Workflex Zone
7.25K subscribers
438 photos
2 videos
406 links
Find Your Dream Job, Build Your Future

Facebook
-https://www.facebook.com/share/19r2QedEgF/
Website
-www.workflexz.com
Download Telegram
The M in March stands for manifestation. Let's harness the power of this month to manifest growth, positivity, and progress. Hello, March!
63
Creative Designers #Urgent အလို ရှိပါတယ်
Work From Home ( full time position )

ဒီတစ်ပါတ်အတွင်း စ ဆင်းရမှာ ဖြစ်တာကြောင့် အမြန်ဝင်နိုင်သူသာ လျှောက်ထားပေးပါ

🧑‍💻Senior Graphic Designer ( 2 posts )
Social Media and Branding Agency ဖြစ်တာကြောင့်
- နယ်ပယ်အစုံမှ Brand ကြီးများရဲ့ ကြော်ငြာ Social Ads Designs များကို Creative & Innovative ဖြစ်စွာ ဆွဲနိုင်ရပါမယ်
- တစ်ရက် ကို Social Media Design 3 ပုံလောက် အမှီ ဆွဲနိုင်ရင် အဆင်ပြေပါတယ်
- 10sec စာ Motion Graphic Video များဖန်တီးနိုင်ရပါမယ်
- Agency အတွေ့အကြုံ အနည်းဆုံး (၂) နှစ် ရှိဖူးရပါမယ်
- Team နဲ့ အတူ Brainstorming ကောင်းကောင်း လုပ်နိုင်ရပါမယ် , Ideas တွေပေးရပါမယ်
- ပေးထားတဲ့ Assign များကို deadline အမှီလုပ်နိုင်ရင် အဆင်ပြေပါတယ်
- Collaborative Mindset ရှိပြီး Revise တွေကို မငြီးမငြူပဲ ပြင်ပေးနိုင်ရပါမယ်
- Agency နှစ်ခု ခွလုပ်နေသူများတော့ အဆင်မပြေပါ။

အရည်အချင်းပေါ်မူတည်ပြီး လစာညိနှိုင်းနိုင်ပါတယ်။

Send your CV and design portfolio to
hr@becomsolution.com

PS- Expected Salary Amount ကို Email မှာ တစ်ခါတည်းတွဲရေးပေးပါ

Facebook - https://www.facebook.com/share/19r2QedEgF/

#work@Workflexzone
#Creative #Designer #WFH
#Becom #Marketing #Agency
3👍1
အလုပ်တွေရှာဖွေတဲ့အခါ ဘယ်အရာက အခက်ခဲအနေနဲ့အဓိကကြုံတွေ့ရတတ်လဲ
Anonymous Poll
24%
💰 လစာနှုန်းနည်းတာ
22%
📄 Skill match မဖြစ်တာ
16%
Interview အခွင့်အလမ်းမရ
39%
🏢 Company တွေက experience အရမ်းလိုချင်တာ
3
🪑𝐕𝐚𝐜𝐚𝐧𝐜𝐲 𝐚𝐥𝐞𝐫𝐭𝐬 𝐟𝐨𝐫 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐆𝐫𝐚𝐩𝐡𝐢𝐜 𝐃𝐞𝐬𝐢𝐠𝐧𝐞𝐫 📢

ထိရောက်တဲ့ Visual Design များကိုပုံဖော်ဖန်တီးနိုင်တဲ့ 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐆𝐫𝐚𝐩𝐡𝐢𝐜 𝐃𝐞𝐬𝐢𝐠𝐧𝐞𝐫 ၃ဦး 𝐁𝐨𝐨𝐦 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 𝐀𝐠𝐞𝐧𝐜𝐲 မှအလိုရှိပါတယ်။

𝐆𝐫𝐚𝐩𝐡𝐢𝐜 𝐃𝐞𝐬𝐢𝐠𝐧𝐞𝐫 𝐈𝐧-𝐡𝐨𝐮𝐬𝐞 (𝐌/𝐅 1 𝐩𝐨𝐬𝐭)

𝐆𝐫𝐚𝐩𝐡𝐢𝐜 𝐃𝐞𝐬𝐢𝐠𝐧𝐞𝐫 𝐖𝐨𝐫𝐤 𝐟𝐫𝐨𝐦 𝐡𝐨𝐦𝐞 ( 𝐌/𝐅 1 𝐩𝐨𝐬𝐭)

𝐌𝐨𝐭𝐢𝐨𝐧 𝐆𝐫𝐚𝐩𝐡𝐢𝐜 𝐃𝐞𝐬𝐢𝐠𝐧𝐞𝐫 ( 𝐌/𝐅 1 𝐩𝐨𝐬𝐭)

💥𝐑𝐞𝐪𝐮𝐢𝐫𝐞𝐦𝐞𝐧𝐭𝐬

🔹 Brand Identity အကြောင်းနားလည်ပြီး ကိုယ်ပိုင် idea များနဲ့ပေါင်းစပ်ကာ creative ဖြစ်သော designs များဖန်တီးရေးဆွဲနိုင်ရမည်။

🔹 Adobe Photoshop, AI, AE များနဲ့ Design Tools, Motion များအား ကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြုနိုင်ရမည်။

🔹 အသင်းအဖွဲ့နဲ့အတူ ပူးပေါင်းလုပ်ဆောင်တတ်ပြီး Agency အလုပ်ဖြစ်သည့်အလျောက် နယ်ပယ်အစုံမှ Design များကို Trend နဲ့အညီ Idea အသစ်အဆန်းများဖြင့် ရေးဆွဲပေးနိုင်ရမည်။

🔹 Graphic Designer Experience အနည်းဆုံး (၂) နှစ်နှင့်အထက် ရှိရပါမည်။

🔹Full time job ဖြစ်ပြီး ရေရှည်လုပ်ကိုင်နိုင်ရပါမည်။

🔹Work from home position အတွက်တစ်ပတ် (၁ ) ရက်မဖြစ်မနေရုံးတက်ရမှာဖြစ်ပြီး ကျန်ရက်များကိုရုံးချိန်အတွင်း Deadline အမှီအလုပ်လုပ်ကိုင်ရပါမည်။

Working Hours:
9AM to 5PM (Monday to Friday)
စနေ ၊ တနင်္ဂနွေနဲ့ Public Holiday များတွင် ရုံးပိတ်ပါသည်။
Transportation fee နှင့် attendance bonus များလည်းရှိပါမည်။🥳

စိတ်ဝင်စားပါက
🔹 မျှော်မှန်းလစာနှင့်
🔹 မိမိဖန်တီးထားခဲ့ဖူးသော Design နမူနာတို့ကို CV, Portfolio နှင့်တွဲ၍ info@boomdigitalmm.com သို့ Mail ပို့လျှောက်ထားနိုင်ပါသည်။ 📩

💥𝐁𝐨𝐨𝐦 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 𝐀𝐠𝐞𝐧𝐜𝐲

🌐 www.boomdigitalmm.com
☎️ 09 772 251 469
📧 info@boomdigitalmm.com

📍𝐍𝐨.(54), 𝐆𝐫𝐨𝐮𝐧𝐝 𝐅𝐥𝐨𝐨𝐫, 𝐍𝐲𝐚𝐮𝐧𝐠 𝐓𝐨𝐧𝐞 𝐒𝐭𝐫𝐞𝐞𝐭, 𝐒𝐚𝐧𝐜𝐡𝐚𝐮𝐧𝐠 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧

#work@Workflexzone #Agency #GraphicDesigner #WFH
3👍2
We are hiring 💼 Work From Home
Please Fill the form or sent us your resume .
https://forms.gle/uhzMUerhT8V1vCYPA
1️⃣ Video Editor or Video Creator
Responsibilities:
▪️Plan, shoot, and edit high-quality video content.
▪️Add effects, music, and animations to enhance video quality.
▪️Ensure brand consistency in visual storytelling.

Skills:
▪️Proficient in Premiere Pro, Final Cut, and DaVinci Resolve.
▪️Creative storytelling and strong editing sense.
.......................................................
2️⃣ Graphic Designer
Responsibilities:
▪️Create visual content for ads, social media, branding, and websites.
▪️Design logos, brochures, and marketing materials.
▪️Collaborate with the content and strategy team to align visuals with messaging.

Skills:
▪️Proficient in Adobe Creative Suite (Photoshop, Illustrator, InDesign).
▪️Strong creative and conceptual thinking.
▪️Attention to detail and ability to meet deadlines.
.......................................................
3️⃣ Content Writer
Responsibilities:
▪️Write engaging social media posts, website content, and ad copy.
▪️Develop content strategies and brainstorm creative ideas.
▪️Ensure brand voice consistency across platforms.

Skills:
▪️Strong writing and editing skills.
▪️Creativity and adaptability to different tones and styles.
9👍2
အလှအပ​ရေးရာ​ဆေးခန်းအတွက် Marketing Executive (သို့မဟုတ်) Marketing Manger တစ်​ယောက် (Work From Home) အလိုရှိသည်။
လစာအရည်ချင်းပေါ်မူတည်ပြီးညှိုနှိုင်းနိုင်သည်။ တစ်ကယ် Performance ထွက်ဖို့ အာမခံနိုင်ရမည်။ တစ်လအစမ်းခန့်မည်။ အဆင်​ပြေလျှင် ဆက်၍လက်တွဲမည်။

malikha.clinic29@gmail.com သို့ (၆ရက်​နေ့) ​နောက်ဆုံးထားကာCV ​ပေးပို့​လျှောက်ထားနိုင်သည်။
5
Genius Thai Language Centre မှာ ထိုင်းဘာသာစကား တက်ရောက်လေ့လာသူ ကျောင်းသား‌ကျောင်းသူဦးရေ ပိုမိုများပြားလာသည်နှင့်အမျှ တိုးချဲ့ဖွင့်လှစ်မည့် project များအတွက် အောက်ပါအလုပ်အကိုင် အခွင့်အလမ်းများကို လျှောက်ထားနိုင်ပါပြီ။


📌Sales Admin (Work from home) (3 Posts) (Salary up to 5 Lakhs)
▪️Facebook Page Admin Experience ရှိသူ
▪️Business Suite, Microsoft Excel ကျွမ်းကျင်သူ
▪️ကျောင်းသားကျောင်းသူများ၏Facebook Inquiry Message များကို စိတ်ရှည်ရှည်နှင့် သဘောကောင်းစွာရှင်းပြနိုင်သူ
▪️ အရောင်းပိုင်ဆိုင်ရာလိုအပ်သည့် တာဝန်များဆောင်ရွက်ရန်နှင့်
အရောင်းပိုင်းဆိုင်ရာ စိတ်ဝင်စားသူများ လျှောက်ထားနိုင်ပါသည်။

Short listed Interview ရွေးချယ်ခံရပါက Interview အတွက် တစ်ပါတ်အတွင်း Email မှ အကြောင်းပြန်ပေးသွားမှာ ဖြစ်ပါတယ်ရှင်။ လျှောက်ထားရန် စိတ်ဝင်စားပါက မိမိလျှောက်ထားလိုသည့် Positionအား Subject နေရာမှာ ရေးသားပြီး CVကို 20 Mar 2025 ရက်နေ့ နောက်ဆုံးထားပြီး geniusthailanguagecentre@gmail.com သို့ ပေးပို့လျှောက်ထားနိုင်ပါတယ်ရှင်။

☎️ဆက်သွယ်ရန်ဖုန်း - 09 972 768458
📍သင်တန်းနေရာ - လှည်းတန်း ရန်ကုန် - အင်းစိန်လမ်းမပေါ်၊ ဦးထွန်းလင်းခြံလမ်းနှင့် ဇေယျာသီရိလမ်းကြားရှိ Lotteira နှင့် Remaxရှိတဲ့ (MTP Tower) ကိုရောက်ရင် Elevator ကနေ 9th Floor ကို နှိပ်ပြီးတက်ခဲ့ပါနော်။

Workflex Facebook - https://www.facebook.com/share/19r2QedEgF/
15👍7
Marketing ကိုစိတ်ဝင်စားပြီး ကိုရီးယားဘာသာစကားနယ်ပယ်မှာ အလုပ်လုပ်လိုသူတိုင်းအတွက် အလုပ်ခေါ်စာ📣

Feel Like Korean သင်တန်းကျောင်းရဲ့ Marketing & Creative Department မှာ ကိုယ့်ရဲ့ Skills တွေကိုအသုံးချပြီး လက်တွဲလုပ်ကိုင်လိုတဲ့ Team Member အသစ်များကို ခေါ်ယူနေပါပြီ။

ပညာရေးနဲ့ ဆက်စပ်နယ်ပယ်မှာ အလုပ်လုပ်ချင်တယ်။
ကိုရီးယားနဲ့ပတ်သတ်တဲ့ Content & Design တွေဖန်တီးမယ်။
Full Time ( Hybrid Position ) ဖြစ်တာမို့ အိမ်မှာနေရင်း အလုပ်အကိုင် အခွင့်အလမ်းတစ်ခု ရရှိလိုတဲ့သူတွေ ပါဝင်လျှောက်ထားနိုင်ပါတယ်။

Marketing Staff ( Full Time )
ဘယ်သူတွေ လျှောက်ထားနိုင်မလဲ
▪️ ကိုရီးယားနယ်ပယ်မှာ အလုပ်လုပ်ကိုင်လိုသူ
▪️ ကိုရီးယားဘာသာစကားကို အနည်းဆုံး Level-1 အထိလေ့လာထားဖူးသူ
▪️ Marketing & Content Creating ပိုင်းကိုစိတ်ဝင်စားသူ
▪️ Active & Innovative ဖြစ်ပြီး
▪️ ကိုရီးယားနဲ့ပတ်သတ်တဲ့ Contents တွေကို ကိုယ်တိုင်ဖန်တီးလိုသူများ လျှောက်ထားနိုင်ပါပြီ။
( ဘာသာစကားကို ကျွမ်းကျင်ပြီး TOPIK ဖြေဆိုအောင်မြင်ထားသူများကို ဦးစားပေးပါမည်။ )

ဒီ Position မှာပါဝင်သွားမယ့် လုပ်ငန်းတာဝန်များအနေနဲ့
Brand Management
Contents Creating, Copywriting, Content Writing
Social Platforms Managing
Team Relation Assists
အစရှိတဲ့ လုပ်ငန်းတာဝန်များပါဝင်သွားမှာ ဖြစ်ပါတယ်။

အင်တာဗျူးဖြေဆိုအောင်မြင်ပြီး Feel Like Korean ရဲ့ဝန်ထမ်းတစ်ဦးဖြစ်လာမယ်ဆိုရင်တော့ လုပ်ငန်းတာဝန်များနှင့် ပတ်သတ်ပြီး အသေးစိတ် Training ရှိသွားမယ့်အပြင် ကိုရီးယားဘာသားစကားကို ဆက်လက်လေ့လာဖို့ 100% scholarship ပေးမှာဖြစ်လို့ သင်တန်းတိုင်းကို အခမဲ့ တက်ရောက်နိုင်ပါတယ်။

ဒါအပြင့် ပညာတော်သင်သွားရောက်လိုတဲ့သူတွေအတွက်လည်း အဆက်အသွယ်ကောင်း၊ အတွေ့အကြုံကောင်းတွေရရှိနိုင်မယ့် လုပ်ငန်းခွင်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် Network ကောင်းတစ်ခုမှာ အလုပ်လုပ်ကိုင်လိုတဲ့ လူငယ်များကို Feel Like Korean - Team မှ ဖိတ်ခေါ်လိုက်ပါတယ်နော် 🤝

How to Apply :
ပါဝင်လျှောက်ထားလိုသူများအနေဖြင့် သက်ဆိုင်ရာ Position အလိုက် လုပ်ငန်းအတွေ့အကြုံများပါဝင်သော Resume & Cover Letter များကို ပေးပို့လျှောက်ထားနိုင်ပါပြီ ~

Apply today!
▪️To : flkmarketing2024@gmail.com
▪️Due : 15 March, 2025

🇰🇷 သင်ယူလေ့လာလိုစိတ်နှင့် ကြိုးစားအားထုတ်လိုစိတ်ရှိသူများကို Feel Like Korean - Team မှ စောင့်ကြိုနေပါပြီရှင် ~

Facebook - https://www.facebook.com/share/19r2QedEgF/
10👍5🍓1
တူမလိုလိုနှင့် မတူကွဲပြားသော Work From Home (WFH) / Freelance / Remote / Hybrid အလုပ်များ

😎 Work From Home (WFH) – အိမ်မှာနေပြီး အလုပ်လုပ်ခြင်း

- မိမိအိမ်တွင်နေပြီး အလုပ်လုပ်နိုင်ခြင်း။
- အလုပ်ချိန်သည် သတ်မှတ်ထားသည့် အချိန် (fixed schedule) ဖြစ်နိုင်ခြင်း ။
- မကြာခဏ ရုံးချိန်အတွင်း (meetings) များနှင့် အွန်လိုင်းကနေ အလုပ်ပေးအပ်မှုများ ရှိခြင်း ။
- အများအားဖြင့် ရုံးဝန်ထမ်း (employee) အနေနဲ့ တာဝန်ထမ်းဆောင်ရသည်။
---

Freelance – (Self-Employed / Independent Worker)

- မိမိကိုယ်တိုင် အချိန်ဇယား (schedule) သတ်မှတ်နိုင်သည်။
- Client များကို ကိုယ်တိုင်ရှာဖွေရန်လိုအပ်သည်။
- ပုံမှန်အလုပ်သမားမဟုတ်သဖြင့် အကျိုးခံစားခွင့် (benefits) မရှိနိုင်။
- မိမိတင်ပြနိုင်သော အရည်အချင်းအပေါ် မူတည်ပြီး ဝင်ငွေရှိမည် ။ Client များလျှင်များသလောက် ပုံမှန်အချိန်ပြည့်ဝန်ထမ်းများထက် ဝင်ငွေပိုများနိုင်။
---

🔥 Remote – နေရာမရွေး အလုပ်လုပ်နိုင်ခြင်း**

- Work From Home နှင့် ဆင်တူသော်လည်း မဖြစ်မနေ အိမ်မှာသာလုပ်ရန် မလိုအပ်။
- Internet ချိတ်ဆက်နိုင်သည့် မည်သည့်နေရာမှ ဖြစ်နိုင်သည်။
- အလုပ်ပုံစံသည် freelance, contract, full-time အစရှိသည့် ပုံစံများဖြင့်ဖြစ်နိုင်သည်။
--

Hybrid – ရုံးသွားခြင်းနှင့် WFH ပေါင်းစပ်ထားခြင်း ။

- တစ်ချို့အချိန်များတွင်း ရုံးသွားပြီး တစ်ချို့အချိန်များတွင် အိမ်တွင် အလုပ်လုပ်နိုင်သည်။
- Schedule သည် company policies ပေါ်မူတည်ပြီး 2-3 ရက် WFH / 2-3 ရက် ရုံးသွားရသည့်ပုံစံမျိုး ဖြစ်နိုင်သည်။
- Work-life balance ကို ပိုမိုထိန်းညှိနိုင်သည်။

ကိုယ်ကလက်ရှိဘယ်လိုပုံစံနဲ့အလုပ်လုပ်နေပြီး ဘယ်လိုပုံစံအလုပ်ကိုရှာဖွေနေလဲဆိုတာလေးလဲ react လေးပေးခဲ့ကြပါဦးနော် ။ကျွန်တော်ကတော့လက်ရှိ Freelance အနေအထားနဲ့အလုပ်လုပ်နေပါတယ် 😉
29😎9👍5🔥4👻1
2
📢We Are Urgent Hiring - Freelance Graphic Designer - 2 Post (M/F/LGTVQ+)

Rachel's Creative Studio ရဲ့ Digital Marketing Team နဲ့အတူ လက်တွဲလုပ်ဆောင်ဖို့ Freelance Graphic Designer (2) ဦး ခေါ်ယူအားဖြည့်လိုပါတယ်ရှင့်။

💭Payment Project Base On ဖြစ်လို့ ဆွဲပေးရမယ့် design တစ်ခုချင်းပေါ်မူတည်ပြီး % နဲ့ ရရှိပါမယ်။

Job Description

Photoshop / Illustrator တစ်ခုခုအသုံးပြုတတ်သူဖြစ်ရပါမယ်။
Freelance ဖြစ်တာမို့ ပေးထားတဲ့အချိန်အတွင်း Project တိုင်းကို ပြီးအောင်လုပ်ပေးဖို့လိုပါတယ်ရှင့်။
လိုအပ်ရင် face to face or online meeting လုပ်ရပါမယ်။
Deadline တိကျမှန်ကန်သူဖြစ်ရပါမယ်။
ပေးထားတဲ့တာဝန်ပေါ် လေးစားပြီး တာဝန်ယူ၊ တာဝန်ခံမှုအပြည့်ထားနိုင်သူဖြစ်ရပါမယ်။

📌အလုပ်ချိန် - မကန့်သတ်ထားပါဘူး။ ပြီးတဲ့အချိန် ချက်ချင်းနားလို့ရပါတယ်။
📌ပိတ်ရက် - Sunday
📌အသက်အရွယ် မကန့်သတ်ထားပါဘူး။

❗️အဓိကက Professional ဆန်ပြီး ရေရှည်လုပ်ကိုင်နိုင်ဖို့ပါပဲ။ ကိုယ်တိုင်က အလုပ်များတဲ့သူမို့ ခနလေးနဲ့ ပြန်ပြန်ထွက်သွားတာမျိုးဆိုရင် နှစ်ဦးနှစ်ဖက်လုံးအတွက် အဆင်မပြေနိုင်လို့ပါ။ တကယ်သာ ရေရှည် ကြိုးစားလုပ်ကိုင်မယ်ဆိုရင် Team ဘက်ကလည်း Support ပေးဖို့ ဝန်မလေးပါဘူး။

စိတ်ဝင်စားပြီး လျှောက်ထားချင်တယ်ဆိုပါက

CV Form, Portfolio တို့နဲ့အတူ 09-776547890 (Viber) သို့ March (30) ရက်နေ့နောက်ဆုံးထားပြီး CV Form များ ပေးပို့ထားနိုင်ပါတယ်။

ရွေးချယ်ခံရသူများကို တစ်ပတ်အတွင်း ပြန်လည်အကြောင်းပြန်ပေးပါမယ်။
8👍3
We are hiring

ဆန်းသစ်တဲ့ အတွေးအခေါ်လေးတွေနဲ့ အချိတ်အဆက်မိမိ Content လေးတွေ ဖန်တီးနိုင်
တယ်ဆိုရင်တော့ ကျွန်တော်တို့ Digital Marketing Group ကိုသာ ဆက်သွယ်လိုက်ပါ……

လိုအပ်တဲ့နေရာလေးတွေကကော

Content Writer ( 3 ) Posts
လုပ်ငန်းအတွေ့အကြုံအနည်းဆုံး ၃ နှစ်ရှိရပါမယ်။
Phone & Laptop တွေနဲ့ပတ်သတ်ပြီး ရေးသားဖူးတဲ့သူကို ဦးစားပေးပါမည်။

Assistance Content Writer ( 3 ) Posts
Content လေးတွေကို graphic design လေးနဲ့ ပေါင်းစပ်ဖန်တီးနိုင်ရပါမည်။

ပထမဆုံးအနေနဲ့ ရုံးတွင်း တာဝန်ထမ်းဆောင်နိုင်သူများကို ဦးစားပေးခေါ်ယူမှာဖြစ်ပါတယ်

( သို့ )

Freelance များကို ဒုတိယအနေနဲ့ခေါ်ယူမည် ဖြစ်ပါတယ်ခင်ဗျ

စိတ်ဝင်စားရင်တော့ ကျွန်တော်တို့ Digital Marketing Group ကိုသာ ဆက်သွယ်လျှောက်ထားလိုက်ပါ……

☎️09950890803
10👍2
YLE English Teacher ( Part time)

YLE English Grammar/ 4skillsကို ကျွမ်းကျင်စွာ သင်နိုင်ရမည်။English to English သင်ကြားနိုင်ရမည်။

Online Teaching အနည်းဆုံး ၁နှစ် သင်ကြားဖူးသည့် experiences ရှိသူဖြစ်ရမည်။

ကိုယ်ပိုင် laptop နှင့် ကောင်းမွန်သော WiFi ရှိရမည်။မီးပျက်သောအချိန်များတွင်ပါ စာသင်ကြားနိုင်ရန်ပြင်ဆင်ထားရပါမည်။

စနေ/တနင်္ဂနွေ နှင့်ကြားရက်ညနေ ၅နာရီနောက်ပိုင်း သင်ကြားနိုင်ရမည်။ မိမိတာဝန်ယူထားသော courseကို ပြီးပြတ်အောင် သင်ကြားနိုင်ရမည်။

ကျောင်းမှာချပေးသော သင်ရိုးညွှန်းတန်းကိုသာ သုံးရမည်ဖြစ်ပြီး စာမသင်ခင် သေချာ Preparation လုပ်၍ သင်ကြားရပါမည်။မိမိတာဝန်ယူထားသော lessonကို power point ပြင်နိုင်ပြီးကလေးများအတွက်သင့်တော်သော Fun learning activities ဖြစ်အောင်သင်ကြားနိုင်ရမည်။

Salary- Negotiation

လျှောက်ထားလိုသူများ အနေဖြင့် ooisabella202326@gmail.comသို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

(ကိုယ်တိုင် သင်ကြားထားတဲ့ short video 10mins, video file ဖြင့် ပူးတွဲတင်ပြနိုင်သူကိုဦးစားပေးရွေးချယ်မည်။)
9👍2
WFH နှင့် အလုပ်ချိန်ပြင်ပ အလုပ်ခိုင်းစေခြင်း (အချိန်ခိုးယူခံရခြင်း) 🫠

WFH / Remote အလုပ်တွေဟာ နည်းပညာတိုးတက်လာတာနဲ့အမျှ ခေတ်စားပြီးလူကြိုက်များလာတဲ့ အလုပ်ပုံစံတစ်ခုဖြစ်လာကြတယ် ။ WFH / Remote ရဲ့ အကျိုးကျေးဇူးတွေလည်းရှိသလို စိတ်ပျက်စရာကောင်းတဲ့အခြေနေတွေလည်းရှိနေသေးပါတယ် ။
တယ်။ အထူးသဖြင့် အလုပ်ချိန်ပြင်ပ အလုပ်ခိုင်းစေခြင်း (အချိန်ခိုးယူခံရခြင်း) ဆိုတဲ့ ပြဿနာဟာ WFH လုပ်ကိုင်နေသူတွေအတွက် စိတ်ညစ်စရာကောင်းတဲ့ အချက်တွေထဲက တခုပါပဲ...

WFH နှင့် ကောင်းကျိုးများ

WFH ဆိုတဲ့အတွက် အလုပ်ကိုသွားရတဲ့လမ်းခရီးကြာချိန်ကိုလျော့ချနိုင်ပြီး အချိန်တစ်ခုပိုထွက်လာတယ် ။ ပိုမိုလွတ်လပ်စွာ အလုပ်လုပ်နိုင်စေတယ် ဒါကြောင့် စွမ်းဆောင်ရည်ပိုမိုမြင့်မားစေပြီး စိတ်ဖိစီးမှုကို လျော့ချနိုင်စေပါတယ် ။

WFH နှင့် ဆိုးကျိုးများ

WFH ရဲ့ အားနည်းချက်တစ်ခုကတော့ အလုပ်ချိန်ပြင်ပ အလုပ်ခိုင်းစေခြင်းပါပဲ။ သတ်မှတ်ထားတဲ့အလုပ်ချိန်ကျော်လွန်သွားနေတာတောင် urgent ဆိုတာမျိုးတွေ ၊ အလုပ်နဲ့ပတ်သက်တာတွေကို ညဘက်အချိန်တွေအထိပါလာရောက်ပြောဆို ခိုင်းစေနေတာမျိုးတွေ ပြုလုပ်တတ်ကြပါတယ်။ သတ်မှတ်ထားတဲ့ အလုပ်ချိန်ပြင်ပ အလုပ်ခိုင်းစေတာဟာ အလုပ်သမားတွေရဲ့ ကိုယ်ပိုင်အချိန်ကို ခိုးယူသလိုဖြစ်စေပြီး လုပ်ငန်းခွင်နဲ့ ပုဂ္ဂလိကဘဝကြား ဟန်ချက်ပျက်ယွင်းစေနိုင်ပါတယ်။
လူတစ်ယောက်ဟာ အလုပ်ချည်းပဲလုပ်နေလို့မရပါဘူး ။ မိသားစုကိစ္စ ၊ လူမှုကိစ္စ ၊ သူလုပ်ချင်တာတွေလုပ်နိုင်ဖို့ ကိုယ်ပိုင်အချိန်ဆိုတာမျိုးလိုအပ်ပါတယ် ။ ဒီလိုကိုယ်ပိုင်အချိန်တွေကိုပါ လုယူချင်တယ်ဆိုရင်တော့အလုပ်သမားတွေရဲ့ စိတ်ဖိစီးမှုကို မြင့်တက်စေပြီး လုပ်ငန်းခွင်စိတ်ကျေနပ်မှုကို လျော့ကျလာစေနိုင်သလို စွမ်းဆောင်ရည်တွေလည်းလျော့ကျလာနိုင်ပါတယ်။

Balance ဖြစ်တဲ့လုပ်ငန်းခွင်တစ်ခုဖြစ်ဖို့အတွက်ဆို
အလုပ်ချိန်ကိုသေချာစွာသတ်မှတ်ထားပြီး အလုပ်သမားတွေအနေနဲ့လည်း အလုပ်ချိန်အတွင်းအလုပ်ကိုပြီးအောင်ကြိုးစားလုပ်ပေးဖို့လိုအပ်သလို အလုပ်ရှင်တွေအနေနဲ့လည်း အလုပ်သမားတွေရဲ့ကိုယ်ပိုင်အချိန်ကိုလေးစားပေးဖို့လိုအပ်ပါတယ် ။

WFH မှမဟုတ်ဘဲ ပြင်ပလုပ်ငန်းခွင်တွေမှာလည်း Healthy Working Environment ဖြစ်ဖို့ဆိုရင် အလုပ်ရှင်နဲ့ အလုပ်သမားနှစ်ဖက်စလုံးက အချင်းချင်း respect ရှိဖို့နဲ့ တဖက်ကိုတဖက် တွေးပေးဖို့ လိုအပ်ပါတယ် ။
34👍6🔥5💘1