Blood Money- သွေးစွန်းငွေ
2.52K subscribers
2.98K photos
139 videos
4 files
341 links
Ban Jet Fuel Exports to Myanmar.
Sanction Aviation Fuel.
Freeze Payments To Junta.
Keep In Escrow Account.
Sanction MOGE.
Download Telegram
အမေရိကန် အစိုးရဌာန၏ အကြံပေးပုဂ္ဂိုလ် Mr. Ch၀llet အား အောက်ပါအချက်များတောင်းဆိုသည့် အိတ်ဖွင့်ပေးစာတစ်စောင်ကို ပြည်တွင်းပြည်ပ တော်လှန်ရေးအင်အားစုများနှင့် အရပ်ဖက်အဖွဲ့အစည်း စုစုပေါင်း 141 ဖွဲ့ မှ စုပေါင်း၍ မတ်လ ၂၁ ရက်နေ့က ပေးပို့်ခဲ့ပါသည်။

#SanctionMOGE
#PTT_MustStopPaymentToJunta
#KeepInEscrowAccount
This media is not supported in your browser
VIEW IN TELEGRAM
ဩစ‌တြေးလျ ရောက်မြန်မာတော်လှန်ရေးအင်အားစုများ (Global Myanmar Spring Revolution-GMSR Australia) သည် ယခုလာမည့် မတ်လ ၂၇ (တနင်္လာနေ့) တွင် တတိယအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားကို စတင်လှုပ်ရှားတော့မည်ဖြစ်ပါသည်။
မတ်လ ၂၃ ရက်နေ့တွင် အမေရိကန်အစိုးရ၏ ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်ခဲ့သည့်အပေါ် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု၏ သဘောထားထုတ်ပြန်ချက်။

#BloodMoneyCampaignMM
မြန်မာပြည်သူတစ်ရပ်လုံးအပေါ် ကျူးလွန်လျက်ရှိသည့် ရက်စက်ကြမ်းကြုတ်မှုများကို ငွေကြေးထောက်ပံ့ပေးလျက်ရှိသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍနှင့်ပတ်သက်၍ အမေရိကန် အရေးယူဆောင်ရွက်ရန် ပျက်ကွက်လျက်ရှိသည့် အကြောင်းရင်းသုံးခု

အပိုင်း - ၁

EarthRight International မှ ကာ့ဒ်ဟာဘတ်ဆန်ရေးသားချက်အား ဘာသာပြန်တင်ပြခြင်းဖြစ်ပါသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အတိုင်ပင်ခံ ဒါရက်ချိုလက်သည် ယခုရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံ၏ ပိုမိုဆိုး ရွားလာနေသည့် အကျပ်အတည်းကို ဖြေရှင်းရန် ထိုင်းနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။
မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်ရာဇဝတ်ဂိုဏ်းသည် အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ တိုး၍ပြုလုပ်လာသောကြောင့် အကြမ်းဖက်စစ်ရာဇဝတ်ဂိုဏ်းကို ငွေကြေးဖြည့်တင်းပေးလျက်ရှိ သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကို မြန်မာပြည်သူများအနေဖြင့် အပြင်းအထန်ဆန့်ကျင်ကန့်ကွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံသားများအနေဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့မှရရှိသည့် အခွန်ဘဏ္ဍာများကို အကြမ်းဖက်စစ်ရာဇဝတ်ဂိုဏ်းမှ ထုတ်ယူသုံးစွဲခွင့်မရတော့ရန် ဒဏ်ခတ်ပိတ်ဆို့ပေးရန် အမေရိကန်အစိုးရကို တိုက်တွန်းတောင်းဆိုလျက်ရှိသည်ကို အတိုင်ပင်ခံ ချိုလက်အနေဖြင့် ကောင်းစွာသိရှိထားပြီးဖြစ်သည်။ တတိယအကြိမ်မြောက်ကမ္ဘာလုံးဆိုင်ရာသွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုပြုလုပ်နေသည့်အချိန်ကာလအတွင်း စစ်ကိုင်းတိုင်းရှိ ပြည်သူအမြောက်အများသည် အကြမ်းဖက်စစ်တပ်၏အန္တရယ်များကြားမှ နေ့စဉ်ဆိုသလို လမ်းမများအပေါ်တွင် မြန်မာ့ရေနံနှင့် သဘာဓာတ်ငွေ့လုပ်ငန်းကို ပိတ်ဆို့အရေးယူပေးရန် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့သည့်အသံများကို အတိုင်ပင်ခံချိုလက်အနေဖြင့် နားထောင်သင့်သည်။
ယနေ့အချိန်ထိ နိုင်ငံတကာလောင်စာဆီလုပ်ငန်းများ သည် အကြမ်းဖက်စစ်ရာဇဝတ်ဂိုဏ်းမှအပိုင်စီးထားသည့် ဘဏ်အကောင့်များဆီသို့ အမေရိကန်ဒေါ်လာ သန်းရာပေါင်းများစွာရှိသည့် ပေးချေမှုများကို လစဉ်ဆက်လက် ပေးသွင်းနေကြဆဲဖြစ်သည်။ အကြမ်းဖက်စစ်ရာဇဝတ်ဂိုဏ်းသည် အဆိုပါရန်ပုံငွေ အထောက်အပံ့များအပေါ်မှီခို၍ စစ်ကိုင်းတိုင်းဒေသကြီးကဲ့သို့သော နယ်မြေများ၌ ရက်စက်ကြမ်းကြုတ်လှသည့် လုပ်ရပ်များကို ဆက်လက်ကျူးလွန်လျက်ရှိသည်။
အမေရိကန်အစိုးရအနေဖြင့် အဆိုပါငွေကြေးများကို အကြမ်းဖက်စစ်ရာဇဝတ်ဂိုဏ်းမှ ထုတ်ယူသုံးစွဲနိုင်ခြင်းမရှိအောင် ဖြတ်တောက်ပစ်ရန် သို့မဟုတ် အနည်းဆုံး အကြီးအကျယ်အနှောင့်အယှက်ပေးရန် လုပ်ဆောင်နိုင်သည့် အခြေအနေရှိပါသည်။ ပြည်သူ့အာဏာအားလုယူရန်ကြိုးစားခဲ့သော ၂ နှစ်ကျော်ကာလ အတွင်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီခေါင်းဆောင်များ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့် နိုင်ငံတကာမဟာမိတ်များ စုပေါင်း၍ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့မှရရှိသည့် အခွန်ဘဏ္ဍာများကို စစ်အာဏာရှင်၏ အိတ်ထောင်ထဲ စီးဝင်သွားခြင်းမရှိစေရန်အတွက် အမေရိကန်အစိုးရ၏ ဒဏ်ခတ်အရေးယူပိတ်ဆို့မှုလုပ်ရန် အမေရိကန်အစိုးရအား အစဉ်တစိုက်တောင်းဆိုခဲ့ကြသော်လည်း ရေငုံနှုတ်ဆိတ်မှုနှင့်သာ ကြုံတွေ့ခဲ့ကြရသည်။
၂၀၂၂ ခုနှစ်အစောပိုင်းလများအတွင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)အပေါ် ဥရောပသမဂ္ဂမှ ဒဏ်ခတ်ပိတ်ဆို့မှုပြုလုပ်ခဲ့ပါသည်။ ၎င်းအရေးယူဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ခဲ့သည့် ဥရောပသမဂ္ဂ၏ ဆောင်ရွက်ချက်သည် မှန်ကန်သည့်လမ်းကြောင်းအတွက် အရေးပါသည့်ခြေလှမ်း တစ်ရပ်ဖြစ်ခဲ့သည်။ ငွေကြေးလွှဲပြောင်းမှုများကို အမေရိကန်ဒေါ်လာဖြင့် အများဆုံးပြုလုပ်လျက်ရှိသဖြင့် ပြင်းထန်ထိရောက်သည့် အကျိုးသက်ရောက်မှုဖြစ်ပေါ်လာစေရန် အမေရိကန်အစိုးရအနေဖြင့် အလားတူအရွေ့မျိုး ကို ဖော်ဆောင်သွားရန် လိုအပ်နေဆဲဖြစ်သည်။ ဖေဖော်ဝါရီလအတွင်း အမေရိကန်အစိုးရသည် MOGE ၏ ညွန် ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးတို့ကို အရေးယူဒဏ်ခတ်ပိတ်ဆို့သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်းက လက်တွေ့အကျိုးသက်ရောက်မှုမပါသည့် အမည်ခံအရွေ့တစ်ခုသာဖြစ်နေသည်ကို ကြည့်ခြင်း အားဖြင့် အမေရိကန်အနေဖြင့် MOGE သည် အကြမ်းဖက်စစ်ရာဇဝတ်ဂိုဏ်း အတွက် မည်မျှအရေးပါနေသည်ကို သိမြင်နားလည်သော်လည်း အရေးယူဆောင် ရွက်လိုစိတ်ကင်းမဲ့နေကြောင်း ဖော်ပြလျက်ရှိသည်။
ထိုကဲ့သို့သော အရေးယူဆောင်ရွက်ချက်များအား နိုင်ငံရေးအရထောက်ခံမှုနှင့် အထောက်အထားများ အလျှံပယ် ရှိနေသည့်ကြားက အမေရိကန်အစိုးရအနေဖြင့် အဘယ်ကြောင့်တွန့်ဆုတ်နေရပါသနည်း။ ဤအခြေအနေနှင့် စပ်လျဉ်း၍ အောက်ပါအချက်သုံးချက်ဖြင့် သုံးသပ်ကြည့်ရှုနိုင်ပါသည်။

၁။ ထိုင်းအခြေပြု ဇီဝရုပ်ကြွင်းလောင်စာဆီကုမ္ပဏီတစ်ခုဖြစ်သည့် PTT သည် စစ်အာဏာရှင်ထံသို့ စီးဝင်သွား မည့် အခွန်ဘဏ္ဍာများကို အဓိကတာဝန်ယူ၍ စီမံခန့်ခွဲလျက်ရှိသည်။ MOGE အပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့ မှုမပြုရန် အမေရိကန်အစိုးရကို ထိုင်းနိုင်ငံမှ ဖြောင်းဖျနားချလျက်ရှိကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။

၂။ PTT သည် နိုင်ငံတကာအသိုက်အဝန်းနှင့် ပြောဆိုဆက်ဆံရာ၌ ၎င်းတို့၏ ဩဇာအရှိန်အဝါကို မှားယွင်းပုံ ဖော်လျက်ရှိသည်။
၃။ အမေရိကန်နှင့် သံခင်းတမန်ခင်း ထိတွေ့ဆက်ဆံရာ၌ ထိုင်းအစိုးရသည် MOGE အပေါ် အရေးယူဒဏ်ခတ် ပိတ်ဆို့မှုကြောင့် ပေါ်ပေါက်လာမည့် ဆိုးကျိုးသက်ရောက်မှုများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ၏ စွမ်းအင်လုံခြုံ ရေးကိုပါ ခြိမ်းခြောက်လာနိုင်သည်ဟု ချဲ့ကားပြောဆိုလျက်ရှိသည်။

ထိုသုံးသပ်ချက် အသေးစိပ်အား အပိုင်း ၂ တွင် ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်ပါသည်။
Media is too big
VIEW IN TELEGRAM
သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုမှပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မိတ်ဆက်ခဲ့သော video

#BloodMoneyCampaignMM
တတိယအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုနှင့် ပတ်သက်သည့် မီဒီယာထုတ်ပြန်ချက်

file ရယူရန်
https://docs.google.com/file/d/152QZRhz7JWOW1nwH-PCINlMmv0DKQyZK/edit?usp=docslist_api&filetype=msword

#US_SanctionMOGE
#PTT_MustStopPaymentToJunta
#FreezePaymentToJuntaAndSaveMyanmar
#KeepInEscrowAccount
#BloodMoneyCampaignMM
လက်လွတ်သွားသော အခွင့်အလမ်းများ

မြန်မာစစ်အာဏာသိမ်းမှုအား အရေးယူပိတ်ဆို့ဖို့ရန် ပိုမိုကောင်းမွန်သော ချဉ်းကပ်မှုလိုအပ်နေခြင်း

by EarthRights

https://drive.google.com/file/d/1lVY43d2NE2KaDZZO4ELSox18owrnPKtD/view?usp=drivesdk

#BloodMoneyCampaignMM
Blood Money- သွေးစွန်းငွေ
Photo
အမိမြန်ပြည်ငြိမ်းချမ်းသာယာဖို့☮️ ထိုင်းရောက်မြန်မာများ စည်းလုံးပါဝင်စို့

ထိုင်းရောက်မြန်မာပြည်သူ/သားအားလုံး မင်္ဂလာပါ။ အပေါ်က ခေါင်းစဥ်လေးဖတ်လိုက်တာနဲ့တင် အမိမြန်ပြည်အတွက် တော်လှန်စိတ်များ တက်ကြွလာမယ်လို့ ယုံကြည်ပါတယ်။

⁉️ ဒါဆို ဘယ်လိုပူးပေါင်းပါဝင်ကြမလဲ? ဘာ့ကြောင့်ပါဝင်သင့်တာလဲ? ⁉️

ပထမဆုံးအနေနဲ့ အမိနိုင်ငံ ငြိမ်းချမ်းဖို့ ဘာမဆိုပါဝင်မယ်ဆိုတဲ့သူတွေအတွက် “ဘယ်လိုပူးပေါင်းပါဝင်ကြမလဲ” ဆိုတာ ပြောပြချင်ပါတယ်။

၁) ထိုင်းနိုင်ငံပိုင် PTT ဆီဆိုင်များတွင် ဆိုင်ကယ်/ကား ဆီမဖြည့်ခြင်း။ PTT အမှတ်တံဆိပ်ပါ စက်သုံးဆီ၊ အင်ဂျင်ဝိုင်များ အသုံးမပြုခြင်း။

၂) Cafe Amazon ဆိုင်များကို ရှောင်ရှားခြင်း၊ Boycott လုပ်ခြင်း။

၃) ဖော်ပြပါ (၁) နှင့် (၂) ကို မိမိတို့နီးစပ်ရာ မြန်မာနိုင်ငံသားများ (ထိုင်းနိုင်ငံသား မိတ်ဆွေများ) ကို ပူးပေါင်းပါဝင်နိုင်ရန် လက်ဆင့်ကမ်း တိုက်တွန်းခြင်း။

ဒီအချက် ၃ ချက်ကို ပူးပေါင်းပါဝင်လိုက်ခြင်းဟာ မြန်မာပြည်တွင်း ဖက်ဆစ်စစ်တပ်က အကြမ်းဖက်သတ်ဖြတ်‌နေတဲ့ မိမိတို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမ ဆွေမျိုးသားချင်းများအတွက် များစွာ ကူညီရာ ရောက်စေပါတယ်။ ဒါကြောင့်မို့ ထိုင်းရောက်မြန်မာများအနေနဲ့ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

နောက်တခုက “ဘာ့ကြောင့်ပါဝင်သင့်တာလဲ” ဆိုတဲ့ အသေးစိတ်အကြောင်းရင်းကို သိချင်သူတွေအနေနဲ့ ယခု post comment 👇 မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

ထိုင်းရောက်မြန်မာပြည်သားများလည်း ဘေးအန္တရာယ်အပေါင်းမှ ကင်း‌ဝေးစွာ နေထိုင်ကြပါစေ 🙏🙏🙏

#PTT_MustStopPaymentToJunta
#Boycott_PTT #Boycott_CafeAmazon
#BloodMoneyCampaignMM
Blood Money- သွေးစွန်းငွေ
Photo
ထိုင်းရောက်မြန်မာများလုပ်ဆောင်နိုင်မည့် အထိရောက်ဆုံးသွေးစွန်းငွေဖြတ်တောက်ခြင်း

အထောက်အထားရှိသူများအပြင် အထောက်အထားမရှိသူများအပါအဝင် ထိုင်းနိုင်ငံတွင်ရောက်ရှိနေသော မြန်မာနိုင်ငံသားအရေအတွက်မှာ တစ်သန်းခန့်ရှိပါသည်။ ထိုလူဦးရေ တစ်သန်းခန့်တွင်စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ရင်း တိမ်းရှောင်နေသူများလည်းပါဝင်ပါသည်။ ထိုသူများအားလုံး ထိုင်းနိုင်ငံအတွင်းမှနေ၍ အကြမ်းဖက်စစ်တပ်၏ ဝင်ငွေများကိုဖြတ်တောက်ရေးဆိုသော သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုတွင် ထိရောက်စွာ ပါဝင်နိုင်ပါသည်။

အကြမ်းဖက်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၎င်းတို့၏ စစ်အသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၈၀၀ ခန့် ရှိသည် ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG မှ ပေးပို့လာသော အချက်အလက်များအရသိရှိရပါသည်။ ထိုင်းနိုင်ငံပိုင် PTT ကုမ္ပဏီသည် အကြမ်းဖက်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၁၀၀ကျော်ခန့် အကြမ်းဖက်စစ်တပ်အားပေးဆောင်ခဲ့ပြီး ထိုငွေကြေး အားလုံးသည် စစ်အသုံးစရိတ်အဖြစ်အသုံးပြုသည် ဟုလည်း သိရပါသည်။ PTT ကုမ္ပဏီ မှ အကြမ်းဖက်စစ်တပ်အားပေးဆောင်ခဲ့သော ငွေပမာဏသည် စစ်အသုံးစရိတ်တစ်ဝက်ကျော်ခန့်ရှိနေသည်ကိုလည်း တွေ့မြင်ရပါသည်။ PTTကုမ္ပဏီမှ အကြမ်းဖက်စစ်တပ်ထံ စီးဆင်းနေသော ထိုစစ်အသုံးစရိတ်များကို မဖြတ်တောက်နိုင်ပါက သေကြေပျက်ဆီးမှုများပိုမိုများပြားလာမည်သာမက တော်လှန်ရေးရှုံးနိမ့်သွားနိုင်သည့် အခြေအနေမျိုးတွင်ရှိနေပါသည်။ ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်တိုင် ပြီးခဲ့သော မတ်လ ၂၀ ရက်နေ့တွင် PTT ကုမ္ပဏီထံသို့ သတိပေးစာပေးပို့ခဲ့ပါသည်။

ထိုကဲ့သို့ PTT မှ အကြမ်းဖက်စစ်တပ်ထံစီးဆင်းနေသော ပိုက်ဆံများကို ဖြတ်တောက်ရန်သည် မြန်မာနိုင်ငံအတွင်း နေထိုင်နေသော ပြည်သူများသာမက ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများတွင်လည်း တာဝန်ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် အများပြည်သူ သပိတ်မှောက်နိုင်သည့် PTT ကုမ္ပဏီ၏ အဓိကကျသည့် စီးပွားရေးလုပ်ငန်းများသည် ထိုင်းနိုင်ငံတွင်ပို၍များပြားစွာတည်ရှိနေသောကြောင့်ဖြစ်ပါသည်။ PTT ၏စီးပွားရေးလုပ်ငန်းများအားလုံးတွင် ပိုမိုမြင်သာ၍ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ သပိတ်မှောက်ရန်လွယ်ကူသည့်လုပ်ငန်းမှာ PTT ဆီဆိုင်များဖြစ်ပါသည်။

ထိုင်းနိုင်ငံတွင် PTT ဆီဆိုင်ခွဲပေါင်း ၁၈၀၀ နှင့် အထက် ရှိပြီး ထို PTT ဆီဆိုင်များတွင် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ၊ ထိုင်းနိုင်ငံသား မြန်မာနွယ်ဖွားအမြောက် အများ စက်သုံးဆီများဝယ်ယူအသုံး ပြုလျက်ရှိပါသည်။ PTT ဆီဆိုင်များသည့် ထိုင်းနိုင်ငံ၏ နေရာအနှံ့အပြားတွင် တည်ရှိပြီး အချက်အချာကြသည့်နေရာများတွင်တည်ရှိနေခြင်း ကြောင့် ဆီဖြည့်ရန် လွယ်ကူပါသည်။ ထို့အပြင် ဆီဆိုင်များသည် ဆီဈေးနှုန်း သက်သာသည်ဟုလည်း လူအများသိကြပါသည်။ ထို့ကြောင့် ထိုင်းလူမျိုးများအပြင် မြန်မာလူမျိုးများလည်းပဲ ၎င်းတို့၏မော်တော်ယာဉ်များ ဆီဖြည့်ရန် စဉ်းစားရာတွင် PTT ဆီဆိုင်ကိုရွေးချယ်လေ့ရှိကြပါသည်။ PTT ကုမ္ပဏီမှ ထိုကဲ့သို့ မြန်မာနိုင်ငံသားများအပေါ် ရက်စက်စွာသတ်ဖြတ်နေခြင်းအပေါ် စစ်အသုံးစရိတ်ထောက်ပံ့ပေးနေသည်ကို လူအမြောက်အများမသိသေးသောကြောင့် PTT ဆီဆိုင်များကို လူအများဦးစားပေးရွေးချယ်နေကြခြင်း လည်း ဖြစ်နိုင်ပါသည်။

ထိုင်းနိုင်ငံရောက် မြန်မာလူမျိုးများနှင့် ထိုင်းနိုင်ငံသားမြန်မာနွယ်ဖွားများအနေဖြင့် PTT ဆီဆိုင်များသည် မည်ကဲ့သို့ပင် ဈေးသက်သာနေပါစေ၊ ဆီဖြည့်ရန် မည့်ကဲ့သို့ပင်လွယ်ကူနေပါစေ ကျွန်ုပ်တို့၏ မြန်မာပြည်တွင်းရှိ မိသားစုဝင်များ၊ သူငယ်ချင်းများ၊ ရဲဘော်ရဲဖက်များအားလုံးကို ရက်စက်စွာနှိမ်နင်းသတ်ဖြတ်နေခြင်းများအားလုံးအတွက် အကြမ်းဖက်စစ်တပ်ကို စစ်အသုံးစရိတ်အများဆုံးထောက်ပံ့နေသော ထို PTT ကုမ္ပဏီ၏ ထုတ်ကုန်များကို အသုံးပြုနေခြင်းက ကျွန်တော်တို့ကိုယ်တိုင်လည်း ကျွန်တော်တို့ ချစ်ခင်ရသည့် ကျွန်တော်တို့လူမျိုးများကို ပြန်လည်သတ်ဖြတ်ရန် အားပေးရာရောက်ပါသည်။ ထိုင်းနိုင်ငံ၏ နေရာအနှံ့အပြားတွင် PTT ဆီဆိုင်မဟုတ်သည့် အခြားဆီဆိုင် များလည်း အမြောက်အများရှိပါသေးသည်။ အချို့ ဆီဆိုင်များသည် PTT ဆီဆိုင်မှ ဈေးနှုန်း နှင့် နှိုင်းယှဉ်လျင် အနည်းငယ်မျှ ဈေးပိုနိုင်ပါသည်။ ကျွန်တော်တို့အနေဖြင့် PTT ဆီဆိုင်တွင် ဆီဖြည့်ရန်စဉ်းစားပါက ပိုမိုဈေးသက်သာသွားမည်မှာ ၅ ဘတ်နှင့် အလွန်ဆုံး ၁၀ ဘတ်ခန့်သာရှိနိုင်ပါသည်။ ထိုငွေ ၅ ဘတ်မှ အလွန်ဆုံး ၁၀ ဘတ်အထိ သက်သာသွားမည်ကိုကြည့်လျှင် မြန်မာနိုင်ငံတွင် လူအများအရှင်လတ်လတ်မီးရှို့သတ်ခံနေရသည့် ပုံရိပ်များကိုလည်း ပြန်လည်မြင်ယောင်စေလိုပါသည်။ PTT ဆီဆိုင်များတွင် ဆီမဖြည့်ခြင်းနှင့် PTTဆီဆိုင်တွင် ဆီသွားဖြည့်တော့မည့် ကျွန်တော်တို့ ၏သူငယ်ချင်းများနှင့် မိသားစုဝင်များကို ထိုအကြောင်းအရာများ ရှင်းပြခြင်းသည်လည်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် ထိုင်းနိုင်ငံသားမြန်မာအနွယ်ဖွားများအတွက် အထိရောက်ဆုံးသော သွေးစွန်းငွေဖြတ်တောက်ရေးဖြစ်ပါသည်။
Blood Money- သွေးစွန်းငွေ
Photo
ထို့ကြောင့် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများနှင့် ထိုင်းနိုင်ငံသား မြန်မာနွယ်ဖွားများအနေဖြင့် မြန်မာနိုင်ငံသားများ၏ အသက်များဝိညာဉ်များနှင့် သွေးများရောပါနေသော PTT ဆီများကို မသုံးပဲ အထိရောက်ဆုံး သောသွေးစွန်းဖြတ်တောက်ရေးတွင် ပါဝင်ပေးပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။

#PTT_MustStopPaymentToJunta
#Boycott_PTT #Boycott_CafeAmazon
#BloodMoneyCampaignMM