Not lonely, just Solo
118 subscribers
156 photos
17 videos
3 files
89 links
Ch Date - 3.7.2024
Download Telegram
🤣8
This media is not supported in your browser
VIEW IN TELEGRAM
ဆရာဝန် လုပ်မဲ့လူတွေ နောက်ပိုင်း medical သင်စရာမလိုတော့ဘူး🗿

#Louis
🤣6
ဘယ်မအေလိုးမြှောက်ပေးလိုက်တာလဲ🗿



#Louis
🤣8
Aztec'ChiFu
Photo
💔6
တိရစ္ဆာန်တွေကို သင်ပေးတော့ လိမ္မာ လာတယ်
လူတွေကို သင်ပေးတော့ ပြန်ကိုက်တတ်လာတယ်

#Louis
👍4
ကျနော်သည်မည်မျှပင်ဆိုးစေကာမူ
ကျနော့်ကောင်မလေးအား
တိုင်းထက်အလွန်ချစ်ပါသည်


သူကောင်းသလောက်ပြန်မကောင်းပေးနိုင်သည့် အတွက် ကိုယ့်ကိုယ်ကိုအား အလွန်မှလည်းစက်‌ဆုပ်ရွံရှာမိပါသည်
ကျနော်‌စဉ်းစားထားပါသည် စာကြိုးစားပြီးလူတော်လူကောင်းဖြစ်အောင်ပြန်နေဖို့

ကျနော့်ကောင်မလေးအပေါ်အား သူကောင်းပေးသလိုပြန်ကောင်းပေးရန် တာ၀န်ရှိသည်ဟုခံစားရပါသည်
ကိုယ်လိုမကောင်းဘဲဖောက်ပြန်ဖူးတဲ့သူကို အကြိမ်ကြိမ်လက်ခံပေးပြီး အကြိမ်ကြိမ်ခွင့်လွှတ်ပေးတဲ့သူမအား နည်းနည်းမျှပြန်မကောင်းပေးလျှင် ကျနော်ကားလူလို့ခေါ်ဆိုရန်မထိုက်တော့ပေ

#Nyan
🤣11❤4💯1
YOU DON'T NEED TO BE GREAT TO START,

BUT YOU NEED TO START TO GREAT.
❤2🍾2🥰1
ကြိုးစားမှုက အိပ်ငိုက်နေရင်၊

အောင်မြင်မှုက အိပ်ပျော်သွားလိမ့်မယ်။
🤣5❤2🥰2🤡1
မင်းကြိုက်တဲ့ ကိုလာဗူးကို စတိုးဆိုင်တစ်ဆိုင်မှာဝယ်နေကျ၊
အေး အဲ့စတိုးဆိုင်က မင်းကိုမရောင်းတော့ဘူးဆိုရင်
မင်းစိတ်ပူလား စိုးရိမ်လား

Nah ah
ကိုလာက အဲ့တစ်ဆိုင်တည်းရောင်းတာမှမဟုတ်တာ
❤6🗿6👏2🥰1😇1
LOVE VS HATE

လူအများစုက ချစ်ခြင်းရဲ့ ဆန့်ကျင်ဘက်ကို မုန်းတီးခြင်းလို့ထင်ကြတတ်ပြီး၊ မုန်းတီးခြင်းရဲ့ ဆန့်ကျင်ဘက်ကိုလည်း ချစ်ခြင်းလို့ ယူဆကြတတ်တယ်။ ပထမမြင်ရသလောက်တော့ make sense ဖြစ်သလိုပဲ ထင်နိုင်ပေမယ့် စိတ်ပညာနဲ့ ဦးနှောက်သိပ္ပံကို နက်နက်ရှိုင်းရှိုင်းကြည့်မယ်ဆိုရင် အမှန်တကယ် မိမိထင်သလိုမဟုတ်ပါ။ ချစ်ခြင်းနဲ့ မုန်းခြင်းဟာ တိုက်ရိုက် ဆန့်ကျင်ဘက်မဟုတ်ဘဲ ဦးနှောက်ထဲမှာ အံ့သြစရာ တူညီမှုတွေ ပါဝင်နေတဲ့ စွမ်းအားပြင်းပြင်း emotion နှစ်မျိုးပဲ ဖြစ်ပါတယ်။

Neuroscience အရ တစ်ယောက်ယောက် ချစ်နေတာဖြစ်စေ၊ အလွန်မုန်းနေတာဖြစ်စေ ဦးနှောက်အတွင်းမှာ တူညီတဲ့ activation zone တွေ ထပ်တူတူ လှုပ်ရှားနေတတ်တယ်။ ချစ်ခြင်းအချိန်မှာ ဦးနှောက်ထဲ dopamine, oxytocin, serotonin, norepinephrine တွေ ထွက်ပေါ်ပြီး bonding, trust, excitement တို့ကို ဖြစ်စေတယ်။ ဒါပေမယ့် မုန်းခြင်းအချိန်မှာတော့ adrenaline, cortisol, norepinephrine နဲ့ တခါတရံ dopamine ထွက်ပေါ်ပြီး tension, stress, alertness တို့ကို ဖန်တီးတတ်တယ်။

ဒီအကြောင်းကြောင့်ပဲ ချစ်ခြင်းနဲ့ မုန်းခြင်းဟာ တိုက်ရိုက် opposite relationship မဟုတ်ဘဲ parallel pattern အနေနဲ့နီးစပ်နေကြတာ ဖြစ်တယ်။ တစ်ဖက်က bonding နဲ့ connection ကို ဖန်တီးပြီး၊ တစ်ဖက်ကတော့ threat နဲ့ defense ကို ဖန်တီးတယ်။ နှစ်ခုစလုံး intensity ပြင်းပြင်းနဲ့ တောက်လျှံပေမယ့် ဦးတည်ရာမတူကြဘူး။ ဒါကြောင့်ပဲ လူတချို့ အလွယ်တကူ ချစ်ခြင်းကနေ မုန်းခြင်းဆီ အလွယ်တကူ ကူးသွားနိုင်တတ်တာဖြစ်တယ်။ "အရမ်းချစ်လွန်းလို့ အရမ်းမုန်းသွားတာ ကြားဖူးကြမယ်" ထင်ပါတယ်။

အမှန်တကယ် ချစ်ခြင်းရဲ့ ဆန့်ကျင်ဘက်က မုန်းခြင်း မဟုတ်ပါ။ Indifference (မစိတ်မဝင်စားခြင်း) ပဲ ဖြစ်တယ်။ တစ်ယောက်ကို မပြန်စဉ်းစားတော့၊ မာနမထားတော့၊ ဘာမျိုးဖြစ်ဖြစ် စိတ်မပူတော့, လျစ်လှူရှု့လိုက်တဲ့အချိန်, အဲဒါကတော့ တကယ့်ချစ်ခြင်းရဲ့ အဆုံးလည်းဖြစ်ပြီး တကယ့် opposite လည်းဖြစ်ပါတယ်။

#chifu
❤6❤‍🔥2🥰1😘1
The Rat Park Experiment 🐭

သိပ္ပံပညာရှင်တစ်ယောက်က ကြွက်တစ်ကောင်ကို လေှာင်အိမ်လေးထဲထည့်ထားမယ်။ အဲ့လေှာင်အိမ်လေးထဲမှာ Drug(မူးရစ်ဆေးဝါး)အရည်တစ်မျိုးတစ်ခွက်ရယ် ပုံမှန် ရေတစ်ခွက်ရယ်နဲ့ အစားကောင်းအစားအစာတွေချပေးထားတယ်။ ကြွက်က drug ကို သောက်ပြီး ကြိုက်သွားပြီး စွဲသွားတယ်။ နောက်တော့ ကြွက်က အစားစားတာနဲ့ ရေသောက်တာရပ်သွားတယ်။ drug ကြီးပဲ သောက်နေတော့တယ်။ သိပ်မကြာခင်မှာပဲ ကြွက်လေးသေသွားခဲ့တယ်။

ဒီတစ်ခေါက်မှာတော့ သိပ္ပံပညာရှင်တစ်ယောက်က ကြွက်လှောင်အိမ်ဆိုပေမဲ့ ကြွက်ပန်းခြံလိုအကြီးကြီးဆောက်လိုက်တယ်။ တခြားကြွက်တစ်ကောင်ကို အဲ့ထဲထည့်လိုက်တယ်။ ကြွက်ပန်းခြံထဲမှာလည်း drug နဲ့ တခြားရေရယ် အစားစာရယ်ချပေးထားတယ်။ ဒါပေမဲ့ ဒီအခါမှာတော့ ကြွက်လေးက ပတ်ဝင်းကျင်မတူတော့ဘူး open environment ထဲရောက်နေပြီ။ ကြွက်ပန်းခြံထဲမှာထားထားတဲ့ အရုပ်တွေနဲ့ ကစားလို့ရနေပြီ။ နောက်တော့ တခြား ကြွက်တွေပါ အတူတူထားလိုက်တယ်။ အဲ့မှာ ကြွက်လေးက မိသားစုပါတည်ဆောက်လို့ရပြီး ကြွက်ကလေးတွေတောင် မွေးနိုင်သွားတယ်။

—————————
ကြည့်ကြမယ်ဆိုရင် လှောင်အိမ်ငယ်ထဲကကြွက်လေးက အမြဲ drug ကို စွဲလမ်းပြီး အလွန်အကျွံသုံးစွဲခဲ့ပြီး နောက်ဆုံးမှာ သေသွားရတယ်။ တခြားတစ်ဖက်မှာတော့ ကြွက်ပန်းကြံထဲကကြွက်လေးက ထိရုံလေးပဲ drug ကို သုံးစွဲခဲ့ပြီး ပျော်ပျော်ရွင်ရွင်နေတယ်။
ဒီလေ့လာစမ်းသပ်မှုလေးက drug အကြောင်းမဟုတ်ဘူး, မင်းရဲ့ ရည်ရွယ်ချက်နဲ့ ပတ်ဝန်းကျင်ပဲ။

#chifu
💘3❤1❤‍🔥1🔥1😍1🍓1
💔8😇4🤣3🥰1😁1
physics ရဲ့ အရှည်ဆုံး equation ပါ

The Standard Model Lagrangian လို့ ခေါ်ပါတယ်

ဒါက ချုံ့ထားတာပါ၊ ဖြန့်လိုက်ရင် စာရွက်ပေါင်း ထောင်ပေါင်းများစွာလိုပါတယ်။ နံရံတစ်ချပ်စာလောက်ပါ။

Particle Physicists တွေ သုံးပြီး စွမ်းအင်မြင့် အမှုန်တွေရဲ့ ပွတ်တိုက်မှုကို ခန့်မှန်းဖို့ အသုံးပြုကြပါတယ်။
crd
👍8❤5
No one talks with you without a reason.
No one likes you without a reason.
No one cares for you without a reason.
No one is close to you without a reason.
No one befriends you without a reason.
No one gets attached to you without a reason.


Think about that.

#chifu
❤11🔥7❤‍🔥3⚡1💊1
ဘာမှမရှိတဲ့ကျွန်းငယ်လေးတစ်ခုမှာ ကျွန်တော်တည်ရှိနေသည်။ ဘယ်သူဘယ်ဝါမှမရှိသလို အရာအားလုံးက လေပြင်းကလွဲရင် တိတ်ဆိတ်ငြိမ်သက်နေသည်။ ကျွန်တော့နုတ်ကထွက်လိုက်သည်မှာ "ကလေးတွေ ဝေးလှံလှတဲ့မိုင်ပေါင်းတွေကိုကျော်ဖြတ်ပြီး ဒီကိုရောက်ကာမှ အနာဂတ်ပျောက်သွားခဲ့ရတယ်"။
__________

နေအလင်းရောင်မလွမ်းခြုံနိုင်တော့၊ လဧ။်အလင်းရောင်ရောက်ရှိလာခဲ့ပြီ။ ကလေးတွေ ရာနဲ့ချီ တစ်စုတစ်စည်းတည်း အိပ်ပျော်နေကြပြီ။ ကျွန်းငယ်လေးထဲမှာ ကလေးတွေအတွင်အကာအကွယ်ဖြစ်နိုင်ဖို့ ခိုအောင်းစရာ ဂူမရှိချေ။ တောင်စောက်ကလေးတစ်ခုဧ။်အောက်တွင် ကလေးတွေကို သိပ်ရဧ။်။ ဒီည မုန်တိုင်းဝင်စပြုလာပြီ။
ပထမ လေကြမ်းတွေတိုက်လာ၍ မိုးစက်ကလေးများနှင့်အတူ တောင်စောက်ကလေးအောက်တွင် မြောင်းလေးသဖွယ် စီးဆင်းလာသည်။ အိပ်ပျော်နေသောကလေးငယ်များ နို့ကြားလာ၍ အော်ငိုကြသည်။
"မားမား... မားမား..."
အော်ငိုသံအတွင်းမှာ စိုးရွံ့မှုနှင့် ကြောက်ရွံ့မှုတွေအပြည့်။ ကလေးဧ။်ဆံပင်အချောင်းများကို မြောင်းရေစီးကြောင်းက ဆွဲယူနေသည်။ ထို့ကြောင့် အိပ်သည့်နေရာ ပြောင်းရသည်။ ပြောင်းရသည်သာပြောသည် အဝေးကြီးမပြောင်းနိုင်၊ ရေစီးကြောင်းနှင့်လွတ်ရုံလောက်သာ ကလေးများအားလုံးကိုပြောင်းရွှေ့နိုင်သည်။ တစ်ဖန် မိုးများအကြီးအကျယ် ရွာသွန်းကုန်တော့သည်။ အငိုတိတ်မယ်ပဲရှိသေးသောကလေးငယ်များကို သဘာဝကြီးက "ထပ်ငိုစမ်း" ဟု ပြောလိုက်တဲ့အတိုင်း။
မိုးစက်မိုးပေါက်များ ကလေးပေါ်သို့ကျ၍ ကြောက်စိတ်နှင့်ငိုကြရပြန်သည်။ ဘာမှမနားလည်မသိတတ်သေးတဲ့ ကလေးအရွယ်ငယ်လေးတွေမှာ မိုးစက်မိုးပေါက်များကြောင့် အကုန်လုံးမှောက်ခုံဖြစ်သွားကြဧ။်။
ကျွန်တော့ဧ။်အတောင်ပံတွေကာမူ ကလေးအလုံးစုံကို လွမ်းခြုံ၍ အကာအကွယ်ပြုရန် မလုံလောက်နိုင်ရာ ကိုယ့်ဟာကိုအလွန်တရာမှစိတ်ပျက်နေမိသည်။
နားထဲတွင် မုန်တိုင်းသံကိုမကြားနိုင်တော့၊ ကလေးတွေရဲ့ ငိုသံသာ နားထဲဟိန်းနေသည်။ မိုးစက်တွေကို မိုးစက်တွေလိုမမြင်နိုင်ဘဲ ကလေးတွေကိုလာထိသည့် ရန်သူသဖွယ်ပဲမြင်မိတော့သည်။

__________
ကျွန်တော်အိမ်မက်မှ လန့်နိုးလာသည်။ နှလုံးခုန်မြန်နေ၍ အလွန်မောဟိုက်လို့နေသည်။ အိမ်မက်ထဲမှ ကလေးတွေရဲ့ငိုသံကိုနားထဲမှမထွက်နိုင်သေးပေ။ တစ်ပြိုင်နက်ထဲ အတွေးထဲဝင်လာသည်မှာ "အမေ"...


Written by Aztec Chifu | Š 2025
❤8😭3👍1
တခါတလေ ကိုယ့်ဘဝကို တစ်ဆစ်ချိုးပြောင်းလဲလိုက်တဲ့အချိန်ကို ပြန်တွေးတောရင်း အိပ်မရတဲ့ညတွေများနေခဲ့ပြီ။
အတိတ်ထဲမှာ တဝဲလည်လည်ဖြစ်တာမကောင်းဘူးဆိုသော်ငှားလည်း ဘဝအကွေ့ကြမ်းကြီးကို ဘယ်မေ့ရမလဲ။
❤8🗿2❤‍🔥1🔥1🙊1