V Tech Guide
7.11K subscribers
3.05K photos
5 videos
5 files
1.47K links
Download Telegram
5. ကိုယ်ပိုင် Brand တည်ဆောက်
Founderတော်တော်များများက Productကို သူ့ဟာနဲ့သူ အလိုလို ရောင်းထွက်မယ်လို့ ထင်ကြတယ်။
တကယ်တော့ ရောင်းထွက်ဖို့အတွက် Brandလိုတယ်။
ကိုယ်ပိုင် Brandရှိမယ်ဆိုရင်…
▪️Customer Acquisition Cost ပိုနည်းမယ်၊
▪️ Distribution ပိုလွယ်မယ်
▪️ Compounding Returns ရမယ်
Brand တည်ဆောက်ဖို့ဆိုရင် အခုချက်ချင်း content စလုပ်ဖို့ လိုတယ်။
6. Hormozi ရဲ့ CLOSER Framework
▪️ Clarify why they're here
▪️ Label their problem
▪️Overview past pain
▪️ Sell the solution
▪️ Explain away objections
▪️ Reinforce the decision
Saleပိုတိုး‌ချင်ရင် ဒီ Framework ကိုသုံး။
Entrepreneur တစ်ယောက်အနေနဲ့
သိရမယ့် အရေးကြီးတဲ့ စကားလုံးတစ်ခုရှိတယ်
“Never eat your first egg”
ကိုယ့်ရဲ့ ပထမဦးဆုံးရလာတဲ့ ကြက်ဥကို
ဘယ်တော့မှ မစားပါနဲ့
ဒါ ဘာကိုပြောချင်တာလဲဆိုတော့
ကိုယ့်ရဲ့ business ကနေ
ပထမဦးဆုံးရလာတဲ့ အသီးအပွင့်တွေကို
ဘယ်တော့မှ မခူးစားပါနဲ့
Entrepreneurship life မှာ
တစ်ခါတလေ အောင်မြင်မှုတွေ ရလာတယ်
အဲ့ဒီအချိန်မှာ self-control မရှိဘဲနဲ့
ကိုယ်လိုချင်တာတွေ ချက်ချင်းလုပ်လိုက်တာက
ပထမဦးဆုံးရလာတဲ့ ကြက်ဥကို
ချက်ချင်းဖောက်ပြီး စားလိုက်တာနဲ့ တူတူပဲ
အဲ့ဒီအစား ဒီကြက်ဥကနေ
ကြက်အကောင်လေးတွေ ပေါက်လာပြီး
အဲ့ဒီကြက်အကောင်လေးတွေကနေမှ
ကြက်ဥလေးတွေပြန်ဥပြီး
တဖြည်းဖြည်းနဲ့ ပွားများလာအောင် လုပ်ရမယ်
Robert Kiyosaki က ပြောဖူးတယ်
ဥပမာ ဒီလုပ်ငန်းကနေ
သိန်းတစ်ထောင်အမြတ်ရလာတယ်
ကိုယ်က သိန်းတစ်ထောင်တန်
ကားဝယ်လိုက်တာမျိုးမဟုတ်ဘဲ
ဒီသိန်းတစ်ထောင်ကို ပြန်ရင်းနှီးပြီး
Business တိုးချဲ့တာမျိုး၊ Invest လုပ်တာမျိုးလုပ်ပြီး
အဲ့ကနေမှ ထွက်လာတဲ့ အကျိုးအမြတ်ကို
တစ်စိတ်တစ်ပိုင်းသုံးပြီး ကိုယ်လိုချင်တာဝယ်တယ်
အဲ့မှာ အရေးကြီးတဲ့တစ်ချက်က
Marshmallow Test ပေါ့
Marshmallow Test ဆိုတာ
ကလေးတွေကို Marshmallow ပေးထားပြီး
နာရီဝက်အတွင်း မစားဘဲ နေနိုင်ရင်
နောက်နာရီဝက်နေရင် နှစ်ခုရမယ်လို့ ပြောတယ်
အချို့ကလေးတွေက ချက်ချင်းယူစားတယ်
အချို့က နည်းမျိုးစုံသုံးပြီး အောင့်အီးသည်းခံတယ်
နှစ် ၁၅-၂၀ ကြာတဲ့အချိန်မှာ
သည်းခံနိုင်ခဲ့တဲ့ ကလေးတွေက
Business owners တွေ၊ Entrepreneurs တွေ
နယ်ပယ်အသီးသီးမှာ အောင်မြင်နေတဲ့သူတွေ
ဖြစ်လာတာ တွေ့ရတယ်
Entrepreneurship life မှာ
Self-control ဆိုတဲ့အရာ
ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်တဲ့အရာ
အချို့အရာတွေကို စောင့်ဆိုင်းနိုင်တဲ့စွမ်းရည်
ဒါတွေက အရမ်းအရေးပါတဲ့ အရာတွေပဲ
Notion By Bhone
12
ချမ်းသာလာအောင်အရင်လုပ်မယ်
ပြီးရင် ကျန်းမာရေးကိုပြန်ဂရုစိုက်မယ်

ပြီးရင်ပျော်ရွှင်စွာနေထိုင်မယ်လို့
အများစုကတွေးကြတယ်

တကယ်တော့ ပျော်အောင်နေရမယ့်
အချိန်တွေက ဆေးတွေသောက်ရင်း
ချစ်တဲ့သူတွေလဲအနားမှာမရှိရင်
ဘယ်မှာသွားကောင်းတော့မလဲ

အဲတာ့ စိတ်ကိုပျော်ရွှင်အောင် အရင်ထား
ဒါဆို ကျန်းမာရေးလဲကောင်းမယ်

ပျော်ရွင်ကျန်းမာနေရင် အဲ့ဒါ
ချမ်းသာမှုအစစ်ပဲမဟုတ်လား
13👍4
၂၀၂၅ သင်ခန်းစာ ၂၅ ခု

၁။ ကိုယ်နေထိုင်တဲ့နေရာက
ကိုယ့်အလုပ်၊ ဘဝနဲ့ သဟဇာတဖြစ်ဖို့လိုတယ်။
နေရာကို သေချာရွေး

၂။ အနာဂတ်အတွက် ရွေးချယ်စရာရှိနေဖို့လိုတယ်။
ဥပမာ PR သို့ ဝင်ငွေလမ်းကြောင်း သို့ ဝန်ထမ်း
ရွေးချယ်မှုရှိထားခြင်းသည် မရှိခြင်းထက်ပိုကောင်းတယ်။

၃။ ရှိထားတဲ့ဝင်ငွေကို တိုးပွါးဖို့
တခြားသူကိုပဲ အားကိုးလို့မရဘူး။
ကိုယ်တိုင် စဉ်းစားအားထုတ်ဖို့လိုတယ်။
Cash flow ပုံမှန်ဝင်ငွေကိုပဲ အလေးထားတာအပြင်
Capital Gain အတွက် အချိန်တစ်ခုပေးဖို့လိုတယ်။

၄။ ခေတ်စားနေတဲ့အရာတွေက
ငွေရှာတော့မယ်ဆိုရင် ဂရုစိုက်ပါ။
နောက်ဆုံး မလိုချင်တဲ့အထုတ်ပိုက်မိနိုင်တာ
ကိုယ်ဖြစ်နိုင်တယ်။

၅။ တိုးတက်မှုမရှိတဲ့အလုပ် မလုပ်ပါနဲ့။
စမ်းသပ်မှုတွေက တိုးတက်မှုကိုဖြစ်စေတယ်။
စမ်းသပ်မှု၊ သင်ယူမှုကနေ
လောကနားလည်မှုကို မြင့်တင်ပါ။

၆။ တန်ရာတန်ကြေးယူဖို့ မကြောက်ပါနဲ့။
အကောင်းဆုံးပေးပါ။
အကောင်းဆုံးလဲ ပြန်ယူပါ။​

၇။ အခွင့်အရေးလာတဲ့အခါ အားကုန်ထုတ်ပြီး
ဒီတစ်ခုကို ဝုန်းပါ။
တခြားအလုပ်တွေနဲ့ ဗျာမများပါနဲ့။

၈။ ကိုယ်နဲ့ ကီးကိုက်တဲ့သူတွေနဲ့ပဲ အလုပ်လုပ်ပါ။
ကိုယ့်ရည်ရွယ်ချက် အထောက်အပံ့မပြုနိုင်တဲ့
လူ၊ နေရာ၊ အိုင်ဒီယာအတွက် အချိန်ကုန်မခံပါနဲ့။

၉။ စေတနာနဲ့မအုပ်ချုပ်နဲ့။
အပေးအယူနဲ့ အုပ်ချုပ်။

၁၀။ လောကမှာ ကိုယ်မသိသေးတဲ့အရာတွေအများကြီး။
မသိသေးတာကို မျက်စိမှိတ်ဇွတ်ယုံပြီး
ပုံမအောပါနဲ့။
overcommit မလုပ်ပါနဲ့။
နားလည်အောင် အရင်လုပ်ပါ။

၁၁။ ကိုယ့်ဘဝရဲ့ life strategy,
Professional နဲ့ business strategy,
Wealth-building strategy ဒီအတိုင်းပဲသွားပါ။
စမ်းကြည့်ချင်ရင်လဲ ကန့်သတ်ထားပါ။

၁၂။ Outsourcing team တွေကို အသုံးပြုရမှာမကြောက်နဲ့။
သူတို့နဲ့အလုပ်လုပ်မယ်၊ ကိုယ့်နာမည်အသုံးချပြီး
တခြားလုပ်ငန်းရှာမှာ စိတ်မပူနဲ့။
စမ်းကြည့်လို့ရတယ်။

၁၃။ မပေးနိုင်တဲ့သူဆီက မျှော်လင့်ချက်မထားနဲ့။
တခါတလေ အဖေ၊ အမေ၊ မောင်နှမကို
အကောင်းဆုံးဖြစ်စေချင်တယ်။
ဒါပေမယ့် သူတို့အနေနဲ့ ကိုယ်မျှော်လင့်ထားသလို
မဖြစ်နိုင်ဘူးဆိုရင် စိတ်ညစ်ရလိမ့်မယ်။
မွေးကတည်းက အမျိုးတော်ထားတဲ့အတွက်
ဆွေမျိုးလဲ ဖြတ်လို့မရဘူး။
အကောင်းဆုံးက ဘာမျှော်လင့်ချက်မှမထားနဲ့။
ဘဝအမြင်နဲ့သူပဲ။

၁၄။ ကံကအမြဲကောင်းနေမှာ မဟုတ်သလို၊
ကံကအမြဲဆိုးနေမှာလဲမဟုတ်ဘူး။
ဥပက္ခာတရားလက်ကိုက်ထားပါ။

၁၅။ ကိုယ်နဲ့အဆင်အပြေဆုံးနည်းလမ်းက
အကောင်းဆုံးနည်းလမ်းပဲ။
တခြားသူတွေရဲ့ best practice နဲ့
ကိုယ့်ရဲ့ best practice နဲ့တူမှာမဟုတ်ဘူး။
ကိုယ့်အထာနဲ့ကိုယ်သွားလို့ရတယ်။
မတူလို့ ကိုယ်မှားနေတာမဟုတ်ဘူး။

၁၆။ မနက်ဖြန်ကို မနေ့ကမျက်လုံးတွေနဲ့ကြည့်လို့
မြင်နိုင်မှာ မဟုတ်ဘူး။
အတွေးသစ်၊ အမြင်သစ်တွေလိုတယ်။

၁၇။ ပိုက်ဆံမက်တာ ရှက်စရာမဟုတ်ပါ။

၁၈။ လုပ်တဲ့အလုပ်ချင်းတူနိုင်ပေမယ့်
ရည်ရွယ်ချက်ချင်းတူချင်မှတူမယ်။
ကိုယ်အလုပ်လုပ်တဲ့ ရည်ရွယ်ချက်
ရှင်းရှင်းလင်းလင်းသိထားဖို့လိုတယ်။

၁၉။ ရည်မှန်းချက်ရှိပြီး
ကိုယ်တိုင်ဖြစ်ဖြစ်မြောက်မြောက်
ဘာမှမရှိထားသူက
ကိုယ့်ဘဝကိုယ်မကျေနပ်ဘူး။
ကိုယ့်ဘဝကိုယ်မကျေနပ်သူက
သူများဘဝလဲ မကျေနပ်ဘူး။
ဘဝမှာ အေးချမ်းတဲ့သူ၊
လိုချင်တာရထားသူက
သူ့ဘဝသူကျေနပ်တယ်။​
ကိုယ့်ဘဝ အုံ့ပုံးစိတ်တိုင်းမကျသူတွေကိုရှောင်။

၂၀။ ဂိမ်းတစ်ခု မကစားခင်
ဂိမ်းကို နားလည်အောင်အရင်လုပ်။
ဖြစ်နိုင်ရင် ကိုယ့်ဂိမ်းကိုယ်ဖန်တီးနိုင်ရင်
အကောင်းဆုံးပဲ။
အလုပ်၊ စီးပွါး၊ ဘဝ အတူတူပဲ။

၂၁။ တစ်နှစ်တစ်ခါ မတူတဲ့နေရာမှာ
နေကြည့်ပါ။
Living is learning ပါပဲ။

၂၂။ ကိုယ့်ရဲ့မသိစိတ်ရဲ့အစွမ်းကို
လျော့မတွက်ပါနဲ့။
Intuition မှာ ပါဝါတွေရှိတယ်။
ဒေတာ logic လောဂျစ်အမြင်
Intuition power ကိုပါအသုံးပြုပါ။

၂၃။ လုပ်နေကျအလုပ်တွေနဲ့ပဲ
မရှုပ်နေစေပါနဲ့။
လုပ်ငန်းရှင်တစ်ယောက်က
အချိန်အားနေမှ ပိုကောင်းတာတွေကို
စဉ်းစားနိုင်မှာ။

၂၄။ အေအိုင်ကို ဘဝထဲမှာ
သုံးနိုင်သမျှ အကုန်သုံးပါ။​
ခေတ်၊ စနစ်၊ စကေးမှာ
အေအိုင်နဲ့ robotics ကိုအသုံးချနိုင်မှုက
အရေးကြီးတဲ့ စကေးပါ။
တပြိုင်တည်းမှာ စာလဲဖတ်။
စာဖတ်တာနဲ့ အေအိုင်ကိုမေးတာမတူဘူး။
မသိသေးတဲ့ အကြောင်းအရာ၊
မမြင်တဲ့ရှုထောင့်က
စာဖတ်ရင်း အများကြီးသိနိုင်တယ်။

၂၅။ နည်းလမ်းကောင်းတွေအများကြီးရှိတယ်။
လိုချင်တာရဖို့လဲ မခက်ဘူး။
အလုပ်ဖြစ်တဲ့ အိုင်ဒီယာပဲလိုတယ်။​

Phyo Paing @ Derek
9👍2🔥1
🚨 Online ကနေ ငွေမလွှဲခင် ၁ မိနစ်လောက် အချိန်ပေးပြီး ဒါလေးအရင်စစ်ပါ

Online ကနေ ဈေးဝယ်တာပဲဖြစ်ဖြစ်၊ ငွေရေးကြေးရေး ကိစ္စတွေ ပြောဆိုပြီး ငွေလွှဲခိုင်းတာပဲဖြစ်ဖြစ် ကိုယ်လွှဲလိုက်မယ့် ဖုန်းနံပါတ်ပိုင်ရှင်က ယုံကြည်ရသူလား (သို့) Scammer (လူလိမ်) လားဆိုတာ ခွဲခြားရခက်နေလား?

"Trust Check" မှာ အလွယ်တကူ ဝင်စစ်လို့ရနေပါပြီ။

အသုံးပြုရတာ ရိုးရှင်းပါတယ်။

(၁) https://checker.thanlar.com/ ကို ဝင်လိုက်ပါ။

(၂) သံသယရှိတဲ့ ဖုန်းနံပါတ်ကို ရိုက်ထည့်ပြီး "စစ်ဆေးမည်" ကို နှိပ်လိုက်တာနဲ့ Scammer စာရင်းဝင် ဟုတ်/မဟုတ် ချက်ချင်း သိနိုင်မှာပါ။

🛡️ ကိုယ်တိုင်လည်း ကူညီလို့ရတယ်

တကယ်လို့ ကိုယ်ရှာတဲ့နံပါတ်က Record မရှိသေးဘူး၊ ဒါပေမဲ့ ကိုယ်တိုင်လိမ်ခံထားရတဲ့ သက်သေအထောက်အထား (Screenshot, Chat history) ရှိတယ်ဆိုရင်လည်း ဒီ Web App မှာပဲ "Report a Number" လုပ်ပြီး တိုင်ကြားနိုင်ပါတယ်။

Admin Team ကနေ သေချာစိစစ်ပြီးမှ Database ထဲကို ထည့်သွင်းပေးသွားမှာ ဖြစ်တဲ့အတွက် အချက်အလက်တွေက တိကျခိုင်မာမှု ရှိပါတယ်။

မိမိရဲ့ ချွေးနည်းစာ ငွေကြေးတွေ မဆုံးရှုံးရလေအောင် သူငယ်ချင်း မိတ်ဆွေတွေကိုပါ ဒီ Link လေး မျှဝေပေးလိုက်ကြပါဦးဗျ။

🔗 : https://checker.thanlar.com/

#TrustCheck #ScamAlert #MyanmarOnlineShop #SafetyFirst #ScammerCheck
2👍2
1
ကိုယ့်မှာရှိတာတွေ အကုန်ရင်းနှီးပြီး ကိုယ်လိုချင်တာက်ိ ရအောင်၊ ကိုယ်ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ဖို ကြိုးစားပါ။ မဟုတ်ရင် လိုချင်တာကို ရအောင်လုပ်နေတဲ့ အခြားသူတစ်ယောက်စီမှာပဲ တစ်သက်လုံး အလုပ်လုပ်သွားရပါလိမ့်မယ်။
👍1
အင်အားကြီးတဲ့သူနဲ့ ရင်ဆိုင်ရပီဆိုရင်
======================
မိမိရဲ့ ဒေသမှာရော အခြားဒေသမှာပါ အခြေချ နေထိုင်တဲ့အခါ မိမိထက် အင်အားကြီးမားတဲ့ လူ သို့မဟုတ် လူ့အဖွဲ့အစည်းနဲ့ ပဋိပက္ခ မဖြစ်အောင် ကြိုးစားရတယ် ။ အဲဒီလို လူ သို့မဟုတ် လူ့အဖွဲ့အစည်း နဲ့ ပဋိပက္ခ ဖြစ်ခဲ့လျင် အနိုင်ဆိုတာကို မျော်လင့်လို့မရဘဲ အရှုံးနဲ့ အဆုံးသတ်ရလေ့ရှိတယ် ။
ဥပမာ....
မိမိနေထိုင်တဲ့ ရပ်ကွက်က လူမိုက်အုပ်စုနဲ့ ရန်ဖြစ်ပီ ဆိုပါစို့ ဖြစ်နိုင်ခြေကို တွေးလို့ရတယ် ။
၁။ သွားလာနေထိုင်သည့် အချိန်တိုင်းမှာ မိမိရဲ့ လုံခြုံရေးကို အထူးသတိပြုနေရသဖြင့် မိမိရဲ့ လွတ်လပ်ခွင့်ဟာ တဖြည်းဖြည်း ကုန်ဆုံးသွားသလို ခံစားချက်မျိုး ရရှိနိုင်တယ် ။
၂။ မိမိ လက်ဦးမှုယူ၍ လက်တုန့်ပြန်ရင်လည်း ဥပဒေအရ အရေးယူခံရ၍ ဘဝတစ်ခုလုံး ထောင်ထဲမှာ ကုန်ဆုံးရနိုင်တယ် ။
၃။ မိမိ လုံခြုံစိတ်ချရတဲ့ နေရာတစ်ခုကို ပြောင်းရွေ့သွားဖို့ တွေးမိတယ်ဆိုရင် ရန်သူကို အရှုံးပေးတယ်ဆိုတဲ့ ခံစားချက်မျိုး ရရှိလာမယ် ။
(ဘဝကို အပျက်ခံမလား ၊ အရှုံးနဲ့ ထွက်သွားမလား ဒီနှစ်ချက်ပဲ ရှိမယ်)
ကျနော် ထိုင်ဝမ်နိုင်ငံရဲ့ နေရာက တွေးကြည့်မိတယ် ။ သူ့အတွက် တရုတ်နိုင်ငံထဲက သီးခြားအုပ်ချုပ်ခွင့်ရ နိုင်ငံတစ်နိုင်ငံအဖြစ် နေထိုင်တာက အကောင်းဆုံးလို့ ယူဆမိတယ် ။ ခွဲထွက်ဖို့ ကြိုးစားရင်....
၁။ မိမိအား စစ်ရေးအရ ကူညီနိုင်မည့် နိုင်ငံတွေကို မျက်နှာချိုသွေးရမယ် ။
၂။ တရုတ်နိုင်ငံကို ထိုင်ဝမ်နိုင်ငံက အနိုင်တိုက်ဖို့ဆိုတာကလည်း တစ်ရာခိုင်နှုံးပင် မျော်လင့်ချက် မရှိ (အလွယ်တကူ မရှုံးနိုင်အောင် ခုခံစစ်ထက် ပိုပြီး မလုပ်နိုင်) ။
၃။ စစ်ဖြစ်နိုင်ခြေ ရာခိုင်နှုံး မြင့်လာလေလေ နိုင်ငံရဲ့ စစ်အသုံးစရိတ်ကို မြှင့်ရလေလေမို့ နိုင်ငံရဲ့ စီးပွားရေး ချွတ်ခြုံကျမယ် ။
၄။ နိုင်ငံအတွင်းက သူဌေးသူကြွယ်တွေရဲ့ ပိုင်ဆိုင်မှုများကို ထုတ်ယူပီး နိုင်ငံတကာက စိတ်ချရတဲ့ ဘဏ်များမှာ အပ်နှံကြမယ် ။
နိဂုံးချုပ်ရရင်....
မိမိထက် ကြီးမားတဲ့ လူ သို့မဟုတ် လူ့အဖွဲ့အစည်း သို့မဟုတ် နိုင်ငံနဲ့ စစ်ဖြစ်ခြင်းဖြင့် အကျိုးမဲ့ကိုသာ ဖြစ်စေနိုင်တယ် (ယူကရိန်း နိုင်ငံကို လေ့လာကြည့်ပါ) ။ အထူးသတိပြုမိတာက စည်းဝိုင်းထဲမှာ အင်အားကြီးတဲ့ ရန်သူကို ယှဥ်ပြိုင်နေတဲ့ လူထက် အပြင်ဘက်က လက်ခုပ်လက်ဝါးတီးပြီး အားပေးကြတဲ့ လူတွေက ပိုတက်ကြွနေတယ် ဆိုတာပါဘဲ ။ လက်ခုပ်လက်ဝါး တီးပေးတိုင်း အားပေးတာမျိုး ဟုတ် မဟုတ် တွေးစရာတွေလည်း ရှိနေဦးမယ် ။ ကျုပ်ရဲ့ ဘဝ အတွေ့အကြုံအရ ဆင်ခြင်မိတာလေးကို ရေးမိတာပါ ။ အဝေးရောက် လူငယ်တွေ ဆင်ခြင်နိုင်ကြစေဖို့....
အားလုံးကို အစဥ်လေးစားလျက်
👍2🥰1
အောင်မြင်တဲ့သူတွေကို
လေ့လာမယ်ဆို ဘာတွေရလဲမကြည့်နဲ့

ဘာတွေပစ်ချ ထားပြီးတော့
ဘာတွေ စတေးခဲ့လဲ မြင်အောင်ကြည့်

အရင်အနေအထားကနေလွတ်ပြီး
ပိုကောင်းတဲ့နေရာရောက်ဖိုဆိုတာ

ပစ်ချထားခဲ့တဲ့ အရာတွေ
စတေးခဲ့တဲ့အရာတွေရှိကိုရှိတယ်။
👍11
မိုးစက်ကလေး တစ်စက်ကို လက်ဝါးပေါ် တင်ကြည့်ဖူးလား၊အဲဒီ ရေစက်ကလေးက ပေါ့ပါးလွန်းလို့ သူ့မှာ ဘာအင်အားမှ မရှိဘူးလို့ ကျွန်တော်တို့ ထင်မိတတ်ကြတယ်။ လေတစ်ချက်ဝှေ့လိုက်ရင်တောင် ပျောက်ကွယ်သွားနိုင်တဲ့ အရာလေးပေါ့။
ဒါပေမဲ့ အဲဒီ ရေစက်ကလေးတွေသာ တစ်စက်ပြီး တစ်စက်၊ တစ်နေရာတည်းကို အကြိမ်ကြိမ်အခါခါ ကျဆင်းနေမယ်ဆိုရင်ရော။
ကမ္ဘာပေါ်မှာ အမာကျောဆုံးဆိုတဲ့ ကျောက်ဆောင်ကြီးတွေတောင်မှ အဲဒီ နူးညံ့တဲ့ ရေစက်ကလေးတွေရဲ့ လက်ချက်နဲ့ အပေါက်ကြီးတွေ ဖြစ်သွားခဲ့ရတာ သင်မြင်ဖူးမှာပါ။
ဒါဟာ "The Law of Little Things" ပါပဲ။ ကျွန်တော်တို့ လူသားတွေက ရလဒ်ကြီးတွေကိုပဲ မျှော်ကိုးတတ်ကြတယ်။
"ဒီနေ့ စာအုပ်တစ်အုပ်လုံး ဖတ်လိုက်မယ်"၊ "ဒီလပဲ ပိုက်ဆံ သိန်းရာချီ ရှာပစ်မယ်"၊ "တစ်ပတ်အတွင်း ဝိတ် ၁၀ ပေါင်ချမယ်" ဆိုတဲ့ စိတ်ကူးတွေနဲ့ပေါ့။
ဒါပေမဲ့ အဲဒီလို ကြီးမားတဲ့ ရည်မှန်းချက်တွေရဲ့ နောက်ကွယ်မှာ အရေးအကြီးဆုံး အရာတစ်ခုကို မေ့နေတတ်ကြတယ်။ အဲဒါကတော့ "နေ့စဉ် လုပ်ဆောင်ရမယ့် သေးငယ်သော အလေ့အကျင့်လေးများ" ဖြစ်ပါတယ်။
အလေ့အကျင့် ဆိုတာ ရေစက်နဲ့ တူပါတယ်။
ဒီနေ့ စာတစ်မျက်နှာ ဖတ်လိုက်ရုံနဲ့ သင် ပညာရှိ ဖြစ်မလာနိုင်ပါဘူး။ ဒီနေ့ gym ကစားလိုက်ရုံနဲ့ သင့်ဗိုက်ခေါက်တွေ ပျောက်သွားမှာ မဟုတ်ပါဘူး။ ရေတစ်စက် ကျရုံနဲ့ ကျောက်တုံးကြီး ပေါက်မသွားသလိုပေါ့။
ဒါပေမဲ့ နေ့စဉ် စာတစ်မျက်နှာ ဖတ်ခြင်းက တစ်နှစ်နေတဲ့အခါ သင့်အတွေးအခေါ်ကို ပြောင်းလဲစေပါလိမ့်မယ်။ နေ့စဉ် ကျန်းမာရေးနဲ့ ညီညွတ်တာ တစ်ခုခု စားခြင်းက နှစ်အနည်းငယ် ကြာတဲ့အခါ သင့်ကို ရောဂါဘယ ကင်းဝေးစေပါလိမ့်မယ်။
ကျောက်ဆောင်ကို ထွင်းဖောက်နိုင်တာဟာ ရေရဲ့ ပြင်းထန်မှုကြောင့် မဟုတ်ပါဘူး။ ရေရဲ့ ဇွဲ (Consistency) ကြောင့်သာ ဖြစ်ပါတယ်။ အလေ့အကျင့်ဆိုတာလည်း ထိုနည်းလည်းကောင်းပါပဲ။
သင် ဘယ်လောက် ပြင်းပြင်းထန်ထန် လုပ်နိုင်သလဲဆိုတာထက်၊ သင် ဘယ်လောက် ကြာကြာ ဆက်လုပ်နိုင်သလဲ ဆိုတာက ပိုအရေးကြီးပါတယ်။
သင့်ဘဝဆိုတာ ရေကန်ကြီး တစ်ခုဆိုရင် သင့်ရဲ့ နေ့စဉ် အပြုအမူတွေက ရေစက်ကလေးတွေပါ။ ကောင်းတဲ့ ရေစက်တွေ ဖြည့်မလား၊ မကောင်းတဲ့ ရေစက်တွေ ဖြည့်မလားဆိုတာ သင့်ရွေးချယ်မှုပါပဲ။ သတိထားပါ။ မကောင်းတဲ့ အလေ့အကျင့် သေးသေးလေးတွေကလည်း ရေစက်တွေလိုပါပဲ။ သတိမထားမိလိုက်ခင်မှာပဲ သင့်ဘဝကို လွှမ်းမိုးသွားပြီး နစ်မွန်းသွားစေနိုင်ပါတယ်။
ဒါကြောင့် မိတ်ဆွေ ဒီနေ့ သင်လုပ်လိုက်တဲ့ အရာလေးတွေကို အထင်မသေးလိုက်ပါနဲ့။ ဒီလောက်လေး လုပ်ရုံနဲ့ ဘာထူးမှာလဲ လို့ တွေးမယ့်အစား ဒီရေစက်ကလေးက တချိန်မှာ ကျောက်ဆောင်ကို ဖောက်ထွင်းပစ်လိမ့်မယ်လို့ ယုံကြည်လိုက်ပါ။
အကြီးကြီးတွေ ဖြစ်လာဖို့၊ အသေးအမွှားလေးတွေကနေ စတင်ရတာပါ။ သင့်ရဲ့ ရေစက်ကလေးတွေကို ဒီနေ့ပဲ စတင် စုစည်းလိုက်ပါ။
7
AI ကြောင့်အလုပ်အကိုင်တွေရှားပါလာနိုင်လား?

မနက်ဖြန်ကျရင် ငါ့အလုပ်ကို စက်ရုပ်တစ်ရုပ် ဒါမှမဟုတ် AI တစ်ခုက အစားထိုးသွားမလားဆိုတဲ့ အတွေးမျိုး ခင်ဗျားတို့ ခေါင်းထဲမှာ တစ်ခါလောက်ဖြစ်ဖြစ် ဝင်ဖူးကြလား။ အခုနောက်ပိုင်း ChatGPT တို့၊ Midjourney တို့လို AI နည်းပညာတွေ အရှိန်အဟုန်နဲ့ တိုးတက်လာတာကို မြင်ပြီး လူတော်တော်များများက ကိုယ့်ရဲ့ အလုပ်အကိုင် အနာဂတ်အတွက် စိုးရိမ်စိတ်တွေ ဖြစ်နေကြတာပါ။ တကယ်တော့ ဒီလို အပြောင်းအလဲမျိုးက ကျွန်တော်တို့ သမိုင်းတစ်လျှောက်မှာ အကြိမ်ကြိမ် ကြုံခဲ့ဖူးတဲ့ ဖြစ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။

အရင်တုန်းက စက်မှုတော်လှန်ရေးတွေ စပေါ်လာတုန်းကလည်း စက်ကိရိယာတွေကြောင့် လူတွေ အလုပ်လက်မဲ့ ဖြစ်ကုန်တော့မယ်ဆိုပြီး အကြီးအကျယ် ထိတ်လန့်ခဲ့ကြဖူးပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ အလုပ်အကိုင် ဟောင်းအချို့ ပျောက်ကွယ်သွားတဲ့အပြင် အရင်က မရှိခဲ့ဖူးတဲ့ အလုပ်အကိုင်သစ်တွေ အများကြီး ပေါ်ထွက်လာခဲ့တာပါ။ အခု AI ခေတ်ကလည်း အဲဒီလို အလှည့်အပြောင်းတစ်ခု ဖြစ်နေပါတယ်။ ဒေတာတွေ အများကြီးကို ခွဲခြမ်းစိတ်ဖြာရတာ၊ ပုံသေကားချပ်အတိုင်း လုပ်ရတဲ့ အလုပ်မျိုးတွေမှာတော့ AI က လူတွေထက် ပိုမြန်၊ ပိုတိကျနေတာ ငြင်းလို့မရပါဘူး။ ဒီတော့ အဲဒီနယ်ပယ်တွေမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းပါးသွားတာမျိုး ရှိနိုင်ပါတယ်။

ဒါပေမဲ့ တစ်ဖက်မှာ ပြန်ကြည့်မယ်ဆိုရင် AI ဆိုတာက လူသားတွေရဲ့ ဉာဏ်ရည်ကို အစားထိုးဖို့ထက် ကျွန်တော်တို့ရဲ့ လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပေးမယ့် ကိရိယာတစ်ခု ဖြစ်နေလို့ပါ။ AI က ပုံတစ်ပုံကို စက္ကန့်ပိုင်းအတွင်း ဆွဲပေးနိုင်ပေမဲ့ ဘယ်လိုပုံမျိုး ဆွဲရမလဲဆိုတဲ့ စိတ်ကူးစိတ်သန်းနဲ့ ဖန်တီးမှုအပိုင်းမှာတော့ လူသားတွေရဲ့ ခံစားချက်နဲ့ ဆုံးဖြတ်ချက်က အဓိက ကျနေတုန်းပါပဲ။ ဒါကြောင့် အလုပ်ရှားသွားပြီလားလို့ မေးရင် အလုပ်တွေက ပျောက်ကွယ်သွားတာထက် ပုံစံပြောင်းသွားတာလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။

ကျွန်တော်တို့ သတိထားရမှာက AI က လူကို အစားထိုးတာထက်၊ AI ကို ကျွမ်းကျင်စွာ အသုံးချတတ်တဲ့ လူက AI ကို မသုံးတတ်တဲ့လူကို အစားထိုးသွားတာမျိုး ဖြစ်လာနိုင်တာပါ။ အရင်က နာရီပေါင်းများစွာ အချိန်ပေးရတဲ့ အလုပ်တွေကို အခုဆိုရင် AI ရဲ့ အကူအညီနဲ့ မိနစ်ပိုင်းအတွင်း ပြီးအောင် လုပ်နိုင်နေပါပြီ။ ဒါက ကျွန်တော်တို့အတွက် ပိုပြီး တီထွင်ဆန်းသစ်တဲ့ အလုပ်တွေကို အာရုံစိုက်ဖို့ အချိန်တွေ ပိုထွက်လာစေတာပါ။

ဒီတော့ အလုပ်ရှားမှာကို ကြောက်နေမယ့်အစား ဒီခေတ်သစ်ရဲ့ လှိုင်းလုံးကြီးပေါ်မှာ ဘယ်လိုစီးမျောမလဲဆိုတာကိုပဲ ကျွန်တော်တို့ အာရုံစိုက်ရပါမယ်။ အခုအချိန်ဟာ ကိုယ့်ရဲ့ အရည်အချင်းတွေကို အဆင့်မြှင့်တင်ရမယ့် Upskilling ခေတ်ဖြစ်နေပါပြီ။ နည်းပညာသစ်တွေကို လေ့လာမယ်၊ AI ကို ကိုယ့်ရဲ့ လက်တွဲဖော်အဖြစ် အသုံးချတတ်အောင် ကြိုးစားမယ်ဆိုရင်တော့ အလုပ်အကိုင် ရှားပါးတာထက် အခွင့်အလမ်းသစ်တွေ ပိုပြီး ပေါများလာမှာ အသေအချာပါပဲ။ အပြောင်းအလဲဆိုတာ အမြဲတမ်း ကြောက်စရာကောင်းတတ်ပေမဲ့ အဲဒီနောက်မှာ အမြဲတမ်း တိုးတက်မှုတွေ ရှိနေတတ်တာမို့လို့ ခေတ်နဲ့အညီ လိုက်ပါပြောင်းလဲနိုင်ဖို့က အရေးကြီးဆုံး ပါပ။
👍43
လေမုန်တိုင်း ဘယ်လောက်တိုက်တိုက် မပြိုလဲတဲ့ သစ်ပင်ကြီးတစ်ပင်ကို မော့ကြည့်ဖူးလား။ လူတွေက အဲဒီသစ်ပင်ရဲ့ စိမ်းလန်းတဲ့ အရွက်တွေ၊ လှပတဲ့ အပွင့်တွေ၊ ကြီးမားတဲ့ ပင်စည်ကိုပဲ ကြည့်ပြီး ချီးကျူးတတ်ကြတယ်။
"ဟာ ဒီအပင်ကြီးက သန်လိုက်တာ၊ လှလိုက်တာ" ပေါ့။
ဒါပေမဲ့ အဲဒီသစ်ပင်ကြီးကို တကယ်တမ်း မပြိုလဲအောင် ထောက်မပေးထားတာ ဘာလဲဆိုတော့ မြေကြီးအောက်ထဲမှာ တိတ်တဆိတ် ရှင်သန်နေတဲ့၊ ဘယ်သူမှ မမြင်ရတဲ့ "အမြစ်" တွေပါပဲ။
အမြစ်တွေဟာ နေရောင်ခြည်ကို မရဘူး။ လူတွေရဲ့ ချီးကျူးမှုကို မခံရဘူး။ အမှောင်ထဲမှာ၊ ရွှံ့နွံတွေကြားမှာ၊ ကျောက်ခဲတွေကြားမှာ ခက်ခက်ခဲခဲ တိုးဝှေ့ပြီး ရေရှာရတယ်။ အာဟာရ ရှာရတယ်။
သူတို့က အလုပ်မလုပ်ဘဲ နေလိုက်ရင်အပေါ်က သစ်ပင်ကြီး တစ်ခုလုံး ပြိုလဲသွားမှာပါ။ သင့်ဘဝမှာလည်း ဒီလိုပါပဲ။
ညဘက်တွေ အိပ်ရေးပျက်ခံပြီး ကြိုးစားနေတာတွေ၊ ဘယ်သူမှ မသိအောင် ကျခဲ့ရတဲ့ မျက်ရည်တွေ၊ အဆင်မပြေမှုတွေကို တစ်ယောက်တည်း ကြိတ်မှိတ်သည်းခံနေတာတွေ.
ဒါတွေအားလုံးက သင့်ရဲ့ "အမြစ်" တွေပါပဲ။
လက်ရှိအချိန်မှာ သင့်ကြိုးစားမှုတွေကို ဘယ်သူမှ အသိအမှတ် မပြုသေးဘူးဆိုရင် ဝမ်းမနည်းပါနဲ့။
သင်ဟာ မြေအောက်မှာ အမြစ်တွယ်နေတဲ့ အချိန်ကာလကို ရောက်နေလို့ပါ။
အမြစ်တွေ ခိုင်မာအောင် အရင်ဆောက်တည်ပါ။ အောက်ခြေခိုင်မှ အပေါ်ကို မြင့်မြင့်တက်လို့ ရမှာပါ။ ဝါးပင်တွေဟာ မြေကြီးပေါ် အညှောက်ထွက်လာဖို့ ၅ နှစ်လောက် ကြာတတ်ပါတယ်။ ဒါပေမဲ့ အညှောက်ထွက်ပြီးတာနဲ့ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပဲ ပေပေါင်းများစွာ ထိုးတက်သွားပါတယ်။
အဲဒီ ၅ နှစ်လုံး သူဘာလုပ်နေလဲ။ မြေကြီးအောက်မှာ အမြစ်တွေ ရှည်သထက်ရှည်အောင် ဖြန့်ကျက်နေတာပါ။
ဒါကြောင့် ဒီနေ့ ပင်ပန်းနေတယ်ဆိုတာမနက်ဖြန်မှာ သန်မာဖို့အတွက်ပါ။
အမှောင်ထဲမှာ ကြိုးစားနေရတယ်ဆိုတာ တစ်နေ့ အလင်းရောင်အောက်မှာ တောက်ပဖို့အတွက်ပါ။အဆောက်အဦးတစ်ခုမှာ အရေးကြီးဆုံးအပိုင်းက ဖောင်ဒေးရှင်း ပါ။ ဒါပေမဲ့ အဆောက်အဦးပြီးသွားရင် ဖောင်ဒေးရှင်းကို ဘယ်သူမှ မမြင်ရတော့ပါဘူး။ သူများမမြင်ရတဲ့ သင့်ရဲ့ ကြိုးစားမှုတွေအတွက် ဂုဏ်ယူပါ။ အဲဒါတွေကသာ သင့်
အောင်မြင်မှုကို ထာဝရ ခိုင်မြဲစေမှာပါ။
3
အမျိုးသားတိုင်း ၂၀၂၆ ခရီး အစ မှာဖတ်ပါ ၊
"နှစ်သစ်တစ်ခုကို ရောက်လာတိုင်း ပန်းတိုင်တွေအများကြီး ချမှတ်ကြပေမဲ့ ဘာလို့ တကယ်တမ်း မအောင်မြင်ကြတာလဲ?" 🤔
အဖြေက ရိုးရိုးလေးပါပဲ။ ညီကိုတို့ဆီမှာ ခိုင်မာတဲ့ ကိုယ်ပိုင်စည်းကမ်းတွေ မရှိလို့ပါ။ စမတ်ကျတဲ့ အမျိုးသားတစ်ယောက်ဖြစ်ဖို့ဆိုတာ ဝတ်စားတာတင်မကဘဲ အတွေးအခေါ်နဲ့ နေထိုင်မှုပုံစံပါ မြင့်မားနေဖို့ လိုပါတယ်။ ၂၀၂၆ ခုနှစ်မှာ ညီကို့ဘဝကို အဆင့်မြှင့်တင်ပေးမယ့် စည်းကမ်း (၃၀) ကို MGBCY ကနေ ဝေမျှပေးလိုက်ပါတယ်...
🔺 ကိုယ့်ကိုယ်ကို ပေးထားတဲ့ ကတိတွေကို တည်အောင်လုပ်ပါ။ (စကားထက် လုပ်ရပ်က ပိုအရေးကြီးတယ်)
🔺 အားစိုက်ထုတ်မှုထက် မှန်မှန်ကန်ကန် ဆက်တိုက်လုပ်ဆောင်နေဖို့က ပိုအရေးကြီးပါတယ်။
🔺 Social Media ပေါ်မှာ အချိန်မဖြုန်းပါနဲ့။
🔺 အဆင်သင့်ဖြစ်အောင် စောင့်မနေပါနဲ့၊ ခုချက်ချင်း စလုပ်ပါ။
🔺 မေးခွန်းကောင်းကောင်းမေးပါ၊ အဖြေကောင်းကောင်း ရပါလိမ့်မယ်။ (မသိရင် မေးဖို့ မရှက်ပါနဲ့)
🔺 Motivation ထက် ခိုင်မာတဲ့ System ကို တည်ဆောက်ပါ။
🔺 ညီကိုတို့ရဲ့ အလေ့အကျင့်တွေက ညီကိုတို့ မည်သူမည်ဝါဖြစ်ကြောင်းကို သတ်မှတ်ပေးပါတယ်။
🔺 အများကြီး လျှောက်မလုပ်ပါနဲ့၊ လုပ်သမျှကိုတော့ အကောင်းဆုံးဖြစ်အောင် အပြည့်အဝလုပ်ပါ။
🔺 ကိုယ့်ရဲ့ ကိုယ်ပိုင်စည်းမျဉ်းတွေကို ဘယ်သူနဲ့မှ ညှိနှိုင်းမနေပါနဲ့။(အားနာတတ်တာတွေလျှော့ပါ)
🔺 ခဏတာ ပျော်ရွှင်မှုကို မကြည့်ဘဲ ရေရှည်အကျိုးကျေးဇူးကို ရွေးချယ်ပါ။
🔺 ညီကိုရဲ့ စိတ်အေးချမ်းမှုကို ထိခိုက်စေတယ်ဆိုရင် ဘယ်အရာမှ တန်ဖိုးမရှိပါဘူး။
🔺 ပြီးပြည့်စုံနေဖို့ထက် တိုးတက်နေဖို့ကိုပဲ အာရုံစိုက်ပါ။
🔺 ခန္ဓာကိုယ်ကို လှုပ်ရှားပါ၊ ဒါမှ စိတ်ကြည်လင်လာပါလိမ့်မယ်။
🔺 ပတ်ဝန်းကျင်က လူတွေကို စိစစ်ပြီး နည်းနည်းပဲ ထားပါ။ (သူငယ်ချင်းများဖို့ထက် လူကောင်းတွေကိုပဲ အနားမှာထားပါ)
🔺 သူများလုပ်တာကို လိုက်ကြည့်နေတာထက် ကိုယ်တိုင် တစ်ခုခု ဖန်တီးသူဖြစ်ပါစေ။
🔺 အနားယူခြင်းကလည်း ဘဝတိုးတက်မှု အစီအစဉ်ရဲ့အစိတ်အပိုင်းတစ်ခုပါ။ (အိပ်ရေးဝဝအိပ်ပါ)
🔺 မလုပ်ချင်တဲ့အရာကို အကြောင်းပြချက် ပေးမနေဘဲ လို့ ပြတ်ပြတ်သားသား ငြင်းတတ်ပါစေ။
🔺 ကောင်းမွန်တဲ့ အချက်အလက်တွေပဲ ဖတ်ရှုပါ၊ ဒါမှအတွေးအခေါ်တွေ သန့်စင်မှာပါ။
🔺 ဆုံးဖြတ်ချက်ချတဲ့အခါ စိတ်ခံစားချက်ထက် အမှန်တရားကို ကြည့်ပါ။
🔺 (၃) လတစ်ကြိမ် တန်ဖိုးရှိတဲ့ အရည်အချင်းသစ်တစ်ခုကို သင်ယူပါ။
🔺 ပြောင်းလဲချင်တဲ့အရာတွေကို မှတ်တမ်းတင်ပြီး စောင့်ကြည့်ပါ။ (ဥပမာ- တစ်လ ဘယ်လောက်စုမိလဲ)
🔺 အချိန်ကို ချွေတာနိုင်မယ့်နေရာမျိုးမှာ ပိုက်ဆံကို အသုံးပြုပါ။
🔺 ချိန်းထားရင် အချိန်ကို စောစောရောက်ပါ၊ ကြိုတင်ပြင်ဆင်ပါ၊ တည်ငြိမ်အောင်နေပါ။
🔺 ကိုယ့်အပေါ် ကူညီဖူးသူတိုင်းကို ကျေးဇူးတင်တတ်တဲ့ စိတ်ကို မွေးမြူပါ။
🔺 အလုပ်လုပ်နေချိန်မှာ ဖုန်းကို အဝေးမှာ ထားပါ။
🔺 ညီကိုတို့ရဲ့ပန်းတိုင်ကို အထောက်အကူပြုမယ့် ပတ်ဝန်းကျင်မှာပဲ နေပါ။
🔺 ကိုယ့်ကိုယ်ကို နည်းပြတစ်ယောက်လို အားပေးစကားပြောပါ။ (စိတ်ဓာတ်မကျပါနဲ့)
🔺 တစ်နေ့ကို အရေးကြီးဆုံး ဦးစားပေးလုပ်ဆောင်ချက် (၁) ခုပဲ အရင်ပြီးအောင်လုပ်ပါ။
🔺 ညီကိုတို့ကို အကျိုးမရှိစေဘဲ စိတ်ပူပန်စေမယ့် အရာမှန်သမျှကို တိတ်တိတ်ဆိတ်ဆိတ် စွန့်ခွာလိုက်ပါ။
🔺 မိသားစုနဲ့ ချစ်ခင်ရသူတွေအတွက် အချိန်ပေးပါ။
6👍4
Youtube က Free Education အတွက် အကောင်းဆုံးနေရာတခုပါ။ Computer Science အတွက် ကျွန်တော် ကိုယ်တိုင် subscribe လုပ်ထားတဲ့ channel တွေထဲက programming လေ့လာချင်တဲ့ beginner တွေနဲ့ သင့်တော်မယ်ထင်တဲ့ ၁၀ ခုကို share လိုက်ပါတယ်။
1. Coding with John
Coding with John ကတော့ Java နဲ့နှစ်ချီ အတွေ့အကြုံရှိထားတဲ့ Developer တယောက်။ သူ့ channel မှာ Java ကို ဆယ်မိနစ်စာဆို ဆယ်မိနစ် ထိရောက်အောင် သင်ပေးထားတဲ့ video တွေ အများကြီးရှိတယ်။
https://youtube.com/@codingwithjohn
2. Traversy Media
Traversy Media မှာ အဓိကက Web Development နဲ့ဆိုင်တာတွေ လေ့လာလို့ရမယ့် free course တွေ အများကြီးရှိတယ်။ အထူးသဖြင့် NodeJS, Laravel နဲ့ ReactJS ပေါ့။
အဲဒါအပြင်ကိုမှ HTML, CSS, JavaScript course တွေလည်း ရှိသေးတယ်။
https://youtube.com/@traversymedia
3. Bro Code
Bro Code ကတော့ computer science YT channel တွေ အကြောင်း ပြောရင် ချန်ထားလို့မရတဲ့ စာရင်းထဲပါတယ်။ သူ့ဆီ programming language အတော်များများအတွက် tutorial video တွေ အများကြီး ရှိပါတယ်။
https://youtube.com/@brocodez
4. Telusko
Telusko မှာ Spring, Spring Boot နဲ့ပတ်သက်တာတွေ ရှိပါတယ်။ ဟို XML Configuration ခေတ်က Spring ကိုပါသင်ထားတဲ့ video တွေ ရှိပါတယ်။
https://youtube.com/@telusko
5. Let's Get Rusty
Rust Developer ဆိုရင် Let's Get Rusty ကိုမသိပဲနေမယ် မထင်ပါဘူး။ Community ရဲ့ major advocate တယောက်ဆိုရင်လည်း ဟုတ်တယ်။ အခုလို Rust နာမည်ရမလာခင် ဟိုးနှစ်တွေကတည်းက Rust သင်ပေးနေတာပါ။
https://youtube.com/@letsgetrusty
6. SuperSimpleDev
SuperSimpleDev ကိုတော့ သူ့ရဲ့ HTML, CSS, JavaScript course တွေနဲ့ပတ်သက်လို့ လူသိများပါတယ်။ Video တွေက အသေးစိတ်ကျပြီး တဆင့်ချင်း ရှင်းပြတတ်လို့ ဘာမှမသိသေးတဲ့ beginner တွေအတွက်ဆိုရင်တောင် အဆင်ပြေတယ်။
https://youtube.com/@supersimpledev
7. freeCodeCamp
freeCodeCamp နဲ့ပတ်သက်လို့က အထူးတလည် ပြောမနေတော့ပါဘူး။ ဘာလိုလို အကုန်လုံးနီးပါး ရှိပါတယ်။ အခုထိ subscribe မလုပ်ရသေးရင် လုပ်ထားသင့်ပါတယ်။
https://youtube.com/@freecodecamp
8. Joma Tech
Joma Tech မှာ စိတ်ဝင်စားစရာတွေကော၊ မျက်နှာပြောင်တာတွေပါ တင်ပါတယ်။ လက်ရှိတော့ Joma NYC မှာပိုပြီး active ဖြစ်ပါတယ်။
https://youtube.com/@jomakaze
9. Fireship
Fireship မှာ programming community ထဲက သတင်း၊ event နဲ့ trend တွေကို တင်လေ့ရှိပါတယ်။ ပေါ့ပေါ့ပါးပါး ကြည့်ချင်တဲ့သူတွေအတွက် sub ထားသင့်ပါတယ်။
https://youtube.com/@fireship
10. CodeWithChris
ဒီ channel မှာ Swift နဲ့ iOS Development resource တွေ ရှိပါတယ်။ SwiftUI ကို အစောဆုံး စပြီး adopt လုပ်ခဲ့သူတွေထဲက တယောက်လည်းဖြစ်တယ်။
https://youtube.com/@codewithchris
8👍1
၂၀၂၆ မှာ လူငယ်တွေ နည်းပညာကို ဘာကြောင့် မဖြစ်မနေ လေ့လာရမလဲ
လူတော်တော်များများက
“နည်းပညာဆိုတာ IT သမားတွေအတွက်ပဲ”
“Code မရေးတတ်ရင် မဆိုင်ဘူး”
လို့ ထင်နေကြတုန်းပါပဲ။
ဒါပေမဲ့
အမှန်တရားကတော့
၂၀၂၆ ခုနှစ်ကစပြီး
နည်းပညာကို နားမလည်တဲ့သူကပဲ
အလုပ်ရှာရခက်လာမယ့်ခေတ် ဖြစ်လာနေပါပြီ။
---
တစ်ခါက
Facebook သုံးတတ်ရုံနဲ့
Online အခွင့်အလမ်းတွေ ရခဲ့ကြတယ်။
နောက်ပိုင်း
Photoshop, Video Editing တတ်ရင်
အလုပ်ရလွယ်လာတယ်။
အခုတော့
အဲဒီအဆင့်တွေကို ကျော်ပြီး
AI ကို ဘယ်လိုသုံးမလဲ
Data ကို ဘယ်လိုနားလည်မလဲ
ဆိုတဲ့ အဆင့်ကို ရောက်နေပါပြီ။
---
ဒီခေတ်မှာ
AI ကို “သုံးတတ်” ရုံမက
AI ဘယ်လိုအလုပ်လုပ်လဲ ကို နားလည်တဲ့သူတွေက
အသာစီးရနေပါတယ်။
ဒီလို နားလည်အောင်
ကမ္ဘာ့အဆင့် AI ပညာရှင်တွေကို
အခမဲ့ YouTube မှာပဲ
တိုက်ရိုက် လေ့လာလို့ရပါတယ်။
ဥပမာ👇
Andrej Karpathy
👉 youtube.com/andrejkarpathy
(AI ကို အတွေးအမြင်အနက်နဲ့ ရှင်းပြတတ်တဲ့သူ)
Jeremy Howard
👉 youtube.com/@howardjeremyp
(AI ကို သင်္ချာမကြောက်ဘဲ သုံးတတ်အောင် သင်ပေးတတ်)
Krish Naik
👉 youtube.com/@krishnaik06
(AI / Data / Career ကို လက်တွေ့ကျကျ ရှင်းပြ)
---
နည်းပညာကို နားလည်ဖို့
သင်္ချာ + အတွေးအခေါ် ကို
ရှောင်လို့ မရပါဘူး။
ဒါကိုတော့
အောက်က channel တွေက
လူငယ်တွေ အရမ်းနားလည်လွယ်အောင်
ရှင်းပြပေးပါတယ်👇
StatQuest with Josh Starmer
👉 youtube.com/@statquest
3Blue1Brown
👉 youtube.com/@3blue1brown
---
Code ကို စတင်လေ့လာချင်ရင်
“ဘာမှ မသိဘူး” ဆိုတဲ့နေရာကနေ
စလို့ရတဲ့ Channel တွေလည်း ရှိပါတယ်👇
sentdex
👉 youtube.com/@sentdex
---
ပြီးတော့
ကမ္ဘာ့တက္ကသိုလ်အဆင့်
နည်းပညာသင်ခန်းစာတွေကို
အခမဲ့ကြည့်ချင်ရင်👇
MIT OpenCourseWare
👉 youtube.com/@mitocw
Stanford Online
👉 youtube.com/@stanfordonline
---
၂၀၂၆ မှာ
အနိုင်ရမယ့် လူငယ်တွေက
ဉာဏ်ကောင်းသူတွေ မဟုတ်ပါဘူး။
လေ့လာတာ မရပ်တဲ့သူတွေ
မသိတာကို လေ့လာတဲ့သူတွေ
YouTube ကို အပန်းဖြေရုံမဟုတ်ဘဲ
တက္ကသိုလ်လို သုံးတတ်တဲ့သူတွေ ပဲ ဖြစ်ပါတယ်။
---
မစောင့်ပါနဲ့။
လေ့လာတာကို
ဒီနေ့ပဲ စလိုက်ပါ။
11👍4
ကိုယ်သင်ယူနေတဲ့ပညာရေး ဒါမှမဟုတ် ကိုယ်လုပ်ကိုင်နေတဲ့အလုပ် စတဲ့ နယ်ပယ်တွေဟာ အလုပ်မဖြစ်တော့တဲ့ အချိန်မျိုး ကြုံဖူးကြမှာပါ။ "ကိုယ်သင်နေတဲ့ ပညာရပ်ဟာ တစ်ချိန်ကျရင် Ai တွေ အစားထိုးသွားမှာလား" ဒါမှမဟုတ် "ကိုယ်ရောင်းနေတဲ့ ပစ္စည်းက လူတွေ အသုံးမလိုတော့ရင် ဘယ်လို လုပ်မလဲ" စတဲ့ အတွေးမျိုးတွေ စဉ်းစားမိနေရင် ရပ်လိုက်ပါ။
တံငါသည်တွေဟာ ပင်လယ်ထဲ မုန်တိုင်းတိုက်နေချိန်တွေ ငါးမပေါတဲ့အချိန်တွေမှာဆိုရင် ဒီတိုင်း ထိုင်မနေကြပါဘူး။ ပင်လယ်ထဲထွက်တဲ့အခါ အဆင်သင့် ဖြစ်နေစေဖို့ ပိုက်ကွန်တွေကို ပြင်ကြတယ်။ လှေကို ပိုပြီး ကြံ့ကြံ့ခံနိုင်အောင် မွမ်းမံကြတယ်။ ဒါဟာ တံငါသည်တွေရဲ့ ပြင်ဆင်မှုပဲ။ စိုက်ပျိုးရေးသမားတွေဆိုရင် သီးနှံမဖြစ်ထွန်းတဲ့ ရာသီတွေမှာ တခြားနည်းလမ်းတွေ ရအောင် ကြံဖန်ကြတယ်။
အဲဒီလိုပဲ ကျွန်တော်တို့ဟာလည်း တစ်ခုတည်းကိုပဲ အမှီပြုနေလို့ မရပါဘူး။ အမြဲတမ်း တစ်ခုမဟုတ်တစ်ခု ပြောင်းလဲ ပြင်ဆင်နေရမယ်။ အခွင့်အရေးကို စောင့်နေရပါမယ်။ တိုးတက်မှုတွေ ရပ်တန့်သွားတဲ့အခါ လူအများစုက လန့်သွားတတ်ကြတယ်။ လူတော်တွေကတော့ အဲဒီအချိန်ကို ပြင်ဆင်ရေးကာလအဖြစ် သတ်မှတ်ပြီး ကြိုးစားတယ်။
ဒါကြောင့်မို့ ကျွန်တော်တို့ဟာလည်း အချိန်ကာလ မကောင်းတာနဲ့ အခွင့်အခါ မသင့်တာကို အကြောင်းပြပြီး ရပ်နေလို့မရပါဘူး။ ပင်လယ်ပြင် မုန်တိုင်းထန်လို့ ငါးဖမ်းလို့ မရပေမယ့် အကယ်၍ မုန်းတိုင်းဆဲတဲ့အခါ အသင့်ဖြစ်နေအောင် ပြင်ဆင်ထားရပါမယ်။
🔥41
လောကကြီးမှာ နာကျင်မှု
မရှိတဲ့ ဘဝဆိုတာ မရှိပါဘူး။
ကွာခြားတာက တစ်ခုတည်းပါ။ ဘဝကြီးက ခက်ခဲလိုက်တာလို ညည်းမနေပါနဲ့တော့။
ဟုတ်တယ် ခက်ခဲတယ်။ လူတိုင်းအတွက် ခက်ခဲတယ်။ အရေးကြီးတာက ကိုယ့်ဘဝကို တိုးတက်စေမယ့် အခက်အခဲကို ရဲရဲကြီး ရွေးချယ်ပြီး ရင်ဆိုင်လိုက်ဖိုပါပဲ။
လွယ်လမ်း မရှာပါနဲ့။ မှန်ကန်တဲ့ ခက်ခဲမှုလမ်းကိုသာ ရွေးလျှောက်ပါ။ 💎
14
လူတွေ မသိသေးတဲ့ ဝင်ငွေကြမ်းတဲ့ WorkFromHome Website (5) ခု
ကျောင်းသား/သူ မှန်ရင် ဒီစာကိုဖတ်ပါ။
⬇️⬇️⬇️
မိတ်ဆွေတို့ရေ... ဂျပန်၊ ထိုင်း၊ စင်ကာပူနဲ့ အမေရိကန်တို့လို နိုင်ငံတွေမှာ ကျောင်းတက်ရင်း ကုန်ဈေးနှုန်းဒဏ်ကို အံတုနေရတဲ့ ညီငယ်၊ ညီမငယ်တွေအတွက် ဒီနေ့တော့ ထူးထူးခြားခြားလေး မျှဝေပေးချင်ပါတယ်။
အပြင်မှာ ပန်းကန်ဆေး၊ စားပွဲထိုးတာထက် ပင်ပန်းမှုသက်သာပြီး ကိုယ့်ရဲ့ အသိပညာကို ငွေအဖြစ် ပြောင်းလဲနိုင်မယ့်၊ လူသိနည်းသေးတဲ့ Website (၅) ခုအကြောင်း ပြောပြမယ်နော်။
━━━━━━━
၁။ Outlier (AI Training & RLHF) 🤖
ဒါက အခု ၂၀၂၆ မှာ အရမ်းခေတ်စားနေတဲ့ AI တွေကို စာသင်ပေးရတဲ့ အလုပ်ပါ။
ဘာလုပ်ရမလဲ: AI က ထုတ်ပေးတဲ့ အဖြေတွေကို ဖတ်ပြီး မှန်၊ မမှန် စစ်ဆေးပေးရတာပါ။ ဥပမာ - "ဒီအဖြေက ယဉ်ကျေးရဲ့လား" ဒါမှမဟုတ် "အချက်အလက် မှန်ရဲ့လား" ဆိုတာမျိုးပါ။
ဘာကြောင့်ကောင်းလဲ: ကျောင်းသားတွေအတွက် တစ်နာရီကို ၁၅ Dollar ကနေ ၂၅ Dollar အထိ ပေးတတ်ပါတယ်။ ကိုယ့်ရဲ့ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုရှိရင် ပိုရပါတယ်။
ဘယ်လိုစမလဲ: Outlier.ai မှာ Profile ဖွင့်ပြီး Writing Test ဖြေရပါမယ်။
၂။ StudyPool (Micro-Tutoring) 📚
ကိုယ့်ဆီမှာရှိတဲ့ ကျောင်းက Lesson Notes တွေ၊ Assignment အဟောင်းတွေကို ပြန်ရောင်းလို့ရသလို သူများရဲ့ Homework တွေကို ကူညီပေးပြီး ငွေရှာလို့ရပါတယ်။
ဘာလုပ်ရမလဲ: ကိုယ့်ဆီက စာရွက်စာတမ်း (PDF) တွေကို တင်ထားရုံပါပဲ။ တစ်ယောက်ကြည့်တိုင်း ငွေဝင်ပါတယ်။
ဘာကြောင့်ကောင်းလဲ: ကျောင်းစာလည်း လုပ်ရင်းသားဖြစ်သလို၊ တစ်လကို Dollar ရာဂဏန်း အထိ အေးဆေးရှာနိုင်ပါတယ်။
ဘယ်လိုစမလဲ: Studypool.com မှာ Tutor အဖြစ် လျှောက်ထားပါ။
၃။ Userlytics (Advanced User Testing) 🖥
UserTesting နဲ့ ဆင်ပေမဲ့ သူက အသစ်အဆန်းဖြစ်လို့ ပြိုင်ဆိုင်မှု နည်းသေးပါတယ်။
ဘာလုပ်ရမလဲ: Website သစ်တွေ၊ Software သစ်တွေကို သုံးကြည့်ပြီး ကိုယ့်ရဲ့ Feedback ကို အသံနဲ့ ပြောပြပေးရုံပါပဲ။
ဘာကြောင့်ကောင်းလဲ: စမ်းသပ်မှုတစ်ခုကို ၅ Dollar ကနေ ၉၀ Dollar အထိ ပေးတတ်ပါတယ်။
ဘယ်လိုစမလဲ: Userlytics.com မှာ "Tester" အဖြစ် Register လုပ်ပါ။
၄။ Gengo (Professional Translation) 🇯🇵🇹🇭
ဂျပန် ဒါမှမဟုတ် ထိုင်းမှာ ကျောင်းတက်နေပြီး အဲ့ဒီနိုင်ငံစကားကို အခြေခံနားလည်တဲ့ ကျောင်းသားတွေအတွက် အသင့်တော်ဆုံးပါ။
ဘာလုပ်ရမလဲ: စာတိုလေးတွေ၊ Product Description လေးတွေကို မြန်မာလို ဒါမှမဟုတ် အင်္ဂလိပ်လို ပြန်ပေးရတာပါ။
ဘာကြောင့်ကောင်းလဲ: ကိုယ်အားတဲ့အချိန် ဝင်လုပ်လို့ရပြီး အတွေ့အကြုံရလေ ဝင်ငွေကောင်းလေပါပဲ။
ဘယ်လိုစမလဲ: Gengo.com မှာ Test ဖြေပြီး စတင်ပါ။
၅။ Respondent.io (Quality Market Research) 🧪
ဒါကတော့ ကုမ္ပဏီကြီးတွေက သူတို့ရဲ့ Product တွေအတွက် ကျောင်းသားတွေရဲ့ အမြင်ကို မေးမြန်းတဲ့ အင်တာဗျူးတွေပါ။
ဘာလုပ်ရမလဲ: Video Call နဲ့ ၁ နာရီလောက် စကားပြောပေးရုံပါပဲ။ (ဥပမာ - "ကျောင်းသားတွေ ဘယ်လို Application မျိုး သုံးရတာ ကြိုက်လဲ" ဆိုတာမျိုး)
ဘာကြောင့်ကောင်းလဲ: တစ်နာရီကို ၅၀ Dollar ကနေ ၁၀၀ Dollar အထိ ရနိုင်တဲ့ "High-Paying" အလုပ်မျိုးပါ။
ဘယ်လိုစမလဲ: Respondent.io မှာ ကျောင်းသားအီးမေးလ် (.edu) နဲ့ အကောင့်ဖွင့်ရင် အလုပ်ရဖို့ ပိုလွယ်ပါတယ်။
━━━━━━━
Thomas’s Entrepreneur Insight
ကျောင်းသားဘဝမှာ အချိန်က အရမ်းတန်ဖိုးရှိပါတယ်။ အပြင်မှာ တစ်နေကုန် ပင်ပင်ပန်းပန်း လုပ်အားခရဖို့ ရုန်းကန်နေရတာထက် ဒီလို Digital Platform တွေကို အသုံးချတတ်ဖို့ လိုပါတယ်။
အဓိကကတော့ LinkedIn Profile ကောင်းကောင်းတစ်ခုနဲ့ PayPal အကောင့်တစ်ခု ရှိထားဖို့ပါပဲ။ ကိုယ့်ရဲ့ Skill ကို ငွေအဖြစ် ပြောင်းလဲတတ်တဲ့အကျင့်ကို ကျောင်းသားဘဝကတည်းက စတင်လေ့ကျင့်ထားပါဗျာ။ ဒါမှ ကျောင်းပြီးတဲ့အခါမှာ သူများထက် ခြေတစ်လှမ်း သာနေမှာပါ။
6👍2
"ဘဝတစ်ခုလုံးကို တစ်ရက်တည်းနဲ့ ဘယ်လိုပြုပြင်မလဲ" ဆိုတဲ့ခေါင်းစဥ်နဲ့ Elon Musk ပေးတဲ့ ဒေါ်တာ တစ်မီလီယံဆုကိုရသွားတဲ့ X account ပိုင်ရှင်ရဲ့ဆောင်းပါးလေးကို တကယ်ဖတ်စေချင်တဲ့ဆန္ဒနဲ့ ဘာသာပြန်ပီးတင်ပေးပါရစေဗျ။ Like လိုချင်လည်းမဟုတ်သလို follower လိုချင်လို့လည်းမဟုတ်ပါဘူး။ ဒါကြောင့်လည်း မည်သည့် # မှမထည့်ထားပါဘူး။
Mac နဲ့မသက်ဆိုင်ပါဘူး။​ ဘ၀နဲ့သက်ဆိုင်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ လူတွေအတွက် အကျိုးရှိမယ်ဆိုတာသေချာလို့ တင်ပေးလိုက်ပါတယ်။
နှစ်သစ်ကူး အဓိဋ္ဌာန်တွေက များသောအားဖြင့် ထိရောက်မှု မရှိကြပါဘူး။ ဘာလို့လဲဆိုတော့ လူအတော်များများဟာ သူတို့ဘဝကို ပြောင်းလဲဖို့ ကြိုးစားတဲ့အခါ မှားယွင်းတဲ့ နည်းလမ်းတွေနဲ့ ချဉ်းကပ်လေ့ရှိကြလို့ပါပဲ။ ပတ်ဝန်းကျင်ရဲ့ တိုက်တွန်းမှုတွေနဲ့ အပေါ်ယံ စိတ်ဓာတ်တက်ကြွမှုတွေကြောင့်သာ အဓိဋ္ဌာန်တွေ ပြုလုပ်ကြတာပါ။ တကယ့်ပြောင်းလဲမှုဆိုတာ စည်းကမ်းရှိဖို့ ဒါမှမဟုတ် အလုပ်တွေ ပိုလုပ်နိုင်ဖို့ ကြိုးစားတာထက် ပိုပြီး နက်ရှိုင်းဖို့ လိုပါတယ်။ လူအတော်များများဟာ ပြောင်းလဲဖို့ ကြိုးစားရင်း ထပ်ခါတလဲလဲ ကျရှုံးနေတတ်ကြပေမယ့် ကိုယ်မနှစ်သက်တဲ့ ဘဝအခြေအနေကို ပြန်လည်ဆင်ခြင်သုံးသပ်ခြင်းက ပိုကောင်းတဲ့ အခြေအနေတစ်ခုဆီ ရောက်သွားဖို့ တွန်းအားတစ်ခု ဖြစ်လာနိုင်ပါတယ်။
ခင်ဗျားအနေနဲ့ လုပ်ငန်းသစ်တစ်ခု စချင်တာပဲဖြစ်ဖြစ်၊ ခန္ဓာကိုယ်အချိုးအစား ပြောင်းလဲချင်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ရက်သတ္တပတ် အနည်းငယ်အတွင်း လက်မလျှော့ဘဲ အဓိပ္ပါယ်ရှိတဲ့ ဘဝတစ်ခု တည်ဆောက်ချင်တာပဲဖြစ်ဖြစ်၊ အဓိက ပြဿနာကတော့ မည်သူမည်ဝါဖြစ်မှု (Identity) ပါပဲ။ လူတွေဟာ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို ပြောင်းလဲဖို့ပဲ အာရုံစိုက်တတ်ကြပါတယ်။ တကယ်တော့ ကိုယ့်ရဲ့ အမူအကျင့်တွေဟာ သဘာဝအတိုင်း လိုက်ပါလာအောင် ကိုယ်တိုင်က ဘယ်လိုလူမျိုးလဲဆိုတာကို အရင်ပြောင်းလဲပစ်ဖို့ လိုပါတယ်။ မည်သူမည်ဝါဖြစ်မှုကို မပြောင်းလဲဘဲ ပိုကောင်းတဲ့ ဘဝတစ်ခုကို တည်ဆောက်ဖို့ ကြိုးစားတာဟာ ပုပ်အက်နေတဲ့ အခြေခံအုတ်မြစ်ပေါ်မှာ အိမ်ဆောက်နေသလိုပါပဲ။
ရလဒ်တစ်ခုခုကို အမှန်တကယ် လိုချင်တယ်ဆိုရင် အဲဒီရလဒ်ကို မရခင်ကတည်းက အဲဒီရလဒ်ကို ဖြစ်ပေါ်စေမယ့် နေထိုင်မှုပုံစံမျိုးနဲ့ အရင်ဆုံး ရှင်သန်နေထိုင်ဖို့ လိုပါတယ်။ အဲဒီနေထိုင်မှုပုံစံကို တစ်သက်တာအတွက် အမှန်တကယ် လက်မခံနိုင်သရွေ့တော့ ခင်ဗျားဟာ အရင်အခြေအနေဟောင်းကိုပဲ ပြန်ရောက်သွားမှာဖြစ်ပြီး အချိန်တွေကို အလဟသ ဖြုန်းတီးပစ်လိုက်သလို ဖြစ်ပါလိမ့်မယ်။ တကယ့်ပြောင်းလဲမှု ဖြစ်ပေါ်လာတဲ့အခါမှာတော့ ကိုယ့်ရဲ့ ရည်မှန်းချက်ဆီကို မတွန်းပို့ပေးတဲ့ အလေ့အကျင့်ဟောင်းတွေဟာ ခင်ဗျားအတွက် ဆွဲဆောင်မှု မရှိတော့ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီလုပ်ရပ်တွေက ဘယ်လိုဘဝမျိုးဆီ ဦးတည်နေသလဲဆိုတာကို ခင်ဗျား ရှင်းရှင်းလင်းလင်း မြင်လာလို့ပါပဲ။ လူတွေကတော့ ပြောင်းလဲချင်တယ်လို့ ပြောတတ်ကြပေမယ့် သူတို့ရဲ့ လုပ်ရပ်တွေကတော့ စိတ်ထဲက တကယ့်ဆန္ဒတွေကို ဖော်ပြနေတတ်ပါတယ်။
လူတွေရဲ့ လုပ်ရပ်တိုင်းမှာ ရည်ရွယ်ချက်ရှိပါတယ်။ အဲဒီရည်ရွယ်ချက်တွေကို မသိစိတ်ကနေ မသိမသာ လုပ်ဆောင်နေတာမျိုးတောင် ရှိနိုင်ပါတယ်။ လူတွေဟာ အလုပ်တွေကို အချိန်ဆွဲနေတာ၊ စွန့်စားရမှာကို ကြောက်နေတာ ဒါမှမဟုတ် လက်ရှိနေရာမှာတင် ပိတ်မိနေတာတွေဟာ စည်းကမ်းမရှိလို့ မဟုတ်ပါဘူး။ သူတို့ဟာ ဘေးကင်းလုံခြုံမှု၊ သက်သောင့်သက်သာရှိမှု ဒါမှမဟုတ် ဝေဖန်ခံရမှာကို စိုးရိမ်တာမျိုးစတဲ့ ရည်ရွယ်ချက်တွေကို လိုက်စားနေလို့ပါပဲ။ တကယ့်ပြောင်းလဲမှုဆိုတာ ခင်ဗျားရဲ့ ရည်မှန်းချက်တွေကို ပြောင်းလဲပစ်ဖို့ လိုအပ်သလို ခင်ဗျားရဲ့ ရှုထောင့်ကို ပြောင်းလဲဖို့လည်း လိုပါတယ်။ ရည်မှန်းချက်တွေက ခင်ဗျားရဲ့ အမြင်အာရုံကို ပုံဖော်ပေးသလို၊ ခင်ဗျား ဘာတွေကို သတိပြုမိမလဲဆိုတာနဲ့ ခင်ဗျားရဲ့ အမူအကျင့်တွေကိုပါ လမ်းညွှန်ပေးပါတယ်။
မည်သူမည်ဝါဖြစ်မှု (Identity) ဆိုတာ သံသရာတစ်ခုကနေ ဖြစ်ပေါ်လာတာပါ။ ရည်မှန်းချက်တွေက အမြင်အာရုံကို ပုံဖော်ပေးတယ်၊ အမြင်အာရုံက သင်ယူမှုကို လမ်းညွှန်ပေးတယ်၊ သင်ယူမှုက လုပ်ဆောင်ချက်ကို တွန်းအားပေးတယ်၊ လုပ်ဆောင်ချက်က အလေ့အကျင့် ဖြစ်လာတယ်၊ အလေ့အကျင့်က မည်သူမည်ဝါဖြစ်မှု ဖြစ်လာပြီး အဲဒီ မည်သူမည်ဝါဖြစ်မှုက ကိုယ့်ကိုယ်ကိုယ် ပြန်လည်ခုခံကာကွယ်ပါတယ်။ ဒီသံသရာဟာ မိဘတွေနဲ့ ပတ်ဝန်းကျင်ရဲ့ သွန်သင်မှုတွေကနေတစ်ဆင့် ကလေးဘဝကတည်းက စတင်ခဲ့တာပါ။ ခန္ဓာကိုယ် ရှင်သန်ရေးအတွက် စိတ်ချရပြီဆိုတာနဲ့ လူတွေဟာ သူတို့ရဲ့ ယုံကြည်ချက်တွေ၊ မည်သူမည်ဝါဖြစ်မှုတွေနဲ့ အယူအဆတွေ စတဲ့ စိတ်ပိုင်းဆိုင်ရာ ရှင်သန်ရေးကိုပဲ အဓိက ကာကွယ်လာကြပါတယ်။ မည်သူမည်ဝါဖြစ်မှု ခြိမ်းခြောက်ခံရတဲ့အခါမှာတော့ လူတွေဟာ ခုခံကာကွယ်တဲ့ ပုံစံမျိုးတွေ လုပ်ဆောင်လာကြပြီး အကျင့်ဟောင်းတွေကိုပဲ ပိုပြီး ခိုင်မာအောင် လုပ်မိတတ်ကြပါတယ်။
5