Coding_ForAll
1.56K subscribers
14 photos
64 links
Coding နဲ့ သက်ဆိုင်တဲ့ Knowledge Sharing တွေ Giveaway တွေကို ဒီ Channel မှာ တင်ပေးသွားမှာဖြစ်လို့ subscribe လုပ်ပေးထားပါအုံး ခင်ဗျာ
Download Telegram
Web Development လုပ်မယ်ဆိုရင် တွေဝေမနေဘဲ ဒါတွေကို အစဉ်လိုက် လုပ်သွားလိုက်ပါ

ပထမဆုံး HTML, CSS နဲ့ စပါ။ HTML က website တစ်ခုရဲ့ အခြေခံ ဖြစ်ပြီး CSS က HTML ကို အလှဆင်ပေးထားတာပါ။ ဒီနှစ်ခုကို ကောင်းကောင်း နားလည်ဖို့လိုပါတယ်။ လေ့ကျင့်ဖို့အတွက် ရိုးရှင်းတဲ့ Single Page လေးတွေကို ရေးကြည့်ပါ။

ဒုတိယအဆင့်အနေနဲ့ JavaScript ကို လေ့လာပါ။ JavaScript က website ကို Dynamic ဖြစ်အောင် အသက်သွင်းပေးတဲ့သူ ဖြစ်ပါတယ်။ စပြီးလေ့လာတဲ့အခါမှာ DOM Manipulation, Event Handling နဲ့ Logic တွေကို အရင်ဆုံး နားလည်အောင်လုပ်ပါ။

ဒီအဆင့်တွေ ကျွမ်းကျင်လာပြီဆိုရင် Frontend Framework တစ်ခုကို ရွေးချယ်လေ့လာပါ။ အခုခေတ်မှာ React, Vue.js နဲ့ Angular တို့က လူသုံးများပါတယ်။ ကိုယ့်အတွက် သင့်တော်မယ့် Framework ကို ရွေးပြီး လက်တွေ့ Project လေးတွေ ဆောက်ကြည့်ပါ။

Backend ဘက်ကို စိတ်ဝင်စားတယ်ဆိုရင် Node.js, Python (Django/Flask), PHP (Laravel) တို့ကို လေ့လာနိုင်ပါတယ်။ Database အနေနဲ့ MySQL, MongoDB တို့ကို သိထားဖို့လိုပါမယ်။ API တွေဘယ်လိုတည်ဆောက်မလဲ၊ Server နဲ့ Client ကို ဘယ်လို ချိတ်ဆက်လဲဆိုတာကို လေ့လာပါ။

နောက်ဆုံးမှာ Version Control (Git & GitHub) နဲ့ Deployment (Netlify, Vercel, Heroku) တို့ကို လေ့လာပါ။ ဒါမှ ကိုယ်ရေးထားတဲ့ Code တွေကို သူများတွေ ကြည့်လို့ရမှာဖြစ်ပြီး Team Project တွေမှာလည်း ပါဝင်နိုင်မှာပါ။

ဒါတွေ ဖတ်ပြီးတဲ့ အထိတောင် ဘာတွေလေ့လာရမလဲ ရှုပ်နေသေးရင် တစ်ခုပဲ မှတ်ပါ။

Frontend ဆိုရင် Meta Frontend, Backend ဆိုရင် Meta BackEnd ကိုပဲ Certificate ရတဲ့အထိ လုပ်လိုက်ပါ။ အပေါ်မှာ ပြောခဲ့တာတွေကို တစ်ခုမကျန် အသေးစိတ် သင်ပေးထားတာပါ။ အောက်မှာ Course တွေအကြောင်း ရှင်းပြပေးထားပါတယ်။

Meta Front End Developer Professional Certificate
https://www.facebook.com/share/p/1EfzggtNf3/

Meta Front End Developer Professional Certificate
https://www.facebook.com/share/p/1Ab5DUAGzQ/

ဒီအထိ ပြီးသွားပြီဆိုရင်တော့ Junior Developer အဆင့်လောက် ရလာပြီ ဖြစ်ပြီး အလုပ်တွေ စလျှောက်လို့ ရပါပြီ။

Course မှာပါတာတွေကိုသာ သေချာ လေ့လာရင် အခြားဟာတွေ ထပ်ကြည့်စရာ မလိုဘဲ ကျိန်းသေပေါက် (ပြည်တွင်း)အလုပ် ရမယ်လို့ အာမခံရဲတဲ့ သင်တန်းတွေပဲ ဖြစ်ပါတယ်။ (Meta Certificates တွေရဲ့ အရှိန်ကလည်း မသေးဘူးကိုး)

Assignment တွေလုပ်ပြီး Certificate ယူဖို့စိတ်ကူးရှိရင် Coursera Premium ကို Page မှာ လာဝယ်ပြီး Web Development လမ်းကြောင်းကို အခုပဲ စတင်လိုက်ပါ။
6
ငယ်ငယ်က အလွတ်ကျက်စနစ်နဲ့ စာသင်ခဲ့ရတော့ Programming ကိုစသင်တဲ့အခါမှာ Concept တွေ၊ Syntax တွေကို မှတ်မိဖို့ အခက်ကြုံရတတ်ပါတယ်။

တကယ်တော့ Programming က အလွတ်ကျက်ရမယ့်အရာမဟုတ်ဘဲ၊ နားလည်အောင် လေ့လာရမယ့် Skill တစ်ခုပါ။ ဒါပေမယ့် နားလည်ဖို့အတွက် အခြေခံကျတဲ့ Concepts တွေကို ကောင်းကောင်းမှတ်ထားဖို့လိုပါတယ်။

ပထမဆုံး အရေးကြီးတာက ရှင်းရှင်းလင်းလင်း နားလည်အောင် လုပ်ဖို့ပါ။ Concept တစ်ခုကို မှတ်မိချင်ရင် သူ့ရဲ့ အခြေခံအဓိပ္ပာယ်ကို ကိုယ်တိုင်ရှင်းအောင် ရှင်းပြနိုင်ရမယ်။ ဥပမာ Loop ဆိုတာ ဘာလဲဆိုတာ ရှင်းပြတဲ့အခါ "Loop က တူညီတဲ့ အလုပ်ကို အကြိမ်ကြိမ်လုပ်ဖို့ သုံးတယ်" ဆိုတာမျိုး ရိုးရိုးရှင်းရှင်းနဲ့ ကိုယ့်ဘာသာနားလည်အောင် လုပ်ပါ။

နောက်တစ်ချက်က "ဥပမာနဲ့ တွဲမှတ်ပါ"။ Concept တိုင်းကို Real-life Example တစ်ခုနဲ့ ဆက်စပ်ကြည့်ရင် ပိုမှတ်မိလွယ်ပါတယ်။ Array ဆိုတာ ရထားတွဲကြီးလို့ မှတ်လိုက်ပါ ၊ ဒေတာတွေကို နံပါတ်တွေနဲ့ စနစ်တကျ သိမ်းထားတာပေါ့ ။ ဒီလို ဥပမာတွေနဲ့ တွဲမှတ်ထားရင် ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။

အရေးအကြီးဆုံးအချက်က "လက်တွေ့လုပ်ကြည့်ပါ"။ Programming က စာကြည့်ပြီး မှတ်လို့မရပါဘူး၊ ကိုယ်တိုင် Code ရေးကြည့်မှ ပိုမှတ်မိတာပါ။ ဥပမာ Function တစ်ခုရဲ့ အလုပ်လုပ်ပုံကို နားလည်ချင်ရင် ကိုယ်တိုင် အကြိမ်ကြိမ်ရေးကြည့်ပါ။ Error တက်ရင် Debug လုပ်ကြည့်ပါ။ ဒါမှ သဘောပေါက်လာမယ်။

နောက်ဆုံးအနေနဲ့ "ပြန်ပြောပြပါ"။ သင်ထားတဲ့ Concept တွေကို သူငယ်ချင်းတစ်ယောက်ကို ပြန်ရှင်းပြကြည့်ပါ။ ရှင်းပြနိုင်တယ်ဆိုရင် ကိုယ်တကယ်နားလည်ပြီလို့ ဆိုလိုတာပါ။ မရှင်းပြနိုင်သေးရင် နေရာတစ်ခုခုမှာ ချို့ယွင်းနေတာမို့ ပြန်လေ့လာဖို့လိုပါတယ်။

Programming က လေ့လာရတာ ခက်ပေမယ့်၊ နည်းစနစ်မှန်မှန်နဲ့ လေ့ကျင့်မယ်ဆိုရင် ကျွမ်းကျင်လာမှာပါ။ အရေးကြီးဆုံးက စိတ်ရှည်ဖို့နဲ့ ဆက်လက်လေ့လာဖို့ပါပဲ။
12🫡1
Coursera မှာ အရမ်းအသုံးဝင်ပြီး လူသိပ်မသိကြတဲ့ feature ကတော့ Project တွေပါပဲ။

အခြား Learning Platforms တွေမှာ course တစ်ခုလုံးကို အစအဆုံး သင်ယူပြီးမှသာ လုပ်ငန်းခွင်မှာ အသုံးဝင်တဲ့ Capstone Project တစ်ခုခုကို ရေးရတာပါ။

Coursera မှာတော့ "/projects" ရဲ့ အပိုင်းထဲမှာ သီးသန့် ဖန်တီးထားတဲ့ Guided Projects တွေကို လက်တွေ့ရေးသားနိုင်တာက ထူးခြားတဲ့အချက်ပါပဲ။

ဒီ Project တွေက တစ်နာရီခွဲ၊ နှစ်နာရီလောက်ဆိုတဲ့ အချိန်တိုတိုအတွင်းမှာ လက်တွေ့သုံးနိုင်တဲ့ output တစ်ခုတောင် generate လုပ်ပေးနိုင်ပါတယ်။

ဥပမာနဲ့ပြရမယ်ဆိုရင် Python နဲ့ Data Cleaning လုပ်နည်း, Canva သုံးပြီး Social Media Post တစ်ခုဖန်တီးနည်း, Excel မှာ Dashboard တစ်ခုတည်ဆောက်နည်း တို့လို practical project များစွာပါဝင်ပါတယ်။

အကောင်းဆုံးအချက်ကတော့ ဒီ Guided Project တွေမှာ တစ်ဘက်က Instructor ရဲ့ screen, တစ်ဘက်က ကိုယ့် workspace ရှိနေပြီး တစ်ချိန်တည်းမှာ လိုက်လုပ်လို့ရတာပါပဲ။

ပညာရပ်တစ်ခုကို ပြန်နွှေးချင်တဲ့သူတွေ၊ ကိုယ်က စာရလား၊ မရဘူးလား ပြန်စမ်းစစ်ချင်တဲ့ သူတွေနဲ့ ဒီဘာသာရပ်က စိတ်ဝင်စားစရာ ကောင်းလားဆိုတာကို စမ်းကြည့်ချင်တဲ့ အခြေအနေမျိုးတွေမှာ တကယ်ကို အဖိုးတန်တဲ့ features တစ်ခုပဲ ဖြစ်ပါတယ်။ စာမသင်ချင်ဘူး၊ Project ပဲ လုပ်ချင်တယ်ဆိုတဲ့ သူတွေအတွက် အဖြေပေါ့ ။

ဒါ့အပြင် Course တစ်ခုယူဖို့ တွေဝေနေတဲ့ အချိန်မှာ “/projects” ဆိုတဲ့ အောက်ကိုသွားပြီး ကိုယ်စိတ်ဝင်စားတဲ့ Tool တစ်ခုကို သုံးသင့်သလား၊ နားလည်သလား စမ်းသပ်ဖို့အတွက်လည်း အရမ်းအထောက်အကူဖြစ်ပါတယ်။

လေ့လာသူတွေအနေနဲ့ သင်ယူခြင်းဆိုတာ ရိုးရှင်းတဲ့ theory တွေကို သင်ယူရုံနဲ့တင်မပြီးဘဲ လက်တွေ့လုပ်တတ်ဖို့ပါ အရေးကြီးတယ်ဆိုတာ ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။

Project တစ်ခုချင်းစီ ပြီးတိုင်းမှာလည်း ကိုယ့် Portfolio ထဲထည့်လို့ရမယ့် output တစ်ခုရှိလာမှာဖြစ်မို့ ကိုယ့် Resume ရဲ့ Skill section ကိုလည်း ပိုပြီးခိုင်မာအောင် အထောက်အကူဖြစ်စေမှာပါ။

Project တွေလုပ်ပြီး Certificate ပါ အရယူချင်ရင်တော့ Coursera Premium ကို @kelvin_Coding_ForAll မှာ လာရောက်ဝယ်ယူလို့ ရပါတယ်။
3
IT Support ဆိုရင် ပြည်တွင်းမှာ ရုံးအကူလောက်ပဲ သဘောထားပေမယ့် IT နဲ့ ပတ်သတ်ပြီး Coursera မှာ သင်ယူမှု အများဆုံးသင်တန်းက Google ရဲ့ IT Support Professional Certificate ပါ။

ဒီ Course ကို လူပေါင်း 1.8M (၂ သန်း နီးပါး) တက်ရောက်သင်ကြားထားကြပြီး Review ကလည်း 4.8 out of 5 အထိရထားတဲ့ ရှာမှရှားတဲ့ Course တစ်ခုဖြစ်ပါတယ်။

ဘာလို့ ဒီ Course ကို ဒီလောက်တောင် တက်ကြလဲ ရှာကြည့်တော့ ပထမ အချက်က လုံးဝအခြေခံ သုညကနေစပြီး သင်ထားပေးတာ ဖြစ်လို့ပါ။
နောက်ပြီး IT Support အတွက် လိုအပ်တဲ့ အခြေခံကနေ အဆင့်မြင့် အထိ Step-by-Step သင်ကြားပေးထားတာပါ။

အဲ့တာကြောင့်ပဲ တစ်ရက်ကို တစ်နာရီလောက် လေ့လာမယ်ဆိုရင် ၆ လ လောက်အထိ လေ့လာရမယ့် ရှယ်ပလန်နဲ့ သင်ထားတဲ့ Course ပါ။ Google ကိုယ်တိုင် အတည်ပြုထားတဲ့ Certificate ဖြစ်တာကြောင့် လုပ်ငန်းခွင်မှာ အသိအမှတ်ပြုမှု အပြည့်ရပါတယ်။( Certificate ထုတ်လို့ရတဲ့ Coursera Premium ကို Page မှာ လာဝယ်လို့ရ)

ဒီ Course ရဲ့ အားသာချက်က Real-World Skills တွေကို ဦးစားပေးသင်ကြားပေးတာပါ။ Networking, Operating Systems, System Administration, Security နဲ့ Troubleshooting စတဲ့ အရေးကြီးတဲ့ IT အကြောင်းအရာတွေကို လက်တွေ့အသုံးချနိုင်အောင် Labs တွေ၊ Exercises တွေနဲ့ လေ့ကျင့်ခွင့်ရပါတယ်။ ဒါကြောင့် သင်ယူပြီးတာနဲ့ ချက်ချင်း အလုပ်ခွင်မှာ အသုံးပြုလို့ရပါတယ်။

Course မှာ Module ၅ ခု ရှိပြီး တစ်ခုချင်းစီက မတူညီတဲ့ IT နည်းပညာတွေကို လေ့လာရမှာပါ။ ပထမ Module က Technical Support Fundamentals ကိုသင်ရမှာဖြစ်ပြီး Computer Hardware, Software, Operating Systems (Windows, Linux, MacOS) အခြေခံတွေ၊ Troubleshooting Techniques တွေကို လေ့လာရပါမယ်။ ကွန်ပျူတာတစ်လုံး ဘယ်လိုအလုပ်လုပ်လဲ၊ ပြဿနာတက်ရင် ဘယ်လိုရှာဖွေဖြေရှင်းမလဲဆိုတာတွေကို လက်တွေ့ကျကျ သိရှိသွားမှာပါ။

ဒုတိယ Module မှာတော့ The Bits and Bytes of Computer Networking ကိုသင်ကြားရမှာဖြစ်ပါတယ်။ ဒီအပိုင်းမှာ Internet ဘယ်လိုအလုပ်လုပ်လဲ၊ IP Address, DNS, Cloud Computing, VPN, Wireless Networks စတဲ့ Networking အခြေခံတွေကို နားလည်သွားအောင် ရှင်းပြပေးထားပါတယ်။ လက်တွေ့မှာ Network Problem တွေကို Debug လုပ်နည်းတွေပါ သင်ရမှာမို့ IT Support အတွက် အရေးကြီးတဲ့ Skill တစ်ခုဖြစ်ပါတယ်။

တတိယ Module ကတော့ Operating Systems and You: Becoming a Power User ဖြစ်ပါတယ်။ Windows နဲ့ Linux Command Line တွေကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနည်း၊ File Systems, User Permissions, System Administration အခြေခံတွေကို လေ့လာရမှာပါ။ ဒီအပိုင်းက ကိုယ်တိုင် OS တွေကို Manage လုပ်နိုင်ဖို့ အထောက်အကူဖြစ်စေမှာပါ။

စတုတ္ထ Module မှာတော့ System Administration and IT Infrastructure Services ကိုသင်ရမှာဖြစ်ပြီး IT Infrastructure နဲ့ပတ်သက်တဲ့ အရေးကြီးတဲ့ Concepts တွေဖြစ်တဲ့ Servers, Data Centers, Cloud Services, Backup & Recovery, DevOps အခြေခံတွေကို လေ့လာရပါမယ်။

နောက်ဆုံး Module ဖြစ်တဲ့ IT Security: Defense Against the Digital Dark Arts မှာတော့ Cybersecurity အခြေခံတွေကို သင်ကြားရမှာဖြစ်ပါတယ်။ Encryption, Authentication, Network Security, Malware, Cyber Attacks တို့ကို ကာကွယ်နည်းတွေ သိရှိသွားမှာဖြစ်ပြီး ဒီအပိုင်းမှာ IT နယ်ပယ်က အရမ်းအရေးကြီးတဲ့ ဗဟုသုတတွေပါဝင်ပါတယ်။

IT Support နယ်ပယ်ဟာ လစာကောင်းပြီး အလုပ်အကိုင် အခွင့်အလမ်းများတဲ့ နေရာတစ်ခုပါ။ ဒီ Course ပြီးဆုံးရင် IT Support Specialist, Help Desk Technician, Network Administrator စတဲ့ အလုပ်တွေအတွက် အသင့်ဖြစ်နေမှာပါ။

IT ခေတ်ကြီးထဲမှာ ခေတ်နောက်ကျ မကျန်ခဲ့စေဖို့၊ လုပ်ငန်းခွင်ထဲမှာ အမြဲရှေ့ရောက်နေစေဖို့အတွက် ဒီ Course ကို တက်ရောက်ချင်တယ်ဆိုရင်တော့ @kelvin_Coding_ForAll မှာ Coursera Premium ကို လာရောက်ဝယ်ယူလို့ ရပါတယ်။ တစ်နှစ်စာကိုမှ ၉၅၀၀၀ ကျပ်သာ ကျသင့်မှာ ဖြစ်ပါတယ်။
1
AI တွေရဲ့ ရွှေခေတ်မှာ ရွှေတူးမယ့် AI Engineers အလုပ်အကိုင်တွေက တစ်နေ့တစ်ခြား ပိုမိုလိုအပ်လာနေပါတယ်

လူကြိုက်များ ရေပန်းစားလှတဲ့ AI Engineer တစ်ယောက်ဖြစ်ဖို့အတွက် ဘာတွေလိုအပ်သလဲ

ပထမဆုံးအနေနဲ့ Programming Language တွေကို ကျွမ်းကျင်စွာ တတ်မြောက်ထားဖို့လိုပါတယ်။ Python ဟာ AI နဲ့ Machine Learning မှာအသုံးအများဆုံးဖြစ်တဲ့အတွက် ဒီဘာသာစကားကိုဦးစားပေးသင်ကြားသင့်ပါတယ်။ ဒါ့အပြင် R, Java, သို့မဟုတ် C++ တို့ကိုလည်း လေ့လာထားရင် ပိုကောင်းပါတယ်။

ဒုတိယအနေနဲ့ Machine Learning, Deep Learning, Neural Networks စတဲ့ AI နည်းပညာရပ်တွေကို နားလည်ထားဖို့လိုပါတယ်။ TensorFlow, PyTorch လိုမျိုး Framework တွေကိုအသုံးပြုတတ်ဖို့လည်းအရေးကြီးပါတယ်။

AI Engineer တစ်ယောက်အနေနဲ့ Data နဲ့အလုပ်လုပ်ရမှာဖြစ်တဲ့အတွက် Data Science နဲ့ Data Analysis ကိုလည်း နားလည်ထားဖို့လိုပါတယ်။ Data Cleaning, Data Visualization, နဲ့ Statistical Analysis တွေကိုလုပ်ဆောင်နိုင်ဖို့အတွက် SQL, Pandas, NumPy, Matplotlib စတဲ့ Tools တွေကိုလေ့လာထားသင့်ပါတယ်။

ဒါ့အပြင် Cloud Computing Services တွေဖြစ်တဲ့ AWS, Google Cloud, Azure တို့ကိုလည်း အသုံးပြုတတ်ဖို့လိုအပ်ပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းအနေနဲ့ကြည့်မယ်ဆိုရင် AI Engineers တွေကို Tech Companies တွေ၊ Startup တွေ၊ Research Institutions တွေနဲ့အစိုးရအဖွဲ့အစည်းတွေမှာ အဓိကလိုအပ်နေပါတယ်။

AI နည်းပညာကို Healthcare, Finance, E-commerce, Automotive, နဲ့ Entertainment အပါအဝင် နယ်ပယ်အသီးသီးမှာ အသုံးချနေတဲ့အတွက် အလုပ်အကိုင်အမျိုးအစားတွေကလည်းစုံလင်ပါတယ်။ ဒါ့ကြောင့် AI နယ်ပယ်မှာအလုပ်လုပ်ချင်တဲ့သူတွေအနေနဲ့ ကိုယ်စိတ်ဝင်စားရာနယ်ပယ်ကိုရွေးချယ်ပြီး Specialize လုပ်နိုင်ပါတယ်။

AI Engineer တစ်ယောက်ဖြစ်ဖို့ အခြေခံကောင်းတွေကို ရချင်တယ်ဆိုရင် Free တက်လို့ရတဲ့ ဒီ Course တွေကို တက်ကြည့်ပါ။ Certificate ပါ ထုတ်ချင်တယ်ဆိုရင်တော့ Coursera Premium ကို Page မှာ လာဝယ်လို့ ရပါတယ်။

1. AI For Everyone by Andrew Ng

DeepLearning AI ရဲ့ founder ကိုယ်တိုင် သင်ပေးထားတဲ့ ဒီသင်တန်းလေးက AI ကို အခုမှစလေ့လာမယ့်သူတွေအတွက် အကောင်းဆုံးအစပါ။ AI ရဲ့ အခြေခံသဘောတရားတွေ၊ Machine Learning နဲ့ Deep Learning အကြောင်း၊ AI Project တစ်ခုကို ဘယ်လိုစီမံဆောင်ရွက်မလဲ ဆိုတာတွေကို Andrew Ng ကိုယ်တိုင် ရှင်းပြထားတာဖြစ်ပါတယ်။ နည်းပညာနောက်ခံမရှိသူတွေတောင် လွယ်လွယ်ကူကူနားလည်နိုင်မှာပါ။
🔗 https://www.coursera.org/learn/ai-for-everyone

2. IBM AI Engineering Professional Certificate

AI Engineer တစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့ Machine Learning, Deep Learning, Neural Networks နဲ့ TensorFlow, PyTorch လို Tools တွေကို လက်တွေ့သုံးတတ်အောင် သင်ကြားပေးမယ့် သင်တန်းဖြစ်ပါတယ်။ Python နဲ့ AI Model တွေဘယ်လိုတည်ဆောက်မလဲ၊ Data ကိုဘယ်လိုကိုင်တွယ်မလဲဆိုတာ Project တွေနဲ့တကွ လေ့ကျင့်ရမှာပါ။
🔗 https://www.coursera.org/professional-certificates/ai-engineer

3. Deep Learning Specialization

Deep Learning ကို နက်နက်နဲနဲလေ့လာချင်သူတွေအတွက် အကောင်းဆုံးသင်တန်းပါ။ Neural Networks, CNN, RNN, NLP နဲ့ AI System Design အထိ စနစ်တကျသင်ကြားထားတာမို့ AI Researcher ဒါမှမဟုတ် ML Engineer တစ်ယောက်ဖြစ်ဖို့ လမ်းစပေါ်ကို တင်ပေးနိုင်မယ့် သင်တန်းဖြစ်ပါတယ်။
🔗 https://www.coursera.org/specializations/deep-learning

4. Google Data Science Professional Certificate

Data Science နဲ့ AI က ဆက်စပ်နေတာမို့ ဒီသင်တန်းကိုလည်း ထည့်သွင်းဖော်ပြလိုက်ပါတယ်။ Data Analysis, Python, SQL, Machine Learning အခြေခံတွေကို Google ကနေသင်ကြားပေးထားတာဖြစ်ပြီး Data-Driven AI Solutions တွေဘယ်လိုတည်ဆောက်မလဲဆိုတာ လေ့လာနိုင်မှာပါ။
🔗 https://www.coursera.org/professional-certificates/google-data-analytics

5. Machine Learning Specialization

Machine Learning ကို စနစ်တကျလေ့လာချင်သူတိုင်း မဖြစ်မနေတက်သင့်တဲ့ သင်တန်းပါ။ Supervised/Unsupervised Learning, Model Evaluation, Python with Scikit-Learn စတဲ့ အရေးကြီးတဲ့ Concepts တွေကို လက်တွေ့ဥပမာတွေနဲ့ ရှင်းပြထားပါတယ်။
🔗 https://www.coursera.org/specializations/machine-learning-introduction

6. Natural Language Processing Specialization

AI မှာ NLP (စကားပြော၊ စာသား နားလည်နိုင်တဲ့ နည်းပညာ) က အရမ်းအရေးကြီးပါတယ်။ ChatGPT, Translation, Sentiment Analysis လို Application တွေဘယ်လိုတည်ဆောက်မလဲဆိုတာ ဒီသင်တန်းမှာ သင်ကြားရမှာဖြစ်ပါတယ်။ TensorFlow နဲ့ NLP Models တွေကို လက်တွေ့လုပ်ဆောင်ရမယ့် Projects တွေပါဝင်ပါတယ်။
🔗 https://www.coursera.org/specializations/natural-language-processing
3
တကယ်ကောင်းတဲ့ Course တွေဖြစ်လို့ နောက်မှ လုပ်မယ်ဆိုတာမျိုး မဟုတ်ပဲ စမ်းပြီး တက်ကြည့်ပါ။ Assignment တွေလုပ်ပြီး Certificate ပါ ထုတ်ချင်တယ်ဆိုရင်တော့ Coursera Premium ကို @kelvin_Coding_ForAll မှာ လာရောက်ဝယ်ယူလို့ ရပါတယ်။
AI Model တွေဟာ လူသားတွေရဲ့ ဦးနှောက်လိုပဲ အလိုအလျောက် သင်ယူနိုင်စွမ်းရှိပါတယ်။

ဒါပေမယ့် သူတို့က စာအုပ်ဖတ်ပြီး မှတ်သားတာမျိုး မဟုတ်ဘဲ၊ Data တွေကို ကြီးမားတဲ့ ပမာဏနဲ့ လေ့ကျင့်ပေးရတာပါ။ ဥပမာ ကလေးတစ်ယောက်ကို ကြောင်နဲ့ ခွေးကွဲပြားအောင် မကြာခဏ ပြသလို့ သင်ပေးသလိုမျိုးပါ။ AI အတွက်ကတော့ ကြောင်ပုံသန်းချီ၊ ခွေးပုံသန်းချီကို ကြည့်ပြီး ကိုယ်တိုင် Pattern တွေကို ခွဲခြားသင်ယူရတာပါ။

AI Model တွေရဲ့ သင်ယူမှုဖြစ်စဉ်ကို ရိုးရိုးရှင်းရှင်း ပြောရရင် "အမှား" ကနေ "အမှန်" ကို ရှာဖွေတဲ့ ရတာပါ။ ဥပမာ AI ကို ဓာတ်ပုံတစ်ပုံကြည့်ပြီး "ဒါ ကြောင်လား ခွေးလား" မေးရင်၊ အစပိုင်းမှာ သူ့ရဲ့အဖြေက မှားနိုင်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ Algorithm က အဖြေမှန်ကို သိရင်၊ နောက်တစ်ခါ အလားတူပုံမျိုးနဲ့ကြုံရင် ပိုမှန်အောင် ပြင်ဆင်သွားပါတယ်။ ဒီလိုနဲ့ Data များများပေးလေ၊ AI ရဲ့တိကျမှုက တိုးတက်လာလေ ဖြစ်လာတာပါ။

ဒီလို သင်ယူမှုမျိုးကို လုပ်ဆောင်နိုင်ဖို့ AI Model တွေမှာ Neural Networks (အာရုံကြောကွန်ရက်တု) ဆိုတဲ့ စနစ်တွေ ပါဝင်ပါတယ်။ ဒီစနစ်က လူ့ဦးနှောက်ရဲ့ အာရုံကြောဆက်သွယ်မှုကို အခြေခံထားတာပါ။ Data တွေကို Layer (အလွှာ) တွေ ခွဲပြီး ဆင်ခြင်သုံးသပ်ကာ၊ နောက်ဆုံးမှာ အကောင်းဆုံး အဖြေကို ထုတ်ပေးနိုင်အောင် လေ့ကျင့်ပေးရတာပါ။

ဒီဖြစ်စဉ်ကို ပိုနားလည်ချင်ရင် ကိုယ်တိုင်လည်း AI Tools တွေနဲ့ စမ်းကြည့်လို့ရပါတယ်။ ဥပမာ Google Teachable Machine လိုမျိုး အခမဲ့ Tool တွေသုံးပြီး ကိုယ်ပိုင် Image Model လေးတွေ ဆော့ကစားကြည့်နိုင်ပါတယ်။ ကိုယ်ပုံတွေ Upload လုပ်ပြီး AI ကို ဘယ်လို ခွဲခြားသင်ယူစေတယ်ဆိုတာ လက်တွေ့မြင်ရင် ပိုရှင်းသွားမှာပါ။

AI Model တွေ ပိုကောင်းအောင် သင်ယူနိုင်ဖို့အတွက် ပထမ၊ Data က အရည်အသွေးကောင်းဖို့လိုပါတယ်။ အချက်အလက်တွေ များနိုင်သမျှများများ၊ ရှင်းရှင်းလင်းလင်းဖြစ်ဖို့ လိုပါတယ်။ ဒုတိယ၊ AI ကို ထပ်ခါထပ်ခါ လေ့ကျင့်ပေးဖို့ လိုပါတယ်။ လူတွေလိုပဲ လေ့ကျင့်မှုများမှ တိုးတက်မှာပါ။ တတိယ၊ ရလာတဲ့ Output (ရလဒ်) တွေကို အမြဲစစ်ဆေးပါ။ ဘယ်နေရာမှားနေလဲ၊ ဘာကြောင့်မှားနေလဲဆိုတာ သိရင် AI ကို ပိုကောင်းအောင် ပြုပြင်ပေးလို့ရပါတယ်။

AI နည်းပညာက လူသားတွေရဲ့ ဘဝကို အများကြီး အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် AI ကို ကြောက်မယ့်အစား၊ သူ့ရဲ့ အလုပ်လုပ်ပုံကို နားလည်ပြီး ကိုယ်တိုင် အသုံးချတတ်ဖို့ လိုပါတယ်။

အပေါ်မှာ ပြောခဲ့တာတွေက AI တွေအကြောင်းနဲ့ AI Engineers တွေ ဘယ်လို အလုပ်လုပ်ရသလဲ ဆိုတာပါ။ စိတ်ဝင်စားလို့ AI Engineering ကို လေ့လာချင်တယ်ဆိုရင်တော့ အောက်က Course တွေကို ညွှန်းပေးချင်ပါတယ်။ ဆုံးအောင် ဖတ်ကြည့်ပါ။

https://www.facebook.com/share/p/1BpYnZB3DW/
5
English စာကို သူငယ်တန်းကတည်းက သင်ခဲ့ရပေမယ့် တော်တော်များများက မရကြပါဘူး။

စနစ်မကျတဲ့ သင်ကြားရေးစနစ်တွေ၊ သင်ရိုးတွေနဲ့ သင်ကြားခဲ့ရပြီး အလွတ်ကျက်၊ အလွတ်ဖြေပုံစံမျိုးနဲ့ပဲ အောင်လာကြတာပါ။ တကယ်တတ်လားဆိုတော့ မတတ်ပါဘူး။

အခုခေတ်မှာ အလျင်အမြန် တိုးတက်လာတဲ့ AI တွေကြောင့် English စာရဲ့ အရေးပါမှုကို လူတိုင်းနားလည်လာကြပါတယ်။ English စာကို ကျွမ်းကျွမ်းကျင်ကျင်ဖြစ်အောင် သင်ယူလာချင်ကြတာကို တော်တော်များများ တွေ့ရ၊ ကြားရပါတယ်။ ခက်တာက လူတိုင်းလိုလို ဘယ်ကနေ စပြီး သင်ရမလဲ မသိကြတာပါ။

English စာကောင်းကောင်းတတ်မှ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုရှိလာမယ်၊ နိုင်ငံတကာနဲ့ ဆက်သွယ်လို့ရမယ်၊ အချက်အလက်တွေကို မြန်မြန်ဆန်ဆန် ရှာဖွေနိုင်မယ်၊ အဓိကကတော့ AI Tools တွေ၊ Online Courses တွေကို ပိုပြီး အကျိုးရှိရှိသုံးနိုင်မယ်။

ဒါကြောင့် English စာကို သင်ယူချင်တဲ့သူတွေအတွက် နိုင်ငံတကာသင်ရိုးတွေနဲ့ စနစ်တကျ သင်ကြားပေးထားတဲ့ Coursera က အကောင်းဆုံး English Courses တွေကို ရွေးချယ်ဖော်ပြလိုက်ပါတယ်

1. Improve Your English Communication Skills (Georgia Institute of Technology)

ဒီသင်တန်းမှာ Speaking, Writing, Listening, Presentation Skills တွေကို အဓိကထားသင်ကြားပေးပါတယ်။ Business English, Email Writing, Professional Communication တို့ကိုပါ လေ့လာရမှာဖြစ်ပြီး အလုပ်အကိုင်အတွက် အထောက်အကူဖြစ်စေမယ့် အခြေခံအားလုံးပါဝင်ပါတယ်။
🔗https://www.coursera.org/specializations/improve-english

2. Business English Communication Skills (University of Washington)

Business နဲ့ Professional Setting တွေမှာ English ကို ဘယ်လိုသုံးရမလဲဆိုတာ အဓိကသင်ပေးတဲ့ သင်တန်းဖြစ်ပါတယ်။ Meetings, Negotiations, Networking, Email Writing စတဲ့ အရေးကြီးတဲ့ Skills တွေကို လေ့ကျင့်ပေးပါတယ်။
🔗https://www.coursera.org/specializations/business-english

3. English for Career Development (University of Pennsylvania)

အလုပ်အကိုင်ရှာဖွေရာမှာ အထောက်အကူဖြစ်စေမယ့် Resume Writing, Interview Skills, Networking တို့ကို အဓိကထားသင်ကြားပေးပါတယ်။ အထူးသဖြင့် အလုပ်လျှောက်နေသူတွေ၊ ကိုယ့် Career ကို Upgrade လုပ်ချင်သူတွေအတွက် အရမ်းအသုံးဝင်ပါတယ်။
🔗https://www.coursera.org/learn/english-career-development

4. Learn English: Advanced Academic Speaking and Listening (University of California, Irvine)

ဒီသင်တန်းက Academic English (တက္ကသိုလ်တက်ရောက်မယ့်သူတွေ၊ Research လုပ်မယ့်သူတွေ) အတွက် အထူးရည်ရွယ်ပါတယ်။ Lecture တွေကို နားလည်ဖို့၊ Presentation လုပ်ဖို့၊ Discussion တွေမှာ ပါဝင်ဖို့ Skills တွေကို သင်ကြားပေးပါတယ်။
🔗https://www.coursera.org/specializations/speaking-listening

5. TESOL Certificate, Part 1: Teach English Now! (Arizona State University)

ဒီ Professional Certificate က အင်္ဂလိပ်စာသင်ကြားချင်သူတွေ (ဆရာ/ဆရာမတွေ) အတွက် ရည်ရွယ်ပါတယ်။ Teaching Methods, Lesson Planning, Classroom Management စတဲ့ လိုအပ်တဲ့ Skills တွေကို သင်ယူရမှာဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှာ အသိအမှတ်ပြုပါတယ်။
🔗https://www.coursera.org/professional-certificates/tesol

ဒါတွေအားလုံးကို ၉၅၀၀၀ ကျပ်ထဲနဲ့ တက်ရောက်နိုင်ပြီး တက္ကသိုလ်ကြီးတွေကပေးတဲ့ Certificate ပါရရှိမှာဖြစ်ပါတယ်။ တက်ရောက်ချင်တယ်ဆိုရင်တော့ @kelvin_Coding_ForAll မှာ Coursera ဆိုပြီး လာပြောလိုက်ရုံပါပဲ။
4
မြန်မာနိုင်ငံ အနေအထားနဲ့ UI/UX က မလိုဘူးလား

ထားပါတော့ ကိုယ်ယူရမယ့် အိမ်ထောင်ဖက်က ရုပ်ရည်သွင်ပြင်ရော၊ စိတ်နေစိတ်ထားပါ မကောင်းဘူးဆိုရင် ဘယ်သူက ယူချင်မလဲ

ဒီအတိုင်းပါပဲ ကိုယ်သုံးနေတဲ့ App တွေ၊ website တွေကိုလည်း အပြင်အဆင်လေးလှနေမှ၊ သုံးရတာ ချောမွေ့နေမှ သုံးချင်ကြတာ သဘာဝပါပဲ။ ဒါ့ကြောင့် မြန်မာလို နိုင်ငံမျိုးမှာလည်း UI/UX က အရေးပါပါတယ်။

UI (User Interface) ဆိုတာက မျက်စိနဲ့မြင်ရတဲ့ အပြင်အဆင်ပါ။ Button တွေ၊ Color တွေ၊ Layout တွေ၊ Font တွေ အကုန်လုံးက UI ထဲမှာပါတယ်။

UX (User Experience) ကတော့ သုံးရတဲ့အခါ ဘယ်လိုခံစားရလဲဆိုတာပါ။ App တစ်ခုကို ဖွင့်လိုက်တာနဲ့ Loading အကြာကြီးစောင့်ရတာ၊ Button တွေကိုနှိပ်ရခက်တာ၊ လိုချင်တာကို လွယ်လွယ်မရှာနိုင်တာ စတဲ့အရာတွေက UX မကောင်းလို့ပါ။

ဥပမာ - Facebook ကို ဖွင့်လိုက်ပါ။ အားလုံးသိတဲ့အတိုင်း သူ့မှာ Color Scheme, Icon, Layout တွေက သေသေသပ်သပ်နဲ့ လှပါတယ်။ ဒါက UI ကောင်းတယ်ဆိုတဲ့သဘောပါ။ သုံးရတာအဆင်ပြေပြီး လိုချင်တာကို အလွယ်တကူရှာနိုင်တယ်ဆိုရင် UX လည်းကောင်းတယ်လို့ ပြောလို့ရပါတယ်။

ဒီတော့ Developer ဖြစ်ဖြစ်၊ Business လုပ်နေတဲ့သူပဲဖြစ်ဖြစ် UI/UX ကို လျစ်လျူရှုလို့မရပါဘူး။ ဘာလို့လဲဆိုတော့ App နှစ်ခုက လုပ်ဆောင်တာချင်း တူရင်တောင်မှ လူတွေက လှပပြီး အဆင်ပြေတဲ့ဟာကိုပဲ ရွေးချယ်ကြတာမို့လို့ပါ။ App ကောင်းကောင်းတစ်ခု ဖြစ်ဖို့ဆိုရင် UI/UX နှစ်ခုလုံးက ကောင်းနေဖို့ လိုပါတယ်။

Design ပိုင်းကိုလည်း ဝါသနာပါတယ်၊ Tech Industry ထဲမှာလည်း နေရာရချင်တယ်ဆိုရင် UI/UX Career က အကောင်းဆုံး ရွေးချယ်မှု တစ်ခု ဖြစ်ပါလိမ့်မယ်။

ဆိုတော့ Tech Inductry ဒီလောက်အရေးပါတဲ့ UI/UX ကို လေ့လာလိုသူတွေအတွက် Project တွေပါ လုပ်ရပြီး Certificate ပါရမယ့် Course ကောင်းကောင်းလေးတွေကို ညွှန်းပေးလိုက်ပါတယ်( Certificate ထုတ်ဖို့အတွက် Coursera Premium ကို Page မှာ လာဝယ်လို့ရ )

1. Google UX Design Professional Certificate

ဒီ Course က Google ကိုယ်တိုင်ကပြင်ဆင်ထားတာဖြစ်ပြီး UX Research, Wireframing, Prototyping, Figma အသုံးပြုနည်းနဲ့ Portfolio တည်ဆောက်နည်းတွေကို လက်တွေ့ကျကျ သင်ကြားပေးမှာပါ။ ဒီ Certificate ရပြီးရင် Entry-Level UX Designer Jobs တွေအတွက် အဆင်သင့်ဖြစ်သွားမှာပါ။
🔗https://www.coursera.org/professional-certificates/google-ux-design

2. UI/UX Design Specialization – California Institute of the Arts

UI/UX Design ရဲ့ အခြေခံကနေ Visual Design, User Research, Interaction Design တွေကို Project-Based Learning နဲ့ သင်ယူရမှာဖြစ်ပါတယ်။ Artistic Approach နဲ့ Design Thinking ကို ပေါင်းစပ်ထားတဲ့ ဒီ Course က Creative Designers တွေအတွက် အကောင်းဆုံးရွေးချယ်မှုပါ။
🔗https://www.coursera.org/specializations/ui-ux-design

3. Interaction Design Specialization – University of California San Diego

User-Centered Design နဲ့ Prototyping Tools (Figma, Adobe XD) တွေကို အဓိကထားသင်ကြားပေးမယ့် Course ဖြစ်ပါတယ်။ Human-Computer Interaction (HCI) နဲ့ Usability Testing ကိုပါ နားလည်လာမှာဖြစ်လို့ Tech Industry အတွက် ပြင်ဆင်ချင်သူတွေ တက်သင့်ပါတယ်။
🔗https://www.coursera.org/specializations/interaction-design

4. UX Design & Research – University of Michigan

UX Research Methods, Data Analysis, နဲ့ Usability Studies တွေကို လေ့လာမယ့် Course ဖြစ်ပါတယ်။ ဒီ Course ပြီးရင် User Needs ကို ဘယ်လို Identify လုပ်မလဲ၊ ဘယ်လို Effective Design တွေဆွဲမလဲဆိုတာ ကျွမ်းကျင်လာမှာပါ။
🔗https://www.coursera.org/specializations/user-experience-research-and-design

5. Graphic Design Specialization – California Institute of the Arts

UI/UX အတွက် အရေးကြီးတဲ့ Graphic Design အခြေခံ (Typography, Color Theory, Layout) တွေကို လေ့လာချင်သူတွေအတွက် အကောင်းဆုံး Course ပါ။ Branding နဲ့ Visual Communication Skills တွေပါ တိုးတက်လာမှာဖြစ်ပါတယ်။
🔗https://www.coursera.org/specializations/graphic-design

6. UX/UI Design Specialization

Figma, Adobe XD နဲ့ Real-World Projects တွေကို Hands-On လုပ်ရင်း UI/UX Skills တွေကို ရှာဖွေနိုင်မယ့် Course ဖြစ်ပါတယ်။ Quick Learning လုပ်ချင်သူတွေအတွက် ကောင်းမွန်တဲ့ Option ပါ။
🔗https://www.coursera.org/specializations/ui-ux-design

ဒါတွေအားလုံးကို Coursera မှာ လေ့လာလို့ရပါတယ်။ Coursera က ဘာလဲ၊ ဘယ်လို လေ့လာရမလဲ၊ ဘာတွေလေ့လာလို့ရလဲ သိချင်ရင် အောက်က link ထဲမှာ စုစည်းပေးထားပါတယ် 👇
https://www.facebook.com/share/p/1Lb9RpzX3s/

Assignment တွေဖြေပြီး Certificate ထုတ်ဖို့ Cousera Premium လိုအပ်တယ်ဆိုရင် Page ကိုသာ hello လိုက်ပါ။
2
အနာဂတ် Website တွေရဲ့ အသက်သွေးကြော ဖြစ်လာမယ့် Serverless Architecture

Serverless Architecture ဆိုတော့ နာမည်အတိုင်း Server မလိုဘူးလားလို့ တွေးမိမယ်ထင်ပါတယ်

တကယ်တော့ Server လိုပါတယ်၊ ဒါပေမယ့် Developer တွေကိုယ်တိုင် Infrastructure, Scaling, နဲ့ Maintenance တွေကို Management လုပ်စရာမလိုဘဲ Cloud Provider (AWS, Azure, Google Cloud) တွေက အလိုအလျောက် ကိုင်တွယ်ပေးတဲ့ System တစ်ခုပါ။

Serverless Architecture ရဲ့ အဓိက အားသာချက်က Developer တွေအနေနဲ့ Code ရေးပြီး Application Logic အပေါ်မှာပဲ Focus လုပ်လို့ရတာပါ။ Infrastructure Management, Scaling, Maintenance စတဲ့ Complex အပိုင်းတွေကို Cloud Provider တွေက သူ့ဘာသာသူ Handle လုပ်ပေးပါတယ်။

ဥပမာ - ကိုယ့်ရဲ့ Website ကို Visit လုပ်သူ အရေအတွက် တိုးလာရင် Auto-Scale လုပ်ပေးမယ်၊ Traffic နည်းသွားရင်လည်း သူ့ဘာသာသူ Scale Down လုပ်ပေးမယ်။ ဒါ့ကြောင့် ကိုယ့်အနေနဲ့ Cost ကိုလည်း Optimize လုပ်လို့ရပြီး Performance ကိုလည်း စိတ်ချရပါတယ်။

ဒီတစ်ခါမှာတော့ Cloud Provider တွေကိုယ်တိုင် သင်ကြားပေးထားပြီး Serverless Architecture အကြောင်းကို အသေအချာ လေ့လာရမယ့် Course တွေကို ပြောပြပေးချင်ပါတယ်

1. AWS Fundamentals Specialization (by AWS)

AWS ရဲ့ Core Services တွေကို လေ့လာပြီး Serverless Computing (Lambda, API Gateway, DynamoDB) ကို ဘယ်လိုအသုံးပြုမလဲဆိုတာ သင်ယူရမှာဖြစ်ပါတယ်။ ဒီ Specialization က AWS Cloud ကို စတင်လေ့လာသူတွေအတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပြီး Hands-on Labs တွေနဲ့ Real-world Scenarios တွေကို လေ့ကျင့်ခွင့်ရမှာပါ။
https://www.coursera.org/specializations/aws-fundamentals

2. Developing Applications with Google Cloud Specialization (by Google Cloud)

Google Cloud ပေါ်မှာ Serverless Apps တွေကို ဘယ်လို Develop လုပ်မလဲဆိုတာ သင်ပေးမယ့် သင်တန်းဖြစ်ပါတယ်။ Cloud Functions, Firebase, နဲ့ App Engine တို့ကို အသုံးပြုပြီး Scalable Applications တွေ တည်ဆောက်နည်းကို Step-by-Step လေ့လာရမှာပါ။ Google Cloud ကို စိတ်ဝင်စားသူတွေအတွက် အကောင်းဆုံး Course တစ်ခုပါ။
https://www.coursera.org/specializations/developing-apps-gcp

3. Microsoft Azure Serverless Functions (by Microsoft)

Azure Functions ကို အသုံးပြုပြီး Serverless Applications တွေ ဘယ်လိုရေးသားမလဲဆိုတာ လေ့လာရမယ့် Professional Course ဖြစ်ပါတယ်။ Event-Driven Architectures, Serverless APIs, နဲ့ Microservices တွေကို Azure ပေါ်မှာ ဘယ်လိုတည်ဆောက်မလဲဆိုတာ လက်တွေ့ကျကျ သင်ယူနိုင်မှာပါ။
https://www.coursera.org/learn/serverless-azure-functions

4. Serverless Data Processing with Dataflow (by Google Cloud)

Data Processing နဲ့ Big Data အလုပ်တွေကို Serverless Approach နဲ့ ဘယ်လိုလုပ်ဆောင်မလဲဆိုတာ လေ့လာရမယ့် သင်တန်းဖြစ်ပါတယ်။ Google Cloud Dataflow ကို အသုံးပြုပြီး Stream & Batch Processing တွေကို ဘယ်လိုလုပ်မလဲဆိုတာ သိရှိရမှာဖြစ်ပါတယ်။ Data Engineers တွေနဲ့ Developers တွေအတွက် အထူးသင့်တော်ပါတယ်။
https://www.coursera.org/learn/serverless-data-processing

5. IBM Full Stack Cloud Developer Professional Certificate (by IBM)

Cloud-Native Apps တွေကို Full Stack Approach နဲ့ ဘယ်လိုတည်ဆောက်မလဲဆိုတာ သင်ပေးမယ့် Professional Certificate ဖြစ်ပါတယ်။ ဒီသင်တန်းမှာ Serverless Backends (IBM Cloud Functions), APIs, နဲ့ Frontend Integration တွေကို လေ့လာရမှာဖြစ်ပြီး End-to-End Projects တွေနဲ့ လက်တွေ့လုပ်ဆောင်ခွင့်ရမှာပါ။
https://www.coursera.org/learn/serverless-data-processing

ဒါတွေအားလုံးကို ၉၅၀၀၀ ကျပ်ထဲနဲ့ လေ့လာပြီး Certificate ပါထုတ်လို့ရမယ့် Coursera Premium ကို Page မှာ လာရောက်ဝယ်ယူလို့ ရပါတယ်။
https://www.facebook.com/share/p/1Lb9RpzX3s/
2
နောက် ၅ နှစ်လောက်နေရင် Web Development က ဘာတွေဖြစ်လာနိုင်လဲ ။ Developer တွေအနေနဲ့ ဘာတွေကို ကြိုလေ့လာထားသင့်လဲ။

ပထမဆုံး ပြောချင်တာက AI & Machine Learning Integration ပါ။ Web Development မှာ AI က အရမ်းအသုံးဝင်လာပါပြီ။ ChatGPT, Copilot, Auto-Coding Tools တွေက Developer တွေရဲ့ အလုပ်မှာ အရမ်းကို အရေးပါလာပါပြီ။

နောင်တစ်ချိန်မှာ AI က Code ရေးတာ၊ Debug လုပ်တာ၊ Full Project Design တောင် အလိုအလျောက်လုပ်ပေးနိုင်လာမယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် AI က Developer တွေကို အစားထိုးသွားမယ်လို့ မဆိုလိုပါဘူး။ သူတို့ကို Tool အဖြစ်သုံးပြီး ပိုကောင်းတဲ့ Product တွေ ဖန်တီးနိုင်မှာပါ။

နောက်တစ်ခုက Progressive Web Apps (PWAs) & Web3 တို့ရဲ့ တိုးတက်မှုပါ။ PWAs က Native App တွေလောက် Performance ကောင်းပြီး Offline အထိ အလုပ်လုပ်နိုင်တာကြောင့် ပိုမိုခေတ်စားလာပါတယ်။

Web3 နဲ့ Blockchain-Based Web Apps တွေကလည်း Decentralized Internet ရဲ့ အနာဂတ်ကို ဖော်ဆောင်နေပါတယ်။ ဒါကြောင့် Web3, Smart Contracts, DApps စတဲ့ Concept တွေကို လေ့လာထားဖို့ အရေးကြီးပါတယ်။

Serverless & Edge Computing ကလည်း Web Development ရဲ့ အနာဂတ်မှာ အရေးပါလာမှာပါ။ Serverless Architecture ကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပြီး Edge Computing နဲ့ပေါင်းပြီး Latency နည်းတဲ့၊ High-Performance Web Apps တွေ တည်ဆောက်လာနိုင်ပါတယ်။

ဒါ့အပြင် Low-Code/No-Code Platforms တွေလည်း ပိုမိုတွင်ကျယ်လာပါတယ်။ ဒီ Tools တွေက Non-Developer တွေတောင် Web Apps တွေ ဖန်တီးနိုင်အောင် ကူညီပေးပါတယ်။ ဒါပေမယ့် Professional Developer တွေအနေနဲ့ ဒီ Platform တွေရဲ့ နောက်ကွယ်က Logic တွေကို နားလည်ထားဖို့ လိုပါတယ်။

အနာဂတ်မှာ Cross-Platform Development (Web + Mobile) က ပိုအရေးကြီးလာပါလိမ့်မယ်။ React Native, Flutter, Tauri လို Framework တွေက Web & Mobile ကို တစ်ခါတည်း Develop လုပ်နိုင်ပြီး နောက်ပိုင်းမှာ ပိုမိုကောင်းမွန်လာမှာပါ။

ဒီတော့ ဘာတွေပြင်ဆင်ထားသင့်လဲ ?

✔️ AI Tools တွေကို စမ်းသုံးကြည့်ပါ (GitHub Copilot, ChatGPT)

✔️ Web3 & Blockchain အခြေခံတွေကို စတင်လေ့လာပါ

✔️ Serverless & Edge Computing ကို လက်တွေ့ Project တွေမှာ စမ်းသုံးပါ

✔️ Cross-Platform Development ကို ကျွမ်းကျင်အောင် လေ့ကျင့်ပါ

Web Development က ဘယ်တော့မှ ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ နည်းပညာအသစ်တွေကို လေ့လာမယ်၊ စမ်းသပ်မယ်၊ အကောင်းဆုံး Tools တွေကို ရွေးချယ်အသုံးပြုမယ်ဆိုရင် အနာဂတ်မှာ အောင်မြင်မှုတွေ ရရှိမှာပါ။

Web Development ကို အခုမှ စမယ်ဆိုရင်တော့ ဒီကနေ အဆင့်ဆင့် လေ့လာသွားလိုက်ပါ။
https://www.facebook.com/share/p/193SUoyvfL/
11
LinkedIn Premium ကို ပုံမှန်စျေးထက် 80% ပိုပြီး သက်သာတဲ့ စျေးနဲ့ Page မှာ ယူလို့ရပါပြီ။ ပုံမှန်စျေးနဲ့ Page မှာရောင်းတဲ့ စျေးကို အောက်မှာ နှိုင်းယှဥ်ပြထားပါတယ်။

🔺 Normal Price (US dollar)

3 Month -> $119.97
6 Month -> $239.94
1 year -> $239.88
(သူက 1 year တခါထဲ ဝယ်ရင် 50% OFF တာပါ)

Available Price (Myanmar Kyat)

3 Month -> 99000 ks
6 Month -> 189000 ks
1 year -> 299000 ks

LinkedIn Career Premium မှာ ဘာတွေပါမလဲဆိုရင်

📌 InMail Credits:
Connection မရှိသေးတဲ့ ကုမ္ပဏီက HR တွေ၊ Hiring Manager တွေကို တိုက်ရိုက် Message ပို့ပြီး ဆက်သွယ်နိုင်မယ်။

📌 Who Viewed Your Profile:
လွန်ခဲ့တဲ့ ရက်ပေါင်း ၃၆၅ ရက်အတွင်း ကိုယ့် Profile ကို ဘယ်သူတွေ လာကြည့်သွားလဲဆိုတာ အသေးစိတ် သိရှိနိုင်မယ်။

📌 LinkedIn Learning:
Skill အသစ်တွေ လေ့လာဖို့အတွက် သင်တန်းပေါင်း ၂၀,၀၀၀ ကျော်ကို အကန့်အသတ်မရှိ တက်ရောက်ခွင့် ရရှိမယ်။

📌 Applicant Insights:
အလုပ်လျှောက်တဲ့အခါ တခြားသူတွေနဲ့ယှဉ်ရင် ကိုယ်က ဘယ်အဆင့်မှာ ရှိနေလဲဆိုတာကို Data တွေနဲ့ အတိအကျ ကြည့်နိုင်မယ်။

📌 Top Applicant:
ကိုယ့်ရဲ့ Skill နဲ့ အကိုက်ညီဆုံး အလုပ်တွေကို ဦးစားပေး ဖော်ပြပေးတဲ့အတွက် အလုပ်ရဖို့ အခွင့်အလမ်း ပိုများစေပါတယ်။

ဒါ့အပြင် ပေးနေကျ Promotion တွေဖြစ်တဲ့

အရင်က တစ်ခုခု ၀ယ်ဖူးရင် 10% Discount
၀ယ်ဖူးတဲ့ သူငယ်ချင်းနာမည်ပြော၀ယ်ရင် 10% Discount ရမယ့်အပြင်
Canva Edu Pro ကိုပါ လက်ဆောင်ပေးသွားမှာပါ။

ဝယ်ယူချင်တယ်ဆိုရင် LinkedIn Premium လို့သာ စာပို့လိုက်ပါ။

Admin ရဲ့ Account ပါခင်ဗျာ

@kelvin_Coding_ForAll

ကိုယ်ပိုင် mail ၊ ကိုယ်ပိုင် account နဲ့ သုံးလို့ရမယ့်အပြင် သုံးလက်စ LinkedIn Account တွေကိုပါ Premium တိုးလို့ရမှာပါ။
7🔥1
၂၀၂၆ ခုနှစ်မှာ Web Development ဟာ AI နည်းပညာတွေ ပေါင်းစပ်လာတာကြောင့် အရင်ကထက် လေ့လာရတာ ပိုပြီးထိရောက်မြန်ဆန်လာပါတယ်။ အခုမှ စတင်လေ့လာမယ့် Beginner တစ်ယောက်ဆိုရင် "ဘယ်ကစရမလဲ" ဆိုတဲ့ မေးခွန်းအတွက် အဖြေကတော့ ရှင်းပါတယ်။

HTML ကနေစပြီး Full-stack Developer တစ်ယောက်ဖြစ်လာဖို့ ခိုင်မာတဲ့ Roadmap တစ်ခုရှိဖို့ လိုအပ်ပါတယ်။ အခြေခံအကျဆုံး HTML, CSS နဲ့ JavaScript ကို ကျွမ်းကျင်အောင် အရင်သင်ယူရမှာဖြစ်ပြီး အဲဒီနောက်မှာမှ React လိုမျိုး Frontend Framework တွေနဲ့ Node.js ဒါမှမဟုတ် Python (Django) လိုမျိုး Backend နည်းပညာတွေကို ဆက်သွားရမှာပါ။

၂၀၂၆ မှာတော့ AI tools တွေကို ကိုယ့်ရဲ့ Coding workflow ထဲမှာ ဘယ်လိုအသုံးချရမလဲဆိုတာကလည်း မရှိမဖြစ် ကျွမ်းကျင်မှုတစ်ခု ဖြစ်လာပါပြီ။ ဒါကြောင့် စနစ်တကျနဲ့ အဆင့်လိုက်လေ့လာနိုင်ဖို့ ကမ္ဘာ့အဆင့်မီ သင်တန်းတွေကို ပြောပြပေးချင်ပါတယ်။ Course Link တွေကိုတော့ Comment မှာကြည့်ပါ။

ပထမဆုံးခြေလှမ်းအနေနဲ့ Frontend အခြေခံကို ပိုင်နိုင်ဖို့ Meta က ပေးထားတဲ့ "Introduction to Front-End Development" သင်တန်းကို အကြံပြုလိုပါတယ်။ ဒီသင်တန်းမှာ Web တစ်ခုရဲ့ အခြေခံဖြစ်တဲ့ HTML၊ အလှဆင်ဖို့အတွက် CSS နဲ့ ဝက်ဘ်ဆိုက်ကို အသက်ဝင်စေမယ့် JavaScript အခြေခံတွေကို သေချာရှင်းပြထားပါတယ်။ Beginner တွေအတွက် သင့်တော်ပြီး လုပ်ငန်းခွင်ဝင်ဖို့ လိုအပ်တဲ့ Tools တွေအကြောင်းကိုပါ ထည့်သွင်းသင်ကြားပေးတာကြောင့် အခြေခံအုတ်မြစ်ကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်မှာပါ။

ဒုတိယအဆင့်မှာတော့ ခေတ်မီတဲ့ Web Application တွေ တည်ဆောက်ဖို့အတွက် Framework တစ်ခုခုကို တတ်ထားရပါမယ်။ အဲဒီအတွက် "Developing Front-End Apps with React" (by IBM) ကို တက်ရောက်ဖို့ တိုက်တွန်းပါတယ်။

React ဟာ ၂၀၂၆ မှာလည်း ဈေးကွက်အကောင်းဆုံး Frontend library ဖြစ်နေဆဲပါ။ ဒီသင်တန်းမှာ Component-based architecture အကြောင်း၊ State management နဲ့ API တွေကို ဘယ်လိုချိတ်ဆက်ရမလဲဆိုတာတွေကို လက်တွေ့ Project တွေနဲ့ သင်ကြားရမှာ ဖြစ်ပါတယ်။ ဒါဟာ ရိုးရိုး Static ဝက်ဘ်ဆိုက်တွေကနေ Dynamic ဖြစ်တဲ့ Web App တွေဆီကို ကူးပြောင်းပေးနိုင်မှာပါ။

တတိယအဆင့်ကတော့ Full-stack တစ်ယောက်ဖြစ်ဖို့ Backend နည်းပညာကို လေ့လာရမယ့် အပိုင်းပါ။ ဒီနေရာမှာ "Meta Full Stack Developer Professional Certificate" ကို ညွှန်ပြချင်ပါတယ်။ ဒီ Specialization ဟာ တစ်ခုတည်းနဲ့တင် Frontend ရော Backend ပါ စုံစုံလင်လင် ပါဝင်ပါတယ်။ အထူးသဖြင့် Python နဲ့ Django Framework ကို အသုံးပြုပြီး Server-side logic တွေ ရေးသားပုံ၊ Database တွေနဲ့ အလုပ်လုပ်ပုံ (MySQL/PostgreSQL) နဲ့ Version Control (Git/GitHub) အသုံးပြုပုံတွေကို အသေးစိတ် သင်ကြားပေးပါတယ်။ သင်တန်းပြီးဆုံးတဲ့အခါမှာ ကိုယ်တိုင် Full-stack Project တစ်ခုကို အစအဆုံး တည်ဆောက်နိုင်တဲ့အထိ အရည်အချင်း တက်လာမှာပါ။

နောက်ဆုံးနဲ့ အရေးကြီးဆုံးအဆင့်ကတော့ Cloud နဲ့ Deployment အပိုင်းပါ။ ကိုယ်ရေးထားတဲ့ App တွေကို လူတွေသုံးလို့ရအောင် Internet ပေါ် တင်ပေးဖို့ လိုပါတယ်။ အဲဒီအတွက် "IBM Full Stack Cloud Developer Professional Certificate" က အကောင်းဆုံးပါ။ ဒီသင်တန်းမှာ Node.js, Express, MongoDB လိုမျိုး MERN stack အခြေခံတွေအပြင် Cloud Computing (AWS/IBM Cloud) နဲ့ Docker လိုမျိုး Containerization နည်းပညာတွေကိုပါ သင်ယူရမှာပါ။

လေ့လာတဲ့နေရာမှာ "Tutorial Hell" ထဲမှာ မပိတ်မိပါစေနဲ့။ သင်တန်းတစ်ခုပြီးတိုင်း အဲဒီထဲက သင်ခန်းစာတွေကို အသုံးချပြီး ကိုယ်ပိုင် Project သေးသေးလေးတွေ (ဥပမာ - To-do list, Weather App, Blog site) ကို ကိုယ်တိုင် ရေးကြည့်ပါ။

AI က Coding ရေးတာကို ကူညီပေးနိုင်ပေမယ့် Problem Solving နဲ့ Logic ပိုင်းကိုတော့ ကိုယ်တိုင် နားလည်ထားဖို့ အရေးကြီးပါတယ်။

အပေါ်မှာ ပြောခဲ့တဲ့ Course တွေအပါအဝင် Course ပေါင်း ၁၀၀၀၀ ကျော် လေ့လာလို့ရတဲ့ Coursera Premium ကို ၉၅၀၀၀ ကျပ်ထဲနဲ့ Page မှာ ယူလို့ရပါပြီ။

ကိုယ်ပိုင် mail နဲ့ ကိုယ်ပိုင် account နဲ့ သုံးရမယ့်အပြင် Certificate ပါ ထုတ်လို့ရမှာပါ။

Coursera အကြောင်းအသေးစိတ်ကို ဒီမှာဖတ်ကြည့်ပါ။ IT နယ်ပယ်နဲ့ ပတ်သက်ပြီး Course ရွေးရခက်နေတာမျိုး ရှိရင်လည်း အားမနာတမ်း လာမေးနိုင်ပါတယ်။
https://www.facebook.com/share/p/1BT3cj5Lbk/

ဒါ့အပြင် အလုပ်တွေလျှောက်ဖို့အတွက် LinkedIn Career Premium ကိုလည်း Page မှာ ယူလို့ရပါပြီ။
https://www.facebook.com/share/p/1E1xxfzNBu/
4
ဒါကတော့ အပေါ်မှာပြောခဲ့တဲ့ Course Link တွေပါ။

1. Introduction to Front-End Development (Meta)
https://www.coursera.org/learn/introduction-to-front-end-development

2. Developing Front-End Apps with React (IBM)
https://www.coursera.org/learn/developing-frontend-apps-with-react

3. Meta Full Stack Developer Professional Certificate (Meta)
https://www.coursera.org/professional-certificates/meta-full-stack-developer

4. IBM Full Stack Software Developer Professional Certificate (IBM)
https://www.coursera.org/professional-certificates/ibm-full-stack-cloud-developer
အိမ်မှာနေရင်း Arizona State University (ASU) ကနေ ပေးအပ်တဲ့ TESOL Professional Certificate ကို ယူလို့ရပါပြီ။

ဒီနေ့ခေတ်မှာ အင်္ဂလိပ်စာသင်ကြားရေး နယ်ပယ်ဟာ အခွင့်အလမ်းတွေ အရမ်းများလာသလို ပြိုင်ဆိုင်မှုတွေလည်း မြင့်မားလာတာမို့ ကိုယ့်ဘက်က အရည်အချင်းတစ်ခုခု ထပ်ဖြည့်ထားဖို့ လိုအပ်လာပါတယ်။

အထူးသဖြင့် နိုင်ငံတကာမှာ အလုပ်သွားလုပ်ချင်သူတွေ၊ ပြည်တွင်းက နိုင်ငံတကာကျောင်းတွေမှာ ဝင်လုပ်ချင်သူတွေအတွက် TESOL Certificate ဆိုတာ မရှိမဖြစ်လိုအပ်တဲ့ လက်မှတ်တစ်ခုလို ဖြစ်နေပါပြီ။

ဒါကြောင့် ဒီနေ့မှာတော့ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ ASU ကနေ သင်ကြားပေးထားတဲ့ Program အကြောင်း အသေးစိတ် မျှဝေပေးချင်ပါတယ်။ ဒီ Program ဟာ Online ကနေပဲ 100% တက်ရောက်ရမှာဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့ သင်ကြားရေးစနစ်တွေကို အခြေခံထားတာကြောင့် အရည်အသွေးပိုင်းမှာတော့ ပြောစရာမလိုအောင် ကောင်းပါတယ်။

TESOL Professional Certificate Program မှာ Course (၈) ခု ပါဝင်ပြီး တစ်ခုချင်းစီမှာ အင်္ဂလိပ်စာသင်ကြားရေးရဲ့ အခြေခံသဘောတရားတွေကနေစပြီး လက်တွေ့သင်ကြားမှု နည်းဗျူဟာတွေအထိ စနစ်တကျ လေ့လာရမှာ ဖြစ်ပါတယ်။

ဒုတိယဘာသာစကားတစ်ခုကို သင်ယူတဲ့အခါမှာ သင်ယူသူတွေ ဘယ်လိုတွေးခေါ်သလဲဆိုတာကို နားလည်လာအောင် သင်ကြားပေးမယ့်အပြင် Reading, Writing, Listening နဲ့ Speaking စွမ်းရည် (၄) မျိုးစလုံးကို ကျောင်းသားတွေ နားလည်လွယ်အောင် ဘယ်လိုသင်ရမလဲဆိုတာကိုပါ အသေးစိတ် သင်ယူရမှာပါ။

ဒါ့အပြင် စာသင်ခန်းကို ဘယ်လိုထိန်းချုပ်မလဲ (Classroom Management)၊ Lesson Plan တွေကို ဘယ်လိုဆွဲမလဲဆိုတာတွေကိုပါ လက်တွေ့ကျကျ လေ့ကျင့်ပေးတာမို့ စာတွေ့သက်သက်မဟုတ်ဘဲ လက်တွေ့နယ်ပယ်မှာပါ တကယ်အသုံးဝင်မယ့် ပညာရပ်တွေကို ရရှိမှာပါ။

သင်တန်းတက်ရောက်မှု ပုံစံကတော့ Self-paced learning ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ အားလပ်ချိန်အပေါ် မူတည်ပြီး ကြိုက်တဲ့အချိန် ဝင်ရောက်လေ့လာနိုင်တာက အလုပ်တစ်ဖက်နဲ့သူတွေအတွက် အရမ်းအဆင်ပြေပါတယ်။

ပုံမှန်အားဖြင့် တစ်ရက်ကို (၁) နာရီလောက် အချိန်ပေးမယ်ဆိုရင် ၆ လ ဝန်းကျင်လောက်မှာ သင်တန်းတစ်ခုလုံး ပြီးစီးနိုင်ပါတယ်။ သင်တန်းတစ်ခုချင်းစီရဲ့ အဆုံးမှာ Quiz တွေ ဖြေဆိုရတာ၊ Peer-graded assignments လို့ခေါ်တဲ့ တခြားသင်တန်းသားတွေနဲ့ အပြန်အလှန် အမှတ်ပေးရတဲ့ အစီအစဉ်တွေ ပါဝင်တာကြောင့် နိုင်ငံစုံက ဆရာ၊ ဆရာမတွေနဲ့လည်း အမြင်ချင်းဖလှယ်ခွင့် ရရှိမှာပါ။

နောက်ဆုံး Capstone Project အထိ ပြီးမြောက်အောင်မြင်သွားပြီဆိုရင်တော့ Arizona State University ကနေ တရားဝင်ပေးအပ်တဲ့ Certificate ကို ရရှိမှာဖြစ်ပြီး ဒါကို LinkedIn Profile မှာ ထည့်ထားနိုင်သလို CV မှာလည်း ထည့်သွင်းအသုံးပြုနိုင်တာကြောင့် အလုပ်လျှောက်တဲ့အခါ တခြားသူတွေထက် ခြေလှမ်းတစ်လှမ်း သာနေမှာ အသေအချာပါပဲ။

အရေးကြီးဆုံးအချက်တစ်ခုကတော့ သင်တန်းကြေး ကိစ္စပါ။ ပုံမှန် တစ်လကို $29 dollars နှုန်းနဲ့ဆိုရင် ၆ လလောက်ကြာမှာဖြစ်တဲ့အတွက် $180 dollar ဝန်းကျင်(မြန်မာငွေ ၇ သိန်းဝန်းကျင်) ကျသင့်မှာပါ။

ဒါပေမယ့် Coursera Premium နဲ့ဆိုရင် တစ်နှစ်စာကိုမှ ၉၅၀၀၀ ကျပ်သာ ကျသင့်မယ့်အပြင် TESOL သင်တန်းတစ်ခုတည်းတင် မဟုတ်ဘဲ တခြားသော နာမည်ကြီး တက္ကသိုလ်တွေက သင်တန်းပေါင်းများစွာကိုပါ တစ်နှစ်ပတ်လုံး စိတ်ကြိုက် ဝင်ရောက်လေ့လာခွင့် ရရှိမှာဖြစ်လို့ အရမ်းကို တန်ပါတယ်။

Coursera Premium ရဲ့ အားသာချက်ကတော့ Course ပေါင်း ၁၀၀၀၀ ကျော်ကို တစ်ခုချင်းစီ သီးသန့်ငွေပေးစရာမလိုဘဲ အကန့်အသတ်မရှိ စိတ်ကြိုက် လေ့လာနိုင်တာပါပဲ။ ကိုယ်ပိုင် mail နဲ့ ကိုယ်ပိုင် account ကို တစ်ယောက်ထဲ သုံးရမယ့်အပြင် Certificate ပါ ထုတ်လို့ရမှာပါ။

ကိုယ်သုံးနေတဲ့ Coursea Account ရှိရင်လည်း Premium ထပ်တိုးလို့ရတာဖြစ်လို့ စိတ်ဝင်စားတယ်ဆိုရင် Coursera လို့သာ လာပြောလိုက်ပါ။

Coursera နဲ့ ပတ်သတ်ပြီး တင်ဖူးသမျှ
https://www.facebook.com/share/p/1Lb9RpzX3s/

ဒါ့အပြင် အလုပ်တွေလျှောက်ဖို့အတွက် LinkedIn Career Premium ကိုလည်း Page မှာ ယူလို့ရပါပြီ။
https://www.facebook.com/share/p/1E1xxfzNBu/

ဒါကတော့ Course Link ပါ။ သင်မယ့် Course Outline တွေကို ဝင်ကြည့်လို့ ရပါတယ်။

Arizona State University TESOL Professional Certificate
https://www.coursera.org/professional-certificates/arizona-state-university-tesol
2
Cybersecurity နယ်ပယ်က ကျယ်ပြန့်ပေမယ့် အလုပ်ခွင်ဝင်ဖို့ တကယ်လိုတာက ရှင်းရှင်းလေးပါ။

Cybersecurity Professional ဖြစ်ဖို့ ဒီ Skills တွေ မဖြစ်မနေ လိုပါတယ် -

1. Computer Networking & System Administration
2. Linux & SQL Fundamentals
3. Network Security & Defense Strategies
4. SIEM Tools (Security Information and Event Management)
5. Python & Cloud

Junior Level အတွက်ဆို Networking, Linux Basic နဲ့ Threat Detection သဘောတရား နားလည်ရင် အလုပ်စလျှောက်လို့ရပါပြီ။ Networking သဘောတရားနဲ့ Linux ကို မပိုင်ဘဲ Security အကြောင်း ဆက်ပြောလို့မရပါဘူး။ Log တွေဖတ်ဖို့၊ Threat တွေရှာဖို့ SIEM tools တွေကို လက်တွေ့သုံးတတ်မှ Junior Post တွေကို စိတ်ချလက်ချ လျှောက်နိုင်မှာပါ။

Senior Level ကို တက်လှမ်းဖို့နဲ့ အခြားသူတွေထက် ခြေလှမ်းသာချင်ရင်တော့ Python နဲ့ Cloud Security ဘက်ကို ဦးစားပေးရပါမယ်။ လူတိုင်းက Tools သုံးတတ်ပေမယ့် ကိုယ်ပိုင် Script ရေးပြီး Automation လုပ်နိုင်တဲ့သူက ရှားပါးသလို လစာလည်း ပိုကောင်းပါတယ်။

အခြေခံကနေ စချင်သူတွေအတွက် တက်ရမယ့် Course တွေကို လိုအပ်တဲ့ Skillset အလိုက် စီပေးထားပါတယ်။ ကောင်းတာတွေပဲ ရွေးပေးထားတာဖြစ်လို့ ရွေးပေးထားတဲ့ အစဥ်အတိုင်းသာ လိုက်လုပ်သွားပါ။

1. Google Cybersecurity Professional Certificate

ဒါက လက်ရှိ Cybersecurity လောကမှာ အပြည့်စုံဆုံး Entry-level course ပါ။ Linux, Python နဲ့ SQL အပြင် Networking အခြေခံပါ သင်ပေးသွားတယ်။ လက်တွေ့ Lab တွေပါလို့ Beginner တွေအတွက် အဆင်အပြေဆုံးပါ။ Cybersecurity ကို Zero ကနေ စမယ်ဆိုရင် ဒါကို အရင်ဆုံး ပြီးအောင်တက်ပါ။

https://www.coursera.org/professional-certificates/google-cybersecurity

2. IBM Cybersecurity Analyst Professional Certificate

Google က General ဆန်ပေမဲ့ IBM က "Analyst" တစ်ယောက်အတွက် သီးသန့်ရည်ရွယ်တယ်။ Real-world breaches တွေကို Analyze လုပ်တာ၊ SIEM tools တွေသုံးတာကို သေချာသင်ပေးတယ်။ Defensive side (Blue Team) ကိုသွားချင်ရင် ဒီ Course ကို ဒုတိယအနေနဲ့ တက်ပါ။

https://www.coursera.org/professional-certificates/ibm-cybersecurity-analyst

3. Microsoft Cybersecurity Analyst Professional Certificate

လုပ်ငန်းခွင် ၉၀% က Windows နဲ့ Microsoft System တွေ သုံးနေတာပါ။ Azure Cloud Security နဲ့ Identity Management (Active Directory) ပိုင်းကို Microsoft ကိုယ်တိုင်သင်ပေးတာမို့ Enterprise အလုပ်တွေအတွက် အရမ်းအသုံးဝင်တယ်။ Corporate အကြီးတွေမှာ အလုပ်ဝင်ချင်ရင် ဒါကို မဖြစ်မနေ ယူထားသင့်ပါတယ်။

https://www.coursera.org/professional-certificates/microsoft-cybersecurity-analyst

4. Palo Alto Networks Cybersecurity Professional Certificate

Network Security ပိုင်းမှာ Firewall တွေ၊ Gateway တွေအကြောင်း နားမလည်ရင် မရပါဘူး။ Palo Alto က Network Security မှာ Top Tier ပါ။ Firewall Configuration တွေအကြောင်း ကောင်းကောင်း သဘောပေါက်သွားလိမ့်မယ်။ Network Engineer ကနေ Security ဘက်ကူးမယ့်သူတွေ၊ Network Security စိတ်ဝင်စားသူတွေ တက်ကိုတက်ရမယ်။

https://www.coursera.org/professional-certificates/palo-alto-networks-cybersecurity-fundamentals

5. Google Cloud Cybersecurity Professional Certificate

အခုခေတ်က Cloud ခေတ် ဖြစ်သွားပြီ။ On-premise တင်မဟုတ်ဘဲ Cloud Environment ပါ လုံခြုံအောင် ကာကွယ်တတ်မှ Senior Level ကို တက်နိုင်မှာပါ။ အပေါ်က Foundation တွေရပြီးရင် Skill Upgrade လုပ်ဖို့ ဒါကို ဆက်တက်ပါ။

https://www.coursera.org/professional-certificates/google-cloud-cybersecurity-certificate

ဒါတွေပြီးရင် အလုပ်ကို အေးဆေးလျှောက်လို့ရပါပြီ။ တစ်နေ့ကို အနည်းဆုံး ၁ နာရီ ပုံမှန်အချိန်ပေးပါ။ စနေ၊ တနင်္ဂနွေမှ နေ့မအိပ် ညမအိပ် လုပ်တာမျိုး မလုပ်ပါနဲ့။ နေ့တိုင်း ပုံမှန်လေ့လာမှ မျက်စိထဲစွဲပြီး လက်တွေ့ပြန်သုံးနိုင်မှာပါ။ အင်္ဂလိပ်စာ အခက်အခဲရှိတယ်ဆိုတာ ဆင်ခြေတစ်ခုသာ ဖြစ်ပါတယ်။ နည်းပညာသမားက ဘာသာစကား အတားအဆီးကို ကျော်ကိုကျော်ဖြတ်ရပါမယ်။

နောက်ဆုံးအနေနဲ့ မှာချင်တာက Cybersecurity ဆိုတာ Hacking တစ်ခုတည်း မဟုတ်ပါဘူး။ တကယ့် အနှစ်သာရက ကာကွယ်ခြင်း (Defense) မှာ ရှိပါတယ်။ Attack တစ်ခုလာရင် ဘယ်လိုတုံ့ပြန်မလဲ၊ System တွေကို ဘယ်လိုလုံခြုံအောင်ထားမလဲဆိုတဲ့ Mindset ကသာ သင့်ကို တန်ဖိုးရှိတဲ့ Professional တစ်ယောက် ဖြစ်စေမှာပါ။

အပေါ်မှာ ပြောခဲ့တဲ့ Course တွေအပါအဝင် Course ပေါင်း ၁၀၀၀၀ ကျော် လေ့လာလို့ရတဲ့ Coursera Premium ကို ၉၅၀၀၀ ကျပ်ထဲနဲ့ Page မှာ ဝယ်လို့ရပါတယ်။

ကိုယ်ပိုင် mail နဲ့ ကိုယ်ပိုင် account နဲ့ သုံးရမယ့်အပြင် Certificate ပါ ထုတ်လို့ရမှာပါ။

Coursera အကြောင်းအသေးစိတ်ကို ဒီမှာဖတ်ကြည့်ပါ။ IT နယ်ပယ်နဲ့ ပတ်သက်ပြီး Course ရွေးရခက်နေတာမျိုး ရှိရင်လည်း အားမနာတမ်း လာမေးနိုင်ပါတယ်။
https://www.facebook.com/share/p/1BT3cj5Lbk/
8❤‍🔥2
ဘာအခြေခံမှမရှိဘဲ နယ်ပယ်တစ်ခုကို စပြီးလေ့လာချင်တယ်ဆိုရင် ဒီ Course တွေကို တက်ကြည့်ပါ။ အခြေခံကနေ Professional Certificate ရတဲ့အထိ လေ့လာလို့ရတဲ့ Course တွေကို စုစည်းပေးထားပါတယ်။

1. Tech & Programming အတွက် – "Python for Everybody" (University of Michigan)

Programming ကို စပြီး လေ့လာချင်သူတိုင်း အတွက် Python က အကောင်းဆုံး Language တစ်ခုပါ။ ဒီ Course က အခြေခံကနေ အဆင့်မြင့်အထိ Step-by-Step သင်ပေးမှာဖြစ်လို့ Beginner တွေအတွက် အထူးသင့်တော်ပါတယ်။
https://www.coursera.org/specializations/python

2. Data Science အတွက် – "IBM Data Science Professional Certificate

Data Science က အနာဂတ်မှာ အရမ်းကို Demand ရှိတဲ့ Field တစ်ခုဖြစ်ပါတယ်။ IBM ရဲ့ ဒီ Course မှာ Data Analysis, Machine Learning, Python, SQL စတဲ့ Skills တွေကို လက်တွေ့အသုံးချနည်းတွေနဲ့ သင်ကြားပေးမှာပါ။
https://www.coursera.org/professional-certificates/ibm-data-science

3. Digital Marketing အတွက် – "Digital Marketing Specialization" (University of Illinois)

Online Business လုပ်ချင်သူတွေ၊ Social Media Marketing ကို Professional ကျကျ လေ့လာချင်သူတွေအတွက် ဒီ Course က အကောင်းဆုံးရွေးချယ်မှုတစ်ခုပါ။ SEO, Content Marketing, Social Media Strategy စတဲ့ Topics တွေကို လေ့လာရမှာဖြစ်ပါတယ်။
https://www.coursera.org/specializations/digital-marketing

4. Business & Management အတွက် – "Financial Markets" (Yale University)

Investment, Stock Market, နဲ့ Financial Systems တွေကို နားလည်ချင်သူတိုင်း ဒီ Course ကို လေ့လာသင့်ပါတယ်။ Yale University ရဲ့ ထိပ်တန်း Professor ကနေ ရှင်းပြပေးမှာဖြစ်လို့ အရမ်းကို အကျိုးရှိပါတယ်။
https://www.coursera.org/learn/financial-markets-global

5. Self-Improvement အတွက် – "Learning How to Learn" (McMaster University)

ဒီ Course က ဘယ်လို ပိုမိုထိရောက်စွာ လေ့လာရမလဲဆိုတာ သိချင်သူတိုင်းအတွက် Life-Changing Course တစ်ခုပါ။ Memory Techniques, Productivity Hacks, နဲ့ Effective Study Methods တွေကို သိရှိရမှာဖြစ်ပါတယ်။
https://www.coursera.org/learn/learning-how-to-learn

6. Psychology & Mental Health အတွက် – "The Science of Well-Being" (Yale University)

ဘဝကို ပျော်ရွှင်စွာ နေထိုင်နည်းတွေကို သိပ္ပံနည်းကျ လေ့လာချင်သူတွေအတွက် ဒီ Course က အရမ်းကို အကျိုးရှိပါတယ်။ Happiness, Stress Management, နဲ့ Positive Thinking တို့ကို လေ့လာရမှာဖြစ်ပါတယ်။
https://www.coursera.org/learn/the-science-of-well-being

7. Graphic Design အတွက် – "Graphic Design Specialization" (California Institute of the Arts)

Design ကို စိတ်ဝင်စားသူတွေ၊ Freelance Designer တစ်ယောက်ဖြစ်ချင်သူတွေအတွက် ဒီ Course က အကောင်းဆုံးပါ။ Adobe Tools တွေကို အသုံးပြုပြီး Professional Designs တွေ ဘယ်လိုဖန်တီးရမလဲဆိုတာ သင်ကြားပေးမှာဖြစ်ပါတယ်။
https://www.coursera.org/specializations/graphic-design

8. Language Learning အတွက် – "Learn English: Intermediate Grammar" (University of California, Irvine)

English Grammar ကို ပိုမိုကောင်းမွန်စွာ နားလည်ချင်သူတွေအတွက် ဒီ Course က အထောက်အကူဖြစ်စေမှာပါ။ Writing, Speaking, နဲ့ Communication Skills တွေကို မြှင့်တင်ပေးနိုင်မယ့် Exercises တွေပါဝင်ပါတယ်။
https://www.coursera.org/specializations/intermediate-grammar

9. Health & Fitness အတွက် – "Science of Exercise" (University of Colorado Boulder)

Exercise နဲ့ ပတ်သက်တဲ့ သိပ္ပံနည်းကျ အချက်အလက်တွေကို သိချင်သူတွေအတွက် ဒီ Course က အကောင်းဆုံးပါ။ Workout Plans, Nutrition, နဲ့ Body Mechanics တွေကို လေ့လာရမှာဖြစ်ပါတယ်။
https://www.coursera.org/learn/science-exercise

10. Personal Finance အတွက် – "Personal & Family Financial Planning" (University of Florida)

ငွေကြေးကို ကောင်းကောင်းစီမံချင်သူတွေအတွက် ဒီ Course က အရမ်းအသုံးဝင်ပါတယ်။ Budgeting, Saving, Investing, နဲ့ Retirement Planning တို့ကို လေ့လာရမှာဖြစ်ပါတယ်။
https://www.coursera.org/learn/family-planning

အပေါ်မှာ ပြောခဲ့တဲ့ Course တွေအပါအဝင် Course ပေါင်း ၁၀၀၀၀ ကျော် လေ့လာလို့ရတဲ့ Coursera ပရီမီယမ် ကို ၉၅၀၀၀ ကျပ်ထဲနဲ့ ဝယ်လို့ရပါပြီ။ ကိုယ်ပိုင် mail နဲ့ ကိုယ်ပိုင် account ကို တစ်ယောက်ထဲ သုံးရမယ့်အပြင် Certificate ပါ ထုတ်လို့ရမှာပါ။

ကိုယ်သုံးနေတဲ့ Coursea Account ရှိရင်လည်း ပရီမီယမ် ထပ်တိုးလို့ရတာဖြစ်လို့ စိတ်ဝင်စားတယ်ဆိုရင် Coursera လို့သာ လာပြောလိုက်ပါ။

Coursera အကြောင်းအသေးစိတ်ကို ဒီမှာဖတ်ကြည့်ပါ။ IT နယ်ပယ်နဲ့ ပတ်သက်ပြီး Course ရွေးရခက်နေတာမျိုး ရှိရင်လည်း အားမနာတမ်း လာမေးနိုင်ပါတယ်။
https://www.facebook.com/share/p/1BT3cj5Lbk/
3
ဒါ့အပြင် အလုပ်တွေလျှောက်ဖို့အတွက် LinkedIn ပရီမီယမ် ကိုလည်း Page မှာ ယူလို့ရပါပြီ။
2
Google က ကမ္ဘာ့အလုပ်အကိုင်ဈေးကွက်မှာ လူတော်တွေ ထွက်ပေါ်လာစေဖို့ ကြိုးစားနေတဲ့ Grow with Google ပရိုဂရမ်ဆိုတာရှိတယ်။

ဒီ Program မှာ ဘွဲ့မလို၊ အတွေ့အကြုံမလိုဘဲ နည်းပညာနယ်ပယ်ထဲ တန်းဝင်နိုင်အောင် Coursera နဲ့ ပေါင်းပြီး Certificate ပါထုတ်ပေးတဲ့ သင်တန်းတွေ ပေးနေတာဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေနဲ့ ကုမ္ပဏီကြီးတွေကလည်း ဒီလက်မှတ်တွေကို အသိအမှတ်ပြုလာကြပါတယ်။

လေ့လာချင်သူတွေအတွက် လိုက်ရှာရတာ လွယ်ကူအောင် Google ရဲ့ နာမည်ကြီး သင်တန်း ၁၅ ခုကို အသေးစိတ် စုစည်းပေးထားပါတယ်။ ဒီ Course တွေအားလုံးကို တက်ပြီး Certificate ယူရင်တောင်မှ မြန်မာငွေ ၉၅၀၀၀ ကျပ်ပဲ​ ကျသင့်မှာဖြစ်ပါတယ်။ စိတ်ဝင်စားရင် Page မှာ Coursera လို့သာ လာပြောလိုက်ပါ။

1️⃣ Google AI Professional Certificate

ဒီဘက်ခေတ်မှာ AI ကို သုံးရုံတင်မကဘဲ အလုပ်ခွင်မှာ လုပ်ငန်းခွင်အထောက်အကူပြု App တွေ ဖန်တီးတာ၊ Vibe Coding လုပ်တာ၊ ဒေတာပိုင်းခြားစိတ်ဖြာတာတွေအထိ လက်တွေ့ Portfolio ၂၀ ကျော်လုပ်ရတဲ့ လက်မှတ်ဖြစ်ပါတယ်။
coursera.org/professional-certificates/google-ai

2️⃣ Google Data Analytics Professional Certificate

Spreadsheet၊ SQL၊ R programming နဲ့ Tableau တို့ကို သုံးပြီး ဒေတာတွေထဲကနေ စီးပွားရေးလုပ်ငန်းတွေအတွက် အသုံးဝင်တဲ့ ဆုံးဖြတ်ချက်တွေ ဘယ်လိုချမလဲဆိုတာ အခြေခံအဆင့်ကနေ သင်ပေးထားပါတယ်။
coursera.org/professional-certificates/google-data-analytics

3️⃣ Google Cybersecurity Professional Certificate

Network လုံခြုံရေး၊ Threat Modeling နဲ့ Python ကိုသုံးပြီး Linux environment ပေါ်မှာ ဒီဂျစ်တယ်စနစ်တွေကို ဘယ်လိုကာကွယ်မလဲဆိုတဲ့ လုံခြုံရေးပိုင်းဆိုင်ရာ အခြေခံတွေ အပြည့်အစုံပါဝင်ပါတယ်။
coursera.org/professional-certificates/google-cybersecurity

4️⃣ Google UX Design Professional Certificate

Figma သုံးပြီး Wireframe တွေ၊ Prototype တွေဆွဲတာကအစ User Experience Research လုပ်တာအဆုံး UI/UX Designer တစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့ အလုပ်တွေအကုန်သင်ပေးပါတယ်။
coursera.org/professional-certificates/google-ux-design

5️⃣ Google Project Management Professional Certificate

စီမံကိန်းတွေကို စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့ Agile နဲ့ Scrum framework တွေကို လက်တွေ့ ဘယ်လိုအသုံးချရမလဲဆိုတာ သေချာရှင်းပြပေးတဲ့ သင်တန်းဖြစ်ပါတယ်။
coursera.org/professional-certificates/google-project-management

6️⃣ Google Digital Marketing & E-Commerce Professional Certificate

Google Ads၊ HubSpot နဲ့ Canva တို့ကို သုံးပြီး အွန်လိုင်းအရောင်းစနစ်တွေ ဘယ်လိုတည်ဆောက်မလဲ၊ လူမှုကွန်ရက်ကနေ Leads တွေ ဘယ်လိုရှာမလဲဆိုတာ ပါဝင်ပါတယ်။
coursera.org/professional-certificates/google-digital-marketing-ecommerce

7️⃣ Google IT Support Professional Certificate

ကွန်ပျူတာ Hardware ပိုင်း၊ Networking၊ Operating Systems (Linux/Windows) နဲ့ Troubleshooting လုပ်တာတွေကို အခြေခံကစပြီး သင်ပေးတဲ့ Help Desk သမားတွေအတွက် သင့်တော်တဲ့ သင်တန်းပါ။
coursera.org/professional-certificates/google-it-support

8️⃣ Google IT Automation with Python Professional Certificate

IT Support ထက် အဆင့်မြင့်ပြီး Python သုံးပြီး အလုပ်တွေကို အလိုအလျောက် (Automation) ဖြစ်အောင်လုပ်တာ၊ Git နဲ့ GitHub သုံးတာတွေကို သင်ပေးထားပါတယ်။
coursera.org/professional-certificates/google-it-automation

9️⃣ Google Advanced Data Analytics Professional Certificate

ရိုးရိုး Data Analyst ထက် ပိုမြင့်ပြီး Machine Learning model တွေဆွဲတာ၊ သတ်မှတ်ချက်မြင့် ကိန်းဂဏန်းအချက်အလက် (Statistics) တွေကို တွက်ချက်တာတွေ ပါဝင်ပါတယ်။
coursera.org/professional-certificates/google-advanced-data-analytics

🔟Google Business Intelligence Professional Certificate

Tableau နဲ့ BigQuery တို့ကို သုံးပြီး စီးပွားရေးလုပ်ငန်းတွေအတွက် Data Modeling လုပ်တာ၊ ETL (Extract, Transform, Load) ပိုင်းတွေနဲ့ Dashboard ဖန်တီးနည်းတွေကို သင်ရပါတယ်။
coursera.org/professional-certificates/google-business-intelligence

1️⃣1️⃣ Google AI Essentials

AI ကို လုပ်ငန်းခွင်မှာ ကုန်ထုတ်စွမ်းအားမြှင့်ဖို့၊ Prompt ကောင်းကောင်းရေးဖို့နဲ့ နေ့စဉ်အလုပ်တွေကို မြန်မြန်ပြီးအောင် ညွှန်ကြားနည်းတွေကို သင်ပေးတဲ့ အခြေခံသင်တန်းဖြစ်ပါတယ်။
coursera.org/specializations/google-ai-essentials

1️⃣2️⃣ Google Cloud Digital Leader Professional Certificate

Google Cloud Platform (GCP) ရဲ့ အခြေခံတွေ၊ Cloud computing ရဲ့ စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို နားလည်အောင် ရှင်းပြပေးထားတယ်။
coursera.org/professional-certificates/google-cloud-digital-leader

1️⃣3️⃣ Google Cloud Associate Cloud Engineer Professional Certificate
Cloud ပေါ်မှာ Application တွေ ထားရှိတာ၊ ကွန်ရက်တွေ ချိတ်ဆက်တာနဲ့ GCP Console ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်အောင် လေ့ကျင့်ပေးတယ်။
coursera.org/professional-certificates/google-cloud-infrastructure

1️⃣4️⃣ Google People Management Essentials Specialization

နည်းပညာသမားတွေတင်မကဘဲ လုပ်ငန်းခွင်မှာ အဖွဲ့အစည်းတွေကို ဘယ်လိုဦးဆောင်မလဲ၊ ဝန်ထမ်းတွေကို ဘယ်လို Coaching ပေးမလဲဆိုတဲ့ ခေါင်းဆောင်မှုပိုင်းဆိုင်ရာ သင်တန်းဖြစ်တယ်။
coursera.org/specializations/google-people-management-essentials

1️⃣5️⃣ Accelerate Your Job Search with AI

အလုပ်အကိုင်ဈေးကွက်ထဲ ဝင်မယ့်သူတွေအတွက် AI သုံးပြီး CV ရေးတာ၊ Portfolio ပြင်ဆင်တာနဲ့ Interview တွေမှာ ဘယ်လိုဖြေဆိုရမလဲဆိုတာကို လမ်းညွှန်ပေးထားပါတယ်။
coursera.org/specializations/accelerate-your-job-search-with-ai

ဒီသင်တန်းတွေက ဗီဒီယိုတွေ ကြည့်ရုံတင်မကဘဲ ကိုယ်တိုင် Lab တွေ လုပ်ရတယ်၊ Assignment တွေ တင်ရတယ်။ ဒါ့ကြောင့်လဲ နိုင်ငံတကာက အသိအမှတ်ပြု လက်မှတ်တွေ ဖြစ်လာတာပါ။

ဒါကြောင့်လည်း Remote job ရှာနေတဲ့ Freelancer တွေနဲ့ နိုင်ငံခြားမှာ အလုပ်အကိုင် လျှောက်ချင်တဲ့သူတွေအတွက်တော့ ဒီလက်မှတ်တွေက CV မှာ မျက်နှာပန်းလှစေတာ ငြင်းလို့မရပါဘူး။
အခုခေတ်မှာ တက္ကသိုလ်ဘွဲ့တစ်ခုတည်းကိုပဲ ဖက်တွယ်ထားရင်တော့ သေချာပေါက် အလုပ်လက်မဲ့ ဖြစ်လာပါလိမ့်မယ်။

Google က ပေးတဲ့ ဒီပညာရပ်တွေက ခေတ်နောက်မကျအောင် ဆွဲတင်ပေးနိုင်ပေမဲ့၊ အဓိက သော့ချက်ကတော့ ကိုယ်တိုင် လက်တွေ့ ဘယ်လောက် လေ့ကျင့်နိုင်မလဲဆိုတာပါပဲ။ နည်းပညာတွေက တစ်နှစ်ထက်တစ်နှစ် ပိုမြန်လာတာမို့ ဒီနေ့သင်တဲ့အရာက နောက်နှစ်မှာ ခေတ်မစားတော့တာမျိုး ဖြစ်နိုင်တာကိုတော့ ခေါင်းထဲ အမြဲထည့်ထားရပါမယ်။

အပေါ်မှာ ပြောခဲ့တဲ့ Course တွေအပြင် Google, Meta, IBM, Standford, Yale စတာတွေကနေ သင်ပေးထားတဲ့ Course ပေါင်း ၁၀၀၀၀ ကျော်ကို လေ့လာလို့ရတဲ့ Coursera Premium ကို ၉၅၀၀၀ ကျပ်ထဲနဲ့ Page မှာ ယူလို့ရပါပြီ။

ကိုယ်ပိုင် mail နဲ့ ကိုယ်ပိုင် account နဲ့ သုံးရမယ့်အပြင် Certificate ပါ ထုတ်လို့ရမှာပါ။

Coursera အကြောင်းအသေးစိတ်ကို ဒီမှာဖတ်ကြည့်ပါ။ IT နယ်ပယ်နဲ့ ပတ်သက်ပြီး Course ရွေးရခက်နေတာမျိုး ရှိရင်လည်း အားမနာတမ်း လာမေးနိုင်ပါတယ်။
https://www.facebook.com/share/p/1BT3cj5Lbk/

ဒါ့အပြင် အလုပ်တွေလျှောက်ဖို့အတွက် LinkedIn Premium ကိုလည်း Page မှာ ယူလို့ရပါပြီ။
1