ထိုင်းနိုင်ငံက PTT ဆီဆိုင်တွေကဆီတွေက တကယ်ပဲ သန့်ရဲ့လား။
PTTဆီဆိုင်က ဆီတွေက မသန့်ပါဘူး။ အဲ့ဒိဆီတွေထဲမှာ မြန်မာနိုင်ငံသားတွေရဲ့ အသက်တွေနဲ့ သွေးတွေရောပါနေပါတယ်။ ထိုင်းနိုင်ငံရောက်မြန်တွေအနေနဲ့ PTT ဆီဆိုင်တွေမှာ ဆီမဖြည့်ခြင်းဖြင့် သွေးစွန်းငွေများဖြတ်တောက်ပါ။
#PTT_MustStopPaymentToJunta
#Boycott_PTT #Boycott_CafeAmazon
#BloodMoneyCampaignMM

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် သေဆုံးသူ အနည်းဆုံး ၆၀ကျော် ဦးအထိတွေ့ရှိထားပြီး ထပ်မံရှာဖွေကယ်ဆယ်တာတွေ လုပ်နေတယ်လို့ သတင်းတွေရဲ့ ဖော်ပြချက်တွေအရ သိရှိရပါတယ်။သေဆုံးမှုနှုန်းဟာ အခုအရေအတွက်ထက် ထပ်မံ မြင့်တက်လာနိုင်သေးတယ်လို့လဲ ခန့်မှန်းထားကြပါတယ်။
မြန်မာတို့ရဲ့ နှစ်ကူးအလို တစ်ရက်မှာပဲ ခုလို သွေးသံတရဲရဲနဲ့ အကြမ်းဖက် စစ်အုပ်စုက နှစ်ကူးကို ကြိုဆိုလိုက်တာ ကျွန်တော်တို့ မျက်မြင်ပဲ ဖြစ်ပါတယ်။
ဒီလို လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နိုင်ဖို့ အကြမ်းဖက် စစ်အုပ်စုကို ထောက်ပံ့နေတာ ထိုင်းနိုင်ငံပိုင် ရေနံကုမ္ပဏီကြီးဖြစ်တဲ့ PTTပါ။
PTTရဲ့ ဒေါ်လာငွေတွေ ထောက်ပံ့မူနဲ့ ခုလို လေကြောင်းက အချိန်မရွေး ဗုံးကြဲ တိုက်ခိုက်မှုတွေ ပြုလုပ်နေနိုင်တာပဲ ဖြစ်ပါတယ်။
ဒီနွေဦးဟာ အရင်ထက် ပိုပူပြင်းတယ်
ဒီအတာရေ တကယ် မအေးပါဘူး
မဖျန်းပါနဲ့ အတာသွေး
ငါတို့ ပြည်သူရဲ့သွေး
#PTT-must-stop-payment-to-junta
#SanctionMOGE

Blood Money- သွေးစွန်းငွေ
Photo
မြန်မာပြည်သူနဲ့အတူ ရပ်တည်ပါတယ်ဆိုတဲ့ နိုင်ငံတကာရဲ့ ပျားသကာလောင်း ထောက်ခံမှုများ နှင့် နေ့စဉ်နဲ့အမျှ အကြမ်းဖက် သတ်ဖြတ်ခံနေရတဲ့ မြန်မာပြည်သူများ
၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက လက်နက်အားကိုး အာဏာလုယူပြီးတဲ့နောက် တစ်နိုင်ငံလုံးရှိ ဒီမိုကရေစီ လိုလားကြတဲ့ ပြည်သူလူထုက ကန့်ကွက်ဆန္ဒပြ ဆန့်ကျင်ခဲ့ကြပါတယ်။ ဒီလို ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ဒီမိုကရေစီ လိုလား မြန်မာပြည်သူများဘက်မှ နိုင်ငံတကာကလည်း ရပ်တည်ခဲ့ကြပြီး စစ်တပ်အာဏာသိမ်းတာကို ကန့်ကွက်ရှုံ့ချခဲ့ကြပါတယ်။
ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြတဲ့ ပြည်သူကို အာဏာလုစစ်တပ်က ၂၀၂၁ ဖေဖော်ဝါရီ ၉ ရက်မှာ ကျည်ဆံအစစ်ဖြင့် စတင်အကြမ်းဖက် ဖြိုခွဲခဲ့ပါတယ်။ အဲဒီချိန်ကစခဲ့တဲ့ ပြည်သူအပေါ် ဖက်ဆစ် စစ်အုပ်စုရဲ့ လူမဆန်စွာ အကြမ်းဖက်မှုတွေကြောင့် ယခုဆို ပြည်သူ ၃၀၀၀ ကျော် ကျဆုံးခဲ့ရပြီး ၂၀၀၀၀ ကျော် ဖမ်းဆီးခံထားရကာ ထွက်ပြေးတိမ်းရှောင်နေရသူ သန်းနဲ့ချီ ရှိနေခဲ့ပါပြီ။ သို့သော်လည်း နိုင်ငံတကာရဲ့ အမြဲထုတ်နေကြ “ဝမ်းနည်းပါတယ်၊ ကန့်ကွက်ရှုံ့ချပါတယ်၊ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ပါ” စတဲ့ ထုတ်ပြန်ချက်တွေသာ မနားတမ်း ထုတ်နေကြတာပါ။
နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေကိုအမှန်တကယ် ကူညီရာရောက်မယ့်၊ စစ်အုပ်စုကို အမြန်ဆုံး ကျဆုံးစေမယ့် နည်းလမ်းတွေ ရှိပါလျက်နဲ့ ကိုယ်ကျိုးစီးပွားတွေကြောင့် ရှောင်လွဲနေခဲ့တာဟာ နေ့စဉ်နဲ့အမျှ မြန်မာပြည်သူတွေ ပိုမိုအကြမ်းဖက် သတ်ဖြတ်ခံရဖို့ ဖြစ်စေမှာပါ။
အနီးစပ်ဆုံး ဥပမာတခုအနေဖြင့် အမေရိကန်အစိုးရက စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကို ပစ်မှတ်ထားပြီး လေယာဉ်ဆီ ၀ယ်ယူမှုကိုသာ ပိတ်ဆို့အရေးယူခဲ့ပေမဲ့ လေယာဉ်ဆီဝယ်နိုင်တဲ့ ဒေါ်လာငွေကြေး စီးဝင်နေမှု MOGE ကိုတော့ လျစ်လျူရှုထားတာ ဖြစ်ပါတယ်။
အမြင်သာဆုံးမှာ အမေရိကန်အစိုးရအနေနဲ့ စစ်တပ်အာဏာလုပြီး ချက်ချင်းဆိုသလို နယူးယောက်မြို့က Federal Reserve Bank မှာရှိတဲ့ မြန်မာနိုင်ငံရဲ့ အာမခံထားငွေ ဒေါ်လာ ၁ ဘီလီယံ (ဒေါ်လာ သန်း ၁၀၀၀) ကို စစ်အုပ်စု ထုတ်ယူသုံးစွဲ မရအောင် ပိတ်သိမ်းခဲ့သော်လည်း ၎င်း၏ မဟာမိတ် ထိုင်းနိုင်ငံပိုင် PTT ကုမ္ပဏီက ၂၀၂၂ ခုနှစ်အတွင်းမှာပင် ဒေါ်လာ ၂.၄ ဘီလီယံ (ဒေါ်လာ သန်း ၂၄၀၀) ပေးခဲ့သည့် စစ်အုပ်စုလက်အောက်က MOGE ကို ပိတ်ဆို့အရေးယူခြင်း မရှိခဲ့ပေ။
အခုလို ဝင်ငွေရနေတာကြောင့် စစ်အုပ်စုဟာ မြေပြင်အခြေအနေအရ မည်သို့ပင် ကျရှုံးစေကာမူ လေကြောင်းကို အလွယ်တကူ အသုံးပြုပြီး အရပ်သားပြည်သူတွေအပေါ် ရက်စက်စွာ အကြမ်းဖက် သတ်ဖြတ်နေနိုင်တာပါ။
ဒါကြောင့် အမေရိကန်အပါအဝင် နိုင်ငံတကာအနေနဲ့ ဒီမိုကရေစီ လိုလားတောင်းတနေတဲ့ မြန်မာပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်ပါတယ်ဆိုရင် မိမိတို့ ကိုယ်ကျိုးစီးပွားထက် စစ်အုပ်စုကို အမှန်တကယ် ထိရောက်သည့် စစ်အုပ်စုအတွက် နိုင်ငံခြားဝင်ငွေရ ငွေပင်ငွေရင်းများကို အရေးယူဒဏ်ခတ် ပိတ်ဆို့မှုများကို ထပ်မံ ပြုလုပ်စေလိုကြောင်း တိုက်တွန်းအပ်ပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ တစ်နှစ်တာ စစ်အသုံးစရိတ်က ဒေါ်လာ သန်းပေါင်း ၁၈၀၀ခန့်ရှိတယ်လို့ တိကျစွာသိရှိရပါတယ်။ အကြမ်းဖက် စစ်တပ်ရဲ့ ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာငွေအသုံးပြုမှု ထုတ်ပြန်ချက်အရ ပြည်သူကို အကြမ်းဖက်သတ်ဖြတ်နိုင်ဖို့ စစ်အသုံးစရိတ် ကျပ်ဘီလီယံ ၅၆၀၀ ကျော်အထိ တိုးမြှင့် သုံးစွဲမယ်လို့လည်းတွေ့ရှိရပါတယ်။ ဒီလောက်ဝင်ငွေတွေကို သုံးနိုင်သရွှေ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေကလည်း နေ့စဉ်နှင့်မျှ ဆိုသလို ပိုမိုဆိုးရွားနေဦးမှာပဲဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ ဝင်ငွေတွေကို ဖြတ်တောက်နိုင်ဖို့ တော်လှန်ပြည်သူတိုင်း သွေးစွန်းငွေဖြတ်တောက်ရေးမှာ ပါဝင်ပေးကြဖို့လိုအပ်ပါတယ်။
#Sanction_MOGE
#PTT_MustStopPaymentToJunta
#FreezePaymentToJuntaAndSaveMyanmar
#Keep_InEscrowAccount
#WhatsHappeningInMyanmar
#BloodMoneyCampaignMM
#Sanction_MOGE
#PTT_MustStopPaymentToJunta
#FreezePaymentToJuntaAndSaveMyanmar
#Keep_InEscrowAccount
#WhatsHappeningInMyanmar
#BloodMoneyCampaignMM
Blackout strike: မီးပိတ် တိတ်ဆိတ်မှုနဲ့ အကျယ်လောင်ဆုံးတုန့်ပြန်မှု
အချိန် ။ ည 8-8:05 နာရီ (၅ မိနစ်)
နေ့ရက် ။ ဧပြီ ၁၇၊ ၂၀၂၃ (မြန်မာနှစ်ဆန်း ၁ ရက်နေ့)
လုပ်ဆောင်ရန်။ ။ ပဇီကြီးကျေးရွာလေကြောင်းတိုက်ခိုက်မှုတွင် အသက်ဆုံးရှုံးခဲ့သူများအတွက် ဝမ်းနည်းစာနာခြင်းကို ဖော်ပြခြင်းအနေဖြင့် နေအိမ်တွင် ဖြစ်စေ၊ မိမိရောက်နေသော နေရာ/အရပ်တွင်ဖြစ်စေ ည ၈ နာရီ မှ ၈:၀၅ အတွင်း ၅ မိနစ်ကြာ မီးပိတ်တိတ်ဆိတ်ငြိမ်သက်ကြပါစို့။
မြန်မာပြည်သူလူထုအနေနဲ့ တော်လှန်သင်္ကြန်ဖြတ်သန်းလာခဲ့တာ အခုဆိုသုံးနှစ်မြောက်ရှိခဲ့ပါပြီ။
နှစ်ဟောင်းကိုစွန့်လို့ နှစ်သစ်ကိုကူးချိန် ဆေးကြောသန့်စင်အေးမြစေခဲ့တဲ့ သင်္ကြန်ရေဟာလည်း အာဏာရူးတစ်စုရဲ့ လူမဆန်တဲ့ ရက်စက်မှုတွေ၊သတ်ဖြတ်မှုတွေကြောင့် ပူဆွေးဝမ်းနည်းနေရတဲ့ ရင်အပူကို မအေးမြစေနိုင်တော့ပါ။
ဒီနှစ်မကူးခင်မှာလည်း စစ်ရူး အာဏာရူး လက်ချက်ဖြင့် စစ်ကိုင်းတိုင်း၊ကန့်ဘလူ၊ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုတွင် သေဆုံးသွားရတဲ့အပြစ်မဲ့ပြည်သူ ၁၇၀ ကျော်အတွက်လည်း ပြည်သူတစ်ရပ်လုံး ငိုကြွေးခဲ့ရပြန်ပါပြီ။
ပြည်သူတွေရဲ့တိတ်တဆိတ်ငိုကြွေးသံတွေဟာ ရင်နှင့်အပြည့် မြည်ဟိန်းလို့နေပါပြီ။ ငိုညည်းသံတွေကို ခဏလေးငြိမ်သက်စွာ အာရုံစိုက်နားထောင်ဖို့ အမှောင်ထဲမှာ အတူတကွ ငြိမ်သက်ရင်း ကြွေလွှင့်သွားခဲ့ရတဲ့ အပြစ်မဲ့ပြည်သူတွေအတွက် တောင်းဆုပြုကြမယ်။
မီးလာသည်ဖြစ်စေ၊မလာသည်ဖြစ်စေ ရပ်ကွက်တိုင်း၊မြို့နယ်တိုင်းနေရာတိုင်းမှာ ၅ မိနစ်တိတိမီးပိတ်ပြီး အတူတကွ
ကြွေလွှင့်ကြယ်ပွင့်တွေအတွက်ဆုတောင်းမယ်။
အမှောင်ညတွေက လွန်မြောက်နိုင်ဖို့ဆုတောင်းမယ်။
အိမ်မက်ပျောက်၊လမ်းပျောက်ခဲ့ရတဲ့ ဘဝတွေအတွက်ဆုတောင်းမယ်။
အနိဌာရုံများ၊ စိတ်ဖိစီးမှုများ၊ အထွေထွေအကြပ်အတည်းများ၊ နာကြည်းမှုများမှ ပြည်သူတို့၏စိတ်ကိုခေတ္တအနားပေးပြီးအားအင်ပြန်သစ်ကြမယ်။
အတိတ်ဆိတ်ဆုံးအသံနဲ့ အကျယ်လောင်ဆုံးတုံ့ပြန်မယ်။
ည ၈ နာရီရဲ့ အမှောင်ထုထဲမှာ ပြည်သူအားလုံးရဲ့ ငိုကြွေးသံတွေဟာ အတူတကွပေါင်းစည်းလို့ တိတ်ဆိတ်ငြိမ်သက်ခြင်းကိုဖြစ်စေမယ်။
တိတ်ဆိတ်ငြိမ်သက်စွာ အာရုံစိုက်နားဆင်ကြည့်ပါ။ ပြည်သူအားလုံးရဲ့ ရင်ထဲကငိုရှိုက်သံတွေ၊တောင်းဆုပြုသံတွေ ကို ကြားနိုင်ပါစေ၊ဝေမျှနိုင်ပါစေ၊အတူတူ ကျော်လွှားနိုင်ပါစေ။

ဘာကြောင့် PTT ကို သပိတ်မှောက်ဖို့လိုသလဲ?
PTT ကုမ္ပဏီက အကြမ်းဖက်စစ်တပ်ကို နှစ်စဉ်ဒေါ်လာသန်းပေါင်းများစွာပေးနေလို့ပါ။
#Sanction_MOGE
#PTT_MustStopPaymentToJunta
#FreezePaymentToJuntaAndSaveMyanmar
#Keep_InEscrowAccount
#WhatsHappeningInMyanmar
#BloodMoneyCampaignMM
PTT ကုမ္ပဏီက အကြမ်းဖက်စစ်တပ်ကို နှစ်စဉ်ဒေါ်လာသန်းပေါင်းများစွာပေးနေလို့ပါ။
#Sanction_MOGE
#PTT_MustStopPaymentToJunta
#FreezePaymentToJuntaAndSaveMyanmar
#Keep_InEscrowAccount
#WhatsHappeningInMyanmar
#BloodMoneyCampaignMM
ရွှေကူမြို့ အရှေ့ပိုင်းရှိ အိမ်အလုံး ၁၀၀၀ ကျော်အား ၁၉ ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီမှ မီးရှို့ဖျက်ဆီးခဲ့သည်။
https://www.facebook.com/photo/?fbid=609421094552630&set=a.583637430464330
#WhatsHappeningInMyanmar
#BloodMoneyCampaignMM
https://www.facebook.com/photo/?fbid=609421094552630&set=a.583637430464330
#WhatsHappeningInMyanmar
#BloodMoneyCampaignMM
အကြမ်းဖက်စစ်တပ်၏ တစ်နှစ်တာ စစ်အသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၈၀၀ ခန့်ရှိနေချိန် PTT မှ အကြမ်းဖက်စစ်တပ်ကို ထောက်ပံ့သည့် ပမာဏမှာ ဒေါ်လာသန်းပေါင်း ၁၁၀၀ ကျော်ရှိသည်ဟု NUG မှ ပေးပို့လာသော အချက်အလက်များမှ သိရှိရပါသည်။ ထိုဒေါ်လာသန်းပေါင်း ၁၁၀၀ ခန့်သည် သဘာဝဓာတ်ငွေ့တူးဖော်ရေး လုပ်ကွက်ကြီး ၄ ခုအနက် ရတနာစီမံကိန်းတစ်ခုထဲမှဖြစ်ပြီး PTT တစ်ဦးမှသာ ပေးချေသောပိုက်ဆံဖြစ်ပါသည်။ ထိုပမာဏ အားလုံးကိုလည်း စစ်အသုံးစရိတ်အဖြစ်သာ အသုံးပြုသည်ဟုလည်း တွေ့ရှိရပါသည်။
ထိုငွေကြေးများကို မဖြတ်တောက်နိုင်သရွေ့ နေ့စဉ်နှင့် အမျှ ဆိုသလို ပြည်သူအမြောက်အများနေဆုံးနေကြရုံမျှ မကပဲ အကြမ်းဖက်စစ်အာဏာရှင်စနစ်တော်လှန်ရေးကြီးတစ်ရပ်လုံး ပါရှုံးနိမ့်သွားနိုင်ပါသည်။ PTT မှ အကြမ်းဖက်စစ်တပ်ထံ စီးဝင်နေသောငွေကြေးများကို ဖြတ်တောက်နိုင်ရန် မြန်မာပြည်တွင်းသာမက ထိုင်းရောက်မြန်မာများပါ တာဝန်ရှိပါသည်။