Movie Channel 💥 🎥 🎞
31.8K subscribers
8 photos
5 videos
3 links
They will relax while watching the movie.

ဤချန်နယ်ကိုကြော်ညာများထည့်သွင်းလိုပါကAdamin @kyawtkaykhaingsoe123 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်
Download Telegram
ရှင်းဂျုကူ ၏ အမှောင်ခြမ်း (၂၀၀၉)

IMDb - 6.9/10
Genre - Drama


ဂျက်ကီချမ်း ရဲ့အကောင်းဆုံးဇတ်ကားတွေထဲက တစ်ကားကိုမိတ်ဆက်ပေးချင်ပါတယ်ပရိတ်သတ်တောင်းဆိုမှုလည်းအတော်များတဲ့ကားလေးပါပဲ။ ဂျပန်နိင်ငံမှာတရားမဝင်အလုပ်လာရောက်လုပ်ကိုင်ကြတဲ့တရုတ်လူမျိူးတွေရဲ့ဒုက္ခဆင်းရဲရောက်ပုံကိုရိုက်ကူးပြထားတာပါ။ တရုတ်လူမျိူးတို့ရဲ့အနိမ်ခံဘဝယာကူဇာဂိုဏ်းများရဲ့ အနိင်ကျင့်နိပ်စက်ပုံများကိုမင်းသားကြီး ဂျက်ကီချမ်း ကကောင်းမွန်သေသပ်စွာသရုပ်ဆောင် ထားပါတယ်။ မိမိရဲ့လူမျိုးတွေကိုကာကွယ်စောင့်ရှောက်ဖို့အတွက်ယာကူဇာဂိုဏ်းထဲဝင်အနစ်နာခံပြီးသရုပ်ဆောင်ထားတဲ့ ဂျက်ကီချမ်းရဲ့ဇတ်ကောင်ဟာအလွန်သနားစရာကောင်းသလို လေးစားစရာလည်းကောင်းပါတယ်။ တရုတ်တွေနဲ့ဂျပန်ယာကူဇာဂိုဏ်းတို့ရဲ့တိုက်ပွဲရယ်အဲဒီခေတ်အခါကဂျပန် နိင်ငံရဲ့ယာကူဇာတွေရဲ့အရှိန်အဝါကိုထင်ရှားစွာမြင်ရမယ့်ဇတ်ကားပါပဲ။ ဒီဇတ်ကားကိုပရိတ်သတ်တွေအကြိုက်တွေ့မယ်လို့လည်းမျော်လင့်ပါတယ်။ တစ်ကားဆိုတစ် ကားပီပြင်အောင်ရိုက်ကူးနိင်တဲ့ဂျက်ကီချမ်းရဲ့ဇာတ်ကား ကောင်းတွေထဲကတစ်ကားဖြစ်တဲ့ဒီဇတ်ကားကိုကျွန်တော်တို့ပရိတ်သတ်တွေအတွက်တင်ဆက်လိုက်ရပါတယ်။
Media is too big
VIEW IN TELEGRAM
ရှင်းဂျုကူ ၏ အမှောင်ခြမ်း (၂၀၀၉)

🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟
ထူးဆန်းသော သတ္တဝါကြီး (၂၀၁၈)

IMDB - 6.1/10
Genre - Action, Horror

ဒီဇာတ်ကားလေးက ဘုရင် ဂျောင်ဂျုံ လက်ထပ် ၁၅၇၂ ခုနှစ်မှာ တော်ဝင်နန်းတော်ကို ခြိမ်းခြောက်ခဲ့တဲ့ ထူးဆန်းတဲ့ သတ္တဝါဆိုးကြီးအကြောင်းကို မှတ်တမ်းမှတ်ရာတွေကို ပြန်လည်ရိုက်ကူးတင်ပြထားတဲ့ ကိုရီးယားနန်းတွင်း ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ဘုရင်က အဲဒီ သတ္တဝါကြီးကို အမဲလိုက်ဖို့ သူ့လူယုံတွေကို စေခိုင်းခဲ့တဲ့အကြောင်း သမိုင်းမှတ်တမ်းထဲမှာ ဖော်ပြထားပါတယ်။ အက်ရှင်ကားတွေကြိုက်တဲ့ လူတွေအတွက် ဇာတ်ကား အစပိုင်းမှာ အရသာပေါ့သလို ခံစားနိုင်ပေမယ့် နောက်ပိုင်းတွေက စပြီးတော့ အပြီးထိ ကြည့်ချင်စိတ်ကို ဆွဲခေါ်သွားစေနိုင်မယ့် ကားဖြစ်ပါတယ်။
Media is too big
VIEW IN TELEGRAM
ထူးဆန်းသော သတ္တဝါကြီး (၂၀၁၈)

🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟
The Haunted Palace (2025)

Ep-12 ထိကြည့်လို့ရပြီနော်


ယုံးဂတ် ဟာ ဂုဏ်သိက္ခာရှိပြီးရုပ်ရည်ချောမောတဲ့ နန်းတွင်းအစိုးရအမှုထမ်းတစ်ဦးပါ။ တစ်နေ့မှာတော့ ယုံးဂတ်တစ်ယောက် ဂန်ချောလ်လို့ အမည်ရတဲ့ ကောင်းကင်ပေါ်ကို တက်ဖို့ကြိုးစားနေတဲ့ဒဏ္ဍာရီလာသတ္တဝါအီမူဂီရဲ့ဝင်ပူးကပ်ခြင်းခံလိုက်ရပါတယ်။ အဲ့ဒီနောက်မှာ ယုံးဂတ်ဟာအပြုအမူတွေစတင်ပြောင်းလဲလာပါတယ်။

ယုံးဂတ် နဲ့အတိတ်တုန်းကအချစ်ဦးတွေဖြစ်ခဲ့ကြတဲ့ ယောရီဟာနာမည်ကြီးနတ်ဝင်သည်ရဲ့တစ်ဦးတည်းသော မြေးမလေးဖြစ်ပြီးဝိညာဉ်ရေးရာ ပါရမီတွေကိုလည်းအမွေဆက်ခံရရှိထားသူတစ်ဦးပါ။ ဒါပေမဲ့ သူမဟာ နတ်ဝင်သည်ဖြစ်လာရမဲ့ ကံကြမ္မာကိုငြင်းဆန်ပြီး အေးအေးချမ်းချမ်းနဲ့ နေချင်သူပါ။ တစ်ရက်မှာတော့စွမ်းအားပြင်း အမျိုးသမီးဝိညာဉ်တွေ၊ နတ်ဆိုးတွေနဲ့ ပြည့်နေတဲ့နန်းတော်ထဲကို ဝင်ရောက်ဖို့အကြောင်းဖန်လာခဲ့ပါတယ်။

နန်းတွင်းထဲမှာ ထူးဆန်းပြီး မယုံနိုင်စရာကောင်းတဲ့ ဝိညာဉ်ရေးရာပြဿနာတွေဖြစ်လာတဲ့အတွက်ယောရီ ကိုယ်တိုင်ဖြေရှင်းဖို့‌ဖြစ်လာခဲ့ပါတယ်။

အဲ့အမျိုးသမီးတစ္ဆေတွေကဘယ်လိုပေါ်ပေါက်လာတာ

Movie link 👇👇👇
https://t.me/Motives_forU/4337

Ep-9 /10/11 /12
https://t.me/Motives_forU/4363
Forwarded from DIAMOND 388 OFFICIAL
Please open Telegram to view this post
VIEW IN TELEGRAM
T_h-e K_a-r_a-t_e K_i-d (2010)

အညွှန်း* 🔽🔽🔽

2010 ခု နှစ်မှာ ထွက်ရှိခဲ့တဲ့ The Karate Kid ဇာတ်ကားမှာ မင်းသားကြီး Jackie Chan နဲ့ Jaden Smithတို့အတူတူပူးတွဲသရုပ်ဆောင်ထားကြပါတယ်…Justin Bieber နဲ့ Jaden Smith တို့ တွဲဖက်သီဆိုထားတဲ့Never Say Never ဆိုတဲ့သီချင်းဟာလည်း..ကမ္ဘာတစ်ဝန်းမှာအောင်မြင်ကျော်ကြားခဲ့ပြီး ပရိတ်သတ်တို့ရဲ့နှစ်ခြိုက်မှုများစွာလည်းရရှိခဲ့ပါတယ်..ဒီဇာတ်ကားမှာမင်းသားဂျက်ကီချန်းရဲ့ ပီပြင်တဲ့သရုပ်ဆောင်မှုတွေကိုအားလုံးတွေ့မြင်ရမှာဖြစ်ပါတယ်..
ဒီဇာတ်ကားမှာပြောခဲ့တဲ့စကားလုံးတွေက အကြိုက်ဆုံးစကားလုံးကိုပြောရမယ်ဆိုရင်*ဘဝမှာ လဲကျနေတဲ့အခါ ပြန်ထနိုင်အောင်ကြိုးပမ်းရမယ်* စကားလုံးဖြစ်ပါတယ်..ကိုယ့်ထက်အင်အားကြီးတဲ့သူဖြစ်ပါစေ..ဘယ်တော့မှအရှုံးမပေး..ပြန်လည်ရဲရဲဝင့်ဝင့်ရင်ဆိုင်ကာအရှုံးမပေးတတ်တဲ့စိတ်ဓါတ်ကိုပြသသွားတာပဲဖြစ်ပါတယ်...

#Credit

ဇာတ်ကားကြည့်ရန် 🔽🔽🔽
Media is too big
VIEW IN TELEGRAM
T_h-e K_a-r_a-t_e K_i-d (2010)

⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️

ဇာတ်ကားကောင်းလေးတွေကြည့်ရှုဖို့အတွက် မင်မင်ရဲ့ Main Channel လေးတွေကို Join ထားကြပါအုန်းနော် 🙏
ချစ်ခဲ့ဖူးသော (၂၀၁၄)

IMDb - 7/10
Genre - Thriller, Romance


အိမ်ထောင်သက်ကြာလာတာနဲ့အမျှ ဆက်ဆံရေးတွေခြောက်ကပ်လာတာအဆင်မပြေတော့တာ၊ လင်စိတ်သားစိတ်ကုန်တာဖြစ်တတ်စမြဲပါပဲ။ အဲ့ဒီလိုပဲ ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင်နှစ်ယောက်ဖြစ်တဲ့ အီသန် နဲ့ ဆိုဖီ ဟာ ထိုပြဿနာကိုကြုံနေရပါတယ်။ နှစ်တွေကြာလာတာနဲ့အမျှ သူတို့ရဲ့အိမ်ထောင်ရေးက အသစ်အဆန်းမရှိခြောက်ကပ်နေတာကြောင့် အရင်ကလုပ်ခဲ့ဖူးတာတွေပျော်ခဲ့ဖူးတာတွေကိုပြန်လုပ်ကြည့်ပေမယ့်လဲ အဆင်ပြေမလာတာကြောင့် တစ်နေ့မှာအိမ်ထောင်ရေးအကြံပေးတစ်ယောက်ကိုတွေ့ရပါတော့တယ်။ အဲ့တာနဲ့ပဲ အကြံပေးက ဗီလာတစ်ခုကိုဒီပိတ်ရက်မှာသွားနေဖို့၊ အဲ့ဒီဗီလာမှာနေခဲ့ပြီးပြန်လာတဲ့စုံတွဲတွေလင်မယားတွေက ဘယ်လောက်ပြန်အဆင်ပြေသွားကြောင်းပြောပြတဲ့အခါ အီသန် တို့လဲ သွားနေဖို့ဆုံးဖြတ်လိုက်ကြတာပေါ့။ ဆိုတော့ အဲ့ဒီဗီလာကြီးကြောင့်စုံတွဲတွေဘယ်လိုပြန်အဆင်ပြေလာကြတာလဲ၊ တကယ်အဆင်ပြေတာရောဟုတ်ရဲ့လား၊ အဲ့ဒီဗီလာကြီးကဘယ်လိုထူးခြားနေတာလဲ။
Media is too big
VIEW IN TELEGRAM
ချစ်ခဲ့ဖူးသော (၂၀၁၄)

🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟

ဇာတ်ကားကောင်းလေးတွေကြည့်ရှုဖို့အတွက် မင်မင်ရဲ့ Main Channel လေးတွေကို Join ထားကြပါအုန်းနော် 🙏
Forwarded from JILI BURMA
🅰️🅰️🅰️🅰️🅰️🅰️🅰️🅰️🅰️

🕸 လူကြီးမင်းတို့အတွက်😞
🕸 ငွေကိုရေလိုသုံးနိုင်မယ့်😞
🕸 နဲနဲရင်း၊များများမြတ်မယ့်😞
🕸 PG -စလော့ဂိမ်းလေးတွေရဲ့😞
🕸 နိုင်ခြေမြင့်ဂိမ်းအခန်းလေးတွေမှာ😞
🕸 စိတ်ကြိုက်ဆော့ကစားဖို့အတွက် 😞
🕸 Jiliburma ကဖိတ်ခေါ်လိုက်ပါတယ်ရှင့်😞

🇹🇭ထိုင်းရော🇲🇲မြန်မာရော
စိတ်ကြိုက်ဆော့လို့ရတဲ့
🪙🪙

✨မန်ဘာသစ် 1️⃣0️⃣0️⃣🔣
📱  @jiliburma

❗️❗️❗️❗️❗️❗️
🌐 www.jiliburma.com

❗️❗️❗️❗️❗️❗️❗️❗️❗️❗️❗️
Please open Telegram to view this post
VIEW IN TELEGRAM
Hercules (2014) မြန်မာစာတန်းထိုး

ဒီကားကတော့ The Rock (Dwayne Johnson) နဲ့လိုက်ဖက်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်သလို၊ Hercules ရဲ့ ဇာတ်လမ်းကို မထင်မှတ်ထားတဲ့ ရှုထောင့်ကနေတင်ဆက် ပေးထားတာဖြစ်ပါတယ်။

ရှေးပုံပြင်တွေမှာ Hercules က Demi-God ဖြစ်ပြီး Zeus ရဲ့ သားဖြစ်တယ်လို့အာလုံး က လက်ခံထားကြသလို၊ Hercules ကာတွန်းကားကလည်း ဒီအတိုင်းပဲ သရုပ်ဖော်ထားခဲ့ပါတယ်။ ဒီကားကတော့ Hercules ရဲ့ ဂုဏ်သတင်း နဲ့ အားလုံးသိထားတဲ့ ပုံပြင်တွေ၊ စွန့်စားခန်းတွေ က တကယ်တော့ လူတွေ လုပ်ကြံပြောဆိုတာပါဆိုပြီး ရိုက်ကူးခဲ့ပါတယ်။

ဇာတ်လမ်းမှာ Hercules ရဲ့ တူဖြစ်သူက ခရီးလှည့်လည်သွားလာရင်းနဲ့ ရောက်လေရာမှာ သူ့ဦးလေးရဲ့ အကြောင်းကို လူတွေ အထင်ကြီး လေးစားလာအောင် ရန်သူတွေ ကြောက်ရွံ့ အောင် ပြောဆိုလေ့ရှိပါတယ်။ Hercules က ခေါင်းသုံးနဲ့ နဂါးကြီးကို ဘယ်လို ရင်ဆိုင်ခဲ့တာ၊ တောဝက်ကြီးကို ဘယ်လို နှိမ်နင်းခဲ့တာ၊ ခြေင်္သေ့ကြီးကို ဘယ်လို ရင်ဆိုင်ခဲ့တာ စသဖြင့် ပုံပြင်တွေ လုပ်ပြီး ပြောပြရာကနေ Hercules ရဲ့ ဂုဏ်သတင်းက ပြန့်နှံ့ခဲ့ပါတယ်။

တကယ်လည်း Hercules က ဒီသတ္တဝါတွေကို နှိမ်နင်းခဲ့တာဖြစ်ပေမယ့် သူတစ်ယောက်တည်း မဟုတ်ပါဘူး။ Hercules မှာ သူ့ ကိုလေးစားချစ်ခင်ပြီး သူ့နောက်က အမြဲလိုက်နေတဲ့ မိတ်ဆွေတွေရှိပြီး သူတို့အဖွဲ့က နှိမ်နင်းခဲ့တာဖြစ်ပါတယ်။

ဇာတ်ကားက Hercules ကို ပုံပြင်တွေထဲကလို စွမ်းအားရှင်၊ အဖြစ် ပုံမပေါ်ထားဘဲ၊ သာမန်လူတစ်ယောက် ကနေ၊ သာမန်လူတွေထက် အင်အားပိုသန်သလို၊ နည်းပရိယာယ်ကြွယ်ဝတဲ့ လူစွမ်းကောင်း တစ်ယောက်အဖြစ် သဘာဝကျကျ ရိုက်ကူးတင်ဆက်ထားပါတယ်။