Chaung U People's Defence Force (CHUPDF)
969 subscribers
122 photos
21 videos
1 file
16 links
Download Telegram
Media is too big
VIEW IN TELEGRAM
မတ် ၄ ရက်
သံပြားကာကားတိုက်ပွဲ ရုပ်/သံ

ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
(CHUPDF)
40🥰10👍6👏3
အသိပေးကြေငြာခြင်း
၂၀၂၅ခု ဧပြီ ၂၅ရက်

မုံရွာ-မန္တလေး လမ်းမကြီး ချောင်းဦးမြို့ပေါ် နှင့် ချောင်းဦး-မြင်းမူနယ်စပ်ရှိ စစ်ကောင်စီ ဂိတ်စခန်းများသည် ခရီးသွားပြည်သူများကို ပေါ်တာဆွဲခြင်းများ မကြာခဏ ပြုလုပ်လျှက်ရှိပါသဖြင့် မုံရွာ-မန္တလေးလမ်းမကြီး အသုံးပြုမှု့ကို အထူးသတိထားကြရန် အသိပေးအပ်ပါသည်။
👍23🥰51
ထောက်ပို့ထီ ပေါက်မဲနံပါတ်များ
🌿🌿🌿
13🥰1
Media is too big
VIEW IN TELEGRAM
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
လူထုခေါင်းဆောင်ကြီး အမေဒေါ်အောင်ဆန်းစုကြည်၏ အသက် (၈၀) ပြည့်မွေးနေ့ အမှတ်တရ
CHUPDF တွင် တာဝန်အသီးသီးထမ်းဆောင်နေကြသော ရဲဘော်အချို့၏ မွေးနေ့ဆုတောင်းစကားများ

#CHUPDF
#ဒေါ်အောင်ဆန်းစုကြည်
#အမေစု
#အသက်၈၀ပြည့်မွေးနေ့
34
ထောက်ပို့ထီ (၁၈) ကြမ်မြောက် ထီပေါက်စဉ်
👍11
ကျနော်တို့ ချစ်တဲ့ခင်တဲ့သူတွေနဲ့အဆက်အသွယ်မပြတ်တောက်သွားအောင် နည်းလမ်းမျိုးစုံနဲ့ကြိုးစားကြတယ်မလား။ အင်တာနက်လိုင်းမရကြဘူးဆိုရင်တောင် အသံလေးကြားဖို့ပဲဖြစ်ဖြစ်၊ သတင်းအချက်အလက်လေးတွေ လှမ်းပြောကြဖို့ပဲဖြစ်ဖြစ် ဖုန်းလေးတလုံးနဲ့တော့ အချိတ်အဆက်မပြတ်အောင် လုပ်ထားတတ်ကြတာပဲလေ။

အခုတော့ခင်ဗျာ
ကျနော်တို့ တပ်ဖွဲ့ထဲမှာ ဖုန်းပြောရုံလောက်ရတဲ့ ဖုန်းမျိုးလေးတစ်လုံးတောင် မရှိတဲ့ရဲဘော် အယောက် (၂၀) ကျော်ရှိပါတယ်။ သူတို့မိသားစု၊ သူတို့ချစ်တဲ့ခင်တဲ့သူတွေ နေကောင်းကျန်းမာရှိရဲ့လား၊ အဆင်ပြေပြေရှိရဲ့လားဆိုတာကိုတောင် သူတပါးဆီက ဖုန်းလေးငှားပြီး မေးကြမြန်းကြရတဲ့အနေအထားပါ။

ကြီးကြီးမားမားမလုပ်ပေးနိုင်ရင်တောင် သူတို့ချစ်တဲ့ ခင်တဲ့သူတွေကို ဆက်သွယ်ဖို့ ကိုယ်ပိုင်ဖုန်းလေးတစ်လုံးစီတော့ ရှိနေစေချင်ပါတယ်။ ပို နေလို့ Second ကူချင်တာပဲဖြစ်ဖြစ်၊ ငွေသားကူချင်တာပဲဖြစ်ဖြစ်လုပ်လို့ရပါတယ်ခင်ဗျာ။ တစ်လုံးကို ၃၅၀၀၀ဝိ/_ ဝန်းကျင်လောက်မှန်းထားပါတယ်။ အယောက် (၂၀) ကျော်စာပါ။ ဝိုင်း ကူပေးကြပါဦးခင်ဗျာ။
21
(၂၀) ကြိမ်မြောက် ထောက်ပို့ထီ

CHUPDF မှ

၅ သိန်းဆု (၂) ဆု
၁ သိန်းဆု (၄) ဆု
၅ သောင်းဆု (၃၆) ဆု

ဆွတ်ခူးခဲ့ပါသည်။
15
တိုက်ပွဲသတင်း
ရန်သူ့ကင်းအား တိုက်ခိုက်ပြီး လက်နက်ခဲယမ်းများရရှိ
၂၀၂၅ အောက်တိုဘာ ၁၀
မုံရွာ-မန္တလေးလမ်းကြီးပေါ်တွင် စစ်ကော်မရှင် ယာဉ်တန်းလုံခြုံရေးယူရန် ထွက်လာသော ကင်းတာဝန်ကျ စစ်သား ၄ဦးကို ချောင်းဦးမြို့ သံလွင်မြန်မာဆီဆိုင်အနီးတွင် ယနေ့ မနက် ၇နာရီ ၁၀မိနစ်က တော်လှန်ရေးပူပေါင်းတပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ပါသည်။
၎င်းတိုက်ခိုက်မှု့မှ ရန်သူ့အလောင်း (၃) လောင်း၊ ဆိုင်ကယ် (၄) စီး၊ BA 63 သေနတ် (၃) လက်၊ ၉မမ ကျည် (၄၉၄) တောင့်၊ ၇.၆၂ မမ ကျည် (၆၅၂) တောင့်၊ ကျည်ကာဦးထုပ် (၃) လုံး၊ BA 63 ကျည်ဘောက် (၁၀) ခု၊ BA 94 ကျည်ဘောက် (၃) ခု၊ လက်ပစ်ဗုံး (၁) လုံး၊ လက်ကိုင်ဖုန်း (၄) လုံး သိမ်းဆည်းရရှိခဲ့ပါ။

၎င်းတိုက်ပွဲကို ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF နှင့် Special Force 11(LPDF) တို့က ပူးပေါင်းလုပ်ဆောင်ပြီး တော်လှန်ရေးရဲဘော်များ ဘေးအန္တရာယ်ကင်းစွာ လုပ်ဆောင်နိုင်ခဲ့ပါသည်။
20👍7🫡3🥰2
တိုက်ပွဲသတင်း
ချောင်းဦးမြို့ရဲစခန်းအား လက်နက်ကြီး ၊ Drone တို့ဖြင့်တိုက်ခိုက်
၂၀၂၅ခု အောက်တိုဘာ ၁၁ရက်
​ချောင်းဦးမြို့ရဲစခန်းအတွင်းသို့ အောက်တိုဘာလ ၁၀ရက်နေ့ မနက် ၇နာရီ ၁၀မိနစ်အချိန်ခန့်တွင် ၆၀မမ ဗုံးသီး ၂လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ကားဂိုဂေါင်အား ထိရောက်ပေါက်ကွဲခဲ့ပါသည်။ ထို့နောက် မနက် ၉နာရီခန့်တွင် Drone ဖြင့် ဗုံးသီးချ တိုက်ခိုက််ခဲ့ပါသည်။ ထိုတိုက်ခိုက်မှု့များကြောင့် အကြမ်းဖက် စစ်​ကော်မရှင် တပ်သား ၅ဦးသေ ၊ ၁ဦး ဒဏ်ရရှိခဲ့ပါသည်။ သေးဆုံး ၅ဦး အနက် ၁ဦး၏ ရုပ်အလောင်းကို မုံရွာ နမခ သို့ သယ်ဆောင်သွားကြောင်းသိရပါသည်။
၎င်းတိုက်ခိုက်မှု့ကို ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF နှင့် BLDF(LPDF )တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပါသည်။
19👍8🫡2
စစ်ရေးလိုအပ်ချက််အရ ချောင်းဦးမြို့နယ် နတ်​ရေကန်ရွာ နှင့် ဘလွေရွာတို့၏ ကျေးရွာချင်းဆက် လမ်းပိုင်းအား လုံးဝ အသုံးမပြုကြရန် အသိပေးပါသည်။
👍145
အသိပေးကြေငြာချက်

စစ်ရေးလိုချက်အရ
မုံရွာ-မန္တလေးလမ်းမကြီး၊ ခင်မွန်-ချောင်းဆုံံ လမ်း ၊ ချောင်းဦး-မယ့်သည်းကြိုးလမ်း၊ ချောင်းဦး-အမြင့်လမ်းတို့အား လုံးဝ အသုံးမပြုကြရန် အသိိိိိိိိပေးအပ်ပါသည်။

ချောင်းဦး ပကဖ သတင်း ရန်ရှင်း
16👍5🥰1🫡1
Media is too big
VIEW IN TELEGRAM
အကြမ်းဖက်စစ်တပ်က ကျီကုန်းအရှေ့ရွာနှင့် အနောက်ရွာကိုဝင်ရောက် လူTတ် ၊ ပြည်သူပိုင်ပစ္စည်းများ စိတ်ကြိုက်ယူပြီး မီးရှို့

မကျေနပ်နိုင်သေးပဲ ရွာထဲပြန်ဝင်လာမယ့်ပြည်သူကို ဒုက္ခပေးပို့ ရက်စက်ယုတ်မာစွာ နင်းမိုင်းများထောင်ထားခဲ့ပါတယ်
မိုင်းများ ယနေ့အချိန်ထိ ရှင်းလင်းနေရဆဲဖြစ်ပြီး

ပြည်သူနှင့် ရဟန်းတပါးကို မီးရှို့ ထားသော အကြွင်းအကျန်များလည်းတွေ့ရှိ
👍62🕊1
အသိပေးချက်ထုတ်ပြန်ခြင်း

၂၀၂၆ ဇန်နဝါရီလ ၁၀

လတ်တလော ကာလသည် အကြမ်းဖက် စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲကာလဖြစ်ပြီး ချောင်းဦးမြို့ပေါ်တွင်လည်း စစ်ကော်မရှင် တပ်သားအင်အားများတိုးထားပါသည်။
အကြမ်းဖက်စစ်ကော်မရှင်သည် ၎င်းတို့စိုးမိုးနယ်မြေအတွင်း အထူးသဖြင့် မြို့ပေါ်ရပ်ကွက်များတွင် ပြည်သူများ ဖမ်းဆီးကာ လူသားဒိုင်းပြုလုပ်ခြင်း၊ အတင်းအကြပ်ဖမ်းဆီး မဲထည့်ခိုင်းခြင်းများ ပြုလုုုုုုုပ်နိုင်ခြေရှိပါသည်။ သို့ဖြစ်ပါ၍ ဇန်နဝါရီလ ၁၀ရက် ၊၁၁ရက် ၊ ၁၂ရက် နေ့များတွင် ချောင်းဦးမြို့ပေါ်သို့ လုံးဝ မသွားကြရန်နှင့် ချောင်းဦး မြို့တွင်းပြည်သူများအနေဖြင့်လည်း မဲရုံအနီးတဝှိုက်သို့ သွာလားခြင်းမပြုကြရန် အသိပေးအပ်ပါသည်။
14
တိုက်ပွဲသတင်း ထုတ်ပြန်ကြေငြာခြင်း

၂၀၂၆ ဇန်နဝါရီ ၁၆ရက်

ချောင်းဦးမြို့ပေါ်တွင် အကြမ်းဖက် စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲ ကျင်းပခဲ့သော ၂၀၂၆ ခု ဇန်နဝါရီလ ၁၁ရက်နေ့ မနက် ၈နာရီ ၅၀မိနစ် အချိန်တွင် ချောင်းဦးမြို့ ထွေအုပ်ရုံး၊ ရဲစခန်းနှင့် အနော်ရထာ ခန်းမတို့ အား Rocket ၆လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့​ပါသည်။
၎င်းအပြင် အကြမ်းဖက် စစ်ကော်မရှင်တပ်သားများ လုံခြုုုုုရေးယူထားသော ချောင်းဦးမြို့အမြင့်လမ်းခွဲအား ၆၀မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အမှတ် (၇) အမက ကျောင်းရှိမဲရုံ နှင့် အမှတ် (၁၃) အမက ကျောင်းရှိ မဲရုံများ ပိတ်သိမ်း ရွှေ့ပြောင်းသွားခဲ့ပါသည်။

၎င်းတိုက်ခိုက်မှု့များကို ချောင်းဦး မြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF နှင့် မန္တလေးခရိုင် အမှတ် ၅တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပါသည်။ ဒေသတွင်း တော်လှန်ရေးအင်အားစုများလည်း ထို့နေ့က တိုက်ခိုက်မှု့များ ပြုလုပ်ခဲ့သည်ဟု သိရပါသည်။
13🫡2
အသိပေးကြေငြာခြင်း

ချောင်းဦးမြို့ရပ်လှေရပ် အမြင့်လမ်းခွဲနှင့် တမာတန်းရပ်တို့တွင် ခွေးများခြေရှုပ်နေပြီး
စစ်ကြောင်းထိုးနိုင်ခြေရှိပါသည်။
ထို့ကြောင့် ချောင်းဦး မယ်သည်းကြိုးလမ်းအား
ယာယီပိတ်ထားကြောင်းနှင့် အန္တရာယ်များပါသဖြင့် လုံးဝ အသုံးမပြုကြရန် အသိပေးတားမြစ်ပါသည်။
6👍5
သတိပေးချက်ထုတ်​ပြန်ခြင်း

စစ်​ရေးအခြေအနေအရ ခင်မွန်-ကျီကုန်းလမ်း ၊
ချောင်းဦး-မယ်သဲကြိုးလမ်း တို့အား ည ၇ နာရီနှင့် မနက် ၇ နာရီ ကြား အသုံးမပြုရန်နှင့် ချောင်းဦး-ပခုက္ကူလမ်းမကြီးအား ၂၄နာရီလုံး လုံးဝ အသုံးမပြုကြရန် အသိပေးအပ်ပါသည်။
👍101
အသိပေးချက်ထုတ်ပြန်ခြင်း

စစ်ရေးအခြေအနေအရ ဆင်မြေ-ကျောက်ဆစ်ကန်လမ်းအား လုံးဝ အသုံးမပြုကြရန် အသိပေးအပ်ပါသည်။
👍9
တိုက်တွန်းနှိုးဆော်ခြင်း

ချောင်းဦးနယ် အနောက်မြောက်ခြမ်းတွင် ကင်းထောက် Drone ဝဲထားပြီး ၎င်း drone ဝဲခဲ့သော နေရာများတွင် လေကြောင်းတိုက်ခိုက်မှု့ လုပ်နိုင်ခြေရှိပါသည်။ သို့ဖြစ်ပါ၍ ဒေသခံပြည်သူများ အထူး ဂရုစိုက်ကြရန် အသိပေးအပ်ပါသည်။ ထို့အပြင် ဗုံးခိုကျင်းများ စနစ်တကျတူးခြင်း ၊ ရှိပြီးဖြစ်သော ဗုံးခိုကျင်းများအား လုံခြုံမှု့ စစ်ဆေးခြင်းများ ကြိုတင် ပြုလုပ်ကြရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။
👍8