Yangon Zoo
51 subscribers
574 photos
12 videos
11 links
A world where people and wildlife coexist harmoniously, fostering a deep respect and understanding for all living creatures.
Download Telegram
‎"လူဝံလေးများ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ရောက်ရှိနေပါပြီ"🎉


‎လူသားမျိုးနွယ်စုများနှင့် ဗီဇအနီးစပ်ဆုံးဖြစ်ပြီး အလွန်ဉာဏ်ရည်ထက်မြက်ကြတဲ့ အမြှီးမပါသည့် မျောက်ဝံ (Ape) မျိုးနွယ်စုဝင်... မလေးဘာသာစကားအရ "သဘာဝတောတွင်းလူသားကြီးများ" ဟု အဓိပ္ပာယ်ရတဲ့ "လူဝံ" (Bornean Orangutan) စုံတွဲလေး ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ ရောက်ရှိလို့နေပါပြီ။ 🦧


‎ဒီမျိုးစိတ်ဟာဆိုရင် လက်ရှိ သဘာဝတောတွင်းမှာ မျိုးသုဉ်းရန် အန္တရာယ်နှင့် အလွန်နီးကပ်နေသည့် (Critically Endangered Species) စာရင်းဝင် ရှားပါးတိရစ္ဆာန်လည်း ဖြစ်ပါတယ်။😍


‎ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ လူဝံများကို လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၀) ခန့်ကပင် နောက်ဆုံးပြသခဲ့ဖူးတာမို့ အခုတစ်ခေါက်မှာတော့ ချစ်စရာကောင်းလှတဲ့ လူဝံအထီးလေး (လီယို) နှင့် အမလေး (ပင်ကီ) တို့ကို ပြန်လည်တွေ့ဆုံခွင့်ရရှိမှာက တကယ့်ကို စိတ်လှုပ်ရှားစရာ သတင်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ 🎉


‎လူဝံမျိုးစိတ်များကို အရှေ့တောင်အာရှရှိ ဆူးမားတြားနှင့်ဘော်နီယိုကျွန်းဆွယ်များမှာ တွေ့ရှိနိုင်ပါတယ်။ ချစ်စရာကောင်းလှတဲ့ လူဝံ လေးတွေဟာ သဘာဝတောထဲတွင် သစ်ပင်အမြင့်ကြီးများပေါ်၌ အသိုက်ဆောက်ကာ နေထိုင်လေ့ရှိပြီး မိမိတို့၏ ရှည်လျားသန်မာသော လက်များကို အသုံးပြု၍ တစ်ပင်မှတစ်ပင် ကူးသန်းသွားလာတတ်ပါသည်။ထို့အပြင် ပြဿနာများကို ကိုယ်တိုင်ဖြေရှင်းနိုင်ပြီး အသုံးအဆောင်ပစ္စည်းများကိုပါ ကိုင်တွယ်အသုံးပြုနိုင်လောက်အောင် ဉာဏ်ရည်မြင့်မားလှပါတယ်။ 💁


‎ထိုကဲ့သို့ ချစ်စရာကောင်းသော အပြုအမူနှင့် လှုပ်ရှားမှုဟန်ပန်များရှိသော လူဝံအထီးလေး (လီယို) နှင့် အမလေး (ပင်ကီ) တို့ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုလေ့လာနိုင်ဖို့ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) ကို လာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။🙆


-----------------------------------------

​"Orangutans Have Arrived at Yangon Zoo!"


​A pair of Bornean Orangutans, which are among the closest genetic to humans and highly intelligent, have arrived at Yangon Zoo.


​This species is classified as Critically Endangered on the IUCN Red List due to its high risk of extinction in the wild.


​The last time orangutans were exhibited at Yangon Zoo was about 40 years ago, so it is incredibly exciting to welcome this lovely pair—Leo (the male) and Pinky (the female).


​Orangutans are native to the islands of Sumatra and Borneo in Southeast Asia. In the wild, these fascinating creatures build nests high up in trees and use their long, powerful arms to swing from branch to branch. Furthermore, they are highly intelligent, capable of solving problems on their own and even using tools.


​We warmly invite you to visit the Yangon Zoo to personally observe the behaviors and playful movements of Leo and Pinky.


‎​#Orangutan#BorneanOrangutan#လူဝံ
#NewMembers#WildlifeConservation
‎​#YangonZoo
1👏1
🌿🦋 Biodiversity Day – နိုင်ငံတကာ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေးနေ့ (မေလ ၂၂ ရက်) 🌏

‎နှစ်စဉ် မေလ (၂၂) ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့ (International Day for Biological Diversity)” အဖြစ် ကမ္ဘာတစ်ဝန်းတွင် ကျင်းပလျက်ရှိပြီး သဘာဝပတ်ဝန်းကျင်နှင့် တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ခြင်း၏ အရေးပါမှုကို လူထုသတိပြုမိလာစေရန် ရည်ရွယ်ထားပါသည်။ 🌱

‎ဇီဝမျိုးစုံမျိုးကွဲဟူသည် ကမ္ဘာမြေပေါ်တွင် တည်ရှိနေသော သက်ရှိသတ္တဝါများ၊ အပင်များ၊ သစ်တောများ၊ မြစ်ချောင်းများ၊ အင်းဆက်ပိုးမွှားများနှင့် အဏုဇီဝပိုးမွှားများ အပါအဝင် သက်ရှိအားလုံး၏ စုံလင်ကွဲပြားမှုကို ဆိုလိုခြင်းဖြစ်သည်။ ကျန်းမာစိုပြည်သော ဇီဝမျိုးစုံမျိုးကွဲစနစ်သည် ဂေဟစနစ် မျှခြေကို ထိန်းသိမ်းရန်နှင့် လူသားတို့၏ ရပ်တည်ရှင်သန်မှုကို အထောက်အကူပြုရန်အတွက် မရှိမဖြစ် လိုအပ်လှပါသည်။ 🍃

‎မြန်မာနိုင်ငံသည်လည်း ကွဲပြားစုံလင်သော ဂေဟစနစ်များ၊ ထူးခြားဆန်းပြားသော တောရိုင်းတိရစ္ဆာန်မျိုးစိတ်များနှင့် တန်ဖိုးရှိလှသော သဘာဝသစ်တောများ ပိုင်ဆိုင်ထားပြီး ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝသော နိုင်ငံများအနက် တစ်နိုင်ငံအပါအဝင် ဖြစ်သည်။ ကျွန်ုပ်တို့နိုင်ငံတွင် ဆင်၊ ကျား၊ လိပ်၊ ကုန်းလိပ်များနှင့် ပရိုင်းမိတ်မျိုးစဉ်များ ကဲ့သို့သော ရှားပါးပြီး မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသည့် တိရစ္ဆာန်အမြောက်အမြား ပေါကြွယ်ဝသည့်နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ 🐘🐅🐢

‎သို့သော်လည်း ယခုအခါတွင် သစ်တောပြုန်းတီးမှု၊ တရားမဝင် တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှု၊ နေရင်းဒေသများ ပျက်စီးမှု၊ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုများကြောင့် ဇီဝမျိုးစုံမျိုးကွဲများသည် ကြီးမားသော ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရပါသည်။ ⚠️🌍

‎ဤနေရာတွင် တိရစ္ဆာန်ဥယျာဉ်များနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများ ရပ်တည်နေသည့် အကြောင်းအရင်းများထဲမှ တစ်ခုမှာ တောရိုင်းတိရစ္ဆာန်များအားကယ်ဆယ်ခြင်း မျိုးပွားခြင်းဆိုင်ရာ အစီအစဉ်များ ဆောင်ရွက်ခြင်း၊ သုတေသနလုပ်ငန်းများ၊ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းပညာပေးခြင်းတို့မှတစ်ဆင့် မျိုးသုဉ်းရန် အန္တရာယ်ရှိသော မျိုးစိတ်များကို ကာကွယ်စောင့်ရှောက်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်နေကြသည့် အဖွဲ့အစည်းများဖြစ်ကြပါသည်။ 🏞️🦓

‎ထိုသို့သော ထိန်းသိမ်းစောင့်ရှောက်ရေး ကြိုးပမ်းမှုများကြောင့် မျိုးသုဉ်းရန် အန္တရာယ်ရှိသည့် တိရစ္ဆာန်အများအပြားကို စနစ်တကျ ပြုစုစောင့်ရှောက်ကာကွယ်ပေးနိုင်သည့်အပြင် လာရောက်လည်ပတ်သူများကိုလည်း တောရိုင်းတိရစ္ဆာန်များနှင့် ၎င်းတို့၏ နေရင်းဒေသများနှင့် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းခြင်းတို့၏ အရေးပါပုံကို အသိပညာပေး မျှဝေပေးလျက်ရှိပါသည်။ 💚

‎ဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်စောင့်ရှောက်ခြင်းသည် တောရိုင်းတိရစ္ဆာန်များကိုသာ ကာကွယ်ခြင်းမဟုတ်ဘဲ ကျွန်ုပ်တို့၏ နေထိုင်ရာကမ္ဘာမြေ၊ လူမှုအသိုက်အဝန်းနှင့် အနာဂတ်မျိုးဆက်များကို ကာကွယ်ခြင်းပင် ဖြစ်ပါသည်။ 🌍

🌱 သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုများ လျှော့ချခြင်း
🌱 သဘာဝသစ်တောများ ထိန်းသိမ်းခြင်း
🌱 တရားမဝင် တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းများ သုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်း
🌱 ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပါဝင်ကူညီခြင်း

‎ဤကဲ့သို့သော သေးငယ်သည့် လုပ်ဆောင်ချက်များကပင် အနာဂတ်အတွက် ကြီးမားသော ပြောင်းလဲမှုများကို ဖော်ဆောင်ပေးနိုင်ပါသည်။ 🌏🌱

🌏“သဘာဝတရားနှင့် ဟန်ချက်ညီညီ အတူယှဉ်တွဲ နေထိုင်ခြင်း” သည် ကမ္ဘာလုံးဆိုင်ရာ တာဝန်တစ်ရပ်သာမက နောင်မျိုးဆက်ပေါင်းများစွာအထိ ရေရှည်တည်တံ့ပြီး ကျန်းမာစိုပြည်သော ကမ္ဘာမြေကြီး ဖြစ်လာစေရန် ကျွန်ုပ်တို့အားလုံး အတူတကွ ဆောင်ရွက်သွားကြဖို့ Biodiversity Day မှာ တိုက်တွန်းပညာပေးရေးသားလိုက်ရပါသည်။ 🌳🤝

‎------------------------------------------------------

🌿🦋 International Day for Biological Diversity (22 May) 🌏

‎Every year on 22 May, the world celebrates the International Day for Biological Diversity to raise public awareness about the importance of protecting our environment and conserving wildlife. 🌱

‎Biodiversity refers to the variety of all living organisms on Earth, including animals, plants, forests, rivers, insects, and microorganisms. A healthy biodiversity system is essential for maintaining ecological balance and supporting human survival. 🍃

‎Myanmar is one of the countries rich in biodiversity, with diverse ecosystems, unique wildlife species, and valuable natural forests. Our country is home to many rare and endangered animals such as elephants, tigers, turtles, tortoises, and primates. 🐘🐅🐢

‎However, biodiversity is currently facing major threats due to deforestation, illegal wildlife trade, habitat destruction, climate change, and environmental pollution. ⚠️🌍

‎This is one of the reasons why zoos and environmental conservation organizations play an important role in wildlife rescue, breeding programs, research activities, and conservation education to protect endangered species. 🏞️🦓

‎Through these conservation efforts, endangered animals can be properly protected and cared for, while visitors also gain awareness about the importance of wildlife, their habitats, and conservation. 💚

‎Protecting biodiversity is not only about protecting wildlife but also about protecting our planet, our communities, and future generations. 🌍

🌱 Reduce environmental pollution
🌱 Protect natural forests
🌱 Avoid the use of illegal wildlife products
🌱 Participate in conservation activities

‎Even small actions can create meaningful changes for the future. 🌏🌱

🌏 “Living in harmony with nature” is not only a global responsibility but also a shared commitment to creating a sustainable and healthy planet for future generations. On this Biodiversity Day, let us work together to protect and conserve biodiversity. 🌳🤝


#BiodiversityDay
#Actinglocallyforglobalimpact
#InternationalDayForBiologicalDiversity
#Biodiversity
#ProtectNature
#WildlifeConservation
#SaveWildlife
#EnvironmentProtection
#ConservationEducation
#ZooEducation
🐢 မေလ (၂၃) ရက်နေ့မှာ ကျရောက်တဲ့ "ကမ္ဘာ့လိပ်များနေ့ (World Turtle Day)" ကို ကြိုဆိုပါရစေ 🐢

‎လိပ်တွေဟာ ကမ္ဘာမြေပေါ်မှာ ရှေးအကျဆုံးနဲ့ အထူးခြားဆုံး သတ္တဝါတွေထဲက အပါအဝင် ဖြစ်ပါတယ်။ သူတို့ရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရင် ရှေးလွန်ခဲ့တဲ့ နှစ်သန်းပေါင်း (၂၀၀) ကျော်၊ ဒိုင်နိုဆောတွေ မပေါ်ခင် Paleozoic Era ခေတ်အတွင်းကတည်းက ကမ္ဘာမြေပေါ်ကို အောင်မြင်စွာ ခြေချနိုင်ခဲ့တဲ့ ရှေးကျတဲ့ တွားသွားသတ္တဝါတွေ (Primitive Reptiles) ကနေ ဆင့်ကဲပြောင်းလဲလာခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း (၂၆၀) ခန့်ကတည်းက ဒီနေ့ထက်တိုင် နှစ်ပေါင်းရှည်ကြာစွာ ရှင်သန်ပေါက်ပွားလာခဲ့ကြတာပါ။

💡 ကုန်းလိပ် (Tortoise) နဲ့ ရေလိပ် (Turtle) ကို ဘယ်လိုခွဲခြားမလဲ။
‎လိပ်တွေကို သူတို့ရဲ့ နေထိုင်ကျက်စားရာနေရာ၊ အလေ့အထနဲ့ ထူးခြားတဲ့ သွင်ပြင်လက္ခဏာတွေအပေါ် မူတည်ပြီး အလွယ်တကူ ခွဲခြားနိုင်ပါတယ်။

‎ကုန်းလိပ် (Tortoise) ကုန်းမြေပေါ်မှာပဲ ကျက်စားနေထိုင်ကြပြီး၊ အများစုဟာ အသီးအရွက်စားတဲ့ လိပ်တွေ (Mostly Vegetarian) ဖြစ်ကြပါတယ်။

‎ရေလိပ် (Turtle) ရေထဲမှာ ကျက်စားနေထိုင်ကြပြီး အစုံစား (Generally Omnivores) လိပ်တွေ ဖြစ်ကြပါတယ်။ ရေလိပ်တွေရဲ့ ခြေချောင်းလေးတွေကို အရေပြားတွေနဲ့ ဆက်သွယ်ထားပြီး ဘဲခြေထောက်လို ရေယက်တွေ ပါရှိတာကြောင့် ကုန်းလိပ်တွေနဲ့ သိသိသာသာ ကွဲပြားပါတယ်။

‎ရေချိုလိပ် (Fresh Water Turtle) မြစ်၊ ချောင်းတွေမှာ နေထိုင်ကြပါတယ်။ (ခွံမာရေလိပ်တွေကို Terrapin လို့လည်း ခေါ်ပါတယ်။)

‎ပင်လယ်လိပ် (Sea Turtle) ပင်လယ်ရေငံထဲမှာ ကျက်စားနေထိုင်ကြပါတယ်။

‎ထူးခြားချက်အနေနဲ့- လိပ်တွေရဲ့ ပါးစပ်မှာ သွားတွေ မပါရှိပါဘူး။ ဒါပေမဲ့ အရိုးလို မာကြောတဲ့ နှုတ်ခမ်းတွေနဲ့ အစာကို ကိုက်ဖြတ် စားသောက်ကြတာ ဖြစ်ပါတယ်။

⚠️ ဖိုးသက်ရှည်လိပ်တို့ ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုများ
‎လိပ်တွေဟာ ကျွန်တော်တို့ရဲ့ သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ဟန်ချက်ညီဖို့အတွက် အလွန်အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒါပေမဲ့ ယနေ့ခေတ်မှာတော့ လူသားတွေရဲ့ ပယောဂကြောင့် လိပ်မျိုးစိတ်များစွာဟာ-
နေရင်းဒေသများ ပျက်စီးခြင်း
ပတ်ဝန်းကျင်နဲ့ လေထုနှင့် ရေထုညစ်ညမ်းခြင်း
အလွန်အကျွံ အမဲလိုက်/စုဆောင်းခံရခြင်း
တရားမဝင် အိမ်မွေးတိရစ္ဆာန်အဖြစ် ရောင်းဝယ်ဖောက်ကားခြင်း
ကမ္ဘာ့ရာရာသီဥတု ဖောက်ပြန်ပြောင်းလဲခြင်း... စတဲ့ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေကြရပါတယ်။

‎ကမ္ဘာဦးအစကတည်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ အစားအစာကွင်းဆက်ညှိနှိုင်းမှုမှာ အရေးကြီးတဲ့ သဘာဝမိတ်ဆွေလိပ်တွေဟာ လူသားတွေနဲ့အတူ ယှဉ်တွဲနေထိုင်လာပြီး သဘာဝတရားရဲ့ အကျိုးကို သယ်ပိုးပေးနေတဲ့ "ဖိုးသက်ရှည်လိပ်များ" ကမ္ဘာတည်သရွေ့ ဆက်လက်ရှင်သန် တည်တံ့နိုင်ဖို့အတွက် ကျွန်တော်တို့အားလုံး ဝိုင်းဝန်းထိန်းသိမ်းကြဖို့ လိုအပ်နေပါပြီ။

‎မိမိတို့ တိရစ္ဆာန်ဥယျာဉ်များတွင်လည်း မြန်မာနိုင်ငံဒေသရင်း လိပ်မျိုးစိတ်များအပြင် ဒေသတွင်းရှိ လိပ်မျိုးစိတ်များကိုပါ စနစ်တကျ မွေးမြူထိန်းသိမ်း စောင့်ရှောက်ပြသထားရှိပါကြောင်း "ကမ္ဘာ့လိပ်များနေ့" ကို ဂုဏ်ပြုရင်း ဗဟုသုတအဖြစ် မျှဝေလိုက်ရပါတယ်။

📌 အထူးမေတ္တာရပ်ခံချက် (မှတ်ချက်)
‎မြန်မာလူမျိုးတွေဟာ အခါကြီးရက်ကြီးနေ့တွေမှာ "ဇီဝိတဒါန" အလှူအနေနဲ့ လိပ်တွေကို ဘေးမဲ့လွှတ်လေ့ရှိကြပါတယ်။ အဲဒီလို လွှတ်တဲ့အခါမှာ "ကုန်းလိပ်ကို ကုန်းမှာလွှတ်ပြီး၊ ရေလိပ်ကို ရေမှာလွှတ်ပေးကြပါ" လို့ အထူးပဲ မေတ္တာရပ်ခံအပ်ပါတယ်။ (ရေထဲကို ကုန်းလိပ်ကြီးတွေ မှားလွှတ်မိရင် ရေမကူးတတ်တဲ့အတွက် အသက်အန္တရာယ် ရှိနိုင်လို့ပါရှင့်။)

🐢 Warmest welcome to "World Turtle Day" on May 23rd! 🐢

‎Turtles are among the oldest and most unique creatures on Earth. Looking back at their history, they evolved from primitive reptiles that successfully set foot on Earth over 200 million years ago during the Paleozoic Era, even before the appearance of dinosaurs. They have survived and reproduced for ages, tracing their origins back to around 260 million years ago to the present day.

💡 How to differentiate between a Tortoise and a Turtle?
‎Turtles and tortoises can be easily distinguished based on their habitats, habits, and distinct physical characteristics.
‎Tortoise: They live exclusively on land and are mostly vegetarians (herbivores).
‎Turtle: They live in water and are generally omnivores (eating both plants and meat). Their toes are connected by skin, forming webbed feet like a duck's, which makes them noticeably different from tortoises.
‎• Freshwater Turtle: They live in rivers and streams. (Hard-shelled freshwater turtles are also known as Terrapins.)
‎• Sea Turtle: They live in the saltwater of oceans and seas.
‎Fun Fact: Turtles and tortoises do not have teeth in their mouths! Instead, they cut and chew their food using sharp, bone-like ridges along their jaws.

⚠️ Threats Faced by the Long-Lived Giant
‎Turtles and tortoises play a vital role in maintaining the balance of our natural ecosystem. However, due to human activities today, many species are facing life-threatening challenges, including:
Habitat destruction
Air and water pollution
Overhunting and overharvesting
Illegal wildlife trade as exotic pets
Global climate change
🌳 Since ancient times, turtles have lived together with humans as natural friends that are important for protecting the environment and keeping the food chain balanced. These long-living turtles help nature, so we all need to work together to protect them and help them continue to live and survive forever

📌 Special Request (Note)
‎In Myanmar culture, people traditionally release turtles as a "Zivita Dana" (the gift of life) charity on auspicious days.
‎When doing so, we earnestly request you to "Release tortoises on land, and turtles into the water." (If a tortoise is mistakenly thrown into deep water, it can drown as it cannot swim!)


#WorldTurtleDay
#SaveTurtles
#Biodiversity
#ကမ္ဘာ့လိပ်များနေ့
#ဝိုင်းဝန်းထိန်းသိမ်းစို့
Htoo Zoos & Gardens Business Unit လက်အောက်ရှိ"ဝန်ထမ်းသား/သမီးများအတွက် ပညာသင်ထောက်ပံ့ငွေနှင့် ကျောင်းသင်ထောက်ကူပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား"ကျင်းပခြင်း

၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့တွင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ရှင်းလင်းဆောင်ခန်းမ၌ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) နှင့် လှော်ကားဥယျာဉ်တို့မှ ဝန်ထမ်းသားသမီးများအတွက် ပညာသင်ထောက်ပံ့ငွေနှင့် ကျောင်းသင်ထောက်ကူပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား" ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် အမှုဆောင်အရာရှိချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တာဝန်ရှိသူများ၊ ဝန်ထမ်းမိဘများနှင့်အတူ ကျောင်းသား/သူ များလည်း တက်ရောက်ခဲ့ကြပါသည်။

ပညာရေးဆိုသည်မှာ လူတစ်ဦးချင်းစီ၏ ဘဝအလင်းရောင်ဖြစ်ရုံသာမက အဖွဲ့အစည်းနှင့် နိုင်ငံတော် ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် မရှိမဖြစ်လိုအပ်သော အခြေခံအုတ်မြစ်တစ်ရပ် ဖြစ်ပါသည်။ မိဘများ လုပ်ငန်းခွင်တွင် စိတ်အေးချမ်းသာစွာ တာဝန်ထမ်းဆောင်နိုင်ရန်နှင့် သားငယ်သမီးငယ်များ မိမိတို့၏ ပညာသင်ကြားရေးရည်မှန်းချက်များကို အဟန့်အတားမရှိ အကောင်အထည်ဖော်နိုင်စေရန် ရည်ရွယ်၍ ယနေ့ ပညာသင်ထောက်ပံ့များကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ယခုကဲ့သို့ ပံ့ပိုးပေးခြင်းအား တန်ဖိုးထားနားလည်ပြီး၊ မိမိတို့၏ ကြိုးစားအားထုတ်မှု၊ စည်းကမ်းရှိမှုတို့ဖြင့် အနာဂတ်တွင် အဖွဲ့အစည်းနှင့် နိုင်ငံတော်အတွက် အားကိုးအားထားပြုရသည့် အရည်အချင်းပြည့်ဝသော ခေါင်းဆောင်ကောင်းများ၊ ပညာရှင်ကောင်းများနိုင်ငံသားကောင်း၊ သမီးကောင်းရတနာများ ဖြစ်လာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

Htoo Zoos & Gardens Business Unit လက်အောက်ရှိ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်၊ ရတနာပုံ၊နေပြည်တော်) ၊ လှော်ကားဥယျာဉ်၊ အမျိုးသားကန်တော်ကြီးဥယျာဉ်၊ အမျိုးသားအထိမ်းအမှတ်ဥယျာဉ် နှင့် Kandawgyi Hill Resort တို့မှ ၂၀၂၆ -၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းတက်ရောက်သူ ဝန်ထမ်းသားသမီးများစုစုပေါင်း (၃၉၂) ဦးအား မူလတန်း၊အလယ်တန်း၊အထက်တန်း အဆင့်အလိုက် ထောက်ပံ့ငွေနှင့် ကျောင်းသုံးသင်ထောက်ကူပစ္စည်းများ ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားရေး အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် ပေးအပ်ခဲ့ပါသည်။

#HtooZoosAndGardens
#YangonZoo
#HlawgaPark
#ScholarshipProgram2026
#CSR
#HumanResourceDevelopment
#EmployeeWelfare
#EducationSupport
Htoo Zoos & Gardens Business Unit Holds Education Support Program for Employees’ Children


On 3 June 2026, Htoo Zoos & Gardens Business Unit successfully held an Education Support Program for Employees’ Children at the Conference Hall of Yangon Zoological Gardens. The program was organized for the children of employees from Yangon Zoological Gardens and Hlawga Park.

During the ceremony, the Chief Executive Officer delivered the opening remarks, while responsible officials, employee parents, and students also attended the event.

Education is not only a guiding light for individuals but also a fundamental pillar for the long-term development of organizations and the nation. With the aim of enabling employees to perform their duties with peace of mind and supporting their children in pursuing their educational goals without obstacles, educational assistance grants and school supplies were proudly presented during the ceremony.

We sincerely hope that the students will value this support and continue striving with dedication, discipline, and determination to become capable leaders, professionals, responsible citizens, and valuable contributors to both the organization and the nation in the future.

For the 2026–2027 academic year, Htoo Zoos & Gardens Business Unit proudly provided educational grants and school supplies to a total of 392 students, who are the children of employees from Yangon Zoological Gardens, Yadanabon Zoological Gardens, Naypyitaw Zoological Gardens, Hlawga Park, National Kandawgyi Gardens, National Landmark Garden, and Kandawgyi Hill Resort. This initiative was carried out to support students in their educational journey and contribute to their academic success.

#HtooZoosAndGardens
#YangonZoo
#HlawgaPark
#ScholarshipProgram2026
#CSR
#HumanResourceDevelopment
#EmployeeWelfare
#EducationSupport