Myanmar Innovative Life Sciences
3.41K subscribers
232 photos
7 videos
230 links
Myanmar Innovative Life Sciences is an impact-driven company helping food producers including farmers produce safer, higher quality products more sustainably and improve their market access.
Download Telegram
အစားအစာများတွင် တွေ့ရှိရတတ်တဲ့ 𝐋𝐢𝐬𝐭𝐞𝐫𝐢𝐚 𝐦𝐨𝐧𝐨𝐜𝐲𝐭𝐨𝐠𝐞𝐧𝐞𝐬 အဏုဇီဝပိုးမွှားကို ဓာတ်ခွဲစမ်းသပ် စစ်ဆေးပေးနေပြီဖြစ်။

𝐋𝐢𝐬𝐭𝐞𝐫𝐢𝐚 အဏုဇီဝပိုးမွှားသည် အစားအသောက်အမျိုးမျိုးကို ညစ်ညမ်းစေနိုင်ပြီး၊ အကယ်၍ စားသုံးသူများအနေနဲ့ အဆိုပါ 𝐋𝐢𝐬𝐭𝐞𝐫𝐢𝐚 အဏုဇီဝပိုးမွှား ပါဝင်နေတဲ့ အစားအသောက်များကို စားသုံးမိခြင်းပါက—နေမကောင်းဖြစ်ခြင်း၊ မူး‌ဝေခြင်း၊ အော့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း အစရှိသော အစာအဆိပ်သင့်မှုဝေဒနာလက္ခဏာများကို ခံစားရနိုင်ပါတယ်။

ဒါကြောင့် အစားအသောက်ထုတ်လုပ်ရေးကဏ္ဍတွင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိတဲ့ စက်ရုံ/လုပ်ငန်းများအနေနဲ့ မိမိတို့ရဲ့ အစားအသောက်ထုတ်ကုန်များ ဘေးကင်းလုံခြုံစိတ်ချနိုင်စေ‌ရေးအတွက် အစားအသောက်ကနေတစ်ဆင့် ကူးစက်တတ်တဲ့ 𝐋𝐢𝐬𝐭𝐞𝐫𝐢𝐚 အဏုဇီဝပိုးမွှားကို စနစ်တကျ ဓာတ်ခွဲစမ်းသပ်စစ်ဆေးဖို့ လိုအပ်ပါတယ်။
အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့။

မေလ (၂၂) ရက်နေ့၊ (၂၀၂၃) ခုနှစ်။

ယနေ့တွင်ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့ (𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐚𝐲 𝐨𝐟 𝐁𝐢𝐨𝐝𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝟐𝟎𝟐𝟑) ကို မိမိတို့ 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐧𝐧𝐨𝐯𝐚𝐭𝐢𝐨𝐧 𝐋𝐢𝐟𝐞 𝐒𝐜𝐢𝐞𝐧𝐜𝐞𝐬 မှ လှိုက်လှဲစွာဖြင့် ကြိုဆိုဂုဏ်ပြုအပ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့ကို ကုလသမဂ္ဂအထွေထွေညီလာခံမှ (၁၉၉၃) ခုနှစ်တွင်စတင်၍ ကမ္ဘာပေါ်ရှိ ဂေဟစနစ် ရေရှည်တည်တံခိုင်မြဲရေး၊ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာထုတ်လုပ်မှုကဏ္ဍ ပိုမိုမြင့်မားရေးအတွက် အဓိကနေရာကနေ ပါဝင်ပတ်သက်နေတဲ့ ဇီဝမျိုးစုံမျိုးကွဲများရဲ့ အရေးပါမှုအခန်းကဏ္ဍကို မီးမောင်းထိုးပြလိုတဲ့အနေနဲ့ နှစ်စဉ် မေလ (၂၂) ရက်နေ့ရောက်တိုင်း ကျင်းပဆောင်ရွက်လာခဲ့ကြတာဖြစ်ပါတယ်။
𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐧𝐧𝐨𝐯𝐚𝐭𝐢𝐯𝐞 𝐋𝐢𝐟𝐞 𝐒𝐜𝐢𝐞𝐧𝐜𝐞𝐬 is an impact-driven company helping food producers, including farmers, produce safer, higher-quality products more sustainably and improve their market access.

𝐌𝐈𝐋𝐒 is increasing its efforts to commercialize services and products more efficiently in different regions to targeted customers. In this regard, MILS is looking for a competent and experienced 𝐂𝐨𝐦𝐦𝐞𝐫𝐜𝐢𝐚𝐥 𝐎𝐩𝐞𝐫𝐚𝐭𝐢𝐨𝐧𝐬 𝐌𝐚𝐧𝐚𝐠𝐞𝐫 to manage its operations with a strong focus on sales and marketing activities.

If you are interested in working with us, email your resume with an expected salary to hr@milsciences.com with the subject “Application for MJ14”, no later than 30th June 2023. An invitation email will be sent for the interview upon being shortlisted.
𝐖𝐨𝐫𝐥𝐝 𝐅𝐨𝐨𝐝 𝐒𝐚𝐟𝐞𝐭𝐲 𝐃𝐚𝐲 𝐄𝐯𝐞𝐧𝐭 𝟐𝟎𝟐𝟑

𝐌𝐞𝐤𝐨𝐧𝐠 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞 (𝐌𝐈) နှင့် 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐧𝐧𝐨𝐯𝐚𝐭𝐢𝐯𝐞 𝐋𝐢𝐟𝐞 𝐒𝐜𝐢𝐞𝐧𝐜𝐞𝐬 (𝐌𝐈𝐋𝐒) တို့ ပူးပေါင်းပြီး ကမ္ဘာ့စားနပ်ရိက္ခာဘေးကင်းရေးနေ့ (𝐖𝐨𝐫𝐥𝐝 𝐅𝐨𝐨𝐝 𝐒𝐚𝐟𝐞𝐭𝐲 𝐃𝐚𝐲) အထိမ်းအမှတ်အခမ်းအနားကို စီစဉ်ကျင်းပသွားမည်။ 

လာမည့်ဇွန်လ (၇) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စားနပ်ရိက္ခာဘေးကင်းရေးနေ့ (𝐖𝐨𝐫𝐥𝐝 𝐅𝐨𝐨𝐝 𝐒𝐚𝐟𝐞𝐭𝐲 𝐃𝐚𝐲 𝟐𝟎𝟐𝟑) ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့် 𝐌𝐞𝐤𝐨𝐧𝐠 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞 (𝐌𝐈) နှင့် 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐧𝐧𝐨𝐯𝐚𝐭𝐢𝐯𝐞 𝐋𝐢𝐟𝐞 𝐒𝐜𝐢𝐞𝐧𝐜𝐞𝐬 (𝐌𝐈𝐋𝐒) တို့ ပူးပေါင်းပြီး "𝐋𝐞𝐯𝐞𝐫𝐚𝐠𝐢𝐧𝐠 𝐨𝐧 𝐅𝐨𝐨𝐝 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝𝐬 𝐭𝐨 𝐈𝐦𝐩𝐫𝐨𝐯𝐞 𝐌𝐚𝐫𝐤𝐞𝐭 𝐀𝐜𝐜𝐞𝐬𝐬" ခေါင်းစဉ်ဖြင့် အစားအစာဘေးကင်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့၊ ပြည်လမ်းရှိ 𝐍𝐨𝐯𝐨𝐭𝐞𝐥 𝐇𝐨𝐭𝐞𝐥 (𝐘𝐚𝐧𝐠𝐨𝐧) တွင် 𝐇𝐲𝐛𝐫𝐢𝐝 ပုံစံဖြင့် စီစဉ်ကျင်းပပြုလုပ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

[စာရင်းပေးသွင်းရန်]
https://tinyurl.com/WFSDRegistration1
ဇွန်လ (၇) ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည့် World Food Safety Day Event 2023 နှင့် ပတ်သက်၍ အသိပေးအကြောင်းကြားခြင်း။

မနက်ဖြန် ဇွန်လ (၇) ရက်နေ့တွင် Mekong Institute (MI) နှင့် Myanmar Innovative Life Sciences (MILS) တို့ ပူးပေါင်းပြီး "Leveraging on Food Standards to Improve Market Access" ခေါင်းစဉ်ဖြင့် အစားအစာဘေးကင်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို Novotel Hotel (Yangon) တွင် Hybrid ပုံစံဖြင့် စီစဉ်ကျင်းပသွားမှာဖြစ်ပါတယ်။

အဆိုပါအခမ်းအနားတက်ရောက်ရန် စာရင်းပေးသွင်းလာကြတဲ့ စားသောက်ကုန်အမျိုးမျိုးစိုက်ပျိုးမွေးမြူထုတ်လုပ်မှုကဏ္ဍမှာ ပါဝင်လုပ်ကိုင်လျက်ရှိတဲ့ လုပ်ငန်း၊ အဖွဲ့အစည်းအသီးသီးထံသို့လည်း‌‌ကောင်း၊ အခြားစိတ်ပါဝင်စားသူများထံသို့လည်းကောင်း မိမိတို့အနေဖြင့် ဖိတ်ကြားစာကို Email နဲ့ပေးပို့အကြောင်းကြားထားခဲ့ပြီးဖြစ်ပါတယ်။

ဒါကြောင့် မိမိတို့ရဲ့ Email ကို စစ်ဆေးပေးဖို့နဲ့ အကယ်၍ လူကိုယ်တိုင်မတက်ရောက်နိုင်ခဲ့ပါက မိမိ၏လစ်လပ်နေရာကိုအစားထိုးပေးနိုင်ရန်အတွက် Email မှတဆင့် ဆောလျင်စွာပြန်လည်အသိပေးဖို့အတွက်လည်း ထပ်လောင်းမေတ္တာရပ်ခံအပ်ပါတယ်။
This media is not supported in your browser
VIEW IN TELEGRAM
ကမ္ဘာ့စားနပ်ရိက္ခာဘေးအန္တရာယ်ကင်းရှင်းရေးနေ့။

ဇွန်လ (၇) ရက်၊ (၂၀၂၃) ခုနစ်။

ယနေ့ကျရောက်တဲ့ World Food Safety Day 2023 ကို Myanmar Innovative Life Sciences က လှိုက်လှဲစွာ၊ ကြိုဆိုဂုဏ်ပြုအပ်ပါတယ်။

စားသောက်ကုန် စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်တဲ့လုပ်ငန်းစဉ်တလျှောက် ဘေးဥပါဒ် အန္တရာယ်ကင်းရှင်းရေးတွက် အဆိုပါကွင်းဆက်တလျှောက်ပါဝင်ပတ်သတ်လျက်ရှိတဲ့ စိုက်ပျိုး၊ ထုတ်လုပ်၊ ဝယ်ယူစားသုံးနေကြတဲ့သူတွေအားလုံးဟာ အဓိကအရေးကြီးတဲ့ အခန်းကဏ္ဍများကနေ ပါဝင်နေတာဖြစ်ပါတယ်။

ဒါကြောင့် စားသောက်ကုန်ထုတ်လုပ်သူများအနေဖြင့် မိမိတို့၏စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရေးကို အထူးဂရုပြု‌၍ ဆောင်ရွက်ရမည်မှာ မလွဲမသွေဖြစ်ပြီး သန့်ရှင်း‌စွာ ထုတ်လုပ်ရာမှာ GHP/HACCP စံနှုန်းများကို စနစ်တကျလိုက်နာဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ထိုသို့ဆောင်ရွက်ရာတွင် စားသောက်ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်၌ အသေးစိတ်စနစ်တကျစစ်ဆေးဆောင်ရွက်မှသာလျင် သန့်ရှင်းဘေး ကင်းသော စားသောက်ကုန်များကို ရေရှည်၊ စဉ်ဆက်မပြတ်ထုတ်လုပ်နိုင်ရေးအတွက် များစွာအထောက်အကူပြု စေမှာပဲဖြစ်ပါတယ်။
𝐌𝐞𝐤𝐨𝐧𝐠 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞 နှင့် 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐧𝐧𝐨𝐯𝐚𝐭𝐢𝐯𝐞 𝐋𝐢𝐟𝐞 𝐒𝐜𝐢𝐞𝐧𝐜𝐞𝐬 တို့ ပူးပေါင်းပြီး 𝐖𝐨𝐫𝐥𝐝 𝐅𝐨𝐨𝐝 𝐒𝐚𝐟𝐞𝐭𝐲 𝐃𝐚𝐲 (𝟐𝟎𝟐𝟑) အထိမ်းအမှတ်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့။

ကမ္ဘာ့အစားအစာဘေးကင်းရေးနေ့ (𝐖𝐨𝐫𝐥𝐝 𝐅𝐨𝐨𝐝 𝐒𝐚𝐟𝐞𝐭𝐲 𝐃𝐚𝐲) ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့် 𝐌𝐞𝐤𝐨𝐧𝐠 𝐈𝐧𝐬𝐭𝐢𝐭𝐮𝐭𝐞 (𝐌𝐈), 𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝 နှင့် 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐧𝐧𝐨𝐯𝐚𝐭𝐢𝐯𝐞 𝐋𝐢𝐟𝐞 𝐒𝐜𝐢𝐞𝐧𝐜𝐞𝐬 (𝐌𝐈𝐋𝐒) တို့ ပူးပေါင်းပြီး "𝐋𝐞𝐯𝐞𝐫𝐚𝐠𝐢𝐧𝐠 𝐨𝐧 𝐅𝐨𝐨𝐝 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝𝐬 𝐭𝐨 𝐈𝐦𝐩𝐫𝐨𝐯𝐞 𝐌𝐚𝐫𝐤𝐞𝐭 𝐀𝐜𝐜𝐞𝐬𝐬" ခေါင်းစဉ်ဖြင့် အစားအစာဘေးကင်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ပြီးခဲ့သည့် ဇွန်လ (၇) ရက်နေ့တွင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ 𝐍𝐨𝐯𝐨𝐭𝐞𝐥 𝐇𝐨𝐭𝐞𝐥 (𝐘𝐚𝐧𝐠𝐨𝐧) ၌ 𝐇𝐲𝐛𝐫𝐢𝐝 ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့ပါတယ်။
I2N Myanmar Challenge 2023 ၏ Finalists များအား MILS မှ အစားအသောက်အရည်အ‌သွေး ထိန်းချုပ်ခြင်းနှင့်စပ်လျဉ်း၍ ဝေမျှပို့ချပေးခဲ့။

SUN Business Network Myanmar နှင့် Impact Hub Yangon တို့ ပူးပေါင်းပြုလုပ်တဲ့ Innovation to Nourish (I2N) Challenge 2023 တွင် Impact Hub Yangon ၏ဖိတ်ကြားမှုဖြင့်—Myanmar Innovative Life Sciences မှ Dr ရတနာဝင်းမြင့် (Laboratory Manager, MILS) နှင့် ကိုအောင်ပိုင်သူ (Food Safety Technician, MILS) တို့မှ အစားအသောက်အရည်အ‌သွေးထိန်းချုပ်ခြင်းနှင့်စပ်လျဉ်း၍ Zoom Platform ကနေတဆင့် အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေဖြင့် ပြိုင်ပွဲဝင် Finalists များအား ပို့ချဆွေးနွေးပေးဖြစ်ခဲ့ပါတယ်။
မသန့်ရှင်းတဲ့အစားအသောက်များမှာ တွေ့ရှိရတတ်တဲ့ 𝐄. 𝐜𝐨𝐥𝐢 အဏုဇီဝပိုးမွှားကို 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐧𝐧𝐨𝐯𝐚𝐭𝐢𝐯𝐞 𝐋𝐢𝐟𝐞 𝐒𝐜𝐢𝐞𝐧𝐜𝐞𝐬 မှ ဓာတ်ခွဲစမ်းသပ် စစ်ဆေးပေးနေပြီဖြစ်။

𝐄. 𝐜𝐨𝐥𝐢 အဏုဇီဝပိုးမွှားသည် အစားအသောက်အမျိုးမျိုးကို ညစ်ညမ်းစေနိုင်ပြီး၊ အထူးသဖြင့်—အူလမ်းကြောင်းနဲ့ပတ်သက်သည့် စားသောက်ကုန်များ၊ မချက်ပြုတ်ရ‌သေးသောအသားစိမ်းများ၊ ဟင်းသီးဟင်းရွက်များနဲ့ နို့ထွက်ကုန်ပစ္စည်းများတွင် ပါရှိနေတတ်ပါတယ်။

အကယ်၍ စားသုံးသူများအနေနဲ့ 𝐄. 𝐜𝐨𝐥𝐢 အဏုဇီဝပိုးမွှားတွေပါရှိနေတဲ့ ညစ်ညမ်းတဲ့ရေကို သောက်သုံးမိခြင်း၊ မသန့်ရှင်းတဲ့ အစားအစာတွေကို စားသုံးမိခြင်း၊ တိရစ္ဆာန်တွေနဲ့ထိတွေ့မိပြီး မိမိလက်ကို စနစ်တကျဆေးကြောသန့်စင်မှုမရှိခြင်း—စတဲ့ အနေအထားများကနေတဆင့် ကူးစက်နိုင်ပြီး ဝမ်းပျက်ခြင်း၊ ဝမ်းလျှောခြင်း အစရှိတဲ့ အစာအဆိပ်သင့်မှု‌ဝေဒနာလက္ခဏာရပ်များကို ခံစားရနိုင်ပါတယ်။ အဆိုပါ 𝐄. 𝐜𝐨𝐥𝐢 အစာအဆိပ်သင့်မှုသည် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနဲ့ ခုခံအားစနစ် အားနည်းတဲ့သူတွေမှာ နောက်ဆက်တွဲလက္ခဏာရပ်များကို ခံစားရနိုင်ခြေပိုများပါတယ်။
(၇၆) နှစ်မြောက် အာဇာနည်နေ့။
ဇူလိုင်လ (၁၉) ရက်၊ (၂၀၂၃) ခုနှစ်။

ယနေ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်သော (၇၆) နှစ်မြောက် အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား လွမ်းဆွတ်၊ အောက်မေ့သတိရခြင်းများစွာဖြင့် 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐧𝐧𝐨𝐯𝐚𝐭𝐢𝐯𝐞 𝐋𝐢𝐟𝐞 𝐒𝐜𝐢𝐞𝐧𝐜𝐞𝐬 က လေးစားစွာဦးညွှတ်ဂါရဝပြုအပ်ပါတယ်။

𝐌𝐈𝐋𝐒 အနေဖြင့် ပုံမှန်ရုံးလုပ်ငန်းဆောင်ရွက်ခြင်းလုပ်ငန်းစဥ်များကို ယနေ့ဇူလိုင်လ (၁၉) ရက်နေ့ ရုံးပိတ်ရက်တွင် ခေတ္တရပ်နားထားမှာဖြစ်ပြီး ၊ အစားအသောက်လုပ်ငန်း၊ စက်ရုံများအတွက် အရည်အသွေးဓာတ်ခွဲစစ်ဆေးပေးခြင်းဝန်ဆောင်မှုများကို ဇူလိုင်လ (၂၀) ရက်နေ့တွင် ပြန်လည် စီစဉ်လက်ခံကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ထပ်လောင်း အသိပေးကြေငြာအပ်ပါတယ်။
𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐧𝐧𝐨𝐯𝐚𝐭𝐢𝐯𝐞 𝐋𝐢𝐟𝐞 𝐒𝐜𝐢𝐞𝐧𝐜𝐞𝐬 is looking for an entry-level Laboratory Technician for its agricultural and food testing laboratory in Yangon.
                   
For more information, check out the job description at - https://tinyurl.com/MJ15-2023

If you are interested in working with us, email your resume with an expected salary to hr@milsciences.com with the subject “Application for MJ15”, no later than 31st July 2023. An invitation email will be sent for the interview upon being shortlisted.

𝗖𝗼𝗻𝘁𝗮𝗰𝘁 𝘂𝘀 𝗮𝘁:
M: 09 255 167 596/ 09 447 043 463
E: enquiries@milsciences.com
𝐖𝐨𝐦𝐞𝐧 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬𝐡𝐢𝐩 𝐏𝐫𝐨𝐠𝐫𝐚𝐦 ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် မြေပြင်အလုပ်ရုံဆွေးနွေးပွဲများကို တောင်ကြီးမြို့နှင့် မန္တလေးမြို့တို့တွင် အသီးသီး ကျင်းပပြုလုပ်သွားမည်ဖြစ်။

𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐧𝐧𝐨𝐯𝐚𝐭𝐢𝐯𝐞 𝐋𝐢𝐟𝐞 𝐒𝐜𝐢𝐞𝐧𝐜𝐞𝐬 နှင့် 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐖𝐨𝐦𝐞𝐧 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬 𝐍𝐞𝐭𝐰𝐨𝐫𝐤 (𝐌𝐘𝐀𝐍𝐖𝐄𝐍) တို့မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ "မြန်မာအမျိုးသမီးလုပ်ငန်းရှင်များအတွက် ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု ဖွံ့ဖြိုးတိုးတက်ရေး စွမ်းဆောင်ရည်မြှင့်တင်မှုအစီအစဉ်-𝐖𝐨𝐦𝐞𝐧 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬𝐡𝐢𝐩 𝐏𝐫𝐨𝐠𝐫𝐚𝐦” ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် မြေပြင်အလုပ်ရုံဆွေးနွေးပွဲများကို တောင်ကြီးမြို့နှင့် မန္တလေးမြို့တို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီးဇူလိုင်လ(၂၅) ရက်နေ့မှာတောင်ကြီးမြို့ရှိ 𝐑𝐨𝐲𝐚𝐥 𝐓𝐚𝐮𝐧𝐠𝐠𝐲𝐢 𝐇𝐨𝐭𝐞𝐥 တွင် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
𝐖𝐨𝐦𝐞𝐧 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬𝐡𝐢𝐩 𝐏𝐫𝐨𝐠𝐫𝐚𝐦 ၏ နောက်ဆုံးအစီအစဉ်အနေဖြင့် The 𝐒𝐡𝐨𝐰𝐜𝐚𝐬𝐞 အစီအစဉ်အား ပြုလုပ်သွားမည်ဖြစ်။

𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐧𝐧𝐨𝐯𝐚𝐭𝐢𝐯𝐞 𝐋𝐢𝐟𝐞 𝐒𝐜𝐢𝐞𝐧𝐜𝐞𝐬 နဲ့ 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐖𝐨𝐦𝐞𝐧 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬 𝐍𝐞𝐭𝐰𝐨𝐫𝐤 (𝐌𝐘𝐀𝐍𝐖𝐄𝐍) တို့မှ (၈)လတာကြာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့ 𝐖𝐨𝐦𝐞𝐧 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬𝐡𝐢𝐩 𝐏𝐫𝐨𝐠𝐫𝐚𝐦 ၏ နောက်ဆုံးအစီအစဉ်အနေဖြင့် အမျိုးသမီးများရဲ့ စွန့်ဦးတီထွင်လိုစိတ်ကိုမြှင့်‌တင်ပေးဖို့နဲ့ ၎င်းတို့ရဲ့ဆန်းသစ်တဲ့ 𝐈𝐝𝐞𝐚 များကို ချပြနိုင်စေဖို့အတွက် အဓိကရည်ရွယ်တဲ့ 𝐖𝐨𝐦𝐞𝐧 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬𝐡𝐢𝐩 𝐏𝐫𝐨𝐠𝐫𝐚𝐦 ”The 𝐒𝐡𝐨𝐰𝐜𝐚𝐬𝐞” အစီအစဉ်အား လာမည့် ဩဂုတ်လ (၅) ရက်နေ့တွင် ရန်ကုန်မြို့မှာ အောက်ဖော်ပြပါအတိုင်း ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ကျင်းပမည့်ပုံစံအသေးစိတ်—

နေ့ရက်— ၅ ရက်၊ ဩဂုတ်လ၊ ၂၀၂၃ ခုနှစ်။
အချိန်— နေ့လည် (၁) နာရီမှ ညနေ (၅) နာရီ။
နေရာ— 𝐍𝐨𝐯𝐨𝐭𝐞𝐥 𝐇𝐨𝐭𝐞𝐥 𝐘𝐚𝐧𝐠𝐨𝐧, 𝐏𝐲𝐚𝐲 𝐁𝐚𝐥𝐥𝐫𝐨𝐨𝐦
British Chamber of Commerce Myanmar Trade Fair 2023 တွင် MILS မှ ဝင်ရောက်ပြသသွားမည်ဖြစ်။

Myanmar Innovative Life Sciences သည် လာမည့် စက်တင်ဘာလ (၅) ရက်နေ့တွင် ရန်ကုန်မြို့၊ ကန်တော်ကြီးပတ်လမ်းရှိ၊ Chatrium Hotel Royal Lake Yangon မှာကျင်းပပြုလုပ်မည့် British Chamber of Commerce Myanmar Trade Fair 2023 တွင် မိမိတို့လက်ရှိအဓိက ဝန်ဆောင်မှုအကူအညီများ ပေးအပ်လျက်ရှိသော-အစားအသောက်အဏုဇီဝပိုးမွှားအမျိုးမျိုးဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းဝန်ဆောင်မှု၊ မှိုဆိပ်အမျိုးမျိုးဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းဝန်ဆောင်မှု၊ ပဋိဇီဆေးဝါးဓာတ်ကြွင်းအမျိုးမျိုးဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းဝန်ဆောင်မှု၊ အစားအသောက်လုပ်ငန်းခွင် သန့်ရှင်းမှုတိုင်းတာခြင်းဝန်ဆောင်မှု၊ အသင့်အသုံးပြုနိုင်သော အစားအသောက်အဏုဇီဝပိုးမွှားအမျိုးမျိုးစစ်ဆေးရန်အသုံးပြုနိုင်သည့်ပစ္စည်းများ အစရှိသည့် အစားအစာဘေးကင်းရေးဆိုင်ရာ ဝန်ဆောင်မှုအမျိုးမျိုးကို ဝင်ရောက်ပြသသွားမှာဖြစ်ပါတယ်။

British Chamber of Commerce Myanmar Trade Fair 2023 နှင့်ပတ်သက်၍ အသေးစိတ်ဖတ်ရှုရန်။
𝐅𝐫𝐨𝐦 𝐈𝐧𝐝𝐢𝐯𝐢𝐝𝐮𝐚𝐥 𝐭𝐨 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐯𝐞 𝐂𝐥𝐢𝐦𝐚𝐭𝐞 𝐉𝐮𝐬𝐭𝐢𝐜𝐞 𝐋𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩 : 𝐀 𝐒𝐡𝐨𝐰𝐜𝐚𝐬𝐞 𝐚𝐧𝐝 𝐃𝐢𝐚𝐥𝐨𝐠𝐮𝐞 ကို တက်ရောက်နိုင်ကြောင်း အသိပေးခြင်း။

𝐂𝐥𝐢𝐦𝐚𝐭𝐞 𝐖𝐞𝐞𝐤 𝐍𝐘𝐂 ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ 𝐅𝐫𝐨𝐦 𝐈𝐧𝐝𝐢𝐯𝐢𝐝𝐮𝐚𝐥 𝐭𝐨 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐯𝐞 𝐂𝐥𝐢𝐦𝐚𝐭𝐞 𝐉𝐮𝐬𝐭𝐢𝐜𝐞 𝐋𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩: 𝐀 𝐒𝐡𝐨𝐰𝐜𝐚𝐬𝐞 𝐚𝐧𝐝 𝐃𝐢𝐚𝐥𝐨𝐠𝐮𝐞 ကို စက်တင်ဘာ (၂၀) ရက်နေ့မှာ 𝐎𝐛𝐚𝐦𝐚 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 𝐂𝐥𝐢𝐦𝐚𝐭𝐞 𝐂𝐨𝐏 (𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 𝐨𝐟 𝐏𝐫𝐚𝐜𝐭𝐢𝐜𝐞) မှ 𝐇𝐲𝐛𝐫𝐢𝐝 ပုံစံနဲ့ စီစဉ်ကျင်းပသွားမှာ ဖြစ်ပါတယ်။

၎င်း အစီအစဉ်တွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပြသနာများအပေါ် ဦးဆောင် အဖြေရှာလုပ်ဆောင်နေကြသော 𝐎𝐛𝐚𝐦𝐚 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 𝐥𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩 𝐩𝐫𝐨𝐠𝐫𝐚𝐦𝐬 ၏ကမ္ဘာတစ်ဝန်းလုံးရှိ 𝐀𝐥𝐮𝐦𝐧𝐢 𝐋𝐞𝐚𝐝𝐞𝐫𝐬 များနှင့် 𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬 များမှ ဝိုင်းဝန်းဆွေးနွေး သွားကြမှာပဲဖြစ်ပြီး 𝐌𝐈𝐋𝐒 ရဲ့ 𝐂𝐄𝐎 ဖြစ်သူ ကိုကျော်သူထက်မှ 𝐅𝐚𝐜𝐢𝐥𝐢𝐭𝐚𝐭𝐨𝐫 အနေနဲ့ ပူးပေါင်းပါဝင်သွားမှာဖြစ်ပါတယ်။
𝐕𝐚𝐜𝐚𝐧𝐜𝐲 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭 - Myanmar Innovative Life Sciences

𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐈𝐧𝐧𝐨𝐯𝐚𝐭𝐢𝐯𝐞 𝐋𝐢𝐟𝐞 𝐒𝐜𝐢𝐞𝐧𝐜𝐞𝐬 မှ အောက်ဖော်ပြပါ လစ်လပ်ရာထူးများအား ခေါ်ယူလျက်ရှိပါတယ်။

Position : Sales Executive (Full-time)
Location : Yangon
Details : https://tinyurl.com/MJ17-2023

Position : Sales Assistant (Full-time)
Location : Yangon
Details : https://tinyurl.com/MJ18-2023

Position : Assistant Laboratory Administrator (Full-time)
Location : Yangon
Details : https://tinyurl.com/MJ19-2023

Position : Technical Center Manager (Full-time)
Location : Aung Ban, Shan State
Details : https://tinyurl.com/MJ20-2023

Position : Commercial Operation Manager (Full-time)
Location : Yangon
Details : https://tinyurl.com/MJ21-2023

လျှောက်ထားလိုပါက အောက်ဖော်ပြပါ Email ကနေတဆင့် လျှောက်ထားလိုသည့် Position ကို Subject နေရာတွင်ထည့်သွင်းပြီး၊ မိမိရဲ့ CV၊ မျှော်မှန်းလစာတို့နှင့်တကွ နိုဝင်ဘာလ (၁၅) ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ လျှောက်ထားနိုင်ပါတယ်။
E: hr@milsciences.com
မြန်မာနိုင်ငံအတွင်းရှိ (𝐒𝐌𝐄𝐬) များ အတွက် 𝐅𝐨𝐨𝐝 𝐒𝐚𝐟𝐞𝐭𝐲 𝐂𝐚𝐩𝐚𝐜𝐢𝐭𝐲 မြှင့်တင်ပေးနိုင်ရန် 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐨𝐟 𝐓𝐫𝐚𝐢𝐧𝐞𝐫𝐬 (𝐓𝐨𝐓) များ ဖိတ်ခေါ်ခြင်း။

World Food Programme (𝐖𝐅𝐏) ၏ ကမကထပြုမှုဖြင့် SUN Business Network Myanmar ဟာ မြန်မာနိုင်ငံအတွင်းရှိ စားသောက်ကုန်ထုတ်လုပ်သူများ (အထူးသဖြင့်) အသေးစားနှင့် အလတ်စား လုပ်ငန်းများ (𝐒𝐌𝐄𝐬) များအနေနဲ့ ၎င်းတို့ရဲ့စားသောက်ကုန်ပစ္စည်းတွေကို ဘေးကင်းစွာထုတ်လုပ်နိုင်ရန်နှင့် 𝐅𝐨𝐨𝐝 𝐒𝐚𝐟𝐞𝐭𝐲 အသိအမှတ်ပြု 𝐜𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 တွေ ရရှိရေးအတွက် ကူညီပံ့ပိုးပေးနိုင်ရန် 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 of 𝐓𝐫𝐚𝐢𝐧𝐞𝐫𝐬 (𝐓𝐨𝐓) အစီအစဥ်များနှင့် 𝐑𝐨𝐥𝐥 𝐨𝐮𝐭 𝐭𝐫𝐚𝐢𝐧𝐢𝐧𝐠 များကို ပြုလုပ်သွားဖို့ စီစဥ်ဆောင်ရွက်နေပါတယ်။ အဆိုပါ စားသောက်ကုန်ဘေးကင်းရေးဆိုင်ရာ သင်တန်းများအတွက် သင်တန်းဆရာများလေ့ကျင့်ပေးခြင်း အစီအစဉ် (𝐓𝐨𝐓) မှာ ပါဝင်ပေးဖို့ စိတ်ပါဝင်စားသူ အယောက် (၂၀) ကို ခေါ်ယူလျက်ရှိပါတယ်။

အဆိုပါ အစီအစဉ်ကို MILS ရုံးချုပ်တွင် ပြုလုပ်သွားမှာဖြစ်ပြီး ပါဝင်လျှောက်ထားရန် စိတ်ဝင်စားပါက နိုဝင်ဘာလ (၂၅) ရက်နေ့ မတိုင်မီ လျှောက်ထားကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။
[Vacancy Announcement]

Myanmar Innovative Life Sciences is looking for a Communication Assistant to work in the Communication Department in Yangon. The Communication Assistant, in this role, is expected to take responsibility for creating content and graphics for various communication channels and assist in planning and coordinating events.

For more information, check out the job description at - http://tinyurl.com/MJ22-2024

If you are interested in working with us, email your resume with an expected salary to hr@milsciences.com with the subject “Communication Assistant”, no later than 29th February 2024. An invitation email will be sent for the interview upon being shortlisted.
Myanmar Innovative Life Sciences is looking for a competent, well-motivated, mid-level 𝐒𝐚𝐥𝐞𝐬 𝐌𝐚𝐧𝐚𝐠𝐞𝐫 to lead its sales activities by managing a diverse sales team. The Sales Manager, under this role, is expected to take responsibility of all aspects of sales operations including customer service and certain parts of commercial operations. For more information, check out the job description at -http://tinyurl.com/MJ23-2024

If you are interested in working with us, email your resume with an expected salary to hr@milsciences.com with the subject “𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐟𝐨𝐫 𝐌𝐉𝟐𝟑”, no later than 7 March 2024. An invitation email will be sent for the interview upon being shortlisted.
Myanmar Innovative Life Sciences (MILS) is looking for a capable Document Controller who is responsible for the effective management and control of all documentation related to the laboratory quality management system (QMS) in accordance with ISO 17025 standards. It will be responsible for organizing, maintaining, and updating various documents, records, and procedures to ensure compliance with regulatory requirements and accreditation standards and assisting quality manager in the implementation and maintenance of organization’s QMS.

For more information, check out the job description at https://tinyurl.com/MJ24-2024

If you are interested in working with us, email your resume with an expected salary to hr@milsciences.com with the subject “𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐟𝐨𝐫 𝐌𝐉𝟐4”, no later than April 30, 2024.

An invitation email will be sent for the interview upon being shortlisted.