V Tech Guide
6.15K subscribers
3.05K photos
5 videos
5 files
1.47K links
Download Telegram
မိဘလုပ်မယ်ဆိုရင်
ကိုယ့်သားသမီးက ကိုယ့်အပိုင်
ကိုယ့်စကားနားထောင်ပြီး လိမ္မာဖို
ကံကောင်းရင် ၁၄ နှစ်လောက်ပဲအချိန်ရှိမယ်

အဲ့ဒါပြီးသွားရင် သူတိုအတွက်ကိုယ်က
ကားမောင်းပိုရတဲ့ taxi သမား
နေစရာပေးထားတဲ့ hotel
ဝန်ထမ်းလောက်သာသာပဲရှိမယ်

ကံဆိုးရင် သားသမီးက
အကြွေးရှင်လို သူ့ရရမှာတွေရဖိုပဲ
အမြဲကြည့်နေလိမ့်မယ်

သေလောက်အောင်ချစ်ပေးလဲ
သူတိုသေလောက်အောင်ချစ်တဲ့
သူနောက်ပါသွားဦးမှာ

ဒီတော့ ငယ်တုန်းမှာပဲ အပြည့်အဝချစ်ပြီး
အချိန်တွေအတူကုန်ဆုံးပါ
10
ဘဝအတွက် ဘာ goal ထားရမလဲ
သေချာမသိရင်

ကိုယ်တိုင်က အသုံးကျပြီး
အများအတွက် အသုံးတည့်တဲ့
သူဖြစ်အောင်သာ goal ထားလိုက်

ဒါဆို ကိုယ့်အတွက်ရော
အများအတွက်ပါ အကျိုးရှိတယ်
9
အချိန်ချမ်းသာမှုအရေးကြီးတယ်
အလုပ်ကတော့ လူတိုင်းလုပ်နေရမှာပဲ

ဒါပေမယ့် ဘဝမှာ အလုပ်အတွက်
၇၅% သောအချိန်တွေပေးနေရပြီဆိုရင်

ကျန်တဲ့ ငွေကြေး ဥစ္စာချမ်းသာမှုက
ရှိသာရှိတာ သိပ်တော့ enjoy ရမှာမဟုတ်ဘူး

ငွေလဲဝင်ပြီး ဝင်တဲ့ငွေကိုသုံးဖို
အချိန်လုံလုံလောက်လောက်ရှိဖိုလဲလိုတယ်
10👏1
လူအများစုအတွက်
အလုပ်က ဘဝပဲ။
ဘာကြောင့်လဲဆိုတော့
ဘဝရပိတည်ဖို့ငွေလိုတယ်။
ငွေရဖို့ အလုပ်လိုတယ်။
အလုပ်အတွက် ရုံးတက်၊
ရုံးဆင်း၊ ကာယ၊ ဥာဏ၊
မိတ္တ၊ လုံ့လဝိရိယတွေလိုတယ်။
မွေးကတည်းက မိဘချမ်းသာ၊
နိုင်ငံခြားကျောင်းထား၊
အလုပ်မလုပ်လဲဘာမှမဖြစ်တဲ့
မိသားစုထဲမပါရင်တော့
တော်တော်များများအတွက်
အလုပ်က ဘဝရဲ့အရေးကြီး
အစိတ်အပိုင်းပဲ။
ကိုယ်ဘာအလုပ်လုပ်မယ်၊
ဘယ်လိုလုပ်မယ်၊
ဘယ်မှာလုပ်မယ်၊
ဘယ်သူတွေကိုရောင်းမယ်၊
ဘယ်သူတွေကိုအလုပ်ခန့်မယ်၊
ဘယ်သူတွေနဲ့လက်တွဲလုပ်မယ်၊
ဘယ်သူတွေနဲ့မလုပ်ဘူး။
ဒါတွေက conscious choice
သေချာရွေးချယ်မှုမလုပ်ထားရင်
ဗရမ်းဗဒါဘဝဖြစ်နေမှာ။
ဒါကြောင့် ကိုယ့်ကိုကိုယ်စီမံဖို့
Personal development
(ကျွန်တော်တို့ဆီမှာတော့
Self-help ကို တက်ကျမ်းလို့ခေါ်တယ်။)
Professional development
အသက်မွေးမှုပညာ။
Business Development
စီးပွါးရေးတိုးတက်မှု။
အသက်ရှင်ပြီးအသက်ဝင်ဖို့
Spiritual development လိုတယ်။
အရာရာကတော့ အခြေခံ
အချိန်စီမံခန့်ခွဲမှု၊
အာရုံ၊ စိတ်ခံစားချက်၊
အမူအကျင့် စီမံခန့်ခွဲမှုကစတင်တယ်။
17👍1
တခြားသူတွေရဲ့ ဘဝမှာ အရာရာ အဆင်ပြေချောမွေ့နေတာကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် အသုံးမကျဘူးလို မထင်လိုက်ပါနဲ့။

လူတိုင်းမှာ ကိုယ်စီပြဿနာတွေ
ကိုယ်စီအားနည်းချက်တွေ ရှိကြတာပဲလေ။

သူတိုဆီမှာ မြင်နေရတဲ့ အောင်မြင်မှုတွေက
သင့်ရဲ့ ချိုယွင်းချက်တွေ မဟုတ်ပါဘူး။

သူတိုက သူတိုလမ်းကို လျှောက်နေသလို
သင်ကလည်း သင့်ခြေလှမ်းနဲ့သင် ရှေ့ဆက်နေတာပဲ။

ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမယ့်အစား
ကိုယ့်ရဲ့ ဖြစ်တည်မှုကိုပဲ အကောင်းဆုံး ချစ်ပေးလိုက်ပါ။ 💎
12
ဘယ်သူ့ရဲ့ အမြင်ကိုမှ
လိုက်ပြောင်းလဲပေးဖို မကြိုးစားပါနဲ့၊
လူတိုင်းစိတ်ကျေနပ်အောင်လည်း လိုက်ရှင်းပြမနေနဲ့။

ငါတိုဘဝမှာ အချိန်တွေက
အဲ့လောက်ထိ အပိုမရှိပါဘူး။
ကိုယ့်ရဲ့တာဝန်က ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိအောင်လုပ်ဖိုနဲ့ ကိုယ့်ဘဝကို ပိုကောင်းအောင် ရှင်သန်ဖိုပဲ...
ဒါဆိုရင် လုံလောက်ပါပြီ။ 💎
19❤‍🔥1
အသက် ၂၀ မှာ ငါ အသက် ၄၀ ရောက်ရင်
ဘာတွေလိုချင်လဲလို့ ကိုယ့်ကိုယ်ကိုမေးပြီး
သေချာချရေးကြည့်တဲ့အခါ ဒါတွေရခဲ့တယ်
၁. အိမ်မှာတင် အေးဆေးလုပ်လို့ရတဲ့အလုပ်
၂. အေးဆေးနားလို့ရမယ့် စနေ တနင်္ဂနွေ
၃. Passive income ကရတဲ့ငွေနဲ့
ခရီးထွက်မယ် shopping ထွက်မယ်
၄. ပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့အချိန်ရှိမယ်
၅. Alarm မလိုပဲထလို့ရမယ်
၆. မနက်ခင်းကို အေးအေးချမ်းချမ်းနိုးပြီး
coffee လေးအေးဆေးဖျော်သောက်မယ်
၇. နားအေးတဲ့ ပတ်ဝန်းကျင်မှာနေမယ်
၈. နားမပူတဲ့ အိမ်သူအိမ်သားတွေနဲ့
၉. ရှင်းရှင်းလင်းလင်းရှိတဲ့အခန်း
၁၀. ကိုယ့်ကိုနားလည်နိုင်တဲ့သူငယ်ချင်း
တွေနဲ့ ရယ်မောစကားပြောမယ်
၁၁. မလုပ်ချင်တာတွေကိုငြင်းနိုင်စွမ်းရှိမယ်
၁၂. နာကျင်မှုမရှိတဲ့ ခန္ဓာကိုယ်ရှိမယ်
၁၃. အမြဲတမ်းအပိုရှိနေတဲ့ ငွေကြေးရှိမယ်
၁၄. ဈေးမကြည့်ပဲဝယ်နိုင်တဲ့အခြေအနေရှိမယ်
၁၅. ရှေ့ရေးအတွက် တွေးမပူချင်ဘူး
၁၆. စာဖတ်ဖို့အတွက် အချိန်ရှိမယ်
၁၇. ကိုယ်သိတာတွေကို ပြန်ပြောပြရင်
နားထောင်ချင်တဲ့သူတွေရှိမယ်
၁၈. ကိုယ်မေးချင်တာတွေကို မေးလို့ရမယ့်
မိဘ ဆရာတွေရှိမယ်
၁၉. Brand မဟုတ်တောင် ကိုယ့်အတွက်
သေချာချုပ်ပေးထားတဲ့ အဝတ်တွေဝတ်မယ်
၂၀. ကိုယ့်ဘဝနောက်ဆုံးချိန်ထိ အတူရှိနေပေးမယ့်
ဘဝလက်တွဲဖော်ရှိမယ်
ဒါတွေရဖို့ ၄၀ အထိမစောင့်ခဲ့ရဖူး
သဘောပေါက်လာတာက
ကိုယ်လိုချင်တာကိုယ်သိရင်
ရဖို့ဆိုတာသိပ်မကြာတတ်ဘူး
အရေးကြီးတာကိုယ်လိုချင်တာ
ကိုယ်သေချာသိဖို့ပဲ
14👍2😁1
ဘေးနားကလူတွေနဲ့ ပြောတဲ့
စကားတွေကို ဂရုစိုက်ပြီး
ပြန်နားထောင်ကြည့်လိုက်ရင်
ဘဝထဲမှာ ဘာအရာတွေ
အရေးကြီးနေသလဲဆိုတာ မြင်လာနိုင်တယ်
အတင်းအဖျင်းကိုပဲ အဓိကပြောတဲ့
လူတွေနဲ့ ပေါင်းသင်းနေရင်
အတင်းပြောတာက "စကားပြောတယ်" လို့
ထင်လာတတ်တယ်
ဆင်ခြေပြုံတဲ့လူတွေနဲ့
ပေါင်းသင်းနေရင် ဆင်ခြေတွေက
"အမှန်တရား" ဖြစ်လာတတ်တယ်
အချိန်နောက်ကျတဲ့ လူတွေနဲ့
ပေါင်းသင်းနေရင် နောက်ကျတာက
"ပုံစံတစ်ခု" ဖြစ်လာတတ်တယ်
စာဖတ်တဲ့ လူတွေ၊ စူးစူးစမ်းစမ်း
လေ့လာတဲ့လူတွေနဲ့ ပေါင်းသင်းနေရင်
လေ့လာတာက ဖိအား မဟုတ်တော့ဘဲ
နေ့စဉ်ဘဝပုံစံ ဖြစ်လာတတ်တယ်
ကိုယ့်အလုပ်ကို ကိုယ်တာဝန်ယူတဲ့
လူတွေနဲ့ ပေါင်းသင်းနေရင်
တာဝန်ယူတာက ဝန်ထုပ်ဝန်ပိုး
မဟုတ်တော့ဘဲ ဂုဏ်သိက္ခာ ဖြစ်လာတတ်တယ်
ဒီတော့ဘေးမှာဘယ်သူတွေထားလဲ
သိပ်အရေးကြီးတယ်
6👍2
ကျနော့်ရဲ့ အသက် ၂၀ အရွယ်
Version ကို အကြံပေးလို့ရမယ်ဆိုရင်
လုပ်ရမှာကရှင်းပါတယ်
- ကိုယ့်ရည်မှန်းချက်တွေ
လူထင်ကြီးအောင် လိုက်မကြေညာနဲ့
- small win လေးတွေချမပြနဲ့
- ဘယ်လောက်ဝင်ငွေရှိလဲ မပြောနဲ့
- ငြင်းတတ်ဖို့သင်ယူ
- ရေရှည်သွားနိုင်မယ့်သူတွေနဲ့လက်တွဲ
- ကိုယ့်အတွက်အချိန်ပိုထွက်လာ့မယ့်
ပစ္စည်း၊ လူ ၊ knowledge တွေမှာရင်းနှီးမြှုပ်နှံ
- သူများအကြောင်းထက်
ကိုယ့်အကြောင်းကိုယ်သိအောင်လုပ်
- ပြိုင်ဘက်လို့စိတ်မှာထင်ရင်
အဲ့လူရဲ့ ကောင်းကွက်တွေကို
မြင်အောင်ရှာပြီးသင်ယူ
- လူတွေချီးကျူးတာရော ကဲ့ရဲ့တာရောကို
လိုက် feel နေမယ့်အစား သင်ခန်းစာယူ
- Tutorial ထက် Trainer , Coach , Mentor က
ထိရောက်မှုပိုရှိတယ်ဆိုတာမှတ်ထား
- ကုန်သွားမှာထက် ရလာမယ့်
အကျိုးကျေးဇူးကို မြင်အောင်ကြည့်
- လူတိုင်းကိုယ်ရော ကိုယ့်ကိုယ်ကိုရော
အလွယ်မယုံနဲ့ အယုံမလွယ်နဲ့
- စုဖို့ထက် ရင်းနှီးမြှုပ်နှံဖို့
ငွေကိုအလုပ်လုပ်ခိုင်းဖို့ သင်ယူ
- သူများကိုမပြောင်းလဲခင် ကိုယ့်ကိုယ်ကိုပြောင်းလဲ
- သူများကို မကဲ့ရဲ့ခင် ကိုယ့်ကိုယ်ကိုပြန်စစ်
- သူများအမှားကို ဒေါသဖြစ်တာလောက်
တုံးအတာမရှိဘူး
- မိဘတွေက အမြဲအသက်မရှင်နိုင်ဘူး
- တာဝန်ဆိုတာ တာဝန်ယူတတ်တဲ့သူအတွက်ပဲ
တာဝန်ရှိတာ မယူတတ်သူတွေကိုရှင်းမပြနဲ့
- ဦးဆောင်ချင်ရင် ရှေ့ကနေလုပ်ပြ
- မှားရင် ဝန်ခံ တောင်းပန်ပြီး နောက်မဖြစ်အောင်နေ
- ရည်းစားများတာပြဿနာမဟုတ်ဘူး
ဘဝလက်တွဲဖော်မရှိတာပြဿနာ
- လုံလောက်ပြီလို့မထင်သ၍
ဘယ်တော့မှမလုံလောက်ဘူး
- ပရမ်းပတာဖြစ်တာကောင်းတယ်
အနဲဆုံး ဖြန့်ထားရင် ဘာတွေရှိလဲပိုမြင်ရတယ်
အဲ့တော့မှ သေချာအကန့်ခွဲပြီး ပြန်စီလို့ရတာ
- ဒုက္ခမရှိရင် မတိုးတက်ဘူး
အဲ့တော့ ခံနိုင်တဲ့ ဒုက္ခအမြဲလိုက်ရှာ
- ပြဿနာအဟောင်းတွေက
စာအုပ်အဟောင်းတွေထဲမှာ အဖြေရှိတယ်
- ကိုယ်မလုပ်လို့ မဖြစ်လာတာတွေအတွက်
ဘယ်တော့မှ ဝမ်းမနည်းနဲ့
- ရွေးချယ်မှုက အမြဲလုပ်နေရမှာမို့
ရွေးတော့မယ်ဆို ရေရှည်အကျိူးဆက်ကိုကြည့်
- မိန်းမပေါတယ် မယားရှားတယ်
- မဖြစ်နိုင်ဘူးထင်ရင် အနဲဆုံးတော့စမ်းလုပ်ကြည့်
ပြီးမှ တကယ်ဖြစ်နိုင်မဖြစ်နိုင်သတ်မှတ်
- တရားအမျိုးအစားအများကြီးရှိတယ်
အမှန်တရားနောက်ကိုပဲအမြဲလိုက်
25
ပတ်ဝန်းကျင်ရဲ့ လွှမ်းမှိးမှုကိုမခံပါနဲ့၊
မင်းဘေးနားလူတွေက မင်းရဲ့ဘဝကို အဆုံးအဖြတ်ပေးတာမျိုး မဖြစ်စေနဲ့။
“ Life is a choice ” ပဲ မင်းရွေးချယ်ရမဲ့လမ်းက မင်းစိတ်ထဲက တစ်ကယ်သွားချင်နေတဲ့လမ်းကိုတော့ မင်းမသေခင်မှာ လျောက်ဖူးသင့်တယ်မလား။
ကိုယ့်ကိုယ်ကို အာရုံစိုက်ဖို လိုပါတယ်၊ တွေ့သမျှနဲ့ နှိင်းယှဉ်နေရင်တော့ သိမ်ငယ်စိတ်က အမြဲဝင်နေမှာပဲ။

“ကျွန်တော်တို ဘဝမှာဆုတွေကြီးပဲတောင်းနေလိုလည်း မပြည့်ပါဘူး၊ကိုယ်တိုင် ကြိုရစားမှုတာမရှိရင် ဘယ်လောက်ပဲဆုတောင်းတောင်း ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး….” 💎
3🔥1
Forwarded from Channel Academy (Justin Box)
🔥 Argentina 🇦🇷 vs Egypt 🇪🇬 LIVE NOW

ဘောလုံးပရိသတ်တွေ စောင့်မျှော်နေတဲ့ အာဂျင်တီးနား 🇦🇷 နဲ့ အီဂျစ် 🇪🇬 တို့ရဲ့ ထိပ်တိုက်တွေ့ဆုံပွဲကို အခုပဲ တိုက်ရိုက်ကြည့်ရှုနိုင်ပါပြီ။ ⚽️

⭐️ အာဂျင်တီးနားက လူငယ်ကြယ်ပွင့်တွေရဲ့ လှုပ်ရှားမှုတွေနဲ့အတူ မက်ဆီကို မြင်တွေ့ရမယ့်ပွဲ။
💪 အီဂျစ်ကလည်း အံ့အားသင့်စရာရလဒ်ဖန်တီးဖို့ အပြည့်အဝ ပြင်ဆင်လာတာကြောင့် အကြိတ်အနယ် ယှဉ်ပြိုင်မှုကို မျှော်လင့်နိုင်ပါတယ်။

📺 HD Quality
📱 ဖုန်းနဲ့လည်း အဆင်ပြေ

👇 တိုက်ရိုက်ကြည့်ရန်
🔗 https://track.nextworm.com/oD1eMg

📢 ဘယ်အသင်းနိုင်မယ်လို့ ထင်လဲ? Comment မှာ ခန့်မှန်းခဲ့ကြပါဦး။ ⚽️🔥
2
သင့်ကိုဘယ်သူမှလာကယ်မှာမဟုတ်ပါဘူး


သင့်ကိုဘယ်သူမှအောင်မြင်မှုကိုမပေးပါဘူး

ကိုယ်လုပ်ရင်ကိုယ်ရမယ်

ဘယ်သူ့ဆီကမှကူညီမှုကိုမမျှော်လင့်ပါနဲ့

တစ်ယောက်ထဲဆိုလဲတစ်ယောက်ထဲဖြစ်အောင်လုပ်

ကိုယ့်အားကိုယ်ကိုးပါသေချာပေါက်အောင်မြင်ပါလိမ့်မယ်
14🔥1