ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ
33.3K subscribers
6.78K photos
4.27K videos
50 links
မျက်မှောက်ခေတ်၏ အထင်ကရသမိုင်းဖြစ်စဉ်ကို အမှန်တရား၏ တွေ့မြင်ရနည်းသော မျက်နှာစာမှ လေ့လာနိုင်ရန်ရည်ရွယ်ပါသည်။
Download Telegram
Kherson ပြည်နယ်ရှိ ယူကရိန်း/နေတိုးကြေးစား အခြေပြု နေရာများသို့ ရုရှား FAB ဗုံးပျံများ ရောက်ရှိလာသည်ကိုတွေ့ရစဥ်။
ဆီးချိုသွေးချိုဆေး/ ပိန်ဆေး Ozempic အတုအပများ စျေးကွက်သို့များပြားစွာ ဝင်ရောက်လာသဖြင့် အမေရိကန် FDA က သတိပေးချက်ထုတ်ပြန်ထား။
This media is not supported in your browser
VIEW IN TELEGRAM
ပါကစ္စတန်နိုင်ငံတွင် မိုးသီးကြွေ၍ အပျက်အစီးများပြား။
This media is not supported in your browser
VIEW IN TELEGRAM
ရုရှားက အင်ဒိုနီးရှားတွင် မဟာဗျူဟာ ဗုံးကြဲလေယာဉ်များ ချထားမည့်သတင်းထွက်ပေါ်လာပြီးနောက် အိမ်နီးချင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Penny Wong က ရုရှား-အင်ဒိုနီးရှား စစ်ရေးမဟာမိတ်ဖွဲ့ခြင်း သည် သြစတြေးလျအတွက် အလွန်အမင်းစိုးရိမ်ဖွယ်ဖြစ်သည်ဟုဆို။

ယူကရိန်းသို့ ဒုံး၊ သံချပ်ကာ၊ အမြောက်နှင့် လက်နက်များထောက်ပံ့မှု မပြုခင်က စဥ်းစားခဲ့ရမည်ဖြစ်သည်ဟု အလှောင်ခံနေရ။

* ပဲ့တင်သံတို့ပြန်အလာ။
* အလှည့်ကျ နွဲ့ပြ။
ရုရှားဖက်ဒရေးရှင်း Kursk ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Alexey Smirnov နှင့် ဒုအုပ်ချုပ်ရေးမှူး Alexey Dedov တို့ကို အဂတိလိုက်စားမှုဖြင့် ရုရှားရဲတပ်ဖွဲ့ကအမှုဖွင့် ဖမ်းဆီးထား။
ယူကရိန်းနှင့်နယ်စပ် ခံစစ်နေရာများပြင်ဆင်မှုအတွက် ဘတ်ဂျက် ကာကွယ်ရေးအသုံးစရိတ်မှ ကိုယ်ကျိုးရှာခဲ့၍ဟုဆို။

*ခြေမ မကောင်း ခြေမ။
အမေရိကန်နိုင်ငံ Utah ပြည်နယ်ရှိ Northrop Grumman လက်နက်ကုမ္ပဏီ၏ ဒုံးပျံလောင်စာစက်ရုံ ပေါက်ကွဲမှုဖြစ်ပွား။
ဗြိတိန်နိုင်ငံ Scunthorpe ရှိ တရုတ်Jinye အုပ်စုပိုင် ဗြိတိန်ရှိတခုတည်းလက်ကျန်နှင့်အကြီးဆုံး British Steel သံမဏိစက်ရုံကို ဗြိတိသျှအစိုးရက ပြည်သူပိုင်သိမ်း။
တရုတ်ကုမ္ပဏီက ပေါင် ၁ ဘီလျံကျော်ဖြင့် ဝယ်ယူရင်းနှီးမြှုပ်နှံခဲ့ပြီး အနောက်အုပ်စု၏ ရုရှားအပေါ်ဆန်ရှင်များကြောင့် ကုန်ကြမ်း၊စွမ်းအင်နှင့်လုပ်အားခစျေးတက်ကာ မလည်ပတ်နိုင်တော့သည့် အခြေအနေတွင် ယခုလိုပြည်သူပိုင်သိမ်းခြင်းဖြစ်။
တရက်လျင် ပေါင် ကိုးသိန်းကျော် အရှုံးခံလည်ပတ်နေခြင်းဖြစ်ပြီး ယခု ပြည်သူ့အခွန်ငွေဖြင့် ဆက်လက် အရှုံးခံ လည်ပတ်မည်ဟုဆို။

* မဆလ ခေတ်ပြည်သူပိုင်သိမ်းတုန်းကတော့ အော်လိုက်ကြတဲ့ ကုလားဖြူတွေ။

* ပုဂ္ဂလိကပိုင်ဆိုင်မှုဆိုလား၊ စျေးကွက်စီးပွားရေးဆိုလား၊ ဥပဒေနဲ့အညီ အုပ်ချုပ်မှုဆိုလား။
Kherson ပြည်နယ်ရှိ ယူကရိန်း/နေတိုးကြေးစားများ အခြေပြုနေရာသို့ FAB ဗုံးပျံများ ထိမှန်ခဲ့သော မှတ်တမ်း။
ယူကရိန်းနှင့် ရုရှားတို့ ကျဆုံးစစ်သည်ရုပ်အလောင်းများ ဖလှယ်။

ယူကရိန်းအလောင်း ၉၀၀ နှင့် ရုရှားစစ်သည်အလောင်း ၄၁ ခုတို့ကို လဲလှယ်ပြန်ပို့ခဲ့ကြောင်းသိရ။

* ၂ ဖက် ထိခိုက်မှုကို စစ်ရေးကျွမ်းကျင်သူများ သုံးသပ်ချက်များနှင့် နီးစပ်အချိုးကျဖြစ်။

* ၂၀ :၁
This media is not supported in your browser
VIEW IN TELEGRAM
ယူကရိန်းနိုင်ငံ၌ အသက် ၁၈ မှ ၂၄ လူငယ်များကို ယူကရိန်းငွေ Hryvnia ၂ သန်း မက်လုံးပေး၍ စစ်ထဲဝင်ရန် လူသစ်စုဆောင်းရာတွင် အဆိုပါငွေကြေး ( အမေရိကန်ဒေါ်လာ ၅၀၀၀၀ ခန့် )မှာ တလုံးတခဲတည်း ချက်ချင်းရမည်မဟုတ်ဘဲ စစ်ပြီးသည်အထိမသေမှသာ ပေးမည်ဖြစ်ပြီး ပေးလျင်လည်း အရစ်ကျဖြစ်သည်ဟု လွှတ်တော်အမတ် Kamelchuk က ရှင်းလင်းပြောကြား။

* ဂျင်းပေါ့။
* ဆင်မဲကြီး ဖြူလာမည့်ဇာတ်မျိုး။
This media is not supported in your browser
VIEW IN TELEGRAM
ယီမင်ကို ၂၄ နာရီ/၇ ရက်ပတ်လည် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေကြောင်း လုပ်ဆောင်မှုများကို အမေရိကန် Centcom အလယ်ပိုင်းစစ်ဌာနချုပ်က ထုတ်ပြန်ထား။

* ဘီလျံချီသုံးပြီး တဲတွေဖျက်။
This media is not supported in your browser
VIEW IN TELEGRAM
ယူကရိန်း Kramatosk မြို့အနီး နေတိုး HIMARS အတွဲလိုက်ဒုံးယာဥ်အဖွဲ့ကို ရုရှား Iskander ဒုံးပျံထိမှန်ခဲ့သော မှတ်တမ်း။

နေတိုးဒုံးပစ်ယာဥ်၊ အကူယာဥ်နှင့်တကွ အဖွဲ့သား ၈ ဦးကို ချေမှုန်းခဲ့ကြောင်းသိရ။
ခရစ်ယာန်ဘာသာဝင်များ၏ အီစတာပွဲတော်နေ့ကို အကြောင်းပြု၍ ယနေ့ ဧပြီ ၁၉ ညနေ ၆နာရီမှစတင်ကာ ဧပြီ ၂၁ ည သန်းခေါင်ယံအထိ ၃ ရက်ကြာ ရှေ့တန်းတလျောက် အပစ်အခတ်ရပ်စဲသွားမည်ဟု ရုရှားသမ္မတ ပူတင်က ကြေညာ။
အမေရိကန်-တရုတ် Trade War အတွင်း တရုတ် Xiamen လေကြောင်းလိုင်းက မှာယူထားသော အမေရိကန် Boeing 737 max လေယာဉ်ကို တရုတ်က လက်မခံဘဲပြန်ပို့။
အမေရိကန်မှ တရုတ်သို့ နှစ်စဉ် ရောင်းကုန် ၆၅၀ ဘီလျံကျော်ဖိုးဆုံးရှုံးမည့်အလားအလာ ရှိနေ။
ရုရှား-ယူကရိန်း အထူးစစ်ဆင်ရေး သတင်းများ
ခရစ်ယာန်ဘာသာဝင်များ၏ အီစတာပွဲတော်နေ့ကို အကြောင်းပြု၍ ယနေ့ ဧပြီ ၁၉ ညနေ ၆နာရီမှစတင်ကာ ဧပြီ ၂၁ ည သန်းခေါင်ယံအထိ ၃ ရက်ကြာ ရှေ့တန်းတလျောက် အပစ်အခတ်ရပ်စဲသွားမည်ဟု ရုရှားသမ္မတ ပူတင်က ကြေညာ။
အီစတာအပစ်အခတ်ရပ်စဲမှု ၃ ရက်တာ အတွင်း ယူကရိန်းတို့က အကြိမ်ရေ ၄၀၀၀ ကျော် ချိုးဖောက်တိုက်ခိုက်ခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထား။
အပစ်အခတ်ရပ်စဲမှု သက်တမ်းတိုးသွားရန် အစီအစဉ်မရှိဟုသိရ။
ဒေါ်လာစျေးကျနေမှုနှင့်အတူ ကမ္ဘာ့ရွှေစျေး တစ်အောင်စလျင် ၃၃၇၃ ဒေါ်လာသို့ စံချိန်သစ်တင်၍ ရောက်ရှိ။