Yangon Connect Hub
672 subscribers
2.14K photos
146 videos
100 files
1.6K links
Ygn Revolution News & Info
t.me/Ch01Ygn
Download Telegram
Forwarded from CHANNEL 16
မြန်မာပြည်ရဲ့ မြို့ပေါင်း ၉၁ မြို့အထိ EAOs, EROs များ တော်လှန်ရေး တပ်ဖွဲ့များ က သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ် ..

20-Dec 2024
3_1_2025_စံပြုဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ.pdf
1.9 MB
03-Jan 2025

စံပပြုဖက်ဒရယ် ဖ ွဲ့စည််းပံုအုပ်ခ ြုပ်ပံုအခပခခံဥပခဒ
ကေပေး ပြဿနာ သိကောင်းစရာ (02-Jan2025)

လုပ်ငန်းငယ်လုပ်ကိုင်နေသူတစ်ဦးဆိုရင်
Old Bank Account ရှိမယ် ။ Old*
Special Bank Account ရှိမယ် ။ Special*
PhNo. A* နဲ့ ကေပေး အကောင့် ရှိမယ် ။
PhNo. A* သာလျှင် Register လုပ်ထားတဲ့ PhNo.
OTP ကျတဲ့ ဖုန်းနံပါတ် ဖြစ်တယ် ။

Old နဲ့ PhNo.A နဲ့ link* ချိတ်ထားမယ် ။
ပုံမှန်အားဖြင့် Old ထဲမှာ ငွေမထားဘူး
အကယ်လို့ ကေပေးထဲငွေလိုတဲ့အခါ
Special ကနေ Old ကို ရွေ့
Old ထဲကနေမှ ကေပေး ကိုရွေ့ ပြီးသုံးတယ် ။

Old ကော Special ကော
Mobile Banking နဲ့ ငွေလွှဲတဲ့အခါ
PhNo. A* ကိုပဲ OTP ကျတယ် ။

ကေပေး သုံးတဲ့အခါလည်း
PhNo. A* ကိုပဲ sms ကျတယ် ။

ဒီအထိ ပုံမှန် ပါပဲ ။

=============
ပြဿနာ …

ကေပေးထဲက ငွေတွေကော
ကေပေး နဲ့ မချိတ်ထားတဲ့ Special Acc ထဲက
ငွေတွေကိုကော အခိုးခံနေရတယ် ။

=============

ကေပေး PhNo. A* နဲ့
Old, Special Bank Acc တွေချိတ်ထားတဲ့ ကြားမှာ
User တွေ မသိအောင် PhNo. B*** ကိုထည့်ထားလိုက်တယ် ။

ပုံမှန် သုံးနေရင် ဘယ်လိုမှ မသိနိုင်ပါဘူး

အကယ်လို့
ကေပေး နဲ့ Bank Acc Link အကောင့် link ချိတ်ထားတာကို ဖြုတ်လိုက်မယ်

ပြီးမှ ပြန်ချိတ်လိုက်မယ်ဆိုရင်

OTP code က PhNo. B ကိုရောက်သွားမှာ ဖြစ်ပါတယ် ။

‼️⚠️‼️
အဲ့အချိန်ထိ
ကေပေး ကိုသုံးပြီး ငွေလွှဲ လို့ရနေသလို
Old/Special ငွေလွှဲရင်လည်း OTP code က
Register လုပ်ထားတဲ့ PhNo. A*ဆီကျနေ အုံးမှာပါ.

‼️⚠️‼️
အဲ့တော့ OTP code သည်
User ပိုင်ရှင် ရဲ့ PhNo. A ကော
ပိုင်ရှင် မဟုတ်တဲ့ PhNo. B ဆီပါ ပို့နေတဲ့သဘောပါ ။
=======

အကြောင်းအမျိုးမျိုးကြောင့်
ကေပေး ကို မလွှဲမရှောင်သာ
ဆက်လက်သုံးစွဲနေရအုံးမယ် ဆိုရင်တော့
အတတ်နိုင်ဆုံး ငွေလက်ကျန်
အနည်းဆုံးထားပါ ။

ဘဏ်အကောင့် နဲ့ ကေပေး ချိတ်ဆက်ထားခြင်းမျိုး
လုံးဝ မပြုလုပ်ထားသင့်ပါ ။

အကြံပြုချက်သာဖြစ်လို့
ပါသွားရင် ကိုယ်ဖြစ်ကိုယ်ခံပါ ..
မအလ အောက်မှာ နေရင်
ဒီဇယား နဲ့ နေရမယ် ..

တော်လှန် ပုန်ကန်မှ
ငါတို့လွတ်လပ်မယ် ..

အကြမ်းဖက် စကစ နဲ့
ပတ်သက်နေတဲ့သူမှန်သမျှကို
ရတဲ့နည်းနဲ့ ဆန့်ကျင်ကြပါ ။
မအလ အောက်မှာ နေရင်
ဒီဇယား နဲ့ နေရမယ် ..

တော်လှန် ပုန်ကန်မှ
ငါတို့လွတ်လပ်မယ် ..

အကြမ်းဖက် စကစ နဲ့
ပတ်သက်နေတဲ့သူမှန်သမျှကို
ရတဲ့နည်းနဲ့ ဆန့်ကျင်ကြပါ ။
Forwarded from JUNTO CONTIGO (Channel16 Admin)
စကစ လော်ဘီ BBC ရဲ့ အရေးအသား
10-JAN 2025
အာဏာရူး မအလ ရဲ့
စကားကို သတင်းလုပ် ရေးသားထားပုံ

BBC* သည် မအလ ကို အကြမ်းဖက်သမားအဖြစ် သတ်မှတ်ရေးသားဖော်ပြရန်
တရားဝင်ငြင်းဆန်ထားသော မီဒီယာဖြစ်သည် ။
Forwarded from JUNTO CONTIGO
ပေါ်တာ/ လူပျောက်ကြော်ငြာ နဲ့ Post Engagement
======================

မအလ စကစ လော်ဘီ
အောက်တန်းစားတွေရဲ့ Pages တွေကနေ
လူပျောက်ကြော်ငြာပုံစံ post တွေတင်ပြီး

သူတို့ရဲ့ page ၊ engagement တက်အောင်
လုပ်ဆောင်လာတာတွေ့ရပါတယ် ။

သူတို့ရဲ့ ရည်ရွယ်ချက်နောက်တခုက
ပေါ်တာဆွဲခံရတာ မဟုတ်ပဲ ၊
သာမန်ပျောက်ဆုံးတာလိုလို
လူမိုက်တွေကပဲ ပြန်ပေးဆွဲတာလိုလို
ရေးသားဖော်ပြထားတာပါပဲ ။

အဓိက သူတို့ပေါ်တာဆွဲနေတာကို
လူတွေယုံမှားသံသယဖြစ်အောင်
သို့လော သို့လော နဲ့ ဝေဝါးသွားအောင်
ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတာဖြစ်ပါတယ် ..

အောက်မှာ အဲ့လို Pages တွေထဲက တခုရဲ့
အောက်တန်းကျစွာရေးသားဖော်ပြချက်များ 🤌

13-JAN 2025 | JuntoContigo
ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ထဲ မောင်းနှင်နေတဲ့ YBS 27 ပေါ်မှာ ဇန်နဝါရီ ၁၅ ရက်၊ ညနေ ၅ နာရီ ၃၅ မိနစ်လောက်က လူငယ် ၃ ယောက်ကို စစ်ကောင်စီလက်အောက်ခံ အရပ်ဝတ်ရဲတွေက လက်ထိပ်ခတ်ဖ မ်းဆီးသွားတယ်လို့ Rangoon Scout Network RSN က ပြောပါတယ်။

YBS 27 ဟာ တာမွေဘက်ကနေ သင်္ဃန်းကျွန်းဘက်ကို မောင်းနှင်လာတာဖြစ်ပြီး ကျိုက္ကဆံဘုရားမှတ်တိုင်အရောက်မှာ အိမ်စီးကားတစီးက YBS ရှေ့ ပိတ်ရပ်ခဲ့ပါတယ်။

RSN အဖွဲ့ သတင်းပြန်ကြားပေးသူတယောက်က “လူငယ် ၃ ဦးမှာ တဦးက အပေါ်အောက် အမည်းရောင် ဝတ်ထားပါတယ်။ ထပ်သိရတာက ကောင်လေး ၃ ယောက်စီးတဲ့ ကားပေါ်မှာ အရပ်ဝတ် ခပ်ဝဝ တဦးပါတယ်။ ကျိုက္ကဆံမှတ်တိုင်မှာ ၁ ဦး ထပ်တက်လာတယ်။ ဘုရားနဲ့ မှတ်တိုင်ကြားမှာ အဲဒီနှစ်ယောက်က ကောင်လေးတွေကို ဝင်ဖမ်းတာ” လို့ ပြောပါတယ်။

https://burmese.dvb.no/post/686600?fbclid=IwY2xjawH2ym1leHRuA2FlbQIxMAABHVrHpQZ5JwQMAXxhbC_Ng7ZmLwKVKK4jxF1RojOJFgNexZlsu6ZGGpn76g_aem_n0X3x0VdLii2qgsb-qkPbw
ဘယ်လို ရေးတာက မှန်မလဲ ?
မီဒီယာတွေ အနေနဲ့ ဘယ်လိုရေးရင် ဘာအဓိပ္ပါယ်ပေါက်သွားမလဲဆိုတာ သိကော သိကြရဲ့လား ?
ဒါမှ မဟုတ် သိသိလျက်နဲ့တမင် ရေးနေကြတာလား ?

၁- ကျားဖြန့် ကိစ္စ
၂- တရုတ် ကျားဖြန့် ကိစ္စ
၃- မြဝတီ ကျားဖြန့်ကိစ္စ
၄- မြဝတီ မှာရှိတဲ့ တရုတ်ကျားဖြန့်ကိစ္စ
၅- မြဝတီ က ကျားဖြန့်ကိစ္စ
၆- မြန်မာနိုင်ငံက ကျားဖြန့်အရေးကိစ္စ
၇- မြန်မာနိုင်ငံက တရုတ် ကျားဖြန့် အရေးကိစ္စ
၈- အကြမ်းဖက်စစ်ကောင်စီရဲ့ တရုတ်ကျားဖြန့်ကိစ္စ

Author :
#မောင်လျှာရှည်
#MgSharShay
FEB-2025
Forwarded from CHANNEL 16
⚠️ ဒါက ဘာကြီးလဲဆိုတော့ ….

Simcard Box လို့ခေါ်ပါတယ် ။
Clickbait တွေ Fake Click တွေများ အသုံးများသလို ယခုနာမည်ကြီး ကျားဖြန့်လုပ်ငန်းမှာ
အဓိက အသုံးပြုတဲ့ စက်ပစ္စည်းတခုပါ ။

Social Media ပေါ်က သတင်းတု သတင်းမှား ၊
လူပြိန်းကြိုက်သတင်းတွေကို လူသိများအောင်
Like & Share လုပ်ပေးတဲ့အခါတွေမှာသုံးပါတယ် ။

လက်ရှိ ယိုးဒယားမှာတော့
ဆင်းကဒ်နံပါတ် ၂သန်းကျော်နဲ့ ဘဏ်အကောင့်တွေကို ကြိုးစားပိတ်သိမ်းနေတယ်လို့ ဆိုပါတယ် ။
*နည်းနည်းနောနော ပမာဏ မဟုတ်ပါဘူး*

လက်ရှိ မြန်မာပြည်မှာတော့
ဘဏ်ဝန်ထမ်းယောင်ဆောင် ဖုန်းဆက်ပြီး
လိမ်ရင်တောင်
အဲ့ဖုန်းနံပါတ်ကို ပိတ်သိမ်း အရေးယူတာမျိုး
မရှိသေးပါဘူး ။

Simcard Box နဲ့ ဆက်စပ်တဲ့ သတင်းတပုဒ်ကို
ဘန်ကောက်လမ်းညွှန် ကိုစိုင်း “တင်ထားတဲ့
သတင်းတပုဒ် နဲ့ ဆက်စပ်ဖတ်ရှုနိုင်ပါတယ် ။

https://www.facebook.com/share/p/15rLJ8cuu6/?

===========
2025-03-06 | #မောင်လျှာရှည်
Forwarded from RSN WEB
ရန်ကုန်တိုင်း အဖမ်းအဆီးဖြစ်စဉ်များ (ဖေဖော်ဝါရီလ၊ ၂၀၂၅)
•••••••••••••••®•••••••••••••••
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလထဲ ရန်ကုန်တိုင်းအတွင်း အကြမ်းဖက်စစ်တပ်မှ ပြုလုပ်ခဲ့သည့် အဖမ်းအဆီးဖြစ်စဉ်များအနက် ဖြစ်စဉ် ၉၆ ခုကို သိရှိခဲ့ရပြီး ၎င်းတို့အနက် ၂၆ ခုကို အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်။
(ဖြစ်စဉ်များကို တွက်ချက်ရာတွင် အတည်ပြု သိရှိခဲ့ရသည့် ဖြစ်စဉ် အခု ၇၀ ကိုသာ ယူထားသည်။)

ဖေဖော်ဝါရီလအတွင်း ကနဦးဖမ်းဆီးခံလိုက်ရသူ စုစုပေါင်း ၂၃၃ ဦး ရှိခဲ့ပြီး ၎င်းတို့အနက် ၅၄ ဦး ပြန်လွတ်လာခဲ့ကာ ၈ ဦးကိုမူ ပြန်မလွှတ်ပေးတော့ကြောင်း အတည်ပြု သိရှိရသည်။ ၁၇၁ ဦးမှာ ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်ခြင်း ရှိ မရှိ နောက်ဆက်တွဲကို မသိရှိရပါ။

လမ်းမပေါ် တွေ့ရာ လိုက်ဆွဲ၍ ပါသွားသူ ဦးရေမှာ ၁၀၆ ဦး ရှိသည်။ ဧည့်စာရင်းစစ်ပြီး ဖမ်းခေါ်ခံရသူ ၅၉ ဦး၊ သတင်းအတိအကျဖြင့် ရှာဖွေဖမ်းဆီးခံရသူ ၆၃ ဦးနှင့် ဖမ်းဆီးသည့်ပုံစံ မသိရပဲ ချုပ်နှောင်ခံထားရသူ ၅ ဦး ရှိခဲ့ကြောင်း သိရသည်။

စစ်ရေးလှုပ်ရှားသူများ၊ သပိတ်လှုပ်ရှားသူများဟု စွပ်စွဲ၍ ဖမ်းဆီးခံရသူ လူငယ် ၃ ဦး ရှိခဲ့ကြောင်း သိရသည်။ အဆိုတော် လင်းလင်း၏ ရောင်နီသီချင်း လမ်းဘေးတွင် တီးခတ်နေခြင်းကို အားပေးအားမြောက်လုပ်၍ဟုဆိုကာ ၅ ဦး ဖမ်းဆီးခံရသည်။ စစ်မှုထမ်းအတွက် သန်လျင် ရေတပ်သင်္ဘောပေါ် ဖမ်းဆီးထားရာမှ ၂ ဦး ခုန်ချထွက်ပြေးခဲ့သော်လည်း ပြန်လည်ဖမ်းမိသွားသည့်ဖြစ်စဉ်လည်း ရှိခဲ့သည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်မှ စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၁၀ စတင်ခဲ့ပြီး အဓမ္မစုဆောင်းထားသူ လူ ၅၀၀ ကျော်ကို တိုက်ကြီးမြို့နယ်နှင့် လှည်းကူးမြို့နယ်ရှိ စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်ခဲ့သည်။

(ဤပုံစံကားချက်ပါ အချက်အလက်များသည် RSN သို့ ပေးပို့လာသည့် သတင်းများ၊ ချိတ်ဆက်အဖွဲ့အစည်းများထံမှ သိရှိရသည့် သတင်းများ နှင့် မီဒီယာ သတင်းများကို ကိုးကား၍ ပြုစုတွက်ချက်ထားခြင်းဖြစ်ပြီး လက်တွေ့မြေပြင်အခြေအနေမှာ ဤထက် ဆိုးရွားသည်။)

05 Mar 2025
#arrest #RangoonScoutNetwork
Forwarded from CHANNEL 16
ပန်ဆယ်လို အတွက် ရင်လေးတယ် ..

မအလ ကို တော်လှန်ရာကနေ

ထရမ့် ပါ တော်လှန်နေရအုံးမယ်

😥😰