပါတယ်။ Prompting strategies, AI ၏ အလုပ်လုပ်ပုံနှင့် လက်တွေ့ဘဝတွင် အသုံးချနည်းများကို သင်ကြားပေးထားပါတယ်။
🔗https://www.coursera.org/learn/ai-for-everyone

5. Natural Language Processing Specialization

NLP နဲ့ prompt engineering ကို နက်နက်နဲနဲ လေ့လာချင်သူတွေအတွက် အကောင်းဆုံး specialization ဖြစ်ပါတယ်။ Text processing, language models နဲ့ effective prompting techniques တွေကို လေ့လာရမှာဖြစ်ပါတယ်။
🔗https://www.coursera.org/specializations/natural-language-processing

6. Introduction to Large Language Models

LLMs တွေရဲ့ အခြေခံသဘောတရားတွေ၊ ဘယ်လို prompts တွေက model performance ကို မြှင့်တင်ပေးနိုင်မလဲဆိုတာ သင်ကြားပေးပါတယ်။ AI developers, data scientists နဲ့ prompt engineers တွေအတွက် အထောက်အကူဖြစ်စေမယ့် course ဖြစ်ပါတယ်။
🔗https://www.coursera.org/learn/introduction-to-large-language-models

7. AI Engineering Professional Certificate

Prompt engineering နဲ့ AI model deployment တွေကို လက်တွေ့လုပ်ဆောင်နိုင်ဖို့ လိုအပ်တဲ့ skills တွေကို သင်ကြားပေးပါတယ်။ AI systems တွေမှာ prompts တွေကို ဘယ်လိုပိုကောင်းအောင် optimize လုပ်မလဲဆိုတာ လေ့လာရမှာဖြစ်ပါတယ်။
🔗https://www.coursera.org/professional-certificates/ai-engineer

ဒီ Course တွေအားလုံးကို လေ့လာလို့ရပြီး Certificate ပါထုတ်လို့ရတဲ့ Cousera Premium ကိုတော့ တစ်နှစ်စာကို 95000 ကျပ်ထဲနဲ့ Page မှာ လာရောက်ဝယ်ယူလို့ရပါတယ်၊

https://www.facebook.com/share/p/1Cv4LxWMzT/
💘1
ဘဝမှာ ပျော်ရွှင်ဖို့၊ အောင်မြင်ဖို့ဆိုရင် စိတ်ထားတတ်ဖို့လည်း လိုပါသေးတယ်

ကိုယ်စိတ်ထားတဲ့အပေါ် မူတည်ပြီး ရလဒ်တွေလည်း ပြောင်းသွားတတ်ပါတယ်။လူတွေမှာ Fixed Mindset နဲ့ Growth Mindset ဆိုပြီး တွေ့ရတတ်ပါတယ် ။ ဒီနှစ်မျိုးက ဘဝကိုမတူညီတဲ့ပုံစံနဲ့ ရှုမြင်စေပြီး မတူညီတဲ့ရလဒ်တွေကို ဖန်တီးပေးပါတယ်။

Fixed Mindset ဆိုတာက ကိုယ့်ရဲ့စွမ်းရည်တွေ၊ ဉာဏ်ရည်ဉာဏ်သွေးတွေကို မွေးရာပါပြီးသားလို့ ယူဆတဲ့စိတ်ထားမျိုးပါ။ ဒီလိုလူတွေက အခက်အခဲတွေကို ရှောင်တတ်ကြပြီး ဝေဖန်မှုကို မကြိုက်ဘူး။ သူတို့အတွက် အောင်မြင်မှုဆိုတာ မွေးရာပါ စွမ်းရည်ကြောင့်ဖြစ်ပြီး ကြိုးစားရင်လည်း ဘာမှပြောင်းလဲမှာမဟုတ်ဘူးလို့ ယုံကြည်တတ်ကြပါတယ်။ ဥပမာ စာမေးပွဲမှာအမှတ်နည်းရင် "ငါ့မှာဉာဏ်မရှိဘူး" ဆိုပြီး အပြစ်ရှာတတ်ကြတယ်။

တစ်ဖက်မှာတော့ Growth Mindset ဆိုတာက လူတိုင်းဟာ ကြိုးစားလေ့လာရင် တိုးတက်နိုင်တယ်လို့ ယုံကြည်တဲ့စိတ်ထားပါ။ ဒီလိုလူတွေက အခက်အခဲတွေကို စိန်ခေါ်မှုတစ်ခုအနေနဲ့ မြင်တတ်ပြီး ဝေဖန်မှုတွေကို သင်ခန်းစာအဖြစ် ယူတတ်ကြတယ်။ သူတို့အတွက် အောင်မြင်မှုဆိုတာ ကြိုးစားမှုနဲ့ သင်ယူမှုရဲ့ အကျိုးဆက်ဖြစ်ပါတယ်။ စာမေးပွဲမှာအမှတ်နည်းရင် "နောက်တစ်ခါပိုကြိုးစားမယ်" ဆိုပြီး သင်ခန်းစာယူတတ်ကြတယ်။

ဒီနှစ်မျိုးက ဘဝကိုဘယ်လိုကွဲပြားစေသလဲ ?

Fixed Mindset ရှိသူတွေဟာ သူတို့ရဲ့ ဘောင်တွေ အတွင်းမှာပဲ နေထိုင်တတ်ကြပြီး အခွင့်အလမ်းအသစ်တွေကို မယူတတ်ကြဘူး။ Growth Mindset ရှိသူတွေကတော့ အမြဲတမ်းသင်ယူနေပြီး ကိုယ့်ကိုကိုယ် ဖြည့်ဆည်းနေတတ်ကြတယ်။ ဒါကြောင့် သူတို့ဟာ အချိန်ကြာလာတာနဲ့အမျှ ပိုမိုတိုးတက်လာတတ်ကြပါတယ်။

ကိုယ့်မှာ Fixed Mindset ရှိနေတယ်လို့ထင်ရင် ပြောင်းလဲဖို့နည်းလမ်းတွေရှိပါတယ်။ ပထမဆုံးက "မသိသေးဘူး" ဆိုတဲ့စကားကို "မသိသေးဘူး၊ ဒါပေမယ့်သင်ယူနိုင်တယ်" လို့ပြောင်း‌တွေးပါ။

ဒုတိယအနေနဲ့ အမှားတွေကို ရှက်စရာမဟုတ်ဘဲ သင်ယူစရာ အခွင့်အလမ်းတွေအဖြစ် မြင်ပါ။ တတိယအနေနဲ့ ကိုယ့်ကိုကိုယ် "ငါမလုပ်နိုင်ဘူး" ဆိုတဲ့စကားအစား "ငါမလုပ်တတ်သေးဘူး" လို့ပြောင်းပြောပါ။

ဘဝမှာ Growth Mindset နဲ့သွားတဲ့သူတွေဟာ ပိုပြီးအောင်မြင်တတ်ကြပါတယ်။ သူတို့ဟာ အခက်အခဲတွေကို ကျော်လွှားနိုင်ပြီး ကိုယ့်ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ကြတယ်။

ဒါကြောင့် ကိုယ့်ရဲ့စိတ်နေစိတ်ထားကို သတိထားပြီး တိုးတက်အောင်ပြုပြင်ကြည့်ပါ။ အားလုံးပဲ Growth Mindset နဲ့ ပိုမိုအောင်မြင်တဲ့ဘဝတစ်ခုကို တည်ဆောက်နိုင်ကြပါစေ။
5❤‍🔥1💘1
ကားဘယ်လောက် ကောင်းကောင်း မောင်းတဲ့သူက Skill ရှိပါမှ အမြန်ဆုံးနှုန်းကို ရတာပါ

AI models တွေမှာလည်း ဒီလိုပါပဲ။ AI တွေ အစွမ်းထက်လာတာနဲ့အမျှ ထိထိရောက်ရောက် အသုံးချတတ်ဖို့ Skills တွေ လိုလာပါတယ်။

ဒါ့ကြောင့် AI တွေကို ထိရောက်စွာ အသုံးချတဲ့ Prompt Engineering က ၂၀၂၅ မှာ ရေပန်းစားတဲ့ Career တစ်ခု ဖြစ်လာပါတယ်။

Prompt Engineering ဆိုတာ AI ကို ဘယ်လိုမေးခွန်းမေးမယ်၊ ဘယ်လိုအဖြေ ပေးရမယ်ဆိုတာကို အတိအကျ အမိန့်ပေးတာပါပဲ။

ဥပမာ ChatGPT ကို မေးခွန်းမေးတဲ့အခါ ရိုးရိုးလေး "How do I learn Python?" ဆိုပြီးမေးရင် ရလာတဲ့အဖြေက ကျယ်ပြန့်မှု မရှိဘဲ မရေရာနိုင်ပါဘူး။ ဒါကြောင့် Prompt ကို ရှင်းရှင်းလင်းလင်း၊ အသေးစိတ်နဲ့ ဦးတည်ချက်ရှိရှိမေးဖို့လိုပါတယ်။

စောနက prompt ထက် "I’m a beginner in Python with no prior coding experience. My goal is to build a web scraper to extract news headlines from websites. Can you provide a step-by-step learning path." ဆိုရင် AI က ပိုပြီးတိကျတဲ့ အကြံဉာဏ်တွေပေးနိုင်မှာပါ။

တစ်ခါတစ်လေ AI က ကိုယ်မျှော်လင့်ထားတဲ့အဖြေမျိုးမပေးဘူးဆိုရင် Prompt ကို ပြန်ချိန်ညှိဖို့လိုပါတယ်။ ဥပမာ - "Break this down into steps for a beginner" ဒါမှမဟုတ် "Explain with a code example" ဆိုပြီး ညွှန်ကြားလို့ရပါတယ်။ AI ကို ကိုယ့်ရဲ့လိုအပ်ချက်နဲ့ကိုက်ညီအောင် ညှိယူတတ်ဖို့က Prompt Engineering ရဲ့အနုပညာပါပဲ။

နောက်ထပ်အရေးကြီးတဲ့အချက်က Context (နောက်ခံအချက်အလက်) ပေးဖို့ပါ။ AI က ကိုယ့်ရဲ့အခြေအနေ၊ လိုအပ်ချက်ကို သိမှ ပိုကောင်းတဲ့အဖြေပေးနိုင်မှာပါ။

ဥပမာ - "I’m a beginner in digital marketing. I sell handmade jewelry in Myanmar and want to use Facebook Ads to reach women aged 25-40 in Yangon. My budget is 500,000 MMK/month. What’s the best strategy for this?" ဆိုရင် AI က သင့်အတွက် သင့်တော်တဲ့ နည်းဗျူဟာတွေ အကြံပေးနိုင်မှာပါ။

အနာဂတ်မှာ Prompt Engineering က Digital Marketing, Content Creation, Software Development, Research အစရှိတဲ့ နယ်ပယ်တိုင်းမှာ အရေးပါလာမှာပါ။ AI တွေက ပိုမိုစမတ်ကျလာလေ၊ သူတို့ကို ထိရောက်စွာ အသုံးချနိုင်ဖို့ လူသားတွေရဲ့ Creativity နဲ့ Critical Thinking က ပိုပြီးတန်ဖိုးရှိလာလေပါပဲ။

Prompt Engineering က အလွန်အရေးပါတဲ့ အလုပ်အကိုင်တစ်ခုဖြစ်လာမယ့် အကြောင်းရင်းကတော့ AI တွေက ပိုမိုတွင်ကျယ်လာမယ်၊ ဒါပေမယ့် AI တွေကို ထိရောက်စွာ အသုံးချနိုင်ဖို့အတွက် လူသားတွေရဲ့ ညွှန်ကြားမှုက အရေးကြီးနေဆဲဖြစ်လို့ပါပဲ။

အခုတောင်မှပဲ AI ကုမ္ပဏီတွေ၊ Marketing ကုမ္ပဏီတွေ၊ Software ကုမ္ပဏီတွေက Prompt Engineer တွေကို လစာကောင်းကောင်းနဲ့ ခေါ်ယူနေကြပါပြီ။

Prompt Engineering ကို လေ့လာချင်သူတွေအတွက် အကောင်းဆုံး Course တွေကို အောက်က Link ထဲမှာ ရွေးပေးထားပါတယ်။
https://www.facebook.com/share/p/1Bzo3uj3Xd/
1👍1
Creative သမားတွေ သိထားသင့်တဲ့ AI tools တွေ

မသုံးတတ်လဲ ဘာမှမဖြစ်ပေမယ့် သုံးတတ်ရင်တော့ လူကို အများကြီး သက်သာစေတာပေါ့။

(အားလုံးသိပြီးသား ChatGPT ကိုတော့ ချန်ထားခဲ့ပါတယ်)

1. Claude AI

Anthropic ကဖန်တီးတဲ့ Claude ဟာ Creative writing, Coding, Legal docs စတဲ့ကဏ္ဍတွေမှာ သဘောကျစရာ အဖြေတွေထုတ်ပေးနိုင်ပါတယ်။ ChatGPT ရဲ့ alternative တစ်ခုအနေနဲ့ လူသုံးများလာပါတယ်။
🔗 https://claude.ai

2. Pictory – Video Generator

Blog post, Script, Article တို့ကို Video အဖြစ်အလိုအလျှောက် ပြောင်းပေးနိုင်ပါတယ်။ Voiceover, Caption, Summary တို့ပါထည့်နိုင်တာကြောင့် YouTube, TikTok creator တွေအတွက်အသုံးဝင်ပါတယ်။
🔗 https://pictory.ai

3. ElevenLabs – Voice Generator

AI Voice Tool အနေနဲ့ လူသားအသံနဲ့တူတဲ့ Voice ကို generate လုပ်ပေးနိုင်ပါတယ်။ Podcast, Audiobook, Voice Content များဖန်တီးရာမှာ အသုံးပြုလို့ကောင်းပါတယ်။
🔗 https://www.elevenlabs.io

4. Synthesia

Video ဖန်တီးဖို့ Camera, Actor မလိုဘဲ AI Avatars တွေနဲ့ Professional Video တွေကို ဖန်တီးနိုင်ပါတယ်။ Marketing, E-Learning အတွက် အထူးကောင်းမွန်ပါတယ်။
🔗 https://www.synthesia.io

5. Canva Magic Studio

Graphic Design တတ်စရာမလိုပဲ၊ Social Media Post, Resume, Logo တို့ကို AI နဲ့ ဖန်တီးနိုင်ပါတယ်။ အသုံးပြုရတာလွယ်ပြီး Beginner တောင် ချက်ချင်း Creative Output ရနိုင်ပါတယ်။
🔗 https://www.canva.com/magic

6. Otter AI

Meeting, Interview, Lecture တွေမှာ ပြောသမျှစကားတွေကို အလိုအလျောက် Text အဖြစ်ပြောင်းပေးတဲ့ AI Tool ဖြစ်ပါတယ်။ အချိန်ကုန်သက်သာစေပြီး Note ရိုက်ထားဖို့လည်း လွယ်ကူစေပါတယ်။
🔗 https://otter.ai

7. MidJourney

စိတ်ကူးထဲက ပုံတွေကို AI နဲ့ဖန်တီးချင်ရင် MidJourney ကိုသုံးပါ။ Prompt တစ်ခုရေးပေးရုံနဲ့ လှပပြီး Unique ဖြစ်တဲ့ AI Artwork တွေကို ဖန်တီးနိုင်ပါတယ်။
🔗 https://www.midjourney.com

8. Copilot

GitHub Copilot က OpenAI ရဲ့ Codex Model အပေါ်အခြေခံပြီး AI Pair Programmer အဖြစ်အလုပ်လုပ်တဲ့ Tool တစ်ခုဖြစ်ပါတယ်။ VS Code, JetBrains, Neovim စတဲ့ IDE တွေနဲ့ Integrate လုပ်ပြီး Real-Time Code Suggestions တွေပေးနိုင်ပါတယ်။
🔗 https://github.com/features/copilot

9. Fireflies

Zoom, Google Meet စတဲ့ Meeting တွေမှာ AI က Join ပြီး အလိုအလျောက် Record လုပ်ကာ Summary တွေပါထုတ်ပေးနိုင်ပါတယ်။
🔗 https://fireflies.ai

10. Copy.ai

Ad Copy, Social Media Post, Email Content စတာတွေအတွက် AI နဲ့စာသားတွေကိုအလွယ်တကူဖန်တီးနိုင်ပါတယ်။
🔗 https://www.copy.ai

ဒါတွေကို ဆရာကျကျ သုံးတတ်ချင်ရင်တော့ တက်ထားသင့်တဲ့ Course တွေကို အောက်မှာ ဖော်ပြပေးထားပါတယ်။
https://www.facebook.com/share/p/1Bzo3uj3Xd/
2