တစ်နေ့က ကြားလိုက်ရတဲ့ စကားတစ်ခွန်းကြောင့် ကျွန်မ တုန်လှုပ်သွားမိတယ်။
"အာရှသားတို့ရဲ့ အောင်မြင်မှုဆိုတာ တခြားသူတွေ ကိုယ့်ကို အားကျဖို့ဖြစ်တယ်။ ဥရောပသားတို့ရဲ့ အောင်မြင်မှုဆိုတာ ကိုယ့်ဘဝကို ကိုယ်နှစ်သက်ဖို့ဖြစ်တယ်"
သေချာစဉ်းစားကြည့်ရင် တကယ်အဓိပ္ပာယ်ရှိပါတယ်။
အရင်တုန်းက အောင်မြင်မှုဆိုတာ
အိမ်ဝယ်နိုင်၊ ကားဝယ်နိုင်၊
ကလေးတွေကို နာမည်ကြီးကျောင်းမှာ
ထားနိုင်တာလို့ ကျွန်မ ထင်ခဲ့တယ်။
တစ်နှစ်က ဥရောပကို ခရီးထွက်တော့
သက်ကြီးစုံတွဲတစ်တွဲ ဖွင့်ထားတဲ့
တည်းခိုခန်းငယ်တစ်ခုမှာ တည်းဖြစ်တယ်။
အဲဒီအခါကျမှ "အောင်မြင်မှု" ရဲ့ အဓိပ္ပာယ်ကို
ကျွန်မ ပြန်ဖွင့်ဆိုနိုင်ခဲ့တယ်။
အဲဒီစုံတွဲက တောင်ခြေရင်းက တိတ်ဆိတ်ငြိမ်သက်ပြီး ရိုးရှင်းတဲ့နေရာလေးတစ်ခုမှာ နေတယ်။
သူတို့ရဲ့နေ့ရက်တွေက
နေရောင်ခြည်၊ ကော်ဖီ၊
စာအုပ်၊ ပန်းတွေနဲ့ ပြည့်နှက်နေတယ်။
တစ်နှစ်ကို နှစ်ဝက်လောက်ပဲ သူတို့ အလုပ်လုပ်တယ်။
ကျွန်မက စပ်စုပြီး "ဘာလို့ ဝင်ငွေ ပိုရအောင် မလုပ်တာလဲ... လုပ်ငန်းတိုးချဲ့လည်း ရတယ်လေ" လို့ ပြောတော့...
သူတို့က ပြုံးပြုံးလေးနဲ့ "ငါတို့ အခုလုံလောက်ပြီး ပျော်နေပြီလေ... ဘာလို့ ပိုပင်ပန်းခံ အမောခံနေမလဲ" လို့ ပြောတယ်။
အဲဒီအချိန်ကျမှ ကျွန်မ ရုတ်တရက် နားလည်သွားတာက -- ပျော်ရွှင်မှုဆိုတာ ကိုယ်ဘယ်လောက်ပိုင်ဆိုင်လဲ ဆိုတာထက် တခြားသူကို ကိုယ် တစ်ခုခု သက်သေပြဖို့ လိုလား ဆိုတာပါ။
စစ်မှန်တဲ့အောင်မြင်မှုဆိုတာ
တခြားသူတွေ ကိုယ့်ဘဝကို အားကျစေတာမဟုတ်ဘဲ ကိုယ်လက်ရှိ နေထိုင်နေတဲ့ ဘဝကို ကိုယ်အမှန်တကယ် ကြိုက်နှစ်သက်ပြီး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတာပဲဖြစ်ပါတယ်။
-- မျှဝေပါတယ်

❤13👍5
အသက်ကြီးမှ သိလာမယ့် အမှန်တရား
ကလေးဘဝမှသည် အသက်၂၀-၂၅ လောက်ထိ ကျွန်တော်တို့အားလုံးဟာ လောကကြီးကို ဆေးရောင်စုံခြယ်ပြီး ကြည့်ခဲ့ကြတယ်
"ကြိုးစားရင် အောင်မြင်ရမယ်"၊ "သူငယ်ချင်းဆိုတာ သေရာပါပဲ"၊ "ငွေထက် ရိုးသားမှုက ပိုအရေးကြီးတယ်" ဆိုတဲ့ လှပတဲ့ စကားလုံးတွေနဲ့ ကိုယ့်ကိုယ်
ကိုယ် သိပ်ပြီး နှစ်သိမ့်ခဲ့ကြတယ်
ဒါပေမယ့် အသက်အရွယ်တစ်ခု ရလာတဲ့အခါ
လောကဓံရဲ့ ရိုက်ခတ်မှုတွေကို ကိုယ်တိုင် ခံစားလာရတဲ့အခါ… အဲ့ဒီ လှပတဲ့ စကားလုံးတွေက လက်တွေ့ဘဝမှာ အမြဲတမ်း အလုပ်မဖြစ်ဘူးဆိုတာ သဘောပေါက်လာမိတယ်
ဒီလိုပြောလို့ ကျွန်တော်က မျော်လင့်ချက်အိပ်မက်ပန်းတိုင်တွေကို ရိုက်ချိုးနေတာမဟုတ်ဘဲ အချိန်မနှောင်းခင် ကြိုတင်ပြင်ဆင်နိုင်ဖို့ ကျွန်တော်ရဲ့ အတွေ့အကြုံများကို အရှိကိုအရှိတိုင်းရင်ဖွင့်ပြောပြချင်တာ
🔹လူအများကြီး ကိုယ့်အနားမှာ မလိုဘူးဆိုတာ သိလာလိမ့်မယ် (𝐐𝐮𝐚𝐥𝐢𝐭𝐲 𝐎𝐯𝐞𝐫 𝐐𝐮𝐚𝐧𝐭𝐢𝐭𝐲)
ယေဘုယျအားဖြင့် အသက် ၁၇-၂၀ အရွယ်တွေမှာ
ပေါင်းစရာသူငယ်ချင်းတွေ အများကြီး ရှိတယ် ထိုထဲမှာ လိုတမျိုး မလိုတမျိုး ကောင်းတာရော မကောင်းတာရော ရောနှောပါနေလိမ့်မယ်
ဒါပေမယ့် အသက် ၂၅-၃၀ အရွယ် ရောက်လာတဲ့အခါ တကယ် ဒုက္ခရောက်နေချိန် ဖုန်းဆက်စရာ လူ (၂) ယောက်လောက် ရှိရင်တောင် ကျွန်တော်တို့ကံကောင်းတယ်လို့ မှတ်ရမှာပါ
ဆယ်ကျော်သက်အရွယ်မှာတော့ အပေါင်းအသင်းများတာက ကောင်းတယ်ဆိုပေမဲ့ လက်တွေ့လောကြီးထဲမှာတော့ လူတိုင်းက ကိုယ့်ဘဝနဲ့ကိုယ် ရုန်းကန်နေရတာပါ ကိုယ်
အဆင်မပြေဖြစ်နေချိန်မှာ ထားခဲ့တဲ့သူတွေကို
အပြစ်မတင်နဲ့ ဒါဟာ သဘာဝပဲ
အရေအတွက်ထက် အရည်အသွေးကို ရွေးချယ်တတ်လာတာဟာ ရင့်ကျက်လာခြင်းရဲ့ ပထမဆုံး လက္ခဏာလို့ပြောရမယ်
🔹ငွေက အရာရာမဟုတ်ဘူး ဒါပေမယ့် ငွေမရှိရင် ဘာမှလုပ်လို့မရပြန်ဘူး
"ငွေက ပျော်ရွှင်မှုကို မဝယ်နိုင်ပါဘူး" လို့ ပြောတဲ့သူတွေဟာ ငွေကြေးပြတ်လပ်ခြင်းရဲ့ စိတ်ဆင်းရဲရမှုဒဏ်ကို မခံစားဖူးတဲ့သူတွေဖြစ်လိမ့်မယ်
မိဘ နေမကောင်းဖြစ်လို့ ဆေးရုံတင်ရတဲ့အခါ၊ ကိုယ်ချစ်တဲ့သူတွေကို ကာကွယ်ပေးချင်တဲ့အခါ မေတ္တာတရားထက် အိတ်ကပ်ထဲက ပိုက်ဆံက ပိုစကားပြောပါတယ်
ငွေကြေးလွတ်လပ်မှု (Financial Freedom) ရှိမှသာ ညီငယ်ညီမငယ်တို့ တကယ်ဖြစ်ချင်တဲ့ အရာတွေကို လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့် ရပါလိမ့်မယ်
🔹ကိုယ့်ကိုယ်ကိုယ်ကလွဲပြီး ဘယ်သူမှ လာမကယ်ဘူး (မိမိကိုယ်သာ အားကိုးရာ)
ကျွန်တော်တို့ဟာ တစ်ခါတစ်ရံမှာ စိတ်ကူးယဉ်အတွေးကမ္ဘာထဲကလို ကယ်တင်ရှင်တစ်ယောက်ယောက်ရောက်လာပြီး ကိုယ့်ရဲ့ ပြဿနာတွေကို ဖြေရှင်းပေးမလား၊ ငွေပုံကြီးချပေးရင်ကောင်းမှာပဲ ဆိုပြီးမျှော်လင့်တတ်ကြတယ်
အရွယ်ရောက်လာတာနဲ့အမျှ ကိုယ့်ဘဝဟာ ကိုယ့်တာဝန်သာ ဖြစ်ပါတယ်
ကိုယ်ရှုံးနိမ့်ရင် ကိုယ်ပဲ ခံရမှာဖြစ်သလို ကိုယ်
အောင်မြင်ရင်လည်း ကိုယ့်ကိုသိသိမသိသိ အော်တိုလက်ခုပ်တီးပေးမဲ့ လူတန်းစားတစ်စု(မိဘ၊ဆွေမျိုး၊အပေါင်းအသင်း၊လုပ်ဖော်ကိုင်ဖက်၊သာပေါင်းညာစား) ကလည်းရှိနေအုန်းမှာပါ
🔹အချိန်ဟာ ပိုက်ဆံရှိတိုင်းလည်း ပြန်ဝယ်လို့မရဘူး
ကျွန်တော် အသက်(၂၁) နှစ်အထိအချိန်တွေကို ရေလို သုံးခဲ့တယ်
အဓိပ္ပာယ်မရှိတဲ့ ငြင်းခုံမှုတွေ၊ ကိုယ့်ကို တန်ဖိုးမထားတဲ့ လူတွေနဲ့ အကျိုးမရှိတဲ့ အလုပ်တွေမှာ အချိန်ကုန်ခံခဲ့တယ် အသက်ကြီးလာတဲ့အခါ အချိန်ဆိုတာ ဘယ်လောက်တန်ဖိုးရှိလဲဆိုတာ နောင်တတွေနဲ့အတူ သိလာမိခဲ့တယ်
ကိုယ့်ရဲ့ အချိန်ကို ဈေးပေါတဲ့နေရာမှာ မသုံးနဲ့
ကိုယ့်ကို တိုးတက်စေမယ့် အရာတွေ ကိုယ် တကယ် ချစ်ခင်ရတဲ့သူတွေအတွက်ပဲ အချိန်ကို သုံးပါ
မလိုအပ်တဲ့ အရာတွေကို "No" လို့ ပြတ်ပြတ်သားသား ငြင်းတတ်ဖို့ စောစောသင်ယူလေ ပိုကောင်းလေပဲ
ဘဝဆိုတာ ပေါကားထဲကလို မဟုတ်ဘူး
ကြမ်းတမ်းတယ် ရက်စက်တယ် နူးညံ့မှုတွေ ပျော်ရွှင်မှုတွေလည်း ပေးတယ်
အရာရာကို ပြင်ဆင်ထားတဲ့ သူတွေအတွက်တော့ အခွင့်အရေးတွေနဲ့ ပြည့်နေတဲ့ နေရာတစ်ခုပေါ့
အသက်ကြီးလာမှ ဒီအမှန်တရားတွေကို သိမယ့်အစား အခုကတည်းက လက်ခံပြီး ကိုယ့်ဘဝကို စနစ်တကျ ပုံသွင်းထားပါ ဘော်ဒါတို့…

❤15👍3
အခုမအားလို့ Read later ထဲ
ထည့်ထားတဲ့ article တွေ
Save လုပ်ထားပြီး
နောက်မှကြည့်မယ့် video တွေ
Down ထားပြီး
နောက်မှဖတ်မယ့်စာအုပ်တွေ
သင်ထားလိုက်မယ်
နောက်မှသုံးမယ့်ပညာတွေ
အဲ့နောက်မှဆိုတာတွေက
နောက်အသစ်ထွက်တာတွေကို
မကျော်လွန်နိုင်ဘူး
ဒါကိုလဲ ကိုယ့်ကိုယ်ကို
သိမယ်ထင်ပါတယ်
အခုကစပြီး တစ်ပတ်တစ်ရက်
Save လုပ်ထားတဲ့
နောက်မှဆိုတဲ့အရာတွေအတွက်
အချိန်ပေးလိုက်ပါ
ထည့်ထားတဲ့ article တွေ
Save လုပ်ထားပြီး
နောက်မှကြည့်မယ့် video တွေ
Down ထားပြီး
နောက်မှဖတ်မယ့်စာအုပ်တွေ
သင်ထားလိုက်မယ်
နောက်မှသုံးမယ့်ပညာတွေ
အဲ့နောက်မှဆိုတာတွေက
နောက်အသစ်ထွက်တာတွေကို
မကျော်လွန်နိုင်ဘူး
ဒါကိုလဲ ကိုယ့်ကိုယ်ကို
သိမယ်ထင်ပါတယ်
အခုကစပြီး တစ်ပတ်တစ်ရက်
Save လုပ်ထားတဲ့
နောက်မှဆိုတဲ့အရာတွေအတွက်
အချိန်ပေးလိုက်ပါ
👍15❤2
အသက်အရွယ်ထက်
သင်ယူလိုစိတ်က ပိုအရေးကြီးတယ်
ငယ်ပြီးမသင်ချင်တဲ့သူကို
ဘာမှသင်ပေးလို့မရသလို
ကြီးပြီး သင်ချင်တဲ့သူကိုလဲ
ဘယ်သူမှသွားတားလို့မရဘူး
အများစုကတော့ ဘွဲ့ရသွားရင်
ဆက်မသင်ဖြစ်ကြတော့ဘူး
အများစုထဲမပါပါစေနဲ့မိတ်ဆွေ
သင်ယူလိုစိတ်က ပိုအရေးကြီးတယ်
ငယ်ပြီးမသင်ချင်တဲ့သူကို
ဘာမှသင်ပေးလို့မရသလို
ကြီးပြီး သင်ချင်တဲ့သူကိုလဲ
ဘယ်သူမှသွားတားလို့မရဘူး
အများစုကတော့ ဘွဲ့ရသွားရင်
ဆက်မသင်ဖြစ်ကြတော့ဘူး
အများစုထဲမပါပါစေနဲ့မိတ်ဆွေ
❤9👍4🥰2
မကောင်းတာတွေ မကြိုက်တာတွေကို
ငြင်းနိုင်စွမ်းရှိလာတာ ချမ်းသာတာပဲ
မကြိုက်တဲ့အလုပ်ကိုလုပ်ဖို
ငြင်းနိုင်စွမ်းရှိရင်ချမ်းသာတယ်
မကြိုက်တဲ့သူနဲ့ လက်ဆက်မတွဲဖို
ငြင်းနိုင်စွမ်းရှိရင်ချမ်းသာတယ်
မကြိုက်တဲ့နည်းနဲ့ရတဲ့ငွေကို
ငြင်းနိုင်စွမ်းရှိရင်ချမ်းသာတယ်
မကြိုက်တဲ့ နေရာမှာဆက်နေဖို
ငြင်းနိုင်စွမ်းရှိရင်ချမ်းသာတယ်
မဟုတ်ရင်တော့ ပိုက်ဆံရှိ
လူဆင်းရဲ စိတ်ဆင်းရဲပဲဖြစ်နေမှာ
ငြင်းနိုင်စွမ်းရှိလာတာ ချမ်းသာတာပဲ
မကြိုက်တဲ့အလုပ်ကိုလုပ်ဖို
ငြင်းနိုင်စွမ်းရှိရင်ချမ်းသာတယ်
မကြိုက်တဲ့သူနဲ့ လက်ဆက်မတွဲဖို
ငြင်းနိုင်စွမ်းရှိရင်ချမ်းသာတယ်
မကြိုက်တဲ့နည်းနဲ့ရတဲ့ငွေကို
ငြင်းနိုင်စွမ်းရှိရင်ချမ်းသာတယ်
မကြိုက်တဲ့ နေရာမှာဆက်နေဖို
ငြင်းနိုင်စွမ်းရှိရင်ချမ်းသာတယ်
မဟုတ်ရင်တော့ ပိုက်ဆံရှိ
လူဆင်းရဲ စိတ်ဆင်းရဲပဲဖြစ်နေမှာ
❤11👍2
ငတုံးတွေရဲ့အမုန်းခံရတယ်ဆိုတာ
လူတော်တစ်ယောက်ဖြစ်လာဖိုအတွက်
လိုအပ်တဲ့ ပေးဆပ်မှုတစ်ခုထဲမှာပါတယ်
တစ်ဖက်မှာလဲ ငတုံးကြိုက်တဲ့
လူတော်တွေကရှိနေပြန်တယ် 😁
လူတော်တွေကြိုက်တဲ့ လူတော်ဖြစ်ဖိုလိုတယ်
လူတော်တစ်ယောက်ဖြစ်လာဖိုအတွက်
လိုအပ်တဲ့ ပေးဆပ်မှုတစ်ခုထဲမှာပါတယ်
တစ်ဖက်မှာလဲ ငတုံးကြိုက်တဲ့
လူတော်တွေကရှိနေပြန်တယ် 😁
လူတော်တွေကြိုက်တဲ့ လူတော်ဖြစ်ဖိုလိုတယ်
❤9👍8
ခရီးသွားရင်လူတွေက
ဘာသယ်သွားရမလဲတွေးတယ်
တကယ်တော့ ဘာတွေကပဲ
လိုအပ်မှာလဲတွေးပြီး
Final မှာ နောက်ထပ် ၂၀%
လောက်ထပ်လျော့လိုရသေးတယ်
ဘဝခရီိးလဲဒီလိုပဲ
မလိုတာတွေကိုထားခဲ့နိုင်မှ
ပိုခရီးပေါက်တယ်
လိုတာတွေတွေးနေရင်တော့
အများကြီးထမ်းပိုးနေရဦးမှာ
ဘာသယ်သွားရမလဲတွေးတယ်
တကယ်တော့ ဘာတွေကပဲ
လိုအပ်မှာလဲတွေးပြီး
Final မှာ နောက်ထပ် ၂၀%
လောက်ထပ်လျော့လိုရသေးတယ်
ဘဝခရီိးလဲဒီလိုပဲ
မလိုတာတွေကိုထားခဲ့နိုင်မှ
ပိုခရီးပေါက်တယ်
လိုတာတွေတွေးနေရင်တော့
အများကြီးထမ်းပိုးနေရဦးမှာ
❤13
ဘဝမှာဘယ်skill ကို ဦးစားပေးပြီး
develop လုပ်ရမလဲမေးရင်
လုပ်စရာတွေရှိနေတာတွေကို
ဘယ်လိုစိတ်အခြေအနေ ခံစားချက်ပဲရှိရှိ
ပြီးအောင်လုပ်တဲ့ skill ကို
ဦးစားပေး develop လုပ်ရမယ်ဗျ💪🏻
Professional နဲ့ Amateur က
အဲ့နေရာမှာ ကွာသွားတော့တာပဲ 😎
develop လုပ်ရမလဲမေးရင်
လုပ်စရာတွေရှိနေတာတွေကို
ဘယ်လိုစိတ်အခြေအနေ ခံစားချက်ပဲရှိရှိ
ပြီးအောင်လုပ်တဲ့ skill ကို
ဦးစားပေး develop လုပ်ရမယ်ဗျ💪🏻
Professional နဲ့ Amateur က
အဲ့နေရာမှာ ကွာသွားတော့တာပဲ 😎
❤13
သူများကို စပ်စုတဲ့သူပေါတယ်
ကိုယ့်ကိုယ်ကို စပ်စုတဲ့သူရှားတယ်
ကိုယ့်အကြောင်းကိုယ်ပိုသိတဲ့အခါ
လိုချင်တာတွေက တိကျသေချာလာတယ်
လောကကို အမှန်မြင်လာတယ်
အကြောင်းအကျိုးရဲ့
ဆက်စပ်မှုကိုနားလည်လာတယ်
သူများထက် ကိုယ့်အကြောင်းကိုယ်ပိုပြီး
စပ်စုဖိုအချိန်ပေးပါမိတ်ဆွေ
ကိုယ့်ကိုယ်ကို စပ်စုတဲ့သူရှားတယ်
ကိုယ့်အကြောင်းကိုယ်ပိုသိတဲ့အခါ
လိုချင်တာတွေက တိကျသေချာလာတယ်
လောကကို အမှန်မြင်လာတယ်
အကြောင်းအကျိုးရဲ့
ဆက်စပ်မှုကိုနားလည်လာတယ်
သူများထက် ကိုယ့်အကြောင်းကိုယ်ပိုပြီး
စပ်စုဖိုအချိန်ပေးပါမိတ်ဆွေ
❤11
ကလေးတွေက ကိုယ့်ချီမယ်ဆိုငို
ခွေးတွေက ကိုယ့်တွေ့ရင်ဟောင်
ကြောင်ဆို ကိုင်တာနဲ့ထွက်ပြေးရင်
အတွင်းစိတ်ကဖြူနေတယ်
အေးချမ်းနေတယ်ဆိုတာ
ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ဘူး
လောဘဒေါသမောဟများပြီး
သီလသမာဓိနည်းနေရင်
သန့်စင်တဲ့ soul လေးတွေက
အရင်သိကြတယ်
ခွေးတွေက ကိုယ့်တွေ့ရင်ဟောင်
ကြောင်ဆို ကိုင်တာနဲ့ထွက်ပြေးရင်
အတွင်းစိတ်ကဖြူနေတယ်
အေးချမ်းနေတယ်ဆိုတာ
ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ဘူး
လောဘဒေါသမောဟများပြီး
သီလသမာဓိနည်းနေရင်
သန့်စင်တဲ့ soul လေးတွေက
အရင်သိကြတယ်
❤15
တစ်နေတာကိုယ်လုပ်လိုက်တဲ့
ကောင်းမှုဆိုးမှုအားလုံးက
ကိုယ်တစ်ချိန်ကိုယ်ရလာမယ့်
Future version အတွက်
ထောက်ခံမဲပေးနေတာနဲ့တူတူပဲ
ကောင်းမှုများများလုပ်ရင်
ကောင်းတဲ့မဲများများရတော့
ကောင်းတဲ့ future version ရမယ်
ဆိုးမှုများများလုပ်ရင်
ဆိုးမှုမဲများများရတော့
ဆိုးတဲ့ future version ရမယ်
Life Is Simple 👌🏻
ကောင်းမှုဆိုးမှုအားလုံးက
ကိုယ်တစ်ချိန်ကိုယ်ရလာမယ့်
Future version အတွက်
ထောက်ခံမဲပေးနေတာနဲ့တူတူပဲ
ကောင်းမှုများများလုပ်ရင်
ကောင်းတဲ့မဲများများရတော့
ကောင်းတဲ့ future version ရမယ်
ဆိုးမှုများများလုပ်ရင်
ဆိုးမှုမဲများများရတော့
ဆိုးတဲ့ future version ရမယ်
Life Is Simple 👌🏻
❤5
ထိုင်းထီပေါက်စဉ် ( ဒီနေ့ ထိုင်းထီထွက်ပြီ )
ထိုင်းထီပေါက်စဉ်ကို အချိန်နဲ့တစ်ပြေးညီ သိနိုင်မယ့်ဆော့ဝဲလ်
ဒီဆော့ဝဲလ်လေးရဲ့ ထူးခြားချက်တွေကတော့
ထိုင်းထီပေါက်စဉ်ကို ကြံ့ကြာမှုမရှိဘဲ ချက်ချင်းသိနိုင်မယ့်အပြင် Scan လည်းဖတ်လိုရသလို ကိုယ့်ရဲ့ ထီနံပါတ်ကိုထည့်ထားရုံနဲ့ ဘာဆုပေါက်လဲဆိုတာ ဖော်ပြပေးမှာဆိုတော့ ထီထိုးထားတဲ့ သူဠေးလောင်းများအတွက် အကျိုးများစေလိုမျှဝေလိုက်ရပါတယ်။
For Android - https://mm.nextworm.com/archives/672
For IOS - https://mm.nextworm.com/archives/673

တကယ်အများကြီးသိတဲ့သူတွေက
ငါသိတာနဲသေးတယ်လိုတွေးတယ်
ဒီတော့ ဘာမှမပြောဘူး ငြိမ်နေတာမျာတယ်
တကယ်အများကြီးမသိတဲ့သူတွေက
ငါအကုန်သိပြီးပြီလိုတွေးတယ်
ဒီတော့ တွေ့ရာအကုန်လိုက်ပြောတယ်
တကယ် ခံရတာကတော့
သိသလိုလိုမသိသလိုလိုလူတွေပဲ 😁
ငါသိတာနဲသေးတယ်လိုတွေးတယ်
ဒီတော့ ဘာမှမပြောဘူး ငြိမ်နေတာမျာတယ်
တကယ်အများကြီးမသိတဲ့သူတွေက
ငါအကုန်သိပြီးပြီလိုတွေးတယ်
ဒီတော့ တွေ့ရာအကုန်လိုက်ပြောတယ်
တကယ် ခံရတာကတော့
သိသလိုလိုမသိသလိုလိုလူတွေပဲ 😁
🤣8
လူတစ်ယောက်ရဲ့ တကယ့်စရိုက်ကို သိချင်ရင် —
ဒီအချက် ၃ ခု ကြည့်ပါ။
လူတွေက ကိုယ့်ကို ပြတဲ့ version နဲ့
တကယ့် version မတူဘူး။
အထူးသဖြင့် အစပိုင်းမှာ။
လူတိုင်း highlight reel ပြတယ်။
အကောင်းဆုံး ပုံစံကို တင်ပြတယ်။
ဒါ လိမ်တာ မဟုတ်ဘူး — လူ့သဘာဝ။
ဒါပေမယ့် ကိုယ်က ဒါကို စစ်မှန်တဲ့ ပုံစံလို့ ယူဆလိုက်ရင်
နောက်မှ “ဒီလူက ဒီလိုလူ မဟုတ်ဘူး” ဆိုပြီး
အံ့အားသင့်ရတယ်။
စိတ်ပျက်ရတယ်။
Business partner ဖြစ်ဖြစ်။
ဝန်ထမ်းသစ် ဖြစ်ဖြစ်။
ချစ်သူ ဖြစ်ဖြစ်။
Pattern တူတယ်။
ဒီတော့ လူတစ်ယောက်ရဲ့ တကယ့်စရိုက်ကို
ဘယ်လို ဖတ်မလဲ။
၁။ ဖိစီးမှုအောက်မှာ ဘယ်လို တုန့်ပြန်သလဲ ကြည့်ပါ။
လူတစ်ယောက်ရဲ့ တကယ့်စရိုက်က
အရာရာ အဆင်ပြေနေတဲ့အခါ မပေါ်ဘူး။
ဖိအားပေးလိုက်မှ ပေါ်တယ်။
Plan ပျက်သွားတဲ့အခါ ဘယ်လို react လုပ်သလဲ။
မျှော်လင့်ချက် မဖြည့်ဆည်းနိုင်တဲ့အခါ ဘယ်လို ပြောသလဲ။
အချိန်မရှိ၊ ပိုက်ဆံမရှိ၊ အိပ်ရေးမဝတဲ့အခါ
ဘယ်သူ ဖြစ်သွားသလဲ။
Comfort zone ထဲမှာ လူတိုင်း ကောင်းတယ်။
ဖိစီးမှုအောက်မှာ ဘယ်သူလဲ ဆိုတာ —
ဒါ တကယ့် သူ။
၂။ သူ့အထက်လူနဲ့ သူ့အောက်လူကို ဘယ်လို ဆက်ဆံသလဲ ကြည့်ပါ။
ဒါ အရေးကြီးဆုံး test တစ်ခု။
ကိုယ့်ရှေ့မှာ ယဥ်ကျေးတယ်။
ပြုံးပြတယ်။ လေးစားတယ်။
ဒါပေမယ့် စားပွဲထိုးကို ဘယ်လို ပြောသလဲ။
ဝန်ထမ်းကို ဘယ်လို ဆက်ဆံသလဲ။
အကူအညီ မလိုတဲ့သူကို ဘယ်လို သဘောထားသလဲ။
အထက်လူရှေ့မှာ ယဥ်ကျေးပြီး
အောက်လူကို မထီမဲ့မြင် လုပ်တဲ့သူ —
ဒါ ယဥ်ကျေးတာ မဟုတ်ဘူး။
ဒါ strategy။
တကယ် ကောင်းတဲ့ စရိုက်က
ဘယ်သူ့ရှေ့မှာ ဖြစ်ဖြစ် တူညီတယ်။
၃။ စကားနဲ့ လုပ်ရပ် ကိုက်ညီမှု ရှိမရှိ ကြည့်ပါ။
“ငါ ဒီလို လူမျိုး” လို့ ပြောတာ တစ်မျိုး။
တကယ် လုပ်တာ တစ်မျိုး။
“ငါ loyalty ကို တန်ဖိုးထားတယ်” ပြောတယ်။
ဒါပေမယ့် အကျိုးအမြတ် ပိုရတဲ့ဘက် ချက်ခြင်း ပြောင်းတယ်။
“ငါ honest ပဲ” ပြောတယ်။
ဒါပေမယ့် အသေးအမွှား ဟိုလိမ် ဒီလိမ် လုပ်တယ်။
“ငါ သင့်အတွက် ရှိတယ်” ပြောတယ်။
ဒါပေမယ့် ကိုယ် တကယ်လိုတဲ့အခါ ပျောက်သွားတယ်။
စကားကို နားမထောင်ပါနဲ့။
Pattern ကို ကြည့်ပါ။
တစ်ကြိမ် ဖြစ်ရင် အမှားဖြစ်နိုင်တယ်။
ထပ်ခါထပ်ခါ ဖြစ်ရင် — ဒါ စရိုက်။
လူတစ်ယောက်ကို ဖတ်တတ်ဖို့
ကိုယ့်ခံစားချက်နဲ့ ဖတ်တာ ရပ်ရမယ်။
သူ့ pattern နဲ့ ဖတ်ရမယ်။
ခံစားချက်နဲ့ ဖတ်ရင် — ကိုယ်မြင်ချင်တာ မြင်ရတယ်။
Pattern နဲ့ ဖတ်ရင် — တကယ်ဖြစ်နေတာ မြင်ရတယ်။

❤9