Z Fighter News [︎]
21K subscribers
189K photos
6.13K videos
21 files
91.7K links
[✪]ပြည်သူ့ဘက်တော်သား တော်လှန်ရေးအကျိုးပြုအဖွဲ့အစည်း

→ 𝗖𝗹𝗶𝗰𝗸 𝗖𝗵𝗮𝗻𝗻𝗲𝗹 - @zwarriormm
→ 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - https://www.facebook.com/zfighternewz
→ 𝗬𝗼𝘂𝘁𝘂𝗯𝗲 - https://youtube.com/@ZWarriorsMM
Buy ads: https://telega.io/c/zfighternews
Download Telegram
အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး မြိုင် သပိတ် စစ်ကြောင်း ချီတက် ဆန္ဒပြ

🟡 Z Fighter June 9 🟡

မြိုင်မြို့နယ် အခြေခံပညာ အထွေထွေ သပိတ် ကော်မတီနှင့် ပြည်သူ လူထုတို့ ပူးပေါင်းကာ ယနေ့ ဇွန်လ ၉ ရက်နေ့တွင် ရဲဘော် ရန်နိုင်စိုး ကျဆုံးခြင်း(၂)လပြည့်နေ့ အဖြင့် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့​ပြီး မြိုင်မြို့နယ် ကျေးရွာများတော်လှန်ရေး တပ်ဦး(MVRF)က သပိတ် စစ်ကြောင်း လုံခြုံရေးအတွင် လိုက်ပါ ဝန်းရံပေးခဲ့ကြောင်း သိရသည်။[KhitThitMedia][Z_F]

◀️💄🍍Click link >>> https://cararegistrasi.com/pPd3cuy

📶 VPN - Germany ထားပေးပါဗျ

Photo - BEGSC-MYAING

#Adm_16
#z_fighter
ကသာမြို့ အနောက်ဘက်ကမ်းတွင် စစ်ကောင်စီနှင့် PDF တိုက်ပွဲ ၃ကြိမ်ဖြစ်

🔴 Z Fighter June 09 🔴

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ အနောက်ဘက်ကမ်း၌ ယနေ့ဇွန်လ (၉)ရက်နေ့တွင် တိုက်ပွဲ(၃)ကြိမ်ဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီတပ်သားများ သေဆုံးမှုရှိကြောင်း ကသာ PDF က သတင်းထုတ်ပြန်သည်။

နေ့လယ်(၁၂)နာရီက ကသာမြို့မှ ထွက်လာသည့် စစ်ကောင်စီတပ် ယာဉ်(၃)စီးကို လမ်းခွအနီး ကသာခရိုင် PDF တပ်ရင်း(၁) ဗိုလ်ဇာမနည် ဦးဆောင်တပ်ခွဲနှင့် ပူးပေါင်းတပ်များက မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီ၏ Jumper ကြောင့် မကွဲ၍ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
[TachileikNewsAgency][Z-F]
Photo- ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ကသာ ပကဖ

https://telegra.ph/Z-F-074-Info-K-06-09-6

#Adm_10
#z_fighter
This media is not supported in your browser
VIEW IN TELEGRAM
ဒီးမော့ဆိုမြို့ ငါးရက်ဆက်တိုက်ပွဲ စစ်ကောင်စီတပ် ထိခိုက်သေဆုံးသူများ

🟡 Z Fighter June 9 🟡

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့တွင် ငါးရက် ဆက် တိုက်ပွဲဖြစ်ပွားနေပြီး ယနေ့(ဇွန် ၉ ရက်)တွင် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးသူများပြားကြောင်းကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း - ၉က ထုတ်ပြန် သည်။[People's Spring][Z_F]

➡️ Read More 👉👉👉 https://telegra.ph/Z---F-065--PL--Yours-Love-Thu-06-09-6

◀️💄🍍Click link >>> https://cararegistrasi.com/pPd3cuy

📶 VPN - Germany ထားပေးပါဗျ

#Adm_16
#z_fighter
"တော်လှန်ရေး"


မှောင်ချင်လို့မိုက်ကြတာမှမဟုတ်ပဲ

အာရုဏ်ဦးကိုမြင်ပြီးမှတော့

နေကြပ်တာကိုမခံနိုင်ဘူး

နှလုံးသားဆိုတာ

အလင်းကိုပဲ တောင့်တတယ်



_မင်းရဲသွေး_

💌နားဆင်ရန် - https://youtu.be/gLsc3B_KqrI
💁🏻‍♀️YouTube Streamer လုပ်ရင်းတော်လှန်မယ်

2022 မှာ YouTube ကနေလည်း ပါဝင်တော်လှန်လို့ရနေပြီဆိုတာသိပြီးကြပြီလား ချစ်တို့ရေ။ ကဲမသိသေးရင်တော့ မင်မင်က ပြောပြပေးပါမယ်။

💪Revolution နဲ့ပတ်သတ်ပြီးထောက်ကူလုပ်ပေးနေတဲ့ YouTube Channel တွေက Video လေးတွေကို လူအင်အားနဲ့ တနေ့ကို Playlist တစ်ခုစီထားရှိပြီး အချိန်ပိုင်းစီ Streaming ပြုလုပ်ရင်း Channel တွေကိုကူညီပေးသွားမယ့် အဖွဲ့လေးဖြစ်ပါတယ်။

❄️တော်လှန်ရေးနဲ့ပတ်သတ်တဲ့ YouTube က Video အားလုံးကို လွတ်လွတ်လပ်လပ် စုပေါင်းပြီး Stream နိုင်မှာဖြစ်တဲ့အတွက် တော်လှန်ရေး Channel တွေအတွက်လည်း များစွာအထောက်အကူဖြစ်မယ်လို့ထင်ပါတယ်။

💁🏻‍♀️သင်ဟာ Streamer တစ်ယောက် (သို့မဟုတ်) YouTube ပေါ်မှာအလုပ်လုပ်ရတာကိုကြိုက်တဲ့သူလား? ဒါဆိုရင်တော့ အောက်ကလင့်လေးမှာ တော်လှန်ရေးအတွက် အထောက်အကူပြုနိုင်ဖို့ အခုပဲပါဝင်လိုက်ပါ.....💁🏻‍♀️

📮Streamer Link - https://t.me/+WRhMgl-3KRkxM2Nl

#z_fighter
စစ်အာဏာသိမ်းမှုနှင့် ရွေးကောက်ပွဲရှုံးနိမ့်မှုတို့အတွက် ကြံ့ခိုင်ရေးဥက္ကဋ္ဌက NLD ကိုအပြစ်ဖို့

🔴 Z Fighter June 09 🔴

စစ်အာဏာသိမ်းမှုနှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ၎င်းတို့ပါတီမဲရှုံးခြင်းအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေးက အပြစ်တင်ပြောဆိုလိုက်သည်။

" ရွေးကောက်ပွဲမှာ အာဏာရပါတီရဲ့ ပြိုင်ဘက်နိုင်ငံရေးပါတီအားလုံးကို အပြုတ်ရှင်းလင်းရေး ဆောင်ရွက်ချက်တွေကြောင့် ကျွန်တော်တို့အပါအဝင် သူ့ရဲ့ ပြိုင်ဘက်ပါတီဝင် အားလုံး အရေးမလှ ဖြစ်ခဲ့ရတာပါပဲ။ ကျွန်တော်တို့ မျှော်မှန်းတဲ့ ရလဒ်မထွက်ခဲ့ဘူး” ဟု အသက် ၆၇ နှစ်အရွယ် ဦးသန်းဌေးက ဇွန် ၈ ရက်နေ့ နေပြည်တော်ရှိ ပါတီရုံးချုပ်တွင်ပြုလုပ်သည့် ဗဟိုကော်မတီအစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ပြောသည်။
[Mizzima][Z-F]

https://telegra.ph/Z-F-074-Info-K-06-09-7

#Adm_10
#z_fighter
မန္တလေးမြို့တွင် စစ်ယာဉ်တန်း နေ့စဉ်ကင်းလှည့်၊ အပြစ်မဲ့ပြည်သူများဆက်တိုက်ဖမ်းဆီးခံနေရ

🔴 Z Fighter June 09 🔴

မန္တလေးမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ယာဉ်တန်း မြို့ကိုပတ်ကာ နေ့စဉ်ကင်းလှည့်နေသည်ကိုတွေ့ရပြီး အပြစ်မဲ့ပြည်သူများလည်း ဆက်တိုက်ဖမ်းဆီးခံရကြောင်း ဒေသခံများကပြောသည်။

“ မနက်ဆိုရင် စစ်ယာဉ်တန်းကင်းလှည့်တယ်။ ဒါ ပြည်သူကို သူတို့ မအုပ်ချုပ်နိုင်သေးဘူးဆိုတာကိုပြတာပဲ။ အဲဒီစစ်ယာဉ်တန်းမြို့လှည့်ပြီးတာနဲ့ အဖမ်းအဆီးက စတော့တာပဲ။ ဟိုရက်တွေတုန်းက မြို့သစ်ဘက်က လူငယ်တွေ။ မနေကတော့ ပုသိမ်ကြီးဘက် သွားဖမ်းကြပြန်တယ်” ဟု မန္တလေးမြို့ကနိုင်ငံရေး စောင့်ကြည့်သူတစ်ဦးက ပြောသည်။
[Mizzima][Z-F]

https://telegra.ph/Z-F-074-Info-K-06-09-8

#Adm_10
#z_fighter
​​‼️‼️ လှိုင်မြို့နယ် အင်းစိန်လမ်းနှင့် ပါရမီလမ်းထောင့် ဘုရားလမ်းမှတ်တိုင်အနီးရှိ KBZ ATM စက်ပေါက်ကွဲမှုတွင် ပြည်သူတစ်ဦး ထိခိုက်သေဆုံးမှုရှိခဲ့တယ်ဟုဆိုပြီး စစ်ကောင်စီဘက်မှ မဟုတ်မမှန်လိမ်လည်ဝါဒဖြန့်ရန် ကြိုးစားနေ

📌 Z Fighter June 9 📌

📡https://t.me/zfighternews

By Z Fighter

ဇွန်လ ၈ရက် ဒီကနေ့ည ၈:၄၄ အချိန်ခန့်က လှိုင်မြို့နယ် အင်းစိန်လမ်းနှင့် ပါရမီလမ်းထောင့် ဘုရားလမ်းမှတ်တိုင်အနီးရှိ KBZ ATM စက်ပေါက်ကွဲမှုတွင် ပြည်သူတစ်ဦး ထိခိုက်သေဆုံးမှုရှိခဲ့တယ်ဟုဆိုပြီး စစ်ကောင်စီဘက်မှ မဟုတ်မမှန်လိမ်လည်ကာ ဝါဒဖြန့်ရန်အတွက် ကြိုးစားနေကြောင်းသိရပါသည်။

လုပ်ကြံသတင်းထွက်​ပေါ်လာပြီး​နောက်ပိုင်း ​မြေပြင်မှတကယ့်အဖြစ်မှန်နှင့်ကွာခြားချက်များရှိခဲ့တာ​ကြောင့် တကယ့်​မြေပြင်တွင်​ တွေ့မြင်ရမှုများအား အ​သေးစိပ်လေ့လာစုံစမ်းခဲ့ရာတွင် အဖြစ်မှန်များကိုသိရှိလာရသည့်အတွက် ပြည်သူများအား အသေးစိတ်ရှင်းလင်း တင်ပြအပ်ပါသည်။

"" ဒီနေ့ည လှိုင်ပေါက်ကွဲမှုမှာ လူသေဆုံးတယ်ဆိုပြီး သတင်းတွေတက်လာတယ်။​ပေါက်ကွဲမှုဖြစ်ပွားချိန်က ၈း၄၄ ပါ။ ကျ​​နော်တို့ဆက်တိုက်ရရှိတဲ့သတင်း​တွေအရ ၈း၅၅ မှာ စစ် DC ၂ စီး ရဲ DC ၁ စီး​ရောက်လာပြီး ပါရမီလမ်း​ပေါ် ​ရွှေကံ့​ကော်ဆိုင်​ရှေ့ရပ်တယ်။၈း၅၈ မှာ ​ပေါက်ကွဲမှုဖြစ်တဲ့​နေရာကိုလမ်းပိတ်ပြီး အစစ်အ​ဆေးလုပ်တယ်။ မိနစ် ၂၀ ​လောက်​နေ​တော့ စစ်​ဆေးတာ​တွေရပ်လိုက်တယ်လို့သတင်းထပ်ရတယ်။ဒါ​ပေမဲ့ ​ရောက်​နေတဲ့ စခ ၊ ရခ ​တွေပြန်မသွားပဲဒီအတိုင်းဆက်ရှိတယ်...။ ""

"" ၉း၃၀ ​လောက်မှာ အ​ရေး​ပေါ်ကားသံကြားလိုက်တယ်ဆိုပြီး သတင်းတစ်ခုရတယ်။ပြီး​တော့မကြာဘူး...ကား​တွေပုံမှန်အတိုင်းသွားခွင့်ပြုလိုက်တယ်။ ၁၀း၀၃ မှာသတင်းတက်လာတာက ဘာသာခြားတစ်​ယောက် လမ်း​မ​ပေါ်မှာ ​မှောက်လျက်အ​နေအထားနဲ့ အူ​တွေထွက်ကျပြီး​သေ​နေတယ် ဆိုတဲ့သတင်းတွေ တက်လာတယ်ဗျ။

အဲဒီအ​လောင်းကိုလူ​တွေတမင်မြင်​​အောင် အခင်းဖြစ်​နေရာ လမ်း​ပေါ်မှာပုံမှန်သွားလာခွင့်ပြုထားပုံရတယ်။ပုံ​တော့ရိုက်ခွင့်မပြုဘူး။၁၀း၀၆ မှာ ဘာတံဆိပ်မှမပါတဲ့ Alphard အဖြူ​ရောင် ကားတစ်စီး​ရောက်လာပြီး အ​လောင်းကိုတင်တယ်။

၁၀း၁၉ မှာ​တော့ အဲဒီ alphard ကိုအလယ်မှာထားပြီး ​ရှေ့နဲ့​နောက်မှာ စခ DC ၂ စီးညှပ်ပြီးထွက်သွားတယ်။ လူသေဆုံးမှုနဲ့ ပေါက်ကွဲမှုဖြစ်စဉ်က လွဲနေတာ သေချာပါတယ် " ဟု လှိုင်မြို့နယ်မှ အမည်မဖော်လိုသူ နယ်မြေခံကင်း​ထောက်ရဲဘော်မှ Z Fighter သို့ ပြောဆိုသည်။

တစ်ဖက်မှ ပေါက်ကွဲမှုမစ်ရှင်တာဝန်ရှိသူမှလည်း " ပစ္စည်းချချိန်ကနေ ခွဲပြီးတဲ့အထိ ဘယ်သူမှ မရှိဘူးဗျ။ လူ လုံးဝရှင်းနေတယ်။ ဗုံးကွဲပြီးမှ ကျွန်တော်တို့ back လာတာပါ။ ကျွန်တော်တို့တော့ ဘာမှမတွေ့လို့ ခွဲတာပါ ။ လူရှိရင် ခွဲမှာမဟုတ်ပါဘူး ။ ပစ္စည်းကလဲ ချိန်ကိုက်မဟုတ်ဘူး။ ဒီအခြေနေအရပြောရရင် ကျွန်တော်တို့ကြောင့် ထိခိုက်တာမျိုးမရှိဘူးလို့ ပိုသေချာအောင်ပြောချင်ပါတယ် ။ ( ဒီနေရာမှ ကျွန်တော်တို့က ကျွန်တော်တို့ကြောင့်ထိရင် တာဝန်ယူမှု တာဝန်ခံမှု အပြည့်အမြဲထားတာကို ဦးစွာသိစေလိုပါတယ် ) " ဟု Z Fighter သို့ ထပ်မံပြောဆိုသည်။

ယခုဖြစ်စဉ်သည် စစ်ကောင်စီဘက်မှ မြို့နေလူထုနှင့် ရန်ကုန်​ပြောက်ကျားရဲဘော်များအား ရည်ရွယ်ချက်ရှိရှိဖြင့် စနစ်တကျအကွက်ဆင် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သုံးသပ်ရပါသည်။ဤဖြစ်စဉ်ပုံစံမျိုးအား ယခင်ထဲက စစ်ကောင်စီဘက်မှ ဖန်တီးခဲ့မည်ဟု ယူဆရပါသည်။မြို့နေလူထုများအနေဖြင့် စစ်ကောင်စီဘက်မှ ရည်ရွယ်ချက်ရှိရှိ စနစ်တကျလုပ်ကြံဖန်တီးထားသော သတင်းများအား သတိထားဖတ်ရှုကြဖို့နှင့် မြို့ပြ​ပြောက်ကျားရဲဘော်များအား ဝိုင်းဝန်းပံ့ပိုး ကူညီပေးကြဖို့ အသိပေးနှိုးဆော်ပါသည်။ [Z-F]

#z_fighter
Radio NUG - 10th June , 2022 Morning
8:30 AM LIVE @ 16 Meter Band, 17.79 MHz
ON-AIR & Internet Podcast


📌Z Fighter June 10 📌

📌 ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ရေးသတင်းအကျဉ်းချုပ် - နွေ‌ဦးမောင် (11:05)
📌 နောက်ဆုံးရသတင်းများ - နွေဦးမိုင် (Radio NUG) (6:34)
📌 နေ့စဉ်သတင်းများ - မျိုးသော်တာ (PVTV) (3:54)
📌 ချိုး(ချင်း) ကာဏ်း (Kaang) ဘာသာသတင်းထုတ်လွှင့်မှု (တိုင်းရင်းသားဘာသာစကားအစီအစဉ်) - ချိုး (ချင်း) ဘာသာစကားထုတ်လွှင့်မှုအဖွဲ့ (4:59)

Internet Archive -
https://archive.org/details/@pv_radio
Podcast Channels-
(GOOGLE)
https://tinyurl.com/3y7hrp9u
(TUNEIN)
https://tinyurl.com/u3ktjbr6
(APPLE)
https://tinyurl.com/5fx2d3tj
(SPOTIFY)
https://open.spotify.com/show/3pXPmpjaNZqbpDUmWf0PDy
(RadioNUG YouTube)
https://www.youtube.com/c/RadioNUGMyanmar
(RadioNUG website)
https://www.radionug.org/
[Radio NUG][Z-F]

#Adm_4
#z_fighter
တနင်္သာရီမှာ စက်သုံးဆီတွေ အလုအယက် ဝယ်ယူနေရ

📌Z Fighter June 10 📌

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းနဲ့ မြိတ်မြို့ပေါ်က စက်သုံးဆီဆိုင်တချို့ကို စစ်ကောင်စီက ဖမ်းဆီးမယ်ဆိုတဲ့ သတင်းကြောင့် ဇွန် ၉ ရက်နေ့ မနက်ပိုင်းကစပြီး ပြည်သူတွေ အလုအယက် ဝယ်ယူနေကြတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ကော့သောင်းနဲ့ မြိတ်မြို့ပေါ်ရှိ စက်သုံးအရောင်ဆိုင်တွေကို စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာအဖွဲ့တွေက လိုက်လံစစ်ဆေးခဲ့တာပါ။[Than Lwin Times][Z-F]

Read more>>
https://telegra.ph/Z-F-06-CR-asis-06-10-2

#Adm_4
#z_fighter
စစ်တပ်သတ်ဖြတ်မှုကြောင့် တက္ကသိုလ်ကျောင်းသား PDF လူငယ် ၂ ဦးအပါအဝင် အပြစ်မဲ့ကျဆုံး ပြည်သူ ၁၉၂၀ ကျော်ထိ ရှိလာ

📌Z Fighter June 10 📌

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်းအပြစ်မဲ့ ကျဆုံးပြည်သူ ၁,၉၂၄ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၄,၀၅၅ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇွန် ၉ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။[DVB][Z-F]

Read more>>
https://telegra.ph/Z-F-06-CR-asis-06-10-3

#Adm_4
#z_fighter
ရှမ်းပြည်တောင်ပိုင်း အမှတ် ၁၀၀၈ တပ်ရင်းက အပြီးသတ်တိုက်ပွဲဆင်နွဲဖို့ ရဲဘော်အသစ်များကို ခေါ်ယူနေ

📌Z Fighter June 10 📌

ရှမ်းပြည်တောင်ပိုင်း အမှတ် ၁၀၀၈ တပ်ရင်းက အာဧာရှင်စနစ်တစ်ခုလုံးကို အမြစ်ပြတ်တော်လှန်ဖို့ အပြီးသတ် တိုက်ပွဲဆင်နွဲရန်အတွက် ရဲဘော်အသစ်တွေကို အလိုရှိနေတယ်လို့ကြေညာပါတယ်။

အမှတ် ၁၀၀၈ တပ်ရင်းရှမ်းတောင်ဟာ အာဏာရှင်စနစ်တစ်ခုလုံးကိုအမြစ်ဖြတ်တော်လှန်ရန် NUG MOD အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အောက်တွင် တရားဝင်တာဝန်ထမ်းဆောင်နေသော ပြည်သူ့ကာကွယ်ရေး တပ်မတော်တပ်ရင်းတစ်ခုဖြစ်ပြီး ညီနောင်မဟာမိတ်အဖွဲ့စည်းများရဲ့ ယုံကြည်ဖေးမမှု၊အမိန့်နာခံမှု၊ တိုက်ခိုက်စွမ်းရည်၊ စစ်စည်းကမ်းရဲဘော်ရဲဖက်စိတ်ဓာတ်၊ တော်လှန်ရေးစိတ်ဓာတ်ပြည့်ဝအောင် လေ့ကျင့် သင်ကြားပေးပီး ယခုတွင်တိုက်ပွဲများစွာပါဝင်တိုက်ခိုက်နေပီဖြစ်ပါတယ်။[Burma VJ][Z-F]

Read more>>
https://telegra.ph/Z-F-06-CR-asis-06-10-4

#Adm_4
#z_fighter
ကယားက စစ်ရှောင်စခန်းတွေမှာ သွေးလွန်တုပ်ကွေး အဖြစ်များနေပြီး အသက်သေဆုံးတာတွေ ရှိလာ

📌Z Fighter June 10 📌

ကယားပြည်နယ်အတွင်းက စစ်ရှောင်စခန်းတွေမှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်နေပြီး သွေးလွန်တုပ်ကွေးကြောင့် ကလေးသူငယ်တွေ အသက်သေဆုံးတာတွေ ရှိလာနေတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ရှောင်စခန်းတွေမှာ ပြီးခဲ့တဲ့ မေလကစပြီး သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု မြင့်တက်လာခဲ့သလို အခုဇွန်လအတွင်းမှာတော့ ကလေးသူငယ်အယောက် ၁၀၀ လျှင် အယောက် ၂၀ ထက်မနည်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားလာတာပါ။[Than Lwin Times][Z-F]

Read more>>
https://telegra.ph/Z-F-06-CR-asis-06-10-5

#Adm_4
#z_fighter
Forwarded from Z Fighter News [︎]
​​‼️‼️ လှိုင်မြို့နယ် အင်းစိန်လမ်းနှင့် ပါရမီလမ်းထောင့် ဘုရားလမ်းမှတ်တိုင်အနီးရှိ KBZ ATM စက်ပေါက်ကွဲမှုတွင် ပြည်သူတစ်ဦး ထိခိုက်သေဆုံးမှုရှိခဲ့တယ်ဟုဆိုပြီး စစ်ကောင်စီဘက်မှ မဟုတ်မမှန်လိမ်လည်ဝါဒဖြန့်ရန် ကြိုးစားနေ

📌 Z Fighter June 9 📌

📡https://t.me/zfighternews

By Z Fighter

ဇွန်လ ၈ရက် ဒီကနေ့ည ၈:၄၄ အချိန်ခန့်က လှိုင်မြို့နယ် အင်းစိန်လမ်းနှင့် ပါရမီလမ်းထောင့် ဘုရားလမ်းမှတ်တိုင်အနီးရှိ KBZ ATM စက်ပေါက်ကွဲမှုတွင် ပြည်သူတစ်ဦး ထိခိုက်သေဆုံးမှုရှိခဲ့တယ်ဟုဆိုပြီး စစ်ကောင်စီဘက်မှ မဟုတ်မမှန်လိမ်လည်ကာ ဝါဒဖြန့်ရန်အတွက် ကြိုးစားနေကြောင်းသိရပါသည်။

လုပ်ကြံသတင်းထွက်​ပေါ်လာပြီး​နောက်ပိုင်း ​မြေပြင်မှတကယ့်အဖြစ်မှန်နှင့်ကွာခြားချက်များရှိခဲ့တာ​ကြောင့် တကယ့်​မြေပြင်တွင်​ တွေ့မြင်ရမှုများအား အ​သေးစိပ်လေ့လာစုံစမ်းခဲ့ရာတွင် အဖြစ်မှန်များကိုသိရှိလာရသည့်အတွက် ပြည်သူများအား အသေးစိတ်ရှင်းလင်း တင်ပြအပ်ပါသည်။

"" ဒီနေ့ည လှိုင်ပေါက်ကွဲမှုမှာ လူသေဆုံးတယ်ဆိုပြီး သတင်းတွေတက်လာတယ်။​ပေါက်ကွဲမှုဖြစ်ပွားချိန်က ၈း၄၄ ပါ။ ကျ​​နော်တို့ဆက်တိုက်ရရှိတဲ့သတင်း​တွေအရ ၈း၅၅ မှာ စစ် DC ၂ စီး ရဲ DC ၁ စီး​ရောက်လာပြီး ပါရမီလမ်း​ပေါ် ​ရွှေကံ့​ကော်ဆိုင်​ရှေ့ရပ်တယ်။၈း၅၈ မှာ ​ပေါက်ကွဲမှုဖြစ်တဲ့​နေရာကိုလမ်းပိတ်ပြီး အစစ်အ​ဆေးလုပ်တယ်။ မိနစ် ၂၀ ​လောက်​နေ​တော့ စစ်​ဆေးတာ​တွေရပ်လိုက်တယ်လို့သတင်းထပ်ရတယ်။ဒါ​ပေမဲ့ ​ရောက်​နေတဲ့ စခ ၊ ရခ ​တွေပြန်မသွားပဲဒီအတိုင်းဆက်ရှိတယ်...။ ""

"" ၉း၃၀ ​လောက်မှာ အ​ရေး​ပေါ်ကားသံကြားလိုက်တယ်ဆိုပြီး သတင်းတစ်ခုရတယ်။ပြီး​တော့မကြာဘူး...ကား​တွေပုံမှန်အတိုင်းသွားခွင့်ပြုလိုက်တယ်။ ၁၀း၀၃ မှာသတင်းတက်လာတာက ဘာသာခြားတစ်​ယောက် လမ်း​မ​ပေါ်မှာ ​မှောက်လျက်အ​နေအထားနဲ့ အူ​တွေထွက်ကျပြီး​သေ​နေတယ် ဆိုတဲ့သတင်းတွေ တက်လာတယ်ဗျ။

အဲဒီအ​လောင်းကိုလူ​တွေတမင်မြင်​​အောင် အခင်းဖြစ်​နေရာ လမ်း​ပေါ်မှာပုံမှန်သွားလာခွင့်ပြုထားပုံရတယ်။ပုံ​တော့ရိုက်ခွင့်မပြုဘူး။၁၀း၀၆ မှာ ဘာတံဆိပ်မှမပါတဲ့ Alphard အဖြူ​ရောင် ကားတစ်စီး​ရောက်လာပြီး အ​လောင်းကိုတင်တယ်။

၁၀း၁၉ မှာ​တော့ အဲဒီ alphard ကိုအလယ်မှာထားပြီး ​ရှေ့နဲ့​နောက်မှာ စခ DC ၂ စီးညှပ်ပြီးထွက်သွားတယ်။ လူသေဆုံးမှုနဲ့ ပေါက်ကွဲမှုဖြစ်စဉ်က လွဲနေတာ သေချာပါတယ် " ဟု လှိုင်မြို့နယ်မှ အမည်မဖော်လိုသူ နယ်မြေခံကင်း​ထောက်ရဲဘော်မှ Z Fighter သို့ ပြောဆိုသည်။

တစ်ဖက်မှ ပေါက်ကွဲမှုမစ်ရှင်တာဝန်ရှိသူမှလည်း " ပစ္စည်းချချိန်ကနေ ခွဲပြီးတဲ့အထိ ဘယ်သူမှ မရှိဘူးဗျ။ လူ လုံးဝရှင်းနေတယ်။ ဗုံးကွဲပြီးမှ ကျွန်တော်တို့ back လာတာပါ။ ကျွန်တော်တို့တော့ ဘာမှမတွေ့လို့ ခွဲတာပါ ။ လူရှိရင် ခွဲမှာမဟုတ်ပါဘူး ။ ပစ္စည်းကလဲ ချိန်ကိုက်မဟုတ်ဘူး။ ဒီအခြေနေအရပြောရရင် ကျွန်တော်တို့ကြောင့် ထိခိုက်တာမျိုးမရှိဘူးလို့ ပိုသေချာအောင်ပြောချင်ပါတယ် ။ ( ဒီနေရာမှ ကျွန်တော်တို့က ကျွန်တော်တို့ကြောင့်ထိရင် တာဝန်ယူမှု တာဝန်ခံမှု အပြည့်အမြဲထားတာကို ဦးစွာသိစေလိုပါတယ် ) " ဟု Z Fighter သို့ ထပ်မံပြောဆိုသည်။

ယခုဖြစ်စဉ်သည် စစ်ကောင်စီဘက်မှ မြို့နေလူထုနှင့် ရန်ကုန်​ပြောက်ကျားရဲဘော်များအား ရည်ရွယ်ချက်ရှိရှိဖြင့် စနစ်တကျအကွက်ဆင် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သုံးသပ်ရပါသည်။ဤဖြစ်စဉ်ပုံစံမျိုးအား ယခင်ထဲက စစ်ကောင်စီဘက်မှ ဖန်တီးခဲ့မည်ဟု ယူဆရပါသည်။မြို့နေလူထုများအနေဖြင့် စစ်ကောင်စီဘက်မှ ရည်ရွယ်ချက်ရှိရှိ စနစ်တကျလုပ်ကြံဖန်တီးထားသော သတင်းများအား သတိထားဖတ်ရှုကြဖို့နှင့် မြို့ပြ​ပြောက်ကျားရဲဘော်များအား ဝိုင်းဝန်းပံ့ပိုး ကူညီပေးကြဖို့ အသိပေးနှိုးဆော်ပါသည်။ [Z-F]

#z_fighter
ရေစကြိုတွင် စစ်တပ်က သဲတောရွာသူ အသက် ၇၀ အရွယ် အဘွားအို ဒေါ်အေးကို မီးရှို့သတ်ဖြတ်ပြီး နေအိမ် ၂၇ လုံးကို မီးရှို့၊ ကန့်ဘလူ၊ ရှော်ဖြူကုန်းရွာနှင့် ရေဦးရှိ ကျေးရွာ ၂ ခုမှ နေအိမ် ၂၃၅ လုံးကို စစ်တပ်က မီးတင်ရှို့ ဖျက်ဆီး

📌Z Fighter June 10 📌

မကွေးတိုင်း ရေစကြိုမြို့နယ် သဲတောရွာကို စစ်တပ်နှင့် ပျူစောထီးအဖွဲ့များက ဇွန်လ ၉ ရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာနေ ပြည်သူ အသက် ၇ဝ အရွယ် ဒေါ်အေးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စစ်တပ်က ကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ် ၂၇ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် ပစ္စည်းများဖြစ်သော ထော်လာဂျီ ၁ စီး၊ ဆိုင်ကယ် အစီး ၃၀ ကျော်နှင့် တန်းဖိုးရှိ ပစ္စည်းများကို ခိုးယူ လုယက်သွားကြောင်းသိရသည်။ [Khit Thit Media][Z-F]

Read more>>
https://telegra.ph/Z-F-06-CR-asis-06-10-6

#Adm_4
#z_fighter