‌အောင်မြင့်မြတ်😁
441 subscribers
23.6K photos
2.26K videos
6.91K links
I like real new
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
.

☯️

ပုံမှန်ဆိုရင်
အခြားနိုင်ငံက ခေါင်းဆောင်လာတဲ့အခါ
ထရမ့်က အပေါက်ဝနားကထွက်ကြိုတယ်၊

ပြင်သစ်သမတ ကိုထွက်မကြိုဘူး
Protocol တွေ ဘာတွေကို ဂရုမစိက်ဘူးဆိုတာပြလိုက်တာပဲ၊

ပိုလန်ခေါင်းဆောင်ကိုလဲ အပြင်မှာ မိနစ် (၉၀) လောက်စောင့်ခိုင်းပြီး စကားပြောချိန်က (၁၁) မိနစ်ပဲကြာတယ်၊ ( အဲ့သလိုလဲ သင်္ခန်းစာပေးတတ်ပြန်သေးတယ် )



.
.

☯️

( ဖြစ်ရပြန်ပြီ )

ယူကရိမ်းငြိမ်းချမ်းရေးနဲ့ပါတ်သက်ပြီး ထရမ့်ကို ကန့်ကွက်နေတဲ့ ပြင်သစ်သမတ မက်ခရွန်က ထရမ့်နဲ့တွေ့ပြီးတော့ လေသံပြောင်းသွားတယ်၊

ယူကရိမ်းငြိမ်းချမ်းရေးဟာ ရုရှားကိုစစ်ရှုံးတာလို အဓိပ္ပါယ်မသက်ရောက်ကြောင်း၊ ဒါပေမဲ့ ပန္တလန်တိတ်ဖြတ်နိုင်ငံတွေရဲ့ ဆန့်ကျင်မှုကိုတော့ ခံရလိမ့်မယ်လို့ မက်ခရွန်ကပြောလိုက်တယ်၊

ပထမပိုင်းမှာ မက်ခရွန်ကိုယ်တိုင် ကန့်ကွက်ခဲ့တာပါ၊


BaMg ☯️

.
👇👇👇👇👇👇
#BreakingNews
******

Future Sweet ဘဝ မှသည် Just Sweet နောင်ချို မဟုတ်မဟုတ်တော့ အခု ချိုနေပါပြီ

အရိပ်မဲ့ စစ်ကြောင်းတွေဟာ နောင်ချို ကို အခုချိုအောင်လို့ ကျည်စပေါက်ပါပြီ

တိုက်ပွဲတွေ ပြင်းထန်နေပါတယ် လွန်ခဲ့တဲ့ ၃ ရက်ထဲက တပ်မတော် လေ ရဲ့ လေနတ်သားတွေဟာ နောင်ချို ပါတ်ဝန်းကျင်က တင်နီလာအေးနဲ့ ပဒက်တွေ ခိုအောင်းတဲ့ Locations တွေကို ကြိုတင်ချေမှုန်းခြင်း လုပ်ဆောင်ခဲ့တာ သတိပြုမိမယ်ထင်ပါရဲ့ဗျာ

Guns of the Taung Kham တောင်ခမ်းက အမြောက် 155mm ဟောင်ဝစ်ဇာတွေရဲ့ ပစ်ကူကိုရယူခဲ့သလို လေနတ်သား ၂ပါးကလည်း ဝရဇိန်လက်နက်နဲ့ အမဲဖျက်ခဲ့ပါတယ် Drone Crews အဆင့်မြင့် ဒရုန်းတပ်ဖွဲ့တွေကလည်း စဥ်ဆက်မပြတ်ချေမှုန်းပေးခဲ့ပါတယ် Y12 ကြီးနဲ့ ပါတ်လည် ပစ်ကူပေးခဲ့ပြီး မြေပြင်စစ်ကြောင်းတွေက နောင်ချို ရဲ့ မြောက်ဘက်အရပ်ကို ရန်သူအတွက်ဆုတ်လမ်း ပေးထားခဲ့ပါတယ် အမြောက်နဲ့ လေကြောင်းက Air Strike လုပ်ချိန်မှာ မိမိစစ်ကြောင်းများ ကျည်လွတ်မြေဖြစ်အောင်ပေါ့

၁၁၄ / ၁၁၅ ဘက်ကို နက်ဖြန်လောက်ဆို စပြီး သိမ်းပိုက်နိုင်မလား ဆိုတာကတော့ စစ်သတင်းများ ဆက်စောင့်ကြည့်ကြတာပေါ့

ဘာဖြစ်ဖြစ် ကြိုဆိုပါတယ်ခင်ဗျာ နှစ်ဖက် အထိအခိုက် အကျအဆုံးတွေကတော့မသိရှိရသေးပါဘူး မကြာခင်အောင်မြင်မှု စစ်သတင်းတွေ ဆက်လက်တင်ပြနိုင်ဖို့ စီစဥ္ပါ့မယ်

ဒီပုံစံအတိုင်းဆိုရင် D Day နဲ့ H Hour ဟာ ထင်ထားတာထက် စောနေပါရောလား မိမိတပ်ရင်း တပ်ဖွဲ့များရဲ့ စစ်အင်္ဂါ စဥ်များကိုတော့ လဝ မို့မဖေါ်ပြနိုင်တာ နားလည်ပေးပါခင်ဗျာ

အားလုံးကို လေးစားရိုသေစွာဖြင့်

ရဲသုံးဖေါ်
၂၀၂၅ ဖေ ၂၅ ၂၀၀၀
အေအေ သောင်းကျန်းသူအဖွဲ့အတွက် မူးယစ်ဆေးဝါးများ ရောင်းချပြီး ရံပုံငွေကျပ်သိန်းပေါင်း ၂၁၇၀၀ ကျပ် ရှာဖွေပေးခဲ့သူ မခိုင်ခိုင်(ခ) ခိုင်ခိုင်စံ (ယခင် AA ဆေးတပ်သား )

ရန်ကုန်မြို့၊အမှတ်(၁၆)၊ အင်းဝအိမ်ရာမှာ မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းဆီးမိတဲ့ ခိုင်ခိုင်(ခ) ခိုင်ခိုင်စံကို စစ်ဆေးခဲ့တဲ့အခါမှာ သူက ယခင်က AA သူပုန်အဖွဲ့မှာ အမျိုးသမီး ဆေးတပ်သားအဖြစ်တာဝန်ထမ်းဆောင်ခဲ့ကြောင်း။

AA အဖွဲ့က စိုးကျော်ဆန်း နဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ AA ခေါင်းဆောင်ထွန်းမြတ်နိုင်ရဲ့ တာဝန်ပေးချက်အရ မြို့ပေါ်မှာ မူးယစ်ဆေးဝါးတွေဖြန့်ဖြူးရတာဖြစ်ကြောင်း ငွေတွေကို မန္တလေးမြို့မှ A1 သို့ လွှဲပေးရတာဖြစ်တယ်လို့ ထွက်ဆိုခဲ့တယ်။

#ARFNewsburmese
( ဖေဖော်ဝါရီ ၂၅ ၊၂၀၂၅ )
ဒစ်ဂျစ်တယ်နေ့စဉ်
အာရှစီးပွားရေးနဲ့ မြန်မာ့ကမ်းရိုးတန်း ( ပိုင်စိုး ) 👇👇👇
အာရှစီးပွားရေးနဲ့ မြန်မာ့ကမ်းရိုးတန်း
*********

(၂၅-၂-၂၀၂၅)

နိုင်ငံတစ်နိုင်ငံရဲ့စီးပွားရေးလို့ ဆိုလိုက်ရင် အဲ့ဒီနိုင်ငံက ဘာတွေထုတ်နိုင်တယ်၊ ဘယ်လို သဘာဝအရင်းအမြစ်တွေရှိတယ်ဆိုတာကို အရင်ဆုံးပြေးမြင်ကြတယ်။ တကယ်တော့ နိုင်ငံတစ်နိုင်ငံဟာ ဘာတွေဘယ်လောက်ပဲထုတ်နိုင်နေပါစေ၊ သဘာဝသယံဇာတတွေ ဘယ်လောက်ပဲ ပေါကြွယ်ဝနေပါစေ၊ အခြားနိုင်ငံတွေနဲ့ ကူးသန်းရောင်းဝယ်ရေးမလုပ်နိုင်ဘူးဆိုရင် စီးပွားရေးကောင်းတယ်လို့ မဆိုလိုနိုင်ပါဘူး။ ကူးသန်းရောင်းဝယ်ရေးဟာ ကမ္ဘာ့စီးပွားရေးရဲ့အသက်ပဲ။
-
သယံဇာတပေါကြွယ်ဝပါတယ်ဆိုတဲ့ မြန်မာနိုင်ငံနဲ့ သယံဇာတမရှိတဲ့ စင်ကာပူနိုင်ငံကိုပဲ နှိုင်းယှဉ်ကြည့်ရင်သိနိုင်ပါတယ်။

စင်ကာပူ ဘာလို့ချမ်းသာလဲ?
-
စင်ကာပူနိုင်ငံရဲ့ စီးပွားရေးဟာ အင်ဒိုနီးရှားနိုင်ငံနဲ့ မလေးရှားနိုင်ငံကြားမှာရှိနေတဲ့ မလက္ကာရေလက်ကြားအပေါ် ရာနှုန်းပြည့် မှီခိုနေပါတယ်။ မလက္ကာရေလက်ကြားဆိုတာ အရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့ အရှေ့အာရှကို ချိတ်ဆက်ကုန်သွယ်ပေးနေတဲ့ တစ်ခုတည်းသော ရေလက်ကြား၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား တို့အတွက် လောင်စာဆီ၊ စက်မှုကုန်ကြမ်းပစ္စည်းနဲ့ အီလက်ထရောနစ်ပစ္စည်း ကုန်သွယ်မှုတွေအတွက် ၈၀ ရာခိုင်နှုန်းနဲ့အထက် အရေးပါတဲ့ လမ်းကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးရဲ့ ၄၀ ရာခိုင်နှုန်းအထိ ကုန်စီးဆင်းမှုပြုလုပ်ပေးနေတဲ့ ဗျူဟာမြောက် တည်နေရာတစ်ခု။
-
ဒီတည်နေရာကို အခြေပြုပြီး ဆိပ်ကမ်းတွေ၊ သင်္ဘောလောင်စာဆီဖြည့်တဲ့နေရာတွေ၊ ကုန်သွယ်ရေး ဝန်ဆောင်မှုတွေကြောင့် စင်ကာပူဟာ ချမ်းသာနေတာဖြစ်ပါတယ်။
-
တကယ်တော့ တရုတ်အနေနဲ့ သူ့ရဲ့ ကုန်သွယ်ရေးမှာ ဒီမလက္ကာရေလက်ကြားတစ်ခုတည်းပဲ အားကိုးနေရတာကို သိပ်တော့ ကြိုက်ဟန်မတူပါဘူး။ အမေရိကန်ရေတပ်လွှမ်းမိုးမှုရှိနေတဲ့ စင်္ကာပူ၊ ဖိလစ်ပိုင်၊ ဂျပန် တွေနဲ့ နီးနီးကပ်ကပ်ရှိနေတဲ့ မလက္ကာရေလက်ကြားကိုသာ ပိတ်ဆို့လိုက်ရင် တရုတ်နိုင်ငံအတွက် စီးပွားရေး/ စစ်ရေး နဲ့ လူမှုရေးဘဝတွေအထိ ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ တရုတ်နိုင်ငံအတွက် လိုအပ်တဲ့ လောင်စာဆီ ၈၀ ရာခိုင်နှုန်းကို အာဖရိကနိုင်ငံတွေနဲ့ အရှေ့အလယ်ပိုင်းက ဝယ်ယူပြီး မလက္ကာရေလက်ကြားကနေ သယ်ယူနေရတာမို့လို့ပါ။
-
၂၁ ရာစု ပိုးလမ်းမစီမံကိန်း (BRI) ဆိုတာကို တရုတ်က အကြောင်းမဲ့ ဖန်တီးချင်တာမဟုတ်ပါဘူး။ သူ့ရဲ့စီးပွားရေးလမ်းကြောင်းတွေကို ပိတ်ဆို့မှုရှိလာတဲ့အခါ ဂယ်ပေါက်တွေ ရှိနေစေချင်တာပါ။ ထို့အတွက် BRI ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ တရုတ်မြန်မာ စီးပွားရေးလမ်းမ (CMEC) စီမံကိန်းမှာ မြန်မာ့ရေနက်ဆိပ်ကမ်းတွေကို စိတ်ဝင်တစားဆောင်ရွက်ဖို့ ရင်းနှီးမြှုပ်နှံထားခဲ့တာဖြစ်ပါတယ်။
ဒီလိုပါပဲ။ မိုင်ပေါင်း ၁၂၀၀ ကျော်ရှည်လျားတဲ့ မြန်မာ့ ကမ်းရိုးတန်းတွေကို စိတ်ဝင်စားတာ တရုတ်နိုင်ငံတစ်နိုင်ငံတည်းတော့ မဟုတ်ပါဘူး။
-
အရှေ့အာရှ/ အရှေ့တောင်အာရှ နဲ့ စီးပွားကူးသန်းဖို့ အိန္ဒိယကလည်း စိတ်ဝင်တစားရှိပြီး ကုလားတန်စီမံကိန်းဆိုတာကို စစ်တွေဘက်မှာ အကောင်အထည်ဖော်နေတယ်။
-
အခုဆို ရုရှားကလည်း လက်ဦးမှုဝင်ယူတာလား မပြောတတ်ပေမယ့် ထားဝယ်ရေနက်ဆိပ်ကမ်းအပါ လုပ်ငန်း ၉ ခု လက်မှတ်ထိုးတယ်ဆိုတော့ ဒီစီမံကိန်းတွေဟာ ပေါ့သေးသေး မဟုတ်ဘူးလို့ နားလည်လို့ရပါတယ်။ (ရုရှားကတော့ စီးပွားရေးဆိုတာထက် စစ်ရေးအရ စိတ်ဝင်စားတာလို့ ထင်ပါတယ်)
-
ဒီအခင်းအကျင်းတွေကို ကိုယ့်နိုင်ငံထက် နားလည်နေတာက ကိုယ်တွေရဲ့ အရှေ့တောင် အာရှ နိုင်ငံတွေပါပဲ။ အထူးသဖြင့် မလက္ကာရေလက်ကြားကြောင့် အကျိုးစီးပွားဖြစ်ထွန်းနေတဲ့ အင်ဒို/မလေး နဲ့ စင်္ကာပူ တို့ပေါ့။ မြန်မာ့ရေနက်ဆိပ်ကမ်းတွေသာ အသက်ဝင်လာခဲ့ရင် မလက္ကာရေလက်ကြားရဲ့ ကုန်သွယ်မှု ရာခိုင်နှုန်းဟာ ထက်ဝက်ကျော်ကျော်လောက် ကျဆင်းသွားဖို့ရှိနေပါတယ်။
-
မြန်မာဟာ တရုတ်တို့ အမေရိကန်တို့ ရုရှားတို့ အိန္ဒိယတို့နဲ့ ယှဉ်ပြီးပြောစရာ အကြောင်း မရှိပေမယ့် အာရှနိုင်ငံတွေနဲ့တော့ ယှဉ်ပြီးရိုက်လို့ရတာ နိုင်ငံတိုင်းသိကြပါတယ်။ စင်္ကာပူတိုးတက်တယ်၊ ဗီယက်နမ် တိုးတက်တယ်၊ ထိုင်းတိုးတက်တယ်လို့ အထင်ကြီးအားကျနေမယ့်အစား မြန်မာဆိုတဲ့ စိတ်ဓာတ်နဲ့ ကြိုးစားရင် အဲ့ဒီနိုင်ငံတွေ နေခဲ့တော့လို့ပြောလို့ရတဲ့အခြေအနေမျိုးရှိပါတယ်။
-
နိုင်ငံရေးသာကောင်းပြီး ရေနက်ဆိပ်ကမ်းတွေသာ ဖြစ်လာကြည့်၊ ထိုင်းရဲ့ သုဝဏ္ဏဘူမိဆိုတဲ့ လေဆိပ်ကြီးလည်း အခွံသာသာဖြစ်သွားလိမ့်မယ်။ စင်္ကာပူရဲ့ ဆိပ်ကမ်းတွေလည်း ကျီးနှင့်ဖုတ်ဖုတ် ဖြစ်သွားလိမ့်မယ်။ ဒါဟာ စိတ်ကူးယဉ်နေတာမဟုတ်ဘူး။ ဖြစ်နိုင်ချေအများကြီးရှိနေတဲ့ အကြောင်းတရားတွေပါ။ ဖြစ်လာ/မဖြစ်လာကတော့ ကိုယ့်လူမျိုးတွေရဲ့ Mindset အပေါ်မှာပဲ မူတည်နေပါတယ်။

(ပိုင်စိုး)

တယ်လီဂရမ် တွင်ဖတ်ရန်
https://t.me/paing_soe21

FB တွင်ဖတ်ရန်
https://www.facebook.com/share/p/18nu8XHu8x/
စက်ာပူကို ကျော်ပြမယ်

ထားဝယ်ရေနက်ဆိပိကမ်းအကြောင်းကို ရေးချင်နေတာ ကြာပါပြီ။ အခုတော့ ရုရှားနဲ့ ဆောင်ရွက်ဖို့ နားလည်မှု စာချွှန်လွှာ ရေးထိုးပြီးပြီဆိုတော့ လူသိနည်းတဲ့ အချက်လေးတွေ ရေးပြချင်သေးတယ်။
မြန်မာနိုင်ငံမှာ အထူးစီးပွားရေးဇုန်ကြီး ၃ ခု ရှိပါတယ်။
၁။ ထားဝယ်အထူးစီးပွားရေးဇုန်
၂။ ကျောက်ဖြူ အထူးစီးပွားရေးဇုန်
၃။ သီလဝါအထူးစီးပွားရေးဇုန် တို့ ဖြစ်ပါတယ်။
ရင်းနှီးမြှပ်နှံသူတွေ အနေနဲ့က ထားဝယ် မှာ ထိုင်း၊
ကျောက်ဖြူမှာ တရုတ်၊ သီလဝါမှာ ဂျပန်နဲ့ တောင်ကိုရီးယားတို့ အဓိကပါဝင်ကြပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန် (Dawei SEZ) က တနင်္သာရီတိုင်းဒေသရှိ ထားဝယ်မြို့တွင် မြန်မာနိုင်ငံမှာ အကြီးမားဆုံး စီးပွားရေးဇုန်နှင့် ဆိပ်ကမ်းတည်ဆောက်မှု စီမံကိန်းဖြစ်ပါတယ်။
ဒီဇုန်ထဲမှာ ရေနက်ဆိပ်ကမ်း၊ စက်ရုံများ၊ ကားလမ်း၊ ရထားလမ်း၊ လျှပ်စစ်နှင့် အခြားအခြေခံအဆောက်အအုံများ တည်ဆောက်ရန် ရည်ရွယ်ထားပြီး၊ ဧရိယာ ၁၉၆ စတုရန်းကီလိုမီတာ ကျယ်ပါတယ်။
၂၀၀၈ ခုနှစ်က ထားဝယ် SEZ ကို စတင်ရန် သဘောတူညီချက်ကို Italian-Thai Development Corporation (ITDC) နဲ့ ချုပ်ခဲ့သော်လည်း ၂၀၁၃ ခုနှစ်တွင် တည်ဆောက်မှုတွေ ရပ်နားသွားခဲ့ပါတယ်။
ရပ်နားသွားရတဲ့ အကြောင်းကို သိရင် ပိုပြီး စိတ်ဝင်စားစရာ ကောင်းနေပါတယ်။
ITDC ဟာ ထိုင်းစတော့စျေးကွက် Stock Exchange of Thailand (SET) ဝင် ကုမ္ပဏီဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် ထားဝယ်စီမံကိန်းလုပ်ကိုင်ခွင့် ရကတည်းက ITDC ရဲ့ ရှယ်ယာစျေးဟာ ထိုးတက်သွားခဲ့ပါတယ်။
ရှယ်ယာဝယ်ယူသူ အများစုဟာ စက်ာပူတွေ ဖြစ်ကြပါတယ်။
စက်ာပူဆိုတာက တရုတ်ရဲ့ ပြည်နယ်ခွဲလိုဖြစ်နေတာပါ။
ကျောက်ဖြူရေနက်ဆိပ်ကမ်းကို ၂၀၀၉ မှာ စတင်ဆောင်ရွက်ကြပါတယ်။ ကျောက်ဖြူစီမံကိန်းဟာ တရုတ်ရဲ့ အသက်ကယ်ထွက်ပေါက်ဖြစ်တဲ့အတွက် ပြီးအောင် တည်ဆောက်ကြပါတယ်။
ထားဝယ်စီမံကိန်းကတော့ စက်ာပူရဲ့ ထွက်သက်လို့ မြင်ထားကြပါတယ်။
ထားဝယ်ရေနက်ဆိပ်ကမ်းသာ ပြီးစီးခဲ့ရင် စက်ာပူဆိပ်ကမ်းတွေ ရပ်နားသွားရလိမ့်မယ် အထိ သူတို့ မြင်ခဲ့ကြပါတယ်။ ဒါကြောင့်ပဲ စက်ာပူတွေဟာ ITDC ရဲ့ ရှယ်ယာတွေကို ရသလောက် ဝယ်သွားကြတာပါ။ လုပ်ငန်းထဲမှာ ရင်းနှီးမြှုပ်နှံချင်လွန်းလို့ မဟုတ်ပါဘူး။ ဒုက္ခပေးဖို့ လုပ်ကြတာပါ။
ITDC ရဲ့ ရှယ်ယာ ၇၀% ကျော် စက်ာပူသားတွေ လက်ထဲရောက်ချိန်မှာ ITDC ကို စက်ာပူစတော့စျေးကွက် Singapore Exchange (SGX) မှာ တင်ကြပါတော့တယ်။
ITDC အနေနဲ့ SGX မှာ List ဝင်ခွင့်ရလို့ ဝမ်းမြောက်နေပေမယ့် SGX မှာ ITDC ရဲ့ ရှယ်ယာတွေ စုပြုံရောင်းချပြီး စျေးဖျက်ပစ်လိုက်ကြပါတယ်။
ITDC ရဲ့ ရှယ်ယာစျေးဟာ ၈၅% အထိ ဆုံးရှုံးသွားချိန်မှာ ITDC လည်း ဒေဝါလီခံရဖို့ အထိ ဖြစ်သွားပြီး ထားဝယ်စီမံက်န်းလည်း ရေစုံမျောခဲ့ရပါတော့တယ်။
ဒါဟာ ခေတ်သစ်စီးပွားရေးလောကရဲ့ ဦးနာအောက်ခံလိုက်ရတဲ့ လမ်းစဥ်ပါပဲ။
အခုရက်ပိုင်းမှာပဲ ရုရှားနဲ့ တရားဝင် MoU ထိုးပြီးပြီဆိုတော့ အရှေ့အာရှနှင့် တောင်အာရှကို ဆက်သွယ်နိုင်သည့် တစ်ခုတည်းသော အရေးပါဆုံးသော ဆိပ်ကမ်းကြီး ပေါ်လာတော့မှာမို့ ရေကြောင်းနှင့် စီးပွားရေးလမ်းကြောင်းများတိုးတက်ကာ မကြာမီ စက်ာပူကို ကျော်နိုင်လိမ့်မယ်ဆိုတာ မြေကြီးလက်ခပ်မလွဲဖြစ်လာပါလိမ့်မယ်ဗျာ။

ဒေါက်တာကျော်ဆွေ (NUP)
.

☯️

ယူကရိမ်းစစ်နဲ့ပါတ်သက်ပြီး ငြိမ်းချမ်းရေးရဖို့ 2025 ထဲမှာမဖြစ်နိုင်သေးဘူးလို့ဆိုတယ်၊
ယာရီအပစ်ရပ်ရေး၊ တိုက်ပွဲတွေလျော့ချရေးလောက်တော့ဖြစ်နိုင်ပါသတဲ့၊

ထရမ့်က ရက် (၉၀) အတွင်း သဘောတူညီချက်ရအောင်ကြိုးစားနေပြီး၊ မက်ခရွန်နဲ့အတူ အင်တာဗျူးမှာ ရက်သတ္တပါတ်အနည်းငယ်အတွင်း.... လို့ပြောထားတာတွေ့ရတယ်၊

ထရမ့်ဩဇာ အမှန်တကယ်ဘယ်လောက်ကြီး-မကြီး... ပြသတဲ့ပွဲလို့ အကဲခတ်နိုင်ကြပါလိမ့်မယ်၊


BaMg ☯️


.
.

☯️


( တော်တော် နောက်တတ်တဲ့သူ )

ရှားပါးသတ္ထု $ 500 bn ဖိုးစာချုပ် ချုပ်ဆိုဖို့အတွက် ယူကရိမ်းသမတကငြင်းဆိုခဲ့ပြီး၊ ဇလန်စကီးအနေနဲ့ကတော့ သဘောတူလိုက်ပါပြီတဲ့၊

TV ဟာသမင်းသားက သမတဖြစ်လာလို့လားမသိဘူး၊ အစအနောက်အတော်သန်တာပဲ 😁

သောင်္ကြာနေ့မှာ လက်မှတ်ရေးထိုးကြဖို့ ဇလန်စကီးနဲ့အဖွဲ့ ဝါရှင်တန်ကိုသွားကြပါတော့မယ်၊ သတင်းရေးရတာလဲ တော်ကြာတမျိုး၊ ခုတမျိုးနဲ့ အပြောင်းအလဲက မြန်ဆန်လွန်းလှပါတကား။


BaMg ☯️

.
.

☯️

ပြင်သစ်သမတက ထရမ့်နဲ့တွေ့ပြီးခဲ့ပြီ၊ UK ဝန်ချုပ်လဲတွေ့ဖို့ရှိတယ်၊ ထရမ့်နဲ့မတွေ့မီမှာ Starmer က -

" ဗြိတိသျှတွေဟာ ပါဝါအမာသုံး ခေတ်တခုကို ဝင်ရောက်လာခဲ့ပြီ ".... သတိပေးလိုက်ပါတယ်၊
အရေးကြုံရင် စစ်တိုက်ကြရလိမ့်မယ်လို့ ညွှန်းလိုက်တာပဲဖြစ်ပါတယ်၊

ယူကရိမ်းစစ်ကိစ္စမှာ ထရမ့်ကငြိမ်းချမ်းရေးလုပ်နေတဲ့အချိန်မျိုးမှာ ပြောတာကြောင့် ဆန့်ကျင်ဖက်ဖြစ်နေတာတော့ အမှန်ပဲ၊ ထရမ့်နဲ့တွေ့ပြီးရင် ဘယ်လိုပြန်ပြောင်းပြောမလဲတော့ မသိသေး၊ ပြင်သစ်သမတကတော့ လေသံပြောင်းသွားခဲ့တာ တွေ့ရတယ်၊


BaMg ☯️


.
.

☯️

စစ်အေးလွန်ကာလနောက်ပိုင်း အဆိုးဆုံးအခြေအနေတခုကိုရောက်သွားပြီလို့ပြောနိုင်တယ်၊

NATO လေယာဉ်အုပ်က ပိုလန်ထဲမှာ ကမန်းကတမ်း ကင်းလှဲ့ပျံသန်းနေတယ်၊

ယူကရိမ်းစစ် ငြိမ်းချမ်းရေးကြိုးပမ်းကာလအတွင်း ရုရှားက သူရဲ့မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီး TU-95 နဲ့ မြို့တော် ကိယက်အပါ နေရာ (၆) ခုကိုအကြီးအကျယ်ဗုံးကြဲပစ်လိုက်တယ်၊ ခြံစည်းရိုးကပ်လျက် ပိုလန်ထိတ်လန့်သွားပြီပေါ့၊


BaMg ☯️

.
.

☯️

( ဒါလေးတော့ ကောင်းပြန်ရော )

US, Russis, China အဓိက (၃) နိုင်ငံ ကာကွယ်ရေးအသုံးစရိတ် 50% လျော့ချဖို့ ထရမ့်ရဲ့အဆိုကို သဘောတူမယ်လို့ ပူတင်က အချက်ပြလိုက်တယ်၊ တရုတ်လဲ သင့်လျှော်သလိုလိုက်ပါမယ်လို့ဆိုတယ်၊

ပြင်သစ်ကတော့ ဥရောပအတွက်နျူကာကွယ်ရေးတံတိုင်း လုပ်ဖို့ အဆိုပြုတယ်၊ UK ကတော့ လောလောဆယ် GDP ရဲ့ 2.3% ကိုကာကွယ်ရေးအသုံးပြုနေရာက 2027 မှာ 2.5% အထိတိုးမြှင့် သုံးစွဲမယ်လို့ဆိုထားပါတယ်၊


BaMg ☯️


.
.

☯️

ဒီတခါ အလှည့်ကျတာကတော့ တရားသူကြီးများဖြစ်ပါတယ်၊

Musk ကကြိမ်းလိုက်ပါပြီ၊ အကျင့်ပျက် ခြစားတရားသူကြီးတွေ ဖြုတ်ပစ်ခံရမယ်တဲ့၊

ဖက်ဒရယ်လုပ်သားတွေကိုလဲ တပါတ်အတွင်းလုပ်ခဲ့တာတွေကို အီးမေးလ်နဲ့အကြောင်းပြန်၊ မပြန်ရင်... အလုပ်ပြုတ်ပြီသာမှတ်လိုက်တော့တဲ့၊

( ဘမောင် တသက်တကိုယ် အဲ့လောက်ကြမ်းတာ ဒီတခါပဲတွေ့ဘူးသေးတယ်၊ တခုတော့လဲကောင်းပါတယ်၊ အဲ့လိုမှမလုပ်ရင် အမေရိကန်ဟာ ရာဇဝင်ထဲမှာပဲ ကျန်ရစ်တော့မှာ )


BaMg ☯️


.
.

☯️


ဂရိမှာရှိတဲ့ အမေရိကန်စစ်စလန်းကို ထရမ့်ရုတ်သိမ်းလိုက်တယ်၊ အဲ့ဒီနေရာကနေ ယူကရိမ်းစစ်အပါအဝင် ဥရောပနိုင်ငံများကို အမေရိကန်စစ်လက်တွေ တင်ပို့ပေးနေပြီး၊ လိုအပ်ရင် ကာကွယ်ရေးပါလုပ်ပေးလို့ရတဲ့ အချက်အခြာနေရာတခုဖြစ်နေလို့... မေးခွန်းထုတ်စရာတခုဖြစ်လာခဲ့တယ်၊

နောက်တခုက (1946) ထဲကတည်ထောင်လာခဲ့ပြီး US, UK, Australia, New Zealand, Canada တို့ပါဝင်တဲ့ Five Eyes ဆိုတဲ့ ထောက်လှမ်းရေး ပူးပေါင်းဆောင်ရွက်နေတဲ့အဖွဲ့ ထဲက Canada ကိုထုတ်ပါယ်ဖို့ ထရမ့်ရဲ့အကြံပေး Navaro တင်ပြလာတာကို ထရမ့်ကစဉ်းစားနေတယ်လို့ဆိုတယ်၊

( သုံးသပ်ချက်ကိုတော့ မရေးလိုတော့ပါဘူး၊ တမျိုးကြီးကတော့ တမျိုးကြီးပါပဲ )


BaMg ☯️

.
.

☯️


( သတိထားတာ မမှားဘူး )

ထရမ့်ရဲ့ပထမသမတသက်တမ်းမှာ အမေရိကန်စီးပွားရေးဟာ ထင်သလောက်မကောင်းခဲ့ကြဘူး၊ ဘိုင်ဒင့်လက်ထက်မှာ ငွေကြေးဖေါင်းပွမှုကို နဘန်းသတ်ခဲ့ရတယ်၊

ထရမ့် ဒုတိယသမတသက်တမ်းမှာလဲ တလသားနဲ့ စားသုံးသူတွေဆီက အသံတွေထွက်လာခဲ့ပြန်ပြီ၊ Survey အရဆိုရင် စားသုံးသူတွေယုံကြည်မှု ထိုစိုက်ကျသွားတယ်၊ အခြား ညွှန်းကိန်းတွေအရ မျှော်လင့်ထားတဲ့အတိုင်း Recession အဆင့်ကို မျက်စောင်းထိုးနေပြီလို့ဆိုတယ်၊

( အဓိကနိုင်ငံတွေနဲ့ အရေးပါတဲ့ညွှန်းကိန်းတွေကို လေ့လာလိုက်ပါဦးမယ်၊ ဒီလောက်ဆိုရင် ကမ္ဘာကြီးရဲ့ စီးပွားရေးအခြေအနေကို ပြောလို့ရနိုင်ပါတယ် )


BaMg ☯️

.
This media is not supported in your browser
VIEW IN TELEGRAM
.

☯️


( ပွဲ အတော်ပျက်သွားခဲ့တာပဲ )


ထရမ့်နဲ့ဇလန်စကီးတွေ့ဆုံဆွေးနွေးပွဲဟာ အတော်လေး တင်းတင်းမာမာဖြစ်ခဲ့ပြီး သတင်းစာရှင်းလင်းပွဲကို ပါယ်ဖျက်လိုက်ကြတယ်၊

ဇလန်စကီးပြန်တော့ ထရမ့်ကလိုက်တောင်မပို့တော့ဘူး၊ ထရမ့်ကို သီးခြာသတင်းထောက်တွေမေးရာမှာ ထထရမ့်က....

" ဇလန်စကီးကတခေါက်ထပ်တွေ့ချင်တယ်လို့ပြောတယ်၊ ဒါပေမဲ့ ကျွန်တော် လိုက်မလုပ်နိုင်ဘူး"... လို့ဖြေလိုက်ပါတယ်၊

ဆွေးနွေးပွဲမှာ ထရမ့်ပြောတဲ့တချက်ကတော့ အတော်လေးဆိုးဝါးသွားသလားလို့
" You don't have any card "
မင်းမှာ အဲ့ဒီအခွင့်အရေး မရှိဘူး... ဆိုတာကတော့ သံရေးတမာန်ရေး မဆန်လှသလိုပဲ၊ ဘာပဲပြောပြော ပြီးတာတွေ ပြီပစေ၊ ယူကရိမ်းအတွက် ခေါင်းဆောင်တဦးအနေနဲ့ ပြောခွင့်ဆီုခွင်တော့ ရှိသင့်တယ်လို့ မြင်တာပဲ လေ၊


.