Ye Yint Htet (#yyh)
27.7K subscribers
59.6K photos
7.45K videos
2 files
4.65K links
Download Telegram
April-23

▪️ဘီးလင်းနယ်သတင်းပါ
=================

မွန်ပြည်နယ် ၊ ကျိုက်ထိုခရိုင် ၊ ဘီးလင်းမြို့နယ် ၊ ဇုတ်သုတ်ကျေးရွာအုပ်စု ၊ ဇုတ်သုတ်ရွာလေး မုခ်ဦးအဝတွင် ဦးမြင့်စိုး အသက် ( ၅၃) နှစ် ဗမာ/ဗုဒ္ဓအား( ၂၃ ၊ ၄ ၊ ၂၀၂၅) ရက်နေ့ နံနက် ( ၉: ၂၀) အချိန်က PDF အကြမ်းဖက်သမားများမှာလက်နက်ငယ်များဖြင့်လာရောက်ပစ်ခတ်သွားကြောင်းသိရသည်။ဇုတ်သုတ်ကျေးရွာအုပ်စုသည် PDF အကြမ်းဖက်သမား စိုးထိုက်သူ နှင့် ဖိုးဇော်လတ်တို့မှာ ဝင်ထွက်သွားလာ ကြပြီး လူသတ်မှုများအားအကြာခဏလုပ်ကြံ့သတ်ဖျတ်နေကြပြီး ဇုတ်သုတ်ကျေးရွာအတွင်းရှိ လယ်မြေများ အားခြံကွက်ရိုက်ရောင်းကြပြီး PDF ရန်ပုံငွေအတွက်ပေးနေကြရပြီး ချဲ့လောင်းကစားမှုများနှင့် တရားမဝင်လုပ်ငန်းများလုပ်ဆောင်ကြပြီး PDF အကြမ်းဖက်သမားများထံသို့ရောက်ရှိနေကြောင်းသိရသည်။ယနေ့နံနက် ဦးမြင့်စိုးအားလာရောက်လုပ်ကြံသတ်ဖျတ်သောPDF အကြမ်းဖက်သမားများသည် ဦးမြင့်စိုးအား ပစ်ခတ်ပြီးချိန်အထိ ဘယ်မှာမသွားပဲ ရှိနေပြီ အေးအေးဆေးဆေးနေပြီးမှာထွက်ခွာသွားကြောင်းသိရသည်။ ဇုတ်သုတ်ကျေးရွာသည် PDFများစိုးမိုးနေထိုင်နေကြပြီး ယခုအချိန်အထိ နယ်မြေရှင်းလင်းရေးမလုပ်ဆောင်သေးကြောင်းသတင်းပေးပို့လာပါတယ်။


▪️အမဲလိုက်မုဆိုးကြီး
-
▪️လားရှိူးမြို့

လုံခြုံရေးနဲ့ ပြန်လည်ထူထောင်ရေး အားနည်းနေချိန်မှာ အသွားအလာဂရုစိုက်ကြပါ။ လူပြတ်တဲ့နေရာတွေ လုယက်မှု ဖြစ်လေ့ဖြစ်ထ ရှိတတ်တဲ့နေရာတွေကို သတိထားကြပါ။ အဲ့လိုနေရာတွေမှာ မကြာခဏ ဒုစရိုက်မှုတွေ ဖြစ်နေပါတယ်။
လူနေရပ်ကွက်တွေထဲမှာလည်း စစ်အတွင်းက မပေါက်ကွဲသေးတဲ့ မြေမြှုပ်မိုင်း လက်ပစ်ဗုံးနဲ့ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေ ယနေ့ထိ ကျန်ရှိနေပါသေးတယ်။ မိဘများအနေနဲ့ ကလေးတွေ ကောက်ယူဆော့ကစားခြင်း မဖြစ်အောင်လဲ အထူးဂရုစိုက်ကြပါ။

တနေ့က ရပ်ကွက်(၉) နယ်မြေ(၁) ခေးနင်း ကျွန်းတောလမ်း နတ်စင်ဘက်မှာ ကလေး(၂)ဦးက ဘယ်ကတွေ့တဲ့ မီးကျည်တွေလဲမသိဘူး။ ကောက်ယူလာပြီး ဆော့ကစားနေကြတာ။ မီးကျည်တွေ ကွဲပြီး မီးရှူးမီးပန်းလို မီးတွေဖြာထွက်လာလို့ အနီးအနားက လူတွေ အထိတ်တလန့်ဖြစ်ကုန်ကြသေးတယ်။ လယ်ကွက်တွေနဲ့ အိမ်ခြေနည်းလို့ မီးမလောင်တာ ကံကောင်းသွားတာပေါ့။ ကလေးတွေကို ဂရုစိုက်ကြပါ။
ဘေးကင်းကြပါစေ။

▪️ရှမ်းပြည်နယ်သတင်းစုံ
Forwarded from Kyaw Swar
MAX ဘိလပ်မြေ တစ်အိပ် ၂၀၀၀၀ နှုံးဖြင့် နေပြည်တော် MAX ရုံး ( စည်ပင်ရိပ်သာရှေ့) တွင် ငလျင်ကြောင့် အမှန်တကယ်အိမ်ပြုပြင်လိုသူများအား ရောင်းချပေးလျှက်ရှိပြီး အသေးစိပ်သိလိုက MAX ရုံး ၀၉၉၆၉၉၂၇၉၁၇ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သတင်းရရှိပါသည် ။
-
▪️ပဲခူးတိုင်းဒေသကြီး၊ တပ်နယ်များအလိုက် အသစ်ဖွဲ့စည်းထားရှိသည့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား လက်နက်တပ်ဆင် အပ်နှင်း



နေပြည်တော် ဧပြီ ၂၂

ပဲခူးတိုင်းဒေသကြီး၊ တပ်နယ်များအလိုက် အသစ်ဖွဲ့စည်းထားရှိသည့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား လက်နက်တပ်ဆင်အပ်နှင်းခြင်းကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌ ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

Read More » https://www.cincds.gov.mm/node/28904
သက်ဆိုင်ရာ တာဝန်ရှိလူကြီးမင်းများ သိရှိစေရန်...

#yyh
Forwarded from Snow Queen🇲🇲🇲🇲🇲🇲 (🇲🇲)
Forwarded from Snow Queen🇲🇲🇲🇲🇲🇲 (🇲🇲)
Ye Yint Htet (#yyh)
Photo
April-23

▪️လဝါးကျေးရွာအနီး ပြည်သူ့စစ်တပ်ဖွဲ့နှင့် KIA၊PDF ပူးပေါင်းအဖွဲ့ကြား စစ်ရေးတင်းမားနေ၍ ဒေသခံပြည်သူများ လယ်ယာစိုက်ပျိုးနိုင်ခြင်းမရှိသေး

EPN
တနိုင်း၊ ဧပြီ - ၂၃ (၂၀၂၅)

တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၊ လဝါးကျေးရွာအုပ်စုအတွင်း၌ ပြီးခဲ့သည့်လအတွင်းကစပြီး ပြည်သူ့စစ်တပ်ဖွဲ့နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေ၍ ဒေသခံပြည်သူများမှာ ယနေ့အချိန်ထိ လယ်ယာစိုက်ပျိုးခြင်း၊ တောင်ယာလုပ်ငန်းခွင်သို့ သွားလာခွင့်မရှိခြင်းတို့ကြောင့် ဝမ်းရေးအတွက် အခက်အခဲရှိနေကြောင်း ဒွန်ဘုန်းခ ကျေးရွာနေ ပြည်သူတစ်ဦးက ဆိုသည်။

တနိုင်းမြို့နယ်၊ ဝါရာဇွတ်ပြည်သူ့စစ်တပ်ဖွဲ့နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့တို့ကြား မတ်လ ဒုတိယ အပတ်ကစ၍ တိုက်ပွဲဖြစ်ပွားခဲ့၍ ကျေးရွာ လေးရွာအတွင်းက ဒေသခံပြည်သူများမှာ ယနေ့အချိန်ထိ လယ်ယာစိုက်ခွင့်၊ တောင်ယာသို့ သွားလာခွင့်မရရှိ၍ စားသောက်ရေးအခက်အခဲရှိလာကြောင်း ဒွန်ဘန်ကျေးရွာပြည်သူတစ်ဦးက EPN သတင်းဌာနသို့ ဆက်သွယ်ပြောသည်။

" တိုက်ပွဲတွေကြောင့် တစ်လကျော်နေပြီ ဘာမှ လုပ်ကိုင်မရဘူး။ လက်နက်ကိုင် နှစ်ဖက်စလုံးက အခုအချိန်ထိ စစ်ရေးတင်းမာနေတယ်။
လယ်ယာလည်း မလုပ်ရဘူး။ တောင်ယာကိုလည်း မသွားရဘူး။ အခုဆို ဝမ်းရေးအတွက် ခက်ခဲလာပြီ။ ကလေးတွေလည်း နွေရာသီ ကျောင်းပိတ်ရက် ဘယ်မှ သွားလာလို့မရဘူး " ဟု ၎င်းကရှင်းပြသည်။

တနိုင်းမြို့နယ်၊ လဝါးကျေးရွာအုပ်စုအတွင်း ဝါရာဇွတ် ပြည်သူ့စစ်တပ်ဖွဲ့နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်ခဲ့၍ လဝါး ကျေးရွာအတွင်းက ဒေသခံပြည်သူများ၏ နေအိမ်တစ်ရာနီးပါး မီးလောင်ပျက်စီးခဲ့ပြီး၊ ကျေးရွာနေပြည်သူများမှာ ဘေးလွတ်ရာ ထွက်‌ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

▪️ပြည်သူ့စစ်တပ်ဖွဲ့နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့တို့ကြား ယနေ့အချိန်ထိ စစ်ရေးတင်းမာနေ၍ လဝါးကျေးရွာအုပ်စုအတွင်းက ဒွန်ဘုန်းခ၊ ဖဝါလဂေါင်၊ ဆင်ဘွမ်း၊ ဒွန်ဘန်စသည့် ကျေးရွာလေးရွာမှ ဒေသခံပြည်သူများ ယနေ့အထိ လယ်ယာစိုက်ပျိုးနိင်ခြင်းမရရှိ၍ စားသောက်ရေးအတွက် ခက်ခဲလျက်ရှိနေကြောင်း သိရသည်။

▪️ရန်ကျော်
-
▪️ဒီရက်ပိုင်း တွေ့ရတဲ့  မီဒီယာတွေမှာ တရုတ်အကြောင်းက မပါမဖြစ် ရေးနေကြတာ တွေ့ရတယ်။ ငြိမ်းချမ်းရေး တည်ဆောက်ချိန်မှာ မလိုလားအပ်တာတွေ ဖြစ်မှာစိုးလို့ ကူမင်း ဆွေးနွေးပွဲကတည်းက နှစ်ဖက် သတင်းထုတ်ပြန်မှုတွေကို တရားဝင် ချမပြတာကို ကြည့်ရင်.....ဒီလုပ်ငန်းစဉ်ရဲ့  လေးနက်မှုက ဘယ်လောက်ရှိသလဲ ဆိုတာ သိနိုင်တယ်။
------
လားရှိုးမြို့ပေါ်ကို တပ်တွေ ခြေချချိန်အထိ ဘယ်လို အပေးအယူ တွေ ရှိခဲ့ကြသလဲ ဆိုတာ ဘယ်ဘက်ကမှ တရားဝင် ချမပြခဲ့ကြဘူး။ အကောင်းဘက်က ကြည့်ရင်တော့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောသလို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆွေးနွေးမှု တွေ အောင်မြင်မှု ရှိလို့သာ အရွေ့ ရှိနေတာလို့ သုံးသပ်ရမယ်။ သေချာတာကတော့ ဆွေးနွေးမှု မအောင်မြင်ရင် အသံ တခုခု ထွက်လာမှာပဲ။ ကြည့်ရသလောက်တော့ အဆင်ပြေနေဟန်ရှိတာ တွေ့ရတယ်။
------
ဒီလို အထိအခိုက်မခံတဲ့ ကြားကာလ အကူးအပြောင်းတွေမှာ ဘယ်ဘက်ကိုမှ ပိုပိုသာသာ မပြောမိအောင် သတိထားဖို့ လိုအပ်တယ်လို့ မြင်မိတယ်။ ၁၀၂၇ ရှမ်းမြောက်ကျူးကျော်စစ်ရဲ့ နောက်ခံ သမိုင်းကြောင်းတွေကို မမေ့ထားသလို လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခင်းအကျင်းကိုလည်း မျက်ခြေ မပြတ်စောင့်ကြည့်ဖို့ပဲ  ရှိနေလိမ့်မယ်။ ဒါက တရုတ်နဲ့ ကိုးကန့်အပေါ်မှာ ချစ်ခြင်း၊ မုန်းခြင်းကို အခြေမခံဘဲ ကြားနေပြည်သူလူထုအတွက် အသင့်လျော်ဆုံးဆိုတဲ့ အခြေအနေတစ်ခုရဲ့ ရှုထောင့်ဘက်ကသာ တွေးပေးနေခြင်း ဖြစ်တယ်။
-------
တချို့က လားရှိုးဟာ တိုက်မယူဘဲ ရတာ ဖြစ်လို့ မကျေနပ်ကြဘူးလို့ဆိုကြတယ်။ ဒီနေရာမှာ မေးစရာ ရှိတာက....ခင်ဗျားတို့ စိတ်အာသာပြေဖို့အတွက်  ဒီမြို့တွေ ထပ်ကြေ ပေးဖို့ လိုသလား၊ စစ်သားတွေ ထပ်သေပေးဖို့ လိုအပ်လားလို့ပဲ ပြန်မေးရမယ်။ လားရှိုးနဲ့ပတ်သက်ပြီး မြန်မာ့လွတ်လပ်ရေး ဖြစ်စဉ်ကို ပြန်အောင်းမေ့မိတယ်။  အင်္ဂလိပ်တွေဆီက  မြန်မာပြည်လွတ်လပ်ရေးရတော့.... နှစ်ပေါင်း ၁၀၀ သူကျွန်မခံဘဲ ပြန်တိုက်ခဲ့ကြတဲ့ သမိုင်း ဖြစ်စဉ်တွေကို လစ်လျူရှုပြီး ဆွေးနွေးပွဲကို အခြေခံတာမို့လို့ ရွှေရည်စိမ် လွတ်လပ်ရေးဆိုပြီး  သမုတ်ခဲ့ကြဖူးတယ်။ တကယ်တော့ အကျိုးမရှိတဲ့ စစ်ပွဲတွေ ဖန်တီးနေကြတာတွေကို  ရပ်တန့်သင့်ပါပြီ။ ဒီနေရာမှာ အိုးအိမ်ပစ်ပြီး ပြေးရတဲ့ ပြည်သူတွေရဲ့ ဘဝတွေကို စာနာထောက်ထားသင့်ပါပြီ။
------
နိုင်ငံရေး လိုလားချက်တွေကို ဂုဏ်သိက္ခာ ရှိရှိ ညှိနှိုင်းနိုင်ကြရင် ကြားပြည်သူတွေ မြေစာပင် မဖြစ်တော့ဘူးပေါ့။ အမုန်းတရားတွေ ကြီးထွားမလာနိုင်ဘူးပေါ့။ ဒီလိုပဲ ရိုးရိုးသားသား မြင်မိတယ်။


(နရီမိုး)
-
▪️အလုပ်သမားအရေးဗန်းပြပြီး KNU/ KNLA နှင့် NUG-PDF ကို လက်နက်ထောက်ပို့လုပ်နေသည့် AAC ရုံးခန်း အသွင်ပြောင်း AAC ဂေဟာကို ဖြိုဖျက်၍ လုံး၀အပြီးပိတ်ရန် အမိန့်ထုတ်ခံရ

၂၃.၄.၂၀၂၅
Written By Zun

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး ကူညီပေးနေသည်ဟု ဗန်းပြပြီး KNU/ KNLA နှင့် NUG – PDF ကို ထောက်ပို့လုပ်နေသူ ကိုရဲမင်း ဦးဆောင်သည့် AAC ရုံးခန်းအသွင်ပြောင်း AAC ဂေဟာကို လုံး၀အပြီးပိတ်ရန် အမိန့် ထုတ်ထားကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်၊ မဟာချိုင်နယ်မြေခရိုင်အတွင်း ထာ့စိုင်မူ (၆)အိမ်အမှတ်တွင် ဖွင့်လှစ်ထားသော အဆိုပါ ဂေဟာကို ပိတ်သိမ်းရန် ယမန်နေ့ ဧပြီလ ၂၂ ရက်တွင် သက်ဆိုင်ရာက အမိန့်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

ဒေသတွင်း သတင်းများအရ ယင်း AAC ဂေဟာတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများလည်း ရှိနေကြောင်း၊ ထိုင်းနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့က ရေပေးဝေမှုကို ဖြတ်တောက်သွားပြီဖြစ်ကြောင်းလည်း သိရ...

◾️
https://www.mtnewstoday.com/?p=98598

#အလုပ်သမားအရေးဗန်းပြ #လက်နက်ထောက်ပို့လုပ် #အပြီးပိတ်သိမ်း #AAC #KNU #KNLA #NUG #PDF #Yemin #MT #mtnews