Ye Yint Htet (#yyh)
27.7K subscribers
59.6K photos
7.45K videos
2 files
4.66K links
Download Telegram
-
▪️ထန်းတပင်မြို့နယ်၊ သောင်ပုချောင်ကျေးရွာအား PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကလေးတစ်ဦးအပါအဝင် ပြည်သူလေးဦးထိခိုက်ဒဏ်ရာရ


NOM ဧပြီလ ၂၆၊ ၂၀၂၅

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ သောင်ပုချောင်ကျေးရွာအား PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ဧပြီလ ၂၄ ရက်နေ့ နံနက် ၁ နာရီအချိန်၌ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် ဦးဖုန်းမြင့်ထွန်း (၄၉) နှစ်၊ ဒေါ်နီလာဝင်း (၃၇) နှစ်၊ မောင်ကြယ်စင်မောင် (၈) နှစ်နှင့် ဦးဟန်ဝင်း (၄၀) နှစ် တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး တောင်ငူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။

▪️News Of Myanmar NOM
Media is too big
VIEW IN TELEGRAM
ကျောက်ဖြူမြို့နယ်အား နှောင့်ယှက်တိုက်ခိုက်နေသည့် AA သူပုန်များ၏ ရိက္ခာဝေစခန်းအား ချေမှုန်းတိုက်ခိုက်ခြင်း။ (ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ရွာအနီး) 💪💪💪
-
တိုက်ပွဲသတင်းစုံ
This media is not supported in your browser
VIEW IN TELEGRAM
ကိုရင်ဖြစ်ဖြစ် ရဟန်းဖြစ်ဖြစ် ဒီလိုပြပွဲမှာ အသုံးချတာ မကောင်းပါဘူး သီလတွေ သိက္ခာတွေလေးစားသင့်တယ်.....

#yyh
-
▪️အနောက်နှင့်အရှေ့ဘက်မှလေပွေလှိုင်းများ၊ကပ္ပလီနှင့်ဘင်္ဂလားပင်လယ်အော်တို့မှလေနွေးများနှင့်လေဖိအားကြီးရပ်ဝန်းမှလေအေးများတွေ့ဆုံမှုကြောင့် ၂၈-၄-၂၀၂၅ မှ ၃-၅-၂ဝ၂၅ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး ၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးထစ်ချုန်းရွာပြီး၊နေရာကွက်၍မိုးကြီးနိုင်။
-
▪️ထားဝယ်နည်းပညာတက္ကသိုလ်ကို ရန်သူအင်အား ၂၀၀ခန့်နဲ့ အတိုက်ခံနေရတာ၊ စစ်ကူ ပစ်ကူတောင်းထားတယ်။ စစ်ကူမလာပါ လေယာဥ်ပစ်ကူလာသော်လည်း ပစ်မှတ်မထိပဲပြန်သွားတယ်။ အခုဆို ကာကင်းစခန်းကျသွားပြီ။

သူပုန်ရဲ့နောက်ထပ်ခြေလှမ်းက တက္ကသိုလ်ကို ဝင်တိုက်ဖို့ပဲကျန်တော့တယ်။ စစ်ကူမ​ပေးနိုင်ရင်တော့ မကြာခင် တက္ကသိုလ်ကျမယ်။
26.04.2025
▪️KoMaungMaung
-
▪️ရာအိမ်မှူးတစ်ဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် အမျိုးသားလေးဦးကို PDF များ သတ်ဖြတ်

၂၆. ၄. ၂၀၂၅
Written by Nay Moe

ရာအိမ်မှူးတစ်ဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် အမျိုးသားလေးဦးကို PDF များ သတ်ဖြတ်လိုက်မှု ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဖြစ်စဉ်များမှာ ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၀ ရက် နံနက် ၇ နာရီ ၁၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ကျောင်းစုကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနိုင်ဦး(၄၈)နှစ်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF နှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ် …

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=98979

#ပဲခူး #မကွေး #မန္တလေး #အုပ်ချုပ်ရေးမှူး #NUG #PDF #အကြမ်းဖက် #ပျူစောထီး #ပကဖ #MT #mtnews #MyanmarTransparency
Media is too big
VIEW IN TELEGRAM
အိန္ဒိယ - ပါကစ္စတန်

အင်အားနှိုင်းယှဉ်မှု
Media is too big
VIEW IN TELEGRAM
ဗန်းမော်မြို့ကို ဒုတိယအကြိမ် လာရောက်တိုက်ခိုက်တဲ့ အကြမ်းဖက် KIA/PDF တွေကို Drone နဲ့ ချေမှုန်းနေတဲ့ VDO ဖိုင် ဖြစ်ပါတယ်။ ပထမအကြိမ် ဗန်းမော်မြို့ကို လာရောက်တိုက်ခိုက်ချိန်မှာ အကြမ်းဖက် KIA/PDF အဖွဲ့အနေနဲ့ တပ်မဟာ ၄ ခု (အင်အား ၄၀၀၀ ကျော် သေဆုံး)လုံး ပြုန်းတီးခဲ့ပါတယ်။ အခု ဒုတိယအကြိမ်မှာ ဘယ်လောက် သေမလဲဆိုတာ စောင့်မျှော်ပေးကြပါ။ PDF တွေကတော့ ထွက်ပြေးနေကြပြီလို့ သိရပါတယ်။
-
ဧပြီ ၂၅ ရက်၊ ၂၆ ရက် (၂ ရက်တာ) အတွင်း အကြမ်းဖက် KIA/PDF ၁၅ လောင်း၊ သေနတ် ၁၆ လက် သိမ်းဆည်းရရှိထားပြီး ဖြစ်ပါတယ်။ Drone နဲ့ ချေမှုန်းလို့ သေတာကတော့ ၂၀၀ ခန့် ရှိပြီလို့ သိရပါတယ်။
-
ဗန်းမော် = KIA သင်္ချိုင်း 👍
-
တိုက်ပွဲသတင်းစုံ
Forwarded from Snow Queen🇲🇲🇲🇲🇲🇲 (🇲🇲)
April-25

▪️ဖျံမကြီး၊အဲ့အချိန်တုန်းကငါးပိသည်🙄

▪️အနာပေါ်ဒုတ်ကျသဝါးတော့ စပ်သဝါးရော။😉😉😉
-
▪️ဟော ဘာတဲ့🙄
▪️အလိ့နီ...ပြု 😉😉😉
Forwarded from Snow Queen🇲🇲🇲🇲🇲🇲 (🇲🇲)
April-26

▪️နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ အကြမ်းဖက်လှုံ့ဆော်သူအား ဖမ်းဆီးထိန်းသိမ်း

နေပြည်တော်၊ ဧပြီ ၂၆

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့် "Kyaw Gyi" Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့၊ ဥတိုမြန်မာစုကျေးရွာနေ ကျော်မင်းအောင်(ခ)ကျော်ကြီးအား ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ ည ၅ နာရီတွင် စစ်ကွင်းနယ်မြေရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPHI NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့ အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ် ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

https://t.me/bagonews2024